Sunday, October 31, 2010

၂၁ ရာစု ချစ်သမျှကို

မင်းနဲ့ဖြစ်ပါ့မလား


တော်ပါ


21 ရာစု ချစ်သမျှကို


မင်း ဘေးကဖယ်


ပေးဆပ်ရင်းနဲ့ ချစ်နေမယ်


လက်ဆောင်


အိမ်မက်တံတား


ဝဋ်လည်မယ်


ဖုန်းတစ္ဆေ


ကလိမ်ဆင်လေး


ထွက်မသွားနဲ့


ခွင်ပြုတယ်


ပုံသေနည်း


ငရဲကြီးတတ်တယ်နော်


ချစ်နေတာကြည့်


ခေါင်းငုံ့ထားပါမယ်



Friday, October 29, 2010

တော်တော်ကြီးတဲ့မြွေ

These guys have to killed this abnormally huge snake, because she has been threaten for their village. Her stomach was huge and these guys decided to find out what is in her. When they opened it, they saw a disgusting scene. She ate about 20 smaller snakes.

1 Interior of pitons belly

2 Interior of pitons belly

3 Interior of pitons belly

4 Interior of pitons belly

5 Interior of pitons belly

6 Interior of pitons belly

7 Interior of pitons belly

8 Interior of pitons belly

9 Interior of pitons belly

10 Interior of pitons belly

U က ယောက်ျားလား လို့

ပုရိသ နဲ့ ဂေး ခွဲနိုင်ဖို့ အရေး ကြိုးစားကြည့်ရအောင်နော်။

ဟောဒီမှာ နှိပ်ကြ ကိုကိုတို့ရေ။

မုန်ုတိုင်းကြောင့် ရခိုင်ပြည်နယ် မြေပုံမြို့တွင် လူ ၂၂ ဦးသေ၊ ၁၅ဦးပျောက်ဆုံးနှင့်ပျက်စီးမှု အများဆုံးဖြစ်



မြေပုံမြို့တွင်း တစ်နေရာအား အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်


မြေပုံမြို့တွင်း တစ်နေရာအား အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်

ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်သည် လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပြီး မင်းပြားနှင့်ကျောက်ဖြူမြို့နယ်တို့သည်လည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ က ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် တွင် ၂၂ ဦးသေဆုံး၊ ၁၅ ဦး ပျောက်ဆုံးလျက်ရှိကာ တံတား နှစ်စင်း၊ အိမ် ၂၀၈၈ လုံး၊ ဘုန်းကြီးကျောင်း ရှစ်ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄ လုံး၊ စာသင်ကျောင်း ၁၃ ကျောင်းနှင့် စက်လှေအစင်း ၈၀ တို့ နစ်မြုပ်ပျက်စီးခဲ့သည်ဟု အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

ထို့အတူ မင်းပြားမြို့နယ်တွင် ငါးဦးသေဆုံးကာ အိမ် ၅၉၇ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ သုံးလုံး၊ စာသင်ကျောင်းလေးကျောင်း၊ ကျောက်ဖြူမြို့နယ်တွင် အိမ် ၁၀၃၅ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံအလုံး ၄၀၊ စာ သင်ကျောင်းနှစ်ကျောင်းတို့ အမိုးလန် ပျက်စီးခဲ့သည်ဟု သိရှိရသည်။

ဆိုင်ကလုန်း မုန်တိုင်းဂီရိသည် ကျောက်ဖြူမြို့နယ်ကို စတင်ဖြတ်ကျော်ကာ ရခိုင်ပြည်နယ်တွင်းရှိမြို့နယ်များကို သက်ရောက်ခဲ့ပြီး မြေပုံမြို့နယ် မှာ ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည်။
မြေပုံမြို့ပေါ်ရှိ ရပ်ကွက် ကိုးခု အတွင်း အိမ်ခြေ ၂၃၃၄ ၀န်းကျင်ရှိပြီး ကျားမလူဦးရေ ၁၂၅၄၄ ရှိကြောင်း၊ ကျေးရွာအုပ်စု ၅၂ အုပ်စုမှ ရွာပေါင်း ၁၃၉ ရွာ၌ အိမ်ခြေ ၂၂၁၀၀ ခန့် ရှိရာ တွင် လူဦးရေ ၂၀၆၄၄ ခန့်ရှိကြောင်း၊ မပျက်စီးဘဲကျန်ရှိခဲ့သော အိမ်အများစုမှာလည်း အမိုးလန်ပျက်စီးကြောင်း သိရသည်။

"အရင်ကလည်း မုန်တိုင်းတွေ ကြုံဖူးထားတော့ အရင်လိုပဲသစ်ပင်လဲ၊ ခေါင်မိုးအနည်းအကျဉ်းကွာရုံလောက် ဖြစ်မယ်ထင်ထားခဲ့တယ်လေ။ မိသားစု ကိုတော့ တိုက်အိမ်တစ်လုံးပေါ် သွားနေခိုင်းပြီး ကျွန်တော်က တစ်ယောက် တည်း ကျန်ခဲ့တာ။ ကံကောင်းလို့ အိမ်အောက်ကိုဆင်းပြေးတာမြန်ပေလို့ သာပေါ့၊ မဟုတ်ရင်သေတယ်။ ခေါင် မိုးတွေက အားလုံးပြုတ်ကျတာလေ၊ ပြီးမှ ဘေးအိမ်ကို ထွက်ပြေးလို့ လွတ်သွားရတာပါ"ဟု မြေပုံမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောကြားသည်။

စစ်တွေမြို့မှ ကယ်ဆယ်ရေး အဖွဲ့များ ၂၃ ရက်နေ့ ညပိုင်းတွင် မြေပုံမြို့သို့ ရောက်ရှိသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ စတင်ခဲ့ကြောင်း သိရှိရသည်။

ဒေသခံများသည် ဘေးလွတ် ရာသို့ကြိုတင် ပြောင်းရွှေ့နိုင်ခဲ့သဖြင့် အသေအပျောက် နည်းပါးခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ သစ်ပင်ပိ၍ သေသူများပြားကြောင်းကိုလည်း သိရသည်။
ရွှေ့ပြောင်းခဲ့ရာတွင်လည်း ခိုင်ခန့်သည်ဟု ထင်ကြသော အိမ်ကြီးများ၊ ကုန်းမြင့်ပိုင်းများသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း အသက်ကယ်ကုန်းမြင့် များရှိသော်လည်း နေစရာ အဆောက်အအုံမရှိသဖြင့် ဘုန်းကြီးကျောင်းများ ကိုသာ အဓိက အားထားခဲ့ကြကြောင်း၊ ပြေးနိုင်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့သဖြင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု နည်းပါးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

"မြို့ပေါ်မှာ အသေအပျောက် မရှိသလောက်ပဲ။ ကျေးလက်မှာတော့ အသေအပျောက်ရှိခဲ့တယ်။ ကျေးရွာ တွေကို စက်လှေတွေနဲ့ သွားရတဲ့အပြင် အလှမ်းဝေးတယ်။ အသွားအပြန် တစ်ရက်နီးပါးကုန်နိုင်တယ်။။ စက်လှေ အလွယ်တကူငှားလို့မရဘူး။ တချို့ ရွာတွေမှာ ကိုင်း၊ ပျဉ်း၊ ၀ါးတွေနဲ့ ဆောက်လုပ်တဲ့အိမ်များတော့ တိုင် တောင်မကျန်ဘူး"ဟု မြေပုံမြို့နယ်သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြား ခဲ့ပါသည်။

မြေပုံမြို့နယ်ရှိ ကျေးရွာအုပ်စု ၅၂ ခုအတွင်း အဓိကပျက်စီးခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

"ကျောက်ဖြူမြို့ပေါ်မှာ ပြင်ဖြူ မော်၊ ကုလားပိုက်ဆိပ်၊ ဆားပြင်ကွင်း၊ စေတီတောင်နဲ့ ရပ်ကွက်အများစု ပျက်စီးမှုရှိပါတယ်။ လောလောဆယ် စာရင်းအရတော့ ဘုန်းတော်ကြီးကျောင်း ခုနစ်ကျောင်း၊ စာသင်ကျောင်း လေး ကျောင်းနဲ့ ငါးသင်တန်းကျောင်းမှာ မုန်တိုင်းဒဏ်ခံရတဲ့သူ ၄၀၀၀ ကျော် လောက်ရှိနေပါတယ်" ဟု မြို့ခံတစ်ဦး က ပြောကြားခဲ့သည်။

"လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကူညီတဲ့အဖွဲ့အစည်း အစုံအလင် မရောက်ရှိသေးပါဘူး။ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ မုန်တိုင်းဒဏ်သင့်တဲ့ သူတွေခိုလှုံနေပါတယ်။ လက်ရှိအထိတော့ မြို့ပေါ်မှာတင် ၅၇၀၀ ဦးကျော် ရှိနေတယ်။ နယ်တွေမပါသေးပါဘူး။ ဒေသခံတွေ၊ လူငယ်တွေကတော့ တတ်အားသရွေ့ ကူညီနေပါတယ်"ဟု ကျောက်ဖြူမြို့တွင် နေထိုင်သူတစ်ဦး က ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်မြို့နယ်များတွင် မုန်တိုင်းကြောင့် တောင်သူများ သိုလှောင်ထားသည့် ၀မ်းစာဆန်၊ ၀မ်းစာစပါးများပျက်စီးမှု များရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

http://www.news-eleven.com/

အွန်လိုင်းပေါ်က ဘာသာရေးပြသနာများ

ကဲ သိသလောက်ကိုသာမျှ ဝေရုံ သက်သက်လို့ ၀န်ခံထားပေမယ့်လည်း တစ်ခါတစ်လေ အန္တရယ် များတတ်လို့လဲ ကြောက်သားဗျ။ ကျွန်တော်လဲ အဲဒီနေရာတွေကို သွားဖူးပါတယ်။ ရိုးရိုးသားသား ၀န်ခံရရင် လည်း ကာလာမသုတ် တစ်ခုထဲကို မက်မော ပြီး ဘာတစ်ခုမှ ရေရေ ရာရာ မလုပ်ရသေးတဲ့ ၀ါးတားတား အဆင့်မှာတင် ရှိပါသေးတယ်။ ဆိုတော့ကာ ဒီ ပို့စ်ကို ပြန်လည်မျှ ဝေခြင်းသည် အမုန်း ပွား စေခြင်းကို မရည်ရွယ်သလို အမှန်တရားကို လှည့်ဖျားထားတဲ့ လိမ်စဉ်တွေ အောက်မှာ ကျွန်တော်က အကျဉ်းကျ ခံနေရသလို ၊ တဏှာ ထူပြောလွန်းလို့ အ၀ိဇ္ဖာ ပိန်းပိတ်နေသလို ဖြစ်နေတာများတယ်။ ဒါကြောင့် အမှန်ကို သိစေချင်သလို ကိုယ်ယုံကြည်ရာကို ရဲရဲ ၀င့်ဝင့် ဆန်းစစ်စေလိုပါတယ်။ ကျွန်တော်က ယုံကြည်မှု အားနည်းသူ အကြောက်တရား မဲ့သူသာ ဖြစ်ပါတယ်။ ဖန်ဆင်းရှင်းဆို ထာဝရ ဘုရား ၊အလ္လာဟ် ဘုရား ၊ ဗြဟ္မာကြီး တွေက အစ ဘာကိုမမျှ မယုံ အကြောက်တရားကတော့ သူတို့ကို(ဖန်ဆင်းရှင်တွေ) သာ မကြောက်တာ ကိုယ့်ကိုယ်ကို တော့ ကြောက်တယ်ဗျ မကောင်းမှု မှန်သမျှ ကျွန်တော် ကိုယ်တိုင်လုပ် နိုင်တာကိုးဗျ၊ နောက်ဆုံး လူမသိအောင် တောင် စိတ်ထဲက မကောင်းမှု လုပ်နေနိုင်တာကိုး .... ကဲပြော ဘယ်သူဖမ်းလို့ ဘယ်တရား ဥပဒေနဲ့ ကျွန်တော့်စိတ်ကိုယ် အရေးယူ မလဲ၊ အဲဒါကြောင့် ကိုယ့်ကိုယ်ကို ကြောက်တာ ပါဆို၊ အရက်သောက်တယ် ထား ဒီဘ၀ မှာ ခံရတာ ကျွန်တော် ၊ နောက် ဘ၀ ဆိုတာတွေ ရှိရင်လည်း ခံရဦးမဟေ့ ဆိုတော့ ..... တို့ကတော့ တို့ကို တို့ ကြောက်တယ် ဟေ့။ ကဲ လေတောင် အတော် ရှည်သွား B

