Monday, October 31, 2011

မလေးရှားနိုင်ငံ စွန်ဂိုင်းဘလို့တွင် ဆောက်လက်စ တိုက်ပြို၍ အင်ဒိုနီးရှားလူမျိုး ၁ ဦးသေဆုံး



မလေးရှားနိုင်ငံ စွန်ဂိုင်းဘလို့ရှိ Hong Leong Bank လမ်းထောင့် အနောက်ဖက် လမ်းကြားတွင် ယနေ့ တနင်္လာနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ဆောက်လက်စ ၃ထပ်တိုက် ညဖက်ခြမ်းတွင် ရုတ်တစ်ရက် ပြိုကျသောကြောင့် အင်ဒိုနီးရှား လူမျိုး တစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရသွားကြောင်း သိရှိရပါသည်။



" နံနက် ၈ နာရီခွဲတွင်းမှာ ဖြစ်တာ ကျွန်မ မဖြူ ဆိုင်မှာ မနက်စာ စားနေတုန်းပေါ့ မီးသတ်ကား တစ်စီးနဲ့ ဆေးရုံကားတစ်စီး ဝင်လာတယ် တွေ့ရတယ်။ ကျွန်မကြည့်နေတုန်းပဲ Hong Leong Bank လမ်းထောင့် အနောက်ဖက် လမ်းကြားကို ဝင်သွားတော့ ကျွန်မက မီးလောင်တယ် ထင်နေတာပေါ့။ ဒါနဲ့ လိုက်သွားကြည့်တာ ဆောက်လက်စ တိုက်ကြီး ညဖက်တစ်ခြမ်း ပြိုကျနေတာ တွေ့ရတယ်။



အသက် ၅၀ အရွှယ်တစ်ရုတ် အဖိုးကြီးတစ်ယောက်က ရင်ဘတ်မှာ အဖိခံထားရတယ်။ အင်ဒိုနီးရှား နောက်တစ်ယောက်က ခေါင်းပြားသွားတယ် အများကြီး သွေးထွေထွက်တော့ သေသွားတယ်။ နောက် တစ်ယောက်က အင်ဒိုနီးရှားပဲ ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ အဲဒီမှာ ကယ်ဆယ်ရေး အဖွဲ့တွေ လာကယ်နေတာ တွေ့ရတယ်။



နောက် မလေးရှား သတင်းထောက်တွေ ရဲတွေ အများကြီးပဲ တစ်လမ်းလုံး ကားတွေပြည့်နေတယ်။ အဲဒီ တိုက်ကို တာဝန်ယူ ဆောက်နေတဲ့ အင်ဂျင်နီယာ တစ်ရုတ် တစ်ယောက် ကိုတော့ ဖမ်းဆီးသွားတာ တွေ့ရတယ် " အခင်းဖြစ်သော နေရာသို့ ကိုယ်တိုင် သွားရောက်ကြည့်ဖြစ်တဲ့ စွန်ဂိုင်းဘလို့မှ မချို မှ ပြောပြပါသည်။



ဒီသတင်းနှင့် ပက်သက်ပြီး စာဖတ်သူများထံ အချိန်မှီ တင်ပြနိုင်ရန်အတွက် ကျွန်တော်ကိုယ်တိုင် သွားရောက် ဓာတ်ပုံ ရိုက်ယူခဲ့ပါသည်။ သတင်းနဲ့ ပက်သက်ပြီး ကူညီပြောပြပေးသော မချို အား အထူး ကျေးဇူးတင်ရှိပါသည်။


ရန်ကုန်မြို့တော်ခန်းမ အတွင်း ဗုံးတွေ့ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အနီးပတ်ဝန်း ကျင်တွင် ဖြတ်သန်းသွားလာမှုများကိုသုံးနာရီကျော်ကြာကန့်သတ်ခဲ့



အောက်တိုဘာလ ၃၀ ရက် နေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ စင်ဝင်အောက်တွင် ဗုံးတွေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့တော်ခန်းမရှေ့ အနီးပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာမှုများကို သုံးနာရီကျော်ကြာ ကန့်သတ်ခဲ့ကြောင်း သိရှိရသည်။ မြို့တော်ခန်းမရှေ့မျက်နှာစာရှိ မဟာဗန္ဓုလလမ်းပေါ်နှင့် ဆူးလေဘုရားလမ်းထောင့်တွင် ညနေ ၆ နာရီအချိန်ခန့်မှ စတင်၍ ယာဉ်ထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များကာရံ၍ လူများ၊ ယာဉ်များဖြတ်သန်းသွားလာမှုများကို တားမြစ်ကန့်သတ်ခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိ မျက်မြင်တွေ့ရှိ သူများက ဆိုသည်။

''ညနေ ၆ နာရီကျော်လောက်ကတည်းက မြို့တော်ခန်းမရှေ့နဲ့ ဘေးနေရာအချို့မှာ ရဲတွေကာရံထားပြီး လမ်းပိတ်လိုက်တာကို တွေ့ရ တယ်။ ပထမဘာဖြစ်လို့ လမ်းပိတ်လိုက်တာမှန်း မသိဘူး။ ဈေးရောင်းတဲ့ ဘက်ကိုပဲ အာရုံရောက်နေတယ်။ အဲဒါနဲ့ မေးကြည့်လိုက်တော့ မြို့တော်ခန်းမထဲက စင်ဝင်အောက်မှာ ဗုံးတွေ့လို့ လမ်းတွေပိတ်ထားပြီး မြို့တော်ခန်းမခြံဝန်းထဲမှာလည်း လူတွေအများကြီးပဲ ရှာဖွေမှုတွေလုပ်နေတာကို လှမ်းတွေ့နေရတယ်။

၇ နာရီ ၅ မိနစ်လောက်မှာတော့ မြို့တော်ခန်းမထဲက ပေါက်ကွဲသံတစ်ခုကြားလိုက်ရတယ်။ ကြားရ တဲ့အသံလောက်က ကားဘီးပေါက်တဲ့ အသံလိုပါပဲ၊ အရမ်းအပြင်းကြီး မဟုတ်ပါဘူး'' ဟု မြို့တော်ခန်းအနီးတွင် ဈေးရောင်းချသူတစ်ဦးက သူ၏တွေ့ကြုံမှုများကို ပြောပြခဲ့သည်။

ထို့နောက် ည ၈ နာရီ ၂၅ မိ နစ်အချိန်ခန့်တွင် မြို့တော်ခန်းရှေ့အနီးသို့ မီးသတ်ကားနှစ်စီးရောက်ရှိလာပြီး ည ၈ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သဲများတင်ဆောင်လာသည့် ကားတစ်စီးလည်း ရောက်ရှိလာခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့သည်။

''၈ နာရီ ၂၅ မိနစ်လောက်မှာ မီးသတ်ကားနှစ်စီး လာတယ်။ မီးသတ်တပ်ဖွဲ့ဝင်အချို့ မီးသတ်ရင်ဝတ်တဲ့ ၀တ်စုံတွေ ၀တ်ထားပါတယ်။ နောက် ၁၀ မိနစ်လောက်အကြာမှာ သဲတွေတင်လာတဲ့ ကားတစ်စီး ခန်းမနားထဲကို ၀င်သွားတယ်။ပြီးတော့အထဲမှာ သဲအိတ်တွေချပြီး ဖို့နေတာကို အပြင်က လှမ်းမြင်လိုက်ရတယ်။ ည ၉နာရီနဲ့ ၅ မိနစ်လောက်မှာတော့ မြို့တော်ခန်းမထဲကနေ နောက်ထပ်ပေါက်ကွဲသံတစ်ခု ထပ်ကြားလိုက်ရတယ်။

ပေါက်ကွဲသံကတော့ နည်းနည်းတော့ပြင်းတယ်။ ကျွန်တော်ဆူးလေဘုရားလမ်းပေါ်မှာ ရပ်နေတဲ့သူတောင် နည်းနည်းခါသွားသလို ခံစားလိုက်ရတယ်။ ပေါက်ကွဲသံ ကြားလို့ လူတွေအများကြီး အုံဝိုင်းလာတယ်'' ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ ရသူတစ်ဦးလည်း ပြောပြခဲ့သည်။

''မြို့တော်ခန်းမထဲမှာ ဗုံးကိုမပေါက်ကွဲခင် တွေ့ခဲ့တာလို့ ပြောတယ်။ ဒါနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှာဖွေမှုတွေလုပ်ပြီး ဗုံးတွေကို အန္တရာယ်မရှိအောင် ဖောက်ကွဲခဲ့တယ်လို့ သိရတယ်''ဟု မြို့တော်ခန်းမအနီးတွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ည ၉ နာရီခွဲအချိန်ခန့် တွင်မူ ပေါက်ကွဲစေနိုင်မှုနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းသည်ဟု သတ်မှတ်လိုက်ပြီးနောက် အနီးပတ်ဝန်းကျင်တွင် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာမှုများကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်းလည်း အနီးပတ်ဝန်းကျင်တွင် သွားလာနေသူများက ပြောကြားခဲ့သည်။

http://www.news-eleven.com/

Saturday, October 29, 2011

ဘန်ကောက် ရေကမ္ဘာ (ဓာတ်ပုံများ)


ဘန်ကောက်မြို့ အနီးတ၀ိုက် ရေဘေးသင့်ဒေသခရိုင် ၂ ခုကို ရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ငြိမ်းဇော်က သူမြင်တွေ့ခဲ့သမျှကို အခုလို မှတ်တမ်းတင် ထားပါတယ်

Pathum Thani ခရိုင် Rangsit ဒေသ မြင်ကွင်းများ

Rangsit ဒေသမှာ ထိုင်းတွေရော၊ အဲဒီဒေသမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်သား တွေရော ရေနဲ့လွတ်ကင်းရာကို သွားနေကြပါပြီ

ဟိုတုန်းကတော့ ဒီနေရာဟာ ကားတွေ တဝေါဝေါ ဖြတ်သန်းသွားလာနေလို့ လမ်းကူးဖို့မလွယ်တဲ့ နေရာပါ

ဘတ်စ်ကား၊ တက္ကစီတွေ မရှိလို့ တနိုင်စာပစ္စည်းကိုပဲ သယ်ကြရပါတယ်

ရေတွေကတော့ ၀င်လာမစဲပါ၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မိုးထပ်ရွာနိုင်ချေရှိတယ်လို့ မိုးလေ၀သ သတင်းတွေက ဆိုပါတယ်။

ရေကြီးမှု သတင်း ထုတ်ပြန်ရေးဌာနက ဒွန်မောင်းလေဆိပ်မှာ ရှိပါတယ်။ လေဆိပ်ထဲ ရေတွေဝင်လာတဲ့အတွက် အဲဒီဌာနကိုပါ နေရာရွှေ့ရတော့မယ်လို့ ဆိုပါတယ်။

လေဆိပ်မှာ ခိုလှုံနေကြတဲ့ ထောင်နဲ့ချီတဲ့ ဘန်ကောက်မြို့သူမြို့သားတွေ ရေဘေး လွတ်မယ့်နေရာကို ထပ်ပြောင်းရပါပြီ။

ဘန်ကောက် အပါအ၀င် ရေအကြီးအကျယ် ကြီးနေတဲ့ ခရိုင်တွေမှာ အစိုးရရုံးတွေ၊ ကျောင်းတွေကို ၅ ရက် ပိတ်လိုက်ပါပြီ။

ရေဘေးသင့်သူအပြည့်တင်လာတဲ့ ထိုင်းစစ်တပ် ကူညီကယ်ဆယ်ရေးယာဉ်

မိုးရွာလို့ ရေကြီးတာက ထိုင်းမှာ ရိုးနေပါပြီ။ ဒီတခါလောက်တော့ အကြီးအကျယ် မဖြစ်ခဲ့ဖူးပါ။ ဇူလိုင် ကတည်းက ကြီးလာတဲ့ရေကြောင့် သေဆုံးသူ အရေအတွက်က မနေ့က စာရင်းအရ ၃၆၆ ဦး ရှိပါပြီ။

ရေကြောင့် လူပေါင်း ၂ သန်းခွဲ တိုက်ရိုက် ဒုက္ခရောက်နေပြီး ကူညီကယ်ဆယ်ရေး စခန်းရောက်နေသူပေါင်း တသိန်းကျော် ရှိပါတယ်
Pathum Thani ခရိုင် မြင်ကွင်းများ

ရေကြီးတဲ့အရပ်မို့ ကားရှိလည်း အလကားပါပဲ

ကားတွေကို ပစ်ထားလို့မရ အိတ်ထဲထည့်ထားလို့ မရတာကြောင့် ရေမရောက်နိုင်မယ့်၊ ကိုယ် လက်လှမ်းမီတဲ့ နေရာတွေမှာ ရပ်ထားကြပါတယ်။ လမ်းပိတ်ဆို့မှုဖြစ်မှာကိုလည်း အာဏာပိုင်တို့က စိတ်ပူနေပါတယ်

ရေတိမ်နစ်ကားတစီး

ရေဘေးသတင်း စောင့်နားထောင်သူ အများအပြား အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက် အမျိုးမျိုးကြောင့်ရော၊ မကျသေးတဲ့ ရေတွေကြောင့်ပါ စိတ်ညစ်နေရပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ မနေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာတော့ ရေဘေးသင့်ဒေသအရပ်သားတွေကို ပစ္စည်းပစ္စယတွေ ရေလွတ်ရာဒေသရွှေ့ဖို့၊ ဒီထက်ပိုပြီး ရေကြီးလာနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရေး ပြင်ဆင်ထားဖို့ ပြောသွားပါတယ်။

အရေးပေါ်ကာလ သယ်ယူပို့ဆောင်နည်းတခု

ရေထဲက ရုပ်ပွားတော်ဆိုင်

ကားလမ်းကူးဖို့ ပြင်ဆင်နေသူ၂ဦး


Bang Bua Thong ခရိုင် မြင်ကွင်းများ

Bang Bua Thong ခရိုင် ဆိုပေမယ့် ဘန်ကောက်မြို့နဲ့ ထိစပ်နေတဲ့ ဒေသ ဖြစ်ပါတယ်


မိနစ်ပိုင်း သွားရမယ့် ခရီးကို နာရီနဲ့ချီပြီး ကုန်းတတန် ရေတတန် သွားနေရပါတယ်

မနေ့ညက ထုတ်လွှင့်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ရုပ်သံမိန့်ခွန်းမှာတော့ အစိုးရိမ်ရဆုံးနေရာ တွေထဲမှာ ချောင်ဖုယားမြစ် တလျှောက်ဒေသများ ပါဝင်တယ်လို့ ဆိုပါတယ် ...

