Thursday, December 29, 2011

29.12.11 မနက် မီးလောင်မှု နောက်ဆက်တွဲ ဗွီဒီယိုဖိုင်များ

အသည်းနုတဲ့ သူများ တစ်ချို့ နေရာတွေ မကြည့်ကြဖို့ ကြိုတင်အသိပေးပါရစေခင်ဗျာ...။ ဟီးဟီး...ကျွန်တော်လည်း မျက်စိမှိတ်ပြီး ပတ်ပလစ်ကို နှိပ်လိုက်တာ...ဘာတဲ့ နားထောင်မိတာတော့ “ ဒီမှာ ဒက်ဘော်ဒီ တစ်ခုရှိတယ်..ဒက်ဘော်ဒီ တစ်ခုရှိတယ်..ကြားရင်အကြောင်းပြန် ” ဆိုတာနဲ့ ...မကြည့်ပဲ ရမ်းသမ်းတင်လိုက်တာ...။


 








http://www.youtube.com/watch?v=wE4ivt0N3Vk&feature=player_embedded#!



ခရက်တစ်ပေးရန်ပိုင်ရှင်ရှာရင်း မူးသွားပါသဖြင့်...ဤနေရာမှ နေ၍ ခွင့်တောင်းအပ်ပါသည် ခင်ဗျား....။ မူရင်းတင်ထားပေးသူအားလုံးကိုကျေးဇူးအထူးတင်ပါသည်။ ယခုလို ပြန်လည်မျှဝေပေးခြင်းကို ခွင့်ပြု နားလည်ပေးပါရန် လေးစားစွာ ခွင့်ပန်အပ်သည် ခင်ဗျာ..။

မင်္ဂလာတောင်ညွန်မြို့နယ် ကူးတို့ဆိတ်ရပ်ကွက်တွင်ပေါက်ကွဲမူ့နှင့်အတူ မီးလောင်ကျွမ်းမူ့ဖြစ်ပွါး

မီးလောင်ကျွမ်းမူ့ဖြစ်ပွါး နောက်ဆက်တွဲသတင်းများ

ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များ

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။


အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး
သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။
(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )

ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ
ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို
ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။

''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။ အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာ
မှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။  ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး
သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့ ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီး
ပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာ
တဲ့ အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။ ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာ
နေတဲ့ သူတွေကိုတောင် လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင် နေထိုင်
ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော သတင်းများအရ
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်  လတ်တလော စာရင်းကောက်ခံမှုအရ ၁၄ ဦးသေဆုံး(ကျား ၇၊ မ ၄၊ မီးသတ်တပ်ဖွဲ့
ဝင် ၃ ဦး)ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း နံနက် ၄ နာရီ ရရှိသော သတင်းများအရ သိရှိရသည်။

(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်
နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံး
သူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ   ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု
ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။
ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။
နံနက် ၄ နာရီ ၁၁ မိနစ်၊ မီးလောင်ကျွမ်းမှု အရှိန် မသေသေး၊ သဘောင်္ကျင်းအတွင်း ရှိ လောင်စာဆီကန်များနှင့်
ကျန်ဂိုဒေါင်များထဲတွင် ဂဟေဆော်ရာတွင် သုံးသည့် ကာဗိုက်ကဲ့သို့ ဂိုဒေါင်များ လောင်ကျွမ်းမည်ကို စိုးသဖြင့်
အနီးရပ်ကွက်မှ လူများ ကားပေါ်ပစ္စည်းနှင့် လူများ အသင့်တင်ကာ ထွက်ခွာဖို့ လုပ်ထားကြသည်။
ဆေးရုံကြီး မှ ရသည့် သတင်းအရ ယခုအချိန်ထိ သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရသူ ၅၈ဦး၊ အတည်ပြုပြီး၊
သေဆုံးသူထဲတွင် မီးသတ်တပ်ဖွဲ့ဝင် ကိုအောင်အောင် ပါဝင်သည်ဟု သိရသည်။ ဒဏ်ရာရသူအများစုမှာ
ခြေထောက်၊ လက်နှင့်ခေါင်းများတွင် ပေါက်ကွဲသည့်အစအနများကြောင့် ဖြစ်သည်ဟု သိရသည်။
မင်္ဂလာတောင်ညွှန့်၊ စက်ဆန်းသင်္ဘောကျင်းအနီး လောင်ကျွမ်းနေသောမီးကြောင့် မီးသတ်သမား (၄)... ဦး
 
တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရပြီး ဒဏ်ရာရသူ ကျား(၅၅) ဦး၊ မ (၁၆) ဦး၊ ပျောက်ဆုံးဆဲ (၂၃) ဦးဖြစ်
 
ကြောင်း လျှပ်တစ်ပြက်အထူးသတင်းထောက်က နံနက် (၅) နာရီခွဲအချိန် တိုက်ရိုက်သတင်းပေးပို့သည်။
 
မင်္ဂလာတောင်ညွှန့်၊ စက်ဆန်းသင်္ဘောကျင်းအနီး မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်ကားများ၊ လူနာတင်ယာဉ်
 
များ၊ ရဲကားများ နံနက် (၂) နာရီမှ မိုးလင်းအချိန်အထိ အောက်ပုဇွန်တောင်လမ်းမကြီးတလျှောက် ပျားပန်းခတ်မျှ
 
ပြေးလွှားလျက်ရှိနေဆဲဖြစ်သည်
ELEVEN NEW GROUP မှ သတင်းများနှင့်ကိုဇေယာမြတ်ခိုင်ဆီမှသတင်းဓာတ်ပုံများကိုပေါင်းစည်းတင်ပြပါသည်


Tuesday, December 27, 2011

အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ) ရန်ကုန်မြို့တွင် ကွယ်လွန်



အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ)

အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ) သည် ရန်ကုန်မြို့ ဗဟိုစည် အထူးကုဆေးရုံကြီး၌ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကင်ဆာရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သတင်းရရှိသည်။ ကဗျာဆရာညွန့်ဝေ(ကသာ)သည် ကွယ်လွန်ချိန်တွင် အသက် ၈၀ နှစ်ရှိပြီဖြစ်ပြီး လုံးချင်းစာအုပ် ငါးအုပ်၊ ကဗျာပုဒ်ရေ ၁၀၀ ကျော် ရေးသားခဲ့ပြီးဖြစ်ကာ သားနှစ်ဦးနှင့် မြေးတစ်ဦးတို့ ကျန်ရစ်ခဲ့သည်ဟု သိရှိရသည်။

ဆရာညွန့်ဝေ(ကသာ)၏ အမည်ရင်းမှာ ဒေါက်တာသိန်းညွန့်ဖြစ်ပြီး ၁၉၃၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ (သောကြာနေ့) တွင် တောအုပ်ကြီး ဦးလေးမောင်၊ ဒေါ်အိမ်တို့မှ မွေးဖွားသော မွေးချင်းခြောက်ယောက်အနက် တတိယမြောက်သားဖြစ်သည်။ ဇာတိ ချက်မြှုပ်မှာ တောင်တွင်းကြီးမြို့ ဖြစ်သော်လည်း ကသာမြို့တွင် ကြီးပြင်းခဲ့သည်။ အသက် ၁၅ နှစ်သား ရှစ်တန်းကျောင်းသားဘ၀တွင် ပထမဆုံး ပုံနှိပ်ကဗျာ သတင်းစုံဂျာနယ်တွင် ပါဝင်ခဲ့သည်မှ အစပြု၍ ပဒေသာ၊ ရှုမ၀၊ ငွေတာရီနှင့်မြ၀တီ၊ သွေးသောက် စသော မဂ္ဂဇင်းများတွင် ပါဝင်ရေးသားပြီး ကဗျာစာပေလောကတွင် ခြေချခဲ့သည်။ အိမ်ထောင်ဖက်မှာ တရားရုံးချုပ်ရှေ့နေ ဒေါ်ဝေေ၀လွင်(ကွယ်လွန်) ဖြစ်ပြီး သားနှစ်ယောက် မွေးဖွားခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ရုရှားနိုင်ငံ မော်စကို ဆေးပညာတက္ကသိုလ်မှ Plastic Surgery ပါရဂူ ဘွဲ့ရရှိခဲ့သည်။

ကဗျာဆရာညွန့်ဝေ(ကသာ) ၏ ထုတ်ဝေပြီး လုံးချင်းစာအုပ်များမှာ သိမှတ်ဖွယ်ရာ ဆေးပညာ(ပညာအလင်း စာပေ) ၁၉၆၇ခုနှစ်၊ 'ဇော' ဆေးပညာ ပေးဝတ္ထုရှည်(စာပေဗိမာန်)၊ စိတ်ပြတင်းကဗျာများ (ဂုဏ်ထူးစာပေ)၊ ၁၉၉၂ခုနှစ်၊ ရင်မှဆင်းသော မြစ်တစ်စင်း(ဂုဏ်ထူးစာပေ) ၁၉၉၈ ခုနှစ်နှင့် လည်ပြန်အငဲ့ (ကံ့ကော်မြိုင်စာပေ) ၂၀၀၉ ခုနှစ်တို့ဖြစ်ကြပြီး စိတ်ပြတင်း ကဗျာစာအုပ်ဖြင့်အမျိုးသားစာပေဆု (ကဗျာ)ကို ၁၉၉၂ ခုနှစ်အတွက်ရရှိခဲ့ သည်။ ၂၀၀၈ ခုနှစ်တွင်နိုင်ငံတော်မှ ၀ိဇ္ဇာပညာထူးချွန်ဆု(ဒုတိယအဆင့်) ချီးမြှင့်ခြင်းခံရပြီး ၂၀၀၉ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ စာပေတစ်သက်တာ စာပေဆုချီးမြှင့်ခြင်းခံခဲ့ရသည်။

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာပေဆု ရွေးချယ်ရေးကော်မတီဝင်အဖြစ် ယနေ့ထက်တိုင် ဆောင်ရွက်နေဆဲဖြစ်သည်။ သက်ပြည့်အငြိမ်းစားယူပြီးဖြစ်သော်လည်း ၂၀၀၅ ခုနှစ်အထိ ကျန်းမာရေး ၀န်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ကောင်း၊ မြန်မာနိုင်ငံဆေးပညာရှင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ သည်။ ၀န်ထမ်ဘ၀မှ အငြိမ်းစားယူပြီးဖြစ်သော်လည်း(Plastic Surgery) ပညာဖြင့် ခွဲစိတ်ဓားကို နိစ္စဓူဝကိုင်စွဲ ခွဲစိတ်ကုသပေးခဲ့သလို ကဗျာကလောင်ကိုလည်း ဆက်လက်ပြိုင်တူကိုင်စွဲ ရေးသားခဲ့သူဖြစ်သည်။ ထို့အပြင် ဆေးသိပ္ပံတက်ရောက်စဉ် ၁၉၆၀ ၀န်း ကျင်ကာလများက ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

ကဗျာဆရာညွန့်ဝေ (ကသာ) သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဗဟိုစည်အထူးကုဆေးရုံကြီးသို့ တက်ရောက်၍ သုံးပတ်ကြာဆေးကုသမှုခံယူပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ကာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီတွင် ရေဝေးအအေးခန်းမှ ပို့ဆောင်မီးသဂြိုဟ်မည်ဟု သိရသည်။

Source by :http://www.news-eleven.com/

Friday, December 23, 2011

ပြည်ပရောက် မြန်မာ အလုပ်သမားများကို ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြု



ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများက အစိုးရသို့ ပေးဆောင်ရသော ၀င်ငွေခွန်ကို လာမည့် ဇန်န၀ါရီ ၁ ရက်မှစတင်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင်ကြေညာသည်။

“ဟုတ်ပါတယ်။ Cabinet အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ။ နယူးရီးယားဖြစ်တော့ မင်္ဂလာရှိတဲ့သတင်းကို ထုတ်ပြန်ပေးလိုက်တာ”ဟု အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက 7Day News သို့ အတည်ပြုပြောကြားသည်။ အထက်ပါဆုံးဖြတ်ချက်ကို ယနေ့ (ဒီဇင်ဘာ ၂၂ရက်) နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုဝန်ကြီးများ၏အစည်းအဝေး (Cabinet အစည်းအဝေး) တွင် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများက နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်ရသည့် ၀င်ငွေခွန်ကို ၀င်ငွေခွန်ဥပဒေပုဒ်မ-၅၊ ပုဒ်မ ခွဲ(ခ)အရ ကင်းလွတ် ခွင့်ပြုခြင်းဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

ပြည်ပနိုင်ငံများတွင် သွား ရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမားသုံးသန်းကျော်ရှိပြီး၊ တရားဝင်သွားရောက်လုပ်ကိုင်နေသူမှာ ခုနစ်သိန်းနီးပါးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းကပြောသည်။ သို့သော် ထိုင်းနိုင်ငံတစ်နိုင်ငံတည်း မှာပင် မြန်မာအလုပ်သမား သုံးသန်းမှ လေးသန်းအတွင်းရှိနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသော အင်န်ဂျီအိုများမှ တာဝန်ရှိသူအချို့ကပြောသည်။ ထိုင်းနိုင်ငံပြီးလျှင် မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားများ ဒုတိယအများဆုံး သွားရောက် လုပ်ကိုင်နေသောနိုင်ငံဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၁၁ သြဂုတ်လ ၁၉ ရက်တွင် ပြည်ပရောက်မြန်မာအလုပ်သမားများ ပေးဆောင်နေရသော ၀င်ငွေခွန်ကို ၁၀ ရာခိုင် နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချပေး ခဲ့သည်။ သို့သော် အဆိုပါဝင်ငွေ ခွန်လျှော့ပေါ့ပေးမှုမှာ ခြောက်လတည်းအတွက်သာဖြစ်သည်။ သို့သော်လည်း အထက်ပါဆုံးဖြတ်ချက်ကြောင့် ၂၀၁၂ ဇန်န၀ါရီ ၁ ရက်မှစ၍ ပြည်ပအလုပ်သမားများအနေဖြင့် ၀င်ငွေခွန် လုံးဝပေးဆောင်စရာမလိုတော့ကြောင်း 7Day News မှာ ဖော်ပြထားပါသည်။

Source by : သစ်ထူးလွင်

လျှော် အခု လျှော်


ကျွန်တော်ရဲ့ အစ်မတော် နှမတော်တို့ ဆင်ခြင်နိုင်ဖို့ပါ။
အမယ်လေး... ကြောက်စရာကောင်းလိုက်တာ


အမျိုးသမီးများ အားလုံးအတွက် (အမျိုးသားများ လည်းသိသင့်ပါတယ်)


မိမိတို့၏အတွင်းခံ ဘော်လီများကို မ၀တ်ခင်လျှော်ဖွတ်ကြပါရန်…. အခုအချိန်မှ စရ်ျအမျိုးသမီးများ ခင်ဗျား မိမိတို့၏အတွင်းခံအကျီ င်္များကိုယခုပင် ၀ယ်လာသော အသစ်ဖြစ်ပါစေ လျှော်ပီးမှသာ ၀တ်ဆင်သောအကျင့် ကိုမွေးမြူကြပါရန်…. အင်မတန်မှအရေးကြီးပါကြောင်း တင်ပြပါရစေ….
ယဉ်ကျေးမှု သိပံပညာရှင် Susan McKinley ဆိုသူ တောင်အာဖရိကခရီးစဉ်မှ ပြန်လာစဉ် သူမ စတင်သတိထားမိတာကတော့ သူမရဲ့ ညာဖက်ရင်သားပေါ်တွင် အလွန်ကြီးမားသော အစင်းကြောင်းကြီးတခုပင်…

