Friday, December 31, 2010

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)

အရှင်ဧသက

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး

ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀သူ့အခက်အခဲ

သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။

သူ့ရည်ရွယ်ချက်ဆိုတာကြွယ်ဝချမ်းသာဖို့

သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့

အတူလက်တွဲပြီး သာယာတဲ့ဘဝ

ခရီးလျှောက်လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့

သဘာဝရှိတတ်တဲ့မျှော်မှန်းချက်တွေတော့

မဟုတ်ပါဘူး၊ လူငယ်နဲ့မလိုက်ကိုယ့်

အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။


သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။သူအလုပ်လုပ်တဲ့စားသောက်ဆိုင်က လူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။

အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်ကအပြန်ရေမိုးချိုးပြီးအနားယူနေချိန်မှာနိုက်ကလပ်သွားချင်တဲ့စိတ်တွေ

ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူ မဟုတ်တော့လို့ သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့

တာလည်းကြာခဲ့ပါပြီ။ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိသွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေ ဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ

မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင် သွားမယ်ဆိုပြီး ဘယ်သူမှ မခေါ်

ဘယ်သူမှမတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီးထွက်ခဲ့တော့တယ်။

နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်

လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။

ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။

တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။ဆိုင်မှာ

အလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။

ခုတော့ ဘုရားခမျာဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး

တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်

ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့်အစွမ်း

ကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့်

(၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်

အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက

သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို မှာင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်။

ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော် ဘေးဝန်းကျင်ကိုဖြတ်ကျော်ပြီးညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကိုမြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ

ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကိုလာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမလေးတွေက ညတိုင်းလာဖြားယောင်းနေပါလား”လို့ တွေးထင်တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။

ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုး

ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ

စတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့၊တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေ တင်ထားပြန်တယ်။ ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကိုကျောမီနေပြီးသူ့တွဲဖက် ကောင်လေးက ဘုရားပေါ်လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း

ထွက်မိတယ်၊ဖြစ်နိုင်ရင် ၀ါးရင်းဒုတ်နဲ့အားလုံးကို မောင်းထုတ်ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊ “ခါကျဉ်ကောင်မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီး

ကြိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွတွန့်လိမ်ပွတ်သပ်

နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်း

မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ်

လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလုပ်ကာမြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာ နေရရှာတဲ့ ဘုရားရုပ်ပွားတော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာသနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနားနေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့မိန့်တော် မူနေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ

ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်ဖြစ်စေအခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူလိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။

သူရဲ့အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။

ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစော အလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေးအလာကို စောင့်နေတယ်။ သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။ ရန်မျိုးအောင်ဟာ သူ့ကြံစည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေတာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။

ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊

ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ

ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်

နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ 

မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း

ဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့

့ဗုဒ္ဓဘာသာ တွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။” လို့ မအောင့်ပဲခံစားမိတဲ့အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့်မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်းအမှန်တရားကို လက္ခံကြမည်သာ…။


ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်

မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့ အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ့ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက် အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို၏လို့လည်း အကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။


ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည် ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည်မည်သည်မရှိ) ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ပိုလို့ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်းဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီးတစ်ကောင် ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။


သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို

အနှံ့ ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ် “ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။နဂါးရှာရင်း ငွေခြောက်ထောင် အတွက်လည်း ရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေတွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်းတစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံက မထွက်။ ချေးးဖို့ငှါးဖို့ ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး

ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်ပေးဆပ်ချင် ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာ အလွန် အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ်တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ”လို့ ကြွေးကြော်မိတယ်။


နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ်ဝင်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင်ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။

ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ ဆိုင်ပေါင်းစုံရောက်ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့ နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ..။ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။ လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံစဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင် ပေါ်လာတယ် “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလိုအရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။



ဒုတိယပိုင်းကို ဆက်လက်အားပေးစေလိုပါတယ်။

အရှင်ဧသက

ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)

လော့စ် အိမ်ဂျလိစ်၊ အမေရိကန်

၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၇-ရက်။

Thursday, December 30, 2010

ငါးကန်လှလှလေးတွေနော်

ငါးကန်လှလှလေးတွေနော် သူငယ်ချင်းတို့...

လှလှပပ ငါးကန်ထဲတွင် ကူးခတ်နေသော အလှမွေး ငါးကလေးများကို ကြည့်ရှုမိသူတိုင်း လိုလို စိတ်ကြည်နှုး နှစ်သက်မိကြသည်။ အလှမွေးငါး မွေးမြူခြင်းသည် စိတ်ကြည်နှုးဖွယ်ရာ အလုပ်တစ်ခု ဖြစ်သလို တယုတယ
ဂရုစိုက်ရသော အလုပ်တစ်ခုလည်း ဖြစ်သည်။

ပုံမှန် တွေ့မြင်နေကျ မှန်ပုံ သို့မဟုတ် ဖန်အိုး ထဲတွင် မွေးမြူခြင်း မဟုတ်ဘဲ ဒီဇိုင်း ဆန်းဆန်းနှင့် သဘောကျစရာ အလှမွေးငါးကန်များထဲတွင် ပြင်ဆင် ထည့်သွင်းပြီး ရွှေငါးလေးများ မွေးမြူလျင် ငါးမွေးမြူရခြင်းသည် ဝါသနာပါရာ
အလုပ်များတွင် ပိုမိုစိတ်ပျော်မွေ့ဖွယ် ကောင်းသော အလုပ်တစ်ခု
ဖြစ်ပေလိမ့်မည်။

ယခုတစ်ခေါက်တွင် PatheinCity News ပရိသတ်များအတွက် 10awesome.com တွင် ဖော်ပြထားသော သဘောကျစရာ အလှမွေး ငါးကန် ဒီဇိုင်း ဆန်းဆန်း (၁၀) ခုကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

၁။ ပုံမှန် တယ်လီဖုန်းရုံတစ်ခုကို ရေလုံအောင် ပြင်ဆင်ပြီး အလှဆင်လိုက်သော အခါ ဆန်းဆန်းပြားပြား ငါးမွေးကန်လေး ရရှိလာသည်။ Source

၂။ Octopus Studio မှ ပုံစံထုတ်ထားသော ငါးမွေးကန်သည် အလုံးပုံ ဖန်အိုးများကို တစ်ကန်နှင့် တစ်ကန် ဆက်ထားသော ပုံစံဖြစ်ပြီး ငါးမွေးဖန်အိုးများနှင့် ငါးအများကြီး မွေးမြူလိုသူများ အတွက် ရော
ကန်လည်ထွက်လိုသည့် ရွေငါးလေးများ အတွက်ရော အဆင်ပြေမည့်ပုံစံ ဖြစ်သည်။ Source

၃။ သင့်၏ လက်ဆေး ကြွေဇလုံအောက်တွင် ငါးလေးများ ကူးခတ်နေသည့်ကို စိတ်ကူးမိပါသလား။ ဖန်သားနှင့် ပြုလုပ်ထားသော လက်ဆေးကန်ဖြစ်သည့် sink aquarium ကတော့ ထိုစိတ်ကူးကို အကောင်အထည်
ဖော်ပေးပေလိမ့်မည်။ Source

၎။ သင့် ၏ Nike Air Max 360 ဖိနပ် ဟောင်းသွားပြီးလား။ လွင့်ပြစ်ဖို့ မလုပ်ခင် အပြင်အခွံကို လှလှပပ ငါးကန်လေးအဖြစ် ဖန်တီးကြည့်ပါ။ ငါးအကြီးတွေတော့ မွေးလို့ မရဘူးပေါ့။ Source

၅။ အကယ်၍ သင်ဟာ Apple ခရေစီ တစ်ယောက်ဖြစ်သည် ဆိုပါစို့။ သင်၏ Apple G4 Cube ကွန်ပျူတာကို မသုံးတော့ဘူးဆိုလျင် Computer Case ကို Apple တံဆိပ်နှင့် လှလှပပ ငါးကန်လေးအဖြစ် ပြောင်းလဲနိုင်ပါသည်။ Source


၆။ ကော်ဖီစားပွဲ အောက်ဖက်မှာ အလှမွေးငါးလေးများ လှလှပပ ကူးခတ်နေသည်ကို မြင်ချင်ပါသလား။ OpulentItems.com မှာ ရောင်းချတဲ့ Coffee Table aquarium က သင့်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာပါ။ အောက်ခံ လျှပ်စစ်မီး၊ ရေစစ်နဲ့
ရေပန့်တွေ အပါအဝင် ဖြစ်ပြီး ဒေါ်လာ ၅၅၀ လောက်တော့ ကျသင့်ပါလိမ့်မယ်။ Source

၇။ တစ်ခါတစ်ရုံ ငါးလေးတွေကို တစ်နေရာရာ သယ်သွားဖို့ အခက်တွေ့နေလား။ ဒီ ဖန်အိုးလေးကတော့ ဒီအခက်အခဲတွေကို ပြေလည်ပါလိမ့်မယ်။ Source

၈။ ငါးမွေးကန်တွေရဲ့ ဖန်သား ထောင့်အချွန်တွေကို မကြိုက်ဘူးဆိုရင်တော့ အခုလို အနားဝိုင်းနဲ့ ငါးမွေးကန်ကို နှစ်သက်မှာ အသေအချပါပဲ။ Source

၉။ ဆန်းဆန်းပြားပြား ငါးမွေးကန်ပါပဲ။ ကန်နှစ်ခုကို ဖန်သား ကန်တစ်ခုနဲ့ ထပ်ပြီး ဆက်သွယ်ထားတာပါ။ Source

၁၀။ ဂျာမနီနိုင်ငံ ဘာလင်မြို့က Radisson SAS ဟိုတယ်ရဲ့ ဧည့်ခန်းမဆောင်မှာ ၁၅ မီတာ (၈၂ ပေ) မြင့်တဲ့ ငါးမွေးကန်ကြီးပါ။ ဆလင်ဒါပုံ ငါးကန်တွေထဲမှာ အကြီးဆုံး အလှမွေးငါးကန်လို့ ပြေရပါမယ်။ Source


Friday, December 24, 2010

စနစ်သစ် မြန်မာသင်ပုန်းကြီးဖတ်စာ..........

ဖတ်ဖူးတာတော့ ကြာပါပြီ... အခုလည်း မေးလ်ထဲရောက်လာလို့ ဖတ်ပြီးရယ်နေမိသေးတယ်.. ဘော်ဘော်တွေလည်း ပြုံးနိုင်အောင်လို့ပါ

1) ညအခါ လသာသာ
> ရေနစ်သေမလား
> ငတ်သေမလား"


> (2) "တစ်၊နှစ် ကိုနာဂစ်
> သုံး၊လေး လွတ်အောင်ပြေး
> ငါး၊ခြောက် ရေထဲရောက်
> ခုနှစ်၊ရှစ် မသာဖြစ်
> ကိုး၊တစ်ဆယ် ၀ဋ္ဌ်ကျွတ်တယ်။"

> (3) "ဘယ်ကလာသလည်း။
> ဘယ်နယ်ကလည်း။
> အလယ်ကလူ
> အသားဖြူ၏။
> ခင်ဗျားအလှူ
> တစ်ပြားမရှုရ"


> (4) "အစားအစာ ၀ါးစားပါ
> အသားပါသလား။
> ငါးပါသလား။
> ဘီစကစ်ပါသလား။
> ဘာပဲပါပါ ထားခဲ့ပါ။"


> (5) "ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
> ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
> အမိုးအကာမဲ့နေတဲ့
> မနှင်းတို့အိမ်။"


> (6) "ဖိုးရွှေကြီး ဖိုးရွှေကြီး
> အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
> ဖိုးရွှေကြီးက မိုက်တိုင်ထူ
> ခွေးအကြီးနဲ့တူ
> တူပါသကွဲ့ မယုံငြား
> ဒီမှာကြည့်ပါလား။"


> (7) " တနင်္ဂနွေ၊ တနင်းလာ
> ဗိုက်မှောက်မျှော်နေတာ
> အဂါၤ၊ ဗုဒၶဟူး
> ရောက်လုတစ်ဦးဦး
> ကြာသပတေး၊ သောကြာ
> တစ်ယောက်မှ ပေါ်မလာ
> စနေမှာသေချာသွား ဘယ်သူမှမလာအား။"


> (8) "မုန်တိုင်းကို စက္ကူကပ်
> အကြံပက်စက် တို့အပေါ်တင်
> ပလ္လင်ပေါ်က မျောက်မူး
> ဆင်းမလာတော့ဘူး
> အာဏာရူး
> အာဏာရူးကို ခွေးတွေယက်
> မှောင်မိုက်မှာအူ
> အူသူတွေ အစာလုကြ
> ငါတို့ကိုဆွဲ တွဲလဲ
> တွဲလဲရယ် ငိုတိုင်း
> မိုးတောင်ကမှိုင်း
> မုန်တိုင်း…….."


> (9) ဘဘ၀၀ ထလို့က
> ဘဘနိုင်ပြီဗျ
> ကပါကပါ ဘဘရာ
> ဘဘခေတ်လေဗျာ
> မဲလိမ်တွေကို အမှန်ပြ
> ဘဘအကြံပိုင်ပါ့။
> သူများတွေ မသာဖြစ်တာ
> ဘဘနဲ့ မဆိုင်ပါ
> မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
> ဘဘနိုင်ဖို့ပဲ။


> (10) ဘဘ၀၀ စိတ်ဓါတ်ကျ
> အနောက်က Pressure ရ
> သူများအကူ မယူခဲ့တာ
> ဘဘစေတနာ
> မလုပ်ပေးတာ တစ်ခုကလွဲ
> ဘဘသတ္တိခဲ
> နိုင်ငံခြားငွေမြင်သောအခါ
> ဘဘစိတ်ပြောင်းလာ
> အားရပါးရလာလှူကွဲ့
> ဘဘအိတ်ထဲထည့်။
> ဘဘ၀၀ ထပ်လို့က
> ဘဘခိုင်ပြီဗျ
> လုပါယက်ပါ ဘဘရာ
> ဘဘ ခေတ်လေဗျာ
> မြစ်ပြင်မှာတော့ အညှီတွေထ
> ပုပ်ပုပ်ပွပွ အနံ့အသက်ရ
> ဘဘကတော့ ဆက်လို့က
> ဘဘဘယ်တော့မှ ကလို့မ၀"


> (11) "ရွာနံဘေးက ချောင်းကလေး
> ဖောင်မြောလာသည်။
> သားတို့လည်း မြောလာသည်။
> မည်သူမျှ မဆယ်ကြ။" ….ဟင့်…ဟီး..အီး
>
> (12) အလောင်းလေးများ ဖွေးလို့စီ
> မြစ်ညှာရိုးတစ်လျှောက်ဆီ
> ရေပေါ်မှာ ဗိုက်ကြီးဖောင်း
> ငါတို့ ပူစီပေါင်း


> (13) မြစ်ဝကျွန်းပေါ်အနီး
> အကြီးစားမုန်တိုင်းဝင်နိုင်သည်။
> ဝေးလွန်း၍ မပြောနိုင်ဘူးလား။
> အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။

Thursday, December 23, 2010

အဲဒါ မြန်မာလူမျိုးလား..?