Source by :http://www.irrawaddyblog.com/

Saturday, October 22, 2011

မိန်းမနှင့်သိမ်

''ဦးလေး သိမ်ထဲ မိန်းမတွေ မဝင်ကောင်းဘူးလား'' ''ဝင်ကောင်းပါတယ်'' ''နို့ ဘာဖြစ်လို့ သိမ်ထဲကို မိန်းမတွေ ဝင်ရင် မောင်းထုတ်ကြရတာလဲ''
''မောင်းမထုတ်ပါဘူး''
''အို... ဟုတ်တယ်၊ ကနေ့ဘဲ ဌေးဌေးတို့ မောင်းထုတ်ခံခဲ့ရတယ်၊ မိန်းမဖြစ်ရတာ သိပ်အောက်တန်း ကျ တာဘဲ၊ ဒါပေမယ့်လေ မိန်းမလဲလူပါဘဲ''
ဌေးဌေးကား စာရေးသူ၏ တူမလေးဖြစ်သည်။ မုံရွာမြို့ အမှတ်(၂) အ.လ.က၌ (ဂ)တန်းတွင် ပညာသငကြားနေသူ ဖြစ်သည်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် မိဘများနှင့်အတူ စစ်ကိုင်းသို့ ဘုရားဖူးလိုက်ပါလာခဲ့၏။ တောင်ပေါ်ဘုရားများကို အနှံ့ဖူးပြီး ချောင်သို့ပြန်အရောက်တွင် အထက်ပါ အတိုင်း မကျေနိုင်မချမ်းနိုင်ဖြစ်ကာ မေးလိုက်ခြင်းပင် ဖြစ်သည်။ တစုံတခု ဖြစ်ခဲ့ပြီဟု စာရေးသူ ရိပ်စားမိ လိုက်ပါသည်။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းကြည့်ရ၏။ ဖြစ်ပုံကား ဤသို့တည်း။
နံနက်လေးနာရီအချိန်လောက်မှထ၍ အစောကြီးပင် တောင်ပေါ်သို့ တက်သွားကြသည်။ အရုဏ်မတက်မီပင် ပရက္ကမချောင်သို့ရောက်ကြ၏။ အရှေ့ပရက္ကမ၊ အနောက်ပရက္ကမ ဟု နှစ်ချောင်ရှိရာ ဆရာတော်တပါးစီ သီတင်းသုံးကြသည်။ ထိုဆရာတော်များသည် ဂူတွင်းအောင်းလျက်၎င်း၊ သစ်သီးဆွမ်း -ပဲပြုတ်ဆွမ်းတို့ကိုသာ မျှတရုံဘုဉ်းပေးလျက်၎င်း၊ ရဟန်းတရားကို အပြင်းအထန် အားထုတ်နေကြပါသည်။ အရုဏ်တက်ပြီဆိုလျှင် ကမ္မဋ္ဌာန်းဂူအတွင်းမှထွက်၍ ဆွမ်းခံလေ့ရှိရာ ထိုဆရာတော်များကိုလည်း ပဲပြုတ် ဆွမ်း လောင်းလှူရန်အတွက် ဤကဲ့သို့ အစောကြီးတောင်ပေါ်သို့ တက်ကြခြင်းဖြစ်သည်။ ဆွမ်းလောင်း လှူပြီးသောအခါ ဆရာတော်က သီလပေးသည်။ ဤအချိန်မှတပါး အခြားအချိန်များတွင် လုံးဝ လူတွေ့မခံကြပေ။
ဌေးဌေးတို့ တသိုက်သည် သီလယူပြီးနောက် အနောက်ပရက္ကမချောင်တွင်းရှိ သိမ်ထဲသို့ ဝင်ရောက်၍ ရုပ်ပွားဆင်းတုတော်များကို ဦးချရှိခိုးကြသည်။ ပါလာသည့် ဖယောင်းတိုင်များကိုလည်း ညှိထွန်းပူဇော်ကြသည်ဆို၏။ ထိုအခါ ပရက္ကမချောင် ဆရာတော်ကြီး၏ အလုပ်အကျွေး ဖြစ်ဟန်တူသော ရဟန်းငယ်လေးတပါးက '' ဒီအထဲ မိန်းမတွေမဝင်ရဘူး၊ ဒါ သိမ်'' ဟု ပြောလျက် ဌေးဌေးတို့တသိုက်ကို မောင်းထုတ်လိုက်ခြင်း ဖြစ်သတည်း။
ဒါကိုပင် အတေးထားခဲ့သော တူမက စာရေးသူကို မေးခွန်းထုတ်လေတော့သည်။ ''မိန်းမဖြစ်ရတာ သိပ်အောက်တန်းကျတာဘဲ၊ ဒါပေမဲ့လေ မိန်းမလဲလူပါဘဲ'' ဟု ကောက်ချက်ချလိုက်သေး၏။ မှန်ပါသည်၊ မိန်းမလဲလူ ယောက်ျားလဲလူပင်ဖြစ်သည်။ မိန်းမကမြတ်သည်၊ ယောက်ျားကမြတ်သည်ဟု ခွဲခြားရန်လည်း အကြောင်းမရှိချေ။ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားတို့၏ ကြီးမားမွန်မြတ်ခြင်းသာ အဓိက ဖြစ်ပေသည်။ အဂ္ဂညသုတ် (သုတ်ပါထေယျ ပါဠိတော်) ၌လည်း ဤအတိုင်းပင် ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ပါ သည်။ စာရေးသူသည် တူမဖြစ်သူကို ဖျောင်းဖျနှစ်သိမ့်ရင်း အများလည်း ဝေဘန်ထောက်ရှုနိုင်ရန် ဤ''မိန်းမနှင့်သိမ်'' ဆောင်းပါးကို ရေးသားတင်ပြ လိုက်ရပါသည်။
ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟု အထင်ရောက်နေခြင်းမှာ လုံးဝ လွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ) စိုက်၍ သမုတ်ထားသော (ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်း ထိုနည်း¤င်းပင် ဖြစ်ပါသည်။ ''သိမ်အတွင်း မိန်းမတွေဝင်လျှင် ငရဲကြီးသည်'' ဟု ပြောဆိုထင်မှတ်နေကြခြင်းမှာ ပိုလွန်နေသော လွဲမှားမှုသာ ဖြစ်ချေသည်။
ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌ မိန်းမသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်း ကံပြုနေချိန်၌ လူဝတ်ကြောင်စသည် မပါဝင်စေရ၊ ကြဉ်ဖယ်ထားရမည်'' ဆိုသော်လည်း သိမ်ထဲတွင် မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ- လူစသော နှစ်ကျိပ်တယောက်သော ဝဇ္ဇနိယ ပုဂ္ဂိုလ်တို့ကို နှစ်တောင့်ထွာ ဟတ္ထပါသ်မှအပ ပြုခြင်းဖြင့် ကြဉ်ဖယ်ထားရမည်။ ။ ကင်္ခါဝိတရဏီအဋ္ဌကထာ)။
''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ'' ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌ မိန်းမများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ်-လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း မိန်းမ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် သီတင်းကျွတ်လက စာရေးသူသည် မြို့သာသို့ရောက်ခဲ့သည်။ မြို့သာနှင့် ၃-မိုင်ခန့် ဝေးသော အရပ်တွင် ''ရေမြို့ဘုရား'' ဟုခေါ်သော ရှေးစေတီတဆူရှိပါသည်။ ထိုစေတီ၏လိုဏ်အတွင်းမှ ရုပ်ပွားတော်၏ မျက်လုံးများသည် မှိတ်သွားလို့တဲ့ဟူသော သတင်းသည် အုတ်အော်သောင်းနင်း ဖြစ်လာသည်။ တဆင့်ပြောဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်မြင်သိရမှ ကျေနပ်တတ်သော ဝါသနာကြောင့် သွားရောက်ဖူးမြင်လေ့လာခဲ့ပါသည်။ မျက်လုံးတော်များကို မျက်ခွန်များဖြင့်ဖုံးအုပ်၍မှိတ်သွားခြင်း၊ ပိတ်သွားခြင်းမျိုးကား မဟုတ်ပါ။ မျက်နှာတော်နှင့် တပြင်တည်း မျက်ဖြူမျက်နက်ဝန်းတို့ကိုပါမချန်ပဲ မျက်နှာတော် တခုလုံး ရွှေဘိန်းချခြင်းသာဖြစ်လေသည်။
မည်သို့ဆိုစေ-မျက်လုံးတော်များ မှိတ်သွားလို့တဲ့ ဟူသော သတင်းကြောင့် စာရေးကဲ့သို့ပင် လာရောက် လေ့လာ သူ ဖူးမျှော်သူတွေမစဲပါ၊ ဤသို့ဖူးမျှော်လာရာတွင် အချို့သောယောက်ျားများက ဘုရားလိုဏ်ဂူအတွင်းသို့ ဝင်၍ ဆီမီးထွန်းညှိခြင်း၊ ပန်းကပ်ခြင်းမပြုရန် မိန်းမများအား တားဆီး ပိတ်ပင်ကြလေသည်။ စာရေးသူမှာ ငြိမ်မနေနိုင်တော့သဖြင့် ''မတားဆီးပါနဲ့၊ သူတို့လည်း ဘုရားဖူးချင်လို့ လာကြတာပဲ၊ သူတို့ကြိုက်သလို အားရကျေနပ်အောင်ဖူးကြပါစေ'' ဟုပြောလိုက်ရပေသည်။ မိန်းမသား များကို နှိမ်ပေါက်ထား၍ ငရဲကြီးလိမ့်မယ်၊ မိုးကြိုးပစ်လိမ့်မယ် စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကား လုံးဝ နှစ်မြို့စရာမဟုတ်ချေ။ ကုသိုလ်ဆန္ဒဖြင့် ပြုရာ၌ မိုးကြိုးပစ်ချင် ပစ်စမ်းပါစေ။ ဝံ့စားသောသတ္တိကိုပင် မွေးမြူရပေမည်။ ဆင်ဖြူတော်ကို လှုဒါန်းလိုသော ဝေဿန်မင်းမြတ်သည် ''ဆင်ဖြူတော်လှူခြင်းကြောင့် ငါ့ကိုသတ်ချင်လည်းသတ်ကြ။ နိုင်ငံမှ နှင်ထုတ်ချင်လည်း နှင်ထုတ်ကြ။ မလှူမဒါန်းပဲကား ငါမနေနိုင်'' ဟု ရဲရဲဝင့်ဝင့် မိန့်မြွတ်၍ လှူဒါန်းလိုက်လေသည်။ ရွှေကျင် ဆရာတော်ဘုရားကြီးကား ''ဝီရော ကုသလကရဏေ-ကုသိုလ်ပြုရန် အခွင့်ကြုံလျှင် မကြောက်မရွံ့ နောက်မတွံ့ပဲ သက်စွန့်ကြိုးပမ်း ရဲစွမ်းသတ္တိရှိသူဖြစ်ပါစေ-ခလို'' ဟုပင် ဆုတောင်းခဲ့လေသည်။
ယနေ့ခေတ်သည် အကြောင်းယုတ္တိမတန်ဘဲ ငရဲနှင့်ချောက် စာအုပ်ကြီးနှင့်ပေါက်နေ၍ မဖြစ်ချေ။ သာသနာတော်၌ မကြည်ညိုသေးသူတို့ကို ကြည်ညိုလာစေရန်၎င်း၊ ကြည်ညိုပြီးသူတို့ကို သဒ္ဓါတရား တိုးပွားစေရန်၎င်း ကြောင်းကျိုးညွှန်ပြရပေမည်။နေရာတကာ၌ အထက်စီးကနေလျက် ကြိမ်း မောင်းခြင်း၊ ငေါက်ငမ်းခြင်းတို့ကား စင်စစ်ရိုင်းပြခြင်းသာ ဖြစ်သည်။ အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်း ဗုဒ္ဓ အလိုတော်ကျ မပိုမလို ပြောဆိုပြုလုပ်ရန်လည်း အမှန်တကယ် လိုအပ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူတိုင်းအပေါ် ချိုသာယဉ်ကျေးစွာ ဆက်ဆံလျက် ဗုဒ္ဓညွှန်ပြခဲ့သည့် သဘောတရားရေးရာ၌လည်း ပိုင်နိုင် ထိမိအောင် လေ့လာထားသင့်ကြောင်း တင်ပြလိုက်ရပေသည်။