ဒီပိုစ့်ကိုတင်ရခြင်းအကြောင်းက အွန်းလိုင်းမှာဘာသာရေးပြသနာတော်တော်များများ ဖြစ်နေတာတွေရပါတယ်။
တချို့ လူတွေရဲ့ အယုံလွယ်မှုတွေကြောင့် ဘာသာရေးပေါ်လစီလုပ်နေသူတွေအကြိုက်ဖြစ်နေသည်ကိုမူသတိမထား
ပဲ ငါနဲ့ မတူငါရန်သူ လိုသဘောထားနေသူတွေကို မိတ်ဆွေတို့ လဲ ကြုံဖူးမယ်ထင်ပါတယ်။
တင်တာ တင်လိုက်ရပါတယ် အဖွဲ့ ဝင် ခရစ်ယာန်ဘာသာဝင် များအား စော်ကားသလိုဖြစ်မှာကိုလဲ ဆိုးမိပါတယ်။
အမှန်က ဘာသာရေးကိုတရားနည်းကျကိုးကွယ်နေသူတွေနဲ့ မဆိုင်ပါဘူး။
ကျွန်တော်အခုတင်တာကလဲ ခရစ်ယာန်ဘာသာဝင်တွေအားလုံးလို့ ဆိုပြီးသက်မှတ်ချက်နဲ့ တင်တာမဟုတ်ပါဘူး။
ခရစ်ယာန်လူတစု အကြောင်းလို့ ပဲပြောပါရစေ။ ဒီပိုစ့်ဟာဘာသာရေးနဲ့ သက်ဆိုင်ပေမဲ့ ဘာသာရေးကိုပုတ်ခက်
ပြောဆိုထားတာမဟုတ်ပါဘူး။ ဘာသာရေးပြသနာတွေကိုရှင်းရုံသက်သက်ဖြစ်ပါတယ်။
အဖွဲ့ ဝင်အားလုံးလဲ ( ဈေးထဲက အလေးခိုးတဲ့ဈေးသည်တစ်ဦးကိုတွေ့ ရုံနဲ့  ကျန်ဈေးသည်တွေကိုပါ သူခိုးတွေလို့ မထင်
မိပါစေနဲ့ လို့ ပဲ ကျွန်တော်တောင်းဆိုပါရစေ ) ။
အဲ့လိုထင်နေသူတွေရှိနေလို့ လဲ အခုလိုပြသနာတွေဖြစ်နေတာဖြစ်ပါတယ်။
ဒီပိုစ့်ကို စီစစ်မဲ့ အကိုတွေ အမတွေကိုလဲ ကျွန်တော်ရဲ့ ပိုစ့်ကိုခွင့်ပြုပေးပါလို့ တောင်းဆိုပါရစေ။
ငွေသော်

( ဦးဇင်း ဦးပညာဝံသ (ရွှေဝါရောင်) ၏ရေးသားချက်များအားကူးယူတင်ပြခြင်းဖြစ်ပါသည် )

ဦးဇင်း တစ်ပါးအနေနဲ့ မရေးသင့်ဘူး...။

ဒါပေမယ့်- သာသနာကို ရန်သူများရဲ့ ညစ်ပတ်ထံမှ ကာကွယ်ရမယ်ဆိုတာ- ဘုရားသားတော် ဦးဇင်းတို့မှာ လည်း တာဝန်မကင်းဘူး ဖြစ်နေတယ်။

လွန်ခဲ့အပါတ်ကပဲ ကိုရင်မိုးဆိုတဲ့ ဒကာ ဦးဇင်းဆီကို ရောက်လာတယ်။ ခရစ်ယာန် ဒကာများရဲ့ လုပ်ရပ်တွေကို ရှင်းပြတယ်။ ဦးဇင်းက ဘုန်းကြီးဆိုတော့ ရှေ့နောက် ဆင်ခြင်ရတယ်။ ကိုရင်မိုးဆိုတဲ့ ဒကာကလည်း ခရစ်ယာန် ဒကာတွေဟာ- ဗုဒ္ဓဘာသာအမည်ကိုအလွဲသုံးစားလုပ်ပြီး မူဆလင်တွေကို စော်ကားဘို့- http://www.anti786.blogspot.com/
http://www.antiallah.blogspot.com/
http://myanmartruthers.blogspot.com/
http://linshaallah.blogspot.com/
http://islamsucks.wordpress.com/ တို့၊
မူဆလင် ဆန်ကျင်ရေး အသင်းတော် တို့ ၀က် ဆိုက်တွေဖွင့် ဗုဒ္ဓဘာသာ အမည်နဲ့ ရေးနေတယ် ဆိုတဲ့ အထောက်အထားတွေ ဦးဇင်းကို ပေးတယ်။ ဒါတွေ ကို မသိဘဲ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်က ထပ်ဆင့် ဖြန့်နေတာမျိုး ရှိနေတယ်၊ ဦးဇင်းဆီကိုတောင် ကိုယ်တော်တစ်ပါးက ဖေါ်ဝါ့ဒ် လုပ်ပေးလိုက်လို့ ဖတ်မိသေးတယ်။ သူတို့အရေးအသားက ဗုဒ္ဓဘာသာဝင် တွေရဲ့အရေးအသားမဟုတ်ဘူးဆိုတာတွေ့တယ်။

ခရစ်ယာန် ဒကာများနဲ့ မူဆလင် ဒကာများ အချင်းချင်း ဖြစ်ကြရာမှာ ဦးဇင်းတို့ ဗုဒ္ဓဘာသာ အမည်ကို သုံးစွဲတာ တော့- ဦးဇင်းလည်း စိတ် ဘယ်ကောင်းပါ့မလဲ။ တော်ကြာ ဗုဒ္ဓဘာသာက မေတ္တမဲ့တဲ့ ဘာသာ ဖြစ်နေဦးမယ်။

ကိုယ်ရင်မိုး ဆိုတဲ့ ဒကာက ခရစ်ယာန်တို့ရဲ့ လုပ်ရပ်များကို ဗုဒ္ဓဘာသာဝင်များသိရအောင် ဖေါ်ရေးတော့- (သူတို့က သူတို့ အထဲမှာ ရှိနေတဲ့ ကိုရင် မိုးကိုဘယ်သူမှန်း မသိဘဲ) ဗုဒ္ဓဘာသာဝင်များ အတွက် စေတမန် http://messengerforbuddhist.blogspot.com/ ဆိုပြီး မူဆလင် အမည်ခံနဲ့ ချက်ချင်း ဆိုက်ဖွင့်ပြီး- ဗုဒ္ဓဘာသာ တွေကိုသာ မက၊ ဘုရားရှင်ကိုပါ စော်ကားမော်ကား ရေးလေတော့တယ်။ သူတို့ဟာ သူများအမည်ခံနဲ့ ဗုဒ္ဓဘာသာ ဆန့်ကျင်ရေးတွေ ရေးနေပေမဲ့လည်း သူတို့အရေးအသားက ဘယ်ဘာသာလည်းဆိုတာသက်သေပြနေပါတယ်။ အဲ့ဒီလူတွေက ဘယ်သူတွေ ဖြစ် တယ်။ ဘယ်မှာနေတယ်- ဘယ်အသင်းတော်ရဲ့ တပည့်သားမြေးတွေ ဖြစ်တယ် ဆိုတာကိုပါ၊ ကိုရင်မိုးက ဦးဇင်း ကို ပြောလာပြန်တယ်။ ဦးဇင်းလည်း နေရထိုင်ရတော့ ဘေးအကြပ်သားပဲ။ ဒါနဲ့ ဒီစာလေးကို ရေးဖြစ်တာပါ။

ဦးဇင်းတို့က စာနဲ့ ပေနဲ့ ရင်းနှီးသူတွေပါ။ ဘယ်စာက ဘယ်သူရေးတယ်- ဆိုတာကို သိနေပါတယ်။ ဒါပေမယ့် ဘုန်းကြီးဆိုတာ နေရာတိုင်း ၀င်ပါလို့ မကောင်းဘူးလေ။ ကိုရင်မိုးကိုလည်း ဦးဇင်းပြောပါတယ်- အမှန်အတိုင်း ဖြစ်ပါစေ-၊ သူတစ်ပါး နစ်နာအောင်တော့ မလုပ်နဲ့လို့။ ကိုရင်မိုး ရေးသားတာတွေမှာ အမည်ကို ဖေါ်မပြဘို့လည်း ဦးဇင်းကပဲ ပြောခဲ့တယ်လေ- နို့ မကောင်းဘူး မဟုတ်လား။ တော်ကြာ မဆိုင်တဲ့ ဒကာတွေ နစ်နာနေပါဦးမယ်။ သူတစ်ပါး ဘာသာတစ်ခုကိုလည်း မဟုတ်မတရား မစွပ်စွဲနဲ့ ရှောင်ပါလို့ ပြောခဲ့တယ်။ ဒကာရေးတာတွေမှာ အတတ်နိုင်ဆုံး ရှောင်ထားတာကို တွေ့ရတယ်။

တဘက်က ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်ကို ရေးနေတဲ့ ခရစ်ယာန်ဒကာတွေကလည်း ကိုယ်ယုံကြည်ရာ ကို ကိုယ်ရေးပါ။ ဒါပေမယ့်- အမှန်အတိုင်းတော့ ဖြစ်ပါစေပေါ့။ မိမိကိုယ် မိမိ ခရစ်ယာန် ဖြစ်တယ်ဆိုတာကို လည်း ဖေါ်ရေးလေ-၊ တော်ကြာ စာဖတ်သူတွေက ထင်ယောင်ထင်မှားနဲ့ ဖြစ်ပြီး- မလိုလားအပ်တာတွေ ဖြစ်ကုန် ရင် မကောင်းဘူး-။ ကိုယ့်သာသနာဘဲအကောင်းဆုံးထင်မှတ်နေရင် သူများဘာသာအမည်ခံပြီးရေးစရာလည်းမလိုပါဘူး။ ကိုရင်မိုးပေးတဲ့ အထောက်အထားတွေအရ ဒကာတို့က ဘယ်မှာနေတယ်- အမည်က ဘယ်လို၊ အကုန်သိနေပါတယ်။ ဦးဇင်းအနေနဲ့ ရန်ကိုမလို ရန်ကိုသာ ပြိုစေလိုပါတယ်။ ဒကာတို့ ထိုင်းနဲ့-၊ အိန္ဒိယ၊ စင်ကာပူ၊ ကိုရီယား၊ ဒိန်း မတ်နဲ့ အဆက်အသွယ်ရှိတာကိုလည်း သိနေတယ်လေ- တော်ကြာ မကောင်းဘူးပေါ့။ မလေးရှားရောက် မြန်မာ ပြည်သား ခရစ်ယာန် ဒကာတွေလည်း မှန်ကန်မှု ရှိစေချင်တယ်။

အမှန်ကို သိရင် အမှန်ကို ပြင်ကြပေါ့။ ဦးဇင်းတို့က ဘယ်ဘာသာကိုမှ မကန့်ကွက်ဘူး၊ ရိုးသားဖြောင့်မတ်စွာ သာသနာပြုကြပေါ့။ ငွေကြေးပေါ်လစီ၊ နိုင်ငံရေး ပေါ်လစီ၊ ဘာသာမတူသူချင်း ရန်တိုက်ပေးတဲ့ ပေါ်လစီတွေနဲ့ သာသနာမပြုနဲ့ပေါ့။ မြန်မာပြည်သားတွေ ခမြာ- အခုတောင် ဆင်းရဲမွဲတေနေရတာ၊ တော်ကြာ မလိုလားအပ်တဲ့ ရန်လိုမှုတွေ၊ ရန်ပွားမှုတွေ၊ အငြိုးအာဃာသတွေ ဒကာတို့ကြောင့် မဖြစ်စေနဲ့ပေါ့- ဟုတ်လား။

မြန်မာပြည်ကို မင်းမကောင်းတုံး- ကြားက၀င်ထောင်းတာမျိုးတော့၊ ဦးဇင်းလည်း သဘောမကျဘူး။ ဦးဇင်းက တော့ ကုလားမကောင်း ကုလားပဲ။ ဗမာမကောင်း ဗမာပဲ- မျက်နှာလိုက်တဲ့ အထဲမှာ မပါဘူး- ဒကာတို့ရေ။