ကျွန်မတို့ မြန်မာလူမျိုး တော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် အခုလို သူများနိုင်ငံတွေမှာ အလုပ်လုပ်ကြရတာပါ...။

ကျွန်မတို့ က မြန်မာလူမျိုးဖြစ်တဲ့ အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ကြင်နာသနားတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းလေးတွေ ရှိကြပါတယ်...။

ဒါပေမဲ့ တချို့တချို့သော မြန်မာတွေက ဒါ မြန်မာလူမျိုးစစ်စစ်ပါလို့ ပြောရခက်စေနိုင်ပါတယ်...။

ဘာကြောင့်လဲဆိုတော့......

ကျွန်မရဲ့ တကယ်အဖြစ်အပျက်လေးကို ပြောပြပါမယ်...။

ကျွန်မတို့လင်မယားဟာ မလေးရှားကို စရောက်ပြီး (နှစ်ယောက်စလုံး အမှန်သမားတွေပါ) အလုပ်ရှာဖို့အတွက် ပီနန်းက သူငယ်ချင်းအိမ်မှာ တည်းခဲ့ပါတယ်။

အဲဒီ့ သူငယ်ချင်းရဲ့ အကိုဝမ်းကွဲ တစ်ယောက်ရဲ့ဆက်သွယ်ပေးမှုဖြင့် မြန်မာ အလုပ်သူဌေး ဖြစ်တဲ့  မစ္စတာ လင်း ( သူ့ကိုယ်သူခေါ်တာပါ. အားလုံးက
ကိုလင်းလို့ဘဲခေါ်ပါတယ်) ဆီမှာ အလုပ်ရခဲ့ပါတယ်။အလုပ်က ၀ါယာကြိုးလေးတွေကို
TV/computer စတဲ့ Electric ပစ္စည်းတွေမှာသုံးဖို့ သေးသေးလေးဖြစ်အောင်
ဖြတ်ပြီး ခဲတို့ပြီး အထုံးလေးတွေ
လုပ်ရတာပါ။တော်တော်လက်ဝင်ပါတယ်။အလုပ်စ၀င်ဝင်ချင်းတော့ တစ်နေ့ကို ရင်းဂစ်၅၀
ရမယ်ပြောတော့ဘာဘဲပြောပြော ပျော်ပြီး အလုပ်လုပ်ဖြစ်ပါတယ်။ အဲဒီမစ္စတာလင်း
ဆီမှာ ကျွန်မတို့အရင် အလုပ်ဝင်တဲ့ စန္ဒာနဲ့ အစိန်ရယ်၊ ကိုချစ်ကိုရယ်
ရှိပါတယ်။ သူတို့နဲ့ မစ္စတာလင်းတို့က မြန်မာပြည်မှာ
တစ်ရပ်ကွက်သားလို့(မြောက်ဥက္ကာလာ)ပြောကြပါတယ်။ ကျွန်မတို့အဲဒီမှာ
အလုပ်လုပ်ရင်း တစ်ပတ်ပြည့်တော့ ပြသာနာစတက်ပါတယ်။ ကျွန်မတို့က
အိမ်လုံးချင်းလေးထဲမှာ (သူဌေးလဲ အဲဒီအိမ်မှာနေပါတယ်) အတူတူနေရင်
အလုပ်လုပ်တာဆိုတော့ မနက်စာ၊ ညစာ ထမင်းစားဖို့အတွက် တစ်ယောက်တစ်လှည့်စီ
အားလုံးအတွက် ထမင်းချက်ပေးရပါတယ်။ စစအလုပ်ဝင်ချင်းတော့ အဆင်ပြေတာပေါ့။
နောက်လဲကျရောအရင် အလုပ်စ၀င်ထားတဲ့ စန္ဒာနဲ့ အစိန်တို့က
အနိုင်ကျင့်လာကြပါတယ်။ သူတို့ ထမင်းချက်တဲ့နေ့ကျရင် မချက်ဘူး။ သူတို့
ဗိုက်ဆာမှာ သူတို့ဘာသ သူတို့ မီးဖိုချောင်ထဲမှာ လုပ်စားကြပါတယ်။
ကျွန်မတို့မှာ မစားရပါဘူး။ ကျွန်မတို့ ချက်တဲ့နေ့ကျရင် အစောကြီး ထပြီး
ထမင်း၊ ဟင်းအကုန်ချက်ထားပါတယ်။ ဒီအကြောင်းကို မစ္စတာလင်းကို တိုင်တော့
အရေးမယူတဲ့အပြင် ကျွန်မတို့ကို ပီနန်းနဲ့တော်တော်ဝေးဝေးက(ဘယ်နေရာဆိုတာ
အခုထိမသိပါ) တောထဲက အိမ်လေးမှာသွားထားပါတယ်။ တစ်ပတ်ကို ထမင်းစားဖို့
ရင်းဂစ်၂၀ ပေးပါတယ်။ အလုပ်တွေကတော့ နေ့တိုင်းလုပ်ရပါတယ်။ မနက်ဆို
အလုပ်လုပ်ဖို့ ပစ္စည်းတွေလာပေးပြီး ညဆို လုပ်ပြီးသားအလုပ်တွေကို
ကားနဲ့လာယူပါတယ်။ ကျွန်မတို့က အမှန်သမားဆိုတော့ အလုပ်ထွက်မယ်ပြောတော့
အလုပ်ထွက်ရင် ရဲခေါ်ပြီး ဖမ်းခိုင်းမယ်၊ အမှန်သမားလဲ ပိုက်ဆံပေးရင် ဘာမဆို
ဖြစ်တယ် ပြောတော့ ကျွန်မတို့ကကြောက်ပြီး ဘာမှ မလုပ်ရဲပါဘူး။ အဲဒါနဲ့
လကုန်တော့ တစ်ယောက်ကို လစာ ရင်းဂစ် ၁၀၀ စီပေးပါတယ်။ ကျွန်မတို့က
ဘာဖြစ်လို့လဲ မေးတော့ မင်းတို့လုပ်တဲ့ ပစ္စည်းတွေက မကောင်းဘူး၊
ငါအကုန်လွှတ်ပစ်ရတယ်၊ မင်းတို့ကို သနားလို့ ၁၀၀ပေးတာ။ မင်းတို့ကတောင် ငါ့ကို
နေစရိတ်နဲ့ စားစရိတ်အတွက် တစ်ယောက်တစ်ထောင်စီ ပြန်ပေးရမယ်ပြောပါတယ်။
ကျွန်မဒေါသအရမ်းထွက်ပြီး ပြန်ပြောခဲ့တယ်။
ကျွန်မတို့လင်မယားနှစ်ယောက်လုံးရဲ့ အ၀တ်အစားတွေ သူက လွှတ်ပစ်ပြီး အိမ်ပေါ်က
အခုချက်ချင်းဆင်းလို့ပြောပါတယ်။ ကျွန်မတို့လဲ (မလေးရှားရောက်စက
သူငယ်ချင်းပေးထားတဲ့ ဖုန်းအစုတ်ကလေးနဲ့) သူငယ်ချင်းကို ဖုန်းဆက်ခေါ်ပါတယ်။
အဲလိုခေါ်တာကို သူက မင်းတို့သူငယ်ချင်းကို ဖုန်းဆက်ခေါ်ရင်
မင်းတို့သူငယ်ချင်းပါ မသာပေါ်လိမ့်မယ်။ ရော့ လမ်းစရိတ် ဆိုပြီး ရင်းဂစ် ၃၀
ပစ်ပေးပြီး သူအိမ်ကိုသော့ခတ် အ၀တ်အစားတွေလွှတ်ပစ်ပြီး ကျွန်မတို့ကို
တောထဲမှာထားခဲ့ပါတယ်။ တော်သေးတာက ကျွန်မ အမျိုးသားက မလေးလို
နဲနဲပြောတတ်ပြီး ကျွန်မက အင်္ဂလိပ်လို နဲနဲပြောတတ်တော့ လမ်းစရိတ်
ရင်းဂစ်၂၅ကျပ်နဲ့ ဘာတာဝပ်ကို ရောက်သွားပါတယ်။ သူငယ်ချင်း ဖုန်းဆက်ထားတော့
သူငယ်ချင်းက ကားဂိတ်မှာ လာကြိုပါတယ်။ ဒီလိုနဲ့ ကျွန်မတို့မှာ မြန်မာလူမျိုး
သူဌေးနဲ့ အလုပ်သမားတွေပေါင်းပြီး ၀ိုင်းအနိုင်ကျင့်တာခံပြီး ဘ၀ကို
ခက်ခက်ခဲခဲ ဖြစ်သန်းခဲ့ရပါတယ်။ လစာလဲ မရခဲ့ပါဘူး။ အမှန်သမားဆိုပေမဲ့
ကျောထောက်နောက်ခံလဲ မရှိတော့ ရဲလဲမတိုင်ရဲပါဘူး။ အခုတော့ မလေးရှားနေတာ
၁နှစ်ရှိပြီ။ မြန်မာပြည်က အကိုနဲ့အမတွေ လိုက်လာပြီး မိသားစု
စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်ပြီး ကိုယ်ပိုင်မြန်မာဆိုင်လေးလဲ
ဖွင့်နိုင်ပါပြီ။ ဒါကျွန်မတို့လင်မယားနှစ်ယောက်ရဲ့ ကိုယ်တွေ့ပါ။
လိမ်ပြောရင် အခုဖွင့်ထားတဲ့ စားသောက်ဆိုင် ပြုတ်ပါစေ။ တကယ်ပါ။ ကျွန်မတကယ်
မသိခဲ့ပါဘူး။ နိုင်ငံခြားရောက်ရင်
ကိုယ့်လူမျိုးအချင်းချင်းကူညီမယ်ထင်ထားတာပါ။ ကျွန်မမေးပါရစေ။ အဲဒီ
မြန်မာလူမျိုးများဖြစ်ကျတဲ့ မစ္စာလင်း။ မစန္ဒာနဲ့ အစိန်တို့ က အခုမှာ
မလေးကိုရောက်လာတဲ့ သူတွေကို ဘာလို့အနိုင်ကျင့်ကြတာလဲ။ သူတို့က ဘုရားစူး
မိုးကြိုးပစ် မြန်မာလူမျိုးတွေဆိုတာ ကျွန်မမစဉ်းစားတတ်အောင်ပါဘဲ။ နောက်မှ
သိရတာက သူတို့က တစ်ဖွဲ့ထဲတွေ၊ ပေါင်းပြီး အဲလိုလုပ်စားနေတာကြာပြီ
ဆိုတာပါဘဲ။ ကျွန်မကို မယုံမှာ စိုးလို့ ဖုန်းနံပါတ်တွေ ရေးပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁နှစ်က အဖြစ်အပျက်ဆိုတော့ ဖုန်းနံပါတ်ပြောင်းသွားရင်တော့ ကျွန်မ
မသိပါ။ ကိုလင်း(ခ) မစ္စတာလင်း - ၀၁၆၄၉၂၉၉၁၈။ ၀၁၂၅၀၀၉၉၁၈။ မစန္ဒာ-
၀၁၇၇၃၅၇၁၂၈။ မြန်မာလူမျိုးအချင်းချင်း အနိုင်ကျင့်ခြင်းမှာ ကင်းဝေးပါစေ။

ဝိုင်းဝိုင်း

၂၃-၁၂-၂၀၁၀


ဒါလေးကလဲ မေးလ်ထဲရောက်လာလို့ သတိထားသင့်သူတွေ သတိထားရအောင် စေတနာနဲ့ သာဖေါ်ပြတာပါ ခင်ဗျာ.. ကျွန်တော်ရေးတာဆိုလို့ ဒီ မှင် အပြာရောင်ပဲ ရှိပါတယ်ခင်ဗျာ

ပို့စ်ခေါင်းစဉ်ကို နှိပ်ပါကလဲ မူရင်း ရေးသားထားသော နေရာကို ရောက်ပါတယ်ခင်ဗျာ

မလေးရှားမှာ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်


ဘယ်သူက ဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလဲတော့ မသိ။ မလေးရှားမှာတော့ တော်တော်အပြော များနေ ကြတယ်။

ဖုန်းတစ်လုံးဝယ်ပေးရင်မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့ကြားနေရတာတော့ ကြာပါပြီ။ဒါပေမဲ့ ကိုယ်တိုင်ကလည်းဘယ်မှမသွား သေသေချာချာလည်း မမြင်မတွေ့ဘူးတော့ မြန်မာအမျိုးသားတွေ (အချို့) ရဲ့ စိတ်ထဲမှာ တကယ်အဲဒီလိုကြီးထင်နေမှန်း မသိခဲ့ဘူး။

လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကမှ ………………..