အရှင်မဟောသဓ ပဏ္ဍိတ
၁၁-၇-၇၁
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၉။)
( မှတ်ချက် )http://www.vezayantarusa.org/ မှမျှဝေတင်ပြလိုက်ပါသည်

ဗီယက်နမ် ကမ္ဘောဒီးယား လာအိုမှ ခရီးသွားများအား ရန်ကုန်၊ မန္တလေး၊ တာချီလိတ်(၀မ်ပုံ) တို့တွင် ဆိုက်ရောက်ဗီဇာ ပေးရန်စီစဉ်


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ဆိုက်ရောက်နေရာ

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများမှ ၀င်ရောက်လာမည့် ခရီးသွားများအား ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် နယ်စပ်ဝင်ပေါက်ဖြစ်သည့် တာချီလိတ်(၀မ်ပုံ)တို့တွင် ဆိုက်ရောက် ဗီဇာဖြင့် ပြည်ဝင်ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း က ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကွန်ဖရင့် အစည်းအဝေးတွင် အာဆီယံဒေသကြီးကို တစ်ခုတည်း သော ခရီးစဉ်ဒေသအဖြစ် ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သော နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှု အဆင်ပြေ လွယ်ကူရေး ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံအတွက် အလေ့အကျင့်နှင့် အတွေ့အကြုံ ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် လေးနိုင်ငံခရီးစဉ်တစ်ခု(Four Countries One Destination) အဖြစ် စတင် ကျင့်သုံးရန် ညှိနှိုင်းနေကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံ များမှ ၀င်ရောက်လာမည့် နိုင်ငံခြားသား ခရီးသည်များအား ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်၊ နယ်စပ်ဝင်ပေါက် ဖြစ်သော တာချီလိတ်(၀မ်ပုံ)တို့တွင် ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပေး နိုင်ရန စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိတွင် ခရီးသွားကုမ္ပဏီ များသည် ကုမ္ပဏီ၏အစီအစဉ်ဖြင့် လာရောက်မည့် မြန်မာသံရုံးမရှိသော နိုင်ငံများမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာများကိုဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန မှတစ်ဆင့်လျှောက်ထားသည့် စနစ် ကို အသုံးပြုလျက်ရှိသည်။

ယင်းစနစ်မှာ ၂၀၁၀ ပြည့်နှစ် မေလဆန်းမတိုင်မီအထိ အသုံးပြုခဲ့သော စနစ်ဖြစ်ပြီး မေလဆန်းတွင်မူ ကြိုတင်စီစဉ်ရန် မလိုသည့် ဆိုက်ရောက် ဗီဇာများကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မန္တလေးတံတား ဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ တွင် ထုတ်ပေးခဲ့သည်။ထို့နောက် ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှ စတင်၍ ဆိုက်ရောက် ဗီဇာထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်းခဲ့ကာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ လျှောက်ထားမှု အစား ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပြောင်းလဲ လျှောက်ထားခဲ့ရကြောင်း၊ လက်ရှိတွင်မူ ယခင်စနစ်ကိုပြန်လည် ကျင့်သုံးလျက်ရှိကြောင်း သိရှိရပါ သည်။

http://www.news-eleven.com/

Thursday, October 20, 2011

Buddha FM ရဲ့ ၀က်ဆိုက်အသစ်နဲ့ App တချို့ကို မိတ်ဆက်ပါပြီ

Buddha FM ရဲ့ ၀က်ဆိုက်အသစ်နဲ့ App တချို့ကို မိတ်ဆက်ပါပြီ


Buddha FM App ကို တရားဝင်ကြေညာလိုက်ပါပြီ။ အခုအချိန်ကစပြီး Buddha FM ကို Facebook မှာ တိုက်ရိုက် နားဆင်နိုင်ကြပါပြီ။ Facebook ကို Sign In မလုပ်ပဲ တိုက်ရိုက်လင့်နဲ့လည်း နားဆင်နိုင်သလို Sign In လုပ်ပြီးလဲ နားဆင်နိုင်ပါပြီ။ Buddha FM ဟာ အခုဆိုယင် ၀က်ဆိုက်အသစ်ကိုလည်း လွှင့်တင်လိုက်ပါပြီ။ လိပ်စာကတော့ www.buddhafm.tv ဖြစ်ပါတယ်။ မည်သည့် Software မှ အင်စတောလုပ်စရာမလိုပဲ Buddha FM ကို နားဆင်နိုင်ကြတော့မှာပါ။ လက်ရှိ Buddha FM လိုင်း ၃ လှိုင်း ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အသံလွှင့်သူနည်းပါးလာယင် Auto DJ လုပ်ဖို့ တစ်လှိုင်း ၀ယ်ယူထားသလို။ ကျန် ၂ လှိုင်းကို ပုံမှန်အတိုင်း ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ Buddha FM ဟာ ဆက်လက်ပြီး အိပ်မက်တွေ စိတ်ကူးတွေနဲ့ ပြည့်နေပါတယ်။ အဲ့ဒါတွေကတော့ မကြာမှီ auto song request system ကို အသုံးပြုသွားမှာ ဖြစ်သလို Buddha FM ကို Tricaster ၀ယ်ယူပြီးယင် တိုက်ရိုက်တီဗီ ထုတ်လွှင့်ပေးနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ အနာဂါတ် နှစ် ၂၀ အတွင်း မှာ မည်သူမှ ရေဒီယိုစက်တွေ၊ တယ်လီဗီးရှင်းစက်တွေ ကို အသုံးပြုကြတော့မှာ မဟုတ်ပါဘူး။ အင်တာနက်ကွန်နက်ရှင်းနဲ့ မိုဘိုင်းဖုန်းတစ်လုံးရှိယင် အရာရာ ဖန်တီးနိုင်တဲ့ ခေတ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Buddha FM က တဖြည်းဖြည်းနဲ့ ဦးတည်ရာကို အရောက်သွားနေမှာ ဖြစ်ပါတယ်။ Buddha FM ဟာ သီချင်း ရေဒီယိုဆိုက်တွေယှဉ်လိုက်ယင်တော့ စက္ကန့်တွင်း နားဆင်သူဦးရေဟာ ရာဂဏာန်းကို မရောက် ရှိသေးပါဘူး။ ပုထုဇဉ်လူသားပီပီ မကောင်းမှုတွေမှာ ပျော်မွေ့ကြတာကတော့ ဓမ္မတာပါပဲ။ ဒါပေမယ့် အခု ရက်ပိုင်း ပလေယာအသစ်နဲ့ ၀က်ဆိုက်အသစ်ကို စမ်းသပ်ကာလဆဲမှာ သီချင်းတွေကို သီးသန့်ထုတ်လွှင့်ပေးခဲ့ပါတယ်။ ၂၅၀ ယောက်အတွက်ပဲ ၀ယ်ယူထားတဲ့ လှိုင်းအသစ်ဟာ ၁၉၁ ထိကို ရောက်ခဲ့ပါတယ်။ Buddha FM ဟာ ဆက်လက်ပြီး Mobile/Smart Phone တွေအတွက် Application များ ရေးနေပါတယ်။ Buddha FM ကို Facebook ပေါ်မှာ နားဆင်မယ်ဆိုယင် ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်ဆိုက်ဘားမှာ Buddha FM Radio Player ဆိုတာ ရှိပါတယ်။ ပထမဦးဆုံး Buddha FM Fan Page ကို သွားပါ။ မိမိအကောင့်ကို ၀င်ပါ။ လိပ်စာကတော့ http://www.facebook.com/buddhafm.radio ဖြစ်ပါတယ်။ နောက်တစ်ခုက မိမိအကောင့်ကို မ၀င်ပဲနဲ့လည်း တိုက်ရိုက်လင့်နဲ့ နားဆင်နိုင်ပါတယ်။ လိပ်စာကတော့ http://www.facebook.com/buddhafm.radio?sk=app_246130498771989 ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်လျက်၊


အရှင်မေတ္တစာရ

Wednesday, October 19, 2011

အဝတ်အစား​များ​ချွတ်ပြပြီး​ မဲဆွယ်သည့်​ ပိုလန်အမျိုး​သမီး​ လွှတ်​တော်အမတ်

အဝတ်အစား​များ​ချွတ်ပြပြီး​ မဲဆွယ်သည့်​ ပိုလန်အမျိုး​သမီး​ လွှတ်​တော်အမတ်

alt
အဝတ်အစား​များ​ချွတ်ပြပြီး​ မဲဆွယ်သည့်​ ပိုလန်အမျိုး​သမီး​ လွှတ်​တော်အမတ် © dailymail

နိုင်ငံ​ရေး​တွင် မဲဆွယ်မှု အမျိုး​မျိုး​ ရှိနိုင်ပြီး​ စိတ်ဝင်စား​စရာ နည်း​လမ်း​မျိုး​စုံကို အသုံး​ပြု​လေ့​ ရှိသည်မှာ အဆန်း​တကျယ် မဟုတ်​ချေ။
သို့​​သော်လည်း​ ပိုလန်နိုင်ငံမှ အမျိုး​သမီး​ လွှတ်​တော်အမတ် ကိုယ်စား​လှယ်​လောင်း​ တစ်ဦး​၏ မဲဆွယ်ပုံက မျက်လုံး​ပြူး​​လောက်စရာ ဖြစ်​နေ​လေသည်။ အသက် ၂၃ နှစ်ရှိ ကက်တာဇီနာ လီနက်သည် သူမ၏ မဲဆန္ဒရှင် အမျိုး​သား​များ​ အကြိုက်​တွေ့​မည့်​ မဲဆွယ်မှု တစ်ခုကို ပြုလုပ်လိုက်​လေသည်။
လီနက်သည် မဲဆွယ်သည့်​ DVDအတွင်း​ အဝတ်အစား​များ​ကို ချွတ်ပြခဲ့​သည်။ ယင်း​သည် မဲဆန္ဒရှင်များ​ကို ဆွဲ​ဆောင်နိုင်မည့်​ အ​ကောင်း​ဆုံး​ နည်း​လမ်း​ ဟုတ်မဟုတ် မ​သေချာ​သော်လည်း​ လီနက်က အလုပ်ဖြစ်မည်ဟု ယုံကြည်​နေသည်။ “ကျွန်မရဲ့​ ပစ်မှတ်က လူငယ်ပိုင်း​ကိုပါ။ လူငယ်​တွေ စိတ်ဝင်စား​မယ့်​ အ​တွေး​အ​ခေါ်မျိုး​ကို ကျွန်မ လုပ်ခဲ့​တာပါ”ဟု လီနက်ကဆိုသည်။
သူမသည် ဗီဒီယိုအတွင်း​ ပန်း​​ရောင် ဘရာစီယာကို ချွတ်ပစ်လိုက်ပြီး​​နောက် အ​ပေါ်ပိုင်း​ ရင်သား​များ​ကို Censored ဆို​သော စကား​လုံး​များ​ဖြင့်​ ကာကွယ်ထား​​လေသည်။ ထို့​အပြင် သူမ၏ SLDပါတီကို မဲ​ပေး​ရန်လည်း​ တိုက်တွန်း​စာကို ထည့်​သွင်း​ထား​​လေသည်။ SLDမှ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိတစ်ဦး​က ထိုသို့​​သော မဲဆွယ်မှုမျိုး​သည် လက်ဝဲယိမ်း​ ပါတီများ​တွင် ရှိမည် မထင်​ကြောင်း​ မှတ်ချက်ပြုသွား​သည်။


Sourec : Daily Mail


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အိန္ဒိယ၀န်ကြီးချုပ် ထုတ်ပြန်



အောက်တိုဘာလ ၁၄ ရက်နေ့က နယူးဒေလီရှိ သမ္မတနန်းတော်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၊

