Pages

Sunday, November 3, 2013

မလေးရှားက မြန်မာတွေအတွက် အသုံးဝင်မယ့် မလေးဘာသာပြန် APK

 
မလေးရှားက မြန်မာတွေအတွက် အသုံးဝင်တဲ့ မလေးဘာသာပြန် APK လာပြီနော် .... ဆွဲထားကြ ..... မလေးဘာသာစကားတွေကို ဖုန်းထဲကနေ နေ့စဉ် လေ့လာလို့ ရပါတယ်။ 

မလေးရှား - မြန်မာ အိပ်ဆောင် အဘိဓါန်လေးကို ကျော်ဇင်ဟိန်းမှ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီ မလေးရှား - မြန်မာ အိပ်ဆောင် အဘိဓါန်လေးမှာ လိုအပ်ချက်တွေ ရှိမှာပါ ။ ဒါပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး မလေး အသံထွက် တွေကို မှန်ကန်အောင် ကြိုးစားပေးထားပါတယ်။ 

အိပ်ဆောင် အဘိဓါန် ဆိုတော့ အသုံးဝင်မဲ့ စာလုံးတွေပဲ အဓိက စုစည်းပေးထားပါတယ်။ ဒီ အဘိဓါန်လေး က သူငယ်ချင်းတို့ အတွက် တစ်ထောင့်တစ်နေရာက အဆင်ပြေမယ်ဆိုရင် ကျွန်တော် ဖန်တီးရကျိုး နပ်ပါတယ်။  

အောက်ပါလိပ်စာကို ဝင်ရောက်ပြီး ဒေါင်းယူပါ။

http://www.malaysiaonlineradiomedia.com/2013/11/apk.html

Source by : ஜ۩۞۩ஜ ကျော်ဇင်ဟိန်း ஜ۩۞۩ஜ

နေဇော်လင်း
Live Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook - https://www.facebook.com/pages/Nayzawlin1/292530074131729

Saturday, October 26, 2013

မြန်မာ အမျိုးသမီးတစ်ဦး ရက်စက်စွာ တိုက်ခိုက်ခံရ (မလေးရှား သတင်း)

ဲ    
17.10.2013 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အမ်ပန်းဆေးရုံကြီးအနောက်ဘက် ၊ ပန်းဒန်းမယ်ဝ တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာ အမျိုးသမီးတစ်ဦး ဖြစ်သည့် မဝေမာလင်း နှင့် အခြားအမျိုးသမီး တစ်ဦးလုပ်ငန်းခွင် အတွင်းစကား  အခြေအတင်များကြရာမှ အခြား  အမျိုးသမီးတစ်ဦးမှ မကြေမနပ်ဖြစ်ကာ အမျိုးသား ၅ ဦးအား အကြမ်းဖက်တိုက်ခိုက်ရန် စေခိုင်းခဲ့ပြီး 18.10.2013 နေ့တွင်

မဝေမာလင်း နှင့် သူမ၏ အမျိုးသား အလုပ်မှအပြန် စောင့်ဆိုင်းကာ အကြမ်းဖက်တိုက် ခံစေခဲ့ကြောင်းသိရပါသည် ။ ထိုသို့အခြားအမျိုးသမီး တစ်ဦးဖြစ်သူမှ စေခိုင်းမှုကြောင့် မဝေမာလင်းနှင့် သူမ၏အမျိုးသား မောင်အောင်ဇော်ဝင်း တို့မှာ လူ ၅ ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ကြပါသည် ။

ထို့အတူ အဆိုပါ မှုခင်းဖြစ်မှု့အတွက် မလေးရှား ရဲမှ ဓားဖြင့်ခုတ်သူထဲမှ တစ်ဦးအပါအဝင် ခုတ်ရန်စေခိုင်းသူ နှင့်ပါဝင်ပတ်သက်သူ တရားခံအချို့ကို ဖမ်းဆီးထားခဲ့ပြီးဖြစ်ကြောင်းသိရသည် ။ ကျန်ရှိသူများကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်းသိရသည် ။

ထို့အတူ မြန်မာသံရုံးမှ တာဝန်ရှိသူများ မှာထိုဖြစ်ရပ် အတွက် ဆောင်ရွက်လျှက်ရှိပြီး အမ်ပန်းဆေးရုံးသို့သွားကာ မဝေမာလင်း နှင့်  မောင်အောင်ဇော်ဝင်းတို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်းသိရသည် ။