ကျွန်မက စာရေးလေ့ရေးထ မရှိပါဘူး။စာဖတ်နေရရင် ပျော်နေတတ်တဲ့သူပါ။

အခုတော့ တော်တော်ကိုရေးချင်လာလို့ပါ။

လွန်ခဲ့တဲ့ (၆)ရက်လောက်ကပေါ့လေ………………

ကျွန်မဆီကို မြန်မာမိန်းကလေး အသိနှစ်ယောက် ရောက်လာခဲ့ပါတယ်။

တစ်ယောက်က အိမ်ထောင်သည် ကလေးတစ်ယောက်အမေပါ(အသက်ကတော့ ငယ်သေးတယ် ၂၃ နှစ်ကျော်ပေါ့)။နောက်တစ်ယောက်က အပျို (၁၉)နှစ်ကျော်ပဲ ရှိသေးတယ်။နှစ်ယောက်လုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ။သိပ်တော့ မရင်းနှီးပါဘူး။သူတို့က ၂၅.၁၀.၂၀၁၀ ကမှ မလေးကို ရောက်လာတာပါ။သူတို့က ပီနန် စက်ရုံမှာအလုပ်ရပါတယ်။ကျွန်မကလည်း ပီနန်ထဲမှာပါ။ သိပ်မကြာလိုက်ပါဘူး။၁၁.၁၂.၂၀၁၀ ည(၉)နာရီလောက်ကြီး သူတို့ကျွန်မဆီရောက်လာပါတယ်.။ သူတို့အသိ အမျိုးသားတစ်ယောက် က လိုက်ပို့ပါတယ်။အလုပ်က ပင်ပန်းလို့ မလုပ်နိုင်တော့ဘူး (၀)လိုက်ပြီတဲ့။ အဆင်ပြေမယ်ဆိုရင် ဒီမှာ ခဏနေပြီး အလုပ်ရှာချင်တယ်တဲ့။ကျွန်မကလည်း နေပေါ့။အလုပ်လည်း ၀ိုင်းပြီးရှာပေးမယ်လို့။

အဲဒီမှာ စတော့တာပဲ။ လာလိုက်တဲ့ဖုန်းက တခုမှ အချိုးမပြေ။ဒီကြားထဲ သူတို့က ဖုန်းစပီကာ ဖွင့်ပြောတော့ အကုန်ကြားနေရတော့တာပဲ။တစ်ယောက်ကဆိုရင် ညီမလေးအခု( ၀ ) သွားတော့ အဆင်မပြေဘူးမဟုတ်လား။အကို့ဆီ လာနေပါလား။ ဒါပေမဲ့ လာမယ်ဆိုရင် မြန်မြန် လာပါ။(၂၀)ရက်နေ့အထိပဲ စောင့်နိုင်မယ် (၂၀)ရက်နေ့မှ မလာဘူးဆိုရင် တခြား ကောင်မလေး တစ်ယောက်ကိုပဲ ခေါ်လိုက်တော့မယ်တဲ့။ကြည့်ပါဦး ပြောပုံကို။ နောက်တစ်ယောက် ဆိုရင် (သူက ဖုန်းဝယ်ပေးထားတဲ့သူပါ) ညီမ အခုဘယ်မှာလဲ လာခေါ်မယ် ဆိုတာချည်းပဲ။ကောင်မလေးက အဲဒီလူကို သိပ်မကြည်ဘူးထင်ပါတယ် အခုရောက်နေတဲ့နေရာကို မသိဘူးပဲ ခံငြင်းတာ။အဲဒါနဲ့ အဲဒီလူက ညီမ မသိရင်လည်းအိမ်ရှင် အစ်မကို ပေးလိုက်ပါတဲ့။ အဲဒီညီမက အစ်မ မပြောနဲ့နော်ဆိုပြီး ခေါင်းတခါခါ လက်တခါခါနဲ့ ကျွန်မဆီကို ဖုန်းအတင်းထိုးပေး ပါတယ်။ကျွန်မလည်း မပြောဘူး။ဟိုလိုလို ဒီလိုလိုနဲ့ လိပ်စာအတိအကျ မပြောတတ်ဘူးလို့ ပြောလိုက်တယ်။အဲဒီမှာ အဲဒီအကောင်က ကျွန်မကို ဘာပြောတယ်ထင်လဲ။အစ်မပဲ စဉ်းစားကြည့်ပါ ကျွန်တော့်ဆီက ဖုန်းတော့ယူပြီးတော့ ကျွန်တော့်ရှောင်နေလို့ ရမလားဗျ ဘာပဲပြောပြော ကျွန်တော့်လူဖြစ်သွားပြီပဲ တဲ့။တောက် ဒီ……………………. စိတ်ထဲမှာတော့လေ ကောင်းချီး ပေးလိုက်တာ စုံသွားတာပဲ။ အပြင်မှာတော့ ဘာမှပြောတော့ပါဘူး။ ဖုန်းပဲချလိုက်တယ်။

ဖုန်းချပြီးတော့ ဟဲ့ နင်တို့လူက မလွယ်ပါလား။သူ့ဖုန်းပြန်သာပေးလိုက်ပါတော့လား ဆိုတော့ မပေးနိုင်သေးပါဘူး ဖုန်းတစ်လုံးနည်းတာမှတ်လို့ သူတို့ဝယ်ပေးတော့ ကိုယ်ဖုန်းဝယ်မယ့် ပိုက်ဆံကို မြန်မာပြည် ပို့လို့ရတာပေါ့တဲ့။ ဒါပေမဲ့ နင်တို့လူက သားပြောမယားပြော ပြောနေတာလေ ဆိုတော့ အစ်မရယ် အခုရှောင်နေလိုက်ရင် ပြီးတာပဲ သူဘာတတ်နိုင်တာမှတ်လို့ မလေးရှားမှာက ဒီလိုပါပဲ ညီမတို့ ရောက်ခါစကဆို အဲဒီလိုပဲ လူတစ်ယောက် ဖုန်းဝယ်ပေးပြီးတော့ အဖြေအတင်းတောင်းတာ ညီမကလဲ စဉ်းစားဦးမယ်ချည်း ပြောတာ (၁၀)ရက်လောက်ကြာတော့ ငါ့မကြိုက်နိုင်ရင်လည်း ဖုန်းပြန်ပေးဆိုပြီး ပြန်ယူသွားတယ်။ဒါပေမဲ့ ညီမကလည်း မမှု့ပါဘူး။ဖုန်းဝယ်ပေးချင်တဲ့လူတွေများ တန်းစီနေတာပဲ။ညီမပြောနဲ့ ဟိုအစ်မ မှာတောင် ၀ယ်ပေးချ့င်တဲ့လူတွေ အများကြီးဆိုပြီး အိမ်ထောင်ရှိတဲ့ တစ်ယောက်ကို လက်ညှိုးထိုးပြပါတယ်။

အဲဒါနဲ့ကျွန်မက ဟဲ့နင်အိမ်ထောင်ရှိတာ ပြောမပြဘူးလားဆိုတော့ ပြောပြတယ် ကလေး ဓာတ်ပုံတောင် ထုတ်ပြသေးတယ်တဲ့ သူတို့က မြန်မာပြည်မှာ အိမ်ထောင်ရှိရှိ မရှိရှိ စိတ်မ၀င်စားဘူး အစ်မကိုပဲ စိတ်ဝင်စားတယ်ဆိုပဲ။ငါလဲ ( မရိုမသေစကား ) ငါ့ကိုယ် မပါသွားရင်ပြီးတာပဲ ဆိုပြီး အလိုက်သင့်နေ နေရတယ်။ ဒီရောက်မှ ငါ့လဲ စန်းတွေပွင့်နေလိုက်တာများ အံ့တောင်သြတယ်တဲ့။ သူပြောတာ ကြားရတော့ ဟိုတလောက အင်တာနက်မှာ ဖတ်လိုက်ရတာလေး သွားသတိရ ပါတယ်။ရေးတဲ့လူနာမည်တော့ မမှတ်မိတော့ပါဘူး။ မိန်းကလေးတွေလည်း မလေးရှားရောက်မှ ငါ အရမ်းစန်းပွင့်နေပါလား လို့ မထင်ပါနဲ့ဆိုတဲ့ စာသားလေးပါ။

အခုတော့ မြန်မာမိန်းကလေးဆိုရင် ကိုယ့်မြန်မာအချင်းချင်းသာမက တခြားလူမျိုးတွေကပါ စော်ကားချင်လာကြပြီ။ မြန်မာအမျိုးသားတွေကလည်း မြန်မာမိန်းကလေးတွေကို နှမချင်းစာနာ ပြီးတော့ (တချို့ကပြောပါတယ်။သူတို့မှာ နှမ မရှိပါဘူးတဲ့။နှမ မရှိရင်တောင်မှ အမေဖြစ်ဖြစ် အဒေါ်ဖြစ်ဖြစ် တူမဖြစ်ဖြစ် ဆွေမျိုးသားချင်းထဲကပဲဖြစ်ဖြစ် နောက်ဆုံး သံယောဇဉ် တွယ်ဖူးတဲ့ မိန်းကလေးတော့ရှိမှာပဲ)ကျေးဇူးပြုပြီးတော့ စာနာပေးကြပါ။ မိန်းကလေးတွေကလည်း ကိုယ့်အား ကိုယ်ကိုး စိတ်လေး မြှင့်တင်ပေးကြပါ။ငါဒီမှာ ဘာလုပ်လုပ် မြန်မာပြည်က ဘယ်သူမှသိမှာ မဟုတ်ဘူးဆိုပြီး ထင်ရာမစိုင်းလိုက်ကြပါနဲ့။နောင်တစ်ချိန်ကျရင် နောင်တရပြီး စိတ်ဆင်းရဲရမှာကို စိုးရိမ်လို့ပါ။

ဒါမျိုးအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တကယ့်ကို ရင်မောပါတယ်။ ဟိုတလောက အင်တာနက်မှာ ပြည်ပမှ သူရဲကောင်းများဆိုတဲ့ ခေါင်းစဉ်နဲ့ စာသားလေးကို လူတော်တော်များများ ဖတ်လိုက်ရမှာပါ။ မိဝေးဖဝေး ကိုယ့်တိုင်းပြည်နဲ့ ဝေးပြီးတော့ စားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားမှာ စွန့်စွန့်စားစား ငွေရှာနေရတဲ့ ပြည်ပက အလုပ်သမားတွေ အားလုံးဟာ သူရဲကောင်းတွေတဲ့။ဘာပဲပြောပြောပေါ့လေ အားလုံးဟာ တမျိုးမဟုတ် တမျိုးတော့ အခက်အခဲရှိကြပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးအပေါင်းအသင်းတွေနဲ့ ဝေးပြီး ရေခြားမြေခြားကို ရောက်နေတဲ့ အချိန်မှာ ကိုယ့်မြန်မာလူမျိုးအချင်းချင်း ရေနစ်သူကို ၀ါးကူထိုးတာမျိုး မလုပ်ဘဲနဲ့ ဖေးဖေးမမ စာစာနာနာနဲ့ ကူညီစောင့်ရှောက်ကြမယ်ဆိုရင် ယုံကြည်ပါတယ်။ မြန်မာလူမျိုးဆိုရင် ဘယ်သူက နှိမ့်ချရဲမှာလဲ။စော်ကား ရဲမှာလဲ။


ချောကလက်မြို့တော်မှ မအေးအေးရဲ့ ပို့စ်ဖြစ်ပါတယ်.။ မေးလ်ထဲရောက်လာလို့ ပြန်လည်မျှဝေပါသည်။

ဆေးလိပ်ကြိုက်သူတွေအတွက် အကောင်းဆုံးပုံတွေ



The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

မေးလ်ထဲရောက်လာ တာလေးများကို ပြန်လည်ဝေမျှပါသည် ခင်ဗျ.

Wednesday, December 22, 2010

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၅၀ ဘီလျံခန့်ရန်ပုံငွေရရှိ

ကမ္ဘာ့ဘဏ်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအတွက် အကူအညီ ရန်ပုံငွေဒေါ်လာ ၄၉ ဒသမ ၃ ဘီလျံထိ စံချိန်တင်ရရှိထားကြောင်း ယင်းရန်ပုံငွေများဖြင့် အဆင်းရဲဆုံးနိုင်ငံ ၇၉ နိုင်ငံကို အတိုးမဲ့ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ကလေးသန်း ၂၀၀ ခန့်ကို ကာကွယ်ဆေးထိုးပေးရန် လူသန်း ၃၀ ကျော်ကို ကျန်းမာရေးဝန်ဆောင်မှုပေးရန် လူသန်း ၈၀ ကျော်ကို ရေရရှိမှုအကူအညီပေးရန်တို့တွင် ရန်ပုံငွေများတိုးမြှင့်သုံးစွဲ သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ "အလှူရှင်နိုင်ငံတွေက ဒီလိုကူညီခဲ့တာဟာ ဖွံ့ဖြိုးရေးရန်ပုံငွေကို အကူအညီပေးရုံအတွက်သာမက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ်ပါ ရှုမြင်ကြောင်း ဖော်ပြလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့တိုးတက်မှုအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ တိုးတက်မှုက လိုအပ်ပါတယ်"ဟု ကမ္ဘာ့ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး နာဂိုဇီအိုကိုအမ်ဂျိုအီဝီအာကာက ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့သို့ ကူညီရန်ကတိပြုထားမှုသည် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ အဓိကအလှူရှင်နိုင်ငံများ ဘရပ်ဆဲလ်တွင် တွေ့ဆုံခဲ့ပြီးနောက် ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းရန်ပုံငွေသည် ဆင်းရဲသော အာဖရိက ၃၉ နိုင်ငံအပါအ၀င် နိုင်ငံ ၇၉ နိုင်ငံအတွက် ကမ္ဘာ့အကြီးဆုံးရင်းမြစ်တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံအပါအ၀င် အလှူရှင် ၅၁ နိုင်ငံက အရေးပေါ်အကျပ်အတည်း ကူညီရေးရန်ပုံငွေတစ်ရပ် ထူထောင်ထားသောအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့သို့ ထည့်ဝင်ကူညီနေကြသည်။ အကူအညီရန်ပုံငွေ၏ ၄၃ ရာခိုင်နှုန်းကို ဥရောပသမဂ္ဂနိုင်ငံများက ကူညီကြသည်။