ဘယ် သူမှမသိ သူမကိုယ်တိုင်ကလည်း ဒါဟာမကြာခင်ပြန် ပျောက်သွားမယ်လို့လဲ ယုံကြည်လိုက်မိသည့်အခါ….
ဒါပေမဲ့ နာလာတဲ့အခါမှာတော့ သူမဟာဆရာဝန် ပြဖို့ဆုံးဖြတ်ရတော့တာပေါ့။ ရောဂါ အခြေအနေကို သေချာမသိတဲ့အခါကတော့ လည်းဆရာဝန်က ပဋိဇီဝဆေးတွေနဲ့ လိမ်းဆေးတွေသာ ပေးလိုက်ပါတယ်။ အချိန်ကြာလာ တာနဲ့အမျှ နာတာဟာ မသက်သာတဲ့အပြင် ပိုယောင်ရမ်းကာ သွေးပင်ထွက်တဲ့အခြေအနေကို ရောက်ခဲ့ပါတယ်…

သူမဟာအနာကိုပါတ်တီးစ အုံဖို့စဉ်းစားပီး အုံခဲ့ပါတယ်။ အနာပိုဆိုးလာတာနဲ့အမျှ သူမဟာ ကျွမ်းကျင်တဲ့ ဆရာဝန် တဦးနှင့်အမြန်တွေ့ပီး ပြသဖို့ လိုအပ်လာတော့တာပေါ့။ Dr. Lynch ဆိုသူက ရောဂါကို တိတိကျကျ ရှာဖွေမှု မလုပ်နိုင်တဲ့အတွက်ကြောင့် သူ့ရဲ့မိတ်ဆွေ ဆရာဝန် (အရေပြားအထူးကုကို) ပြခိုင်းရတော့တာပါပဲ။

ကံမကောင်းစွာနဲ့ပဲ ဆရာဝန်က ခွင့်ယူထားတာနဲ့ ကြုံကြိုက်ပြန်ပါရော။ ၂ ပါတ်လောက်စောင့်ပီးမှ ကံကောင်းစွာနဲ့ အထူးကု ဆရာဝန်နဲ့ တွေ့ခွင့်ရပါတော့တယ်။
အင်မတန်မှ အံ့အားသင့်စရာကောင်းလှတဲ့ အဖြစ်အပျက်တခု သူမပါတ်တီးကို ခွာလိုက်တဲ့အခါ တွေ့ရပါတော့တယ်။ ပိုးလောက်လန်း (Larvae) အဆင့်ရောက်နေတဲ့ အကောင်တွေဟာ ပွားပီးလှုပ်ရှားနေတာကို သူမရင်သားမှာတွေ့လိုက်ရလို့ ပါပဲ။ တကယ်တော့သူမထင်ခဲ့တဲ့ အစင်းကြောင်းလိုအရာဟာ သူမထင်တာထက် အဲဒီအချိန်ကထည်းက အခေါင်းလိုဖြစ်နေခဲ့လို့ပါပဲ။ အဲဒီအခေါင်းထဲမှာ အကောင်တွေဟာ သူမရဲ့ အဆီ၊ ကြွက်သားနဲ့ နို့ပြွန်လေးတွေကိုပါစားသော က်ပီး အသက်ရှင်နေခဲ့ကြတာပါ
ကဲဘယ်သူမဆို အတွင်းခံတော့ ၀တ်ကြမှာပါ ဆိုလိုတာက အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ်ပေါ့။ အတွင်းခံဝတ်စုံတွေဟာ တကမ္ဘာလုံး ဘယ်နိုင်ငံကမဆို ထုတ်လုပ်နိင်ပါတယ်။

ဒါကြောင့် ကိုယ့်လက်ထဲကိုမရောက်ခင်မှာ တနေရာနဲ့တနေရာ သယ်ပို့ကြတဲ့အခါမှာ သေတ္တာထဲမှာဖြစ်ဖြစ်၊

လူများတွေရဲ့ လက်ထဲမှာဖြစ်ဖြစ် ဟိုလူကိုင်ဒီလူရွေးနဲ့ မိမိလက်ဝယ်မရာက်ခင် မှာ ဟိုရောက်သည်ရောက်နဲ့ ဖြစ်မှာသေချာပါတယ်။

ဒါကြောင့် …

မ၀တ်ခင်မှာ အသစ်ပဲဟဲ့ ဆိုတယ်သဘောနဲ့ မလျှော်ပဲ မ၀တ်ကြပါနဲ့။

ကိုယ်ဝယ်လိုက်တဲ့ အရာတခုမှာ ဘာပိုးကောင်တွေကပ်ညိ ပါရှိလာမယ် ဆိုတာ သာမန်မျက်စေ့နဲ့မမြင်နိုင်တဲ့ အတွက် လျော်ဖွတ်ပြီးမှသာ အသစ်များကို ၀တ်ဆင်သင့်ပါကြောင်း……………
ဒါကကြာနေပါပြီ..

ဒီအကြောင်းကိုမသိသေးသူများမဖတ်ရသေးသူများ....

အတွက်ပြန်ပြီးတင်ပေးလိုက်တာပါ။

By: Ma TarTay
ဖေ့ဘွတ်မှ Ma Tar Tyay တင်ထားတဲ့ ပို့စ်လေးကို ပြန်လည်မျှဝေပါသည်ခင်ဗျာ။

Thursday, December 22, 2011

ခရစ်စမတ်အကြို လက်ဆောင် ဓာတ်ပုံ လှလှလေးတွေပါ - 1



မင်္ဂလာပါ ခင်ဂျာ ... အခုဆို ခရစ်စမတ် နေ့လေးကို ရောက်တော့မယ်နော် .... ဒီတော့ သူငယ်ချင်းများ မိတ်ဆွေများ အားလုံး အတွက် ခရစ်စမတ်လက်ဆောင် ဓာတ်ပုံ လှလှလေးတွေကို အမှတ်တရ တင်ပေး လိုက်ပါတယ် ... ဓာတ်ပုံ လှလှ လေးတွေကို ကြည့်ပြီး ပျော်ရွှင်ကြည်နူး ကြပါစေ ခင်ဂျာ ...









































ကျေးဇူးတင်ပါတယ် .... နောက်ထပ်လည်း ပုံလှလှလေးတွေကို တင်ပေးပါ့မယ် ခင်ဂျာ ....

Wednesday, December 21, 2011

အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောက်ျားများအကြောင်း


၁။   မြင်မြင်ရာအကုန်ဖိုက်လို့ ( A ) ကိုက်နေတဲ့ ယောက်ျား။
၂။   ယမကာဆိုအားလုံးကြိုက် ( B ) ယာဗိုက်နဲ့ ယောက်ျား။
၃။   အနေအစားကမရှောင် ( C ) ပိုးကောင်တွေများတဲ့ယောက်ျား။
၎။   ပျိုပျိုမေမှန်သမျှကို ချစ်တယ် ချစ်တယ်နဲ့ အဲ့ ( D ) စကားပဲပြောလေ့ရှိတဲ့ ယောက်ျား။
၅။   လူရှေ့သူရှေ့မရှောင် ( E ) တပူပူ ပေါက်တဲ့ ယောက်ျား။
၆။   မူးလာရင်အရစ်ရှည် ပြောသမျှစကားတိုင်း ( F ) ကြောင်းထပ်တဲ့ ယောက်ျား။
၇။   လစာက နှစ်ပဲတစ်ပြား စားတိုင်း သောက်တိုင်း ( G ) ကျတဲ့ ယောက်ျား။
၈။   ညညဆို အင်မတန်ဆိုး သိုးနေအောင် ( H ) တဲ့ယောက်ျား။
၉။   ( I ) တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောက်ျား။
၁၀။ အစားအသောက်ဆို အလွန်ဂျီးများ ( J ) ဒိုးနပ်ဆိုင် နေ့တိုင်းသွားတဲ့ ယောက်ျား။
၁၁။ မျက်နှာက သရဲရုပ် ပန့် ( K ) ခုတ်တဲ့ ယောက်ျား။
၁၂။ ကိုယ်လုံးက ခပ်သွယ်သွယ် ဟိုဒင်းက ( L ) စတုံကြီးတဲ့ ယောက်ျား (ဒေါသ)။
၁၃။ အရက်သောက်ရင် အတောမသတ် ( M ) ဖတ်ဆို့လေ့ရှိတဲ့ ယောက်ျား။
၁၄။ လူတကာကို ပြဿနာရှာ နေရာတကာ ( N ) တရာယ်များတဲ့ ယောက်ျား။
၁၅။ လူကတော့ သနားကမား အဖိုး ( O ) ရုပ်နဲ့ ယောက်ျား။
၁၆။ အလုပ်လုပ်တိုင်း ယောင်ဝါးဝါး တစ်ခုမှ မ ( P ) ပြင်တဲ့ ယောက်ျား။
၁၇။ မိန်းမကြီးကို အိမ်မှာထား အွန်လိုင်းတက်ပြီး ( Q ) တဲ့ယောက်ျား။
၁၈။ အပြောနဲ့အလုပ်ကမကိုက် ( R ) ရိုက်တဲ့ ယောက်ျား။
၁၉။ ""မ"" ဆိုရင် အကုန်လာထား ( S ) စစ် အတု မခွဲခြားတဲ့ ယောက်ျား။
၂၀။ ယောက်ျားစိတ်နဲ့ မကိုက်ညီ ( T ) တီတာတာ ပြောတဲ့ယောက်ျား။
၂၁။ လူမှုရေးလည်း အလေးမထား ရသမျှ ( U ) မယ်ဆိုတဲ့ ယောက်ျား။
၂၂။ အချိန်ရှိတိုင်း အလှပြင် ( V ) ဒီယိုမင်းသား အိုင်တင်ဖမ်းတဲ့ ယောက်ျား။
၂၃။ ညနေတိုင်းဇိမ်ယူ ( W ) ကစ်တဲ့ယောက်ျား။
၂၄။ သူ့သဘောကျ ထင်တိုင်းကဲ ည ( X ) ချိန်နဲတဲ့ ယောက်ျား။
၂၅။ ယင်းထလာရင်မွှေကာနှောက် မိန်းမသောက်တဲ့ ( Y ) ပုလင်းပါ ချန်မထားတဲ့ယောက်ျား။
၂၆။ အရက်မူးရင်အလွန်ဆိုး ( Z ) ကျိုးပြီး အိမ်ပြန်တဲ့ ယောက်ျား။
၂၇။ ကိုယ့်မိန်းမကို မသနား ( Z ) ကြောလေး ဆွဲပေးပါဆိုတဲ့ ယောက်ျား။
၂၈။ ချစ်သူဘ၀ကိုမသနား ( Y ) ယာလက်စံနစ် သုံးတဲ့ယောက်ျား။
၂၉။ ( X ) ယာဝင်တိုင်း စိတ်ညစ်ရ ဖလန်း ဖလန်းထနေတဲ့ ယောက်ျား။
၃၀။ ခါးစောင်းပြီး လက်ပြင်ကိုင်း ( W ) လို နှစ်ကော့တစ်ကုံးနဲ့ ယောက်ျား။
၃၁။ မိန်းမကိုအနားမှာထား ( V ) ဒီယိုဆို ဟိုကားမှ ရွေးကြည့်တဲ့ ယောက်ျား (သရဲကား)။
၃၂။ ပိုကာဖဲလိုသဘောထား ( U ) ပြီးရင် ပစ်တတ်တဲ့ ယောက်ျား။
၃၃။ တင်၊ ရင်၊ ခါး တစ်ဖြောင့်တည်းအလား ( T ) ကောင်ကိုယ်လုံးနဲ့ ယောက်ျား။
၃၄။ ဘက်ထရီလုပ်ငန်းလုပ်ကိုင်စား ( S ) စစ်ကြောင့် အသက်တိုမယ့်ယောက်ျား။
၃၅။ ကေတီဗွီ နေ့တိုင်းသွား ( R ) ပြဲသံနဲ့ ဟစ်တဲ့ ယောက်ျား။
၃၆။ ယောက္ခမအမျိုးတွေသတိထား (Q) ပင်ခုတ် ကြူငုတ်ပါမထားဘူးဆိုတဲ့ ယောက်ျား။
၃၇။ စကားလုံးက ခပ်ထွားထွား မြိုင်ရာဇာ တွတ် ( P ) လို အကြွားသန်တဲ့ ယောက်ျား။
၃၈။ ဘာသာရေးကိုအလေးမထား (O) ဇာတာ ဆိုးမယ့်ယောက်ျား။
၃၉။ တူမနဲ့တင်အတောမသတ် ( N ) တီကိုပါ ရန်ရှာမယ့် ယောက်ျား။
၄၀။ လူနေခြုံကြား၊ စိတ်နေဘုံဖျား တကယ်ကို (M) မကျတဲ့ ယောက်ျား။
၄၁။ အသံက ပြာတာတာ ( L ) ကိုင်ရာ သီချင်းတွေကို ဆိုတဲ့ယောက်ျား။
၄၂။ နေရာတကာမှာဗိုလ်လုပ် ( K ) သရာဇာရုပ်နဲ့ ယောက်ျား။
၄၃။ ခလေးမဟုတ် သူငယ်မဟုတ် ( J ) ကဒ်စုပ်တဲ့ ယောက်ျား။
၄၄။ အလုပ်ကဆိုက္ကားသမား မင်းသား ( I ) တင်ဖမ်းတဲ့ ယောက်ျား။
၄၅။ တစ်နေကုန် ပွေကာရှုပ် (H) တန်းပြန် မိုးချုပ်တဲ့ ယောက်ျား။
၄၆။ တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမရ... အင်မတန် (G) ကျတဲ့ယောက်ျား။
၄၇။ ရုပ်ပြ ခြူစား ( F ) ace Book သုံးတဲ့ ယောက်ျား။
၄၈။ လက်သည်းတွေ အရှည်ထား ( E ) mo လုပ်တဲ့ ယောက်ျား။
၄၉။ သူလုပ်တိုင်းအမြဲမှား (D) တစ်ခါတည်းပါလို့ ပြောတဲ့ယောက်ျား။
၅၀။ ( C ) DMA ဖုန်းကိုခါးမှာထား စော်တွေ့တိုင်း ချိတ်တဲ့ ယောက်ျား။
၅၁။ အသားက ၀ါတာတာ ( B ) ပိုးပါတဲ့ ယောက်ျား။
၅၂။ ရူပါက ခပ်မိုက်မိုက် (A) ဒင်ဥယျာဉ်မှူး ဂိုက်နဲ့ ယောက်ျား။

by Ah Nyar on Wednesday, December 21, 2011 at 2:17pm
 (ဖေ့စဘွတ်မှ ဖတ်မိတာလေး ပြန်မျှတာပါခင်ဗျာ)

