Showing posts with label ကျန်းမာရေး အသိ. Show all posts
Showing posts with label ကျန်းမာရေး အသိ. Show all posts

Tuesday, September 11, 2012

တရုတ်နိုင်ငံလုပ် ဆန်အတုများ သတိထား ရှောင်ကြဉ်ရန်လို


တရုတ်နိုင်ငံတွင် အစားအစာ ဘေးကင်း လုံခြုံ စိတ်ချရမှု မရှိသည်ကို ပြသရာ ရောက်နေသည့် လက္ခဏာတစ်ရပ် အနေနှင့် ယခုအခါ တရုတ်နိုင်ငံမှ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ထုတ်လုပ်လျက် ရှိကြောင်း စင်ကာပူနိုင်ငံရှိ မီဒီယာများက ဖော်ပြခဲ့ကြသည်။ Very Vietnam အမည်ရှိ အွန်လိုင်းမှ ထုတ်ပြန်သော သတင်းများအရ တရုတ်နိုင်ငံရှိ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုမျ

ားကို ပြုလုပ်ရာတွင် အာလူးများ၊ ကန်ဇွန်းဥများနှင့် ပလတ်စတစ်များကို ရောသမမွှေ၍ ပေါင်းစပ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရီးယား ဘာသာစကားဖြင့် ဖော်ပြသော Weekly Hong Kong သတင်းစာ၌ ဆန်အတုများကို တရုတ်နိုင်ငံ ရှန်စီပြည်နယ်၊ တိုင်ယွန်မြို့တွင် ရောင်းချလျက် ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ဆန်အတုဖြင့် ချက်သောထမင်းကို ပန်းကန်လုံး (၃)လုံးခန့် စားသုံးပါက ပလတ်စတစ်အိတ် တစ်အိတ်ကို စားသုံးရသည်နှင့် တူညီနေကြောင်း တရုတ် စားသောက်ဆိုင် အသင်းအဖွဲ့မှ အရာရှိများက ပြောကြားခဲ့သည်။

ယခုကဲ့သို့ စိုးရိမ်ရသည့် အခြေအနေကြောင့် ဆန်အတုများ ထုတ်လုပ်နေသည်ဟု စွပ်စွဲခံထားရသော ကုမ္ပဏီများ စက်ရုံများကို စုံစမ်းစစ်ဆေး သွားမည် ဖြစ်ကြောင်း စားသောက်ဆိုင် အသင်းအဖွဲ့ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်ဟု Very Vietnam အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ ဆန်အတုများ ထုတ်လုပ် ရောင်းချမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း တရုတ်နိုင်ငံ၏ Global Times သတင်းစာက ဖော်ပြခဲ့သည်။ ယခင်က တရုတ်နိုင်ငံ၊ ယန်စီပြည်နယ် စီအန်မြို့မှ ကုမ္ပဏီတစ်ခုသည် အထက်ပါ နည်းအတိုင်း ပေါင်းစပ်၍ ဆန်အတု ထုတ်လုပ် ရောင်းချခဲ့ဖူးကြောင်း သိရသည်။

တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ခံ သစ်သီးပန်းမန် စိုက်ပျိုးရေး ဌာနမှ အရာရှိ မစ္စတာတာ ကွမ်ဟန်းက ၎င်းသည် ဆန်အတုဟု သတင်းထွက်နေသော ဆန်များကို ယခင်က မမြင်ဖူးခဲ့ကြောင်း မည်သို့ပင်ဆိုစေ အတုဟု သတင်းထွက်နေသော ဆန်များကို ပလတ်စတစ် ဆန်အတုဟုတ်၊ မဟုတ် ကောက်ချက် မချမီ ရူပဗေဒ၊ ဓာတုဗေဒ နည်းများဖြင့် လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပလတ်စတစ်ဆန်ဟု သတင်း ထွက်နေသော ဆန်များသည် ဆန်တစ်စေ့လျှင် ၁ဝမီလီမီတာ ရှည်လျားပြီး သာမန်ဆန်များထက် ၃၊ ၄ မီလီမီတာ ပိုမို ရှည်လျားကြောင်း၊ ဆန်လုံးပတ်မှာမူသာ ခြားနားမှု ရှိကြောင်း၊ သာမန်ဆန်များထက် မှုန်မှိုင်းသော အရောင်မရှိဘဲ ဆန်စေ့မှာ ကြည်လင်နေကြောင်း ထို့ကြောင့် စားသုံးသူများ အနေနှင့် အဆိုပါ ဆန်များကို ဝယ်ယူခြင်း၊ စားသုံးခြင်းများ မပြုရန် မစ္စတာတာ ကွမ်ဟန်းက သတိပေး ပြောကြားခဲ့သည်။