၁၉၆၀ က စတင်တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ရန်ပုံငွေသည် ဒေါ်လာ ၂၂၀ ဘီလျံကျော်ကူညီထားပြီး ပြီးခဲ့သည့်နှစ်များအတွင်း တစ်နှစ်လျှင် ပျမ်းမျှဒေါ်လာ ၁၄ ဘီလျံခန့် ကူညီခဲ့သည်။ ၂၀၀၇ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သော အစည်းအဝေးတွင် ၂၀၁၁ ဇွန်လတွင် သက်တမ်းကုန်ဆုံးမည့် စီမံကိန်းများအတွက် ဒေါ်လာ ၄၁ ဒသမ ၇ ဘီလျံထိ ရရှိခဲ့သည်။

http://www.news-eleven.com/

ငါသည်သာ ငါ့ပြိုင်ဘက် (ဂျောက်ဂျက်)


င့ါညီ



ငါပြန်လာပြီ


ထားခဲ့လိုက်


ဖုန်းဆက်



Tuesday, December 21, 2010

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့်ပတ်သက်၍ဝေဖန်မှုများ ထွက်ပေါ်

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပပြုလုပ် ခြင်းသည် မြန်မာအနုပညာရှင်တို့၏ မင်္ဂလာ အခမ်းအနားများတွင် အကြိမ်အများဆုံး ကျင်းပပြုလုပ်သည့် မင်္ဂလာပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်ပြီး မင်္ဂလာပွဲများတွင် ၀တ်စုံ၊ ပန်း၊ မိတ်ကပ်၊ လက်ဝတ်ရတနာ၊ ဖိနပ် စသည်တို့ကို စပွန်ဆာပေးမှုများ အနက် အများဆုံး စပွန်ဆာပေးခံရသည့် မင်္ဂလာပွဲတစ်ပွဲလည်း ဖြစ်လာသည်ဟု သိရသည်။

ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲ အခမ်းအနားမှာ ခြောက်ပွဲ ဖြစ်နေသည့်အပြင် ပြည်တွင်းရုပ်သံလိုင်း တစ်ခုဖြစ်သည့် MRTV 4 တွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည့် ပထမဆုံး မင်္ဂလာပွဲ ဖြစ်သည့်အတွက် ပရိသတ် စိတ်ဝင်စားမှု ပိုမိုလာခြင်းနှင့် ဝေဖန်မှုများလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။

''နာမည်ကြီး မင်းသားနဲ့ မင်းသမီး နှစ်ယောက်ရဲ့ မင်္ဂလာပွဲဆိုတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဓိကတော့ သူတို့ဘာဝတ်မှာလဲ၊ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ လာကြမလဲ၊ စပွန်ဆာတွေ အများကြီး ရထားတာဆိုတော့ အခြား မင်္ဂလာပွဲတွေနဲ့ ဘာကွာမှာလဲ စိတ်ဝင်စားစရာတွေက အများကြီးပေါ့။ MRTV 4 ကလည်း မင်္ဂလာပွဲကို တိုက်ရိုက်လွှင့်မယ်ဆိုတော့ အိမ်ကနေ စောင့်ကြည့်ဖို့ စိတ်ကူးထားတယ်''ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောပြခဲ့သည်။

''သူတို့နှစ်ယောက် အနေနဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား လုပ်တယ်ဆိုတာ သဘာဝကျပေမယ့် ခြောက်ပွဲလောက် လုပ်တယ်ဆိုတာကတော့ နည်းနည်းများလွန်းသွားသလိုပါပဲ။ ဒါကတော့ အစစအရာရာ ကုန်ကျစရာ သိပ်မလိုဘဲ စပွန်ဆာတွေ ၀ိုင်း ပေးကြတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ အခုလို အခြေအနေမျိုးမှာတော့ လူအများစုက သူတို့နှစ်ယောက်နဲ့အတူ လိုက်မပျော်နိုင်ပါဘူးဗျာ။ ကိုယ့်ဒုက္ခနဲ့ကိုယ်ပါ'' ဟု ပရိသတ်တစ်ဦးက ဝေဖန်သုံးသပ်ခဲ့သည်။

ဇန်န၀ါရီလအတွင်း ပြုလုပ်မည့် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲသည် သတို့သား သတို့သမီး နှစ်ဦးစလုံးမှာ ပရိသတ်အများ စိတ်ဝင်စားသည့် ထိပ်တန်း အနုပညာရှင်နှစ်ဦး ဖြစ်နေခြင်းကြောင့်လည်း မင်္ဂလာပွဲအတွင်း လိုအပ်သည့် ၀တ်စုံ၊ လက်ဝတ်ရတနာမှအစ ပန်း၊ဖိနပ် အထိ အဆုံး အမျိုးစုံ စပွန်ဆာ ၀ိုင်းပေးကြမှုများ ပါဝင်နေခြင်းဖြစ်သည်ဟု ပရိသတ်များကြားတွင် ဝေဖန်သုံးသပ်မှုများ ရှိနေခဲ့သည်။

''နာမည်ကြီး နှစ်ယောက်ရဲ့ပွဲ ဆိုတော့ သူတို့ကို စပွန်ဆာပေးတဲ့ သူတွေကို ဂျာနယ်တွေပေါ်မှာ ကျယ်ကျယ်ပျံ့ပျံ့ ဖော်ပြကြမှာပဲလေ။ တီဗီမှာလည်း လွှင့်ဦးမယ်၊ အခွေလည်း ထုတ်ဦးမယ်ဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပွဲတွေနဲ့အတူ စပွန်ဆာ ပေးတဲ့ သူတွေအားလုံးက အကြိမ်ကြိမ် ကြော်ငြာပြီးသား ဖြစ်သွားမှာပဲ။ ဒါကို တွက်ဆမိပြီး စပွန်ဆာပေးကြတာလို့လည်း တွေးလို့ရပါတယ်။ ရုပ်သံမှာ ပြမယ်ဆိုလည်း ပရိသတ် စိတ်ဝင်စားမှုအရ ကြော်ငြာဆိုတာ အများကြီး လက်ခံရနိုင်တယ်လေ။ တစ်နည်းအားဖြင့်တော့ သူတို့ပေါ်မှာ မူတည်ပြီးတော့ အပြန်အလှန် လုပ်စားကြမယ့် ပွဲပဲပေါ့''ဟု ပရိသတ်တစ်ဦးကလည်း ထပ်မံ သုံးသပ်ပြခဲ့သည်။

''ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်မည့် လက်ထပ်မင်္ဂလာ ပွဲများမှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တောင်းရမ်းမင်္ဂလာကို အိန္ဒြာကျော်ဇင်၏ နေအိမ်၌ လည်းကောင်း၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး မင်္ဂလာကို Traders Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆွမ်းကျွေးမင်္ဂလာကို မဟာစည် သာသနာ့ရိပ်သာတွင် လည်းကောင်း၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာကို Sedona Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လက်ထပ်မင်္ဂလာပွဲကို Sedona Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel တွင် လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ လက်ထပ်မင်္ဂလာပွဲများအတွက် ၀တ်စုံများအား ဒီဇိုင်နာ ခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid၊ Silk & Style၊ Euphoria၊ မိုးကုတ် ပေါက်ပေါက် တို့မှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပြီး လက်ဝတ်ရတနာများအား She Shine၊ စိန်နန်းတော်၊ှSP Gems တို့မှ ကူညီပံ့ပိုးပေးမည် ဖြစ်သည်ဟု သိရသည်။ လက်ထပ်လက်စွပ်များအား She Shine မှ မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဖွဲ့ပေးထားပြီး ပန်းအလှ ဆင်ယင်မှုအတွက် Marvelous, Eternal Flower, ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦး တို့မှ မေတ္တာဖြင့် ပန်းအလှ ဆင်ပေးသွားမည်ဟု သိရသည်။ ထို့အပြင် ရွှေနဂါးဖိနပ်ဆိုင်မှ စုလျားရစ်ပတ် ဘိတ်သိတ်ပွဲ အတွက် ဖိနပ်များကို မေတ္တာဖြင့် ကူညီပံ့ပိုးပေးသွားမည်ဟု သိရသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်မည့် လက်ထပ်မင်္ဂလာပွဲ ကျင်းပပုံ အစအဆုံးအား MRTV 4 ရုပ်သံဌာနမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး ကျန်မင်္ဂလာပွဲ ငါးပွဲအားလည်း MRTV 4 ရုပ်သံဌာနမှပင် ရိုက်ကူး၍ အပိုင်းလိုက် ပြန်လည် ထုတ်လွှင့်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

''ပရိသတ်တွေ တစ်ကယ်စိတ်ဝင်စားလို့ Live လွှင့်မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ မင်္ဂလာပွဲတစ်ခုကို Live လွှင့်တာ မြန်မာပြည်မှာ ဒါပထမဆုံးပါလေ။ ဒါပေမယ့် သတင်းစီးဆင်းမှု ပုံမှန်မရှိသေးတဲ့ ဒီလိုအချိန်မှာ MRTV က Live လွှင့်ပေးမယ်ဆိုတော့ အံ့သြမိပါတယ်။ အခု မင်္ဂလာပွဲက Live လွှင့်ရလောက်တဲ့အထိ ပရိသတ်တွေ တကယ် စိတ်ဝင်စားနေပြီလား။ ပြည်သူတွေ တကယ် စိတ်ဝင်စားတဲ့ သတင်းတစ်ချို့ ပရိသတ်ရှေ့ကို ရောက်မလာနိုင်သေးတဲ့ အချိန်မှာ ဒီလို Live လွှင့်တာအတွက်တော့ မေးခွန်းထုတ်စရာပါ''ဟု Weekly Eleven News Journal မှ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင် ကပြောပါသည်။

''ပရိသတ်တွေအတွက် စံပြမင်္ဂလာစုံတွဲရဲ့ မင်္ဂလာဆောင် တစ်ခု အနေနဲ့ MRTV 4 က Live ရိုက်ပြတာလား။ ဒါဆိုရင်တော့ ကျေနပ်စရာ ကောင်းမှာပါ''ဟု အနုပညာလောကသား တစ်ဦးက ပြောပါသည်။

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ လက်ထပ်မင်္ဂလာ သတင်းနှင့် ပတ်သက်၍ ဂျာနယ်စာမျက်နှာများ၊ Facebook နှင့် အွန်လိုင်းပေါ်ရှိ ၀က်ဘ်ဆိုက်အချို့တွင် သတင်းရေးသား ဖော်ပြမှုများ ရှိနေသကဲ့သို့ ယင်းဖော်ပြမှုများအား ဖတ်ရှု၍ ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

http://www.news-eleven.com/

Monday, December 20, 2010

တကယ်ဆိုရင် အချစ်ပဲလိုတယ် (ချမ်းချမ်း)


ကိုယ်တစ်ယောက်တည်း



အချိန်သိပ်မရသေးလို့ ကျန်သေးတဲ့ အပုဒ်တွေကို ဒီနားမှာ မတင်နိုင်သေးတာပါခင်ဗျာ.အားမရသေးရင်တော့ ဒီနေရာမှာ သွားကြည့်နိုင်ပါသေးတယ်ခင်ဗျာ...

www.youtube.com/laymoe

Sunday, December 19, 2010

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏လက်ထပ်မင်္ဂလာပွဲအား ဇန်န၀ါရီလအတွင်း ခြောက်ပွဲပြုလုပ်မည်

သရုပ်ဆောင်ပြေတီဦး နှင့်အိန္ဒြာကျော်ဇင်တို့၏ လက်ထပ်မင်္ဂလာပွဲအား ဇန်န၀ါရီလအတွင်း ခြောက်ပွဲတိတိခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မင်္ဂလာပွဲကျင်းပပုံအစအဆုံးအား ရိုက်ကူးမှုပြုလုပ်သွား၍ ဖြန့်ချိသွားရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။

ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်ရန်စီစဉ်ထားသည့် လက်ထပ်မင်္ဂလာပွဲများမှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တောင်းရမ်းမင်္ဂလာကို အိန္ဒြာကျော်ဇင်၏နေအိမ်၌လည်းကောင်း၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုးမင်္ဂလာကို Traders Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆွမ်းကျွေးမင်္ဂလာကို မဟာစည်သာသနာ့ရိပ်သာရိပ်သာတွင်လည်းကောင်း၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် စုလျားရစ်ပတ်ဘိတ် သိတ်မင်္ဂလာကို Sedona Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လက်ထပ်မင်္ဂလာပွဲကို Sedona Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel တွင်လည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်ဟုသိရှိရသည်။

"ကျွန်တော်တို့မင်္ဂလာပွဲကို ခြောက်ပွဲလုပ်ဖြစ်တယ်ဆိုတာကတော့ အနုပညာမောင်နှမတွေရော၊ နှစ်ဖက်သောဆွေမျိုးမိဘအသိုင်းအ၀န်းတွေရော၊ သူတို့အားလပ်တဲ့ရက်လေးမှာ အဆင်ပြေတဲ့ပွဲလေးကို လာနိုင်အောင်လို့စီစဉ်ဖြစ်တဲ့သဘောပါ။ ကျွန်တော်တို့မင်္ဂလာပွဲကိုတွေ့မြင်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အခွေရိုက်ကူးဖြန့်ချိပေးသွားဖို့စီစဉ်ထားပါတယ်" ဟုသရုပ်ဆောင်ပြေတီဦးက ပြောပြခဲ့သည်။

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏ လက်ထပ်မင်္ဂလာပွဲများအတွက် ၀တ်စုံများအားဒီဇိုင်နာခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid ၊ Silk&Shine၊ Euphoria၊ မိုးကုတ်ပေါက်ပေါက်တို့မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး လက်ဝတ်ရတနာများ အား She Shine၊ စိန်နန်းတော်၊ SP Gems တို့မှကူညီပံ့ပိုးပေးမည်ဖြစ်သည်ဟု သိရသည်။ လက်ထပ်လက်စွပ်များအား She Shine မှ မင်္ဂလာလက်ဖွဲ့အဖြစ်လက်ဖွဲ့ပေးထားပြီး ပန်းအလှဆင်ယင်မှုအတွက် Marvelous ၊ Eternal Flower ၊ ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦးတို့မှမေတ္တာဖြင့်