Tuesday, December 20, 2011

မြန်မာမလေးများနှင့် ယမကာယဉ်ကျေးမှု့ 


ကိုတင့်
ဒီနေ့ ကျွန်တော် တစ်ယောက်ထဲ အားအား၇ှိတာနဲ့  East Point Ocean ဘက်ရောက်တော့ အထဲဝင်ပြီး window shopping လေးလုပ်၊ ပြီးတော့ အောက်ထပ်က မှန့် ဆိုင်မှာ ဂျာနယ်လေးဖတ် ၊မုန့် လေးစား နဲ့  တစ်ယောက်ထဲ အေးအေးဆေးဆေးနေနေတုန်း "အကို" ဆိုတဲ့ ခေါ်သံကြားလို့ခေါင်းထောင် ကြည့်မိတော့ ကျောင်းတုန်းက သူငယ်ချင်းမလေး တစ်ယောက်ဖြစ်နေတယ်။ သူငယ်ချင်းသာဆိုပေမဲ့  ကျွန်တော်က သူတို့ ထက် ၂ နှစ်လောက်ကြီးတော့ အကိုလို့ ပဲခေါ်ကြတာပေါ့၊ မောင်နှမတွေလိုပါပဲ ။ အဲ့ ဒါနဲ့  ကျွန်တော်လဲ အေး ဘာလဲညာလဲ နဲ့ နှုတ်ဆက်ပြီး စကားပြောတော့ အဲ့ဒီ မမက ဘာမပြော ညာမပြောနဲ့  ကျွန်တော့်ဘေးနား ဘုန်းခနဲ့ ပစ်ထိုင်လိုက်ပြီး ကျွန်တော့် ပုခုံးပေါ် သူ့ ခေါင်းကို ပစ်စလတ်ခတ် ကိုမှီထည့် လိုက်လေရဲ့ ။အစကတော့ ကျွန်တော် လဲကြောင်သွားတယ် ။ ဟုတ်တယ်လေဗျာ ကျွန်တော်က သူ့ ရည်းစားလဲ မဟုတ် ၊ မောင်နှမလို ခင်တယ်ဆိုပေမဲ့  သူ့ အကိုလဲမဟုတ်ဘူး။ ဒါနဲ့  ကျွန်တော်ကြာကြာမအံ့သြ လိုက်ရပါဘူး သူ့ဆီကအနံ့စူးစူး တစ်ချက်ရလိုက်တော့ ကျွန်တော် ကောင်းကောင်း သဘောပေါက်သွားတယ် ။အရက်နံ့ လေ ။

အရက်နံ့ ပေါ့ ။အကျင့်စုံ ၊ စရိုက်စုံနဲ့  လူတော်တော် များများပေါင်းဘူးတဲ့ ကျွန်တော့်အတွက်ကတော့ ဒါမျိုးက ရိုးနေပါပြီ ။စိတ်လဲပျက်မိပါရဲ့ ။ ကျွန်တော့် အပေါင်း အသင်းကိုမပြောနဲ့ ဦး ၊ကျွန်တော်နဲ့  မဆိုင်တဲ့ တခြားမြန်မာ မိန်းကလေး တစ်ယောက်ကိုတောင် ကျွန်တော် ဒီလိုမျိုးမမြင်ချင်ဘူးလေ။ ဒါနဲ့ ဘာလို့ သောက်လာတာ လဲလို့  မေးကြည့်ရသေးတယ် ။ (သိတယ်မှတ်လား အခုခေတ် မြန်မာ မိန်းကလေး တော်တော်များများက စတိုင်လားဘာ လားတော့မသိဘူး အသဲကွဲတာတို့  ဘာတို့ ဆို သောက် တတ်နေတော့)မေးကြည့်တော့ လဲ ဘားမှ ရေရေ ရာရာ မရှိဘူး

"သူငယ်ချင်းတွေလာခေါ်လို့ တဲ့  ဒီကိုလဲ အကြောင်း၇ှိလို့ တစ်ယောက်ထဲ ထွက်လာတာတဲ့ ၊ အခု အကိုနဲ့ တွေ့ တာ အတော်ပဲတဲ့  မပြန်နိုင်တော့ဘူး လိုက်ပို့ ပါ တဲ့ " ။ ပွင့်ခဲ့  ပြီးသော ဘုရားအဆူဆူသာ ကျွန်တော်တမိပါရဲ့ ဗျာ ။ဒီလို ငမူးက ဘယ်လိုတစ်ယောက်ထဲ ထွက်လာခဲ့ လဲ ကျွန်တော်စဉ်းစားမိတယ် ။ တော်သေးတာပေါ့ ဘာမှမဖြစ်လို့  ဆိုတဲ့ နှမချင်းစာနာတဲ့ စိတ်လေးနဲ့ တွေးမိသေးတယ် ။

ဒါပေမဲ့  သိပ်တော့ကြည့်မရ ။နောက်အဲ့ဒိ မမ နဲ့ ချိန်းထားတဲ့  သူတွေရောက်လာတော့ ကျွန်တော် ဒုတိယအကြိမ် ဘုရားတမိတယ် ။

လားလား ယောကျာ်း မှ ယောကျာ်းတွေကြီးပဲ ။ ဒါနဲ့ကျွန်တော်လဲ အဲ့လူတွေ ကို မေး ကြည့်တော့ မေးခွန်းစာရွက် ဆိုလာဘာဆိုလား လာပေးတာတဲ့ ။ထားပါ ဒါက ။ ကျွန်တော်တွေးမိတယ် ဒီနေ့ သာကျွန်တော် ဒီနေရာကိုမရောက်ခဲ့ရင် ဒီမိန်းကလေး ဘယ်လိုစခန်း သွားမလဲမသိ။နောက်တစ်ခု ကျွန်တော်သာ အကျင့်ပျက် တဏှာရူး ကောင်ဆို ဘယ်လိုလုပ်မလဲ ။ နောက်တော့ ကျွန်တော်ပဲ သူ့ကိုတွဲပြီး ကားဌား ၊ သူပြောတဲ့ ဘီယာဆိုင်ကို ကိုယ်တိုင်လိုက်ပို့ လိုက်တယ်။ ဟိုရောက်တော့ မြင်ရတဲ့  မြင်ကွင်းက မလှ ။ သူ့ သူငယ်ချင်း ဆိုသော(ကျွန်တော်သိသူများ  ပါ ပါ၏) တခြား မိန်းကလေးများကို ပါ မူးမူးရူးရူး တွေ့ ရ၏ ။ သူတို့ချည်းပဲလားဆိုတော့ မဟုတ်။ ယောကျာ်းလေး နှစ်ယောက် သုံးယောက် လောက်ကိုပါတွေ့ ရ၏ ။

ကျွန်တော်လဲ ထိုမိန်းကလေးကို ပို့ ပြီး ထို နေရာမှအမြန်ဆုံးပြန်ထွက် လာခဲ့ မိသည် ။အပြန်လမ်းမှာ ကျွန်တော်အတွေးများခဲ့ ၏ ။ ဒီလိုမူးရူးနေတဲ့  မိန်းကလေးတွေ ကို ကျွန်တော် နေရာတော်တော်များများ မှာမြင်ဘူးသည်။ ရှိုးပွဲတွေ ၊ ပါတီတွေ ၊ ဘီယာဆိုင်တွေ ၊ တစ်တလေ အခါကြီးရက်ကြီးများမှာပင် ပန်းခြံ ၊ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ ကဲ့ သို့ သော လူအများရှိသောနေရာတွင် မြင်ဘူးတွေ့ ဘူးသေးသည်။ ကျွန်တော် ငယ်ငယ်က ကျွန်တော်တို့  နိုင်ငံမှာ မိန်းမတစ်ယောက် မူးနေ တယ်ဟေ့  ဆိုတာနဲ့  တအံ့ တသြ ကိုပြေးကြည့်ခဲ့ ဘူး၏ ။ အခုတော့ ထို မြင်ကွင်းက မဆန်းသလိုပင် မြင်သူများက ပင် လျှစ်လျှူရှူ့  နေရတဲ့ အနေအထားရောက်နေကြပြီ ။

ဒီလိုတွေဖြစ်နေရတာ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်စဉ်းစားမိသလောက်ကို ပြောပြချင်တယ် ။
(၁)အရက်၊ဘီယာ ကို လွယ်လွယ်ဝယ်ယူရနေခြင်း
(၂)နိုင်ငံခြား ရုပ်သံမှ အတုခိုးမှားခြင်း
(၃)မိဘ ပြည်သူများက လျှစ်လျှူ ရှူ့  လွန်းခြင်း
(၄)နိုင်ငံအစိုးရက အရက်၊ ဘီယာများကို အခွန်မတင်းကျပ် ခြင်း
(၅)မိန်းကလေးများ မှ ယောကျာ်းလေးများ ကို ခွာယာတိုင်းခြင်း တို့ ကြောင့်ဖြစ်နိုင်ခြေရှိပါတယ်။

အထက်ပါကျွန်တော်ပြောခဲ့ သလို ပဲ အရက်၊ဘီယာကို လွယ်လွယ်ဝယ်ယူရနေခြင်းဆိုတဲ့ အချက်က ကျွန်တော်တို့ နိုင်ငံရဲ့  စည်းမဲ့ ကမ်းမဲ့  ပြယုဒ်တစ်ခုပါ ။ နိုင်ငံ တကာမှာ အသက် ၁၈ နှစ်မပြည့် သေးသူ မည်သူ့ ကိုမှ အရက် ဘီယာ ဆေးလိပ် မရောင်းရဆို တဲ့  စည်းကမ်းကိုတစ်နိုင်ငံလုံး တစ်တိုင်းပြည် သူ တပြည်သားလုံး လေးလေးစားစား လိုက်နာကြပါတယ် ။ ကလေးတွေက လာဝယ်ရင်တောင် ဆိုင်ရှင်းကဟောက်လွှတ် ၊ ဆူလွှတ်လေ့ရှိပါတယ် ။ငါ့စီးပွားရေး ပိုကောင်းတယ်ဆိုပြီး ဘယ်သူက မှလက်သိပ်ထိုးမရောင်းပါဘူး ။အရက်ရောင်းနေတဲ့သူတောင် စည်းကမ်း မမဲ့  ပါဘူး ။ အတုယူသင့်ပါတယ် ။ အရက် ၀ယ်ဖို့ ဆိုရင်တောင် လူ ကို အကဲခတ်သေးတာပါ ။ အရက်ဆိုင်ထဲ ၀င်ရင် လဲ အသက်ပြည့်မပြည့် အကဲ ခတ်သေးတာပါ ။ပြောမရဆိုမရ အသက်မပြည့်သူတွေ ဆိုင်ထဲရောက်နေပြီဆိုရင် ပိုင်၇ှင်ကိုယ်တိုင်က ရဲတိုင်းလေ့ ရှိပါတယ် ။

ကဲ ကျွန်တော်တို့ နိုင်ငံ ရော ဘယ်လိုလဲ အသက်မပြည်သူတွေ ဘီယာဆိုင်မှာ ၊ နိုက်ကလပ်မှာ ၊ ပါတီတွေမှာ ခွက်ကိုင်နေတာ ရှိုးပွဲတွေမှာ ခွက်ကိုင်နေတာ လူတိုင်းမြင် လူတိုင်းလျှစ်လျှူ ရှု့ နေကြတာပဲ ။ရောင်းတဲ့  သူတွေကလဲ ရောင်းတာပဲ ။အင်မတန် ရှက်ဖို့ ကောင်းတယ်နော် ။ရှက်တတ်ရင်ပြောပါတယ် ။ နောက်တစ်ချက်ဖြစ်တဲ့  နိုင်ငံခြားရုပ်သံတွေကနေအတုခိုးမှားတာကတော့ ဘယ်သူမပြုမိမိမှု့ ပါပဲ ။မိန်းကလေးတွေ ကိုယ့်ကိုကိုယ်အမျိုးကောင်းသမီးလို့ ခံယူရင် အရက်ကို သောက်ဖို့ မပြောနဲ့  အရက်ဆိုင်ရှေ့ ကလျှောက်ရမှာတောင်ရှက်ကြပါတယ် ။ နိုင်ငံခြားကားမှာ၊ကိုရီးယားကားမှာ မင်းသမီးတွေ အသဲကွဲလို့ အရက်သောက်တာ သူတို့ နိုင်ငံမှာပဲ ကောင်းတယ် ။သူတို့ နိုင်ငံ ရဲ့  ရာသီဥတု အရ ၊ ဓလေ့ အရ သူ တို့ လူမျိုးချင်အမြင်မှာ မရိုင်းဘူး ။အဲ့ မိန်းကလေးကို တန်ဖိုးမရှိဘူးလို့ မမြင်ဘူး ။ ဒီနိုင်ငံမှာ အသဲကွဲလို့ အရက်မူးပြနေရင်တော့ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအရ ၊ ဒီနိုင်ငံရဲ့  အဓိက ကိုးကွယ်မှု ဘာသာတရားအရ ၊ဒီနိုင်ငံရဲ့  ဓလေ့အရ အင်မတန် အဆင့်အတန်း နိမ့်ပါးသော မိန်းမပျက် စာရင်းဝင် သွားကြတာ သူတို့ မသိကြလေရော့ သလား။ ရှက်တတ်ရင်တော့ရှက်ဖို့ ကောင်းတယ်နော် ။

အခုခေတ်က လူကြီးမိဘတွေ အလွန်လျှစ်လျှူရှု့လွန်းတယ်လို့ ကျွန်တော်မြင်တယ် ။ ငါတို့က ဘာလို့ အမုန်းခံရမှာလဲ ၊ ကိုယ့်ထမင်းကိုယ်စားပြီးအရိုင်းခံ ရမှာလား လို့  ပြောကောင်းပြောပါလိမ့် မယ် ။ ဒါဆို ကျွန်တော် တစ်ခုပဲမေးမယ် ။အဲ့ နေရာမှာ လူကြီးမင်းတို့ ရဲ့ သားသမီးတွေဆိုရင်ရော ဘယ်လိုလဲ ။ တခြားနိုင်ငံတွေက လူကြီးမိဘတွေကရော သူတို့ ရှေ့ မှ လူငယ်တွေ လမ်းမှားနေရင် ဘာကြောင့် အမုန်းခံလဲ ။ ဘာကြောင့် အရိုင်းခံပြီးပြောလဲ ။ ရှင်းတယ် သူတို့ နိုင်ငံကိုသူတို့ ချစ်တယ် ဒါကြောင့် နိုင်ငံအတွက် အနာဂါတ် မျိုးဆက်သစ်တွေကို ပျက်ဆီးမခံဘူး ။ ကိုရီးယား အရက် ဘယ်လောက်သောက်လို့ ရတဲ့  နိုင်ငံ ဖြစ်ဖြစ် ၁၈ နှစ်မပြည်တဲ့  ဘယ်ကလေးမှ သောက်ခွင့် မပြုဘူး ။ မိဘပြည်သူက တွေ့ ရင် တွေ့ တဲ့ နေရာမှာဆုံးမတယ် ပြောမရရင် ရဲတိုင်တယ် ရဲတွေကလဲ ဒါလောက်ကို အလုပ်ရှုပ်အောင်လာလုပ် တယ်လို့  မပြောဘူး ချက်ချင်း လာဖမ်းတယ် အရေးယူတယ် ။ကျွန်တော် တစ်ခြား တိုင်းပြည်ကို အထင်ကြီးလို့ ပြောနေတာမဟုတ်ဘူး ။ ကိုယ့်နိုင်ငံက လူကြီးတွေ ကိုလဲ  ဖြစ်စေခြင်လို့ ပြောပြတာ ။မှားသွားရင် ကန်တော့တယ် ။နိုင်ငံကြီးသားပီသ ကြပါဆို့ ပေါ့ဗျာ။