 




 

Saturday, June 30, 2012

မလေးရှားရောက် ရွှေမြန်မာများ အခမဲ့ ကျန်းမာရေး (၂)ရက် စစ်ဆေးနိုင်ပြီ



မလေးရှားနိုင်ငံ ဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ပါမောက္ခဆရာဝန်ကြီးများမှ ဦးဆာင်၍ မလေးရှား ဆေးတက္ကသိုလ်မှ မြန်မာဆေးကျာင်းသား/သူများ နှင့် မလေးရှား ဆေးကျောင်းသား/သူများမှ မလေးရှားနိုင်ငံရှိ ရွှေမြန်မာများအား ကျန်းမာရေး (အခမဲ့) စစ်ဆေးပေးခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်။ ကျန်းမာရေးစစ်ဆေးမည့်သူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ကျန်းမာရေး စစ်ဆေးမည့် အစီအစဉ်များ နှလုံးကျန်းမာရေး စစ်ဆေးခြင်း
၁) ကိုယ်တွင်းအဆီ ပမာဏ Body Fat % တိုင်းခြင်း
၂) သွေးပေါင်ချိန်ခြင်း
၃) သွေးတွင်း သကြားဓာတ်တိုင်းခြင်း
၎) ကျန်းမာရေးစစ်ဆေးပေးခြင်း

နေ့ရက် ၊ အချိန်
၁) ၃၀.၆.၂၀၁၂ (စနေနေ့)
၂) ၁.၇.၂၀၁၂ (တနင်္ဂနွေနေ့)
နံက် ၉း၃၀ နာရီ မှ ညနေ ၄း၃၀ အထိ

နေရာ
လမ်းသစ်ဂျာနယ်ရုံးခန်း
အမှတ် (၂၇) ဒုတိယထပ် ၊ ဂျလန်ထွန်တန်ချန်လော့၊ကွာလာလမ်ပူ။
(ကိုတာရာယာကုန်တိုက်ရှေ့၊ မြတ်သုခစားသောက်ဆိုင်အပေါ်ထပ်)

ဆက်သွယ်ရန်
၀၁၀ ၅၀၀ ၀၀၄၅
၀၁၆ ၆၅၇ ၇၉၀၃
၀၁၀ ၇၉၉ ၇၇၁၆




24 Hours' Live Online Radio Media (Malaysia)

Saturday, March 5, 2011

Asiatic Pennywort မြင်းခွာရွက်

မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။

အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပေမဲ့၊ လက်တွေ့မှာတော့ တရုပ်ပါ။ မူဆယ် ၁၀၅ မိုင် နယ်စပ်ကနေ ၂၀၀၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ၀ ဒသမ ၅၅ တန် တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ဖတ်ရတယ်။

မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1. အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2. အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3. ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4. အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5. အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6. အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ၀မ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
7. အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8. အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9. ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။
10. အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အ၀တ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။

အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။

ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ၀မ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ၀က်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ၀မ်းကိုက်၊ Eczema နှင်းကူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။

သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။ ဒီစာဖတ်ပြီး မြင်းခွါရွက် ဈေးမတက်ကောင်းပါရဲ့။

လင်းလတ်သူရိန်

Thursday, December 23, 2010

ဆေးလိပ်ကြိုက်သူတွေအတွက် အကောင်းဆုံးပုံတွေ



The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

The Best and Most Creative Anti-Tobacco Ads

မေးလ်ထဲရောက်လာ တာလေးများကို ပြန်လည်ဝေမျှပါသည် ခင်ဗျ.

Saturday, December 4, 2010

မလိုချင်တဲ့ကိုယ်ဝန်

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၀)

ဆေးပညာအရ မရေးခင် သိဘို့လိုတာလေးတွေ ပြောရဦးမယ်။ ကိုယ်ဝန်ရှိတာကို မလိုချင်ဘူးဆိုတာ ဘယ်သူက မလိုချင်တာလဲ။ အခြေအနေ၊ နေရာဌာနဆိုတာတွေ မတူရင် ကိုယ်ဝန်ကို “မလိုလျင် မယူနဲ့”လို့ ပြောတာမှာ အမှန်-အမှားရှိနိုင်တယ်။ ဥပဒေက ခွင့်မပေးတာရော၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားက ခွင့်မပေးတာလဲ ရှိတယ်။

ဆေးပညာပိုင်းကို ရေးပါတော့မယ်။ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖြေရှင်းနည်း (၃)နည်း မှတ်ပါ။
(၁)ကိုယ်ဝန် မရှိအောင် နေတာ
(၂)ဖျက်ပစ်တာနဲ့
(၃)ဆက်ယူတာ