ပန်းအလှဆင်ပေးသွားမည်ဟုသိရသည်။ ထို့အပြင်ရွှေနဂါးဖိနပ်ဆိုင်မှ စုလျားရစ်ပတ်ဘိတ်သိတ်ပွဲအတွက် ဖိနပ်များကိုမေတ္တာဖြင့် ကူညီပံ့ပိုးပေးသွားမည်ဟုသိရသည်။ မင်္ဂလာပွဲများတွင်ပါဝင်မည့် လက်စွပ်ဗန်းကိုင်၊ သတို့သားသတို့သမီးအရန်စသည်တို့အဖြစ် ပါဝင်ကူညီမည့်အနုပညာရှင်များစာရင်းကိုမူ ထပ်မံအသိပေးသွားမည်ဟုသိရသည်။

Saturday, December 18, 2010

လူခြောက်

လူခြောက်


လူခြောက်-ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း

* အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
* အမြှုပ် တစ်သတ္တာဟ။
* သားတစ် တစ်သတ္တာဟ။
* အခဲ တစ်သတ္တာဟ။
* ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
* ၄င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။

၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။

ထိုအခါ၌ ၄င်းလူသားလောင်းကလေးမှ ဘ၀ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၄င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။

အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။

ဒီအကြောင်းလေးကို အောင်နိုင်သူ Blogger မှတဆင့်ကူးယူ တင်ပြခြင်းဖြစ်ပါတယ်။

Friday, December 17, 2010

ဖြစ်မလာခဲ့သော ဖြစ်ချင်နေတာ

ဘ၀က လူနေချုံကြား စိတ်နေဘုံဖျား ဆိုတဲ့ စကားကိုသဘောကျမိတာပါပဲ ။ အနေစုတ်တာကို မြင်ပြီး ရွှေထုပ်တဲ့ မြပုဝါများဖြစ် နေလေမလားလို့ ထင်သူ အရူးသာလျှင်ဖြစ်ပေမပေါ့...။ ခါးသီးလွန်းတဲ့ဘ၀တွေကို မုန်းတီးလွန်းလို့ အခြေမတင့်ခင် မှာ စိတ်ဓါတ်ကလေးတော့ ဘုံဖျားရောက်တန်ကောင်းပါရဲ့ လို့ ထောက်ကန် ထားရသူပါ ။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ အတ္တုပ္ပတ္တိတွေ ဖတ်ပြီး တိတ်တခိုးအားကျနေသူပေါ့။ လောကဓံ မုန်တိုင်းကြားမှာ မြုပ်ချည်ပေါ်ချည်နဲ့ ကူးခတ်လာတာ ဘာလိုလိုနဲ့ အနှစ်နှစ်ဆယ်တောင် မသိမသာ ကနေ သိသိသာသာ ကျော်လာခဲ့ပြီလေ။ ဘ၀ရဲ့သက်တမ်း သုံးပုံတစ်ပုံပေးဆပ်လိုက်ရတာတောင် အနာဂတ်က ရေးတေးတေး ဖြစ်နေတုန်းပါကလား။

ငယ်ငယ်ကတည်းက ဂျော့ဘားနပ်ရှောကို အားကျခဲ့သလို ၊ ၀င်စတန်ချာချီ နဲ့ ဂျက်လန်ဒန်တို့ရဲ့ စားဖတ်အားကို လိုက် တုဖူးတယ်... အထိုက်အလျောက်ပေါ့လေ ၊ပြင်သစ်ဧကရာဇ် နပိုလီယန် လိုများ ဦးနှောက်ကောင်းလေမလားလို့ ဖဲရိုက်ရင်း တစ်ဖက်ကနေ စစ်တုရင် ကစားခဲ့ဖူးတယ် ၊ အထက်တန်း ကျောင်းသား ဘ၀ကတည်းက ပီမိုးနင်း စာအုပ်တွေဖတ်ပြီး မနက်ဖြန်ကနေစပြီး စာရေးတော့မယ်လို့ ဘေးက သူငယ်ချင်းကောင်မလေးကို လှမ်းပြီးလေထွားတာကို ဆရာမ မိသွားတော့ ခုံပေါ်မှာ မတ်တပ် ။ ဆရာ တက်တိုးရေးတဲ့ “ စာရေးနည်းလမ်းညွှန် ” စာအုပ်ကို ခဏခဏ ဖတ်ပြီး ၊ ဆရာဖေမြင့်ရဲ့ “နံမည်တစ်လုံးရမလာခင်တုန်းက” စာအုပ်ကို အခုထိ ခေါင်းအုံးအောက် ထားဖတ်ဆဲ ၊
ဆရာ ဒဂုန်ရွှေမျှား ရေးတဲ့ “၀တ္ထုရေးနည်း ဘာသာပြန်နည်း ” စာအုပ်ကိုတော့ ဖတ်နေဆဲပါ ။ စာရေးဆရာ ဖြစ်ချင်ပေမယ့်လည်း တစ်ကယ့်အောင်မြင်ပေါက်ရောက်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ဆိုတာကတော့....ခုချိန်မှာ မှုန်ပြာရီ...(မှုန်ပြာရီ...ရာသီ...တွေပြောင်း တစ်ဆောင်း တစ်ဆောင်း သစ်ခဲ့ပြန်ပြီ ဆိုသော ကျွန်တော် နှစ်သက်သည့် အဆိုကျော် ကိုသန်းလှိုင်၏ သီချင်းက ရင်ထဲမှာ တိုးတိုးမွေ့မွေ့ ထွက်ပေါ် လာနေ ပါသည်။) ဒါကိုသိတော့ ကျွန်တော်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ မော်ဒယ်လ်ရုပ်ရှင် သရုပ်ဆောင် မိုးယုစံ ကလေးက ပြီးခဲ့လေသော သင်္ကြန်တုန်းက ( ၀ါးတား ၀ါးတား လာမလုပ်နဲ့ ) ဆိုပြီး မပီကလာ ပီကလာ နဲ့ စောင်းမြောင်း ဆိုသွားသေးရဲ့...။

ငယ်ငယ်ကပေါ့လေ.. အိမ်မှာစားစရာမရှိလို့ ထမင်းအိုးထဲက ထမင်းကြမ်းခဲလေးကို ဇလုံလေးထဲထည့်ပြီး သားအမိနှစ်ယောက်ရဲ့ အလယ်မှာထားပြီး သားနဲ့အမိ မျက်နှာချင်းဆိုင် အဓိပ္ပါယ်ပါတဲ့ အကြည့်တွေကို ကြည့်နေကြရင်း ..........၊ အမေက ဖျာအောက်မှာထည့်ထားတဲ့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံပါ တစ်ကျပ်တန် အစိမ်းရောင်လေး တစ်ရွက်ကို ဆတ်ခနဲဆွဲယူလိုက်တယ်... ကျွန်တော်ကလဲ မနေ့က ကျောင်းမှာ မစားဖြစ်ခဲ့တဲ့ မုန့်ဖိုးဖြစ်တဲ့ အနီရောင်ကျပ်တန်လေးကို ကျွန်တော့်လွယ်အိတ်စုတ် ကလေးထဲက သွားယူပြီး အမေ့လက်ထဲ ထည့်လိုက်တယ်.. ဈေးကွက်ထဲမှာ ကုလားဒယ် (သရက်သီးသနပ်) တစ်ထုပ်ကို မြန်မာငွေ သုံးကျပ်ပေါက်ဈေးရှိတဲ့ အချိန် ကျွန်တော်နဲ့ အမေက အစာအိမ်နဲ့ စစ်ခင်းဖို့ လက်နက်ဝယ်ရန် ပြင်ဆင်ကြသလို အူယားဖားယားပါပဲ... အမေက ဖျာအောက်ကို ထပ်လှန်ကြည့်သေးတယ် ၊ တော်တော် မြင့်မြင့်ရောက်အောင် မြှောက်ပင့်ကြည့်တာတောင် ဖုန်တက်နေတဲ့ ၀ါးကြမ်းခင်းလေးသာ မျက်စိရှေ့မှာ ။ ခေါင်းအုံးအောက်ကို နှိုက်၊ စောင်ခေါက်တွေလှန်... စာအုပ်တွေဖြန့်တာတောင် ငါးမူးစေ့ တစ်စေ့မတွေ့ ၊ အပေါ်ကိုမော့လို့ ဓနိကြားထဲလက်နှိုက်တော့လဲ.. မိုးရေ၀ပ်နေတဲ့ ဓနိမိုးနဲ့ ထိတွေ့မိလို့ လက်ကလေးတွေတော့ အေးသွားသား ၊ ဒါပေမယ့် အစာအိမ်ကတော့ ပူလောင်လို့ကောင်းနေတုံး..။


အမေနဲ့ ကျွန်တော် အဓိပ္ပါယ်ပြည့်ဝတဲ့ အကြည့်တွေနဲ့ မျက်နှာချင်းဆိုင်မိပြီး သကာလ.၊ အမေ နောက်ဖေးချောင်ထဲ ၀င်သွားတယ် ။ မကြာခင်ပြန်ထွက်လာတော့ အမေ့လက်ဖ၀ါး ဖြူဖြူလေးပေါ်မှာ အမေ့လက် ထက်ပိုဖြူတဲ့ အဖြူရောင် အမှုန့် သေးသေးလေးတွေ ..၊ ထိုနေ့က လည်ပင်းကြီးရောဂါ ကို သားအမိနှစ်ယောက် မတိုင်ပင်ပဲ အိုင်အိုဒင်းဓါတ် လုံလောက်စွာဖြင့် ကာကွယ်မိသွားတယ်။


ငယ်ငယ်ကဆို ကျောင်းမှာ တော်တဲ့လူတွေ စုထားတဲ့ အခန်းကနေ လူမိုက်တွေ ပေါင်းထားတဲ့ အခန်းကို ခဏခဏ ရွှေ့ခံရတယ်။ စာနဲ့ရတဲ့ အမှတ်ကြောင့်သာ တော်တဲ့အခန်းရောက်တာ ၊ ပြီးတော့ စည်းကမ်းမရှိဘူး ရန်ဖြစ်တယ် .. ဘာဖြစ်တယ် ညာဖြစ်တယ်တွေနဲ့ ခဏခဏ အခန်းပြောင်းရတာပါပဲ။ ကျွန်တော်က လူတော် လူမိုက်ဗျ ။ စိတ်ပညာလဲ စိတ်ဝင်စားတယ်၊ လူတိုင်းနဲ့တော့ တည့်အောင်မပေါင်းတတ်သေးဘူး၊ (စိတ်မှ မပါတာ) အင်္ဂုလိမာလ တို့ ဂဠုန်ဆရာစံ တို့လိုလူမျိုးတွေနဲ့ ပလဲနံပ သင့်အောင်တော့ မနေနိုင်ပေါင် ။ တက္ကသိုလ်ရောက်ရင်တော့ စိတ်ပညာ ဘာသာရပ်ကိုပဲ ယူမယ် ၊ လူတွေရဲ့စိတ်ကို လေ့လာမယ်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်အောင် လေ့ကျင့်မယ်လို့ ရည်မှန်းချက် ထားဖူးတယ်။ တက္ကသိုလ်မရောက်သေးပါဘူး ၊ ခုနှစ်တန်း ရှစ်တန်းကျောင်းသားလောက် ကတည်းက စိတ်ပညာစာအုပ်တွေ ဖတ်တယ်၊ စိတ်တန်ခိုးကျင့်စဉ်တွေ ကျင့်တယ်၊ လူက ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေမှု မရှိဖြစ်လာတာကိုတော့ ခံစားမိတယ်။ ဒါပေမယ့်လည်း အတွေးအခေါ် ဖီလော်ဆော်ဖီ တွေပါ ပေါင်းဖတ်မိပြီး ရပ်ကွက်ထဲက လူတွေနဲ့ ကျွန်တော် စကားပြောရတာ အဆင်မပြေတော့တာပဲ။

ကိုယ်ပြောတာလည်း သူတို့နားမလည် ၊ သူတို့ ပြောတာလဲ ကိုယ်က လက်ခံလို့မရဖြစ်လာတော့တာပဲ။ သူများတွေ နဲ့ ဖြစ်တဲ့ ပြဿနာကို ပြောနေရင် သူတို့ကွယ်ရာမှာ ပြောလို့ အတင်းဖြစ်နေဦးမယ်။ တစ်ကယ်တော့ ကျွန်တော်ကတစ်လုံးခြင်း ရိုက်ပြနေတာပါ။ နောက်ဆုံးတော့ဗျာ သူတို့က ကျွန်တော့်ကို ဘ၀င်ရူး လို့ သတ်မှတ်ပြီး ကျဉ်လိုက်ကြတယ်။ ကျွန်တော်ကလဲ အသိဥာဏ်နဲတဲ့လူတွေ ၊စာလဲမဖတ်ကြဘူး ဆိုပြီး ခပ်ရှောင်ရှောင်နေတယ်။ ဒါပေမယ့် လမ်းထဲက ပညာတတ် စာဖတ်ဝါသနာ ပါသူတွေနဲ့ တော့ စကားပြောဖြစ်တယ်။


ဘ၀မှာ ဖြစ်ချင်တာတွေက သိပ်များနေမလားပဲ ။ မွဲတေလွန်းတဲ့ ဘ၀ထဲ ကျင်လည်ကြက်စား ... အဲ ကျင်လည် ကျက်စားလာခဲ့သူမို့ သန်းကြွယ်ချင်တာ.... သူဌေးဖြစ်ချင်တာလဲ မိုးယံပဲ ။ အိုနာစစ် အကြောင်းရှာဖတ်သလို ဘီလ်ဂိတ်ကိုလဲ ဆရာတင်ထားတယ်၊ ပီနန်းကျွန်းကို ပိုင်တဲ့ စာတစ်လုံးမှ မတတ်သူ တရုတ်အဘိုးကြီး လိုဘွန်စွီး ကိုလည်း အတုခိုးမလို့ မလေးရှားထွက်လာခဲ့သေးတယ်.။ ဒီကြားထဲ ချဲလ်ဆီးအသင်းပိုင်ရှင်ကို တောင် မနာလို ဖြစ်မိသေးချိန်မှာပဲ ဗြိတိန်က ၁၆ နှစ်သားလေးက သန်းကြွယ်သူဌေးဖြစ်သွားပြီဆိုပဲ။ ဗြုန်းဆို... မန်ချက်စတာယူနိုက်တက် အသင်းကြီး ကိုလက်တွေ့ အကောင်အထည် ဖေါ်လုဆဲဆဲ ပုဂ္ဂိုလ်ကြီးကိုတောင် ဘာမဆိုင် ညာမဆိုင် ....။

