Tuesday, November 30, 2010

ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ နှင့် လုယက်မှု

“သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါများ”

'ကြောက်စရာကောင်းတဲ့လိပ်စာကဒ်.(burundanga)' ဆိုတဲ့ပိုစ့်နဲ့တစ်ဆက်တည်းမှာ ဒီပို့စ်လေးကို (သိပြီးတဲ့လူလည်းရှိချင်ရှိမယ်ပေါ့) အမျိုးသမီးများသာမက အမျိုးသားများပါ (လုယက်ရန်အတွက် စီရင်ခံရနိုင်ပါတယ်) သိသင့်တယ်ထင်လို့မေးလ်ထဲကနေပြန်ရှာပြီး
တင်ပေးလိုက်ပါတယ်။

ဒီခေတ်က Party, Night Club, Day Club တွေများနေတဲ့ခေတ်၊နောက်ပြီးတော့လည်းအဲဒီနေရာတွေမှာ အခါးရည်ကိုမသောက်တတ်တဲ့သူတောင် အနဲဆုံးတော့ အချိုရည် လေးကတော့သောက်ကြမှာဖြစ်ပါတယ်။ မသိသေးတဲ့လူတွေနဲ့လည်းမိတ်ဆွေဖွဲ့ကြရတဲ့နေရာမျိုးဖြစ်နေတဲ့အတွက် ဒီလိုဗဟုသုတမျိုးကိုမသိထားရင်အလွန်ပင်အန္တရာယ်များလှပါတယ်။

တချို့စာသားတွေက အများသိကြတဲ့အဓိပ်ပါယ်ဖွင့်ဆိုချက်တွေဖြစ်ပြီး အမြင်ရိုင်းလှတာမို့ ဖျက်ထားခဲ့ပါတယ်။
အားလုံးအန္တရာယ်ကင်းကင်းနဲ့ပျော်နိုင်ကြပါစေဗျာ။

လေးစားလျက်
ထူးဆန်း

===========================================================================

“သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါများ”

ဒီပို့စ်လေးကို ကိုကျော်သက်လတ်ရဲ့ဘလော့ဂ်မှာတွေ့တာ အတော်ကြာပါပြီ။အဲဒီတုန်းက ပြန်တင်ခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပေမယ့် မတင်ဖြစ်ခဲ့ပါဘူး။
အခုမှပဲ တင်ဖြစ်တော့တယ်။
အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။
အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။

ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ ........................................................(အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်-ပုံ မောင်လူအေး) ......... ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်..............................................

ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား
ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး
သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -

GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။


Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။

Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။
ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်းအရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။

Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ

ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ
အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။

ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ

အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း
အိပ်ချင်မူးတူးဖြစ်ခြင်း
မူးဝေခြင်း
မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
အမြင်ေ၀၀ါးလာခြင်း
သတိလစ်ခြင်း
လေဖြတ်သကဲ့သို့ဖြစ်ခြင်း
ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား
မမှတ်မိခြင်း
အသက်ရှူရန် ခက်ခဲခြင်း
တုန်တုန်ယင်ယင်ဖြစ်ခြင်း
ချွေးထွက်ခြင်း
အော့အန်ခြင်း
နှလုံးခုန်နှုန်း နှေးကွေးခြင်း
အိပ်မက်ကဲ့သို့ ခံစားရခြင်း
သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma)
သေဆုံးခြင်း


Rohypnol ၏ အာနိသင်များ

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား
မမှတ်မိခြင်း
သွေးပေါင်ချိန်ကျခြင်း
အိပ်ချင်လာခြင်း
ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား
ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
အရက်မူးသကဲ့သို့ဖြစ်ခြင်း
မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
စကားမပြောနိုင်တော့ခြင်း
လှုပ်ရှားရန် ခက်ခဲလာခြင်း
အသိစိတ် ပျောက်ဆုံးခြင်း
ဇဝေဇ၀ါဖြစ်ခြင်း
အမြင်ေ၀၀ါးလာခြင်း
မူးဝေခြင်း
အစာအိမ် မအီမသာဖြစ်ခြင်း


Ketamine ၏ အာနိသင်များ

စိတ်အာရုံချောက်ခြားခြင်း
အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း
အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း
မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း
လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း
အသက်ရှူရန် ခက်ခဲလာခြင်း
အူတက်အောင်ရယ်ခြင်း
အော့အန်ခြင်း
ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း
မှတ်ဉာဏ်ထိခိုက်ခြင်း
အိပ်မက်ကဲ့သို့ ခံစားရခြင်း
ထုံထိုင်းခြင်း
လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း
အမူအရာ ကြမ်းတမ်းလာခြင်း
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း
ဒီဆေးတွေ တရားဝင်သလား?

ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။

တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော်သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုးအဖြစ် တရားဝင်သုံးစွဲကြသည်။

တိရစ္ဆာန်များတွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီကတရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့သည်။

ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?

ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။
အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။
ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။
အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)
ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။
များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်
ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။
အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။
သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါနှင့်။
သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲအိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။
အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့်ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး
အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။
ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။
အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။ လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။
သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။

ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်


အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။
သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်
မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။ ။


Dr.Pwint Phyu Phyu
Senior Program Officer
Care Lashio


Ref: *http://kyawthetlatt.blogspot.com/*, “Date rape drugs”

(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*www.collegesafe.com* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

written by Stanley \\ tags: drug, GHB, Ketamine, rape, Rohypnol *http://stanley.iblogger.org/?cat=20* မှကူးယူဖော်ပြပါသည်။ Tags: ဆေးခတ်ခြင်း, ပြုလုပ်နိုင်သည့်ဆေးဝါများ”, “သတိလစ်စေရန်

Source: “သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါများ”Posted by မောင်လူအေး [www.onlinepyadaik.com]
on October 24, 2010 at 1:06pm