ဒီမှာရေးမှာက Emergency contraception (EC) ဒါမှမဟုတ် Emergency post-coital contraception အရေးပေါ် ကိုယ်ဝန်တားဆေးလို့ ခေါ်တယ်။ Morning after pill သုံးတာလို့လဲ ပြောတယ်။ Plan B လို့လဲ ခေါ်ပါသေးတယ်။

နာမည်ကို သေသေချာချာဖတ်ရင်
(၁) သိပ်တိကျတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ ညတုန်းက မှားသွားလို့ မနက်လင်းတာနဲ့ သောက်ရမယ့် ဆေးသဘော ဖြစ်နေတယ်။ အမှန်က ၅ ရက်အထိ သုံးနိုင်တာပါ။
(၂) တားဆီးတဲ့ သဘော ဖြစ်နေတာကို သတိထား စေချင်တယ်။ ဖျက်တာ မဟုတ်ဘူး။

ဒါမျိုးက သိတဲ့ အတိုင်း၊ စိတ်တူသဘောတူ ဖြစ်ရာကနေ မယူချင်တဲ့ အခါတို့၊ စိတ်သဘော လုံးဝ မပါဘဲ မယူချင်တဲ့ အခါတို့၊ အတင်းအဓမ္မ ဖြစ်သွားတာမျိုး တို့မှာ သုံးရမယ့် နည်းပါ။ Morning after pill ကို အတူနေ မိပြီးနောက် ၃ ရက်- ၇၂ နာရီ အတွင်း သာလျှင် အားကိုး နိုင်တာပါ။ ၇၅% to ၈၉% ထိရောက်ပါတယ်။ WHO (ကမ္ဘာ့ ကျန်းမာရေး အဖွဲ့) ကတော့ ၅ ရက် အထိ ကြာရင်တောင် သုံးနိုင်တယ်လို့ ဆိုပါတယ်။

Emergency contraception (EC) အရေးပေါ်ကိုယ်ဝန် တားဆေး ဆိုတာက လစဉ် လအလယ်မှာ မျိုးဥ တစ်ခု ထွက်ရမှာကို မထွက်အောင်လုပ်ပေးတာပါ။ ကျား-မ မျိုးဥတွေ တွေ့ဆုံပြီး ပေါင်းစပ် မသွားအောင်လဲ လုပ်ပေးပါတယ်။ ပေါင်းစပ်ြ ပီးရင်လဲ သားအိမ် အတွင်း နံရံမှာ လာတွယ်ကပ် မှာကိုလဲ တားစေ နိုင်တယ်။ (ဆေးနဲ့ ကိုယ်ဝန်ကို ပျက်အောင် လုပ်တယ်ဆိုတာက တွယ်ကပ်ပြီးသားကို ကွာကျအောင် လုပ်ရတာပါ။)

ကိုယ်ဝန် မရှိအောင် တားနည်းကောင်း တစ်ခုဖြစ်တဲ့ သားအိမ်ထဲမှာ ပစ္စည်းထည့်တာလို့ အလွယ်ပြောလေ့ရှိတဲ့ Intrauterine devices (IUDs) ဆိုတာကိုလဲ (၇)ရက်အတွင်း အတွက် အရေးပေါ်နည်း တစ်ခုအဖြစ် သုံးနိုင်ပါတယ်။ ၉၉.၉% ထိရောက်ပါတယ်။ (Copper T) လို့လူသိများပါတယ်။

Emergency contraception (EC) အရေးပေါ်ကိုယ်ဝန်တားဆေးထဲမှာ Estrogens နဲ့ Progestins ဆိုတဲ့ ဟော်မုန်းတွေ ခပ်များများ ပါတယ်။ ကိုယ်ဝန် တားဆေး စားဆေး Combined oral contraceptive pills တွေမှာ ပါတာတွေပါပဲ။ ဒါ့ကြောင့် တစ်ရက် ၁ ပြား စားရတဲ့ တားဆေးကို ၄-၅ ပြား တစ်ခါတည်း သောက်ပစ်တာမျိုးလဲ တချို့က စမ်းပါတယ်။ Mifepristone ကတော့ ဟော်မုန်း မပါတဲ့ ဆေးပါ။

ECPs အမျိုးအစားတွေကတော့
Progestin (Levonorgestrel) 1.5 mg တစ်လုံး တစ်ကြိမ်တည်း သို့မဟုတ် 750 μg (၁၂ နာရီခြား) နှစ်ခါခွဲ သောက်နိုင်တယ်။ ၈၉% ထိရောက်တယ်။ ဘေးထွက် ဆိုးကျိုးတွေကတော့ ပျို့ခြင်း၊ အန်ခြင်း၊ ရင်သား တင်းခြင်းတို့ ဖြစ်ပါတယ်။ ဆေးကုမ္ပဏီတွေ ကနေ ၁ပြား၊ ၂ ပြား၊ ၄ ပြား၊ ၅ ပြား၊ ၆ ပြားပါတဲ့ ဆေးကဒ်လေးတွေ ထုတ်လုပ်တယ်။ ဘယ်ဟာဖြစ်ဖြစ် နှစ်ခါ ၁၂ နာရီခြား သောက်ရမှာတွေပါ။