အခုဒကာတို့ လုပ်ပုံက- ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကို ပရိပက္ခဖြစ်အောင် နည်းဗျုဟာအမျိုးမျိုးသုံးပြီးရန်တိုက်နေတယ်။ ဘာမဆိုင်၊ ညာမဆိုင် နဂိုကမှ သိမ်ငယ်နေရတဲ့ မြန်မာပြည်က မူဆလင်တွေကို အ ထင်လွဲခံရအောင် တမင်ဖန်တီးတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓမြတ်စွာကို စော်ကားပုတ်ခတ်နေတယ်- တစ်ဖန် ဗုဒ္ဓဘာသာကျမ်းဂန်များကို စော်ကားနေတဲ့
http://all4myanmar.wordpress.com/
http://ashinnanda.blog.com/ နဲ့
http://ashinnanda.blogspot.com/
ဘလော့ဂ်တွေလုပ်တယ်။ ဒီ- အလုပ်က ကောင်းတယ် ထင်မှတ်နေဘို့ မသင့်ဘူး။

တစ်ပါတည်း ဦးဇင်းတို့ရဲ့ ဗုဒ္ဓဘာသာ ဒကာ၊ ဒကာမတွေကိုလည်း ပြောချင်တယ်။ သူ့အကုသိုလ်နဲ့ သူ သွားလိမ့် မယ်လို့ချည်း- သာသနာကို ဥပက္ခာပြုမထားသင့်ဘူး။

တစ်ခါက- မြတ်ဗုဒ္ဓသတင်းသုံးရာ ဇေတ၀န်ကျောင်းတော် အနားမှာ တိတ္ထိရဟန်းတို့ (သာသနာပ ရဟန်းတို့) သူတို့ရဲ့ ကျောင်းလာဆောက်တယ်။ တိတ္ထိတွေက ဇေတ၀န်ကျောင်းတော် နေရာဟာ ရေခံမြေခံကောင်းလို့ မြတ်ဗုဒ္ဓဒေသနာ ထွန်းကားတယ်ပေါ့။ အဲ့ဒီလို ရေခံမြေခံကောင်းတဲ့ နေရာကို သူတို့စိတ်ထဲမှာ လိုချင်လာတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာ သတင်းသုံးတော်မူရာ အရပ်ဒိသာကို ၀င်လုချင်တဲ့ သဘော။ ဒီလို တိတ္ထိကျောင်းဆောက် ဘို့- ကောသမင်းဆီမှာ လာ့ဘ်ထိုးထားတယ်။

ဗုဒ္ဓမြတ်စွာက ဒီလို မဖြစ်သင့်ကြောင်း တပည့်ရဟန်းတွေကို စေလွှတ်ပြီး ကောသမင်းကို သွားပြောခိုင်းတော့ လာ့ဘ်ယူထားတဲ့ ကောသလမင်းက အတွေ့မခံဘဲ ရှောင်နေခဲ့တယ်။ နောက်ဆုံး ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ကောသလမင်းဆီကိုသွားတော့- ရှောင်လို့ မရတော့ဘူးပေါ့။ ဒီတော့မှ ကောသလမင်းက တိတ္ထိတွေကို ဇေတ၀န် ကျောင်းတော်နားမှာ ကျောင်းမဆောက်ဘို့ တားမြစ်ပေးလိုက်ပါတယ်။-- ဆိုလိုတာက၊ တိတ္ထိတွေဟာ မင်းတွေကို လာ့ဘ်ထိုးမယ်။ ငွေကြေးအင်အားနဲ့ ဗုဒ္ဓသာသနာကို စော်ကားမယ်ဆိုရင်- ဗုဒ္ဓမြတ်စွာကတောင် စံပြအနေနဲ့ တော်လှန်ပြခဲ့တယ်- ဆိုတာပဲ--။ ဒါ ပါဠိတော်မှာ အထင်အခြား ရှိနေတယ်လေ။

အခု ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမများကလည်း မသမာတဲ့နည်းနဲ့ အခြားသာသနာ တစ်ခုကို ဗုဒ္ဓဘာသာ အကြားထူထောင်လာမယ် ဆိုရင် တော်လှန်ရမှာ တာဝန် တစ်ရပ် ဖြစ်တယ်ဆိုတာ မမေ့ကြနဲ့ပေါ့။

ဦးဇင်းတို့ ဘက်က ဘယ်သူ့ကိုမှ မေတ္တာမပျက်ဘို့- မကောင်းသူတွေရဲ့ မသမာတဲ့နည်းလမ်းတွေကိုသာ တော်လှန်ဘို့တော့ လိုအပ်တယ်။

အခု-ဦးဇင်းပြောလိုတာက-

(၁) ဗုဒ္ဓဘာသာဝင်များအတွက် စေတမန် ဆိုတဲ့ ဆိုက်ကို ရေးသူခရစ်ယာန်များကို တော်လှန်ပါ။ သူတို့အထဲက လူကောင်း ခရစ်ယာန်ဒကာတွေကိုလည်း ဒီလို ဆက်မလုပ်ဘို့ တားမြစ်ပေးပါလို့ ပြောပါ။

(၂) ဗုဒ္ဓဘာသာကို အမည် အလွဲသုံးစား လုပ်ပြီး အခြားဘာသာတွေကို မစော်ကားဘို့ကိုလည်း ခရစ်ယာန်များ ကို တော်လှန်ပါ။ ကိုယ်လုပ်ရင် ကိုယ့်နာမည်ကို ခံပါ၊ ယောက်ျားတွေပဲ ရဲရဲပေါ့။

(၃) မင်းမကောင်း- ရောထောင်း ဗျူဟာများကို စွန့်ပစ်ဘို့ ခရစ်ယာန်တွေကို တော်လှန်ပါ။ လူကောင်း ခရစ် ယာန် အဲ့ဒီလို တော်လှန်ဘို့ အတွက် လူကောင်း ခရစ်ယာန် ဒကာများနဲ့ ပူးပေါင်းပါ။

ဒီလိုမှ ခရစ်ယာန်များ ဘက်က မပြုပြင်ဘူး ဆိုရင်- မကောင်းတဲ့ အကုသိုလ်တွေ သူတို့ အပေါ်မှာ သင့်လာ ပါလိမ့်မယ်။ ဦးဇင်းလည်း စိတ်မကောင်းဘူး။

မေတ္တာစေတနာများဖြင့်

ဦးပညာဝံသ (ရွှေဝါရောင်)
ခေတ္တထိုင်းနိုင်ငံ

(ဦးဇင်းလည်း- ကိုရင်မိုးကိုတော့ သူတို့အထဲမှာ မနေနဲ့တော့လို့ ဆုံးမထားပါတယ်။- အကုသိုလ်သင့်ရင် ရောပါ သွားမှာ စိုးလို့ပါ)။

http://samadihti.blogspot.com/2010/01/blog-post_23.html မှကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။

မူလက အဲဒီနေရာလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျွန်တော်က မြန်မာချစ်သူများ ဆိုက် က နေ ကူးပါတယ်။

Thursday, October 28, 2010

စိတ်တန်ခိုးရှင် ရေဘဝဲ ပေါလ် ဂျာမနီတွင် သေဆုံး

ဘာလင်-October 26, 2010
ပြီးခဲ့သော ၂၀၁၀ ကမ္ဘာ့ဖလား ကာလများအတွင်း ပွဲစဉ်ရလဒ်များကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သောကြောင့် ကမ္ဘာတစ်လွား ကြော်ကြားခဲ့သော အသက် ၂နှစ် အရွယ်ရှိ ရေဘဝဲ ပေါလ်သည် ၎င်းကို မွေးမြူထားသော ပြတိုက်တည်ရှိရာ ဂျမနီနိုင်ငံ Oberhausenမြို့ ပြတိုက်တွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

Oberhausen ရေအောက် သက်ရှိ ပြတိုက်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် ညပိုင်းအချိန်တွင် ရှေ့ဖြစ်ဟော ရေဘဝဲပေါလ် သေဆုံးသွားသည်ကို စိတ်မကောင်းခြင်း ကြီးစွာ တွေ့ရှိရကြောင်း ပြတိုက်၏ ကြေငြာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
http://patheincity.com/news//HLIC/a7cf22ac292a8dd43c29eb5c443b6e0e.jpg
အင်္ဂလန် ဇာတိဖြစ်သော ရေဘဝဲပေါလ်သည် ၂၀၁၀ ကမ္ဘာ့ဖလား ကာလအတွင်း ဂျာမနီနိုင်ငံ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ် (၇)ပွဲလုံးကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သလို စပိန်နှင့် နယ်သာလန်တို့ ယဉ်ပြိုင်ကစားကြသော နောက်ဆုံး ဖိုင်နယ် ပွဲစဉ်တွင်လည်း စပိန်အနိုင်ရရှိသည်ကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သောကြောင့် ကမ္ဘာ့ မီဒီယာများကြားတွင် အထူး ကြော်ကြားခဲ့ခြင်း ဖြစ်သည်။
PatheinCity News | Source:Xinhua



Source : http://patheincity.com/news/index.php/2010/10/psychic-octopus-dies-in-germany/#ixzz13edjoLIx
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

Wednesday, October 27, 2010

အဂန်း အဂန်း ၊ အဂန်း အန် အဂန်း

လူဆိုတာ တစ်ခါတစ်လေ ကိုယ့်ထမင်း ကိုယ်စားပြီး အမုန်းခံတတ်တဲ့သတ္တ၀ါ တစ်မျိုး ပါပဲ။ ကျွန်တော်က အဲဒီထဲမှာ ထိပ်ဆုံးက မနေတောင် အောက်ဆုံးကတော့ မဟုတ်တာ သေချာတယ်။ဘာလို့ ဒီလို ပြည့်မေတ္တာခံယူဖို့ စကားပလ္လင် ခံနေရသလဲ ဆိုတော့ကာ……


မကြာသေးခင်က ပေါ်ထွက်လာခဲ့ တဲ့ မိန်းမတစ်ယောက် စကားပြောတဲ့ ရုပ်သံ ဖိုင်ကြောင့် အဲဒါကို ခဏခဏ ကြားနေရတော့ စိတ်အချဉ်ဖောက်လာတော့ တာပါပဲ။ ဘာတဲ့ အဂန်း အန် အဂန်း အဂန်း အန် အဂန်း…. ဘာပြောတာလဲ ဗျ။


လူကလဲ အကုသိုလ်များလေတော့ ပညာကံ မွဲသဗျ။ သူက အဲဒီမှာ မြန်မာ စကား ပြောတာမဟုတ်ဘူးဗျ ၊ မြန်မာလိုပြောလဲ နားလည်မဲ့ လူတွေမှ မဟုတ်တာကိုး ၊ သူက ဘိုလို မှုတ်တာဗျ အဲထားတော့ သူ့အပြစ်မဟုတ်ဘူး ။ တတ်သလောက်မှတ် သလောက် ဘာသာပြန်ကြည့်တယ်၊ ဘာတဲ့…. သူပြောတဲ့ အဖွဲ့ကြီး ၊ အဲဒါကြီးက ဘယ်သူတွေကို ကျတော့ ဘယ်လို လုပ်ပေးပြီး ဘယ်သူတွေကို ကျတော့ ဘယ်လို လုပ်မပေးရကောင်းလား ဆိုပြီး ရန်တွေ့သလိုလို အလိုမကျ သလိုလို၊ ငယ်ငယ် တုန်းကတော့ ကလေးတွေရှိတတ်တဲ့ အကျင့်တစ်ခုမြင်ဖူးတယ်၊ သူ့အဖေက သူ့ကို သကြားလုံး မပေးပဲ သူ့အစ်ကိုကို ပေးတာကို အပြစ်ပြောပြီး ကြူကြူပါအောင် ငိုတော့တာပဲ။ သူ့ခဏခဏ ချောင်းဆိုးတတ်တာကို အဲဒီကလေး မေ့နေလေရော့ သလား…သူ့အဖကတော့ ဒီကလေး ခဏခဏ ချောင်းဆိုးတတ်တာ သိနေတာကိုး ။ အခုပြောတဲ့ မိန်းကလေးက လဲ မိန်းမကြီးတော့ မဟုတ်သေးပါဘူး။ ထားတော့……..။