Monday, November 29, 2010

အိန္ဒိယတွင် မွမ်ဘိုင်းအကြမ်းဖက်မှု နှစ်နှစ်ပြည့်အခမ်းအနား ကျင်းပ



အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းတွင် စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားသည့် နှစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများကို ဆုတောင်းပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်သွေးကြွ ၁၀ ဦးသည် ရေကြောင်းလမ်းမှတစ်ဆင့် အိန္ဒိယ နိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး မွမ်ဘိုင်းမြို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အာဏာပိုင်များသည် ၃ ရက် အကြာမှ အဆိုပါ အကြမ်းဖက်မှုကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူ ၁၆၆ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ စစ်သွေးကြွများနှင့် အထူးတပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှုကြောင့် အရပ်သားများ သွေးချောင်းစီးသည့် နေရာမှ လွတ်မြောက်ရန် ပြေးလွှားနေသည့် ပုံရိပ်များကို ကမ္ဘာတစ်လွှားသို့ တိုက်ရိုက် ပြသခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွ ၁၀ ဦးအနက် ၉ ဦး သေဆုံးခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးကိုသာ ဖမ်းဆီးခဲ့မိကြောင်း သိရှိရသည်။ အဆိုပါ အသက်ရှင် ကျန်ရစ်သည့် စစ်သွေးကြွတစ်ဦးကို မွမ်ဘိုင်း တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။

ယခုလ အစောပိုင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမားသည် မွမ်ဘိုင်းအကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုများနှင့် အသက်ရှင်ကျန်ရစ်သူများကို တွေ့ဆုံစကား ပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားအတွက် လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း Press Trust သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ယင်း အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီး P.Chidambaram နှင့် အဆင့်မြင့် အရာရှိများ တက်ရောက်မည် ဖြစ် ကြောင်း သိရှိသည်။

Friday, November 26, 2010

အခုတော့ ဒီလိုဖြစ်နေလို့ပါ။

အခုတစ်လော သယ်ရင်းတွေ ဘလော့ဂ်တွေကို လိုက်မဖတ်နိုင်တာရယ်။ နှုတ်မဆက်ဖြစ်တာရယ်အတွက် မကျေမချမ်းဖြစ်နေတာ။ကိုယ် ကြိုက်တဲ့ စာတွေကိုလည်း သွားမဖတ်ဖြစ်တာ ကြာပါပြီ။ အင်္ဂါဟူး(မျှဝေမှုတို့စုစည်းရာ) မှာလဲ အသစ်မတင်နိုင်လို့ ပီမိုးနင်း အဆက်ကို မျှော်နေတဲ့ သူတွေ အထူးသဖြင့် ဒေါ်ငွေလမင်းတို့ကိုလဲ အားလဲနာတယ် ... ချိတ်ညစ်တယ်....
အခုလည်းကြည့်လေ ဒီမှာ ကွန်တိန်နာ တစ်လုံးရှင်းမပြီးသေးဘူးနောက်တစ်လုံးက ရောက်လာပြန်ရော....

ရုံးခန်းထဲကအလုပ်တွေကလည်း ပုံနေပြီ.... ဆိုင်တွေကိုလဲ အင်ဗွိုက်ရိုက်ပေးရဦးမှာ တော်တော်များများပုံနေပြီ
လချုပ်စာရင်းတွေလဲ လုပ်ရဦးမယ် အပ်ငွေ စာရင်းတွေလဲကျန်သေးတယ်။ ဆန်းဒေးလဲ ဆိုင်မှာဈေးသွားရောင်း ရဦးမယ်... ဟွန့်ဟွန့်...



ဒီကွက်လပ်လေးရဖို့ အခုတင် အပြေးအလွှား ရှင်းထားရတာ... ကွန်တိန်နာကြီးက ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာလို့... အင်းလေ ကိုယ်တွေကလဲ ဆိုင်းတွေဗုံတွေ အိတ်စပို့စ်အင်ပို့လုပ်တာမှ မဟုတ်တာ... စက္ကူပုံးတွေပဲ ဆင့်လာမှာပေါ့..




ဒီကောင်က အခုလိုအခန့်သားနေရာယူထားပြီလေ.. မနက်ကျရင်တော့ မိုးယံတို့ ဂျွမ်းပျံဖို့သာပြင်ပေတော့။

အခုပုံထားတဲ့ ပုံးတွေက အားလုံးစာရင်းလုပ်ထားပြီးသားတွေ မနက်ဖြန်ကျရင် နယ်ကိုပို့ရမည့် ပစ္စည်းတွေပေါ

မြင်ရတဲ့ အတိုင်းပဲ သယ်ရင်းတို့ရေ... ကွန်တိန်နာထဲက ပုံးတွေကို ဒီအပေါက်ကျဉ်းကျဉ်းလေးထဲက နေ ဘယ်လိုလုပ် ဖော့ကလစ်ဝင်ပြီး စီမလဲ။ အဲဒီကောင်ကို လာယူမည့် ကားသမားက မနက်နောက်ကျရင်တော့ ပွဲပဲ... အဲဒီအ၀က ပုံးတွေကို တစ်နေရာပြန်ရွှေ့ရဦးမှာ.... လော်ရီ ကားသမား အဆင်ပြေပြေ စောစောစီးစီး ရောက်လာပါစေ.... ဂွီ။

အနော် ဓါတ်ပုံတွေ လိုက်ရိုက်နေရင်း သူငယ်ချင်းက “ ဘာလဲ မှတ်တမ်းတင်နေတာလားတဲ့” သူပြောတာလဲ ဟုတ်တုတ်တုတ်ပဲ... ကိုယ်ကတော့ ဒီလိုပါပဲ... တစ်ချို့ပုံတွေ ရိုက်ထားတာ အခုထိတောင် ဖုန်းထဲက နေ ဘလော့ဂ်ပေါ် မရောက်သေးဘူး. အင်ဂျလီနာဂျိုလီနဲ့ ဂျနီဖာလိုပက်ဇ် ကတော့ အခု အိမ်ထောင် ကျကုန်ကြလို့ ဖုန်းမဆက်တော့တာ.. အီမာဝပ်ဆင်တို့ ရှာကီးယားတို့ကတော့ အခုထိ မေးလ်ပို့လိုက် ဖုန်းဆက်လိုက် ကျွန်တော့်ကိုစိတ်ကောက်လိုက် လုပ်တုန်းပဲ... အလုပ်နည်းနည်းပါးမှ သူတို့ကိုလဲ ပြန်ချော့ရဦးမယ် .... ခွိခွိ


ဒီနေရာလေးက နေ စာရင်းတွေ ကျွန်တော်မှတ်တယ်ပေါ့ဗျာ... ဂိုဒေါင်ထဲမှာ ကျွန်တော် စာရင်းမှတ်တဲ့ နေရာပေါ့.. တစ်ခါတစ်လေလဲ စာရင်းရေးမယ့် စာရွက်ကြီးကိုင်ပြီး ပုံးတွေကြားထဲ လိုက်မှတ်ရတာလဲ ရှိတတ်ပါတယ်လေ... (အလကား အကြီးကြီးလုပ်ပြီး ကြွားပြတာ)


ဒီကွက်လပ်မှာ ကွန်တိန်နာထဲက ပုံးတွေ နေရာချမယ်။ ပစ္စည်းတွေ စစ်မယ်... ဆိုင်တွေ ပို့မယ်ပေါ့လေ....