Yuzpe regimen (Estrogen and Progestin) ၁၂ နာရီခြား ၂ ခါသောက်ရပါတယ်။

တကယ်လို့ နောက်ကျသွားရင် နည်း ၃ နည်းကို လက်တွေ့သုံးလေ့ရှိပါတယ်။ ရှင်းရှင်းပြောရရင် ဖျက်ပစ်တဲ့ နည်းပါ။ ကိုယ်ဝန်ကို ရက်သတ္တပါတ်နဲ့ ပြောလေ့ရှိပါတယ်။ (၁) ၁၂ ပါတ် (၃ လ)အောက်ဆိုရင် Vacuum aspiration ခေါ် လေဟာနယ် စုတ်ပစ်နည်း သုံးတယ်။ (၂) နောက်တစ်နည်းက အများဆုံး သိကြတဲ့ Dilation and Curettage (D & C) ခေါ် သားအိမ် အ၀ ချဲ့ပေးပြီး ခြစ်ထုတ်နည်းပါ။ (၃) Dilation and Evacuation (D & E) နည်းကို ၁၂-၁၄ ပါတ် ကိုယ်ဝန်မျိုးမှာ သုံးလေ့ ရှိပါတယ်။

ကိုယ်ဝန်ဖျက်ဆေး Abortion pill တွေကတော့ RU486 (Mifepristone), Mifestone နဲ့ Mifeprex ဖြစ်ပါတယ်။ RU486 (Mifepristone) ဟာ ၅၀-၆၀ ရက်အထိ ကိုယ်ဝန်ကို ဖျက်နိုင်ပါတယ်။ Mifeprex (200 mg) tablets ၃ ပြား (600 mg) တခါတည်း သောက်ခိုင်းတယ်။ တတိယနေ့မှာ ပျက်မကျရင် Misoprostol 200 μg နှစ်ပြား (400 μg) သောက်ခိုင်း ပါလိမ့်မယ်။ Mifepristone ကို Gemeprost နဲ့ရောပြီး ၁၃-၂၄ ပါတ် ကိုယ်ဝန်ကို ဖျက်ရာမှာ သုံးတယ်။

အရေးပေါ်ကိုယ်ဝန် တားဆေးကို အမေရိကန်လို တိုင်းပြည်မှာတော့ University and women's health centers, health departments, Planned Parenthood centers and hospital emergency departments ဆိုတဲ့ နေရာဌာနတွေမှာ ရနိုင်ကြောင်း ကြော်ငြာထားတယ်။ ကျး-မ မရွေး အသက် ၁၇ နှစ်ဆိုရင် ဆေးလက်မှတ် မလိုဘူးတဲ့။ ဒေါ်လာ ၂၀-၅၀ ပါရင် ပြီးရော။

ကျွန်တော်တို့ ဆီမှာတော့ ဒီလို အကျိုးအကြောင်းလေးတွေ သိဖို့ ဆိုတာတောင် ပညာတွင်းက နက်လှပါသေးတယ်။ ဒီစာဖတ်ရုံနဲ့ မလုံလောက်ပါ။ အကြံပေးချင် သေးတာကတော့ ဒုက္ခ ကြုံရင် တိုင်ပင်ဖက်လို အားထားထိုက်တဲ့ ဆရာသမားထံ ချဉ်းကပ်ပါလေ။

Induced Abortion ကိုယ်ဝန်ဖျက်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၅) နဲ့တွဲဖတ်ပါ။

Dr. တင့်ဆွေ
၅-၈-၂၀၀၉

Monday, October 4, 2010

နှိပ်နယ်မှုပြုခြင်းက ကျန်းမာရေးကို


သင့်တင့်ကောင်းမွန်သော နှိပ်နယ်မှုပြုခြင်းက အနှိပ်ခံရသူ၏ စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေ၍ စိတ်လက် ပေါ့ပါးမှုကို ခံစားရစေနိုင်ကြောင်း သုတေသန အသစ်တစ်ခုက ယူဆခဲ့ရသည်ဟုသိရသည်။ ထို့ကြောင့် သင့်တင့် ကောင်းမွန်သော နှိပ်နယ်မှုပြုခြင်းကြောင့် ကျန်းမာရေးကောင်းမွန်နေစေရန် အထောက် အကူပြုစေနိုင် သည်ဟုဆိုသည်။ ဃနိမျေ-ှငညငေ ဆေးပညာဆိုင်ရာဌာနမှ သုတေသနပညာရှင်တို့၏ အဆိုအရ နှိပ်နယ်မှုပြုခြင်းအားဖြင့် ကိုယ်ခံအားစနစ်တွင် သိသာသောပြောင်းလဲမှုများ ကို ဖြစ်ပေါ် စေနိုင်မည်ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့ကြသည်။