တိုက်ခံခိုက်ရသူ မဝေမာလင်းမှာ လက် တစ်ဘက် လုံးဝပြတ်ထွက် ၊ အခြားလက်တစ်ဘက် ၉၀% ပြတ်ထွက် (ပြန်ချုပ်ပြီး) ၊ ဦးခေါင်း တွင် ဓားဖြင့် ၂ ချက် အခုတ်ခံရ (ချုပ်ချက်များစွာ) ၊ ပါး ၂ ဘက်ဓားဖြင့်ခုတ်ခံရ ဒဏ်ရာကြီးမား (မေးရိုးပြုတ်ထွက် အလူမီနီယံအစားထိုးရမည်) ကာဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ပါသည် ။ မောင်အောင်ဇော်ဝင်းမှာမူ ပြန်လည်ခုခံ သောကြောင့် တင်ပါးတွင် ဒဏ်ရာရရှိ သည်မှလွဲပြီး ကြီးမားသော ဒဏ်ရာ မရရှိခဲ့ပါ ။

မဝေမာလင်း ၊ မောင်အောင်ဇင်ဝင်း ၂ ဦးလုံး ကွာလာလမ်ပူ ၊ အမ်ပန်းဆေးရုံတွင် ဆေးကု သခံယူလျှက်ရှိပြီး မဝေမာလင်းအတွက် အရေးပေါ် အနေဖြင့် မေးရိုး ဆက်ရန် အလှူမီနီယံ အစားထိုးရမည်ဖြစ်ပြီး မလေးငွေ အများအပြား ကုန်ကျခံရမည်ဖြစ်သည် ။ လောလောဆယ် မေးရိုး အစားထိုး ရန်အတွက် တစ်ဘက်လျှင် ရင်းဂစ် ၂၀၀၀ ကျော် ၂ ဘက်စာ အတွက် ၄၀၀၀ ကျော်အား မပေးနိုင်ပဲ ရှိနေပါတယ် ။

မဝေမာလင်းအတွက် အလှူငွေ လိုအပ်လျှက်ရှိသည် ။ သို့ပါသောကြောင့် မလေးရှားရောက် မြန်မာများအနေဖြင့် တစ်သက်စာ လူကောင်းပြန်  မဖြစ်နိုင်တော့မည့် မဝေမာလင်းအား တတ်နိုင်သလို တတ်အားသရွေ့ ကူညီနိုင် ပေးကြပါရန် မဝေမာလင်း ကိုယ်စား ကျွန်တော်တို့ မလေးရှားရောက် မြန်မာများမှ အထူးအကူအညီ တောင်းခံအပ်ပါသည်။

အလှူခံမည့်သူအနေဖြင့် တင်ပါး  ဓားခုတ်ခံရသော မဝေမာလင်း၏ ဇနီး မောင်အောင်ဇော်ဝင်း ဖုန်း - 0103610554 သို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းကြပါရန် ကာယကံရှင်ကိုယ်စား အကူအညီအထူး တောင်းခံ အပ်ပါသည်ခင်ဗျာ ။

ကာယကံရှင်များ၏ အချက်လက်များ မဝေမာလင်း - M984478 မြန်မာပြည်လိပ်စာ - အမှတ် 93 သန္တာလမ်း ၊ ၅/၆ ရပ်ကွက် ၊ ရွှေပြည်သာ ။ မောင်အောင်ဇော်ဝင်း - (ကားဆေးမှုတ်) ရှမ်းစု ၊ လက်ပံတော ၊ သုံးဆယ်မြို့ ၊ သာယာဝတီခရိုင် ။ Ph - 0103610554 

Source by : မလေးရှားရောက် မြန်မာများ

မလေးရှား သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုလိုပါက အောက်ပါနေရာတွင် ဝင်လေ့လာပါရန်
 http://www.malaysiaonlineradiomedia.com/search/label/Malaysia