ဟဲဟဲ သိတယ်မဟုတ်လား ဒီကိုယ်တော်ကို.... လေကြီးမိုးကြီးပြောတတ်တဲ့ လေမိုး.... ပြောလိုက်ရင် အထက်ကကြီးပဲ ပြောတဲ့ မိုးပျံ အဲ အဲ... ယောင်လို့ မိုးယံ.... အင်္ဂါမက ဗုဒ္ဓဟူးမကျ အချိန်မှာမွေးတဲ့ အင်္ဂါဟူး..

ဘောင်းဘီတွေ ဘာတွေကြိုက်လို့တော့ လာမငှားနဲ့ ဒါက အမေရိကန် ဂျင်းန် အစစ် Tex wood ဆိုလား ဘာဆိုလား (ငကြွား)

Tuesday, November 23, 2010

King cobra (သို့) ငန်းမြွေကြီးများ

ကျွန်တော်မြွေတွေကိုစိတ်ဝင်စားတာကြာပါပြီ။ အခုတော့အလွန်ကြီးတဲ့မြွေဟောက်တစ်မျိုးအကြောင်းရေးတင်ချင်ပါတယ်။
ဒီမြွေကို တောကြီးမြွေဟောက် လို့လည်းခေါ်ပါတယ်။ အဆိပ်ရှိမြွေတွေထဲမှာ အရွယ်အကြီးဆုံး နဲ့ အဆိပ်အပြင်းဆုံး ဖြစ်ပါတယ်။
အာရှတိုက်ရဲ့တောင်ဘက်ပိုင်းမှာအများဆုံးတွေ့ရပြီး အိန္နိယနိုင်ငံမြောက်ဘက်ပိုင်း၊တရုတ်နိုင်ငံတောင်ပိုင်း၊မလေးရှားနိုင်ငံပင်နီဆူလာဒေသ၊အင်ဒိုနီးရှားနိုင်ငံအနောက်ဘက်၊ထိုင်းနှင်
့မြန်မာနိုင်ငံတို့မှာတွေ့ရတတ်တဲ့ဒီမြွေကြီးမျိုးကိုမြန်မာတို့က တောကြီးမြွေဟောက် (တချို့က) ငန်းမြွေ လို့ခေါ်ပါတယ်။
ဒီမြွေကိုအင်္ဂလိပ်လို King Cobra လို့ခေါ်ပြီး သိပံနာမည် Ophiophagus hannahလို့ခေါ်ပါတယ်။အင်္ဂလိပ်လိုအဓိပါယ်က
snake eaterတဲ့မြန်မာလိုဘာသာပြန်တော့ မြွေစားသောမြွေ ပေါ့ခင်ဗျာ။ ဒီမြွေရဲ့ပျမ်းမျှအရွယ်အစားကတော့
၁၂ ပေ မှ ၁၃ ပေ ဖြစ်ပြီးတော့အရှည်ဆုံးမြွေကတော့မှတ်တမ်းအရ (၁၈ ပေ ၆ လက်မ) ဖြစ်ပါသတဲ့။ သက်တမ်းအားဖြင့် ပျမ်းမျှအနှစ် ၂၀
ရှင်သန်ကြတဲ့ဒီမြွေကြီးတွေဟာအရောင်အားဖြင့် မီးခိုးရောင်ဖြစ်ပြီး၊ ၀ါညစ်ညစ်အရောင်၊ အနက်နဲ့အ၀ါစပ်၊
တရုတ်မှာတော့အနက်ဆန်တဲ့အညိုရင့်ရင့် စသည်ဖြင့်တွေ့ရပါတယ်။ ပြောခဲ့သလိုပဲ အကြိုက်ဆုံးအစားအစာကတော့ Ratsnake ခေါ် (ကြွက်စားမြွေ) ကိုအကြိုက်ဆုံးဆိုပေမယ့်ကိုယ့်ဇာတ်တူသားအကောင်ငယ်ပါမချန် မြွေသားကိုအရမ်းကြိုက်ပါတယ်။ စားစရာမြွေ
မရှိမှတခြားအကောင်ငယ်တွေကိုစားတာဖြစ်ပါတယ်။ ဒီတောကြီးမြွေဟောက် ခေါ် ငန်းမြွေ အမျိုးအစား
တကယ့်မြွေကြီးတွေကို အမိအရဖမ်းဖို့ခက်တာကြောင့်အနေအထိုင်ကျစ်လစ်တဲ့ဒီမြွေတွေဟာ မြင်ဖူးတဲ့ဒေသခံတွေစကားအရ အရှည်ပေ ၂၀ နှင့် ၃၀ ကြားအထိတွေ့ဖူးတယ်လို့ပြောကြပါတယ်။ လက်လှမ်းမှီသလောက်ဓာတ်ပုံနှင့်တကွ
ဖော်ပြလိုက်ပါတယ်။ ဗဟုသုတအဖြစ်လေ့လာပေးကြပါ။ လိုတာရှိလည်းဝေဖန်ကြပါဦးသူငယ်ချင်းတို့။

အားလုံးကိုကျေးဇူးတင်ပါသည်။

Sunday, November 21, 2010

ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း ဘယ်ခေါင်းလောင်းလဲ ....