သုတေသနပညာရှင်တို့က ကျန်းမာရေးနှင့် ညီညွတ်သော အရွယ်ရောက်ပြီး သူတို့အား လေ့လာဆန်းစစ်မှု ပြုခဲ့ခြင်းဖြစ်သည်။ အရွယ်ရောက်ပြီးသူ အစမ်းသပ်ခံတို့ အနက် ၂၉ဦးအား ထိရောက်သောနှိပ်နယ်မှုကို ၄၅မိနစ်ကြာအနှိပ်အနယ်ခံစေ၍ ၂၄ဦးကိုမူ ခပ်ဖော့ဖော့ ခပ်ရွရွသာနှိပ်နယ်မှုပြုစေခဲ့သည်။ စတင်နှိပ်နယ် သည့် အချိန် မတိုင်မီ သွေးနမူနာကိုယူထားခဲ့ပြီး ၄၅မိနစ်ကြာ နှိပ်နယ်မှုပြုပြီးသည့်အချိန်တွင် တစ် နာရီကြာခန့် အနားယူစေခဲ့သည်။ နှိပ်နယ်မှုပြုပြီးနောက် သွေးစစ်ဆေးစမ်းသပ်မှုတွင် နှိပ်နယ်မှုမပြုမီကနှင့် မတူဘဲ အပြောင်းအလဲများဖြစ်ပေါ်လာသည်ကို တွေ့ရှိရပြီး ထိ ရောက်သော နှိပ်နယ်မှုခံယူသည့်အုပ်စုတွင် ကိုယ်ခံအားစနစ်၌ အကျိုးသက်ရောက်မှု ရှိသည်ကို ညွှန်းပြလျက်ရှိကြောင်း သုတေသနပညာရှင်တို့က ပြောကြားခဲ့သည်ဟုသိရ သည်။

Friday, September 10, 2010

တစ်နေ့တွင် ၁၀ နာရီနှင့် အထက် အလုပ် လုပ်ခြင်းသည်


တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူများထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။

ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှလုံးသွေးကြောပိတ် ရောဂါနှင့်ဆိုင်သော ပြဿနာများကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်း နှင့် နှလုံးရောဂါဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။


လန်ဒန်အခြေစိုက် သုတေသန အဖွဲ၏ အဆိုအရ ၎င်းတို့၏ သုတေသနပြုမှု အတွင်း ရုတ်တရုက် နှလုံးခုန်ရပ်ခြင်းနှင့် ရင်ဘတ်စူးအောင့်ခြင်းများ အပါအဝင် နုလုံးရောဂါကြောင့် သေဆုံးမှု ၃၆၉ ခုရှိရာ သတ်မှတ်အလုပ်ချိန်ထက် ၃ နာရီမှ ၄ နာရီ အချိန်ပို အလုပ်လုပ်သူများအဖို့ အဆိုပါ နုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ သက်ရောက်ရန် ပုံမှန်ထက် ၆၀ရာခိုင်နှုန် ပိုမိုမြင့်မားသည်ဟု သိရသည်။ သို့သော် ပုံမှန် အလုပ်ချိန် ၇ နာရီထက် တစ်နေ့တွင် အချိန်ပို ၁နာရီမှ ၂နာရီခန့် ပိုမို အလုပ်လုပ်ခြင်းသည် ထိုနုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ ပိုမိုမြင့်မားလာခြင်း မဖြစ်ပွားနိုင်ဟု ဆိုသည်။

“ဒီ နှလုံးရောဂါရဲ့ အကျိုးသက်ရောက်မှုက သတ်မှတ်ချိန်ထက် ၃ နာရီနဲ့ အထက် ပိုပြီးအလုပ်လုပ်မှ ဖြစ်ပွားမှာပါ။ ဒါကြောင့် ပုံမှန်အလုပ်ချိန်ထက် တစ်နာရီလောက် ပိုသွားရုံနဲ့တော့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး” ဟု University College London နှင့် Finnish Institute of Occupational Health မှ ရောဂါ ကူးဆက်ပျံ့ပွားမှု ကာကွယ်ခြင်း ဆိုင်ရာ ပါရဂူ ဒေါက်တာ Marianna Virtanen ကပြောကြားပါသည်။


