Thursday, October 18, 2012

ကေအယ် ကွာလာလမ်ပူမြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုတွင် ရိုက်နှက်မှု တစ်ခုဖြစ်ပွား(ရုပ်သံဖိုင်)


မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုတွင် ရိုက်နှက်မှု တစ်ခုဖြစ်ပွားကြောင်း သိရှိရပါသည်။ 

 ဖြစ်စဉ်မှာ ၁၆.၁၀.၁၂ ရက်ညနေ ၆ နာရီခန့်အချိန်တွင် မြန်မာစားသောက်ဆိုင် အတွင်း စားသောက်နေသူ တစ်ဦးနှင့် ဆိုင်မှ ဝန်ထမ်းများ နှင့် အချင်းများကြရာ စားသောက်နေသူတစ်ဦး ဖြစ်သော ခိုင်ကျော်လင်း ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသဖြင့် ကေအယ် ကွာလာလမ်ပူဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။ 

အဲဒီနေ့ ညနေက သူတို့ သူငယ်ချင်း ၄ယောက်နဲ့ စားသောက်ဆိုင် ဝန်ထမ်းများ များ စကားများပြီး ရိုက်နှက်မှုဖြစ်ခဲ့ပါတယ်။ ခိုင်ကျော်လင်း ဆိုသူက ခေါင်းမှာ အပြင်းအထန်ပဲ ဒဏ်ရာရသွားပြီး ဆိုင်အပေါ်ထပ် ကြမ်းပြင်ပေါ်မှာ လဲနေတာကို တွေ့ရပါတယ်။ သူ့သူငယ်ချင်းများက လဲနေတဲ့ ခိုင်ကျော်လင်း ကို မသယ်လာပြီး ဆိုင်အောက်ကို ခေါ်လာခဲ့တယ်။ 

   

ခဏနေတော့ ဒီနိုင်ငံသား ဖုန်းဆိုင်က တရုတ် တစ်ယောက်က ဆေးရုံကားခေါ်ပေးတော့ ဆေးရုံ ကားရောက်လာပြီး သွေးထွက်တာလွန်နေတဲ့ ခိုင်ကျော်လင်း ကိုသွေးတိတ်အောင် လုပ်ပေးပြီး ဆေးရုံသို့ သွားခေါ်သွားကြတာ တွေ့ရပါတယ်။ 

သူငယ်ချင်း ၃ယောက်လည်း ခေါင်း ၊ လက် ၊ မျက်နှာတွေမှာ အသီးသီး ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရသူ မြန်မာများမှာ ခိုင်ကျော်လင်း ၊ အောင်ဇော် ၊ ညီညီ ၊ မင်းသွေးခိုင် တို့ဖြစ်သည်ဟု ပြသာနာဖြစ်သော နေရာသို့ သွားရောက်ကြည့်ရှုသူ ကိုမင်းမင်း မှဆိုသည်။

   

ယခုပြသာနာ ဖြစ်ပွားသော မြန်မာဆိုင်တွင် ယခင်ကလည်း ယခုကဲ့လို့ ရန်ပြသာနာများ မကြာခဏဖြစ်ပွားနေပြီး မလေးရှားနိုင်ငံမှ တာဝန်ရှိ အကြီးအကဲများနဲ့ လုပ်ဆောင် နေသောကြောင့် ပြသာနာဖြစ်သော်လည်း အရေးယူမှု မရှိဘူးလို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကေအယ်ရောက်မြန်မာများထံမှ ယခုကဲ့သို့ မြန်မာအချင်းချင်း ပြသာနာဖြစ်သော ကိစ္စကို ကျေနပ်မှု မရှိကြာင်း သိရှိရပါသည်။ 

http://www.malaysiaonlineradiomedia.com/

Monday, October 15, 2012

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရ


နေပြည်တော်၊ အောက်တိုဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်-

-
နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊

-
အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊

-
နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊

-
နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။
         
ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။


http://www.president-office.gov.mm/zg/briefing-room/news/2012/10/15/id-1476
 

Monday, October 1, 2012