နိုင်ငံရေးကို စိတ်မ၀င်စားဘူး မလုပ်ဖူးလို့တော့ ပြောချင်ပြောဗျာ။ ကျွန်တော် နားမလည် တာတွေ မသိတာတွေက များတာကိုး ကွန်မြူနစ် ဖဆပလ န၀တ ဒီမိုကရေစီ စစ်အစိုးရ အဲဒါတွေ ကိုကြားဖူးယုံလောက်ပဲ ရှိတာ။ ဘာတစ်ခုကိုမှ ထဲထဲ ၀င်ဝင်မသိဘူး။


ကြွားတာတော့ မဟုတ်ပါဘူး အဲဒါတွေကို နားလည်သလောက် ကြားဖူးသလောက် ပြောပြရရင်....… ကွန်မြူနစ်ဆိုတာတဲ့ အဖေလဲမရှိ အမေလဲမသိ ကိုယ့်အကျိုး အတွက် ဆို အဖေတွေ အမေတွေလဲ သတ် ၊ သေပြီးနောက်ဘ၀ဆိုတာလဲ မရှိဘူး။ ဖဆပလ ဖက်ဆစ်လွတ်မြောက်ရေး ပြည်သူ့လွတ်မြောက်ရေး ၊ ရုပ်ရှင်တွေ ထဲမှာ ကြည့်ဖူးတယ် ဂျပန်တွေကို တော်လှန်တယ်၊ န ၀ တ ကြားဖူးတာ နဝေတိမ်တောင်၊ ဒီမိုကရေစီ ပြည်သူက တင်မြှောက် လေးနှစ်တစ်ကြိမ် သမ္မတပြောင်း ကြိုက်ရင် ဆက်လုပ်၊ ဒါကျွန်တော်သိတာ အကုန်ပဲ။ ဒါကျွန်တော့် ဦးနှောက်ထဲမှာ နေရာ ယူထားတဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးတွေဗျာ။


အဲ အထက်က အဂန်း ကိစ္စ ပြန်ဆက်ရအောင်။ ဂန်း ဆိုတာ သေနတ်ပဲ သိတယ်ဗျာ။ ငယ်တုန်းက ကျောင်းမှာ ဆိုဖူးတာ အဂိန်း ၊ ဘာတဲ့ နောက်တစ်ဖန် ဆိုလား၊ ကေတွေက ခေသံထွက် ကြူတွေက ခယူသံထွက်၊ ဇက်တွေကို ဇီလို့ဆို ဒီလို သင်ကြားတဲ့ စနစ်မျိုးတော့ မကြုံဖူးခဲ့ဘူးဗျာ။ အဲဒီတော့ အဂန်းဆိုတဲ့ အသံ ကြားရင် ဂန်းဆိုတဲ့ သေနတ်ပဲ နားလည်တယ်ဗျာ သေနတ်တစ်ခု ပေါ့လေ ။ ဆိုတော့ကာ သူက အဂန်းအဂန်းဆိုတာ ကြီးကို ကျွန်တော်ထင်တာက နားမလည် ပါးမလည် ပြည်သူတစ်ချို့ကို ဂန်းဆိုးတဲ့ သေနတ်ကြီးနဲ့ တစ်ဖန်တစ်လဲလဲ အပစ်ခံ ခိုင်းနေတယ်လို့ပဲထင်တယ်။ အခုတောင် သူ့ပါးစပ် သေနတ်မှာ ကျွန်တော် နှလုံးသား သေဆုံးနေတာကိုး။


ကျွန်တော်က နိုင်ငံတစ်နိုင်ငံမှာ မွေးဖွားလာခဲ့တဲ့ကောင် ဆိုတော့ ခင်ဗျားတို့ ပြောသလို နိုင်ငံသားပေါ့ဗျာ၊ အဲဒီတော့ ကျွန်တော်လည်း နိုင်ငံရေးလုပ်မယ်ဗျာ။ အထင်တော့ ကြီးမသွားနဲ့ဦး။ ကျွန်တော်က လူနည်းစု နိုင်ငံရေးသမားတွေ မြင်သလို စစ်အစိုးရကို တော်လှန် ပုန်ကန် ဆန္ဒပြ တာတွေ မလုပ်တတ် မလုပ်နိုင် မလုပ်ရဲပေါင်၊ ဒီတော့ ကျွန်တော် အရင်တုန်းက လုပ်ခဲ့တဲ့ နိုင်ငံရေး အချို့ ပြော မယ်ဗျာ။ ကိုယ့်ဦးနှောက်နဲကိုယ် ခံယူထားတဲ့ နိုင်ငံရေးပေါ့လေ။


တောကနေ မြို့တက်လာတော့ ရန်ကုန်ဆိုတဲ့ ရွှေမြို့တော် ကြီးကို ရောက်တယ်ဗျာ။ အဲဒီ မှာ လိုင်းကားနဲ့တွေတာ ပဲ ကားထဲက လိုင်းတွေလဲ မြင်ရတယ်၊ ဒီလိုဗျာ ကောင်မလေးက ငယ်ငယ်ချောချောလေး ဒါထက်မြင်သာအောင် ပြောရရင် ဗျာ ကောက်ကောက်မို့မို့ ၊ လုံးကြီးပေါက်လှ အလုံးကြီးတာကိုသာ ရူပါရုံ ဖြင့် တဏှာ မပါ ရှုမှတ်ဖူးသည် ကျန်တာတော့ မသိ။ (ရိုင်းသွားရင် တောင်းပန်ပါတယ်ဗျာ)။ သူ့တို့ကို ကျွန်တော် မစုံစမ်းမထောက်လှမ်းဖူး ကိုယ်နဲ့မှ မဆိုင်ပဲလေ၊ ရွာမှာ အမေက မှာတယ်ဗျ “သားကြီး ရန်ကုန်မြို့ကြီးရောက်ရင် ဘတ်စ်ကားတွေ ထဲမှာ ကောင်မလေးတွေ နောက်က မရပ်နဲ့ မတော်ရင် ဘ၀တုံးနိုင်တယ်”တဲ့၊ အမေ့သားလှ အမေ့စကားကို မြေ၀ယ်မကျ လေထဲမှာတင် ဖမ်းနားထောင်တယ်။ လုံးဝဆိုလုံးဝပဲ ။ လူကြပ်နေရင် တတ်နိုင်သလောက် သူတို့ရပ်လို့ရအောင် နေရာပေးတယ်၊ အဲ ထိုင်ခုံနေရာ လေးများ ရရင်တော့ သူတို့ကို နေရာမပေးဘူးဗျ ၊ ရဟန်း သီလရှင် အဘိုးအဘွားအို ကလေးသူငယ် ဗိုက်ကြီးသည် အတွက်ပေါ့ဗျာ။ အဲဒါ ကားပေါ်မှာ လုပ်တဲ့ နိုင်ငံရေး။ နိုင်ငံ့သားကောင်းပီသချင်လို့ မြန်မာလူမျိုး ယဉ်ကျေးတယ်လို့ ကိုယ့်ဘာသာ အမှတ်ပေးနိုင်ဖို့။


မှတ်တိုင်ရောက် ကားအောက် ဆင်းရင် မှတ်တိုင်က ခုံတွေရဲ့ အပေါ်တွေ အောက်ခြေတွေမှာ ကွမ်းတံတွေး မထွေးဘူး၊ ကျွန်တော် ကွမ်းကို ဘယ်လောက် စားကြောင်း ခင်မင်သူတွေ သိပါတယ် ။အခု ဒီစာနဲ့ အရွဲ့တိုက် ပေါက်ကွဲ နေစဉ် တောင် ကွမ်းလေးမြုံ့ပြီး ရေးနေတာဗျ။


ပလတ်စတစ်ခုံ ရောင်စုံလှလှလေးတွေကို ခြေထောက်နဲ့ မကန်ဘူး။ ရှင်းတယ်လေ ဒီခုံတွေကို ဘုရားသခင်က မိုးပေါ်က ချပေးတယ်လို့ လုံးဝကို ယုံလို့ မရတာ ။ ဒါဆို နိုင်ငံတော် အကြီးအကဲက လုပ်ပေးသလား ဝေးသေး .....အဲဒါ ကျွန်တော့်တို့ ကိုယ့်ထမင်းကိုယ် ရှာစားပြီး အခွန်ဆိုတဲ့ ငွေပေးထားလို့ အဲဒီ ပိုက်ဆံတွေနဲ့ ၀ယ်ထားတာ (မှန်ချင်လဲ မှန်မယ် သေချာမသိ) ဆိုတော့ကာ ကျွန်တော်တို့ မြို့ နိုင်ငံ လှပသာယာအောင် ကျွန်တော်တို့ ချွေးတွေနဲ့ ပေးဆပ်ထားတာဗျ ။ ဒါက ကျွန်တော်လုပ်တဲ့ နိုင်ငံ့ အရေး နိုင်ငံရေးပေါ့ဗျာ (ငြင်းလိုက ငြင်းနိုင်ပါသည်) ။ တစ်ချို့ခုံတွေဆိုရင် ဗျာ သိသာပါတယ် ဖင်ထိုင်ရုံနဲ့ ဒီလောက်ကျိုးပဲ့စရာ အကြောင်းမှ မရှိတာ။ ဒါကြောင့်လဲ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးရင် တရား ရင်ဆိုင်ရတယ် ဆိုတာ အဲဒီလို ကိုယ့်ပိုက်ဆံနဲ့ဝယ်ထားတဲ့ ပစ္စည်းကို ကိုယ်ပြန် ဖျက်ဆီးပစ်တဲ့ ခပ်ပိန်းပိန်းလူတွေ ကြောင့်များလား ။ ရွာမှာတုန်းက ဆိုရင်လည်းဗျာ ကျွန်တော့ရပ်ကွက် ရွာ မြို့ကို ချစ်တယ်။ သာရေး နာရေး ရပ်ရေး ရွာရေး ရှေ့ဆုံးမရောက်တောင် နောက်ဆုံးက မဟုတ်ဘူး။ လမ်းခင်း မြောင်းဖေါ် သန့်ရှင်းရေး လုပ်အားပေး အလှူ မသာ အားလုံးမှာ ကျွန်တော်ပါတယ်။ ကိုယ့်ရွာကိုယ့်မြို့ သန့်ရှင်း ကျန်းမာ လှပစေချင်တယ်၊ ဒါကိုလဲ နိုင်ငံသားတစ်ယောက် နိုင်ငံ ရဲ့ အစိတ်အပိုင်း တစ်ခုမှာ နိုင်သလောက်လေး လုပ်နေတယ်လို့ ပဲ ခပ်မှိန်မှိန် ဥာဏ်နဲ့ ချိန်ထိုးဖူးတယ်။ ရန်ကုန် မြို့ကြီးရောက်မှဗျာ...........။


ထားတော့ ညစ်တွန်းပြီး ရေးတဲ့စာဆိုတာ စာဖတ်ရတဲ့သူကို ကိလေသာညစ်ညူး အဆိပ်သင့်လူးစေတယ်။ တောင်ရောက် မြောက်ရောက် ။


ဘာ အရေးတော်ပုံ ညာအရေးတော်ပုံ ဘာသပိတ် ညာသပိတ် ဘာလှုပ်ရှားမှု ညာလှုပ်ရှားမှု ဘာဘာ ဘာမှ မသိ။အခု အစိုးရကို မှန်တယ်လို့ လက်ညိုးထောင် ခေါင်းညှိတ် မလုပ်သလို၊ မြန်မာ့ အရေး လှုပ်ရှားသူတို့ ၊ ဒီမိုကရေစီ ဆိုတာ တို့ကိုလဲ မိုးပေါ်က လေကို လက်သီးနဲ့ ထိုးပြီး အားမပေးပါဘူး။


ရှေ့က ဦးမဆောင် နောက်ကမလိုက်လို့ လွယ်အိတ်လို့ ခင်ဗျားတို့ကို ၀န်လေး စေတယ်ပဲပြောပြော။ အရှေ့ မသွား နောက်မဆုတ်ပဲ ပြူးကြောင်ကြောင်နဲ့ ဘေးတိုက်သွားတဲ့ ဂဏန်းလိုကောင်ပဲပြောပြော။