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း

1. ပထမ အကြီးဆုံး = (Tsar Kolokol)ဆာ-ကိုလိုကိုး (ရုရှား)၊
2. ဒုထမ အကြီးဆုံး = အလေးချိန် ၁၂၈ တန်ရှိ မော်စကိုမြို့မှ ခေါင်းလောင်း၊
3. တတိယ အကြီးဆုံး = မင်းကွန်းခေါင်းလောင်းတော်ကြီး ဖြစ်သည်။

* သို့သော် (Tsar Kolokol)ဆာ-ကိုလိုကိုး ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။



ရုရှား ကြေးသွန်းခေါင်းလောင်းကြီး

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင် နန်းတော်ရှိ (Tsar Kolokol)ဆာ-ကိုလိုကိုး ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀၀) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်းဖြစ်သည်။ (၆.၁၄) မီတာ (သို့) (၂၀.၁၄) ပေမြင့်၍ (၆.၆) မီတာ (သို့) (၂၁.၆၅) ပေ အချင်းရှိ၏။ ထိုခေါင်းလောင်းကြီးမှာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည်။ အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ခေါင်းလောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။
* (မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။)


ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။


ဓမ္မစေတီ ခေါင်းလောင်းကြီး

ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံ စေတီတော်သို့ လှူတန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတာနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာ ဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀၀ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့် အ၀ိန္နဆောက် ဟုခေါ်သည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်း သမိုင်း
ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။
အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးလော

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။
စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ရှေးကျပြီး ကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။
သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

မင်းကွန်း ခေါင်းလောင်းကြီး

မြန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။ ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး

ကျိုတိုမြို့ ချီယွန်အင် ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ (၁၆၃၃) ခုနှစ်တွင်သွင်းလုပ်၍ (၇၄) တန် အလေးချိန်ရှိ၏။ ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါး လိုအပ်မည်ဖြစ်သည်။

တရုတ် ကြေးသွန်းခေါင်းလောင်းကြီး

တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း (၆၀၀) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ (၄၅) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်တွင် တရုတ်အက္ခရာ (၂၂၇, ၀၀၀) ဖြင့် ထွင်းဖော်ထားသော ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို တွေ့ရှိရသည်။



မေးလ်ထဲရောက်လာတာပါ မူရင်းက ဒီလင့်ခ်ပါ
http://loverworld-myanmar.ning.com/profiles/blog/show?id=3003595%3ABlogPost%3A487411&xgs=1&xg_source=msg_share_post

Friday, November 19, 2010

မြန်မာမှ သြစတြေးလျသို့ အလုပ်ဗီဇာဖြင့် သွားမည့်သူများအတွက် လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ကို ၂၀၁၁ ခုနှစ်တွင် စတင်ကျင့်သုံးမည်

မြန်မာနိုင်ငံမှ သြစတြေးလျသို့ အလုပ်ဗီဇာ (Skill Migration)ဖြင့် ထွက်ခွာမည့်သူများအတွက် သြစတြေးလျ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း သြစတြေးလျ၏ Department of Immigration and Citizenship ၏ နိုဝင်ဘာလ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရပါသည်။

ယခုအခါ သြစတြေးလျနိုင်ငံ အနေဖြင့် ကျွမ်းကျင်အလုပ်သမား နေရာများအတွက် အမှန်တကယ် အရည်အသွေးရှိပြီး အင်္ဂလိပ်စာသတ်မှတ်ချက် ပြည့်မီမှုရှိသူများကိုသာ ရွေးချယ်လိုသည့်အတွက် ပွိုင့်စနစ်များဖြင့် အမှတ်ပေးရာတွင် မူလရှိထားသည်ထက် တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု သြစတြေးလျရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် တရားဝင်ချိတ်ဆက်ထားသော Crown Education မှ Chief Consultant ဦးအောင်ကျော်ဆန်းက ပြောကြားခဲ့ပါသည်။

ယင်းမူဝါသစ်တွင် သြစတြေးလျသို့ Skill Immigration ဖြင့် ဗီဇာလျှောက်ထားမည့် သူတိုင်းအား ပွိုင့်စနစ်ဖြင့် အမှတ်ပေးသွားမည့်အပြင် လုပ်ငန်းအတွေ့အကြုံ ရှိသူများအား ဦးစားပေးခြင်း၊ ရရှိခဲ့သောဘွဲ့များနှင့် ပတ်သက်၍ ပွိုင့်ပေးခြင်းများပါဝင်မည့်အပြင် အင်္ဂလိပ်စာ အရည်အချင်းစစ် လက်မှတ် IELTS 7 နှင့်အထက်ရရှိမှသာ အမှတ်ရရှိမည်ဖြစ်သည်ကိုလည်း တွေ့ရသည်။

"အဲဒီ ပွိုင့်စနစ်သစ်မှာ သြစတြေးလျက ဒီပလိုမာလောက်နဲ့ ပြည်ပနိုင်ငံတွေက မာစတာ၊ ဒီဂရီတွေကို ယှဉ်ပြီးပွိုင့်ပေးတာတောင် ထူးခြားချက်တွေ တွေ့ခဲ့ရပါတယ်။ လောလောဆယ် သြစတြေးလျကို ကျောင်းသွား တက်မယ့်မြန်မာတွေအပေါ်တိုက်ရိုက် သက်ရောက်မှု မရှိသေးပေမယ့် ဒီနိုင်ငံကို ရွေးချယ်တော့မယ်ဆိုတာနဲ့ ဒီနိုင်ငံမှာ ကျောင်းပြီးရင် အလုပ်ရဖို့ ချမှတ်ထားတဲ့ မူဝါဒတွေကို သေချာစွာ လေ့လာသွားသင့်ပါတယ်"ဟု ဦးအောင်ကျော်ဆန်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ထို့ပြင် အသစ်ပြဋ္ဌာန်းသွားမည့် မူဝါဒသစ်တွင် Skill Migration ဗီဇာ လျှောက်ထားမည့်သူများထဲမှ အသက် ၂၅ မှ ၃၂ နှစ်အရွယ် ဖြစ်ပါက ပွိုင့်အမှတ်အများဆုံး ရရှိမည် ဖြစ်ပြီး IELTS 6 ရရှိသော်လည်း ပွိုင့်အနေဖြင့် သုညသာရရှိမည်ဖြစ်သည်။ ယင်းမှာ လက်ရှိ သြစတြေးလျ၌ ကျောင်းတက်နေသူများနှင့် မကြာမီ သွားရောက်မည့်သူများအတွက် သတိပြုစရာအချက်ပင် ဖြစ်သည်ကို သြစတြေးလျ ပညာရေးနှင့် အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူကအသိပေး ပြောကြားခဲ့ပါသည်။

http://www.news-eleven.com/

ရယ်ရယ်မောမောပေါ့

နာမည်ကြီးစာရေးဆရာ

မိန်းမ - ရှင် ၀တ္တု မရေးတာ ကြာပါပကော ၊ ရေးပါအုံးလား
ယောက်ျား - စိတ်မပါသေးဘူးကွာ.
မိန်းမ - သြော်…သားငယ်ကလေယာဉ်ပျံစက္ကူ ခဏခဏတောင်းနေလို့ပါ
ယောက်ျား -အွန့်