သမ္မတကတော် ဒေါ်ခင်ခင်ဝင်းတို့အား အိန္ဒိယနိုင်ငံ သမ္မတ ပရာတီဘာဒေ၀ီ ဆင်းန်ပတေး၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ကြိုဆိုနှုတ်ဆက်စဉ်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်ရက်ကြာ ဗုဒ္ဓဂယာဘုရားဖူး ခရီးထွက်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ သမ္မတ ပရာတီဘာဒေ၀ီဆင်းန်ပတေး တို့နှင့် တွေ့ ဆုံခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကော်ဇောနီခင်းကာ နိုင်ငံတော် အဆင့်အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံအပြီး နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုကြောင်း မန်မိုဟန်ဆင်းန်က ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီ အစိုးရအဖြစ် အသွင်ကူးပြောင်းမှုနှင့် ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုပါကြောင်း၊ အားလုံး ပါဝင်ပြီး ကျယ်ပြန့်သည့် လက္ခဏာ ရှိသော အသွင်ကူးပြောင်းမှုမျိုး ပိုမိုအားကောင်းစေရေးအတွက် လိုအပ်သော အကူအညီ အားလုံးပေးအပ်သွားမည် ဟု ကမ်းလှမ်းပါကြောင်း ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင်း လွှတ်တော် အစည်းအဝေးများ ကျင်းပမှုကိုလည်း ကြိုဆိုကြောင်းနှင့် ပါလီမန်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်ပြီး အိန္ဒိယ၏ အတွေ့အကြုံကို မျှဝေလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံမှုတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ရန်၊ နယ်စပ်ကုန်သွယ် ရေးတိုးမြှင့်ရန်၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်မှု အရှိန်မြှင့်ရန်တို့ကို အဓိက ဆွေးနွေးခဲ့ကြ သည်။

Ref: AFP, AP

http://www.news-eleven.com/

Saturday, October 15, 2011

ကိုဇာဂနာနှင့် အင်တာဗျူး





အောက်တိုဘာလ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ဦးသူရ (ခေါ်) ဇာဂနာကို မြစ်ကြီးနားအကျဉ်းထောင်ရှေ့တွင် တွေ့ရစဉ်

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့ လာရောက်ရန် လေယာဉ်ပေါ် မတက်မီအချိန်အတွင်း Eleven Media Group မှ မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။

မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ
ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။

မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာပြီးနောက် ဦးသူရ (ခေါ်) ဇာဂနာ၏ ပြောကြားချက် အချို့

“ကျွန်တော့်ကို မနက် ၅ နာရီခွဲမှာ လာနှိုးတယ်။ ခင်ဗျားလွတ်ပြီလို့ပြောတယ်။ ကျွန်တော်နဲ့အတူတူ ကိုမျိုးအောင်သန့်ပါလာပါတယ်။ ကိုမျိုးအောင်သန့်က ၁၄ နှစ်လောက်ရှိပြီ ထောင်ထဲရောက်နေတာ။ ဇင်မင်းထွန်းဆိုတဲ့ကလေးပါတယ်။ သူကတော့ ၂၀၀၇ အရေးအခင်းတုန်းက အဖမ်းခံရတာ။

ကျန်တာကတော့ အများကြီးပဲ။ ဘိုကလေးက သီဟသက်ဇင်၊ ပဲခူးက ဇေယျာအောင်၊ ပုဂံက မျိုးမင်းသန်း၊ တောင်သာက ကြည်စိုးတို့အများကြီးကျန်တယ်။ အများကြီးပါ။ အရင်တုန်းကထက်တော့ အခုအခေါက်က အနေအထိုင်သက်သာတယ်။ ကျွန်တော် ထောင်လေးခါကျဖူးတယ်။ ဒီတစ်ခေါက်က နေရထိုင်ရတာ အဆင်ပြေဆုံးပဲ။ အကောင်းဆုံးကတော့ အကုန်လုံးလွတ်သွားတဲ့အချိန်က အကောင်းဆုံးပဲ။ ကျွန်တော်က အဲဒီအချိန်ကိုပဲ စောင့်နေတာ . . .”

“ကျွန်တော် ထောင်လေးခါကျတယ်။ ၁၉၈၈ ခုနှစ်ကတစ်ခါ၊ ၁၉၉၀ မှာတစ်ခါကျတယ်။ ၂၀၀၇ မှာတစ်ခါကျတယ်။ အခုတစ်ခါကျတယ်။ ကြုံတွေ့ရတဲ့အနေအထားက တစ်နေရာနဲ့တစ်နေရာမတူဘူး။ အ ခုမြစ်ကြီးနားထောင် ရောက်တော့ မြစ်ကြီးနားထောင်က အခြားထောင်တွေနဲ့ တော်တော်ကွဲတယ်။ ဘာကွဲသွားလဲဆိုတော့ အပြင်ထွက်ပြီး လမ်းလျှောက်လို့ရတယ်။ ခြင်းခတ်ချင်ခတ် လို့ရတယ်။ ပင်ပေါင်ရိုက်ချင်ရင် ရိုက်လို့ရတယ်။ အရင်တုန်းက ဟင်းတွေသိုးနေရင် နွှေးခွင့်မရဘူး။

အခုနွှေးခွင့်ရတယ်။ အရင်က ကော်ဖီသောက်ချင်ရင် ရေနွေးမရှိဘူး။ အခုက ၂၄ နာရီရတယ်။ အဓိကတော့ အရင်တုန်းကလို မဟုတ်ဘဲ အခု ဂျာနယ် ၁၃ စောင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ဖတ်လို့ရတယ်။ ဒီလို အခွင့်အရေးတွေက အလကားရလာတာ မဟုတ်ဘူး။ ကျွန်တော်တို့ လူတွေအားလုံး ပေးဆပ်ခဲ့လို့ရလာတာ။ ဒီနေ့ကတော့ ပျော်တယ်လို့ မပြောနိုင်တဲ့ မပျော်တဲ့နေ့ တစ်နေ့ပါ။ အားလုံး မလွတ်သေးလို့ပါ”

http://www.news-eleven.com/

Thursday, October 13, 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်မှု သတင်းများ


မန္တလေး အိုးဘိုထောင်ရှေ့မြင်ကွင်း


8:00 AM

မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

"လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက် အဆက်အသွယ်တော့ မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့ ပြောပါတယ်" ဟု ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။

မြစ်ကြီးနားတွင်ရှိနေသော ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ သတင်းကို အတည်ပြု ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား ၈၀ကျော် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။

"မြစ်ကြီးနားကနေ စုစုပေါင်း ၈၇ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့ အထင်ရှားဆုံးပါပဲ"ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁၀မိနစ်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ကိုဇာဂနာသည် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းက စမ်းချောင်းရှိနေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါသည်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုသုံးမှုအတွက် တစ်မှုလျှင် ၈နှစ်စီဖြင့် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅နှစ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။

ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။

9:00 AM

စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။



9:36 AM

ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။



9:40 AM

အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုးသမီး (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်း သိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။



9:55 AM

တောင်ကြီးအကျဉ်းထောင်မှ ဦးရွှေထူး ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။

10:00 AM

ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။

10:08 AM

အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

10:17 AM

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ထားပြီး ယခုအခါ စီစဉ်သူများ၊ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ကို ဂါရ၀ပြုကန်တော့ကြမည် ဖြစ်သည်။

10:22 AM

၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါသည်။

10:23 AM

ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

10:24 AM

ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ရာကျော်လွှတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ လွတ်မြောက်မည့်သူများတွင် ကိုပေါ်ဦး (ခေါ်) ကိုမင်းကိုနိုင် မပါဝင်သေးကြောင်း ကျိုင်းတုံအကျဉ်းထောင်မှာ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ ကိုမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅နှစ် ကျခံနေရသူဖြစ်ပါသည်။ မည်သည့်နေ့ရက်တွင် ကိုမင်းကိုနိုင် ပြန်လည်လွတ်မြော က်မည်ကို မသိရှိရသေးကြောင်းလည်း ကျိုင်းတုံအကျဉ်းထောင်မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

10:30 AM
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ သာယာဝတီ အကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

10:42 AM


သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။

10:50 AM

ဂါရဝပြုအခမ်းအနားသို့ ဦးဝင်းတင် ၁၀း၅၀ မိနစ်တွင် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ မိနစ်ပိုင်းအတွင်း ရောက်ရှိမည်။

11:00 AM

အင်းစိန်အကျဉ်းထောင်ရှေ့ လမ်းမပေါ်တွင် လွတ်မြောက်လာသူများကို လာရောက်စောင့်ဆိုင်းသူများ အယောက် ၁၀၀၀ ကျော် ရှိနေကြောင်းနှင့် အဆိုပါလမ်းကို ယာယီပိတ်ထားကြောင်း သိရသည်။ NDF ပါတီဝင်အချို့က လွတ်မြောက်လာသူများအား ၀မ်းမြောက်စွာကြိုဆိုကြောင်း စာတန်းကို ကိုင်ဆောင် ကြိုဆိုနေကြောင်း သိရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို အစားအသောက်များ ကျွေးမွေးခြင်း၊ လိုအပ်သော ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်းကိုလည်း လာရောက် စောင့်စားကြည့်ရှုနေသည့် လူအများက ကူညီပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။

11:08 AM

ကိုဇာဂနာ မြစ်ကြီးနားလေဆိပ်မှ စတင်ထွက်ခွာလာပြီဖြစ်သည်။ ကိုဇာဂနာနှင့် အင်တာဗျူးကို ဆက်လက်ဖော်ပြသွားပါမည်။

11:22 AM

"ကိုဇာဂနာနှင့်အင်တာဗျူး"

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့ လာရောက်ရန် လေယာဉ်ပေါ် မတက်မီအချိန်အတွင်း Eleven Media Group မှ မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။


မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။

မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

မေး- နိုင်ငံရေးအလုပ် ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။

12:40AM


အင်းစိန်ထောင်ရှေ့မြင်ကွင်း
12:45 PM

ယနေ့ လွတ်မြောက်လာသူများတွင် ကိုနေဘုန်းလတ် ပါဝင်လာခဲ့ခြင်း မရှိသေးကြောင်း သိရပါသည်။ ကိုနေဘုန်းလတ်(ခေါ်) ကိုနေမျိုးကျော် သည် ၂၀၀၈ခုနှစ် ဇန်န၀ါရီလက ဖမ်းဆီးခံခဲ့ရပြီး ဘားအံအကျဉ်းထောင်၌ ထောင်ဒဏ် ၁၂နှစ်ကျခံနေရသူ ဖြစ်ပါသည်။

1:13 PM

နောက်ဆုံးရရှိသော သတင်းအရ အရှင်ဂမ္ဘီရ ကလေးထောင်မှ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

1:30 PM

ကိုဇာဂနာ ရန်ကုန်မြို့ စမ်းချောင်းရှိ နေအိမ်သို့ ပြန်လည်ရောက်နေပြီး သတင်းထောက်များနှင့် တွေ့ဆုံကြောင်းသိရ

2:30 PM

မန္တလေး အိုးဘိုအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ပြန်လည်လွတ်မြောက်လာသည့် သူများထဲတွင် NLD ပါတီဝင် ၃ ဦးသာပါရှိကြောင်းနှင့် ပုဒ်မ ၅(ည) ၁၇ (၁)တို့ဖြင့် ၁၉၈၈ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရပြီး နှစ် ၃၀ ပြစ်ဒဏ်ချမှတ်ခံရသူ ဦးသုန္ဒရ လည်းပြန်လည်လွတ်မြောက် လာသည်ကို တွေ့ရသည်။

4:40 PM

ကလေးမြို့ အကျဉ်းထောင်မှ အကျဉ်းသားလေးရာကျော် လွတ်မြောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူ (၆) ဦးပါဝင်


နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာမှု အစီအစဉ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းသား (၆၃၅၉) ဦး လွတ်မြောက်မှုများအနက်မှ ကလေးထောင်တွင် အကျဉ်းသား (၄၄၈) ဦး လွတ်မြောက်ခဲ့ပြီး အဆိုပါ အကျဉ်းသားများအထဲမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၆)ဦး ပါဝင်ခဲ့သည်ဟု သတင်းရရှိပါသည်။
အဆိုပါ(၆) ဦးမှာ


၁။ ဟင်္သတမြို့နယ်မှ ကိုမြင့်နိုင်

၂။ ကိုမျိုးကြီး (ခ) ကိုလှိုင်မျိုး တာမွေလေး (ရန်ကုန်)

၃။ ဦးသိန်းလွင်ဦး - မြောက်ဥက္ကလာ (ရန်ကုန်)

၎။ ဦးအေးချို ။ပျော်ဘွယ်မြို့

၅။ ကိုမင်းအောင် ။ တောင်ကုတ်နှင့်

၆။ ကိုအောင်အောင် (ခ) ဗွေထန်း- ချင်းလွတ်မြောက်ရေးတပ်ဦး (CNF) တို့ဖြစ်ကြသည်။



4:45 PM

မြိတ်အကျဉ်းထောင်မှ အကျဉ်သား ၅၆ ဦး လွတ်မြောက်လာ

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစီစဉ်အရ တစ်နိုင်ငံလုံးတွင် အကျဉ်းသားများအား လွတ်ပေးလျက်ရှိရာ မြိတ်အကျဉ်းထောင်တွင်လည်း ယနေ့ ၁၂.၁၀.၂၀၁၁ နေ့နံနက် ၈ နာရီတွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