တက်ကျမ်းတွေကို ထရံပေါင်ဖြစ်မတတ် ဖတ်ဖြစ်ခဲ့တယ်.. ပီမိုးနင်းကအစ နပိုလီယံဟီးလ်အထိ အကုန်ဖတ်တယ်၊ မြန်မာပြန်တွေလဲပါပေါ့၊ နောက်ပိုင်းမှာ ပုံနှိပ်စာလုံးမြင်သမျှ အကုန်ဖတ်တယ် ၊ ညဘက် လမ်းထိပ်မှာ ဘယာကြော် သွားစားဖြစ်တဲ့ ညတွေမှာဆိုရင်လည်း ဘယာကြော်ထုပ်တဲ့ စက္ကူတွေကအစ မလွတ်စေရဘူး ၊ နောက်ပိုင်း အဆင်ပြေလာတော့ စာအုပ်ဆိုင်မှာ ငှားဖတ်နိုင်လာခဲ့တယ်။ ကျွန်တော်လဲ ငါးဆယ် တစ်ရာရတဲ့ အလုပ်တွေလုပ်နိုင်နေတော့ အဲဒီချွေးနည်းစာလေးတွေ စုပြီး စာအုပ်ငှားဖတ်တယ်.။ အဲဒီမှာ အားမရဖြစ်တာက စာအုပ်တွေမှာတွေ့ရတာက တစ်ချို့ဘာသာပြန်စာအုပ်တွေဆိုရင် စာအုပ်ထိပ်မှာရေးထား တာတွေက ဆီလျော်အောင်ပြန်ဆိုသည် ဆိုတာတွေကို မကြာမကြာတွေ့ရတော့။ မူရင်းစာအုပ်တွေကို လက်လှမ်းမှီရာလိုက်ကြည့်လိုက်ပြီး အဘိဓါန်နဲ့ တိုက်ကြည့်တော့ စာရေးဆရာတွေ တင်ပြပုံကတစ်မျိုး မူရင်းရေးသူကတစ်ဖုံ တင်ပြတယ်ဆိုတော့ ၊ ဘာမှမဟုတ်တဲ့ကောင်က ပညာရှင်တွေ ဘာသာပြန်တာကို စော်စော်ကားကား မာနထားပြီး ကိုယ်တိုင်မူရင်းတွေဖတ်မယ် စိတ်ကူးမိပြန်ရောဗျာ... ဘာပဲဖြစ်ဖြစ်လေ... နိုးနိုး ဒါလင်ကို ကျွန်တော်က “မဟုတ်ဘူး မဟုတ်ဘူး ယောက်ျားလို့” ဘာသာပြန်တာပေါ့... ဒါပေမယ့် စာရေးဆရာကတော့ “ဟင့်အင်း ဟင့်အင်း အချစ်ရယ် ”လို့ပြန်တယ်လေ၊ အဲဒါနဲ့ ကိုယ်လဲ သူများဘာသာပြန်တာတွေပဲ ပြန်ဖတ်ဖြစ် တော့တယ်၊ ကိုယ်ပြန်လဲ လွဲနေမှာကိုး ။ ဒါတောင် မာနကမလျော့ သေးဘူး။ ကမ္ဘာကျော် သီတဂူဆရာတော်ဘုရားကြီးက အသက် နှစ်ဆယ့်ငါးမှ အင်္ဂလိပ်စာ စသင်တာဆိုတော့ ၊ ကိုယ်ကလဲ အားမလျော့သေးပါဘူး.. အခုလည်း လက်လှမ်းမီရာ လေ့လာနေတယ်.. အခုဆို ရက်စ် တို့ နိုး တို့ ကောင်းကောင်းနားလည်နေပြီဗျ။

ဘ၀မှာ လိုချင်တာ ဖြစ်ချင်တာတွေကို အိမ်သာတက်ရင်းတောင် စဉ်းစားတယ်ဗျာ... တစ်ခါတစ်ခါဆို ဖြစ်ချင်လွန်းတာတွေကို ရင်နဲ့ မဆန့်လို့ ဒီနေရာမှာတောင် “ ငါဖြစ်ချင်တာ ငါမလုပ်နိုင်ဘူး ” ဆိုပြီး ငြီးတွားမိသေးတယ်။


ငယ်ငယ်က သူဌေးဖြစ်ချင်တယ်။ စာရေးဆရာ ဖြစ်ချင်တယ် ။ စိတ်ပညာ ပါရဂူဖြစ်ချင်တယ်...

အခုဖြစ်နေတာက ဂိုဒေါင်မှာ ကူလီ ၊ ရုံးခန်းထဲမှာ ပြာတာ ၊ ဆန်းဒေးမှာ ဈေးသည်ပေါ့လေ၊ ငယ်ငယ်ကလို ရေနံဆီမီးခွက်ရယ်.. နိုင်ငံတော် အစိုးရရဲ့ မေတ္တာစေတနာရယ် ပေါင်းပြီး စာဖတ်ဖြစ်တဲ့ ဘ၀တွေကို တမ်းတမိ သေးတယ်။ ညနေ ခုနှစ်နာရီလောက် လမ်းမီးလာရင် အိမ်ရှေ့က စားသောက်ဆိုင်ရဲ့ မိလ္လာကျင်း အုတ်ခုံလေးပေါ်မှာ ခွေးခြေ အပုလေးနဲ့ထိုင်ပြီး မိလ္လာနံ့လေးနဲ့ စာဖတ်တယ်..၊ ညဆယ်နာရီလောက်ဆို မီးက ပြတ်ပြီ။ ဒါဆိုရင်တော့ ရေနံဆီ မီးခွက်ကလေးနဲ့ မီးခိုးငွေ့လေးရှူပြီး စာဖတ်တယ်.။ အလုပ်အားတဲ့ ရက်များဆို လွယ်အိတ်ထဲ စာအုပ်တွေ ထည့်သွားပြီး လမ်းကနေ ပေါင်မုန့်ထုပ်ကလေးနဲ့ လက်ဖက်ရည်တစ်ခွက်ဝယ်သွားပြီး ပုသိမ်တက္ကသိုလ်ရဲ့ ပိတောက်တောထဲမှာ တစ်နေကုန် ထိုင်ဖတ်တယ် ။ ဘာပဲဖြစ်ဖြစ် တစ်နေ့တစ်နေ့ စာဖတ်ချိန် မရှိဆို ငါးနာရီအထက်တော့ ရှိတယ်.။ သေချာတာက တစ်နေ့ကို ၀တ္ထုတစ်အုပ်ကို ဖတ်ပြီးတယ်၊ မဂ္ဂဇင်း ၊ ရွှေသွေး ၊ ဂျာနယ် . အဲဒါတွေ ဖတ်ဖြစ်တယ်.၊ ကျောင်းစာကတော့ ကျောင်းမှာထားခဲ့တယ်လေ၊ မဖတ်တာ ဆိုလို့ သတင်းစာနဲ့ သိုင်းဝတ္ထုပဲ ရှိတယ်၊ ဟုတ်တယ်လေ ကိုယ့်မှာ မီးခိုးမွှန် အီးစော်နံ ပြီးဖတ်ရတာ... အခုဆို ၀တ္ထုတောင် မဖတ်ဖြစ်တော့ဘူး။ အချိန်ရှားလာတယ်ရယ်. ဦးနှောက်က လက်မခံတော့တာရယ်ကြောင့်လဲ ပါတာပေါ့၊


စာဖတ်ချိန်တွေ အရမ်းကိုရှားသွားခဲ့လို့ အေးအေးဆေးဆေး စာဖတ်ချိန်လေးတွေ ပြန်လိုချင်မိတယ် ။ မိဘတွေကို ထောက်ပံ့နိုင်မယ့် ငွေလေးကို အေးဆေးဆေးဆေး ရချင်တယ် ၊ အလှူအတန်းတွေ လုပ်နေရချင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နှစ်စာအတွက် စေတနာ သဒ္ဓါ မှာလည်း လှူမယ်လို့ အားခဲ ထားတယ်။

အော် အဓိကကို မေ့နေတယ်။ ကျွန်တော်က ယောကျာ်းဆိုတော့ မဟေသီတစ်ပါးတော့ လိုတာပေါ့.. သူများတွေလို တဏှာကြူးတဲ့ ရာဂ ဘီလူးမှ မဟုတ်တာ ၊လေး ငါးယောက်တော့ မလိုချင်ပါဘူး ၊ (ရမှ မရနိုင်တာ ဒီရုပ်နဲ့) ၊ မဟေသီလေးက 34 28 36 လောက်ဆို အတော်ပါပဲ၊ အသားဖြူဖြူ အရပ်ရှည်ရှည် .. ပိတုန်းရောင်ကေသာက ခါးအထက်မှာဝဲပြီး ဆာမူရိုင်းဓါးလေးလို အဖျားလေးက အထက်ကိုပြန်ကော့ သွားရမယ် ။ သွေးမကြီးတဲ့ စနေသမီးပေါ့လေ.။ ဆရာဝန် မလေးတော့ ဖြစ်စေချင်တယ် ဒါမှ အသက်ကြီးလာရင် ဆေးပေးမီးယူပိုအဆင်ပြေမှာ။ (ဆေးထိုးသတ်ရင်ဒွတ်ခ) ။ စနေသမီးလိုချင်တာက ဒီလိုလေ...။ ကိုယ်က ဗုဒ္ဓဟူးသား မို့လား.... ။ ဒါကြောင့် ..၊ “ စနေ ဗုဒ္ဓဟူး ရူးတောင် ထမင်း မငတ်ဘူးဆိုတဲ့ ” စကားကလည်း ရှိသေးတာကိုး။ (ရူးမှတော့ ဟိုလူကျွေးဒီလူကျွေးနဲ့ ဘယ်ငတ်မတုန်း)


နောက်တစ်ခုက ကျွန်တော့်မဟေသီလေးဟာ စာဖတ်ဝါသနာပါရမယ်၊ စာပေကိုတန်ဖိုးထားရမယ်၊ အတွေးအခေါ်ရင့်သန်ရမယ်၊ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဖြစ်ရမယ်၊ ကျွန်တော့်လို နုံတိနုံချာ အူတူတူ အတတ ၊ ဘာကိုကြောက်မှန်းမသိ လူတောမတိုး မဖြစ်ရပါဘူး။ ကျွန်တော် အသက်ကြီးလာလို့ မျက်စိအားနည်းလာရင်ပဲဖြစ်ဖြစ် ၊ စာဖတ်ချိန်အရမ်းရှားသွားလို့ ပဲဖြစ်ဖြစ် ၊ ညစဉ် စာဖတ်ပြနိုင်ရပါမယ်။ အဖြတ်အတောက် အသံနေအသံထား မှန်ရပါမယ်။ (ကျွန်တော်က မှားတတ်လို့) ဥပမာ ...မသာရထား ငှားရန် ရှိသည် ကို၊ မသာရ ဓါးငှားရန် ရှိသည်ဟု အဖြတ်အတောက်မှားဖတ်ပါက ဒုက္ခရောက်ဦးမည်။ တစ်ကယ်ပါ အဲဒါက တစ်ကယ်ကြီးကို စဉ်းစားထားတာ၊ တစ်ချိန်မှာ ကျွန်တော် မတော်တဆ မျက်လုံးဆုံးရှုံးခဲ့မယ် ဆိုရင် (သို့) အားနည်းနေပြီဆိုရင် ။အသံကောင်းတဲ့ ....ဥပမာ ဂျင်းနီတို့ ချစ်သုဝေတို့ကို ကျွန်တော် အကူအညီတောင်းမှာပါ ။သူတို့နဲ့ကိုယ်က ငြိဖူးတယ် (သူတို့ ထမီနဲ့ ကိုယ်ရဲ့ခေါနေတဲ့ ချိန်ကွမ်းမင်နဲ့ တူတဲ့ သွားလေးနဲ့)။ကျွန်တော့်လောက် မဖတ်တတ်ရင်တောင် ကျွန်တော့လောက်တော့ မဆိုးနဲ့ပေါ့... ဒီမှာ နမူနာပေးထားတယ်.. အဲဒီကွာလ်တီကို ထပ်မနိမ့်အောင် ဖတ်နိုင်ရပါမယ်. (စိတ်ဝင်စားသူ ဥစ္စပေါ ရုပ်ချောမိန်းကလေးများ ယခုကတည်းက ကျင့်ထားပါ)

ဆုံမှတ်လွဲငြိမ်းချမ်းမှု

http://www.4shared.com/video/BwvbdRoQ/____.html
နောက်ပြီး ကျွန်တော် မတော်တဆ အက်ဆီးဒင့်တွေ ဘာတွေနဲ့များ သေခဲ့မယ်ဆိုရင် မျက်ကြည်လွှာကောင်းတဲ့အချိန် မှီမယ်ဆိုရင် လှူဒါန်းခဲ့ချင်ပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ အဲလိုလုပ်ထားဖြစ်မယ်။ တော်ကြာ အိမ်က ဒေ၀ မဟေသီက သူ့လင် ငယ်ငယ်လေးနဲ့ သေတာ၊ ရုပ်ရည်ရူပကာက ချောချောလှလှ လေးရှိသေးတယ် (သူ့မျက်စိထဲပြောပါတယ်) အခုပဲ သေတာ ၊ သူတောင် ၀အောင် မကြည့်ရသေးဘူး ...၊ ဆေးရုံကလူတွေက လာဖောက်နေကြပြီ ။ “အမလေး မလုပ်ကြပါနဲ့ ရှင် ကျွန်မယောက်ျားကို လှလှလေး သေပါစေ ” ဘာညာ လူကြားမကောင်း သူကြားမကောင်း ဟစ်နေရင် ... ဘေးနားက ဂျင်းနီတို့ ချစ်သုဝေတို့ မိုးယုစံ တို့ကို အားနာစရာ (သူတို့လည်း ကိုယ့်အတွက် ငိုချင်းရှည်ဦးမှာလေ ..။)