နောက်တစ်ခုကတော့ ကျွှန်တော်တို့ နိုင်ငံမှာ အရက်တွေ အင်မတန်ဈေးပေါ်တယ် ၊ စာအုပ်တွေ အင်မတန် ဈေးကြီးတယ်။ ဘီယာ တစ်လုံး တစ်ထောင်ကျော်ပဲ၇ှိတယ် ၊ စာအုပ် တစ်အုပ် နှစ်ထောင် နားကပ်တယ် ။ အရက် တစ်ပတ်ကို ၁၀၀ ၊ ၂၀၀ နဲ့ ရတယ် ။ တရားစာအုပ် အနည်း ဆုံး လေးရာကျော်တယ် ။အဲ့ ဒါပဲ ။ ဒီနိုင်ငံမှာ ဒါတွေကို မပေါ်စေချင်ရင် အစိုးရက အခွန် တင်းကျပ်လိုက် ။အရက်တွေဈေး ကြီးသွားလိမ့် မယ် ၊ ဘီယာတွေဈေးကြီး သွားလိမ့်မယ် ။အဲဒီ အခါကြရင် ဒီလို လူငယ်တွေက မုန့် ဖိုးလောက်ရတာ ဘယ်လိုလွယ်လွယ် ၀ယ်သောက်နိုင်တော့မှာလဲ  ။ဖြေရှင်းနည်းက ၇ှင်းရှင်းလေး ။ကျွန်တော် ကတော့သိပ်မပြောချင်ဘူး ။(admin က ဘမ်းမှာ ကလဲကြောက်ရတယ်။)

နောက်ဆုံးအချက် ကတော့ ဘယ်အ၇ာတွေဘယ်လောက်ပေါ်နေနေ ၊ ဘယ်သူတွေဘယ်လောက် လျှစ်လျှူရှု့ ရှု့  ၊ မိန်းကလေးတွေက ကိုယ့်ဘာသာကိုယ် မိန်းကလေးဆိုတာသိနေရင် ပြီးပြီ ။ကိုယ်က မိန်းကလေး ယောကျာ်းလေးနဲ့  တန်းတူအခွင့် အရေးရတယ် အလုပ်မှာ ၊ ကျောင်းမှာ ၊ ပညာမှာ ပြိုင်စမ်းပါ ။ဒါပေမဲ့ မကောင်းမှု့ ကိုတော့ ယောကျာ်းလေးနဲ့ ခွာယာ မတိုင်းနဲ့  ယောကျာ်းလေးဆိုတာ မကောင်းမှု့  လုပ်ဦး ။ ကြိုက်သလို ပျက်စီးဦး ။ ထောင်အပြင် တန်းမရှိဘူး ။ မိန်းကလေးတွေ အတွက် ကတော့ ထောင်အပြင် တန်း ပါရှိတယ် ။ ဘာတန်းလဲ ကျွန်တော် မပြောတော့ဘူး ။ယောကျာ်းလေး မူးနေလို  ပါတ်ဝန်းကျင်ကမြင်ရင် တစ်ခွန်းပဲပြောမယ်။ “ငမူး” ပေါ့ ။မိန်းကလေးမူးနေ လို့ ပါတ်ဝန်းကျင် ကမြင်ရင် ပြောမှာ တစ်ခွန်းမ ကဘူး ။အဲ့ ဒါကြောင့် မိန်းကလေးတချို့  ပါ၊ ပြောချင်တာက ခွာယာတော့ တိုင်းပါ ဒါပေမဲ့  ပြိုင်မရိုင်းနဲ့  လို့ ..................။

(အထက်ပါအတွေးများသည် ကျွန်တော်တစ်ယောက်ထဲ၏ အမြင်သာဖြစ်ပါရု် မှန်သည်မှားသည် စိတ်ကြိုက်ဝေဖန်ခွင့်ရှိပါတယ် ။)

စေတနာဖြင့်
အချို့ မြစ်
ကိုတင့်

by Paing Soe Oo on Tuesday, December 20, 2011 at 3:04am (face book)

ဘလော့ကာ မောင်စွယ်စုံကျမ်း နှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး - www.zwmnna.com



အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ အခြေခံ နည်းပညာတွေနဲ့ သုတ ရသတွေကို နေ့စဉ်မျှဝေ နေတဲ့ ဘလော့ကာတစ်ယောက် နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ စာဖတ်သူမိတ်ဆွေများ သိလိမ့်မယ်လို့ ထင်ပါတယ် နာမည်ကြီး ဖလမ်းဖလမ်းထနေတဲ့ ဘလော့ကာ ဆရာမောင် (မောင်စွယ်စုံကျမ်း) ဖြစ်ပါတယ်။

မောင်စွယ်စုံလို့ ဆိုတဲ့ အတိုင်း သူရေးတဲ့ နည်းပညာတွေ သုတ ရသတွေ အဖက်ဖက်က ကျွန်တော်တို့လို အခြေခံ နည်းပညာတွေ လေ့လာနေတဲ့ လူငယ်တွေအတွက် တစ်ထောင့်တစ်နေရာက အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်။ အခြေခံပညာလေးကနေ ပညာရှင်တစ်ယောက်ဖြစ်အောင် အဖက်ဖက်က ကိုယ်ဝါသနာပါတဲ့ နည်းပညာတွေ သို့မဟုတ် စာပေ များနဲ့ သုတ ရသ အကြောင်းလေးတွေကို ဝင်ရောက် လေ့လာနိုင်ပါတယ်။ အောင်မြင်နေတဲ့ ဘလော့ကာ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ စာဖတ်သူ မိတ်ဆွေများ အတွက် သူရဲ့အကြောင်း လေးတွေကို စိတ်ဝင်တစား စာဖတ်သူများ လက်ထဲကိုထည့်ပေးဖို့ ဒီလို ဒီလို မေးကြည့်တဲ့ အခါ ......



မေး - မင်္ဂလာပါ ... အခု အစ်ကို အကြောင်းလေးတွေကို စာဖတ်သူ မိတ်ဆွေများ အားလုံးသိအောင် အင်တာဗျူးလေး မေးချင်ပါတယ်။ ကျေးဇူးပြူ၍ အချိန်ပေး ပြောကြားပေးစေ လိုပါတယ် ခင်ဗျာ။

ဟုတ်ကဲ့ပါ ... အချိန်ပေးပြီးဖြေပေးပါ့မယ် ...

မေး = အခု စတင်မေးပါပြီ။ အစ်ကိုဘလော့လေးကို ဘယ်တုန်းက စတင်ရေးဖြစ်လဲ ?

ဘလော့လုပ်ထား တာကတော့ကြာနေပါပြီ။ တကယ်ရေးတာကတော့ 3 လိုင်း 7 ရက်နေ့ 2010 မှာပါ။ ချစ်သူမွေးနေ့ မလို့ အမှတ်တရ ရေးရင်း ချစ်သူကို လက်ဆောင်ပေးဖို့ ဖန်တီးလိုက်တာပါ။ 7.3.2010 က ဘလော့ကို တကယ် အားစိုက် ရေးတဲ့ အချိန်လေးပါ။

မေး = ဘလော့ စတင်ရေးတယ်ဆိုတော့ ရည်ရွှယ်ချက်တွေ အများကြီး ရှိတာပေါ့နော်။ ဆိုတော့ အစ်ကိုက နည်းပညာဖက်ကို ဘယ်လို စိတ်ကူးနဲ့ စတင်ရေးဖြစ်သွားတယ်လဲ ?

နည်းပညာဖက်ရေးတာက နောင်လာနောက်သားတွေကို နည်းပညာလေ့လာတဲ့အခါမှာ အခက်အခဲ နည်းပါးရေး တဖက်တလမ်းက အထောက်ကူ ဖြစ်စေရေးရယ်လို့ ပဲရည်ရွယ်ပါတယ်။ ကိုယ့်အနေနဲ့ ကလည်း အခြေခံ ပညာလောက်ပဲ ရတာမလို့ အခြေခံ ပညာသင် ၀ါသနာတူ သူငယ်ချင်းများ အတွက်ရယ်လို့ ပေးလိုက်တာပါ။

ရည်ရွယ်ချက်ကတော့ အဲ့လောက်ပါပဲ။ ကိုယ်တွေ လေ့လာခါစက မြန်မာစာတောင် ကွန်ပျူတာထဲ အင်စတောမလုပ်တတ်ပါဘူး အဲ့လိုပေါ့အစ ရှိသဖြင့်အသေးစား အခြေခံပညာလေးတွေကိုသိစေချင်လို့ ရေးသား မျှဝေပေးနေတာပါ။

မေး = ဒါနဲ့ အစ်ကိုရဲ့ ဘလော့လိပ်စာက မောင်စွယ်စုံကျမ်းလို့ ပေးထားတယ်နော် ... ဒီနာမည်လေးကို ဘယ်လို စိတ်ကူးလေးနဲ့ ပေးဖြစ်သွားတာလဲ ?

ဒါကတော့ တစ်ခုထဲ သီးသန့် မရေးချင်ဘူးလေ ဟိုတစ်ခါ အင်တာဗျူးတုန်း ကတော့ ဖြေထားဖူးတယ်။ စုံနေအောင်ရေးချင်တာ သုတ ရသ နည်းပညာ အားလုံးမျှဝေချင်တာလေ ဘ၀ဆိုတာလည်းအတန်းတင် စာမေးပွဲလိုပဲ ဘာသာစုံအောင်မှ အောင်တယ်ခေါ်တာ အဲ့စကားကို အတော်လေးသဘောကျလို့ လိုက်နာ ကျင့်သုံးရင်နဲ့ အခြေခံပညာ သင်လေးတွေ အတွက် ဘာသာစုံသင်ပေး မျှဝေနေတာပါ။

အဲ့လိုကနေ စွယ်စုံကျမ်း လို့ ပေးဖြစ်တာပါ။ မောင်ဆိုတာ ကတော့ ကျနော့်နာမည်ရဲ့ နောက်ဆုံး စာလုံးလေ ပြည်ပ ရောက်တော့ နိုင်ငံခြားသားတွေက အခေါ်ရခက်တော့ သူတို့ ခေါ်ချင်သလို မောင်လို့ ပဲ ပြောင်းခေါ်ကြတာ အလုပ်မှာခေါ်ပါများတော့ မြန်မာတွေ သူငယ်ချင်းတွေကပါ။ နှုတ်ကြိုးပြီး လိုက်ခေါ်ရင်းနဲ့ ဒီနာမည်က အလိုလိုတွင် လာတာပါပဲ။ အဲ့နှစ်ခု ပေါင်းလိုက်ပြီး မောင်(စွယ်စုံကျမ်း) ရယ်လို့ နာမည်ပေး ဖြစ်ခဲ့တာပါ။

မေး = အခုအစ်ကိုရဲ့ ဘလော့မှာပေါ့။ အဓိက ဘယ်လိုနည်းပညာတွေကို မျှဝေပေးဖြစ်တာလဲ ? အစ်ကို မျှဝေဖြစ်တဲ့ ပိုစ့်လေးတွေပေါ့။

အဓိက ကတော့ ကွန်ပျုတာအခြေခံပါပဲ အခြေကစပြီး နောက်ဆုံး ဆော့ဝဲပိုင်းဆိုင်ရာ System Repair အထိရည်ရွှယ်ပါတယ်။ Photo shop အပိုင်းလေးတွေရယ်။ Flash သီချင်းပိုင်း တွေရယ်။ အဓိကပေါ့ ဘလော့ရေးချင် သူတွေအတွက်လည်း ဘလော့တစ်ခုလုပ်တတ်စေဖို့ ရည်ရွယ်ပြီး အခြေခံပညာလေးတွေ ပေးချင်တယ်။

ပြောရရင်တော့ စွယ်စုံဆိုတဲ့အတိုင်း အတော်လေး စုံစေချင်တာပါပဲ။ ရေးချင်စရာ အတော်များများရှိနေပြီး အချိန်မပေးနိုင်တာကြောင့် စောစောကပြောခဲ့တာ အပိုင်းတွေကိုတော့ အသေအချာ ဆက်လက်ရေးသား နေဦးမှာပါ။ ကွန်ပျုတာကို အခြေခံ အဓိကပေါ့ စာရင်းဇယားနဲ့ ရုံးပိုင်းဆိုင်ရာ စာစီစာရိုက် ပြောရရင် ပြောမတတ်တော့ဘူး အခွင့်သင့်သလို စုံအောင်တင်မယ်လို့ တော့ စိတ်ကူး ထားတာပဲဗျာ။

မေး = အစ်ကိုရဲ့ဘလော့လေးက နည်းပညာအခြေခံ လေ့လာနေသူ လူငယ်တွေအတွက် တကယ်အသုံးဝင်မည့် ဘလော့လေးတစ်ခု ဖြစ်ပါတယ်။ စာပေအပိုင်းနဲ့ရော ဘယ်လို သုတ ရသ ရတွေမျှဝေဖြစ်လဲ ?