“အကျဉ်းသားအားလုံး ၅၆ဦးရှိမယ်လို့ အကြမ်းဖျဉ်း သိရပါတယ်။ ဒီနေ့မနက်ပဲ လွတ်ပေးလိုက်ပါပြီ။ အကျဉ်းသားစာရင်း အတိကျကိုတော့ ထပ်မံထုတ်ပေးသွားပါမယ်။တိုင်းအနေနှင့်ရော မြိတ်ခရိုင်အနေနှင့်ပါ ထပ်မံဆက်သွယ်ပေးပါမယ်”လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးခြင်းရှိ။မရှိကို ဖြေကြားခြင်းမရှိသော်လည်း ပြီးခဲ့သည့် သြဂုတ်လက ထောက်ဒဏ် ၄ လကျခံခဲ့ရသော မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဦးစံမှာ လွတ်မြောက်ရန် နှစ်လကျန်သေးသော်လည်း လွတ်မြောက်လာသူစာရင်းတွင် ပါလာခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ ဦးစံမှာ နိုင်ငံရေးအမှုနှင့်မဟုတ်ဘဲ ရန်ပွဲဖြစ်မှုဖြင့် ထောင်ဒဏ် ၄ လ ကျခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

6:00 PM

ခန္တီးအကျဉ်းထောင်မှ ယုံကြည်ချက်ဖြင့် အကျဉ်းကျခံသူ စုစုပေါင်း ခြောက်ဦး လွတ်မြောက်လာခြင်းဖြစ်ပြီး ထိုသူများ၌ မစုစုနွေးပါဝင်လာခြင်းဖြစ်သည်။ မစုစုနွေးသည် ၂၀၀၇ခုနှစ် နိုဝင်ဘာလက အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် ရှစ်နှစ် ခြောက်လကျခံခဲ့ရခြင်း ဖြစ်ပါသည်။ ခန္တီးမှ ရန်ကုန်သို့ လာရောက်မှုတွင် အစောဆုံး စနေနှင့် နောက်အကျဆုံး တနင်္ဂနွေနေ့တွင် ရောက်ရှိမည်ဟု ထပ်မံ သိရပါသည်။

http://www.news-eleven.com/

Wednesday, October 12, 2011

အကျဉ်းသား (၆၃၅၉)ဦးကို အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉) ဦးကို အောက်တိုဘာလ ၁၂ရကိ (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာချက်ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ အပြည့်အစုံမှ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတော် သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက် ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။

ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော် အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲ ပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင် သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://www.news-eleven.com/

Monday, October 10, 2011

ကားအကောင်းတွေ လာတော့မယ် ... လမ်းအကောင်းတွေ ဘယ်မှာလဲ



ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ကားများအနက် ယာဉ်မှတ်ပုံတင် သက်တမ်းအနှစ် ၂၀ ကျော်မှ အနှစ် ၄၀ ကျော်အထိ ရှိနေသော ကားဟောင်းများကို ပယ်ဖျက်ကာ ကားအဟောင်း အစားကားအသစ်များ အစားထိုး တင်သွင်းခွင့် ပြုတော့မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ယာဉ်အပ်နှံမှုကို စတင်လက်ခံခဲ့ရာ မကြာမီ ကားအသစ်များ ၀င်ရောက် လာတော့မည် ဖြစ်သည်။

ထိုသို့ ကားမော်ဒယ်အသစ်များ ၀င်ရောက်လာသော်လည်း မြန်မာနိုင်ငံ၏ မြို့တွင်း လမ်းပမ်းဆက်သွယ်ရေး အခြေအနေနှင့် မြို့တွင်းလမ်းများ အနေဖြင့် ဆိုးရွားစွာရှိနေဆဲ ဖြစ်ကြောင်း နှင့် ကားအကောင်းစားများနှင့် လမ်းအဆိုးများမှာ စီးရန်မသင့်တော်သေးကြောင်း၊ ထို့ကြောင့် မြို့တွင်းလမ်းများကို အမြန်ဆုံးပြုပြင်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုပါသည်။



ချိုင့်ခွက်များဖြစ်ပေါ်၍ ပျက်စီးနေသော ရန်ကုန်မြို့ လမ်းပိုင်းတစ်နေရာ

“အခုဆိုရင် သက်တမ်းရင့် ကားအိုကားဟောင်းတွေ နေရာမှာ ကားသစ်တွေနဲ့ အစားထိုးလဲ ပေးတော့မယ်။ ကားသစ်တွေပေးသွင်းတာ မြို့ပြ အင်္ဂါရပ်နဲ့ ညီညွတ်အောင် တင်သွင်းခွင့်ပေးတယ်လို့ ထင်ပါတယ်။ ကားသစ်တွေက ရောက်လာပြီဆိုတော့ လမ်းကောင်းဖြစ်ဖို့ပဲ လိုတော့တယ်။ ခုဆိုရင် နေရာတော်တော်များများမှာ ကားသစ်လေးတွေ မြင်နေရပြီ။ လမ်းကောင်းတွေ မြင်ရသွားရဖို့ပဲ လိုတော့တယ်။ ဒီနှစ်မိုးတွင်းဆိုရင် ရန်ကုန်မှာ ဘယ်နားသွားသွား ချိုင့်ခွက်ကြီးတွေနဲ့။ Down town လိုနေရာမျိုးမှာတောင် လမ်းတွေပျက်နေတာ။ ကျန်တဲ့နေရာတွေဆိုရင် ပြောမနေနဲ့တော့။ မြို့ထဲကနေ အောင်မင်္ဂလာသွားတဲ့ လမ်းဆို တော်တော်ဆိုးတယ်။ အဲဒီလို လမ်းမျိုး က မြို့တွင်းမဟုတ်ပေမယ့် လမ်းကတော့ ကောင်းသင့်တယ်။ အခုတော့ မြို့တွင်းကော မြို့ပြင်ပါ တော်တော် ဆိုးဆိုးရွားရွား ပျက်စီးနေတယ်။ ဒီတော့ကားအသစ်နဲ့ လမ်းပေါက်နဲ့ ကတော့ ကြည့်လို့ကောင်းနေပြီ။ ကား အိုနဲ့လမ်းစုတ်နဲ့ တုန်းကတော့ လိုက်နေတာပဲ။ အခုကားသစ်တွေ လာတော့မယ်။ ကားသစ်နဲ့ လမ်းသစ်ဖြစ်ဖို့လိုပြီ”ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

ထိုသို့ ရန်ကုန်မြို့တွင်းရှိ လမ်းများ ဆိုးရွားစွာ ပျက်စီးနေမှုကြောင့် ယခု နောက်ပိုင်းတွင် ယာဉ်ပိုင်ရှင်များ အနေဖြင့် ကားအောက်ပိုင်းပြင်ဆင်မှုများ ပိုမိုပြုလုပ်လာရကြောင်းလည်း ကားဝပ်ရှော့များထံမှ သိရသည်။

“အခုနောက်ပိုင်းမှာ ကားအောက်ပိုင်း၊ တိုင်းလော့၊ ဘောဂျွိုင့်၊ ရှော့ဘားတွေ ခဏခဏလာပြင်ရတယ်။ အဓိကကတော့ လမ်းချိုင့်ထဲ ကို ကျပြီးဖြစ်တာ။ အရင်တုန်းကတော့ ကောင်းတဲ့လမ်းကို ရွေးမောင်း တယ်။ ဒါပေမယ့် အခုလမ်းတွေက ရှောင်မောင်းစရာ မရှိတော့ဘူး။ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့လို အဓိက လမ်းမကြီးတွေမှာတောင်မှ မကောင်းတော့ဘူး။ လမ်းတွေကောင်းမယ်ဆိုရင် ကားပြင်ဆင်စရိတ်လည်း သက်သာလာမှာပါ။ ခုတော့ ဆင်ဖိုးထက်ချွန်းဖိုး ပိုကြီးနေဆိုသလိုကား ဈေးထက် ကားပြင်ဆင်စရိတ်က ပိုကြီးနေတဲ့ အနေအထားမှာ ရှိနေပါတယ်”ဟု ကားဝပ်ရှော့ လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

ယခုနှစ် မိုးရာသီတွင် ယာဉ်သွားယာဉ်လား များပြားသည့် လမ်းမကြီးများနှင့် လမ်းသွယ်များတွင် ချိုင့်ခွက်ကြီးများ ပိုမိုဖြစ်ပေါ်နေကြောင်းနှင့် လမ်းပြင်ဆင်မှုများ ပြုလုပ်ရာတွင်လည်း ကြာရှည်ခံနိုင်ရန်အတွက် ပြင်ဆင်ခြင်းမရှိသောကြောင့် လမ်းများမှာ မိုးရွာသွန်းပြီးနောက်ပိုင်း ပြန်လည်ပျက်စီးခြင်းများနှင့် ပျက်စီးနေသော လမ်းချိုင့်ခွက်များကို ရှောင်၍ မောင်းနှင်ရခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမို ကြုံတွေ့လာရကြောင်းလည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပြခဲ့ပါသည်။

“မိုးတွင်းမို့ လမ်းမခင်းဘဲလမ်း ပြင်တဲ့အပိုင်းပဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခဏခဏ ပြန်ပျက်တယ်။ လမ်းကို ဖာတယ်။ ဒါပေမယ့် ရေထွက်ပေါက်၊ ရေစီးပေါက်ကို မပြင်ဘူး။ ဒီတော့ မိုးရွာ၊ ရေ၀ပ်ပြီးပြန်ပျက်တာပေါ့။ လမ်း တံတား အင်ဂျင်နီယာတွေက ဒါကို သိပါတယ်။ ကျွမ်းလည်းကျွမ်းကျင် ပါတယ်။ စာရေးဆရာထက်ကျော်က ဟောပြောပွဲတစ်ခုမှာ ပြောဖူးတာကို သတိရမိတယ်။ အင်ဂျင်နီယာကြီးရဲ့ သား အင်ဂျင်နီယာလေးက သူတို့ မြို့ကို ပြန်တာဝန်ကျတော့ သူငယ်ငယ်ကတည်းက ပျက်နေတဲ့ လမ်းတွေခုထိ မကောင်းသေးတဲ့အကြောင်း အဖေ အင်ဂျင်နီယာကြီးကို ပြောတော့ အဲဒီလို ခဏခဏပြင်နေရလို့ မင်းအခုလို အင်ဂျင်နီယာကြီး ဖြစ်လာတာပေါ့လို့ ပြန်ပြောတယ်။ အခုလည်း အဲဒီလိုပဲလား လို့ တွေးမိတယ်။ အခုပွင့်လင်းရာသီမှာ လမ်းတွေ ဘယ်လောက်ကောင်း လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ”ဟု တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်း လမ်းတွင် နေထိုင်သူ လူငယ်တစ်ဦးက ဆိုပါသည်။

“အသုံးစရိတ်ကို တိုင်းဒေသကြီး အစိုးရကခွင့်ပြုတဲ့ ပမာဏပဲသုံးရတယ်ဆိုရင်လည်း တကယ်လိုအပ် တဲ့ နေရာမှာပဲ သုံးစေချင်တယ်။ လူမသွားတဲ့ ပလက်ဖောင်းပြင်တာမျိုး၊ လမ်းပေါက် ကျောက်ချတာမျိုး မလုပ်စေချင်ပါဘူး။ ရရှိတဲ့ ဘတ်ဂျက်ကို အမှန်တကယ် အသုံးပြုမယ်ဆိုရင် တော့ လမ်းတွေက ပြန်လည်ကောင်းမွန်သွားပြီး ရန်ကုန်မြို့လည်း ကျက်သရေပိုရှိသွားမယ်”ဟု အငြိမ်းစား လမ်းတံတား အင်ဂျင်နီယာတစ်ဦးက ပြောပါသည်။

ရန်ကုန်မြို့တွင်းရှိ လမ်းများ နည်းတူ အဝေးပြေးလမ်းများတွင် လည်း လမ်းပျက်စီးနေမှုများကြောင့် အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်ထွက် ချိန်စောခြင်း၊ ယာဉ်ဝင်ချိန် နောက်ကျခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း သိရှိရသည်။

ထို့ပြင် BOT စနစ်ဖြင့် လမ်းတံတားအသုံးပြုခ ကောက်ခံခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ များအနေဖြင့်လည်း သက်ဆိုင်ရာ လမ်းပိုင်းအလိုက် လမ်းပျက်စီးမှုများ ပြင်ဆင်နိုင်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ယာဉ်သွားယာဉ်လာ များပြားသော ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ မဟာဗန္ဓုလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုရင့်နောင်လမ်းစသည့် လမ်းများရှိ လမ်းပေါက်များကို အမြန်ဆုံး ချက်ချင်းပြုပြင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