ကြီးလာရင်

အဖေလုပ်သူက လှေကားပေါ် တက်ကာ ပြတင်းပေါက်များအား ဆေးသုတ်နေသည်ကို ခြောက်နှစ်သား
သားငယ်ကဂရုတစိုက် ကြည့်နေသည် ။ အမေကသားကို ပြောတယ် ။
အမေ - သားကြီးလာရင် ဖေဖေ့ကို ကူရမယ်နော်
သား - ဘာလဲ ၊ အဲဒီအချိန်ထိ ဖေဖေက ဆေးသုတ်လို့ ပြီးမှာမဟုတ်သေးဘူးလား ဟင် …..


တံခါးမှားခေါက်ခြင်း

ညအချိန်မတော် မိမိ၏ အိမ်ခန်းတံခါးကို ပြင်းထန်စွာ ခေါက်သံကြားသဖြင့်
ကိုမြသည် စိတ်ဆိုးမာန်ဆိုးဖြင့် ၊
“ဟေ့ ၊ ဘာလို့တံခါးခေါက်တာလဲ ၊ ဘာလိုချင်လို့လဲ” ဟု အသံမာမာဖြင့် မေးလိုက်သည် ။
“ခင်ဗျားရဲ့  အထပ်မှာ မီးလောင်နေလို့ဗျို့ ” ဟု အပြင်မှ ပြန်အော်ပြောသည်
“အဲဒါ ဘာဖြစ်လဲ ကျုပ်က ထမင်းချက်ပဲ ၊ မီးသတ်သမားမှ မဟုတ်တာ”..



မှားလို့ပါ
မိန်းမကြီးတစ်ဦးသည် သူမဧ။်သမီးပျိုကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်က အမျိုးသမီးငယ်ကိုကြည့်ကာ . .
“ ကိုင်း . . . အ၀တ် အစားတွေချွတ်လိုက်ပါ ”
“လူနာက သမီးမဟုတ်ဖူးရှင့် ကျွန်မပါ ”
“ အော် . . ဟုတ်ကဲ့ ဒါဆိုရင် လျှာလေးထုတ်ပြပါ အန်တီ



ခေါင်းရှုပ်မခံနိုင်ဘူး
ယောက္ခမ အထီးဆီ သမက်ဖြစ်သူရောက်လာသည်။
“ အန်ကယ် . .အန်ကယ့်သမီးနဲ့ ကျွန်တော်လက်ထပ်တာ ၃-လ ပဲရှိသေးတယ် ၊
ဒါပေမယ့် ကလေးမွေးပြီ . . ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . . ကလေးတစ်ယောက်မွေးဖို့ က
၉ လလောက်လိုတယ်ဆိုတာ အားလုံးသိကြတာပဲ . . ”
ထိုအခါ ယောက္ခမအထီးက ပြန်မေးသည်။
“ မင်းမိန်းမနဲ့ ၃ လကြာအတူနေတယ်နော် ”
“ဟုတ်ကဲ့ အန်ကယ်”
“ မင်းမိန်းမဟာ မင်းနဲ့ ၃လကြာအတူနေတယ်နော် ”
“ ဟုတ်ကဲ့ နေပါတယ် ”
“ မင်းတို့ နှစ်ယောက်အတူနေတာ ၃လရှိပြီနော်”
“ ဟုတ်ပါတယ်”
“ အေး အဲဒါဆို ၃+၃+၃ ဘယ်လောက်လဲ”
“ ၉ပါ အန်ကယ်”
“ အေး . . . အဲဒါပဲ . . . ငါ့ကို နောက်လာပြီး အနှောက်အယှက်မပေးနဲ့ ”



အမြစ်ရှာသလားလို့ပါ ...
တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်
ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....
ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ
လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို
စောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို
ရှာနေတာမှတ်လို့...



ကျွန်တော်လဲ ချစ်တဲ့သူကို ယူမှာပဲ
တနေ့ မှာ သားအဖ (၂)ယောက်စကားလက်ဆုံကြနေကြပါတယ်။ သားက အခုမှ စကားတတ်စ
(၇)နှစ် ပတ်ဝန်းကျင် လောက်ပဲရှိပါအုံးမယ်။ အဲဒီမှာ သားက အဖေ့ ကိုဘာမေးလဲဆိုတော့ 
သား ... အမေ့ ကိုဘာဖြစ်လို့ လက်ထပ်ခဲ့တာလဲ တဲ့  ?
အဖေ... သားမေမေ ကို အဖေ့ အရမ်းချစ်လို့ ပေါ့ ကွ ..
သား... မေမေ ကရော ဖေဖေ့  ကိုချစ်လား ??
အရမ်းချစ် လို့ ဖေ့ ဖေ့ ကို လက်ထပ်ခဲ့ တာပေါ့ ကွ
အဲဒီမှာ သားက တစခန်းထ လာတယ် ...
သား... အဲဒါဆို သားလဲ သားကိုအရမ်းချစ် တဲ့ သူကို ပဲ ယူမှာပေါ့ ဗျာ
အဖေ... ဟေ မင်း မှာအရမ်းချစ်တဲ့ သူ ရှိလားကွ
သား.... သားကိုအရမ်းချစ်တဲ့ သူ ရှိတယ် ...အဘွားပေါ့  ..သားကြီးလာရင်
အဘွားကိုပဲ လက်ထပ်မှာဗျ
အဖေ... ဟာ ဖြစ်မှလားကွ အဲဒါမင်း အဘွား ငါ့ ကိုမွေးခဲ့ အမေလေ ..
သား... ဟာ ..ဖေဖေ မရဘူးဗျာ ...အဘွား ကိုပဲ လက်ထပ်မယ် ...အဖေ့ ကျတော့
သားအမေ ကို လက်ထပ်ပြီး ..သားကျတော့ ဘာလို့  ဖေဖေ့ အမေ့ ကို လက်ထပ်လို
့မရမှာလဲ ...?
အဖေ... ဟေ .......