စာပေပိုင်းကိုတော့ ကျနော် မရေးဖြစ်တာများပါတယ်။ တကယ်ရေးတဲ့ လူတွေက ကျနော့သူငယ်ချင်းအသိ မိတ်ဆွေတွေများပါတယ်။ အထူးသဖြင့် ဘလော့ထောင်ကထဲက ရေးလာတာ ကဗျာဆရာ ညီညီ(မြန်အောင်) သူကလည်း မြန်မာပြည်မှာထဲက မဂ္ဂဇင်းတွေ မှာ အရွေးခံခဲ့ဖူးပြီးသား ဆိုတော့ အခြေခံပညာသင် ကဗျာဝါသနာပါ သူတွေ အတွက် အကူညီဖြစ်စေမှာပါပဲ။

နောက်ကဗျာ ဆရာ ဖိုးခွားလေး(ကော့မှုး) ကဗျာဆရာလေလွင့်လူ(ကမာမြေ) နောက် ဆူသခင် (ရန်ကုန်) ရှမ်းမလေး(ပင်လုံ) ရစ်မမ(နေပြည်တော်) တို က ပင်တိုင်ရေးပို့ ပေးတဲ့ စာပေပိုင်းဆိုင်ရာ အမာခံတွေပါ။ ပုသိမ်သားလေး နဲ့ ကျနော်လည်း ကဗျာစာပေ ပိုင်းနဲနဲ ရေးပေးပါတယ်။ ကလောင်နာမည်ကိုတော့ မောင်(ခေတ္တလူ့ပြည်) နဲ့ အင်တာနက်ချစ်သူမှာ ထဲက ရေးသားခဲ့ဖူးတာပါ။ ပန်းကလေး (ပြင်ဦးလွင်)နဲ့ တခြား မေမမ(စစ်တွေ) တို့ရဲ့ စာတွေလည်း ပါပါတယ်။ နောက်ဆုံး ဆရာကြီး အောင်မှုးဝေကိုလည်း မထည့် မဖြစ်ပြောပြရမှာပါ။

သူ့ ကဗျာတွေ အတော်များများပို့ ပေးနေပြီ လက်ရှိမြန်မာပြည်မှာ ထွက်နေတဲ့ ၇ှိတ်ဂျာနယ်ရဲ့ အယ်ဒီတာတစ်ဦး ဖြစ်သလို ကဗျာပိုင်းဆိုင်ရာမှာ ဆရာ အတော်ကျတဲ့သူပါ။ စွယ်စုံဆိုတဲ့ အတိုင်းရေးတဲ့ သူလည်း အတော်စုံတယ်လို့ မပြောနဲ့နော်။ ပြောရမယ်ဆို လူတွေကျန်နေ သေးတယ်ဗျာ။ ပင်တိုင်တွေကတော့ အဲ့လောက်ပါပဲဗျာ ကျနော်က နည်းပညာပိုင်း လေးတွေ ဦးစားပေးရေးဖြစ်တာများပါတယ်။ တစ်ခါထဲကြော်ငြာဝင်ရရင် လက်ရှိ အသည်းကွဲ ကဗျာတစ်ပုဒ် ရေးနေတာ တင်ဖို့ပဲ့ ကျန်တော့တယ်။ အဲ့လောက်ဆို ကိုနေ မေးတဲ့ မေးခွန်းအတွက် လုံလောက် ပါပြီနော...........

မေး = အစ်ကို ဆိုက်မှာက ကဗျာရေးတဲ့ ကဗျာ ဆရာတွေ တော်တော်များတယ်နော် ... အစ်ကို ဒီဘလော့ကာ ဆိုတဲ့ ကိုယ်တိုင် ဝက်ဆိုက်မရေးခင် ဘယ်ဝက် ဆိုက်မှာ စတင်ရေးဖြစ်တာလဲ ?

စာစရေးဖြစ်တာကတော့ အင်တာနက်ချစ်သူမှာပါ။ ခုတော့ အင်တာနက်ချစ်သူက မရှိတော့ပါဘူး။ ဘလော့ရေးဖြစ်တာက အဲ့ဆိုဒ်ကြောင့် ဆိုရင်လည်းမမှားပါဘူး။ ဒီနေရာမှာ ကျနော် ကြုံရတဲ့ အတွေ့ အကြုံလေးက မှတ်သားမယ် ဆိုမှတ်သားစရာ ကောင်းပါတယ်။ အင်တာနက်ချစ်သူမှာ ကဗျာတွေ နည်းပညာပိုင်းလေးတွေနဲ့ ဟာသတွေကို အတော်လေး ရေးဖြစ်ခဲ့ပြီး သူငယ်ချင်းလည်း အတော်လေးရခဲ့ပါတယ်။

စာတွေ ရေးရင်းတင်ရင်နဲ့ တစ်နေ့ သူတို့ ဆိုဒ်က ဘာကြောင့်ရယ်မသိဘူး ကျနော့စာတွေ ပျက်ကုန်တယ်။ အဲ့မှာ အက်မင်တွေနဲ့ စကားများတာပါပဲ။ မှတ်မှတ်ရရ အက်မင် 2 ပါ။ အက်မင်ဆိုပြီး အပြောကလည်းကြမ်းတယ်ဗျာ။ အတင်းပြောတာတော့မဟုတ်ပါဘူး။ ကျနော်က ချက်ဘောက်မှာ 11 . 22 ဆိုပြီး ရိုက်လိုက် စလိုက်လုပ်တာ သူက ပါဝါ သုံးတယ် ခေါ်မလား ဘာလား မသိဘူးဘန်းတယ်ပေါ့။ အဲ့မှာ အက်မင်က 9 ယောက် ရှိတာ နံပတ် 7 ကတော့ ဆရာကျပါတယ်။

ဖလက်ဆောင်းနဲ့ ပတ်သက်လို့ သင်ပြပေးခဲ့ဖူးတယ်လေ။ သူနဲ့တိုင်ရော ပွဲကတော့ အကြီးကျယ် ဖြစ်ပါလေရော အဲ့မှာ စာတွေ အပြန်လှန်ပို့ပြီး ပြောကြဆိုကြဖွကြပေါ့။ နဲနဲတော့ ဇာတ်လမ်းက ရှည်တယ်နော်။ ကျနော် ရေးတဲ့စာတွေ ပျက်ကုန်တာလည်း ဖြစ်နေတဲ့ အတောတွင်းပေါ့ဗျာ။ ရေးထားသမျှ အဲ့ဆိုဒ်မှာ တစ်ခုမှမရှိတော့ဘူး နှမြောဖို့ အရမ်းကောင်းပါတယ်။

ကျနော်က လက်တမ်းချရေးတာဆိုတော့ တချိုကဗျာတွေစာတွေက မမှတ်မိတော့ဘူးလေ။ အတော်လေးကို ပေါက်ကွဲတာ မကြာဘူး။ အက်မင် 2 က ထွက်ရော ဆိုဒ်လည်းဘာကြောင့်ရယ် မသိဘူး။ မကြာခင်မှာ ပိတ်လိုက်တယ် လူမညီတာလား ဘာလားမသိဘူး အဲ့တုန်းက ချော့ကလက်မြို့ တော်နဲ့  အင်တာနက်ချစ်သူက နာမည် အတော်ရသလို မန်ဘာလည်း အတော်များတဲ့ဆိုဒ်ပါ။

ကျနော်ရေးတဲ့ စာတွေ ကဗျာတွေ ဘာမှပြန်မရတော့ဘူး။ ဒီလိုနဲ့ ကိုယ်ပိုင် ဘလော့လေးတစ်ခုရှိရင် ကောင်းမှာပဲဆိုပြီး စဉ်းစားရင်နဲ့ ရေးခဲ့သမျှကဗျာတွေ စာတွေ နည်းပညာတွေ သိမ်းထားဖို့ အလကားရတဲ့ ဘလော့တစ်ခု ကို စတင်ခဲ့တာပါ။ ဒီနေရာလေးမှာ သဘောထား တိုက်ဆိုင်ရင် အားလုံးကိုပြောချင်တယ်။ ကိုယ်ပိုင် ဘလော့တစ်ခု အားလုံးကို လုပ်စေချင်တယ် Gmail အကောင့်တစ်ရှိ တာနဲ့ 10 မိနစ်အတွင်း ဘလော့တစ်ခုရမယ်။ ကဗျာ ဆရာတွေကို ထောင်ပေးဖို့တော့ လုပ်ပြီးနေပြီ။ အဆုံး ပြောရရင်တော့ အဲ့လိုကြောင့်ဘလော့ တစ်ခုဖြစ်လာ ခဲ့တယ်ပေါ့ဗျာ။



မေး = ဘလော့ စတင် ရေးဖြစ်တုန်းက အစ်ကိုအနေနဲ့ရော ဘယ်လိုအ ခက်အခဲတွေကို ဖြတ်သန်းရလဲ ? အမှတ်တရ တစ်ခုခုပေါ့ ...

အခက်ခဲကြီးတော့ မရှိခဲ့ဘူး မနိုင်းနိုင်းစနေရဲ့ဘလော့ကို အဲ့တုန်းက မှတ်မှတ်ရရ ကိုမောင်လှဆိုဒ်မှာ ဖုန်းထဲထည့်တဲ့ မြန်မာ ပြက္ခဒိန်ယူရင်း ရောက်သွားတယ်ပေါ့။ ဖတ်ရင် မေးအက်တယ် သူနဲ့ စကားပြောဖြစ်တော့ သူဆီကနေ ဘလော့လုပ်နည်း လေးပေးလာတယ်။ တောင်းတာကလည်း လွန်ပါတယ် သူ့လုပ်ပီးသား လက်ရှိကို တောင်းတာ သူက စာအုပ်လေးပေးတော့ အဲ့စာအုပ်လေး ဖတ်ပြီး လုပ်ကြည့်တာ အတော်လေး အဆင်ပြေပါတယ်။

အဲ့ကြောင့် ဘလော့လုပ်တာ တော့ကြာပီ မရေးဖြစ်ဘူး။ ဘလော့မှာ အကြီးမားဆုံး အခက်ခဲကြုံခဲ့တာ ကတော့ တန်းပလိပ် ပါပဲ။ မောင်စွယ်စုံကျမ်း ဆိုဒ်က အရင်ကဆို အတော်လေး အကြည့်ရဆိုးပါတယ်။ ဒီနေရာမှာ အမှတ်တရ ကူညီပြောပြ အကြံပေးခဲ့ သူများကတော့ ဒီနေရာမှာ ထည့်ဖြေလိုက်မယ်နော်။

ကိုဒုတိယ ကစပြီး တန်းပလိပ် ပြောင်းဖို့ ပြောလာတာပါ။ နောက် ကိုနေ (နေဇော်လင်း) က ကြည့်ပြီး လိုအပ်တာတွေ ဆက်လက် အကြံပေးပါတယ်။ ကြည့်ပြီး ဘယ်နေရာ ဘာလိုတယ် နောက်ကိုဘသားချောပါ အဲ့ လူသုံးဦးကတော့ တန်းပလိပ်ပြင်ခဲ့တဲ့ နေရာမှာ အထူးကူညီခဲ့တာပါ။ ကိုဒုတိယဆို မအိပ်ပဲနဲ့ တစ်ညလုံး ပြောပြပေးခဲ့တာ မှတ်မှတ်ရရ မနက် 7 နာ၇ီအထိ တစ်ညလုံးပြင်ပြီး 8 နာရီ အလုပ်ဝင်တာပဲဗျို့ အဲ့လောက်ကြိုးစားခဲ့တာ နောက်ဆုံး ဆရာကြီးကတော့ ကိုဇောင်းပါပဲ www.zwmnna.com လက်ရှိ ဒိုမိန်းကို ရောင်းချပေးခဲ့သူပါ။ အဲ့တာတွေကတော့ မှတ်မှတ်ရရ ဘလော့အတွက် အခက်ခဲတွေပါပဲ။ အဲ့လောက်ဆို လုံလောက်ပါပြီနော် ။ ဘလော့လုပ်တာ လွယ်တယ် တန်းပလိပ်လေးပြင်တာ ခက်ခဲတာတစ်ခုပါပဲ။

မေး = အခု(Naing.com) ဆိုက်တွေနဲ့ ကိုယ်ပိုင် ဘာလော့ရေးတာ ပြုလုပ်တာကို အားသားချက် အားနည်းချက် လေးတွေကို ဘလော့ရေးတဲ့ သူတွေအတွက် အစ်ကို အမြင်လေး ပြောပြပေးပါလား ?

အဲ့ ... တစ်ခုတော့ အသေချာပြောပြချင်ပါတယ်။ ဒီအကြောင်း ဘလော့ပိုစ်ရေးတင်ဖို့ ရှိပါတယ်။ အဲ့တော့ တိုတိုပဲ ဖြေကြည့်အုံးမယ် နော်။ Naing ဆိုဒ်တွေက Social ၀က်ဆိုဒ်တွေပါ။ ဥပမာ Facebook လိုပေါ့။ နောက်ရှိသေးတယ်။ Myspace , Zopia , Friendster လူတွေအများကြီးဆုံလို့ ရတယ် ၀က်ဆိုဒ်ကြီး တစ်ခု ရှင်းလင်းတဲ့ ဥပမာဆိုရင်တော့ Naing Site ဆိုတာက ကမ္ဘာလုံးကြီးပေါ့။

အဲ့ ... ထဲမှာ မန်ဘာဝင်ထားတဲ့ သူတွေကတော့ ကိုပိုင်နိုင်ငံ လေးတွေပေါ့ဗျာ။ အဲ့နိုင်ငံလေး တွေကတော့ ကိုယ်ပိုင်လုပ်ပိုင်ခွင့် ရှိသလောက် ရှိမယ်။ စာတွေတင်မယ်။ ဘလော့ရေးမယ်။ ကွန်မန့်ပေးမယ်။ ဓာတ်ပုံတွေတင်မယ်။ သူငယ်ချင်းတွေ ရှာမယ်။ အဲ့ကမ္ဘာထဲက နိုင်ငံလေးတွေနဲ့ မိတ်ဖွဲ့မယ်။ ဒါပေမယ့် မိန်းကတော့ အက်မင်ဆိုတဲ့ ကမ္ဘာလုံးကြီးပါပဲ။ ကမ္ဘာလုံးကြီးပျက်ရင် အဲ့ထဲကနိုင်ငံတွေက အလိုလို ပျက်ပြီ။

ကျနော်တို့ ဘလော့လေး တွေကတော့ ကမ္ဘာလေးတွေပါပဲ။ သီးခြားရပ်တည်နေတဲ့ ကမ္ဘာလေးပေါ့။ သေးတဲ့အတွက် မန်ဘာတွေကို နိုင်ငံ အသေးလေးထောင် မပေးနိုင်ဘူး။ ဒို့ကမ္ဘာလေး ထဲမှာပဲ စုနေ လုပ်ပိုင်ခွင့်တော့ နဲ့တာပေါ့။ ဒါပေမယ် ကမ္ဘာသေးတော့ စားရိတ်သေးတယ်။ ရေရှည်ရပ်တည်ဖို့ လွယ်တယ် လွတ်လပ်ပေါ့ပါးမယ်။ ၀င်လာတဲ့ မန်ဘာတွေ Follower တွေကတော့ အချင်းချင်း ကွန်မန့် ပေးမယ်။

မက်ဆေ့ပို့မယ် အဲ့လောက်ပဲရမှာ မေးကြတယ်။ ဆရာမောင် ဆိုဒ်ထဲမှာ မန်ဘာဝင်တာ သူများဆိုဒ်တွေလို မိမိအိမ်တို့ ဘာတို့ မရဘူးလားတဲ့ အဲ့ကြောင်းအသေးစိတ် ကွဲပြားအောင် ရေးပြပိုစ့်တစ်ပိုစ့် တင်မယ် စိတ်ကူး ထားလို့ ဒီလောက်ပဲ ဖြေလိုက်ပါတယ်နော်။

နိုင်ဆိုဒ်နဲ့  ဘလော့ဂါဟာ ကမ္ဘာလုံးကြီးနဲ့ ကမ္ဘာလုံးလေးပါပဲ ဘလော့တစ်ခုကို ကိုယ်ပိုင်ဒိုမိန်းနဲ့ ရပ်တည်ဖို့ 9000 ကျပ်သာ ကုန်ပါတယ်။ Naing Site ကတော့ ယူတဲ့ Hosting member limited ပေါ်မူတည်ပီး USD 24.95 ကနေ Usd 59 ကျပ်ကျော်အထိ ဆိုတော့ လစဉ်နော် ....