“လမ်းဆိုတာနဲ့ ဘယ်လမ်းပဲ ဖြစ်ဖြစ်၊အဝေးပြေးလမ်းရော မြို့တွင်း လမ်းတွေပါ လမ်းကောင်းတွေပဲ ဖြစ်သင့်တာပါ။ ကားတွေကတော့ ကားသစ်ပဲဖြစ်ဖြစ်၊ ကားဟောင်းပဲဖြစ်ဖြစ် လမ်းကောင်းကိုပဲ မောင်းချင်ကြတာပါ။ ရန်ကုန်လိုမြို့မျိုးကျတော့ အများ ပြည်သူအများဆုံး အသုံးပြုနေတဲ့၊ ဘတ်စကားလိုင်းတွေ အများဆုံးပြေး ဆွဲနေတဲ့ main road တွေက ကောင်းကို ကောင်းသင့်ပါတယ်။ နောက်ပြီး အဲဒီအဓိကလမ်းတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေနဲ့ ရပ်ကွက်ထဲက လမ်းသွယ်အဆုံး၊ လမ်းအကုန်လုံး ကောင်းသင့်ပါတယ်။ ဘတ်စ်ကားလိုင်းတွေ မှာဆိုရင်လည်း လမ်းကောင်းမှ အများပြည်သူ သွားရလာရတဲ့ အချိန်တိုတောင်းမယ်။ အချိန်ဆုံးရှုံးမှု နည်းလို့သွားချင်တဲ့နေရာ မြန်မြန် ဆန်ဆန်ရောက်မယ်။ လမ်းမကောင်းတော့ ရုံးသူရုံးသားတွေဆိုရင် ရုံးတက်ဖို့၊ ရုံးကိုရောက်ဖို့ကိုတောင် ဘတ်စကားပေါ်မှာ အချိန်အများကြီး ပေးနေရပါတယ်။

ဒီတော့သူတို့ရဲ့ အလုပ်ချိန်တွေ ဆုံးရှုံးတယ်။ တက္ကသိုလ်ကျောင်းတွေ ကလည်း အများအားဖြင့် မြို့ပြင်မှာဆိုတော့ လမ်းတွေသာ ကောင်းမယ်ဆိုရင် ကျောင်းသူ ကျောင်းသားတွေရဲ့ trafficking hours တွေ လျော့ကျသွားမယ်။ ကျောင်းစာအပေါ်မှာ စိတ်ဝင်စားမှု ပိုကောင်းလာမယ်ပေါ့။ ဒီတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေး ဒီအရေးတွေ အားလုံးက လမ်းကောင်းတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်”ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီးက သုံးသပ် ပြောကြားခဲ့သည်။

http://www.news-eleven.com/

Sunday, October 9, 2011

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့်အခြေအနေများသို့ ဦးတည်သွားမည် ဖြစ်ကြောင်း CPI ဥက္ကဋ္ဌ ခြိမ်းခြောက်


တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှို(ဓါတ်ပုံ - Bloomberg News)

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုသော သတင်းနှင့်ပတ်သက်ပြီး တရုတ် အစိုးရသတင်းဌာန ဆင်ဟွာ က တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှိုကို မေးမြန်းခဲ့ရာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဆိုခြင်းမှာ တည်ဆောက် မှုများ ရပ်ဆိုင်းသည်ဟုဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

ရပ်ဆိုင်းမည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဆက်သွယ်အကြောင်းကြားခဲ့ခြင်း မရှိကြောင်း၊ အထူးပင်အံ့အားသင့်မိကြောင်း လူကျိရှိုက ပြောကြားသွားခဲ့သည်။

အောက်တိုဘာလ ၃ ရက်နေ့တွင်ဆင်ဟွာက စီမံကိန်းရပ်လိုက်ပါက မည်သို့ဖြစ်လာနိုင်သည်ဆိုခြင်းကို မေးမြန်းရာတွင် လူကျိရှို က မြန်မာနှင့်တရုတ်သည် ယခုနှစ် အစောပိုင်းတွင် သဘောတူညီမှုတစ်ခုရခဲ့ပြီး နှစ်ဖက်ဘဏ်များက တရုတ် ယွမ်ငွေဖြင့် ချေးငွေသဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ကြောင်း၊ ချေးငွေပြန်ဆပ်မည်ကို အာမခံသည့်အနေဖြင့် မြန်မာအစိုးရဘက်က မြစ်ဆုံရေအားလျှပ်စစ်စက်ရုံအတွက် ရရှိသောရှယ်ယာများဖြင့် အာမခံခဲ့ကြောင်း၊ယင်းမှရရှိရန် မျှော်လင့်ထားသည်များကို ချေးငွေပြန်ဆပ်ရန် အဓိကရင်းမြစ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ မြစ်ဆုံစီမံကိန်းရပ်လိုက်ပါက ချေးငွေသဘောတူညီချက် ချမှတ်မှုအပေါ် ဆိုးဆိုးရွားရွားသက်ရောက်နိုင်ကြောင်း သတိပေးခဲ့သည်။


၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မြစ်ဆုံစီမံကိန်းကိုစတင်ခဲ့ပြီး ဆည်ဧရိယာတွင် နေရာရွှေ့ပြောင်းမှုများ မှာ ပြီးစီးပြီဖြစ်သည်ဟု လျူက ဆိုသည်။ပြင်ဆင်မှုများဖြစ်သော လမ်းတည်ဆောက်မှု၊ သောက်သုံးရေ ထောက်ပံ့မှု၊ လျှပ်စစ်ထောက်ပံ့မှု၊ ဆက်သွယ်ရေးနှင့်မြေနေရာညှိခြင်းများ အပြည့်အ၀စတင်တင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။လမ်း၊ ရေသန့်စက်ရုံ၊ ဆီသိုလှောင်ရုံတို့မှာ ပုံကြမ်းပေါ်နေပြီဖြစ်ပြီး ပင်မရေလွှဲပြွန် နှင့်လမ်းလွှဲစနစ်များအတွက် တူးဖော်မှုများ စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံအတွက်သာ အကျိုးရှိမည်ဟုသတင်းများထွက် ပေါ်နေသည့်အပေါ် ဆင်ဟွာကမေး မြန်းခဲ့ရာတွင်လည်းဆည်ကြီးမှာ နှစ် ၁၀၀ကျော်ခံမည်ဖြစ်သောကြောင့် မိမိ တို့ နှစ် ၅၀ သုံးပြီးမြန်မာကို လုံး ၀လွှဲပေးသောအခါ မြန်မာအစိုး ရသည် အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်ချီပြီးပုံမှန်ဝင်ငွေရတော့မည် ဖြစ် ပြီး တိုက်ရိုက်စီးပွားရေးအရ အကျိုးအမြတ်ရှိမည်မှာလည်း ဒေါ်လာဘီလျံရာချီနေမည်ဖြစ်ကြောင်း လူကျိရှိုက နောင်အနှစ် ၅၀ ကျော် တွင်မှ အကျိုးအမြတ်ရမည့်အ ကြောင်းကို ပြောသွားခဲ့သည်။

တည်ဆောက်ရေးအမြင့်ဆုံး ရောက်သည့်အချိန်တွင် လုပ်သား လေးသောင်းမျလိုမည်ဖြစ်ပြီး လက်ရှိ တွင်မြန်မာလုပ်သား နှစ်ထောင်အထိ ပင် အလုပ်အကိုင်အခွင့်အလမ်းဖန် တီးပေးထားနိုင်ပြီဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

ဆည်တည်ဆောက်မှုကြောင့် ရေကြီးမှုနှင့် ငလျင်ကဲ့သို့သော အန္တရာယ်များဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်မှုအပေါ်အာမခံနိုင်ခြင်းရှိမရှိ မေးမြန်းခဲ့ရာတွင် အနှစ် ၁၀၀ ကျော် ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးသည့်ကာလအတွင်း ဆည်တည်ဆောက်မှုကြောင့် ရေလွှမ်းခြင်း၊ငလျင်လှုပ်ခြင်း မရှိခဲ့ဟု လူကျိရှိုက ဆိုသည်။ သို့ရာတွင် ဆည်ကျိုးသောကြောင့် ရေလွှမ်းနိုင်ခြင်းနှင့် ငလျင်လှုပ်ချိန် ဆည်ကျိုးပါက ဖြစ်လာနိုင်ချေကိုမူ ထည့်သွင်းပြောကြားသွားခြင်းမရှိပေ။

မြစ်ဆုံဆည်၏ ရေလွှမ်းမှုကာကွယ်နိုင်သည့် စံနှုန်းမှာ အနှစ် ၁၀၀၀ လျှင်တစ်ကြိမ်နှုန်းဖြစ်ပြီး ပိုမိုသေချာစေရန် အနှစ်တစ်သောင်း တစ်ကြိမ်အဖြစ် သေချာစွာ ဒီဇိုင်းဆွဲခဲ့ကြောင်းဖြေကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင် ပြဿနာနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်လည်း ''လူလုပ်တာမှန်သမျှက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအချို့တော့ ရှိတာပဲလေ''ဟု ပြောကြားခဲ့ပြီး ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးလာခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင် ကာကွယ်မှုများ အဆင့်မြင့်လာခဲ့ကြောင်း ချေပခဲ့သည်။

အမေရိကန်မှ နှစ် ၈၀ ရှိပြီဖြစ် သော ဟိုးဗားဆည်ကြီးကို ရည်ညွှန်း ပြောသွားခဲ့သော်လည်း ယင်းဆည်ကြီးကြောင့် ကော်လိုရာဒိုမြစ်ဝှမ်းတွင် ဒုက္ခရောက်မှု၊အပင်နှင့်သက်ရှိ မျိုးစိတ်များ မျိုးသုဉ်းကုန်မှုအပါအ၀င် ကြုံတွေ့ခဲ့ရသောပြဿနာများကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ ဘရာဇီး-ပါရာဂွေး ပူးပေါင်းတည်ဆောက်ခဲ့သော အီတေပူဆည်ကြီး၏ အကျိုးရလဒ်များကို ပြောကြားခဲ့သည်။ သို့ရာတွင် ဘရားဇီးက ThreeGorges ဆည်နှင့် အီတေပူ ဆည်ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံးဖြစ်လာမည့် ဆည်သစ်ကြီးတစ်ခုကို တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

Three Gorges Dam ကို ဒီဇိုင်းရေးပေးခဲ့သော Changjiang Institute of Survey,Planning, Design and Research အင်စတီကျု က ဧရာဝတီမြစ်ဝှမ်းအပေါ်ပိုင်း နှင့် မြစ်ဆုံဆည်တည်ဆောက်ရေးဒီဇိုင်း အတွက်တာဝန်ယူပေးခဲ့ခြင်းကြောင့် စိတ်ချရသည်ဟု လူကျိရှိုကပြော ကြားခဲ့သည်။သို့ရာတွင် တရုတ်အစိုးရသည် Three Gorges ဆည်တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော မျှော်မှန်းမထားနိုင်သည့် ပြဿနာများအတွက် ၀န်ခံခဲ့ပြီး နိုင်ငံတွင်း ဧရာမဆည်ကြီးများ တည်ဆောက်ရေးကို ပြန်လည်သုံးသပ်ခဲ့ပြီးဖြစ်သည်။

ရွှေ့ပြောင်းပေးခဲ့ရသော ဒေသခံများကို တစ်အိမ်ထောင် ငွေတစ်သိန်း၊ရောင်စုံတီဗွီတစ်လုံးနှင့် နှစ်ထပ်သစ်၊အုတ်နှစ်မျိုးသုံးအိမ်တို့ ပေးအပ်ကူညီခဲ့ကြောင်း၊ ကျောင်းများ၊ဆေးရုံများကိုလည်း ကွန်ကရစ်သက်သက်ဖြင့်သာ ဆောက်ထားပြီး ကျောင်းသားများကို ဖတ်စာအုပ်များ၊ယူနီဖောင်းများ၊ စာရေးကိရိယားများ ပေးအပ်ခဲ့ကြောင်းပါ ထည့်ပြောသွားခဲ့သည်။

နောက်ဆုံးအနေဖြင့် တရုတ် စကားပုံနှစ်ခုဖြစ်သည့် ''မျက်မြင်တွေ့ရခြင်းသာ ယုံကြည်ခြင်းဖြစ်သည်'' ဆိုသော စကားပုံနှင့် ''ထင်မြင်ချက်အားလုံးကို တံခါးဖွင့်ထားသူသာ ပညာရှိဖြစ်ပြီး အရူးကမူ သူလိုချင်သည်ကိုသာ သူယုံကြည်သည်'' ဆိုသော စကားပုံနှစ်ခုကို သုံးနှုန်းသွားခဲ့သည်။

Ref;Xinhua,CPI: Mutually Beneficial and Double Winning China-Myanmar Myitsone Hydropower


http://www.news-eleven.com/

Friday, October 7, 2011

ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း

http://api.ning.com/files/mW8NxfD7D-PkZDttT4TXT3W23trJG-EqInIv*PTlWH0RyybPIRllYUtJvSYcaqbFGYpeZF1lTmAGwPbFxDo4qt9AXF7GScJL/name1.gif

ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ကိစ္စများ အဆင်ပြေသော်လည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားပြောဆိုမှု အဆင်မပြေပါ။ အလုပ်သစ် နေရာအသစ် ရရှိလာမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ စက်ပစ္စည်းဝင်မည်။ ရွှေဝင်မည်။

ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ကြွေးတင်မည်။ ညီအသစ်ကိုမောင်နှမများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ ခရီးယာယီထွက်ရမည်။ အဝတ်အထည်များဝင်မည်။ သူငယ်ချင်းများနဲ့ ပျော်စရာကောင်းသော ခရီးသို့ ထွက်ရမည်။