ခြေထောက်များသူ
တိရစ္ဆာန်တစ်စု ၀ိုင်းဖွဲ့ စားသောက်နေကြသည် ။ အာသွက်လျှာသွက် ဖြစ်နေသဖြင့်
စကားဝိုင်းသည် စိုးပြည်လှသည် ။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန်
ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ
၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။ တိရစ္ဆာန်များထဲမှ လိပ်ကို
ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး
စိတ်ဆိုးစွာပြောသည် ။
“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ”
မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်လိုက်ကြသည် ။ ငါးနာရီ ကြာမှ
ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ၀ိုင်းအော်ကြသည် ။
“ဟေ့ကောင် ........ မင်းသွားတာကြာလှချည့်လားကွ”
“အရက်ဆိုင် ၀င်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ ”
“ ဘာဆိုင်းဘုတ်လဲ ”
“ဆိုင်ထဲမ၀င်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ ”



ဘယ်သူထင်လဲ

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်ထဲကနေ လမ်းမပေါ်ကို အထိတ်တလန့်နဲ့ ပြေးထွက်လာပြီး အော်ပါတယ်။ “ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်မသားလေး အကြွေစေ့တစ်စေ့ကို မျိုချပြီး အသက်ရှူ လမ်းကြောင်းပိတ်နေလို့။ ကျွန်မလည်း မလုပ်တတ်တော့ဘူး။”

အနားမှာ ရှိတဲ့လူတွေ အားလုံး မျက်နှာလွှဲသွားကြပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကပဲ အမျိုးသမီးရဲ့ အိမ်ထဲကို ပြေးဝင်သွားပါပြီး သူမရဲ့ သားကို ရှာပါတယ်။ နောက်တော့ အဲဒီကလေးကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး လှုပ်ရမ်းပါတယ်။ နောက်ဆုံးတော့ အကြွေစေ့ဟာ ကောင်လေးရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာပါတယ်။

အမျိုးသမီးကတော့ ဝမ်းသာအားရနဲ့ “ကျေးဇူးတင်လိုက်တာရှင်။ ရှင်ဟာ ဆရာဝန်လား။” လို့ မေးပါတယ်။

အမျိုးသား ကတော့ “မဟုတ်ပါဘူး။ ကျွန်တော် အမြတ်ခွန် ဌာန ကပါ။” လို့ ပြန်ဖြေလိုက်ပါတယ်။



ဘာလုပ်စားမှာလဲ

ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင် ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”



ဘယ်သူရှိသေးလို့လဲ

ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို စိတ်ပညာရှင်က မေးခွန်းမေးပါတယ်။
“ခင်ဗျားရဲ့ မိန်းမကို သစ္စာဖောက် ဖူးသလား။”
မင်းသားက ဒီလို ပြန်ဖြေပါတယ်။
“သူ့ကို သစ္စာမဖောက်ရင် ဘယ်သူ့ကို သွားပြီး သစ္စာဖောက်ရမှာလဲ။”

Sunday, November 14, 2010

အမေ့ကိုကြိုဆိုကြရအောင်



ဒီနေ့ညနေခင်းအတွက် အထူးခြားဆုံး ထိပ်တန်းရောက်သတင်းကတော့
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းပါ။
လွတ်မြောက်လာပြီးပြီးချင်း အခု နောက်ဆုံးအခြေအနေမှာတော့
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို မိနစ်ပိုင်း သူမခြံရှေ့မှာ
ထွက်စကားပြောခဲ့ပြီး အခု နေအိမ်အတွင်းမှာ အခြား အဲန်အယ်လ်ဒီ
ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့
ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အားလုံးမျှော်လင့်နေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဒီကနေ မြန်မာစံတော်ချိန် ၅ နာရီ စွန်းစွန်းမှာ နေအိမ်အကျယ်ချုပ်ကနေ
ပြန်လွတ်ပါတယ်။ မလွတ်ခင်မှာ ကားသုံးစင်းဟာ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ
ဝင်သွားပါတယ်။ အဲဒီကားတွေ ပြန်ထွက်ပြီး သိပ်မကြာခင်မှာပဲ
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့လမ်းမှာရှိတဲ့ အတားအဆီးတွေကို အာဏာပိုင်တွေက
ဖယ်ရှားပေးလိုက်ပါတယ်။ ဖယ်ရှားပြီးပြီးချင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်
ခြံလမ်းထိပ်မှာစောင့်နေကြတဲ့ ထောင်နဲ့ချီတဲ့ လူထုဟာ
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကို အပြေးအလွှား သွားရောက်စုဝေးလိုက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သိပ်မကြာခင်မှာ သူ့ခြံရှေ့ကိုထွက်ပြီး လူထုကို
မိန့်ခွန်းတိုလေး ပြောပါတယ်။

(လူထုအသံ)

အသံချဲ့စက်တွေ တပ်ဆင်ထားတာ မရှိခြင်းကြောင့် စောင့်နေတဲ့လူထုဟာ ဒေါ်အောင်ဆန်းစုကြည်အသံကို ကောင်းကောင်း မကြားနိုင်ခဲ့ပါဘူး။ မနက်ဖြန် ၁၂
နာရီမှာ လူထုကို မိန့်ခွန်းပြောစရာရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောသွားပါတယ်။ ဒီနောက် နေအိမ်တွင်း ၀င်ရောက်ပြီး အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စည်းဝေးနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
မလွတ်ခင်က ဒေါ်စု ခြံရှေ့က အခြေအနေတွေနဲ့ပတ်သက်လို့ ခြံရှေ့ရောက်နေသူတဦးကို
မေးမြန်းထားပါတယ်။

“တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမီးပွိုင့်ကနေ ဒီဖက်တကျောလုံး လူတွေက အပြည့်ပဲဗျ။ ကားတွေလည်း အများကြီးပဲ ရောက်နေတယ်။ လူတွေအားလုံးက
ဒေါ်အောင်ဆန်းစုကြည် အိမ်ဖက်ကို ကြည့်နေတာပေါ့။
ဒေါ်အောင်ဆန်းစုကြည်လွတ်မယ်ဆိုတဲ့ သတင်းကြောင့် ဌာနချုပ်ရုံးရှေ့မှာဆိုလည်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး အော်တဲ့သူတွေလည်း ရှိနေတယ်။
ကားအ၀င်အထွက်ရှိတော့ ဒေါ်စုလွှတ်မယ့် ကားဝင်တယ်ဆိုပြီးတော့လည်း
ဒေါ်စုလွတ်တယ်ဆိုပြီး သတင်းဖြစ်နေတယ်။ နောက်ဆုံးကြားရတဲ့ သတင်းအရတော့
ဒီနေ့လွတ်မယ်ဆိုတဲ့ သတင်းကြားရတာပဲဗျ။”

လုံခြုံရေးအခြေအနေရော ဘယ်လိုရှိလဲခင်ဗျ။ -

“ဒီအခြေအနေမှာတော့ ယူနီဖောင်းဝတ် လုံခြုံရေးတော့မတွေ့ဘူးဗျ။ ယူနီဖောင်းဝတ်ထားတဲ့သူတွေက သံဆူးကြိုးရဲ့ ဟိုးဖက်မှာပဲရှိတယ်။
ဒီဖက်အပြင်မှာတော့ လွတ်လွတ်လပ်လပ်ပဲ။”

ထောက်ခံသူအင်အား ပတ်ဝန်းကျင်ကို လာရောက်တဲ့ ဘယ်လောက်ရှိသလဲ။ -

“ဒီမှာ လောလောဆယ် သုံးထောင် လေးထောင်လောက် ရှိမယ်ထင်တယ်။”

လုံခြုံရေးအရ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်တဲ့ အနေအထားရှိလား။ အားလုံး အေးအေးချမ်းချမ်းပဲလား။ -

“အခြေအနေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေက ၀မ်းသာကြိုဆိုနိုင်ဖို့ တခုခုဖြစ်လာမှာကို သူတို့စိုးရိမ်တကြီးနဲ့
ထိန်းထိန်းသိမ်းသိမ်း လုပ်နေပါတယ်။ အဖွဲ့ချုပ်ကလည်း ကြေညာနေပါတယ်။
သူတို့မူဝါဒအရ လမ်းမပေါ် ထွက်မှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်မှုကို ၀မ်းမြောက်ဝမ်းသာကြိုဆိုဖို့ဆိုတဲ့ အခြေအနေ
ကြိုးစားနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ကစလို့ ထောင်နဲ့ချီတဲ လူအုပ်က အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာရော ဒေါ်စုခြံနားမှာပါ စောင့်ကြိုနေကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကို အကန့်အသတ်နဲ့ လွှတ်မယ်ဆိုရင်တော့
လက်ခံမှာမဟုတ်ဘူးဆိုပြီး အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေကတော့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသတင်းကိုတော့ အသံလွှင့်ချိန်အတွင်း
ထူးခြားရင် ထူးခြားသလို တင်ဆက်သွားပါမယ်။


မူရင်း

http://www.voanews.com/burmese/news/11-13-10-suu-release-107706288....

Saturday, November 13, 2010

ကြည်နူး ရွင်လန်း

ရှေ့ပြောနောက်ကြည့်

“ဘာလို့ အလုပ်က ထွက်လာတာလဲ”

“သူဌေးက အပြောအဆိုမတတ်လို့ပါ”

“ဟေ ဘယ်လိုပြောလို့လဲ”

“ကျွန်မကို သိပ်လှတာပဲတဲ့”

“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”

“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
အရှင်းဆုံးအဖြေ

လူနာ – Doctor ကျွန်တော်မျက်လုံး ကိုက်နေတယ် ဘာလုပ်ရမလဲဟင်
ဆရာဝန် – တလောကကျွန်တော်သွားကိုက်တယ် ကိုက်တဲ့သွားကိုဆွဲနှုတ်လိုက်တာ ပျောက်သွားတာပဲ
လူနာ – ဗျာ ?

နေရာမှားခြင်း

တာဇံနှင့် သူ၏တောတွင်းအပေါင်းအသင်းများဖြစ်ကြသော တိရိစ္ဆာန်များသည် ရေကူးရန်မြစ်ကမ်းနားသို့ရောက်လာကြသည်။

တာဇံသည် မြစ်ထဲမဆင်းမီ အ၀တ်အစားများချွတ်လိုက်သည်

တိရိစ္ထာန်များ ၀ိုင်းရယ်ကြသည်။

တာဇံ ။ ။ မင်းတို့ဘာလို့ ရယ်ကြတာလဲ

တိရိစ္ဆာန်များ ။ ။ မင်းအမြီးက ရှေ့မှာပေါက်နေလို့ကွ

သည်းခံတတ်သောမိန်းမ

ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက
ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊
ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန်
တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”

သိပ်ကောင်း

ရထားပေါ်တွင်ဖြစ်သည်။
ကကသ်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။
ကက်သလစ်ဘုန်းကြီးက ဂျူးဘာသာရေးတရားဟောဆရာကို ပြောသည်။
“ကျနော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား”
“ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်”
“အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ”
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင် ကက်သလစ်ဘုန်းကြီးကို
ပြောသည်။
“ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။”
“ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ
မယူရဘူးလို့ တားမြစ်တယ်။”
“ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ သိပ်အရသာရှိတာဗျ”


အကြောင်းအရင်း

တစ်နေ့ ပန်းချီဆရာ တစ်ယောက် က ပန်းချီပြခန်းမှာ ထိုင်နေသော သူငယ်ချင်း ပန်းချီဆရာ တစ်ယောက် ကို
တွေ့လို့ မေးလိုက်တယ်…
“သူငယ်ချင်း ပြပွဲ မှာ လူကြီးတွေက မင်းပန်းချီကားကို ဘာလို့
ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ
အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့”