နှစ်ပေါက်ဆို 12 နဲ့ မြောက်မြန်မာငွေနဲ့ မြောက်ရင် သိန်းကျော်သွားမယ် ထင်တယ် Naing မူရင်းမှာကြည့်လို့ ရသလို လက်ရှိ မြန်မာ Naing တွေမှာ မေးကြည့်နိုင်ပါတယ်။ ကိုယ်တိုင်မေးတော့ ပိုမြင်သာတာပေါ့။ ကျနော်လည်း အသေးစိတ် ဘလော့ပိုစ် ရေးတင်ဖို့ ရှိနေပါတယ်။ အဲ့ခါမှပြည့်စုံအောင် ဖတ်ကြည့်ပါလို့ ပြောကြားရင် ဒီလောက်ပါပဲ နော် တိုတိုလေး ဖြေလို့သာ ... :P



မေး = အခုလက်ရှိ အစ်ကိုဘလော့လေးက ပြုလုပ်ထားတာ ကြာနေပြီဆိုတော့ အောင်မြင်နေတဲ့ ဘလော့လေးတစ်ခုလို့ ပြောမယ်ဆိုရင် ရနေပြီလား ?

အင်း ... အဲ့လိုတော့လည်ား ပြောမရသေးပါဘူး ကျနော့်ဆိုဒ်ကို လူသိပ်မသိပါဘူး။ ဘယ်လိုပြောရမလဲ သူငယ်ချင်းများတော့ အဲ့သူငယ်ချင်းတွေပဲ လာကြည့်တာ လာကြည့်တာ ဆိုတာကလည်း အဲ့လူတွေကို သင်ပေးရင် ဘလော့ကရေးနေတော့ သင်ရင်းရေးရင်း သူတို့ လာကြည့်ရင်းနဲ့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်တော့ ဟုတ်နေတာပဲလေ အားပေးတာက လူရင်းတွေများတယ်ဗျ။

မန်ဘာကိုကြည့်လိုက် လေးစားလို့ ၀င်တဲ့သူက ရေလို့ရတယ်။ ဘလော့ဂါ မောင်နှမတွေနဲ့ ပြောမနာဆိုမနာ သူငယ်ချင်းတွေပါ။ လူကစုံတော့ ပထမ ကျနော် သင်ပေးနေတဲ့ လူတွေ ကဗျာဆရာ တွေရဲ့လူတွေ လောက်ပဲသိတာလို့ ထင်ပါတယ်။ အဲ့တော့ ကိုယ်အရပ် ကိုယ့်ဇာတ် ကိုယ်ပရိတ်သတ် ကြားမှာတော့ မောင်(စွယ်စုံကျမ်း) ဟာ မူးကြီးမတ်ပါပဲ။ အပြင်ထွက်သွားမှ ဘူးသီးဖတ်ကိုဖြစ်ရော ဘလော့တွေ အားလုံးဖလမ်းဖလမ်း ထအောင်မြင် နေတာတွေ အများကြီးပါ။

အောင်မြင်တာ တစ်ခုပဲပြောလို့ရပါတယ်။ မန်ဘာဦးရေ လေးပါပဲ။ ဒါကလည်း သေချာကြည့်ရင် အောင်မြင်တာ မဟုတ်ပါဘူး။ သူငယ်ချင်းပေါလို့ပါ။ အကေင့်ထဲမှာတော့ Mail ထဲမှာလူ 300 ကျော်တယ် ရင်းနှီးတာရော မရင်းနှီးတာရောပေါ့။ အဲ့တော့ သေချာကြည့်ရင် ဘာမှ အောင်မြင်တယ် မရှိပါဘူး။

ဒါပေမယ့် ကိုနေဇော်လင်း တို့လို BOA မှာ အင်တာဗျူး ပါတဲ့ ဆိုဒ်တွေက လာဗျုးတာဆိုတော့ ဒီအင်တာဗျူးပြီးရင် နဲနဲတော့ အောင်မြင်မလားလို့ပဲ ... နော် ပြောကြည့်တာပါ။ တကယ်တော့ မအောင်မြင်လဲ ကျနော့ သူငယ်ချင်းတွေ အဆင်ပြေရင် မောင်စွယ်စုံကျမ်းက ကျေနပ်နေတာ ပိုစ့်အတင်စိပ်ရင် ပြဿနာရှာတဲ့ သူငယ်ချင်းများ ရှိပါတယ်။ သူတို့ မေးတာဖြေရင်း ဘလော့ပေါ်ပါ တစ်ခါထည်း ပိုစ့်တင်ဖြစ်ပါတယ်။ မေးခွန်းတောင် ပျောက်တော့မယ်။ ဖြေနေတာက လိုရင်းတို ရှင်းကတော့ အလယ်လတ် လောက်ပါပဲလို့ ပြောချင်ပါတယ်။

မေး = အစ်ကိုဘာလော့လေးက အရင်ကနဲ့တော်တော်လေး ပြောင်းလဲလာပါတယ်။ ပိုပြီးလည်း ဗဟုသုတတွေ ပြည့်စုံလာပါတယ်။ နောက်ထပ် အစ်ကိုအနေနဲ့ ဘယ်လို ဆက်လက် လုပ်ဆောင်ဖို့ရှိလဲဆိုတာ အားလုံးသိအောင် ဖြေပေးပါဦး ...

နောက်ထပ် အစီစဉ်ကြီး တစ်ခုရှိတယ်။ ဆေးမီတိုက ၀က်ဆိုဒ် ရှိနေတော့ ရေးမတင်သေးဘူး။ ဗေဒင်လည်း တွက်တယ် ။ ဆိုဒ်တွေရှိနေတော့ သူတို့ဖို့ချန်ပီး အခြေခံ တွက်းနည်းတွေပဲ တင်တော့မယ်။ စာရင်အင်းပိုင်း သေချာတင်ဖြစ်မယ် ထင်တဲ့အပိုင်း အခြေခံကျေသည် အထိပေါ့။ ဟန်ဂျီအင်းကို အားကိုးထားတာပဲ သူကစာရင်းအင်းရေးပေးမယ်။ ပြောထားတယ် ခုတော့ မသေချာသေးပါဘူး။

အကြီးကြီးတစ်ခုက မြန်မာ့သိုင်းပါပဲ ဘယ်ဆိုဒ်မှာမှ အကြီးကျယ် မရေးသေးပါဘူး။ အခြေခံလေးတွေ ပြောပြပီး စာအုပ်တင်ချင်ပါတယ်။ လောလောဆယ် ပုံတွေ Sacn ဖတ်ဖို့ ရုံးမှာက အနေထား ပြောင်းလိုက်တော့ တိုင်ပတ်နေတယ်ဗျို့ သိုင်းပြောင်းပြန် မောင်လေးနဲ့ ကွန်ဖူးစိုးမြင့်တို့ရဲ့ ပညာတွေပါ။ မြန်မာ့သိုင်း ဆရာ ကြီးဦးပြည်သိမ်း တို့စာအုပ်တွေ တင်ပေးချင်ပါတယ်။ ရည်ရွယ်တာ တစ်ခုထဲပါ ဘလော့မှာ စာလာ ဖတ်သူတွေ ကတော့ နောက်ကျနေပါပြီ။

ဒါပေမယ့် နောက်လာမယ့် မိမိတို့ရဲ့Generation တွေကို လက်ဆင့်ကန်း ပုံသွင်းတတ်စေဖို့ပါ။ အညွှန်းလေး ပြောရရင် အဲ့ပညာမှာ တိုက်ခိုက်နည်းအပြင် မိမိကိုကိုယ်ယုံကြည့်မှု ပြောဆိုပြတ်သားမှု အပြင် နေရာတကာမှာ စိတ်ဓာတ်ခိုင်မာစွာနဲ့ ရဲရဲဝံ့ဝံ့ ရပ်တည်ရဲ ပြောရဲဆိုရဲတဲ့ စိတ်ကိုပါ မွေးထုတ်ပေးစေပါတယ်။ ဒါကတော့ အညွှန်းလေးပါပဲ။ လာတော့ စမ်းမခေါ်ကြနဲ့ နော် ဒိသာပါမောက္ခပေမယ့် ကောင်းသားနဲ့တော့ အားမယှဉ်နိုင် တော့ဘူးကွယ်။

အဘတို့က အသက်ကြီးပြီ စိတ်ပဲရှိ တော့တာ မလုပ်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ်ဗျာ ပညာဆိုတာ တတ်ထားရင် မမှားပါဘူး။ သိထားတယ်ဆိုရင်ပဲ တပမ်းသာပြီသားပါ။ နောက်ညဏ် ရည်ဥာဏ်သွေးကိုပါ။ ရင့်သန်စေတဲ့ အထိ မြန်မာ့သိုင်းဟာ နက်နဲပါတယ်။ အဲ့တော့ မရေးခင်ကြော်ငြာတာ ခင်များတို့ရဲ့ ကလေးတွေ အတွက်ရေးတာပါလို့ ပြောမှရမယ်နော်။ တော်ကြာ မောင်(စွယ်စုံကျမ်း) ချမလား လာဆို ခက်ပီဟေ့ ပညာတူရင် အတူတူမျှကြမယ်နော်။ အဲ့ဆို နောက်အစီစဉ်ကြီး တစ်ခုကတော့ အဲ့လောက်ပါပဲဗျာ လာမည်ကြာမည်ပေါ့။

မန်ဘာတွေ ကလေးမွေးရင် မောင်(စွယ်စုံကျမ်း) ဆီလာအပ်ကြ အချိန်ဆို ပညာစုံလောက်ပြီ Hack တာလည်း ကျွမ်းတယ်။ ဖက်တာလည်း ကြမ်းတယ်ပေါ့ဗျာ ပြန်ရင် ဘော်ဒါလည်း ထောင်မစိတ်ကူးထားလို့ပါ။ ကြုံတုန်း သင်တန်းဖွင့်ရင် လာတက်ဖို့  ဓာတ်ပုံ ဆိုင်ဖွင့်ရင်လာရိုက်ဖို့  ကြိုကြော်ငြာတာ မေးခွန်းရဲ့ အဖြေကတော့ အဲ့လောက် ပါပဲနော်။

မေး = ဟုတ်ကဲ့ ... အစ်ကို လေးစားအားကျတဲ့ ဘလော့တွေ ဘဘော့ကာတွေ ကိုလည်း ပြောပြပေးစေလိုပါတယ်။

လေးစားတာ မဟုတ်ဘူး အလေးပြုမှာဗျာ။ ဘလော့ဂါတွေဟာ ဘာမှမရပဲ ၀ါသနာကို အခြေခံပြီ မိမိသိသလောက် တတ်သလောက် စာပေ နည်းပညာ သုတ ရတ သတင်း စုံနေအောင် ထပ်ဆင့်ဖြန့်ဝေနေတဲ့ အခဲမဲ့ အွန်လိုင်း ရေဒီယိုတွေပါ။ ကျနော် ရေးဖူးပြီးသားပါ။ ဘလော့ဂါဆိုတာဘာလဲ ဆိုတဲ့ပိုစ်မှာလေ ၀ါသနာ ၊ စေတနာ ၊ အနစ်နာ ၊ ပိုက်ဆံနဲ့ အိပ်ရေးပျက်ခြင်း စားဝတ်နေရေး အချစ်ရေးတွေကြားထဲက ဘလော့မှာ စာတင်ရေးဆိုတာကို ခေါင်းထဲထားပြီး အမြဲ Update ဖြစ်နေတဲ့ ဘလော့ဂါအားလုံးကို မောင်(စွယ်စုံကျမ်း)က လေးစားရုံ မဟုတ်ဘူး အလေးပြုပါတယ်လို့ ကိုယ့်ကိုယ်လည်း သနားတယ် အလေးလည်းပြုတယ်ဗျာ။

အရေးပေါင်းများစွားထဲမှာ ဘလော့စာတင်ရေး ဆိုတာကို ခေါင်းထဲထည့်ထား အိပ်ရေးပျက်ခံလို့ပါ။ ဘလော့ရေးတဲ့ သူတွေက ဘာမှမရကြပါဘူး အိပ်ကပ်ထဲက ပိုက်ဆံပါစိုက်ထားရပါသေးတယ်။ Domain ကိုယ်ပိုင်ဝယ်တဲ့ သူတွေကိုပေါ့ဗျာ။ နိုင်ငံခြားက နာမည်ကြီး ဘလော့တွေလို ကြော်ငြာ စပွန်ဆာလည်းမရှိတော့ အိပ်ထဲကစိုက်ပြီး ရေးနေတဲ့သူတေါအများကြီးပါ။ အဲ့တော့ ဘလော့ဂါလောကမှာ ရှင်ဘုရင်ကအစ သူတောင်းစားအဆုံးကို မောင်(စွယ်စုံကျမ်း)ကလေးစားပြီးသားပါလို့ ဒီနေရာလေးကနေ ပြောချင်ပါတယ်။

တစ်ခါထဲ အားပေးစကားလေး တစ်ခုကတော့ ဘလော့စပေါ့က အလကား ရတဲ့ Subdomain ကနေ လူတိုင်း ယူနေကြရတာပဲဗျာ၊ ရေးတဲ့ ၀ါသနာရှင်တွေ လွတ်လပ်စွာ ရေးသားကြပါစေ။ ဘလော့ပေါ်မှာပဲ လွတ်လပ်နိုင်တာပါ။ အားလုံးဟာ နောက်ကြောင်းကိုယ်စီနဲ့ ဒို့တာဝန် အရေးသုံပါး (စား ၀တ် နေ ရေး) ကိုထမ်းထားရတော့ စိတ်ထွက်အပေါက်အနေနဲ့ ရောလက်တည့်စမ်းတဲ့ အနေနဲ့ ရော ခုဆိုရေးလာသူ အတော်များပါတယ်။ ကြိုဆိုပါတယ် လေးစားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် + 18 အထက်ကြည့်ရန်ဆိုတဲ့ ဆိုဒ်တွေကိုပါ လေးစားပါတယ်။

ကိုယ့်သမိုင်းကိုယ်ရေး ကိုယ့်လမ်းကိုဖောက် ကိုလမ်းကိုယ်လျှောက်တာမလို့ မေ၀၀ဖန်တတ်ပါဘူး။ အပြစ်လည်းမဆိုပါဘူး Blogspot ကတောင်ခွင့် ပြုနေမှတော့ ပြောစရာမရှိ ဒါကြောင့် ဘလော့ဂါ အားလုံကို လေးစားပါတယ်။ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး Social Ning တွေကိုလည်း အလေးပြုပါတယ်လို့ ....

မေး = အခု လူငယ်တွေ တော်တော်များများ ဟာ သူတို့အချိန်ရတာနဲ့ အင်တာနက် အသုံးပြုတဲ့အချိန်မှာ (ဖွေ့ဘုတ် ဂျီတော့ ချက်တင် ) တွေကို သူတို့အများစု အသုံးပြုကြပါတယ်။ ချက်တင် အကြောင်းနဲ့ ပက်သက်ပြီး အဆိုး/အကောင်း ကိစ္စတွေနဲ့ လူငယ်တွေကို ဘယ်လို အကြောင်းအရာလေးတွေကို လေ့လာသင့်လဲဆိုတာ ဘလော့ကာတစ်ယောက် အနေနဲ့ ပြောပြပေးပါဦး ...