ထိုသို့ အချိန်ပို အလုပ် လုပ်သောကြောင့် နှလုံးရောဂါ ပြဿနာများ ဖြစ်ပွားမှုပမာဏ မြင့်တက်လာခြင်းမှာ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ကိုလက်စထရောဓာတ် မြင့်မားခြင်း စသည့် နှလုံးရောဂါအတွက် အန္တရယ်ရှိနိုင်သော အခြား အကြောင်းအရင်းများ အပေါ် ဆက်နွယ်မှီခိုမှု မရှိဘဲ သီးခြား အကျိုးသက်ရောက်မှုကို ဖြစ်ပွားစေကြောင်း သိရသည်။

သို့သော် ဒေါက်တာ Marianna Virtanen ၏ အဆိုအရ နှလုံးရောဂါကို အန္တရယ် ပေးနိုင်သော အဝလွန်ခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့ ကဲ့သို့ပင် အချိန်ကြာမြင့်စွာ ပိုမိုအလုပ်လုပ်သော နေထိုင်မှု ပုံစံသည်လည်း ရောဂါအပေါ် တူညီသော ဆိုးကျိုး သက်ရောက်မှု ဖြစ်ပွားစေသည်ဟု သိရသည်။

အခြေခံကျကျ သုံးသပ်ရလျင် အလုပ်ချိန်ပိုမို ကြာမြင့်သည်နှင့်အမျှ အလုပ်နှင့် ဆက်စပ်နေသော စိတ်ဖိစီးမှုများလည်း မြင့်တက်လာသည်ဖြစ်ရာ ၎င်းတို့သည် ကိုယ်တွင်းဇီဝကမ္မ ဖြစ်စဉ်များကို ဝင်ရောက် နှောက်ယှက်သကဲ့သို့ ဖြစ်ပွားနိုင်သည်။ ထိုနည်းအားဖြင့် နာမကျန်း ဖြစ်သည့်အထိ ဆက်လက်၍ အလုပ်လုပ်မိလျက်သား အခြေအနေသို့ ရောက်ရှိရသည်ဟု ဆိုသည်။

ဒေါက်တာ Marianna Virtanen နှင့် အပေါင်းအပါများက အဆိုပါတွေ့ရှိချက်ကို European Heart Journal တွင်ဖော်ပြခဲ့ကြသည်။ University of Glasgow’s Western Infirmary (ဂလက်စ်ဂိုး အနောက်ပိုင်း တက္ကသိုလ်) ၏ ဆေးဝါးဗေဒ ဌာနမှ ပါမောက္ခ Gordon McInnes က ၎င်းတွေ့ရှိချက်သည် ဆရာဝန်တစ်ဦးအဖို့ လူနာ၏ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရယ်ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် တွက်ဆနိုင်ရန် အရေးပါသော အချက်ဖြစ်သည်ဟု ဆိုသည်။

“အကျိုးရလဒ်က တစ်ကယ့်ကို ရိုးရိုးလေးပါ။ အရေးပါမှုကတော့ ပုံမှန် လက်ခံထားတဲ့ အချက်တွေထက် အများကြီးပိုပါတယ်။ အချိန်ပို အလုပ်လုပ်တဲ့နေရာမှ လုပ်ငန်းခွင်ဖိအားတွေပါ အပိုတွဲပါလာတတ်ပြီး အဓိကအချက်ကတော့ ဒါတွေက နှလုံးသွေကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ချေ ပမာဏ မြင့်မားလာတာပါပဲ” ဟု ပါမောက္ခ Gordon McInnes က ပြောကြားပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် PatheinCity News

Wednesday, September 8, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉)

လိင်အင်္ဂါကြွက်နို့နှင့် ပတ်သက်သည့် အမေး/အဖြေ

အမေး - Human Papillomavirus (HPV) က ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသလဲခင်ဗျာ ကျနော့်ရဲ့ အဂါင်္မှာ ကြွက်နို့ လေးတစ်ခုထွက်လာပါတယ်။ ဆရာဝန်သွားပြတော့ အက်ဆစ်ပါပုံရတဲ့ လိမ်းဆေးပေးပါတယ် တနေ့နှစ်ကြိမ်တို့ခိုင်းပါတယ် ကျနော် စသုံးတော့နဲနဲစပ်ပါတယ်။ ဆက်မသုံးရဲဘူးခင်ဗျ ။ကျနော် သိချင်တာက ဒီဆေးနဲ့ လုံလောက်မလား။ ဆက်ရောသုံးသင့်ပါလား။