ဒါပေမယ့် မိန်းမကိုတော့ ကြိုပြောထားရဦးမယ် ၊ သားသုံးယောက် သမီး နှစ်ယောက်တော့ မွေးပါလို့... ဒါမှလည်း ကမ္ဘာကျော်မိုးယံရဲ့ ပေါကြောင်ကြောင် အတွေးအခေါ်တွေ အယူအဆတွေကို ဆက်ခံမယ့် ရတနာလေးတွေများမယ် မဟုတ်လားဗျာ၊ပထမဆုံး မွေးတဲ့ သားဦးကိုတော့ ရှင်သာမဏေ အဖြစ် သာသနာ့ဘောင်ကို ထာဝရ လှူဒါန်းမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။ သဘောတူပါက မိန်းကလေးများ ရည်းစားစာပေးပါရန် ။ (ပိုးဆိုးပက်စက် လက်ခံနေပါပြီ)။ မိန်းမရေ .. မောင်တော့ ဒီနေရာလေးမှာ ဒီလောက်လှူခဲ့တယ် မင်းကိုလည်း အမျှပေးဝေပါတယ် သာဓုခေါ်ကွာ ရှင်မရာ ဆိုရင် သာဓု ... သာဓု ...သာဓု ပါလို့ ၀မ်းမြောက်ဝမ်းသာ သုံးကြိမ်သုံးခါ ခေါ်ဆိုပါမည် လို့ကတိပေးပါ။

အဲ ... နောက်ဆုံးတော့ လင်တော်မောင် အသက်လေးဆယ့်ငါးနှစ် ပြည့်ရင် တစ်ခုလပ် ဖြစ်တဲ့ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ် (မနေနိုင်လို့ ထပ်ယူလဲယူပေါ့) ။ တို့ကတော့ အမြိုက်မီးမလာ စိတ်ပုတီးမပါပဲ ရဟန်းဘ၀နဲ့ အေးငြိမ်းချမ်းသာ နိဗ္ဗာန်မဟာသို့ တက်လှမ်းမှာဖြစ်ပါတယ်... လူဘ၀နဲ့သွားရင်တော့ ကြာတာပေါ.. တစ်ချိန်လုံးဆိုးခဲ့ မိုက်ခဲ့တာတွေ က နည်းမှ မနည်းကိုး။ ဝေးဝေးမကြည့်နဲ့ ရေခြားမြေခြားက အမေကိုတောင် သာကြောင်းမာကြောင်း ဖုန်းမဆက်ဖြစ်တာ အခုဆို နှစ်လကျော်ကြာပြီ။ အဲလို မိုက်တဲ့ကောင် လူပြည့်က ဗြဟ္မာကို ကျော်ပြီး မမြင်နိုင်တဲ့ ဗြဟ္မာကို တ နေတဲ့ကောင်။ ဆိုတော့ကာ ....ကျွမ်းကျင်သော ဆင်ဦးစီးပမာ စိတ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းကွပ်နိုင်သော ၊နှစ်ဆယ့်တစ်ရာစု မျိုးဆက်သစ် တွေးခေါ်ပညာ ရှင် ၊ လူသန်းပေါင်းများစွာကို အယူအဆပြောင်းလဲစေရန် ဖော်ကျူးရေးသား နိုင်ခဲ့သောကမ္ဘာကျော် စာရေးဆရာကြီး ၊ ကမ္ဘာ့သန်းကြွယ် သူဌေးကြီး မောင်မိုးယံ ဟာ နိဗ္ဗာန်ရွှေပြည် အရောက်လှမ်းနိုင်ဖို့ လူ့ဘောင်စခန်းကို ကျော်လှမ်း ခဲ့ပြီလေ။



ဟုတ်လား မဟုတ်လားလဲ မသိဘူး။ တဂ် ဆိုတာကိုရေးဖို့ လူတစ်ကာကိုမေးတယ်. ဘကျောက်လဲ ရှင်းပြဖူးတယ်။... အထူးသဖြင့် ဦးမြစ် နဲ့ ကိုဏီလင်းညို တို့ ရှင်းပြကြ သင်ပေးကြတယ်။ မဟုတ်ဘူး ဆိုရင်လည်း သူတို့နဲ့ မဆိုင်ပါဘူး။ကျောင်းသားညံ့တိုင်း ဆရာ မတော်တာမှ မဟုတ်တာ ၊ ဆရာ တော်တိုင်း လည်း ကျောင်းသား တတ်တာမှ မဟုတ်ပဲ ၊ ထားတော့....။
နားမှမလည်တာကိုး... ကိုယ့်ပေါင် ကိုယ်လှန်းထောင်းသလိုဖြစ်လို့ ဘလော့ဂ်တော်တော်များများ လက်ရှောင် ကြတယ်ဆိုလားပဲ... (ကြောင်မျိုးပြောတာ) သေချာတော့မသိဘူး။ အေးဆေးပါ။ ကိုယ်တို့က အရှက်နဲ့ လူလုပ်တာမှ မဟုတ်တာ။ မရေးတတ်ရိုးအမှန်မို့ ခေါင်းစဉ်နဲ့လွဲရင်လဲ လွဲမယ်.။ ရေးတဲ့ပုံမှားချင်လည်း မှားနိုင်တာမို့ အားလုံးကို တောင်းပန်ပါတယ်.. ဒီအထိဖတ်လာတယ်ဆိုတော့ ကျေးကျေးပါ.။

ခုနက မေပယ်လ် ဆီမှာ သွားဖတ်တော့ မောင်မျိုးက ပွစိပွစိ လာလုပ်ကြောင်း ၊ သူ့အကျင့်အတိုင်း ခနဲ့တဲ့တဲ့ ရွဲ့စောင်းစောင်းဖြစ်နေကြောင်း၊ ရေးချင်မှန်းမရေးချင်မှန်းမသိ ၊ ရေးတတ်မှန်း မသိ မရေးတတ်မှန်းမသိ အလိုက်ကန်းဆိုးမသိတဲ့ ချစ်သယ်ရင်းကြောင်မျိုး ဒီကိုပါ လာအော်နေမှာစိုးလို့။ ပြီးတော့ မေပယ်လ် ကို စာရှည်ရှည်မရေးလို့ စိတ်ဆိုးတယ်ဆိုလား။ ကျွန်တော်ကလည်း စကားတောင် လေးလုံးကွဲအောင် ပြောတတ်သူ မဟုတ်တော့ စာရှည်ရှည်ရေးဖို့ဆို ဝေလာဝေးပဲ။ ဒါတောင် ဟိုမီးမီးလေးက သူဒုက္ခရောက်တာတောင် ကိုယ့်ဒုက္ခကိုယ် လက်စ မသိမ်းနိုင်ပဲ သူများတွေကိုပါ (ကြိုက်ကြိုက်မကြိုက်ဆိုပြီး) ဒွတ်ခ သွားပေး ထားသေတယ်။ (လူတွေများနော်.ကိုယ်ကောင်းစားရင်သာ သူများကို ထပ်တူ မကာင်းစားစေချင်တာ ဒွတ်ခ ရောက်တော့ကျ သူများကိုလဲ ကိုယ့်လို ခံစေချင်သား။ ) ပြည့်မေတ္တာခံယူမည့် ကျွန်တော် မောင်မိုးယံ ကတော့ မေပယ်လ် နှင့် မောင်မျိုး အား ပယ်ပယ်နယ်နယ် နှိပ်ကွပ်ပြီး သကာလ ကိုယ့်ဒုက္ခကို ဇတ်သိမ်းပါတော့မည်။


အထက်က အပြာရောင် စာသားလေးတွေက သီချင်းစာသားမေ့နေလို့ ရွှေအမြူတေ အွန်လိုင်းမှ ရေးသူမောင်တင်ဆင့်ရဲ့ “ပျံသန်းနေတဲ့ ငှက်ကလေးတွေ” ဆိုတဲ့ စာတစ်ပုဒ်မှ ၏ သည် မရွေးကူးယူပါသည်။


မိုးယံ ( 17. Dec. 2010)


Thursday, December 16, 2010

ကိုးကွယ်တယ်ဆိုတာ ဘာလဲ

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။
ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။

အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။

‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။
‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။

အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။
‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။


သရဏဆိုတာ

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။

‘သရဏ’ကို ကျမ်းဂန်တွေက ဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော ဆင်းရဲမှုကို သတ်တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။

‘သရဏ’ဆိုတာ ရှင်းရှင်း ပြောရင် ‘ညှဉ်းဆဲတတ်တာ၊ ပယ်သတ်တတ်တာပဲ’။
ဘာကို ညှဉ်းဆဲတတ်တာလဲ?
ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။

ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကို ဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။

ကာကွယ်ပေးတယ်လို့ သုံးကြစို့။
တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲတယ်လို့ ဒီလို သုံးရမယ်။
မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။


ဗုဒ္ဓသရဏဂုံ

မြတ်စွာဘုရားက မင်းတို့ အကုသိုလ်တွေ မလုပ်ကြနဲ့။ ဒီလို ဟောတယ်။
ကုသိုလ်ကို လုပ်ကြ။
အကုသိုလ်တွေ မလုပ်ကြနဲ့ဆိုတာ မကောင်းမှုတွေ ဖြစ်မှာ စိုးလို့ ပြောတာ။ အကျိုးစီးပွားတွေ ပျက်စီးမှာ စိုးလို့ မလုပ်ကြနဲ့လို့ ပြောတာနဲ့ အတူတူပဲ။
ကုသိုလ်ကို လုပ်ကြလို့ ပြောတာဟာ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ။

ဒါကြောင့် မြတ်စွာဘုရားဟာ သတ္တဝါတွေမှာ ဖြစ်မည့် ဘေးရန်တွေကို ကာကွယ်တယ်။ နှိပ်စက်တယ်။ ညှဉ်းဆဲတတ်တယ် ဆိုပြီး မြတ်စွာဘုရားကို သရဏလို့ ခေါ်တယ်။


ဓမ္မသရဏဂုံ

တရားတော်ကို သရဏလို့ ခေါ်တာကျတော့ တရားတော်ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန် ပရိယတ်တရားကို ခေါ်တယ်။
မဂ်ဖိုလ်ရလိုက်ရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး။
အပါယ်ကျမည့် ဘေးမှ စောင့်ရှောက်တတ်တယ်။

အဲဒီလို တရားထူးလေး တစ်ခါ ရလိုက်ရင် မိမိတို့အဖို့ သက်သာရာ ရတယ်လို့ ဆိုလိုတယ်။

လောကဆင်းရဲ ဒုက္ခကြားမှာ နေရပေမယ့် တရားထူးလေး ရလိုက်တဲ့အခါ အပါယ်လေးပါး ကင်းဖို့ သေချာသွားပြီပေါ့။
သက်သာရာ ရတယ်လို့ ကျမ်းဂန်က သုံးတယ်။

အဲဒီလို သက်သာရာကို ရစေခြင်းဖြင့် သတ္တဝါတို့မှာ ဖြစ်မည့် ဘေးရန်ကို တားဆီးတတ်တယ်။ ဖျက်ဆီးပေးတတ်တယ်။
ဒါကြောင့် တရားတော်ကို သရဏလို့ ခေါ်တယ်။


သံဃသရဏဂုံ

သံဃာကို သရဏလို့ ခေါ်တာကျတော့ သံဃာဆိုတာ နည်းနည်းလေး လှူလည်း အကျိုး အများကြီး ရတယ်။
သံဃာကို လှူတာနဲ့ ပုဂ္ဂိုလ်ကို လှူတာ မတူဘူး။

ပုဂ္ဂိုလ်ကို လှူတာက အဲဒီပုဂ္ဂိုလ်က ကောင်းရင် အကြောင်း မဟုတ်ဘူး။ မကောင်းရင် အလှူမှာ အကျိုး အရနည်းတယ်။ ကောင်းရင် အကျိုး အရများတယ်။

ကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာနဲ့ မကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာ ကွာတယ်။

ဒါကြောင့် သံဃာလို့ ဆိုလိုက်တာနဲ့ မကောင်းတဲ့ သံဃာလို့ ဘယ်တော့မှ မရှိဘူး။ ကောင်းတဲ့ သံဃာချည်းပဲ။
နည်းနည်းလေး လှူသော်လည်းပဲ အများကြီး အကျိုးပေးတဲ့အနေနဲ့ သတ္တဝါတွေရဲ့ အကျိုးမဲ့ဖြစ်စေမည့် ဘေးရန်ကို ပယ်ဖျက် တားဆီးတတ်သောကြောင့် သံဃာကို သရဏလို့ ခေါ်တယ်။

နောက်ပြီး သံဃာကလည်း ဘုရားရှင်ရဲ့ တရားကို လိုက်နာ ကျင့်သုံးပြီး ဘုရားရှင် ဟောကြားတဲ့အတိုင်း လူနတ်ဗြဟ္မာ သတ္တဝါများအား အကုသိုလ် မလုပ်ကြနဲ့။ ကုသိုလ်ကို လုပ်ကြလို့ ဟောတယ်။
လိုက်နာ ကိုးကွယ်သူများမှာ ဘေးရန် ဆင်းရဲ ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတယ်။

ဒါကြောင့် သံဃာကလည်း ကိုးကွယ်သူများအား ဆင်းရဲ ကင်းပျောက်၊ ချမ်းသာ ရောက်အောင် စောင့်ရှောက်တတ်လို့၊ ဆင်းရဲ ဘေးရန်တွေကို ပယ်သတ်တတ်လို့ သံဃာတော်ကို သရဏလို့ ခေါ်တာ။


သရဏဂမန = သရဏဂုံ

သရဏဆိုတာ ဘာလဲ?
ဘုရား တရား သံဃာပဲ။
မကောင်းမှုကို တားမြစ်တယ်။ ကောင်းမှုကို လုပ်အောင် အားပေး တိုက်တွန်းတတ်တယ်။