Friday, October 25, 2013

6Pစီမံချက်များအတွက် မြန်မာသံရုံးမှ အသိပေး ကြော်ငြာချက်

 
မလေးရှား ရောက် မြန်မာနိုင်ငံသား များအတွက် ယနေ့မြန်မာသံရုံးမှ ကြော်ငြာချက် တစ်စောင် ထုတ် ဝေခဲ့သည် ။ ကျွန်တော်တို့ မလေးရှား ရောက် မြန်မာများ Facebook စာမျက်နှာမှ တင်ဆက်ခဲ့သည့် အတိုင်း ယခု ပါမစ်ပြုလုပ် ဆောင်ရွက် ပေးမည့် 6P နောက်ဆက် တွဲ Amnesty စီမံချက်သည် ယခင် 6P တွင် ပါမစ် မရရှိသေးသော သူများ အတွက် သာဖြစ်ကြောင်း ထည့်သွင်း  ကြော်ငြာထားသည်။

ကြော်ငြာချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည် ။ 

ဆက်ဖတ်ရန် >>>>>
http://www.malaysiaonlineradiomedia.com/2013/10/6p.html

Tuesday, October 22, 2013

SABAH,SARAWAK ရှိမြန်မာလုပ်သားများဘဝ (မလေးရှားရောက် မြန်မာများ)

 
ကျွန်တော်တို့ ယခု Story ကိုတင်ဆက်ချင်ခဲ့တာ လွန်ခဲ့သောသြဂုတ်လကတည်းကပင် ။ လိုအပ်သောအထောက်အထား ၊ အချက်လက်များ ကာယကံရှင်များ၏ တောင်းဆိုမှု့များကို စုစည်းပြီး ယနေ့ News Story တစ်ပုဒ်အနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများသာမက မြန်မာနိုင်ငံရှိ လူငယ်များအားလုံး ဖတ်နိုင်ရန် ကျွန်တော်တို့ ရေးသားတင်ဆက်သည် ။ ပထမဆုံး မလေးရှား နိုင်ငံ အရှေ့ခြမ်း (East Malaysia) , ဆီဗူး (SIBU) ရှိ မြန်မာနိုင်ငံသား စောသက်နိုင်ဝင်း မှ ကျွန်တော်တို့ထံ ဖုန်းဆက်အကြောင်းကြား လာခြင်းမှ စတင်သည် ။ 

စောသက်နိုင်ဝင်း ဖုန်းဆက်အကြောင်းကြားမှုတွင် အဆိုပါ စောသက်နိုင်ဝင်းအပါအဝင် မြန်မာစုစုပေါင်း ၁၁ ဦးသည် ငါးဖမ်းစက်လှေတွင် အလုပ်လုပ်နေကြရကြောင်း ၊ ထို ၁၁ ဦးလုံး လစာ အတည်တကျ မရသည့်အပြင် မည်သည့် အခွင့်ရေးမှ မရကြောင်း ၊ သူဌေးမှခေါ်သော အချိန်တွင် ငါးဖမ်းစက်လှေပေါ်သို့ လိုက်ရပြီး မလေးရှား နှင့် အင်ဒိုနီးရှား ရေပိုင်နက်များတွင် ငါးဖမ်းရကြောင်း ။ သူတို့ မလေးရှားသို့ မရောက်မီ ထိုင်းနိုင်ငံသို့ ဦးစွာ ရောက်ရှိ အလုပ်လုပ်ကိုင်ကြောင်း ။ 

မြန်မာနိုင်ငံ မြဝတီ မြို့မှ အလုပ်ပွဲစားအဆက်အသွယ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ပို့ဆောင်ခံ ရပြီး ထိုင်းသို့ရောက်သောအခါ အလုပ်မလုပ်ရပဲ ငါးဖမ်းစက်လှေတွင် ရောင်းစားခံရကြောင်း ၊ ထိုသို့ ထိုင်းငါးဖမ်းစက်လှေတွင် အလုပ်လုပ်ကိုင်စဉ် လှေဦးစီး နှင့်စကားများသောကြောင့် စောသက်နိုင်ဝင်း၏ လုပ်ဖော်ကိုင်ဘက်အား ရိုက်နှက်ကာ သွေးအလိမ်းလိမ်းဖြင့် ပင်လယ်ထဲပြစ်ချအစ ဖျောက်ပစ်ခဲ့ကြောင်း .... ။ 

ဆက်လက်ဖတ်ရှုပါရန် >>>>>