အဖြေ - လိင်အင်္ဂါကြွက်နို့ Human papillomavirus (HPV) သည် ဗိုင်းရပ်စ်တမျိုးဖြစ်သည်။ အမျိုးအစားပေါင်း ၂၀၀ ခန့် တွေ့ထားရသော်လည်း တချို့ကသာ လူတို့ကို ရောဂါရစေသည်။ အချို့ဗိုင်းရပ်စ်များက ရှားရှားပါးပါး အမျိုးသမီး လိင်အင်္ဂါများတ၀ှိုက်နှင့် ယောက်ျားများ လိင်တံနှင့် စအိုတို့မှာ ကင်ဆာ ဖြစ်စေသည်။ အမျိုးအစား ၃၀-၄၀ တို့သည် လိင်ဆက်ဆံခြင်းဖြင့် ကူးစက် စေသည်။ လိင်အင်္ဂါနေရာ ကြွက်နို့ Warts (Verrucae) ဖြစ်စေသည့် ဗိုင်းရပ်စ်လည်း အပါအ၀င်ဖြစ်သည်။

လိင်အင်္ဂါမဟုတ်သော အရေပြားတွင် ဖြစ်သည့်ကြွက်နို့များမှာ HPV-1 နှင့်HPV-2 တို့ကြောင့်ဖြစ်သည်။ လိင်အင်္ဂါကြွက်နို့သည် (STI/STD) ခေါ်လိင်မှတဆင့် ကူးစက်ရောဂါများတွင် အများဆုံးဖြစ်ပြီး၊ အမေရိကားတွင် လူပေါင်း သန်း ၂၀ သို့မဟုတ် လိင်ဆက်ဆံနိုင်သည့် အရွယ်ရှိသူပေါင်း၏ ၁% မှာ ရှိနေသည်။ သားအိမ် အ၀ကင်ဆာ ဖြစ်စေသည့် ပိုးနှင့် လိင်အင်္ဂါကြွက်နို့ ဖြစ်စေသည့်ပိုးတို့ မတူကြပါ။ အခြားနေရာများတွင် ကြွက်နို့ ဖြစ်စေသည့် ပိုးနှင့်လည်း မတူပါ။ အချို့မှာ ပိုးရှိနေသော်လည်း ကြွက်နို့ မပေါ်သေးချေ။

ပါးစပ်၊ အာခေါင်၊ လျှာတို့မှာလည်း ကြွက်နို့ ဖြစ်လာနိုင်သည်။ ကြွက်နို့ ပေါက်မနေသူထံမှလည်း ကူးလာနိုင်သည်။ လိင်ဆက်ဆံနည်း မျိုးစုံ (ရိုးရိုး နှင့် စအို၊ ပါးစပ်) လမ်းတို့မှလည်း ကူးနိုင်သည်။ ပိုးရှိသူနှင့် ဆက်ဆံပြီးနောက် အချိန်တို သို့မဟုတ် ကြာမှလည်း ကြွက်နို့ ဖြစ်လာတတ်သည်။ မိခင်မှာ ကြွက်နို့ရှိနေစဉ် မွေးလာမည့်ကလေးအား ကူစက်နိုင်မှုမှာ လွန်စွာနည်းပါးလှပါသည်။

သုံးခါ ထိုးရသည့် ကာကွယ်ဆေးရှိသည်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းသည်။ အမျိုးသမီးများအတွက် (Cervarix and Gardasil) ခေါ် သားအိမ်ကင်ဆာ ကာကွယ်ဆေး ၂ မျိုးရှိရာ၊ (Gardasil) က ကြွက်နို့ကိုပါ ကာကွယ်သည်။ ယောက်ျားများအတွက် (Gardasil) သည် လိင်အင်္ဂါကြွက်နို့ကို ကာကွယ်သည်။

(ကွန်ဒွန်) သည် HIB အတွက်သာမက လိင်အင်္ဂါကြွက်နို့ နှင့် သားအိမ်အ၀ ကင်ဆာတို့အတွက်ပါ ကာကွယ်ရာကျသည်။ သို့သော် ကြွက်နို့ပေါက်ရာနေရာကို (ကွန်ဒွန်) က ဖုံးမထားနိုင်ခြင်းကြောင့် ကြွက်နို့မှန်သမျှကိုမူ ကာကွယ်မှု မပေးနိုင်ပါ။ လိင်ဆက်သည့် အဖေါ်ကို သတ်သတ်မှတ်မှတ် ရှိသင့်သည်။ မိမိ၏ အဖေါ်၊ ဇနီး၊ ခင်ပွန်းအား သစ္စာရှိပါလေ။

လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေသည့် ဗိုင်းရပ်ကို သတ်မည့်ဆေး မရှိပါ။ ကြွက်နို့ဖြစ်လာလျင် ကုသနည်း အမျိုးမျိုးတော့ရှိသည်။ အလွယ်ဝယ်ယူရရှိသော ဆေးဆိုင်ကောင်တာပေါ်ကဆေးကို အားမကိုးပါနှင့်။ မည်သည့်နည်းက အကောင်းဆုံးဟု မပြောနိုင်ပါ။ ပျောက်သွားမည်ဟုလည်း ရာနှုန်းပြည့် အာမ မခံနိုင်ပါ။

ခွဲစိတ်ကုသမှု လုပ်နိုင်သည်။ ဆရာဝန်က သမားရိုးကျ ဓါးဖြင့် လှီးထုတ်မည်။ သို့မဟုတ် လျှပ်စစ်နည်းဖြင့်လည်းကောင်း၊ မီးရှို့နည်းဖြင့်လည်းကောင်း သုံးနိုင်သည်။ လေဆာဖြင့်လည်းကောင်း၊ အေးခဲစေနည်းလည်းကောင်း သုံးနိုင်သည်။

သိထားရမည်မှာ ကြွက်နို့ မျက်စိအောက်က ပျောက်စေကာမူ သူ့ကိုဖြစ်စေသည့် ဗိုင်းရပ်စ်ကို ရှင်းထုတ်မရပါ။ ထို့ကြောင့် ပြန်ပေါ်နိုင်သည်။ မကုဘဲထားလျင် သူ့အလိုလို ပျောက်သွားချင် သွားမည်။ ရှေ့မတိုး နောက်မဆုတ် ရှိနေမည်။ တိုးချင် တိုးလာမည်။ သို့သော် ကင်ဆာ ဖြစ်မသွားပါ။ ၉၀%လောက်တွင် ကိုယ်ခံအားမှ တိုက်ဖျက်ပေးနိုင်သည်။ ထို့ကြောင့် ဆေးမကုဘဲ ၂ နှစ်ဆိုလျင် ပျောက်သွားနိုင်သည်။

ဒေါက်တာတင့်ဆွေ (၂၄-၃-၂၀၁၀)

Monday, August 30, 2010

ဂရုစိုက်ရမည့် နာရီလေးများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

အကိုး။ ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ
(ပါမောက္ခ ဒေါ်ခင်ဖြူ)

Friday, August 27, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈)

STDs
လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ
Sexually Transmitted Diseases (STDs)လို့ အခု ခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD)လို့ ခေါ်ခဲ့တယ်။ ကျွန်တော်တို့ ဆီမှာလဲ အရင်က ကာလသားရောဂါလို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေး ဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့ပါသေးတာ။

ကာလသားဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာကာလသားခေါင်းဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့ (ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ်တယ်။ အမိန့်နာခံသူကိုရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။ ရွာသားတွေက နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန် ချစ်ဘို့ကောင်းတဲ့ယဉ်ကျေးမှုပေါ့။

ကာလသားတွေသာ မဟုတ်ဘူး၊ STDs တွေက အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသား တွေရော အမျိုးသမီးများတွေမှာပါဖြစ်တယ်။ ဖြစ်မှာပေါ့ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့ တယောက်ကနေ နောက်တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါလို့ ကွက်ကွက် ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။

Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ် ကို အချစ် နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး (အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Miloလို့ ပိုသိကြတယ် မဟုတ်လား။ လှတာမက်တော့ ညစာခက်ဆိုသလို ရောဂါက အတော်ကိုကြောက်ဘို့ ကောင်းတယ်။

ဆေးတွေမပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် ရန်သူ့ကျည်ဆံလို ကြောက်ဘို့ကောင်းတယ်လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအိုနောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

ရောဂါပိုးတွေကလဲ အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံပါဘဲ။ ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။

Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလဲ ဖြစ်လာတတ်တယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လဲ ဖြစ်နိုင်တယ်။

အမြှုတ်လိုလဲ ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင် အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။

ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က တရုပ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။ ပိုးရှိပေမဲ့ ဘာမှမဖြစ်သလိုလဲ နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။ ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည် အဝါရည် ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက ဆီးပူး-ညောင်းကျလို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး) တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ သေသေခြာခြာ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။

Chancroid (ရှန်ကာ) ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ Genital Herpes ခေါ်တယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။

Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကလဲ ဒီအုပ်စုဝင်ရောဂါဖြစ်တယ်။ Lymphogranuloma Venereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ နာမယ်ဆိုးရှိသူများ သတိထားကြပါ။

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို ကျောက်ကြီးလို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် မဟာကျောက်ရောဂါ ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန်ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါ အစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ Vaginal Infections မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင်

ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ ကွန်ဒွန်က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊

ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပါတ် ၁လုံး၊ ၃ ပါတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်ခင်ဗျား။

ဒေါက်တာတင့်ဆွေ