ချက်တင် နဲ့ ပတ်သက်လို့ ကတော့ ပြောစရာရှိပါတယ်။ Gmail ကတစ်ယောက်ချက်တယ်။ Gtalk တော့မှာတစ်ယောက် ချက်တယ် Yahoo မှာလည်းချက်တယ်။ face book မှာလည်း ချက်တယ်။ Person မှာလည်းချက်တယ်။ VZo မှာလည်း ကဲတယ်။ အဲ ... မှားလို့ လို့ပရိတ်သတ်ကြီးရေ ... ချက်တယ်ပြောတာ +18 ဆိုဒ်တွေမှာ တွေ့နေရလို့ပါ။ လွတ်လပ်စွာ သဘောထားကွဲခွင့်ရှိတာမို့ ဘာမှ မပြောလိုပါဘူး။ ကိုယ့်ဇာတ်လမ်းနဲ့ ကိုယ်ကတော့ အားလုံးဇာတ်လိုက်တွေ ချည်းပါပဲ မချက်တာ တစ်ခုပဲရှိတယ်။

ထမင်း ဟင်းတော့ ဆိုင်မှာ စားတယ်လို ကြားဖူးပါတယ်။ မြင်လည်းမြင်ဖူးပါတယ်။ မောင်စွယ်စုံကျမ်းရဲ့ ဘော်ဒါတွေပါပဲ။ တစ်လုံးမှ မတတ်တတ် Abc သိရင် ချက်တင်ကစလို့  အင်တာနက်မှာ ကျင်လည်နိုင်သည်အထိ မောင်စွယ်စုံက သင်ပေးပါတယ်။ နီးစပ်ရာပေါ့။ စက်ရုံတစ်ရုံထဲတို့ နေရာတူလို့နီးလို လိုက်သင်ပေးတာတို့ပထမတော့ လက်ကွက်ကျင့်ဖို့ ချက်တင် သင်စေပါတယ်။ အကောင့်များ ပေါလွန်လွန်းလို့ naing ဆိုဒ်တွေသွား မြန်မာ နိုင်းဆိုဒ်တွေ 7 ဆိုဒ် လောက်သွားလိုက် ပြန်ခါ လူတစ်ရာ လောက်ပါလာမယ်။

ရည်းစားရှိသူနုတ် မာနကြီးသူကိုပယ်။ ပြန်မပြောသူကို ဘလော့လုပ်ပြီး ဆန်ကာတင် လူ 30 လောက်ရွေး လိုက်ပါတယ်။ ပီးရင်း မောင်းပေတော့ တပည့်ရေ။ ဆရာတစ်ပတ်ပြည့်ရင် နောက် တစ်ဆင့်ပြမယ်ဆိုပြီး ထားလိုက်တာ နောက်တစ် ပတ်ပတ် သွားကြည့်ဗျာ။ လက်လန်တယ်။ ခြေထောက်ပါလန်တယ်။ ခြေခွင်ပြီး ခါးပါစောင်းတယ်ဗျို့  ချက်တင် လုပ်နေတာနော်။

19 လက်မ ဖန်သားပြင်မှာ 19 ယောက်ထက် မနည်း ချက်နေတာဗျို့  နေကောင်းလားကို Notepad မှာ စရိုက်ပြီး ချက်လိုက်တာ ဟေ့ကောင် နောက်တစ်ဆင့် တက်မယ် ဟုတ်ဆရာ ဆိုပြီး လူစေ့နုတ်ဆက်တာ 45 မိနစ် လောက်ကြာတယ် ဗျာ .... ဟိုဘက်ကလည်းထင်မှာပဲ နှုတ်ဆက်ပြီး 7ရက်ကြာတယ်လို နောက်တစ်ဆင့် တောင် မတက်ချင်တော့ ဘူးဗျို့  ချက်တင်နဲ့တင် လုံ့လောက်ပီ ဆရာ စားပါ သောက်ပါ။ ပြီးရင်ပြန်ပါတဲ့ .... ကိန် ...

သေဟဆိုပြီး လက်လွှတ်ထားရတယ်။ ဂျော်ကာလေးတွေ လည်းမနည်းပါဘူးခင်ဗျာ။ အတည်ပြောတာပါ မလိမ်ပါဘူး တကယ်ပါ ဆရာတူမလုပ်ပါနဲ့ ခေတ်က နောက်ကတွေ မော်ဒယ်မြင့်ပြီး Auto Gaer တွေနဲ့ လျှောက်မောင်း နေကြတာပါ။ ကျနော် ချက်တင်ကို မြန်မာစာ လက်ကွက်ရဖို့ ပဲသင်တာပါ။

ပြီးရင်ဖြစ်တတ်တဲ့ပြသာနာ လေးတွေ ပြင်နည်းလေးတွေ သင်ပေးပါတယ်။ ချက်တင် ရဲ့ကောင်းကျိုးကတော့ လက်ကွက်မြန်တာပါပဲ။ လူများလေ မြန်လေပဲ။ ဒီမှာကြည့်လို့ရတယ် စာရိုက်တာ နှေးတဲ့သူက သိပ်မချက်တင်သေးဘူး။ အဲ့လိုမှတ် တောက်လျှောက် တက်လာသူတွေ ကိုတော့လက်ရှောင်ပေါ့။ ဆရာသမားတွေမလို့ အမြန်ရိုက်နိုင်တာ ဆိုးကျိုးကတော့ ရှေ့ဆက်ပြီး သင်ရမှာတွေ မတတ်တော့ တာပါပဲ။

ချက်တင်မှာ ကျူနေပြီး အချိန်ကုန်နေမဲ့အစား နည်းပညာဘလော့တွေ နိုင်းဆိုဒ်တွေ ပတ်ပြီး စာဖတ်မှတ်နေရင် ဗဟုသုတလည်းကြွယ်မယ်။ ပညာလည်းတိုးမယ်။ ဖတ်တာများလေတိုးလေပါပဲ။ တခါတလေ ဆရာကမသိဘူး တပည့်ကစာဖတ်တာများတော့ ကိုယ်သင်ပေးတဲ့သူက ကျော်မောင်းနေတာဗျာ။ အဲ့တော့ ဆိုးကျိုးကောင်းကျိုး ကတော့ မိမိအပေါ်မှာသာ မူတည်မှာပါ။ လွတ်လပ်မှုကိုမြတ်နိုးလို့ မဝေဖန်ချင်ပါဘူး။

မိးဖိုချောင်က ထွက်တဲ့ကြက်သွန်ဖြူကြော်လို့ ညှော်တာကို ကြိုက်တဲ့သူက မွှေးတယ်။ မကြိုက်တဲ့သူက နံမယ်ပေါ့။ ချက်တင်ထိုင်လို့ ရလာမယ့် ရလဒ်ကတော့ ကြိုက်ရင် ပညာရမယ်။ တချို့ဆို ရည်းစာရ အိမ်ထောင်ကျသွားတာ တွေလည်းရှိပါတယ်။ မယူတတ်ရင်တော့ စိတ်ဆင်းရဲရမယ်။ ခင်သန္တာ သက်ချိုပြုံး တွေကလည်း ဆင်ခန္ဒာ ၀က်ကိုယ်လုံးတွေ ဖြစ်နေတတ်ပါတယ်။ အဲ့တော့ ကောင်းတာသယ် မကောင်းတာ ဖယ်ကြပါလို့ ချက်တင်ထိုင်သူများကို ပြောချင်ပါတယ် ခင်ဗျား ...

မေး = နောက်ထပ် အစ်ကိုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေး မေးလို့ရလား ? မေးချင်တာက အစ်ကိုရဲ့ အချစ်ရေးကိစ္စတွေကို မေးချင်ပါတယ်။ အချစ်ကို ဘယ်လိုခံယူ နားလည်ထားတာလဲ ?

ဒါကတော့ပြောရ အတော်ခက်တဲ့ အကြောင်းပါ။ အချစ်ရေးဆိုတာ လူ့ဘောင်မှာနေသရွေ ကတော့ ကြုံလာရမှာပဲလေ။ ဘယ်လိုအချစ်ပဲဖြစ်ဖြစ်ပေါ့။ မိဘနဲ့ သားသမီးအချစ် ချစ်သူ ရည်းစားအချစ် မောင်နဲ့နှမအချစ် မိတ်ဆွေ အပေါင်းသင်း ချစ် သူငယ်ချင်း ရောင်းရင် အချစ် နောက်ဆုံးတော့ ဒို့ဘလော့ဂါ လောကသား အချင်းချင်းချစ် ပေါ့ဗျာ။ ချစ်တာဟာ ပူလောင်ပြီး မေတ္တာဟာ အေးချမ်းပါတယ်။

ချစ်တာက တပ်မက်မှုသံယောဇဉ်ပေါ့။ ချစ်ရင် ခံစားရမှာပဲ မေတ္တာကတော့ အေးမြပေမယ် ခွဲခြားရခက်တယ်ဗျ။ အပြော လွယ်သလောက် လုပ်ရခက်တဲ့ အထဲမှာ အချစ်ပါတယ်။ ချစ်တော့ တပ်မက်တယ် တပ်မက်တော့ ပူလောင်တယ်။ ခံစားရတယ် မချစ်ပဲနဲ့လည်း မနေနိုင်ဘူးဗျ။လူတိုင်းဟာ အချစ်နဲ့ မကင်းဘူးလေ အပေါ်မှာ ပြောခဲ့ သလို တစ်ခုခုတော့ချစ်နေကြတာပဲ ကျနော်ဆို ရေးပြသမျှအချစ် အကုန်ပါတယ်။ သမီးရည်းစားချစ် မိဘချစ် သူငယ်ချင်းချစ် ခုဆို ဘလော့ဂါချင်းချစ် ခုနေ တစ်ယောက်ယောက် သေသွား တရားသဘောနဲ့ ကျနော်မဖြေနိုင်ဘူး ...

ခံစားရမှာပဲလေ မေတ္တာဆိုရင်တော့ အေးမြတယ် မေတ္တာဆိုတာ သူ့အကျိုးကိုလိုလားချင်းလို့ ပြောလို့ရတယ်။ သူစိတ်ချမ်းသာလျှင် ကိုယ်ပျော်နေဖို့ သူကောင်းစား နေလျှင် ကိုယ်ကျေနပ်နိုင်ဖို့ စိတ်အေးချမ်းစွာနဲ့ မေတ္တာထား တတ်နေရင်တော့ အေးချမ်းရုံတင် မဟုတ်ဘူးဗျို့အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ်ဦးကုန်းချ လိုက်မယ်။

တကယ်တော့ မလွယ်လှပါဘူး။ လူဆိုတာ အတ္တသမားတွေချည်းပဲဗျ မေတ္တာစစ်သမားနည်းပါတယ်။ ကိုယ့်အကြောင်းနဲ့ ကိုယ်တော့ သံယောဇဉ်တွယ် နေကြတဲ့သူတွေချည်းပဲ ချစ်နေကြတဲ့သူတွေအများကြီးပဲ မေးကြည့် မဟုတ်ပါဘူး ပြောတဲ့သူကတော့ မုသာဝါဒကို အခမဲ့ ဖောက်တဲ့အပြင် ငါးပါသီလ အလကားနေရင် တစ်ပါးကျလိမ့်မယ်။ အဲ့တော့ ဝန်ခံပါတယ် ချစ်တတ်တယ် အချစ်တွက်နဲ့လည်း ခံစားနေရတယ်။

ဘာလို့လည်းဆိုတော့ မေတ္တာမဟုတ်လို့ပဲ။ ချစ်တယ်ဆိုမှတော့ ပိုင်ဆိုင် ချင်တယ်ဗျာ။ ရယူချင်တာပဲ ကိုယ့်မယူပဲ တခြားတစ်ယောက်ယူသွားမယ်ဆိုလို့ ကတော့ သေချာတယ်။ ကျနော်အတော်လေး ကြေကွဲနေအုံးမှာပဲ။ တရားသဘောလေးနဲ့ ဖြေရမလားမသိဘူး။ အနိစ္စ မမြဲခြင်း ဒုက္ခဆင်းရဲခြင်း အနတ္တ အစိုးမရခြင်း ဆိုတဲ့လူ့ ဘောင်ထဲမှာ နေနေရတော့ နှလုံသွင်းနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ မသွင်းနိုင်ရင်တော့ ချစ်တာများလေ ခံစားရလေပါပဲ။

မချစ်တတ် မမုန်းတတ်တဲ့လူ ဖြစ်အောင်နေတဲ့ မချစ်တတ် မမုန်းတတ်တဲ့လူ မရှိဘူးပေါ့ဗျာ။ ရှိရင်လည်း လူမဟုတ်ဘူး ဦးသာ ကုန်းချပေတော့ အတည်ပြောတာ လူဘောင်မှာ နေတဲ့ လူတွေပဲဗျာ။ လူဆိုလူလိုပဲ ကျင့်တော့မယ်။ ပုထုဇဉ် သူတော်စဉ် မဟုတ်သေးတော့ ဖိုက်စရာရှိ ဖိုက်မှာပဲ တိုက်စရာ ရှိတိုက်မှာပဲ။ ဟုတ်ဘူးလား လူဆိုတော့ လူပီသစွာနဲ့ ချစ်တတ် မုန်းတတ် ခံစားတတ်နဲ့ လောလောဆယ် မောင်(စွယ်စုံကျမ်း) ကတော့ အချစ်ကြီးလို ခံစား နေရပါတယ်လိုပဲ ဖြေချင်ပါတယ်။ အချစ်ကို ဘယ်လိုမြင်လဲဆိုရင် ခံစား ရတယ် လို့ပဲမြင်ပါတယ်။

အဆင်ပြေရင်တော့ ပျော်ရွှင်မှု အဆင်မပြေရင် စိတ်ဆင်းရမှု ဒါပါပဲနော်။ အဲ့လောက်ဆို လုံလောက်ပီထင်တယ် တော်ကြာမောင်(စွယ်စုံကျမ်း) တရားဟောနေပါတယ် လုပ်နေလိမ့်မယ်နော် ကျေနပ်ပါတော့ဗျာ။



မေး = အစ်ကိုမောင်ကို စာဖတ်သူ နည်းပညာ လေ့လာနေသူ သူငယ်ချင်း မိတ်ဆွေများက မေးနေကြပါတယ်။ လူပျိုကြီး လုပ်မှာ လားတဲ့ ဘယ်လို ပြန်ပြောပေး ရ မ လဲ ?