မျှော်စင်ညီနောင်က နေ လူမသိသူမသိ (အများကြီးကို အသိမပေးပဲ) သည်းထိတ်ရင်ဖို ရသကို ခဏခဏ အချိန်ကုန်လူပန်း ငွေကုန်ခံပြီး ခံစားနေသူတွေ အများကြီးပါ။


လော်နောက်က လေမှုတ်ပြီး အသက်ကယ် အစုံအလင် နဲ့ တစ်ချက်လောက် လေဟုန်စီးတာကို နိုင်ငံရေး ခေါင်းစဉ်တပ် ၊ တဂန်းဂန်းနဲ့ နားကြားပြင်း ကပ်လွန်းလို့ နောက်တစ်ခေါက်များ ဂန်းသံ ကြားရင် ကျွန်တော် ဂန့်သွားမယ် ဆိုရင်လည်းဗျာ။


မိုးယံ (27.10.2010)

Tuesday, October 26, 2010

8 ladies show in Malaysia (3)

4 သဇင် 8 Ladies




5 - Jenny 8 Ladies


အေသင်ချိုဆွေ 8 Ladies





8 ladies show in Malaysia (2)

1 - ရတနာမိုင် 1(1)


2 - ရတနာမိုင် 1(2)




3 - သင်ဇာ့ဝင့်ကျော် 1




အားလုံးပဲ ဆောရီးပါဗျာ။ သင်ဇာဝင့်ကျော် သီချင်းရမယ် မှတ်တာဗျ။ တင်နေရင်း Firefox Restart ကျသွားလို့ဗျာ။ အခုတော့ အဆင်မပြေလို့ မနက်ဖြန်မှ ပြန်တင်ပေးပါမယ်ဗျာ။ youtube ကိုကြည့်မရတဲ့ သူတွေလဲ ရှိတတ်လို့ တစ်ခြားတစ်နေရာကနေ တင်ရင်လဲ နှစ်မျိုးဆိုဆိုရင်ပို့စ် ကြီးက နေရာတော်တော်များများ ယူသွားမယ်ထင်တယ်။ ကြုပ်ကြက်တော့ လိနေတယ်ဗျာ။ ကိုယ်ကလဲ စေတနာတွေသာ များနေတာ ပညာက ခပ်ရှားရှားမို့လား။ ငြိမ်းချမ်းရေးတရား လက်ကိုင်ထားနိုင်ကြပါစေဗျာ။


လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသူ

သူများရေတာတွေချည်းပဲ ဖတ်နေရတော့ အားနာလာတယ်ဗျာ.အဲ...ကိုယ်ကိုတိုင်ကြတော့လည်း မရေးတတ်ဘူးလေ..ဒါနဲ့ပဲ အရင် ကျွန်တော် ရေခဲနန်းတော်မှာ တင်ခဲ့ဖူးတာလေးတွေ ပြန်တင်ရင်

ကောင်းမယ်လို့ စဉ်းစားမိတာနဲ့ တင်လိုက်တာပါ.ဖတ်ပြီးသားသူတွေကိုတော့ တောင်းပန်ပါတယ်..

နောက်လဲ ကျွန်တော်ကြိုက်တာလေးတွေ ဝေမျှခွင့်ပြုပါလို့...

Jessica Cox


အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ
စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့်
ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox
ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ်
အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့
ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ
တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။
သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့
လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း
Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။
အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ ခြောက်လလောက် သူရဲ
ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ
လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့ လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့
ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။


ဒီလို ကွန်ပြူတာ သုံးပါတယ်

ဒီလို လိုင်နာဆွဲပါတယ်

ဒီလိုခေါင်းဖီးတယ်

စာရေးတော့ လည်းဒီလိုပဲ

ဒီလိုမျိုးကားလည်းမောင်းတတ်တယ်

လေယာဉ်လည်းမောင်းတတ်တာပဲ

နှံချပ်ကူ လဲကစားတတ်တယ်နော် လက်နှစ်ဖက်မရှိဘူးဆိုပြီး အနိုင်တော့လာမကျင့်နဲ့
သေသွားမယ်

သိုးမည်း
Fwd Mial မှ ဖြစ်ပါသည်။

Monday, October 25, 2010

သူထားတဲ့ သစ္စာ


ကောင်းကင်မှာ မြစ်တစ်စင်း
မြေပြင်မှာ လမင်းက ၀င်း
သစ္စာတွေခွေယိုင် ဥတုကမခိုင် လဲ
မောင်က ဦးမော့ခေါင်းမတ် လျှက်ပဲ

မင်းရဲ့ သစ္စာမခိုင်
မေတ္တာတွေ တစ်ပါးသူအပေါ် ယိုင်မှ
မောင်က အသူရာထဲ ခေါင်းစိုက်ဆဲ။

8 ladies show in Malaysia

အားလုံးကို တင်ပေးနိုင်အောင် ကြိုးစားနေပါတယ်ဗျာ။ ခက်တာက ဘာမှ သေသေချာချာ မလုပ်တတ်တော့ ဟိုစပ်စပ် ဒီစပ်စပ် ရှာနေပါတယ်ဗျာ။ DVD ဖိုင်တွေကို အပိုင်းလေးတွေပိုင်း ပြီး MP4 ပုံစံပြောင်းပြီး တစ်ပိုင်းခြင်း တင်ပေးနိုင်အောင် နည်းလမ်းရှာနေပါတယ်။ ခုတော့ ဒါလေးတွေပဲ ကိုကို ပုရိဿ တို့က ငမ်းထား .. အဲ ကြည့်ထားနော်။ ဟီဟိ
မကြာမှီ လာမည် မျှော်..... ပေါ့ဗျာ




အချစ်ရှိနေသမျှ

ချန်မထားခဲပါနဲ့ - ခိုင်မြဲသာ + ကာကာ




ပြန်လာပါ - ပေါက်စီ+နေနေ


ဘယ်အချိန်ပြန်လာမလဲ - ရေမွန် +ခင်မြတ်သူ
မငယ်တော့ဘူး - ဖြိုးကြီး + ကုဋာခင်

မင်းထင်လို့ပါ - ရဲလေး+ပဲပဲ


ရင်ခုန်သံအမြန်နှုန်း - အောင်သီဟ+အေးမြတ်သူ


အချစ်ကွန်ယက် - အောင်လ+လပြည့်ကဗျာ


အချစ်များနဲ့အတူ - ထွဋ်ခေါင်ဦး + သက်မှူးခင်




အချစ်ရှိနေသမျှ - ဖိုးကာ+ကာကာ



Sunday, October 24, 2010

ဒေါ်လာ ၂သန်းတန် ဘရာစီယာ


ဒီလ အောက်တိုဘာ ၂၀-နေ့က New York မှာ Victoria’s Secret ဖက်ရှင်က ဒီနှစ်ရဲ့ ဟောလီးဒေးဖက်ရှင် အဖြစ် မော်ဒယ် အန်ဒရီယာနာ လီမာ Andriana Lima က ဒေါ်လာ နှစ်သန်းတန် ဘရာစီယာကို ပထမဆုံးဝတ်ပြပြီး ပရိသတ်တွေရှေ့မောက် မိတ်ဆက်ပေးခဲ့ပါတယ်။


လီမာကတော့ Victoria’s Secret ရဲ့ ပင်တိုင်မော်ဒယ်တယောက် ဖြစ်ပါတယ်။ သူမဟာ အပြာရောင်ခါးရှည် အင်္ကျီနဲ့ အတူ စိန်လည်ဆွဲတကုံးကို လိုက်ဖက်စွာဝတ်ဆင်ခဲ့ပါတယ်။


“ကျမကိုယ်ကျမ ဒေါ်လာနှစ်သန်းလောက် တန်ဖိုးမြှင့်သွားသလို ခံစားရပါတယ်။ ကျမကိုယ်ကျမ သိပ်ဂုဏ်ယူမိပါတယ်။ ဒီဘရာစီယာက သိပ်ကိုလှပပါတယ်။ ၁၄၂-ကာရက်တောင် ရှိတာလေ။”


The holiday fashion show ကိုတော့ နိုဝင်ဘာ ၃၀မှာ ကျင်းပမှာ ဖြစ်ပြီး Akon နဲ့ Katy Perry တို့လည်း လာရောက်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။


Saturday, October 23, 2010

လွတ်မြောက်ခွင့်



လွတ်မြောက်ခွင့်ပေးကြပါ

ငါမယုံကြည်ခဲ့တာကို ချမ်းသာပေးကြပါ

ယုံကြည်မှု ကင်းမဲ့နေတဲ့ ငါ့နှလုံးသားကို

ရဲရဲ ၀ံ့ဝံ့ ရင်ဆိုင်ပါရစေ

လွတ်မြောက်ခွင့်ပေးပါ။


လူ့ဘ၀ အနှစ်သာရတွေကို

ပစ်ပယ်ခ၀ါ ချလို့ ၀ပ်တွားခဲ့ပါတယ်

အကြိမ်တွေ ခပ်များများနဲ့ပေါ့

ခြောက်လှန့်ခံ ငါ့ဝိဥာဉ်ကို

လွတ်မြောက်ခွင့်ပေးပါ။


ခိုင်းသမျှ လုပ်ခဲ့ပါတယ်

လွတ်လပ်မျှတစွာ တွေးပါရစေတော့

စာကြောင်းတွေ စကားလုံးတွေနဲ့

တုပ်နှောင်မှုထဲမှ လွတ်မြောက်ပါရစေ

လွတ်မြောက်ခွင့်ပေးပါ။


အထင်လွဲမှုလေး တစ်ခုအတွက်

လက်ညိုးငေါက်ငေါက်ထိုးပြီး

မြေကျင်းထဲ မထည့်ကြပါနဲ့

ဆန္ဒမပါတဲ့ ဆက်ဆံမှုတွေ

ရပ်တန့်ပေးကြပါ

သွေးသားတွေကို သက်မဲ့လို

ယိုးမှားခဲ့တာတွေ ရပ်ပါတော့

လွတ်မြောက်ခွင့်ပေးပါ။


အဆုံးမဲ့ငြိမ်းချမ်းရေး တရား

လွတ်မြောက်မှု လမ်းပေါ်ကို

ငါမြင်နေရလို့ သွားခွင့်ပြုပါ

အောက်ခြေလွတ်ပြီး

မြောက်တက်သွားမှာ မဟုတ်ပါဘူး

တစ်ကယ်ပါ

လွတ်မြောက်ခွင့်ပေးပါ။

မိုးယံ (23.10.2010)

ကောသလမင်းကြီးအိပ်မက် ၁၆ ချက်

ကောသလမင်းကြီး အိပ်မက်အကြောင်း မသိသေးသူများ၊ သေချာ မသိသေး သူများ၊ သိသလို
မသိသလို ဖြစ်နေသူများအတွက် ဖြစ်ပါတယ်။ကျနော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေနဲ့ နိုင်းယှဉ် ကြည့်ပြီး စဉ်းစားစရာ လေးတွေပေါ့ဗျာ ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က သကျဆရာကြီး ကြိုပြီး ဟောကြားထားတဲ့
မျက်မှောက်ကာလ အဖြစ်အပျက်တွေပါ ။ မိဘုရားကြီး တိုက်တွန်းချက်အရ
ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား
နှစ်သိမ့်တော်မူ၏ ။

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥဿဘတို့သည်လာလတ်၍ မင်းရင်ပြင်၌ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက်
မဝှေ့ဘဲသာလျှင် ဖဲလေကုန်သည်ဟုမြင်မက်ပါသည်။


နောင်အခါ တရားမစောင့်သောမင်းတို့ (ယခုမြန်မာ)
လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည်ရွာအံ့သကဲ့သို့
ထစ်ကြိုးလျက် မရွာဘဲသာလျှင် ပျောက်ပျက်ကုန်လတ္တံ့။ ထိုအခါကောက်ပဲသီးနှံတို့
ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါးငတ်မွတ်ခြင်းဖြစ်လတ္တံ့။


(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြသီးကြသည်ကို မြင်မက်ပါသည်။

နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျားမိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ
ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင်အိမ်ထောင်ပြုခြင်း၊သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။

နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမစသူတို့သည် ကိုးကွယ်ရာ
မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီးသားမက်ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍
ငြိုငြင် ညှိုးငယ်စွာ
အသက်မွေးရကုန်လတ္တံ့။


(၄) လှည်းတို့၌ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို
မနိုင်၍လှည်းတို့ကိုလည်း ဆွဲခြင်းငှာမတတ်နိုင်သည်ကို မြင်မက်ပါသည်။


နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး
ပညာရှိကုန်သောသူတို့အား အမတ်၊ တရားသူကြီး စသောရာထူးစည်းစိမ်တို့၌
မခန့်ထားမူ၍ အသက်၊ ဝါ ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာခန့်ထားကြလတ္တံ့။
ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊အကျိုးမပြီး ရှိသောအခါ
လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့ ။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာဖြစ်၏ဟု လျစ်လျှုပြု၍
နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့်
အမှုမပြီးကြသည်နှင့်မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့ ။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည်
ကျွေးလာသော မုယောစပါး စသည်တို့ကိုခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။


နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော
တံစိုးလက်ဆောင်တို့ကိုစား၍ အမှုတို့ကိုမမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။


(၆) အဖိုးတစ်သိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။
မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။


နောင် တရားမစောင့်သော
မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည်အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍
အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝချမ်းသာကြလတ္တံ့။ ထိုအခါအမျိုးမြတ်တို့

အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍
မိမိတို့သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍အသက်မွေး ကြကုန်လတ္တံ့။


(၇) တစ်ယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ထား၏။
ထိုအင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျားမသိစဉ်လျှင်ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။


နောင်အခါ မိန်းမတို့သည်
အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌လော်လည်ခြင်း ရှိ၍ မိမိတို့
လင်ယောင်္ကျား သည် ဆင်းရဲငြိုငြင်စွာ ရှာဖွေစုဆောင်းအပ်သော ဥစ္စာ
ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌လည်းကောင်း ၊ သောက်စား
ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌လည်းကောင်း ၊ သဘောက်လင်ငယ်
ထားခြင်းတို့၌ လည်းကောင်း အရမ်းမဲ့လျှင်ဖြုန်းတီးလေလတ္တံ့ ။ ခွေးမသည် မသိ
စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး
ခိုးစားကြလတ္တံ့။



(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တစ်လုံးကိုမြင်ရ၏။
လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍
ထိုရေပြည့်အိုးကြီးအတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော
ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ
လောင်းလျှက် ရေမရှိသောအခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း
မထည့်ပဲ နေသည်ကိုမြင်မက်ပါသည်။


နောင်အခါ မကောင်းသော
မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊သြဇာညံ့ဖျင်း၊

ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါမင်းအစိုးရတို့သည်
ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။
ဆောင်ရွက် စေအံ့။ ထမ်းရွက်စေအံ့။ သို့ဖြစ်ရကား မင်းတို့၌သာပြည့်စုံ
အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာတစုံတရာ
မရှိငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။



(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တစ်ခုတွင် သတ္တဝါတို့ ဆင်း၍ရေသောက်ကြ၏။
ကန်၏ အလယ်ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာသတ္တဝါတို့ နင်းရာ၌
ရေသည်ကြည်လင်၏ဟု မြင်မက်ပါသည်။


နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ
ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက်
လူတို့အပေါ်၌အထူးထူးအပြားပြားသောအချင်းအရာဖြင့်အခွန်အတုတ်တို့ကို ခွဲခန့်
ကောက်ယူလတ္တံ့။ ထိုအခါလူတို့မှာ တစ်စုံတစ်ရာ
မပေးဆောင်နိုင်ပင်ပန်းဆင်းရဲလျက်မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန်
ပြည်နားသို့ သွားရောက်နေကြရသည်ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင်
ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။


(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။

နောင် တရား
မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါအချို့နေရာ၌

မိုးရွာလွန်း၍ ကောက်ပဲသီးနှံပျက်အံ။ အချို့နေရာ၌မရွာ၍ပျက်အံ။
အချို့နေရာတွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော
ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။


(၁၁)
အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့်ရောင်းစားသည်ကို မြင်မက်ပါသည်။


နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော
ကာလတွင် လော်လည်၍ လာဘ်လာဘကိုမက်မောကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည်
ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်းဥစ္စာပစ္စည်းစသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍
လမ်းခရီးဆုံ၊ အိမ်ဝ၊အိမ်ကြိုအိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို
ဟောကြားလတ္တံ့။ နိဗ္ဗာန်အလို့ငှာ ဟောတော်မူအပ်သော အလွန် မွန်မြတ်သော
တရားတော်ကို တစ်ပဲ၊ တစ်မူး၊တစ်ကျပ်စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော
ကြသည်ဖြစ်၍တစ်သိန်းထိုက်သောစန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ဖြစ်ကုန်လတ္တံ့။


(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။

နောင်အခါ တရား
မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာရာထူးစည်းစိမ်
ပေးသည်ဖြစ်၍အမျိုးယုတ်တို့ တန်ခိုးအာဏာကြီးမားထင်ပေါ်အရာရာတွင်
တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့နစ်၍
တည်ကုန်လတ္တံ့။



(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။

နောင်အခါ တရား
မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသောသူတို့၏စကားသည်

မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့နစ်တည်ခြင်းမရှိ၊
မခိုင်မမြဲ ရှိကြကုန် လတ္တံ့။


(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။

နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည်
ဖြစ်၍ ကိလေသာ အလိုသို့လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့
လုံးဝလိုက်ကြကုန်လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊
စီမံခန့်ခွဲမှု စသောအရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး
အုပ်စိုးခြင်းကိုပြုကြမည် ဖြစ်ရကားဖားငယ်မသည် အဆိပ်လျင်သော မြွေကို
စားမျိုသကဲ့သို့
ဖြစ်ကုန်လတ္တံ့။



(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့်တူသော ရွှေဟင်္သာတို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။

နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသောအတတ်တို့၌ မလိမ္မာ၍
စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါတိုင်းပြည် နိုင်ငံ
ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို
မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သောအမျိုးယုတ်သော ကျေးကျွန်တို့အားသာ
ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ကိုးကွယ်ရာ မရှိပဲ
အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။


(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက်ဆိတ်တို့ကို

အဝေးမှ မြင်လျှင်ပင်တောချုံရှိရာသို့ ပြေးကြသည်ကိုမြင်မက်ပါသည်။


နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရကုန်သည် ဖြစ်၍
အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။
အမျိုးယုတ်သူတို့မှာမင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ
လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို
ငါတို့လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍တရားတဘောင် ဖြစ်လျှင်
တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက်နှင်ထုတ်လျက်အနိုင်ကျင့်
ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍
လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍အိပ်နေကြကုန်အံ။ ထိုမှ
တစ်ပါးလည်းအကျင့်သီလရှိသောရဟန်းတို့သည်အကျင့်သီလမဲ့သော ရဟန်းတို့က
ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင်ပုန်းအောင်း ကြကုန်လတ္တံ့။
ဤသို့လျှင်အမျိုးကောင်း၊သူတော်ကောင်းတို့လည်း လွတ်ရာကျွတ်ရာ
တောတောတောင်တောင်တို့ကို ပြေးပုန်းကြကုန်လတ္တံ့။

"ဓမ္မမိတ်ဆွေတို့ရေ ဒီနေ့ ကျနော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်က
ကောသလမင်းကြီး ကြိုတင်အိပ်မက်ခဲ့တာတွေကို မြတ်စွာဘုရားအစဉ်လိုက်အတိုင်း ဟောကြားခဲ့တာတွေပါ၊ အရဟံ မည်ထိုက်ပါပေတယ်။ "



ဓမ္မစာမျက်နှာနှင့် ပုညေသီသဟာရ စာမျက်နှာတို့ကို မှီငြမ်းဖေါ်ပြထားပါတယ်၊

Thursday, October 21, 2010

မြန်မာနိုင်ငံတော် အလံ ပြောင်းလိုက်ပြီ





ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နိုင်ငံတ၀န်းလုံး၌ သုံးရောင်ခြယ် အလံသစ် လွှင့်ထူသည့် အခမ်းအနားများကို တပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် အလံသစ် လွှင့်တင်ပွဲကို ခမ်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလံတင်အခမ်းအနား များပြုလုပ်ရာတွင် အလံဟောင်းကို အင်္ဂါသားသမီး ၀န်ထမ်းများက ဖြုတ်ချရမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည့် ၀န်ထမ်းများက အလံသစ်ကို လွှင့်တင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါအလံသစ် ပြောင်းလဲ လွှင့်ထူခြင်းကို ဗေဒင် ယတြာ သဘောဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ အရာရှိကြီးတဦးက ပြောသည်။

“ဌာနတွေမှာ အလံသစ်တင်ရင်လည်း အင်္ဂါသားသမီး ၀န်ထမ်းတွေက အလံဟောင်းကို ဖြုတ်ချရမယ်။ ဗုဒ္ဓဟူး သားသမီး တွေက အလံသစ်တင်ရမယ်။ ဒါက မဖြစ်မနေလုပ်ဆောင်ရမယ့် ညွှန်ကြားချက်ပါ” ဟု ၎င်းက ဆိုသည်။

အလံဟောင်းများ အားလုံးကိုလည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင်ပင် တပြိုင်နက်တည်း ပြုလုပ်ရမည်ဟု သိရသည်။



အလံသစ်နှင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်သစ်
“အင်္ဂါသမီးကို နာမ်နှိမ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံဟောင်း ဖြုတ်ချခိုင်းတာဖြစ်မယ်။ သဘောကတော့ အင်္ဂါသမီးကြောင့် သူတို့ အာဏာပြုတ်မကျနိုင်အောင် ယတြာချေလိုက်တာမျိုးဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အလံတင်အခမ်းအနား ပြုလုပ်သည့် အောက်တိုဘာ ၂၁ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ကျရောက်ပြီး ဗေဒင်သဘောတရားအရ ရက်ရာဇာနေ့ ဖြစ်သည်။ မွန်းလွဲ ၃ နာရီတွင် အလံသစ် တင်မည် ဖြစ်သောကြောင့် ၃ ဂဏန်းသည်လည်း အင်္ဂါနာမ်ဖြစ်သည်ဟု သိရသည်။
“မွန်းလွဲ ၃ နာရီ အလံသစ်တင်အခမ်းအနားကို ရှမ်းပြည်နယ်တိုင်းမှူးနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ အကုန်လုံး တက်ရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သစ်တောဝန်ကြီးဌာန အကြီးအကဲက ပြောသည်။
ယ်ခြားစောင့်တပ်များ၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်များကိုလည်း နိုင်ငံတော်အလံသစ်၏ ပုံစံအတိုင်း အဖြူရောင် ကြယ်ပွင့်ပါ သုံးရောင်ခြယ် အလံတံဆိပ်ပုံစံအဖြစ် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

မူရင်း http://loverworld-myanmar.ning.com/profiles/blog/show?id=3003595%3ABlogPost%3A443440&xgs=1&xg_source=msg_share_post