ဂမနဆိုတာ ပါဠိစကား၊ သွားခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။
ဒီနေရာမှာတော့ အဋ္ဌကထာဆရာက ‘သိခြင်း’ဆိုတဲ့ အဓိပ္ပာယ်ကို ယူပါတဲ့။

ဒါကြောင့် ‘သရဏဂမန’ဆိုတာ မြန်မာလိုတော့ ‘ကိုးကွယ်ခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ သိခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ အသိအမှတ် ပြုခြင်း’ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သိမှတ်ပါ၏။

ရိုးရိုး အဓိပ္ပာယ်နဲ့ ပြောရင် -
မြတ်စွာဘုရားကို ကိုးကွယ်ပါ၏
တရားတော်ကို ကိုးကွယ်ပါ၏
သံဃာတော်ကို ကိုးကွယ်ပါ၏။

အဲဒီလို ဆိုလိုက်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲ။
ဒါကတော့ အဘိဓမ္မာဆန်သွားပြီ။ ကုသိုလ်စိတ် ဖြစ်တယ်။

ဘုရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
တရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
သံဃာအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။

အဲဒီလို ယုံကြည်မှုကို ပါဠိလို ‘သဒ္ဓါ’လို့ ခေါ်တယ်။

တို့အခုလူတွေ သုံးနေတာတော့ ရက်ရောတာကို သဒ္ဓါလို့ သုံးနေကြတယ်။
ဒီပုဂ္ဂိုလ်က သဒ္ဓါတရား ကောင်းတယ်ဟေ့၊ များများ လှူတယ်၊ ခဏ ခဏ လှူတယ်ဟေ့လို့ ဒီလို သုံးတတ်တယ်။

တကယ်တော့ သဒ္ဓါတရား ကောင်းတယ်ဆိုတာ ‘ဘုရား တရား သံဃာတွေရဲ့ အပေါ်မှာ မှန်ကန်တဲ့ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်’ကို သဒ္ဓါတရားကောင်းတယ်လို့ ခေါ်တာ။
အဲဒီ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်ဟာ အလှူအတန်းလည်းပဲ လက်မနှေးဘူး။ ဒါကြောင့် ရက်ရောတဲ့ ပုဂ္ဂိုလ်ကိုလည်း သဒ္ဓါတရားကောင်းတယ်လို့ မြန်မာစကားမှာ သုံးတာ။


သမ္မာဒိဋ္ဌိ

ဘုရား တရား သံဃာကို ယုံကြည်လာပြီဆိုတော့ အဲဒီ သဒ္ဓါတရားတွေကို အကြောင်းပြုပြီး ကိုယ့်မှာ မှန်ကန်တဲ့ အယူတွေ ဖြစ်လာတယ်။

ဘုရားနဲ့ ပတ်သက်ပြီးတော့ ဘုရားဟာ တကယ် ရှိတယ်။
အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တရားဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်။

သံဃာ့ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်။

အဲဒီ ဘုရား တရား သံဃာကို ယုံကြည်တဲ့အတွက် မှန်ကန်တဲ့ အယူအဆတွေလည်း ကိုယ့်မှာ ရလာတယ်။
အဲဒါ သမ္မာဒိဋ္ဌိပေါ့။

အဲဒီလို ဖြစ်တဲ့ စိတ်ကို သရဏဂုံယူခြင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းကို အတိအကျ ပြောစမ်းပါဆိုရင် ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်၊ အာရုံပြုပြီးတော့ ယုံကြည်တဲ့ စိတ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ခေါင်းထဲမှာ …. ဘုန်းကြီးတွေကတော့ ခေါင်းထဲမှာလို့ မသုံးဘူး။ နှလုံးထဲမှာလို့ သုံးတယ်။ …. နှလုံးထဲမှာ ဖြစ်တယ်။
အဲဒီစိတ်ကလေး ဖြစ်တာကို သရဏဂုံယူတယ်လို့ ခေါ်တယ်။

သရဏဂုံယူရင်လည်း ဒီစိတ် တကယ် ဖြစ်တယ်။


နားလည်မှုပါမှ သရဏဂုံ စစ်

ဒါဖြင့် မင်းတို့ ခုနက သရဏဂုံယူခဲ့ကြတယ် ….. ဟုတ်ရဲ့လား?
သရဏဂုံ တည်ခဲ့ကြတာ ဟုတ်ရဲ့လား?
ဖြေရ … ခက်နေပြီ။

ဒါပေမယ့် ငါတို့ … ဘုရား တရား သံဃာကို ကိုးကွယ်နေတယ် … ရှိခိုးနေတယ်လို့ အသိလေးတော့ ရှိနေမှာပေါ့။
အေး … ဒီကနေ့က စပြီး မင်းတို့ သရဏဂုံ အစစ်ရပြီ … မှတ်ထားပါ။

သရဏဂုံယူတဲ့အခါ နားလည်မှု ရှိပါမှ သရဏဂုံ အစစ် ရတယ်။

‘သိတဲ့စိတ် မပါဘဲနဲ့ ရွတ်တာ’၊ ‘ကိုယ့်အစား သူများက ယူပေးတာ’၊ သရဏဂုံအစစ် မရဘူးတဲ့။

မြတ်စွာဘုရားလက်ထက်တော်က ဗောဓိမင်းသားဆိုတာ ရှိတယ်။ ဒီမင်းသား သူ့အမေဝမ်းမှာ ကိုယ်ဝန်ရှိတဲ့အခါ သူ့အမေက မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ ယခု တပည့်တော်မမှာ ကိုယ်ဝန် ရှိနေပါတယ်။ ယောက်ျားလေးဖြစ်လား၊ မိန်းကလေးဖြစ်လား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးဟာ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုပါတယ်ဘုရား”လို့ လျှောက်တယ်။

မွေးလာပြီးတဲ့နောက် ကလေးဘဝမှာပဲ မသိတတ်သေးတဲ့အရွယ်မှာ အထိန်းတော်က မြတ်စွာဘုရားဆီ ခေါ်သွားပြီးတော့ လျှောက်ပြန်တယ်။ ဒီကလေးဟာ အရှင်ဘုရားကို ကိုးကွယ်ပါတယ်၊ ဆည်းကပ်ပါတယ်။

တစ်နေ့မှာ မြတ်စွာဘုရား သူ့ဆီကြွလာပြီးတော့ တရားဟောတယ်။
တရားဆုံးတော့ မြတ်စွာဘုရားကို သူ သဘောကျတယ်။ သူ့သူငယ်ချင်းကလည်း အနီးအနားမှာ ရှိနေတော့ ပြောတယ်။
မင်းက ဘုရားကိုတော့ ချီးမွမ်းနေတယ်။ ဒါပေမယ့် သရဏဂုံလည်း မယူဘူးလို့ ပြောတယ်တဲ့။

ဒီတော့ သူက ပြန်ပြောတယ်။
ဟေ့ … ငါက အမေ့ဗိုက်ထဲမှာ နေကတည်းက သရဏဂုံ ယူခဲ့တာကွ။ ကလေးဘဝတုန်းကတည်းက သရဏဂုံ ယူခဲ့တာ။ မင်းပြောလို့ အခုလည်း ငါ ထပ်ယူပါတယ်လို့ ပြောတယ်။

အဲဒီမှာ အဋ္ဌကထာက ဖွင့်တယ်။
ဟိုတုန်းက ဗိုက်ထဲမှာ သရဏဂုံယူတာ မရဘူးလို့ ပြောတယ်။
သရဏဂုံဆိုတာ စိတ်အသိဉာဏ် ပါမှ ရတယ်။

ကလေးဘဝက ယူတာလည်း မရဘူးတဲ့။

သို့သော် သူသိတတ်တဲ့ အရွယ်ရောက်တဲ့အခါ အမေက ပြောတယ် ဆိုပါတော့။ ငါ မင်းကို ကိုယ်ဝန်ရှိတုန်းက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ အထိန်းတော်ကလည်း ပြောတယ်။ မင်းကလေးဖြစ်စဉ်တုန်းက ငါက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။
သြော် … ဟုတ်ပေသားပဲလို့ သူက အသိအမှတ် ပြုလိုက်ရင် သရဏဂုံ ရမယ်။
ဒီလိုမှ မဟုတ်ရင် သရဏဂုံ မရဘူးတဲ့။

ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဆိုနေရင် အဲဒီ အသိလေး ပါနေစေချင်တယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ”ကတော့ နေ့တိုင်းလောက် ဆိုနေမယ် ထင်တယ်နော်။

ဒီနေ့က စပြီး အဲဒီ အသိကလေးပါနေရင် နေ့တိုင်း သရဏဂုံ အပြည့်အဝ တည်နေပြီလို့ မှတ်ရမယ်။
ဒီမတိုင်ခင်ကဆိုရင် မင်းတို့ ရချင်မှ ရမယ်။ အတိအကျ မသိနိုင်ဘူး။

အေး … သရဏဂုံ-ကိုးကွယ်ရာလို့ ဆိုပြီး ဆည်းကပ်တာက ဘာလဲလို့ မေးရင်တော့ တိတိကျကျ ပြောရရင် ကိုးကွယ်တဲ့အခါ ခေါင်းထဲမှာ နှလုံးထဲမှာ ဖြစ်တဲ့ ကုသိုလ်စိတ်ကို ခေါ်တယ်။

မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်လို့ ဆိုတဲ့အခါမှာ မင်းတို့ စိတ်ထဲမှာ မကောင်းတာတွေ ရှိသေးလား? လောဘတို့ ဒေါသတို့ ရှိသေးလား?

မရှိဘူး။ အဲဒီ အချိန်အခါမှာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ ကင်းနေတယ်ပေါ့။
အဲဒီလို ကိလေသာတွေ ကင်းပြီးတော့ ဘုရားကို ကိုးကွယ်တဲ့ စိတ် မိမိသန္တာန်မှာ ဖြစ်နေတယ်။
အဲဒါကို သရဏဂုံလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ သိတယ်၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တယ်။
အဲဒါကြောင့် ငါတို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မကောင်းမှုမှ တားမြစ်တယ်။ ကောင်းမှုကို တိုက်တွန်းပေးတတ်တယ်ဆိုတဲ့ အနေနဲ့ အသိအမှတ်ပြုတာကို ကိုးကွယ်တယ် ဆိုတယ်။


ကိုးကွယ်တယ်ဆိုတာ တရားကို ကျင့်တာ

တို့ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာဟာ ဟောကြားရုံပဲ ရှိတယ်။
ကိုယ် ကိုယ်တိုင်က ကျင့်ရတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်က ပြောထားတယ်။ ငါကိုယ်တိုင် ဒီတရားကို သိပြီးလို့ ခုမင်းတို့ကို ဟောတာ။ အခု မင်းတို့က ကိုယ့်ဟာကိုယ် ဝီရိယစိုက်ပြီး ကျင့်ရမယ်တဲ့။

တို့ ဘုရားဆိုတာ ဟောကြားရုံပဲ ဟောကြားနိုင်တယ်။ ဆိုလိုတာကတော့ ‘ရော့ မင်းတို့အတွက် နိဗ္ဗာန်’လို့ မပေးနိုင်ဘူး။
သွားတောင်းလည်း အလကားပဲ။

ဘုရားဆီမှာ နိဗ္ဗာန်ကို တောင်းလို့ ဘုရားကလည်း ပေးနိုင်တာမှ မဟုတ်တာ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကျင့်ရမယ်။ ကိုယ်ကိုယ်တိုင် ကောင်းတာလုပ်ရင် အဲဒီ ကောင်းတဲ့အကျိုးကို ကိုယ်ကိုယ်တိုင် ရမယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ကိုယ်ပဲ ရမယ်။ သူများက ကိုယ့်အတွက် တာဝန်ခံတာမျိုး မရှိဘူး။

ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏လို့ ဘယ်လောက် ဆိုနေ ဆိုနေ၊ မကျင့်ရင် မရဘူး။

တစ်ဖက်မှာ ကိုယ်တိုင် ကျင့်မှ ရတယ်ဆိုတဲ့ စကား ရှိတယ်။
ဒီဘက်ကျတော့ တို့က ဘုရားကို ကိုးကွယ်နေတယ်၊ အားထားနေတယ်ဆိုတော့ အဓိပ္ပာယ်ရှိရဲ့လား။
ဘုရားကို အားကိုးတယ်ဆိုတာ ကျောင်းသားက ဆရာကို အားကိုးနည်းမျိုး အားကိုးတာ။ ကျောင်းမှာ ဆရာက ကျောင်းသားအတွက် စာမကျက်ပေးနိုင်ဘူး၊ သင်ပြပေးတယ်။
မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို ကျင့်ကြလို့ပဲ ညွှန်ပြပေးနိုင်တယ်။ မင်းတို့ သွားကစားနေကွာ၊ မင်းတို့အတွက် ငါကျက်ထားပေးမယ်၊ ဒီလို လုပ်လို့ မရဘူး။

အဲဒီလိုပဲ မြတ်စွာဘုရားက မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို နေကြ၊ ဘယ်လို တရားကျင့်ကြ၊ အဲဒီလို လေ့ကျင့်ပေးတယ်။ ဟောကြားပေးတယ်။ အဲဒီလိုသာ လုပ်ပေးနိုင်တယ်။

ဒါကြောင့် ဘုရား တရား သံဃာ ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားကို လမ်းကောင်း လမ်းမှန် ညွှန်ပြပေးနိုင်တဲ့ ဆရာအဖြစ် အသိအမှတ် ပြုတယ်၊ အားထားတယ်။ တရားကိုလည်း ဆရာအဖြစ် အသိအမှတ် ပြုတယ်။ အဲဒါကိုပဲ ကိုးကွယ်တယ်လို့ ဆိုတာ။
ကိုးကွယ်တယ်ဆိုတာ ကလေးက အမေကို အားကိုးတာမျိုး မဟုတ်ဘူး။ ငါကိုးကွယ်ရင် ပြီးရော၊ ကျန်တာတွေ ဘုရားက အကုန်လုံး လုပ်ပေးလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်နဲ့ အားကိုးတာလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ပါ။


ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ



အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်
.........................................
သက်တန့် ရွာသူလေး
HayMonChan (ချမ်းချမ်း)