ပညာရေး အဆင်ပြေလာမည်။ သူငယ်ချင်းများထံမှ အကူအညီ ရမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ ချစ်သူဟောင်းထံမှ ဆက်သွယ်လာမည်။ ချစ်သူနှစ်ဦး အတွက်နဲ့ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာ စကားများနေရသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေး ညံ့မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် ပန်းအနီရောင် ၇ ပွင့်ကို လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 0 5 6 2

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ ရပ်တန့်နေသော စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်လာမည်။ အလုပ်အသစ်တွေ လုပ်ဆောင်ရမည်။ သူငယ်ချင်းမိတ်တွေများထံမှ ကူညီပေးမှု ရမည်။ လုပ်ငန်းဆောင်တာ ကိစ္စများ အကြံညဏ်ပေးသူ ကူညီပေးသူများ ရှိလာမည်။

ငွေကြေးကိစ္စများ အဆင်ပြေမည်။ ချေးဌားထားသော ငွေကြေးများ ပြန်ရမည်။ ငွေဝင်သော် အနည်းငယ် ကုန်ကျမှု ရှိနေပါသည်။ စက်ပစ္စည်း အဟောင်းဝင်ပါက မကောင်းပါ။ဘာသာရေး လုပ်ငန်းများ ကိစ္စများ ပြုလုပ်ရမည်။ ရွှေထွက်မည်။ ခရီးယာယီများ မကြာခဏ သွားရမည်။ လူမှုရေးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။

ပညာရေး ကံကောင်းနေသော ပုံမှန်ကံကောင်းလာမည်။ အကူအညီပေးသူ ပေါ်မည်။

ယခုလတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ အချစ်ရေးကြားလူ ဝင်နှောက်ယှက်ခံရမည်။ အိမ်ထောင်ရေးကိစ္စများ မကြာခဏ စကားများနေမည်။

ယခုလ အတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် အဖြူုရောင် ပန်း ၁၅ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍
ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 4 7 1 4

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင်များ အဆင်မပြေသေးပါ။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုလို နဲ့ အချိန်နေမည်။ လက်အောက်ငယ်သားများထံမှ အကူအညီ ရရှိမည်။ လူမှုဆက်ဆံရေးများ အနည်းငယ် လွဲချော်နေမည်။

ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အဖတ်မတင်သေးပါ။ ရွှေဝင်မည် လူဝင်မည်။ အဝတ်အထည်များ ဝင်မည်။
အမွေကိစ္စများ ငွေကြေးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရမည်။ ခရီးဝေးလို့ ထွက်ရမည်။ နေအိမ်သို့ ပန်းပင် ပန်းအိုးများ ရောက်လာပါက ကံကောင်းလာမည်။

ပညာရေး ကြိုးစားနေမည် သင်တန်းကိစ္စများ အဆင်ပြေပါသည်။

ဒီလအတွင်း အချစ်ရေးမှာ ချစ်သူနှင့်အတူ ပျော်စရာကောင်းသော အချိန်လေးပါ။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများတွင် ညီအစ်ကို မောင်နှမများ အတွက်နဲ့ စကားများနေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ မျက်စီအားနည်းခြင်း ၊ အိပ်ရေးပျက်ခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်တွင် စံပယ်ပန်း ၈ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 5 2 0 5

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။ အထက်လူကြီးများနဲ့ ပူးတွဲလုပ်ကိုင်ရမည်။ စမ်တူလုပ်ငန်းများ အဆင်ပြေနေ အချိန်လေး ဖြစ်ပါသည်။ မိသားစု အတွင်း အလုပ်အကိုင် ကိစ္စများ တိုးတက်လာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အဖက်ဖက်က ငွေဝင်ကိန်းရှိပါသည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ မိသားစု အတွင်း ခရီးထွက်ရမည်။ စနေနံ ပစ္စည်းများ ဝင်မည်။ အလှူအတန်းကိစ္စများ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ အပူလောင် ခံရတတ်သည်။ သတိထား၍ လုပ်ကိုင်ပါ။

ပညာရေး ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။

အချစ်ရေးမှာ အသဲကွဲခံရမည်။ မိမိ ဂရုစိုက်တတ်သော ချစ်သူနှင့် တွေ့မည်။ အိမ်ထောင်ရေး အဆင်ပြေနေသော အချိန်လေးပါ။

ယခုလ ခေါင်းမူး ခေါင်းကိုက် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် အဝါရောင်ပန်း ၁၇ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 1 2 5 2

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်များ အဆင်မပြေသေးပါ။ အလုပ်ထဲ စိတ်ပျော်ရွှင်မှု မရှိပဲ ဖြစ်နေမည်။ ဆုံးဖြတ်ရ ခက်သောကိစ္စများ ပြသာနာများကို အနည်းငယ် ရင်ဆိုင်နေရမည်။ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လက်အောက်ငယ်သားများ ထံမှ အကြံပေးသူ ပေါ်လာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ကိုယ်ပိုင်ငွေများ သာမက သူတစ်ပါး ငွေများ ပစ္စည်းများ
လက်ခံ ရရှိမည်။ ရုတ်တစ်ရက် ငွေဝင်သလို ရုတ်တစ်ရက် ငွေကုန်ကျမှု ကိစ္စများ ဖြစ်ပေါ်နေမည်။ စက်ပစ္စည်း ဝင်လာမည်။ အိမ်မက်ကောင်း မက်မည်။

ယခုလအတွင်း အဆင်ပြေပါသည်။ အကူညီပေးသူ ပေါ်လာမည်။

ဒီလအတွင်း အချစ်ရေး ကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ စကားပြောဆိုမှု အဆင်ပြေပါသည်။

ဒီလအတွင်း အိပ်ရေးပျက်ခြင်း ၊ သွေးအားနည်းခြင်းများ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် အဖြူရောင်ပန်း ၁၉ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 2 1 6 4

၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စမ်တူကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။

ငွေကြေး ကိစ္စများ အဆင်ပြေလာမည်။ ချေးဌားထားသော ငွေကြေးများ အကြွေးများ ပြန်ရမည်။ ငွေဝင်နေမည်။ ယခုလအတွင်း ငွေကြေးများ ချေးဌားခြင်းများ ခဏရှောင်လိုက်ပါ။ မိသားစုအတွင်း စီးပွားရေး လုပ်ငန်းများ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ အဝတ်အထည် ဝင်မည်။ စနေနံဝင်ပါက နိမိတ်ကောင်းပါသည်။ ခရီးယာယီ ကိစ္စများသွားရမည်။

ယခုလအတွင်း ပညာရေးကိစ္စများ အဆင်ပြေလာမည်။

ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ ပျော်စရာကောင်းသော နေ့ရက်များကို ဖြတ်သန်းရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။

ယခုလအတွင်း ကျန်းမာရေးမှာ လက်နာမည်။ အိပ်ရေးပျက်မည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက်တွင် သရက်ညွှန့် ၂၁ ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 9 0 5 2

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း အလုပ်ကိစ္စများ အဆင်ပြေပါသည်။ တွဲဖက် လုပ်ငန်းများ စမ်တူကိစ္စလုပ်ငန်းများ တိုးတက်လာမည်။ မိမိ နှင့် ပူးတွဲလုပ်ကိုင်နေသူများကို ဂရုစိုက်ပါ။ အတိုက်အခံ ဖြစ်နေရမည်။ လက်အောက်ငယ်များ ထံမှ အကူအညီ ရမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရှာသလောက် ရမည် ။ ငွေဝင်မည်။ ခရီးထွက်ရမည်။ ရွှေဝင်မည်။ လူဝင်မည်။ စာအုပ်ဝင်မည်။ မိသားစု အတွင်း အတိုက်အခံ စကားများရမည်။ ကြာသပတေးနံပစ္စည်းများ ဝင်လာမည်။

ယခုလအတွင်း ပညာရေး အဆင်ပြေပါသည်။ သင်တန်းကိစ္စများ အကူအညီရလာမည်။

အချစ်ရေးမှာ ချစ်သူနဲ့ စကားများနေရမည်။ ယခုလ အိမ်ထောင်ရေး ကိစ္စများ သားသမီးအတွက်နဲ့ အနည်းငယ် စကားများ ရန်ဖြစ်နေရမည်။

အခုလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်းဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက်တွင် နှင်းဆီနီ ၇ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 1 4 9 8


http://api.ning.com/files/rAZgvFF8RoW7*I345Vs-LHUU6PytDMShHl00XaAh5XbWDhIM-JxuA7BCxNSCqZ2gj5eZEcEyCjIHDTK7SnDpCXtl*G9RFqxG/name12.gif

2011, October လ လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

October လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016 , 606 1917 , 017, 226 0715 ... စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Source by :http://www.myohanko.br.ms/

Tuesday, October 4, 2011

မလေးရှားနိုင်ငံအတွင်း ကေအယ်လ် နှင့် ပီနန်မြို့များတွင် မြန်မာစာပေ ဟောပြောပွဲ အစီအစဉ်များ ကျင်းပမည်


ပုံပေါ်တွင် စာဖတ်လိုသော မိတ်ဆွေများ ကလစ်တစ်ချက်နှိပ်၍ ဖတ်နိုင်ကူးနိုင်ပါသည်။

နာရေးကူညီမှုအသင်း (ကေအယ်လ်) မှ ကြီးမှူးကျင်းပသော ၂၀၁၁ ခုနှစ်အတွက် ပထမအကြိမ် အဖြစ် မြန်မာစာပေ ဟောပြောပွဲကို မလေးရှားနိုင်ငံအတွင်း ကေအယ်လ် ၊ ပီနန် စသည့်နေရာများတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ပထမအကြိမ် မြန်မာစာပေဟောပြောပွဲ အတွက် ဖိတ်ကြားထားသော စာရေးဆရာများဖြစ်တဲ့ ဆရာနွမ်ဂျာသိုင်း မှ " စာရေးသူမှ စာဖတ်သူသို့ " ခေါင်းစဉ်ဖြင့် ဟောပြောပေးမှာ ဖြစ်ပြီး ဆရာ အကြည်တော် မှ " လမင်းဖမ်းပွဲ " ခေါင်းစဉ်ဖြင့် ဟောပြောပေးမှာ ဖြစ်ပါတယ်။ ဆရာမ သန်းမြင့်အောင်မှ" လူမှ ဘဝ ပရဟိတ နယ်ပယ် "ဆိုတဲ့ စာပေခေါင်းစဉ်ဖြင့် ဟောပြော သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

စာပေဟောပြောပွဲ အစီအစဉ်များကို အောက်ပါ အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ်သွားပါမည်။

(ကေအယ်လ်)

နေ့ရက်
၁၁.၁၂.၂၀၁၁ (တနင်္ဂနွေနေ့ )

အချိန်
နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီ အထိ

နေရာ
SM ကုန်တိုက် (၆)လွှာ
ကိုတာရာယာ ဘေးအဆောက်အဦး

(ပီနန်မြို့)

နေ့ရက် = ၁၈.၁၂.၂၀၁၁ (တနင်္ဂနွေနေ့ )
အချိန် = နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီ အထိ
နေရာ = ဓမ္ဓိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း


မြန်မာစာပေ ဟောပြောပွဲအစဉ်များ နှင့် ပက်သက်၍ ဆက်သွယ်စုံစမ်းလိုပါက အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ကေအယ်လ် စာပေဟောပြောပွဲ အတွက် ဆယ်သွယ်ရန်

ဦးမျိုးပိုင်
016, 2727 044

ကိုသက်
017, 2838 470

ကိုဆန်းမင်းဦး
016, 3687 939

ကိုစိုးမိုးအောင်
010,8343 475

ကိုအော်စကာ
016,6738 398

ကိုစိုးဝင်း
016, 6938 766

သတင်းကွန်ယက်
016,6598 531


ပီနန် စာပေဟောပြောပွဲ အတွက် ဆက်သွယ်ရန်


ကိုထွန်းရီ
016,4640 784
(အမေ့ရင်သွေး တေးဂီတ)


ဦးပေါ်ဦး
012, 5152 439
(အောင်သပြေ စားသောက်ဆိုင်)


ကိုဇော်နိုင်
012,5195 283
(အောင်သပြေ စားသောက်ဆိုင်)


ကိုနန္ဒ
017, 4667 281

ကိုဆန်း
012,4450 099
(အမေ့ရင်သွေး တေးဂီတ)

ကိုရဲ
012,5173 457
(မိုးသောက်နေ စတိုးနှင့် စားသောက်ဆိုင်)

ကိုဆန်းလွင်
(အောင်သဖူ စားသောက်ဆိုင်)


Source by : www.nayzawlin1.com - www.nayzawlin1.org- www.nayzawlin1.net

Saturday, October 1, 2011

သတင်းမီဒီယာဆိုင်ရာ ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ပုဂ္ဂလိကသတင်းစာများ ရရှိလာမှာဖြစ်ကြောင်း

ပြည်ထောင်စုလွှတ်တော်က သတင်းမီဒီယာဆိုင်ရာ ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ပုဂ္ဂလိကသတင်းစာများ ရရှိလာမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက် မြောက်နေ့အစီအစဉ်တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ''မေးခွန်းကိုမေးရသည့်အဓိက ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်လို့ဖော်ပြထားပါတယ်။