Wednesday, October 20, 2010

ချစ်သူများသတိပြုရန် စေတနာဖြင့်


ချစ်သူများ အထူးသဖြင့် ယောကျာင်္းလေးများသတိပြု၇န် ။ ရှောင်ရှားရန်အတွက် ကျွန်တော် စေတနာ ဖြင့်ရေးသား အပ်ပါသည်ခင်ဗျာ။သည်အဖြစ်အပျက်သည် အမှန်တကယ်ကျွန်တော့ သူငယ်ချင်းရဲ့ အဖြစ်မှန် ဖြစ်ပါတယ်။ကျွန်တော် ပြောချင်တာက အခုတင်ထားသည့် ကောင်မလေးသုံးယောက်စလုံး သည်ချစ်သူရည်းစား ရှိပြီးသား ယောကျာင်္းလေးများ အကောင့်ကိုအပ်၍ သူတို့ဘာသာ မိတ်ဆက်ပြီး သူငယ်ချင်းအနေ နဲ့စကား ပြောပါသည်။
ကျွန်တော်သူငယ်ချင်းကလဲ သူငယ်ချင်းကို ခင်တတ်မင်တတ် သဖြင့် ခင်ခင်မင်မင်နဲ့ ပြန်ပြောပါသည်။ထို့နောက် အပြင်မှာတွေ့ ဖို့  သူ ကပဲစပြီး လာခဲ့ပါမည်ဟုပြောသည်။ ကျွန်တော့်သူငယ်ချင်းကလဲ ငါအားရင်လာခဲ့ မယ် ငါ့ ကောင်မလေးပါခေါ်လာခဲ့ မည်ပြောသည်
သူကခေါ်မလာပါနဲ့ပြောတော့ ကျွန်တော့ သူငယ်ချင်းကငါမလာတော့ ဘူးဟာ တော်ကြာနင်နဲ့ တွေ့တာ ငါ့ ကောင်မလေး တစ်မျိုးထင်အုံးမယ် ပြောပြီး မလာတော့ပါ. ထို့နောက် ကျွန်တော့်သူငယ်ချင်း လုပ်နေသော အင်တာနက် ဆိုင်တွင် မကြာခဏသူ့သူငယ်ချင်းများနဲ့သုံးပါသည်။ ကျွန်တော့ သူငယ်ချင်းကတော့မျက်မှန်း တမ်းမိ နေသော cutomers ဖြစ်နေသဖြင့် ဖော်ဖော်ရွေရွေ ဆက်ဆံပါသည်။ ထို့နောက်ကျွန်တော့် သူငယ် ချင်းကို ငါနင့်ကောင်မလေး မေးလ်ကို သိချင်တယ်ဟု ပြောသဖြင့် အေးသိချင်ရင် နင်အပ်လိုက်လေ ငါ့ကောင်မလေးက သဘောကောင်းပါတယ်ဟ ပြောပြီး ကျွန်တော့် သူငယ်ချင်းက သူ့ကောင်မလေးမေလ်ကို ပေးလိုက်သည်...
ထို့နောက် ကျွန်တော့်သူငယ်ချင်း၏ ကောင်မလေးအကောင့်ကိုအပ်ပြီး သူနဲ့ သိတဲ့ အကြောင်း သူ့ သူငယ်ချင်း ကောင်မလေးနဲ့လဲ ကျွန်တော့် သူငယ်ချင်းကြူတဲ့ အကြောင်း VZO ပြောတဲ့ အကြောင်း သူ့ သူငယ်ချင်း ကောင်မလေးရဲ့ ပုံနဲ့  email address ပါ ပေးပြီး မဟုတ်မမှန် လီဆယ်ကာ ဂုံးတိုက်ပါတော့ သည်။ ကျွန်တော့်သူငယ်ချင်းရဲ့ ချစ်သူကလဲ ဒီအမကြီးပြောတာ မှန်နိုင်သည်။အထောက်အထား ပြည့်စုံ သည်ဟုဆိုကာကျွန်တော့ သူငယ်ချင်း ကို ကွိုင်ရှာပါတော့ သည်။အမှန်မှာ ကျွန်တော့် သူငယ်ချင်းသည် သူ့ အင်တာနက်ဆိုင်တွင် လာသုံး သည့်သူမမှလွဲပြီး သူမနဲ့ ပတ်သက် သည့်မည့်သည့် သူငယ်ချင်းမိန်းကို လေးကိုမှမသိပါ။ မြင်လဲမမြင်ဘူးပါ။ သူမသည် ကျွန်တော့်သူငယ်ချင်းနဲ့ သူ့ ချစ်သူတို့ ချစ်ကြသည် ။ ချစ်ကြသည်မှာလဲ ၅နှစ်ကျော်ပြီ ကို မနာလိုမရှုစိတ်နဲ့  ယုတ်မာသည့် အကြံနဲ့  ကျွန်တော့် သူငယ်ချင်းစုံတွဲကို သွေးထိုးခြင်းဖြစ်ပါသည်။

ကျွန်တော့် သူငယ်ချင်းနဲ့ သူ့ ချစ်သူ ရန်အကြီးအကျယ်ဖြစ်၍ နှစ်ဘက်မိဘသိသည့်တိုင်စကားများ ကြရပါသည်။
ကျွန်တော့် သူငယ်ချင်းကလဲ ငါမှန်တယ် ဘယ်သူနဲ့ မဆို ကြိုက်တဲ့ နေရာမှာ ရှင်းရဲတယ်။အဲ့ ဒီမဟုတ်မမှန်တာ ကိုပြောတဲ့ မိန်းကလေးရော သူနဲ့ ဖောက်ပြန်ပါတယ်ဆိုတဲ့  ကာယကံရှင်မိန်းကလေးပါခေါ်လာခဲ့  အချိန်မရွေး ရှင်းလို့ရတယ်လို့ စိန်ခေါ်ခဲ့ပါသည် ။ အင်မတန်မှ ယုတ်မာသော အကျိုးမရှိသော မိန်းမယုတ်များရဲ့ လုပ်ရပ် ဖြစ်ပါတယ်။
ကျွန်တော့် သူငယ်ချင်းကလည်း သူ့ ဘက်ကမှန်ရင် နောက်မဆုတ်တဲ့လူမျိုးဖြစ်ပါတယ်။အဲ့ ဒါနဲ့ သူကောင်မလေး ကလဲ စိတ်နုတော့ ဒီအမကြီးရဲ့အထောက်အထားက ခိုင်လုံတယ်ဖြစ်နိုင်တယ်ဆိုပြီး တယူသန်သတ်မှတ်ပြီး စကား များ၍ သူ့ ကောင်လေးအိမ်မှစိတ်လိုက်မာန်ပါပြန်သွားပါတယ်။
လမ်းမှာ သူ့ကောင်မလေး Car Accident ဖြစ်၍ ဆေးရုံတင် လိုက်ရပါတယ်။ သူ့ ကောင်မလေးကလဲ မွေးကတည်း ကနှလုံးရောဂါ အခံရှိ၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း နှလုံး အစားထိုးကုမှသာ အသက် ရှည်ရှည် နေနိုင်မည်ဖြစ်ကြောင်း နှလုံးအထူးကု ဆရာဝန်ကြီးများက ပြောပါတယ် ။ ခုတော့အပြစ်မဲ့တဲ့ ကောင် မလေးခမျာ ဆေးရုံကဆင်းလာသည့်တိုင် နှလုံးရောဂါနှင့် အိပ်ရာပေါ်မှာ ဗုံးဗုံးလဲနေရပါတယ် ။ဆေးနဲ့သာ အသက်ဆက် နေရပါတယ်။
အဲ့ ဒီ ဂျောက်ချတဲ့ မိန်းကလေးနဲ့ တိုက်ရိုက်ရှင်းဖို့  သွားတော့  အဲ့ ဒီမိန်းကလေးက ရှောင်နေပါတယ်။ ကျွန်တော် ပြောချင်တာက လူတစ်ဖက်ကို ဒုက္ခရောက်နိုင်သည့်အထိ ပျက်ရယ်ပြု ချောက်ချခြင်းမပြုမိဖို့ပါပဲ။ အားလုံးကျွန်တော့် ဒီဆိုဒ်မှညီအကိုများ ကိုသတိပေး ။ သတိထားရမယ့်အနေနဲ့အဲဒီ မိန်းမယုတ်များရဲ့ ဓါတ်ပုံနဲ့ သူတို့ရဲ့မေးလ်ကို ထည့်ပေးလိုက်ပါမယ် ။ အွန်လိုင်းမှာတောင် အန္တရာယ်ရှိကြောင်း အခုမှပဲ သိလာ တော့တယ်။ အားလုံးပဲချစ်သူများ ကြားစကားကိုမယုံဘဲ တစ်ယောက်ကို တစ်ယောက်သစ္စာရှိရှိနဲ့ ယုံယုံကြည်ကြည် နေပေးကြပါလို့ ..........
အဓိက ချောက်တွန်းသူမိန်းမရဲ့  email address မှာ pannei09@gmail.com ကျွန်တော့ သူငယ်ချင်းနဲ့ ဖောက်ပြန်ပါ သည်ဟု မဟုတ် လီဆယ်ပြောသော မိန်းမရဲ့ email address မှာ aquamarine001985@gmail.com

အထက်ပါပုံများမှာ အပေါ်ဆုံး ခလယ်ကပုံမှာ pannei09@gmail.com ဖြစ်ပြီး သူမရဲ့ ညဘက်က အသားဖြူဖြူ နားဆွဲနဲ့ ပုံမှာ aquamarine001985@gmail.com ဖြစ်ပါတယ်။
အားလုံး ပဲ ကျန်းမာကိုယ်စိတ်မြဲပါစေ မြန်မာချစ်သူအသင်းဝင် အပေါင်းတို့ ခင်ဗျာ။

သူ့က အဖြစ်မှန်ပြောတော့ တစ်ကယ်လို့ ယုံတဲ့ ကိုယ်က အဲလိုမိန်းမတွေကို စိတ်ပျက်မိသား။ အဲဒါလေး ပါပဲ ။ ဖတ်ပြီးတော့ ရင်ထဲမှာ တစ်မျိုးတော့ ခံစားရသား။ အဲနောက် ကံကောင်းတာကတော့ ကိုယ်က တစ်ကိုယ်ထဲ အဖော်မပါဆိုတော့ ဘူလူတွေ ဘာကြောကြော ဂျာ။ အေးချေးပဲ။ နာ ကွ။

C-Box ထဲမှ စကားများ

မကြာမကြာရောက်တဲ့ ဆရာတော်ရဲ့ ဆိုက်ကနေ စကားတွေလည်း ကိုယ်တိုင်ဝင်ပြော တစ်ခြားသူတွေ ပြောတာလဲ နားထောင် ဆရာတော် ရှင်းပြတာတွေလည်း မှတ်သားရင်း ဘာသာရေး ဗဟုသုတများ များစွာ ရမိပါသည်။ ထို စကား များထဲမှ ဒကာတစ်ယောက် မေးထားတဲ့ မေးခွန်းနှင့် ဆရာတော်၏ အဖြေကို နှစ်သက်မိသောကြောင့် အများအတွက် လည်း အကျိုးရှိမည် ထင်သော ဆွေးနွေးမေးမြန်း ချက် လေးကို ပြန်လည်ကူးယူတင်ပြအပ်ပါသည်။

winkotoe: တပည့်တော်သည် ဗေဒင်လက္ခဏာပညာရပ်ဖြင့် အသက်မွေးချင်ပါသည်။ သို့သော် အခြားသောဆရာများကဲ့သို့ အဓိပါယ်မဲ့သော ယတြာမျာအစား သရဏဂုံ သန့်ရှင်းစွာတည်စေခြင်း၊ သီလလုံခြုံအောင် ဆောက်ထိန်းစေခြင်း၊ သမထ၊ ၀ိပသနာဘာဝနာပွားများစေခြင်းဖြင့် ကံ (မီးပျက်သွားလို့ပါဘုရား) ကို မြှင့်တင်အောင် ပြုခိုင်းပါမည်ဘုရား။ ထိုကဲ့သို့ အများအကျိုးဆောင် သာသနာပြုပါမည်ဘုရား။ တပည့်တော် ဆရာကြီးဦးဆန်းလွင်၏ တကယ့်ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ စာအုပ်နှင့် ရွေပြည်သာဆရာတော်၏ ထေရ၀ါဒဗုဒ္ဓဘာသာဝင် စာအုပ်များကို ဖတ်ပီး အောက်ပါမေးခွန်း ပေါ်လာပါသည်ဘုရား။ ဗေဒင်လက္ခဏာပညာရပ်ဖြင့် အထက်ပါ တပည့်တော် လျှောက်ထားသည့်အတိုင်း အသက်မွေးဝမ်းကျောင်းပြုလျှင် သမာအာဇီဝ ဖြစ်ပါမည်လားဘုရား။ လုပ်သင့်မလုပ်သင့် တပည့်တော်အား ဖြေကြားပေးတော်မူပါ ဘုရား။ ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည် ဘုရား။ ဘုန်းဘုန်း သက်တော်ရာကျော်ရှည်ပီး သာသနာတော်အကျိုးကို စိတ်သွားတိုင်းကိုယ်ပါ ဆောင်ရွက်နိုင်ပါစေလို့ တပည့်တော် ဆုတောင်းပါသည် ဘုရား။

lknt: ဒကာလေး lwinkotoe ရေ... လူတစ်ယောက်အနေနှင့် လက္ခဏာပညာရပ်ဖြင့် အသက်မွေးတာ ရပါတယ်... အမှန် သိသည့်အတိုင်းဟောမယ် မလိမ်ဘူးဆိုရင် သည်အထိ သမ္မာအာဇီဝမည်ပါတယ်... မသိပဲ လိမ်ရင် ညာရင်တော့ မိစ္ဆာဇီဝ ခေါ်ပါတယ်... ဗေဒင်ကြည့်တဲ့သူဘက်က ဗေဒင်ဆရာ ခိုင်းတဲ့ ယတြာလေးလုပ်လို့ ငါအောင်မြင်တာပဲလို့ ယူခဲ့ရင်တော့ ကံ ကံ၏အကျိုး ယုံကြည့်မှုပျက်ပါတယ်... ဒါဆို သူ့ကိုတော့ ဗုဒ္ဓဘာသာဝင်လို့ ပြောဖို့ ခက်သွားပြီ...