တွေးကြည့်ပါဦး

ရထားလက်မှတ်စစ်သည် တွဲပေါ်တက်လာပြီး လက်မှတ်များ လိုက်လံ စစ်ဆေးသည်။ လက်မှတ်မဲ့စီးသူများအတွက် ဒဏ်ငွေမှာ ၅၀၀၀ ကျပ် ဖြစ်သည်။ အင်္ကျီလက်ပြတ် ၀တ်ထားသည့် ပထမအမျိုးသမီးငယ် တစ်ဦးအား ဒဏ်ငွေ ၃၀၀၀ ကျပ် ပေးဆောင်စေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်ဝတ်ထားသော ဒုတိယ အမျိုးသမီးကိုမူ ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးစေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်၊ မီနီစကတ်တို ၀တ်ထားသော တတိယအမျိုးသမီးကိုမူ ဒဏ်ငွေ ၁၀၀၀ ကျပ် ဒဏ်တပ်ခဲ့သည်။

စတုတ္ထအမျိုးသမီးကိုမူ ပိုက်ဆံတစ်ပြားမှ မယူခဲ့ချေ။ အဘယ့်ကြောင့်ဟု သင်ထင်ပါသနည်း။

?????????????????????????????????????????????????????????????????????????????

အဲဒီအမျိုးသမီးမှာ လက်မှတ်ပါတယ်ဗျ။



တိုက်ဆိုင်တဲ့ တိတ်တိတ်ပုန်း


အိမ်မှာယောက်ျားမရှိတုန်း မိန်းမက တခြားယောက်ျားနဲ့ တိတ်တိတ်ပုန်းနေတယ်။ အဲဒီမှာ ရုတ်တရက် ယောက်ျားကားသံကြားတော့ မိန်းမက “နင့်အဝတ်အစားတွေ မြန်မြန်ယူပြီး ပြတင်းပေါက်ကနေ ပြေးတော့” လို့ ပြောတယ်။

“အပြင်မှာမိုးရွာနေတာ ငါဘယ်လိုခုန်ချမလဲ” တိတ်တိတ်ပုန်းယောက်ျားက ပြောတယ်။
“ငါ့ယောက်ျားမိရင် ငါတို့နှစ်ယောက်လုံးသေမှာ သွား.. သွား…”

မိန်းမက အင်္ကျီတွေအတင်းထိုးထည့်ပေးပြီး ပြေးခိုင်းတယ်။ အဲဒီလူလည်း ပြတင်းပေါက်က ခုန်ချလိုက်တာ မာရသွန်ပြေးနေတဲ့ လူအုပ်ကြားထဲရောက်သွားခဲ့တယ်။

မာရသွန်ပြေးနေတဲ့ လူတစ်ယောက်က သူ့ကိုတွေ့တော့ မေးတယ်။

“ခင်ဗျား တုံးလုံးပြေးရတာ ဝါသနာပါတာလား”
“ဟုတ်ကဲ့ .. ဒါမှ ဆန့်ကျင်ဖက်လေဖိအားတွေ လျော့မှာ”
“ပြေးနေတဲ့အချိန် အဝတ်အစားကိုင်ပြီး ပြေးတတ်တာလား”
“ဟုတ်ကဲ့… ပန်းဝင်တာနဲ့ ကျွန်တော်ပြန်ဝတ်လိုက်လို့ရပါတယ်”
“ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား”
“မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ”

ကလဲ့စား

လူအတော်အသင့်ရှိတဲ့ အရက်ဘားတစ်ခုထဲကို မိန်းကလေးတစ်ယောက် ၀င်လာတယ်။ ဘီယာတစ်ခွက်မှာပြီးတစ်ယောက်ထဲထိုင်သောက်နေတယ်။ ခဏနေတော့ ကောင်လေးတစ်ယောက်လာပြီး မိတ်ဆက်ပါလေရော

“နေကောင်းလား.. မင်းနာမယ်ဘယ်လိုခေါ်လဲ”..

ဒါနဲ့ကောင်မလေးလဲ ကောင်လေးရဲ့ အမေးကို ချက်ချင်းဖြေပေးလိုက်တယ်

“ရှင် ကျမကို ဘယ်လို အတန်းအစားထဲက ထင်လို့လဲ… ဘာကိစ္စရှင်နဲ့ ဟိုတယ်လိုက်အိပ်ရမှာလဲ”

ဆိုပြီး တော်ရုံကျယ်တဲ့အသံနဲ့ အော်ပြောလိုက်လေရဲ့.. ဘားတစ်ခုလုံးရဲ့ အကြည့်တွေဟာ ရဲနေတဲ့မျက်နာနဲ့ ကောင်လေးဆီမှာပေါ့.. ဘာမှ မပြောသာတဲ့ကောင်လေးလဲ ကိုယ့်နေရာကိုယ်ပြန်ပြီး ထိုင်နေလေရဲ့.. ခဏလဲနေရော
ခုနှကကောင်မလေးဟာ ကောင်လေးဆီကို ပြန်လာပြီး ဒီလိုပြောပြတယ်..

“ဒီမယ်.. ရှင်စိတ်ဆိုးသွားလား.. တကယ်တော့ ကျမက စိတ်ပညာ နောက်ဆုံးနှစ်ကျောင်းသူပါ.. ယျောင်္းလေးတွေရဲ့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ စိတ်နဲ့ အမူအယာတွေကို လေ့လာချင်လို့ ဒီလိုလုပ်လိုက်တာပါ”

ဆိုတဲ့စကား ဆုံးဆုံးချင်းပဲ ကောင်လေးပြန်ပြောလိုက်ပုံက ….

“ဘာ!!!! ဒေါ်လာ ၅၀၀.. ဟုတ်လား?? နင်အဲလောက်ဈေးကြီးမှန်းငါဘာ့ကြောင့်မခန့်မှန်းမိတာပါ့လိမ့်” လို့အော်ပြီးပြောလိုက်လေရဲ့…


မဟုတ်ဘူးလား

စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်………

“၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ”

လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ….

“သုံည (၂) လုံးကျန်မယ်ဆရာ


ကိုချိုညီပေးပို့သော မေးလ်အား ပြန်လည်မျှဝေသည်

dm