ဆောရီးပါလို့ မုသာဝါဒကိုတော့ အလကားရတိုင်း မကျူးလွန်ပါရစေနဲ့ စကားလှအောင် မဖြေတတ်ဘူး ရှင်းနေတာပဲ လူပျိုကြီး မဖြစ်နိုင်ဘူး ... ဟဟ ( ရုပ်ချောတယ် အပြောကောင်းတယ် လက်သီးပြင်းတယ် ... တိန် ...) ဟန်ဂျီအင်းရှိတယ်လေ။ လောလောဆယ်တော့ တိုင်ပတ်နေပါတယ် အဲ့တော့ လူပျိုကြီး လုပ်မှာလားလို့ မမေးပါနဲ့ဗျာ ကြားရတာနဲ့ တင်တိုင်နဲ့ ခေါင်းနဲ့ ဆောင့်လိုက်ချင်ပါတယ်။ လုံဝ မလုပ်နိုင်ပါဘူး အဲ့လောက်ဆို လုံလောက်ပီ ထင်ပါတယ်နော် မလုပ်ပါဘူး ခင်ဗျာ ....

မေး = အခု ဘလော့ရေးသူတွေအားလုံး အတွက် ရည်ရွှယ်ပြီး မေးခွန်းလေး မေးချင်ပါတယ်။ အဲဒါကတော့ အခုဘလော့ရေးသူ တော်တော် များများဟာ သူတို့အတွက် မဟုတ်ပဲ အများအတွက် သူတို့သိတာလေးတွေကို မျှဝေပေး လျှက်ရှိနေကြပါတယ်။ ဆိုတော့ သူတို့ဆိုက်တွေ သွားပြီး လိုက်ဆဲဆိုတာတို့ မကောင်းပြောတာ တို့ ဆိုတာကတော့ ဘလော့ရေးတဲ့သူတိုင်း ကြုံဖူးကြမယ် ထင်ပါတယ်။ အစ်ကိုအနေနဲ့ရော ဒီလိုဖြစ်နေတာနဲ့ ပက်သက်ပြီးတော့ ဘာများပြော လိုပါသလဲ ?

အတော်လေး သနားစရာကောင်းတဲ့ လူတွေလို့ ထင်ပါတယ်။ အလကားနေရင်း အလုပ်ရနေလို့လေ ချမ်းသာတဲ့ လူတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ချမ်းသာလို့ အလုပ်မလုပ်ပဲနေတာ ပြည့်စုံနေလို့သာ သူများ အကြောင်းစဉ်းစားနေတာ ကောင်း၏ မကောင်း၏ ဆိုတာ ကိုယ်ကိုယ်တောင် ဝေဖန်ဖို့ အချိန် မလောက်တာပါ။ ဘာလို့ သူများဆိုဒ်သွားပြီး စာတွေဖတ်ပီး မကောင်းတဲ့ကွန်မန့် ရေးနေမလဲနော် ပြောသာပြောရတာ ကျနော်လည်းရေးနေတာ ကြုံရတယ်လေ။ ဘလော့ရေးသူ အနည်းနဲ့ အများတော့ကြုံရပါတယ်။

အောင်မြင် လေပါပဲ။ ကျနော်တို့ တော့လူသိမများလို့ လားမသိဘူး 2 ခါ လောက်တော့ ခံရဘူးတယ်။ ကွန်မန့် Approval လည်းမထားဘူး Span Security လည်းမပေးဘူး။ Anoument နဲ့ လည်းရတယ်။ ကြိုက်တာနဲ့ရေး ချက်ချင်း တက်အောင် လုပ်ထားတာ အဲ့တော့ အဆဲခံ ရတဲ့သူတွေက ငါနာမည်ကြီးလို့ ပါလားလို့  ဂုဏ်ယူလိုက်ပါ။

ဆဲတဲ့သူများကတော့ ချမ်းသာပြီး ပြည့်စုံ ကုံလုံနေတဲ့ သူတွေပါလားလို့ မေတ္တာထားလိုက် သူတို့မှာ ဒို့ တာဝန်အရေး 3 ပါး မရှိဘူးထင်ပါရဲ့ နော်။ ကျနော်ကို လူမှုရေး နားမလည်တဲ့သူရယ်လို့ မထင်စေချင်ဘူး။ ဆိုဒ်အတော်များများကို မရောက်လို့ပါ။ စာတင်တာကလွဲပြီး သိပ်မလည်ဖြစ်ပါဘူး။ မခင်လို့ မဟုတ်ပါ အချိန်မရတာ ကြောင်းဖြစ်ပါတယ်။ တချို့ဆိုဒ် တွေလည်း ရောက်ပါတယ် အဲ့ကြောင့် မဆဲကြပါစေနဲ့ လို့ဆုတောင်းပါတယ်။ တစ်ခုတော့ ပြောချင်တယ်ဗျ အဆဲခံရအောင်လည်း မလုပ်မိစေနဲ့ပေါ့။

ဥပမာ လင့်မခိုးနဲ့မူရင် လင့်ကို ညွှန်းပေးလိုက်လေ ကော်ပီပတ် မလုပ်နဲ့  ကူးမချနဲ့  နားလည်သလိုပြန်ရေး ရန်ကုန် မန်းလေးလမ်းညွှန် ရေးတာပဲဗျာ ဘယ်လိုရေးရေး ရန်ကုန်မန်းလေး ရောက်ဖို့ မဟုတ်လား။ အားလုံး စာဖတ်သူကို ဗဟုသုတ ပေးချင်လို့ ရေးနေကြတာပါ။ စည်းနဲနဲစောင့် ကိုယ့်လမ်းကိုယ်ဖောက် ကိုယ်လမ်းကိုယ် လျှောက်နေကြတာပါပဲ။ ဆောလ့်ဝဲ့ အတော်များများက နိုင်ငံခြားကလူတွေ ထွင်ပြီးနိုင်ငံခြားဆိုဒ်တွေကပဲ ယူကြရတာပါ။

ဒို့မြန်မာတွေ အချင်းချင်း မျှဝေတာ ချင်းအတူတူ ဘာလို့ စိတ်ဝမ်းကွဲ နေမလဲနော်။ စောစောက ပြောသလိုစည်းလေးနဲနဲစောင့် အများကြီးမဟုတ်ပါဘူး အဲ့လိုဆို စောစောကပြောတဲ့ဆဲတာ 3ပုံ တစ်ပုံတော့ ရော့သွားမယ်။ ကျန်တဲ့တစ်ပုံက personal ကျန်တဲ့တစ်ပုံကတော့ အပြစ်မြင်သမားတွေကြောင့် ရှင်းရှင်း ပြောရရင်ဒို့မြန်မာတွေပါပဲ။ ဘာလို့လည်း ဆိုတော့ မြန်မာလို ဆဲသွားကြတာ လို့ပါ။ အဲ့တော့ဗျာ ကျနော်ပြောချင်တာကတော့ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတဲ့ သဘောတရားပဲ ဆင်ချင် ဘယ်အရာမှ မမြဲဘူး ဖြစ်ချိန်လို့ဖြစ်တယ်။ ဆဲခံချိန်တန်လို့ ဆဲတယ်ပဲ မှတ်တယ်ဗျ။ ဘာမှ မလုပ်တတ်တော့ ဆဲလည်းခံရမှာဗျို့ နောက် တစ်ခါလာဆဲရင် ပိုက်ဆံသာ ကောက်ချေးလိုက် အဲ့လောက်ဆို မေးခွန်းအတွက် လုံလောက်ပါပြီ ....

မေး = အခုနောက်ဆုံး စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများ နည်းပညာလေ့လာ နေသူများကို အစ်ကိုပြောချင်တဲ့ စကားတစ်ခုခု ပြောပေးပါဦး ။

နည်းပညာ လေ့လာလိုသူ စာဖတ်သူများကိုပြောချင်တာကတော့ စာဖတ်သူများ ကလည်းဖတ်ပါ မှတ်ပါ လေ့လာပါလို့ ဆရာဆိုတာ တစ်ချိန်တုန်းက ကျောင်းသားပါပဲ။ အဲ့တော့ လေ့လာရင် တတ်ပါတယ်။ မွေးရာပါတတ်လာတဲ့ သူတွေမဟုတ်ပါဘူး။ သင်ဆရာမြင် ဆရာကြားဆရာ တွေကြောင့် မောင်(စွယ်စုံကျမ်း) ရယ်လို့ ဖြစ်လာတာကြောင့် ဘလော့ဂါ သင်ဆရာ မြင်ဆရာ တွေကို လေးစား လျှက်ရှိနေပါကြောင်း ဘာပစ္စည်းမှ ၀ယ်မကန်တော့ နိုင်လို့  လက်အုပ်ချိပြီး အလကား ကန်တော့ပါတယ်။

ကုသိုလ် အများကြီးရပါစေ လို့ကိုယ် ကိုယ်ဆုတောင်း ပါတယ်။ စာဖတ်သူများ ကလည်း မိမိတို့ရဲ့ သင်ဆရာမြင် ဆရာကြား ဆရာတွေကို ရိုသေပြီး ပညာရေး ဆထက်တပိုး တိုးအောင်း ရှာဖွေလေ့လာ မှတ်သား ထပ်ပွားကြပါစေလို့ မဂ်လာ ဆုပေးနေ တာတော့ ဟုတ်ဘူးနော် ဆုပေးရင်လည်း ပေးလိုက်တဲ့ ဆုနဲ့ မောင် (စွယ်စုံကျမ်းလည်း) ပြည့်ပါစေလို့ ကိုယ်ဟာကို ဆုပြန် ယူတတ်တယ်။ အခြေခံ ပညာသင် ၀ါသနာတူ သူငယ်ချင်း အားလုံကို ပြောချင်ပါတယ်။

မောင်(စွယ်စုံကျမ်း)ကို အခြေခံ သမားတွေအတွက်ပဲ ရည်ရွယ်ထားပေးမယ် အခြေခံကစပြီး window ပြန်တင်တတ်တဲ့ အထိ ပညာကုန် ရေးသားပေးဖို့ ရှိတာကြောင့် လေ့လာပါ။ မှတ်သားပြီး သင်ယူကြပါလို့ ဆရာဆိုတာ တစ်ချိန်တုန်းက ကျောင်းသား ဖြစ်သလို ဆရာတိုင်းမှာ လည်း ဆရာရှိခဲ့ကြပါတယ်။

အဲ့ကြောင့် ဒီလောက်ပါပဲ စာဖတ်သူ သူငယ်ချင်းမိတ်ဆွေအပေါင်းနဲ့  အင်တာဗျုးမေးသူ ကိုနေဇော်လင်း နဲ့တကွ ကြားကြးသမျှ အမျှဝေနေတာ ဟုတ်ဘူးနော်။ ဘိတ်သိပ်ဆရာ လုပ်မလို့ လေ့ကျင့်နေတာ ကျန်းမာချမ်းသားစွာနဲ့ အမိအဖ ကျေးဇူးကို ကျေပွန်တဲ့ သားကောင်း ရတနာ သမီးကောင်းရတနာ တာလေးများ ဖြစ်ကြပါစေလို့ ဘလော့ဂါ သင်ဆရာမြင်ဆရာ ကြားဆရာများနဲ့ စာဖတ်သူ သူငယ်ချင်းမိတ်ဆွေ အပေါင်းတို့ အား ဆုပေးစကား ပြောကြားရင် ပေးလိုက်တဲ့ ဆုကြီးနဲ့လည်း မောင်(စွယ်စုံကျမ်း) တစ်ယောက်ပြည့်ပါစေလို့ ဘိတ်သိပ်ဆရာပါဆို ဘိတ်သိပ်မှာ ကိုယ့်ဘက်ကိုယ်ပဲ ဖိတ်လိုက်ပါကြောင်းးးးးးးးးးးးးးးးးး ဆုတောင်း မေတ္တာပို့သ လိုက်ရပါ၏။ ရေစက်ချဖို့ ကတော့ အင်တာဗျုး မေးသူ ကိုနေဇော်လင်း တာဝန်ပါပဲဗျို့  ... (တိန်) ....

အခုလို အင်တာဗျုးလေးနဲ့ ပက်သက်ပြီး သိချင်တာလေးတွေကို အချိန်ပေး ပြောကြားပေး ဖြေကြားပေးသော ဘလော့ကာ အစ်ကိုမောင်စွယ်စုံကျမ်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ အစ်ကိုရဲ့ဘလော့လေးလည်း နည်းပညာ ဗဟုသုတ လေ့လာနေသူတွေ အတွက် တန်ဖိုးရှိသော ဆိုက်လေးတစ်ခု ဖြစ်ပြီး လူအများအတွက် အကျိုးပြု အသုံးဝင်သော ဆိုက်လေးတစ်ခု ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

ပေးတဲ့ ဆုကိုပဲ ပြန်ပေးပါတယ် ။ အတူတူရပါစေလို့ ပြောကြားရင် အချိန်ပေး စိတ်ဝင် တစားနဲ့ အင်တာဗျူးပေးတဲ့ ကိုနေဇော်လင်း ကိုလည်း ကျေးဇူးပါလို့ နင့်လည်း သနားတယ် ငါ့ကိုယ် ငါလည်း သနားတယ် လို့ အိပ်ရေး ပျက်ခံကြလို့လေ လူပျိုကြီး လုပ်ဘူးနော် ။ ဘိတ်သိပ်ဆရာပဲ လုပ်မှာနော် ... လို့ပြောကြားရင် နိဂုံးချုပ်ပါတယ် ခင်ဗျာ။

ကဲ .... ဆရာမောင်နဲ့ ဒီလောက်ပဲ စကားပြောဖြစ်ခဲ့ပါတယ်။ စာဖတ်သူ မိတ်ဆွေများ ဒီထက် ပိုသိချင်ရင် ဆရာမောင်နဲ့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ ဆရာမောင်က စကားပြောလည်း ကောင်းပါတယ်။ ခင်မင်ဖို့လည်း ကောင်းပါသေးတယ်။ ဆရာမောင်ရဲ့ ဝက်ဆိုက်က www.zwmnna.com နဲ့ အီးမေးက zwmnna@gmail.com ဖြစ်ပါတယ်။ စာဖတ်သူ မိတ်ဆွေများ ဝင်ဖြစ်အောင် ဝင်ကြည့်ကြပါလို့ ပြောကြားရင်း အင်တာဗျူး အစီအစဉ်လေးကို ဒီမှာ အဆုံးသတ်ပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဂျာ။


Profile
နာမည် = မောင်စွယ်စုံကျမ်း
အသက် = ၂၅ နှစ်
နေရပ် = မလေးရှား
အချစ်ရေး = ဟန်ဂျီအင်းနဲ့ တိုင်ပတ်နေတယ်။
အိမ်ထောင်ရေး = လူပျိုကြီး မလုပ်ဘူး
ပညာအရည်အချင်း = ဘုန်းကြီးကျောင်းသား နွားကျောင်းသား
မိတ္ထီလာ စီးပွားရေးတက္ကသိုလ်ကျောင်းသား
ဝါသနာ = ဘိတ်သိပ်ဆရာ ၊ စွယ်စုံ ၁၂ ကြိုးလည်း သင်ချင်တယ်။
( စုံပြုစားတာကို ပြောတာဟိဟိ ဖြစ်နိုင်ရင်အောက်လမ်းနဲ့ အပေါ်လမ်းပါရချင်တာ )
နှစ်သက်သော အစားအသောက် = တို့ ဟူးသုတ်
မနှစ်သက်သော အစားအသောက် = စားမကောင်းတာဆို မနှစ်သက်ပါ။
ဆက်သွယ်ရန် = www.zwmnna.com - zwmnna@gmail.com