တခြား ဗေဒင်ဆရာများလို ယတြာများအစား ((သရဏဂုံ သန့်ရှင်းစွာတည်စေခြင်း၊ သီလလုံခြုံအောင် စောင့်ထိန်း စေခြင်း၊ သမထ၊ ၀ိပဿနာဘာဝနာ ပွားများစေခြင်းဖြင့် ကံကို မြှင့်တင်အောင် ပြုခိုင်းပါ့မယ်)) ဆိုတာလေးက စေတနာတော့ ကောင်းပါတယ်...

ဒါပေမဲ့ လုပ်ရပ်ကတော့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ မလုပ်သင့်ဘူးလို့ မြင်မိပါတယ်...

ဘာကြောင့်လည်းဆို... ဘုန်းကြီးတို့ ကိုးကွယ်ကြတဲ့ မြတ်ဗုဒ္ဓ ဘုရားဖြစ်အောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ပြီး ကျင့်ခဲ့တာဟာ ယတြာအခြေခံဖို့အတွက် ကျင့်ခဲ့တာ မဟုတ်လို့ပါ... မှန်ကန်သော သစ္စာဉာဏ်တွေ ဖြစ်စေဖို့... သတ္တ၀ါအများ ဆင်းရဲတွင်းက လွတ်စေဖို့ ဘုရားဖြစ်အောင် ကျင့်ခဲ့တာ ဖြစ်ပါတယ်... မြတ်ဗုဒ္ဓကို ယတြာဆိုပြီး အသုံးချနေကြတာ တကယ်တော့ ဗုဒ္ဓသာသနာကို သေးသိမ်အောင် လုပ်သလို ဖြစ်နေပါတယ်... ဗုဒ္ဓဘာသာဝင် လူဖြစ်စေ ရဟန်းဖြစ်စေ လုံးဝ မသုံးသင့်တဲ့ အသုံးအနှုံး အပြုအမူတွေ ဖြစ်တယ်လို့ ခံယူမိပါတယ်...

ဒကာလေးအနေနဲ့ စီးပွားရေးအရ ဗေဒင်လည်း ဟောချင်တယ်... လူတွေကို သရဏဂုံ သုံးပါးလည်း တည်စေချင်တယ်ဆိုရင်တော့... ဗေဒင်ကို ဗေဒင်သတ်သတ်ဟော ယတြာကို ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ အဓိပ္ပါယ်မဲ့ အရာတွေနဲ့ပဲ ချေခိုင်းပါ... ပြီးမှ ဒါန သီလ ဘာဝနာကို လုပ်ကြဖို့ ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏လို့ ကံ ကံ၏အကျိုးတရား ဟောပေးလိုက်ပါ... သင့်ပါတယ်... ဘုန်းကြီးများ အနေနဲ့ကတော့ လုံးဝကို ဗေဒင်ဟော ဟိုလိုလို ဒီလိုလို အကြားအမြင်ပြော မလုပ်သင့်ပါ... တလောက ဗေဒင်ဟော ဘုန်းကြီးတစ်ပါးနဲ့ ဗေဒင်မေးသူ ဒကာမ အမှားတွေ ဟောလို့ဆိုပြီး... အကြီးအကျယ် ရန်ဖြစ်ကြပါတယ်... သည်အဖြစ်အပျက်ဟာ မသင့်တော်ပါဘူး... ဘုရားပေးတဲ့ ရွှေဝါရောင် သင်္ကန်းလေးဝတ်ပြီး... မြတ်ဗုဒ္ဓကိုတော့ မစော်ကားစေလိုပါ... သည်သင်္ကန်းလေးဖြစ်အောင် ယက်ခဲ့ရတာ လေးသင်္ချေ ကမ္ဘာတစ်သိန်းကြာပါတယ်...

ဒါကတော့ အတွင်းစကား ( ) ထဲကမို့...

(ဗေဒင်မေးကြတာ ဘုန်းကြီးတို့ ဖာသိဖာသာ ဗုဒ္ဓဘာသာတွေ များပုံပေါ်တယ်... ဗေဒင်ဆရာတွေ ယတြာချေခိုင်းလိုက်ရင် ဗုဒ္ဓဘုရားကို စက္ကူထီး၅-လက် လှူလိုက်ပါ... အရှေ့ထောင့်ကနေ ဗုဒ္ဓဘုရားကို ရေလောင်းပါ စသည်ဖြင့်ပဲ တွေ့ရတာ များတယ်... အလာရှင်ကို ရေ ၅-ခွက်လောင်းပါလို့ ပြောတာမျိုး လက်ဝါးကပ်တိုင်ကို ၉-ပတ်ပတ်ပါ ဆိုတာမျိုး မကြားရဘူး... ဘုန်းကြီးတို့ မြန်မာ ဗုဒ္ဓဘာသာဝင်တချို့ အတော်ညံ့ပါတယ်... ကိုယ့်ဟာကို မကြိုးစားချင်ကြဘူး... သူများခိုင်းတာပဲ လုပ်ချင်ကြတယ်...။ လာချေတဲ့ ယတြာတွေကလည်း ဘုန်းကြီးတို့မှာ ဘာမှလုပ်မရ... ဘုရားပေါ်မှာ အမှိုက်ရှုပ်တာပဲ များပါတယ်...)

အားလုံးပဲ မှန်မှန်ကန်ကန်နဲ့ ဘ၀တက်လမ်းတွေ ဖြောင့်တန်းကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၅.၂၃.၂၀၁၀

15 May 10, 19:46


ဤစာစုများဖြင့် ဆရာတော် ဦးလောကနာထ အား ရိုသေစွာဦးခိုက်ပါ၏။

Tuesday, October 19, 2010

အရင်တိုင်းထက်

ညရည်းစား


မင်းအတွက်အမြဲအဆင်သင့် - နေနေ


မပေါင်းစပ်နိုင်တဲ့အချစ် - စနေ


မျက်ရည်လက်နက် - မီးနို


လမ်းပြဦး - ဒီသြ


နှလုံးသားအလှဆင်တေး - ချမ်းချမ်း+နေနေ


အချစ်ရေစက် - အောင်ခန့်+နေနေ


အရင်တိုင်းထက် - ကောင်းကောင်း


အဝေးဆုံး - ချမ်းချမ်း


ပေးဆပ်အချစ် - ကောင်းကောင်း


ပြန်ဆုံမယ့်တစ်နေ့ - အိုင်ရင်း

Monday, October 18, 2010

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီတွင် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲမည်


ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့အား ပြင်ဦးလွင်မြို့ရှိ ဇာတ်ကားရိုက်ကွင်းတွင် တွေ့ရစဉ်

သရုပ်ဆောင် ပြေတီဦးနှင့် အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့သည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်း လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲသွားမည်ဖြစ်ပြီး မင်္ဂလာပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများအား ပြုလုပ်လျက်ရှိသည်ဟု သရုပ်ဆောင် ပြေတီဦးက တရားဝင်ပြောကြားလာခဲ့သည်။

"ကျွန်တော်တို့ မင်္ဂလာပွဲကို ၂၀၁၁ ဇန်န၀ါရီလထဲမှာ လုပ်ဖို့ သေချာသွားပါပြီ။ ဘယ်နှပွဲလုပ်မယ်၊ ဘယ်နေရာ တွေမှာ လုပ်မယ်ဆိုတာကတော့ စီစဉ်နေကြတုန်းပါပဲ။ လက်မှတ်ထိုးတာ၊ ထိမ်းမြားတာ၊ ဧည့်ခံပွဲလုပ်တာ စတဲ့ အစီအစဉ်တွေတော့ ပါမှာပါ။ နေရာ အတိအကျတွေ မသတ်မှတ်ရ သေးတာပဲ ရှိပါတယ်"ဟု ပြေတီဦးက ပြောပြခဲ့သည်။


ထို့အပြင် လက်ထပ်ပြီး အစီအစဉ်များနှင့် ပတ်သက်၍ "လက်ထပ်ပြီးရင် ဟန်းနီးမွန်း အစီအစဉ်ကတော့ စဉ်းစားနေတုန်းပါပဲ။ ပြည်တွင်းမှာလည်း လှတဲ့နေရာလေးတွေက အများကြီးပဲလေ။ အဲဒီနေရာလေးတွေကို သွားချင်တာမျိုးရှိသလို ပြည်ပမှာ လည်းသွားချင်တဲ့ နေရာမျိုးလေးတွေ ရှိတယ်။ ဒီတော့ ဘယ်ကိုသွားဖြစ်မလဲဆိုတာ မသေချာသေးဘူး"ဟု ပြေတီဦးက ဆက်လက် ပြောပြခဲ့သည်။

http://www.news-eleven.com/

Sunday, October 17, 2010

မြန်မာနိုင်ငံရှိ Mobile Station အားလုံးတွင် Solar စနစ်သုံး လျှပ်စစ် ဓာတ်အားပေး ကိရိယာများ တပ်ဆင်သွားမည်။



မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး ဆိုင်ရာ Mobile Station အားလုံး တွင် Solar စနစ်သုံးလျှပ်စစ်ဓာတ် အားပေးကိရိယာများတပ်ဆင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပါင်းတပ်ဆင် မှုများပြုလုပ်နေသည့် Solar Hut ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် Mobile Station တွင် Solar စနစ်ဖြင့် စမ်းသပ်လည်ပတ်ခြင်းကို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ စတုတ္တပတ်အတွင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့သဖြင့် မြန်မာနိုင်ငံအတွင်းရှိ အခြားဒေသများရှိ Mobile Station များ၌ပါ တိုးချဲ့တပ်ဆင်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးရှိ မိုင်းဖုန်းများ သုံးစွဲနိုင်သည့် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် Signal များထားရှိကြောင်း၊ အဆိုပါ Mobile Station များ၌ ဆက်သွယ်ရေးဆိုင်ရာ တာဝါတိုင်များကို ထားရှိရကြောင်း၊ ၎င်းတာဝါတိုင်များသည် မိုဘိုင်းဆက်သွယ်ရေးအတွက် Solar များ အချိန်ပြည့် ထုတ်လွှင့်နိုင်ရန်အတွက် ၂၄ နာရီမီးရရှိရန် လိုအပ်သည့် အတွက် Solar စနစ်သုံး လျှပ်စစ်ဓာတ်အားပေး ကိရိယာများကို တစ်နိုင်ငံလုံးရှိ Mobile Station များတွင် တပ်ဆင်နိုင်ရန် မြန်မာဆက်သွယ် ရေးလုပ်ငန်းနှင့်ပူးပေါင်းစီစဉ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

Solar Hut ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက" မြောင်းတကာစက်မှုဇုန် က Mobile Station တစ်ခုမှာရှိတဲ့ Mobile Communication System တစ်ခုကို Solar စနစ်နဲ့ စတင်စမ်းသပ် လည်ပတ်တာ အောင်မြင်ခဲ့တဲ့အတွက် နောက်ထပ် အခြားဒေသတွေမှာ တိုးချဲ့တပ်ဆင်မှုတွေ ပြုလုပ်ဖို့ရှိပါတယ်။ လောလောဆယ်မှာ ဖားကန့်ဒေသ တစ်ဝိုက်မှာရှိတဲ့ Station သုံးခု မှာတပ်ဆင်နိုင်ဖို့ စီစဉ်နေပါတယ်။ နောက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Station အားလုံးမှာ Solar စနစ်တပ်ဆင်သွားဖို့ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

လျှပ်စစ်မီးမရရှိသည့် ဒေသများရှိ Mobile Station များတွင် ဆက်သွယ်ရေးစနစ်များ လည်ပတ်နိုင်ရန် မီးစက်ကိုအသုံးပြုကာ ဆောင်ရွက်နေရကြောင်း၊ ဆိုလာစနစ်များ တပ်ဆင်ပြီးသွားပါက လျှပ်စစ်မီး မလိုဘဲ ဆက်သွယ်ရေးတာဝါတိုင်များ လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။