ပုဒ်မခွဲ (က) မှာ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ထိပ်ဆုံးမှာကို ပါရှိပါတယ်။ ကျွန်တော်တို့လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သစ်မှာလည်း ပြည်ထောင်စုအစိုးရ သမ္မတကြီး ကိုယ်တိုင်တောင်မှ စတုတ္ထမဏ္ဍိုင်များရဲ့ အရေးပါပုံအခန်းကဏ္ဍကို အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီး ဖြစ်ပါ တယ်။ ဒီအတွက်ကြောင့်မို့လို့ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာများရဲ့ အခန်းကဏ္ဍကလည်း များစွာမှ အရေးပါလှတယ်ဆိုတာကို ထပ်မံတင်ပြလိုပါတယ်။ ဒီလို မီဒီယာကဏ္ဍ အရေးပါတဲ့အထဲမှာ မီဒီယာအနေနဲ့ ပုံနှိပ်မီဒီယာများ၊ ရုပ်သံမီဒီယာများ မီဒီယာမျိုးစုံ ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ပုံနှိပ် မီဒီယာအနေနဲ့ကတော့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ စာနယ်ဇင်းတွေ ဒီလိုထုတ်ဝေဖြန့်ချိနေတာမျိုးတွေ ရှိပါတယ်။ ဒီနေရာမှာ တင်ပြလိုတာကတော့ ကျွန်တော်တို့ နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေတဲ့နေရာမှာ ပုဂ္ဂလိကသတင်းစာများ ယနေ့တိုင် မြန်မာနိုင်ငံမှာ တစ်စောင်မှ ထုတ်ဝေခြင်းရှိတာကို မတွေ့ရသေးပါဘူး ဥက္ကဋ္ဌကြီး ခင်ဗျာ။ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေဖြန့်ချိမှု မပြုနိုင်သေးတာ မြန်မာနိုင်ငံ တစ်နိုင်ငံပဲ ကျန်ရှိပါတော့တယ် ဥက္ကဋ္ဌကြီး ခင်ဗျာ။ ကျွန်တော်တို့ တစ်ပါတီစနစ် ကျင့်သုံးဆဲဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာတောင်မှ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့် ရရှိနေတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ် ဥက္ကဋ္ဌကြီး ခင်ဗျာ။ အဲဒီအတွက်ကြောင့်မို့လို့ နိုင်ငံတော်ရဲ့ ခေတ်ပြောင်း စနစ်ပြောင်းမှာ လိုအပ်နေတဲ့ နေ့စဉ်ထုတ် ပုဂ္ဂလိကပိုင်သတင်းစာ တစ်စောင်၊ ဒါမှမဟုတ်လည်း သတင်းစာများကို ထုတ်ဝေခွင့်ပြုနိုင်၊ မပြုနိုင်နဲ့ စပ်လျဉ်းတဲ့မေးခွန်းကို မေးမြန်းလိုခြင်း ဖြစ်ပါတယ် ဥက္ကဋ္ဌကြီး ခင်ဗျာ။ မေးမြန်းလိုတဲ့ မေးခွန်းကတော့ ပုဂ္ဂလိကမှ အလုံးစုံ ပိုင်ဆိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသော နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်း စာထုတ်ဝေခွင့်ကို မည်သည့်အချိန်တွင် ခွင့်ပြုပေးပါမည်နည်း၊ ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မရှိပါကလည်း အဘယ်အကြောင်းကြောင့် ခွင့်ပြုပေးနိုင်ခြင်း မရှိသည်ကို ဖြေကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာတင်ပြ မေးမြန်းအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးအများကြီးတင်ရှိပါတယ်'' ဟု မေးမြန်းခဲ့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြန်လည်ဖြေကြားရာ၌ အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဥက္ကဋ္ဌကြီးခင်ဗျာ။ ယနေ့အခါမှာ ကျွန်တော်တို့နိုင်ငံအတွင်း စာပေ ထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် စာပေထုတ်ဝေခွင့် မှတ်ပုံတင်ပေါင်း ၉၆၁ ခု ရှိပြီးတော့ အဲဒီမှတ်ပုံ တင်ထားကြတဲ့ပုဂ္ဂိုလ်၊ ကုမ္ပဏီများဟာ မိမိတို့နဲ့သက်ဆိုင်ရာ စာပေ၊ စာစောင်များကို ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချိလျက် ရှိနေကြပါတယ်။ အဲဒီအထဲမှာ ဂျာနယ် ၁၅၉ စောင်က အပတ်စဉ် ထုတ်ဝေလျက်ရှိပြီးတော့ မဂ္ဂဇင်း ၁၄၉ စောင်က လစဉ်ထုတ် ဝေလျက်ရှိနေပါတယ်။ အပတ်စဉ်ထုတ် ဂျာနယ်များဟာ ရက်အလိုက် ထုတ်ဝေနေကြတာ ဖြစ်ပြီးတော့ တနင်္လာနေ့ မှာ ၃၄ စောင်၊ အင်္ဂါနေ့ မှာ ၁၇ စောင်၊ ဗုဒ္ဓဟူးနေ့မှာ ၂၁ စောင်၊ ကြာသပတေးနေ့မှာ ၁၇ စောင်၊ သောကြာနေ့မှာ ၁၉ စောင်၊ စနေနေ့မှာ ၁၁ စောင်နဲ့ တနင်္ဂနွေနေ့ မှာ ၁၃ စောင် ထုတ်ဝေဖြန့်ချိ နေကြပါတယ်။ ကျန်တဲ့ ၂၆ စောင်ကတော့ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေဖြန့်ချိလျက် ရှိပါတယ်။

ဒီဂျာနယ် ထုတ်ဝေမှုကို ကြည့်ရင် ဂျာနယ်များဟာ တနင်္လာနေ့မှသည် တနင်္ဂနွေနေ့အထိ နေ့စဉ် ထုတ်ဝေနေကြတာကို တွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ဂျာနယ်များဟာ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများသဖွယ် ပြည်သူတွေအတွက် သတင်းနဲ့ အသိဗဟုသုတများကို ဖြန့်ချိပေးနေတာ တွေ့ရမှာဖြစ်တယ်လို့ ရှင်းပြလိုပါတယ်'' ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

''ကနေ့အခါမှာ အခြေခံဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုရေးသားထုတ်ဝေမှုများဟာ အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၃၅၄မှာ ပြဋ္ဌာန်းထားတာကတော့ ဒေါက်တာမြတ် ဉာဏစိုးလည်း ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။

ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော် ရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူအများရဲ့ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများနဲ့ မဆန့်ကျင်လျင် မိမိတို့ရဲ့ ယုံကြည်ချက်၊ မိမိတို့ရဲ့ ထင်မြင် ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားဖြန့်ချိခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
စာပေ၊ စာနယ်ဇင်းများဟာ အဲဒီပြဋ္ဌာန်းချက်နဲ့အညီ လုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ပြောလိုပါတယ်။

အဲဒီပြဋ္ဌာန်းချက်ကို ကျွန်တော်တို့ ဆန်းစစ်ကြည့်ရင် သတင်းမီဒီယာသမားများဟာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိကြသလို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး တို့ကို ထိပါးခြင်းမရှိအောင်လည်း တာဝန်ယူကြရမှာ ဖြစ်ပါတယ်။

အလားတူပါပဲ သတင်းမီဒီယာသမားများဟာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိသလို ပြည်သူအများရဲ့ ကိုယ့်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများကို မဆန့်ကျင်မိအောင်လည်း ထိန်းသိမ်းကြရမယ့် တာဝန်ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာဆိုတဲ့ စကားဟာကျယ်ပြန့်ပါတယ်။ ကျယ်ပြန့်တဲ့အတွက် အချို့သောကိစ္စတွေအတွက် ဥပဒေနဲ့ ပြဋ္ဌာန်းထားလို့ ရနိုင်မှာဖြစ်သလို အချို့သောပြည်သူများရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ဆိုတဲ့ကိစ္စများဟာ ဥပဒေနဲ့ ပြဋ္ဌာန်း လို့ ရကောင်းမှ ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဥပဒေပြဋ္ဌာန်းလို့ရတာတွေကို ဥပဒေနဲ့အညီ လိုက်နာကျင့်ကြံရမှာ ဖြစ်ပြီးတော့ ဥပဒေပြဋ္ဌာန်းလို့မရနိုင်တဲ့ ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာဆိုတဲ့ ကိစ္စတွေကိုတော့ ဆင်ခြင်တုံတရားနဲ့ လိုက်နာဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းမီဒီယာ သမားများဟာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိသလို လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားတို့ကို ပေါင်းစပ်ယှဉ်တွဲ အသုံးပြုရမှာဖြစ်ကြောင်း ကျွန်တော်ရှင်းလင်းပြောကြားလိုပါတယ်'' ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။

''ကျွန်တော်တို့ ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ သတင်းမီဒီယာဆိုင်ရာဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းနဲ့ အသစ်ပြဋ္ဌာန်းခြင်းတို့ပြုလုပ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်အောင် စီမံဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က သတင်းမီဒီယာဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်၊ ဖြည့်စွက် အတည်ပြု ပြဋ္ဌာန်းလိုက်တာနဲ့တစ်ပြိုင်နက်တည်း သတင်းမီဒီယာလောကရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း အားလုံးပြီးစီးမှုနဲ့ ဟန်ချက်ညီဖြစ်ပြီးတော့ အားလုံး သဟဇာတ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို သတင်းမီဒီယာများ ပြဋ္ဌာန်းပြီးတဲ့အခါမှာ သတင်းမီဒီယာသမားများဟာ ဥပဒေနဲ့အညီ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်များ ရရှိကြမှာ ဖြစ်သလို ပုဂ္ဂလိကသတင်းစာများလည်း ရရှိလာမှာဖြစ်ကြောင်း ဖြေကြားရင်း နိဂုံးချုပ်ပါတယ်''ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အမျိုးသားလွှတ်တော်၌ ပြောကြား ခဲ့သည်။

အာရှနိုင်ငံများအတွင်း ပုဂ္ဂလိက သတင်းစာမရှိသော နိုင်ငံသုံးနိုင်ငံသာ ကျန်ရှိတော့ပြီး အဆိုပါနိုင်ငံများမှာ မြန်မာနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့ ဖြစ်ကြကြောင်း သိရှိရပါသည်။ ယင်းနိုင်ငံ သုံးနိုင်ငံမှလွဲ၍ ကျန်ရှိသော အာရှနိုင်ငံများမှာ ပုဂ္ဂလိကသီးသန့် အနေ ဖြင့်လည်းကောင်း၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍လည်းကောင်း နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေလျက်ရှိနေကြောင်း သိရပါသည်။

'skynet တို့လို ပုဂ္ဂလိက TV Channel တွေ အများကြီး ခွင့်ပြုပေးသလို အစိုးရနှင့်ဆက်စပ်တဲ့ သတင်းစာတွေ ခွင့်ပြုပေးနေတယ်။ ပုဂ္ဂလိကသတင်းစာလည်း အခုပဲ ခွင့်ပြုပေးသင့်တယ်။ ၁၉၆၂ ဥပဒေထုတ်ပြီး နောက်ပိုင်းမှာတောင် ဥပဒေအရ ပုဂ္ဂလိကသတင်းစာ ရှိနေသေးတယ်။ အာရှမှာ ပုဂ္ဂလိကသတင်းစာ မရှိတာ မြောက်ကိုရီးယား၊ လာအိုနဲ့ မြန်မာ သုံးနိုင်ငံပဲ ရှိတော့တယ်။ နိုင်ငံတကာက journalist အချင်းချင်းမေးလို့ journal ကလို့ပြောရင် သူတို့နားမလည်ဘူး။ journal ဆိုတာ ဘာသာရပ်ဆိုင်ရာတွေအတွက် အဓိကထား ထုတ်ကြတာဖြစ်တယ်။ limited အရမ်းဖြစ်တယ်။ အခုခေတ် သိပ်မရှိတော့ဘူး။ printed media မှာ သတင်းစာ၊ မဂ္ဂဇင်းပဲ အများဆုံးရှိတယ်။ ဒီမိုကရေစီရဲ့စံနှုန်းမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပုဂ္ဂလိကသတင်းစာ ရှိ မရှိက စံနှုန်းတစ်ခုပဲ ဖြစ်တယ်။ လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှုကို ချိတ်ဆက်ထားတာတော့ သဘောတူပါတယ်။ ဒါပေမယ့် မျှမျှတတ ဖြစ်စေချင်ပါတယ်။ တခြားမကြည့်နဲ့ 7 Day journal အယ်ဒီတာချုပ် ကိုမျိုးသာထက်ကို အခု BBC သတင်းထောက်ဘ၀မှာ ဆက်ဆံပုံက Double Standard ဖြစ်နေ တယ်။ Private newsmedia တွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ အမြင်တွေ ပြောင်းသင့်ပြီလို့ မြင်ပါတယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

http://www.news-eleven.com/