Sunday, November 3, 2013

မလေးရှားက မြန်မာတွေအတွက် အသုံးဝင်မယ့် မလေးဘာသာပြန် APK

 
မလေးရှားက မြန်မာတွေအတွက် အသုံးဝင်တဲ့ မလေးဘာသာပြန် APK လာပြီနော် .... ဆွဲထားကြ ..... မလေးဘာသာစကားတွေကို ဖုန်းထဲကနေ နေ့စဉ် လေ့လာလို့ ရပါတယ်။ 

မလေးရှား - မြန်မာ အိပ်ဆောင် အဘိဓါန်လေးကို ကျော်ဇင်ဟိန်းမှ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီ မလေးရှား - မြန်မာ အိပ်ဆောင် အဘိဓါန်လေးမှာ လိုအပ်ချက်တွေ ရှိမှာပါ ။ ဒါပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး မလေး အသံထွက် တွေကို မှန်ကန်အောင် ကြိုးစားပေးထားပါတယ်။ 

အိပ်ဆောင် အဘိဓါန် ဆိုတော့ အသုံးဝင်မဲ့ စာလုံးတွေပဲ အဓိက စုစည်းပေးထားပါတယ်။ ဒီ အဘိဓါန်လေး က သူငယ်ချင်းတို့ အတွက် တစ်ထောင့်တစ်နေရာက အဆင်ပြေမယ်ဆိုရင် ကျွန်တော် ဖန်တီးရကျိုး နပ်ပါတယ်။  

အောက်ပါလိပ်စာကို ဝင်ရောက်ပြီး ဒေါင်းယူပါ။

http://www.malaysiaonlineradiomedia.com/2013/11/apk.html

Source by : ஜ۩۞۩ஜ ကျော်ဇင်ဟိန်း ஜ۩۞۩ஜ

နေဇော်လင်း
Live Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook - https://www.facebook.com/pages/Nayzawlin1/292530074131729

Saturday, October 26, 2013

မြန်မာ အမျိုးသမီးတစ်ဦး ရက်စက်စွာ တိုက်ခိုက်ခံရ (မလေးရှား သတင်း)

ဲ    
17.10.2013 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အမ်ပန်းဆေးရုံကြီးအနောက်ဘက် ၊ ပန်းဒန်းမယ်ဝ တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာ အမျိုးသမီးတစ်ဦး ဖြစ်သည့် မဝေမာလင်း နှင့် အခြားအမျိုးသမီး တစ်ဦးလုပ်ငန်းခွင် အတွင်းစကား  အခြေအတင်များကြရာမှ အခြား  အမျိုးသမီးတစ်ဦးမှ မကြေမနပ်ဖြစ်ကာ အမျိုးသား ၅ ဦးအား အကြမ်းဖက်တိုက်ခိုက်ရန် စေခိုင်းခဲ့ပြီး 18.10.2013 နေ့တွင်

မဝေမာလင်း နှင့် သူမ၏ အမျိုးသား အလုပ်မှအပြန် စောင့်ဆိုင်းကာ အကြမ်းဖက်တိုက် ခံစေခဲ့ကြောင်းသိရပါသည် ။ ထိုသို့အခြားအမျိုးသမီး တစ်ဦးဖြစ်သူမှ စေခိုင်းမှုကြောင့် မဝေမာလင်းနှင့် သူမ၏အမျိုးသား မောင်အောင်ဇော်ဝင်း တို့မှာ လူ ၅ ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ကြပါသည် ။

ထို့အတူ အဆိုပါ မှုခင်းဖြစ်မှု့အတွက် မလေးရှား ရဲမှ ဓားဖြင့်ခုတ်သူထဲမှ တစ်ဦးအပါအဝင် ခုတ်ရန်စေခိုင်းသူ နှင့်ပါဝင်ပတ်သက်သူ တရားခံအချို့ကို ဖမ်းဆီးထားခဲ့ပြီးဖြစ်ကြောင်းသိရသည် ။ ကျန်ရှိသူများကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်းသိရသည် ။

ထို့အတူ မြန်မာသံရုံးမှ တာဝန်ရှိသူများ မှာထိုဖြစ်ရပ် အတွက် ဆောင်ရွက်လျှက်ရှိပြီး အမ်ပန်းဆေးရုံးသို့သွားကာ မဝေမာလင်း နှင့်  မောင်အောင်ဇော်ဝင်းတို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်းသိရသည် ။

တိုက်ခံခိုက်ရသူ မဝေမာလင်းမှာ လက် တစ်ဘက် လုံးဝပြတ်ထွက် ၊ အခြားလက်တစ်ဘက် ၉၀% ပြတ်ထွက် (ပြန်ချုပ်ပြီး) ၊ ဦးခေါင်း တွင် ဓားဖြင့် ၂ ချက် အခုတ်ခံရ (ချုပ်ချက်များစွာ) ၊ ပါး ၂ ဘက်ဓားဖြင့်ခုတ်ခံရ ဒဏ်ရာကြီးမား (မေးရိုးပြုတ်ထွက် အလူမီနီယံအစားထိုးရမည်) ကာဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ပါသည် ။ မောင်အောင်ဇော်ဝင်းမှာမူ ပြန်လည်ခုခံ သောကြောင့် တင်ပါးတွင် ဒဏ်ရာရရှိ သည်မှလွဲပြီး ကြီးမားသော ဒဏ်ရာ မရရှိခဲ့ပါ ။

မဝေမာလင်း ၊ မောင်အောင်ဇင်ဝင်း ၂ ဦးလုံး ကွာလာလမ်ပူ ၊ အမ်ပန်းဆေးရုံတွင် ဆေးကု သခံယူလျှက်ရှိပြီး မဝေမာလင်းအတွက် အရေးပေါ် အနေဖြင့် မေးရိုး ဆက်ရန် အလှူမီနီယံ အစားထိုးရမည်ဖြစ်ပြီး မလေးငွေ အများအပြား ကုန်ကျခံရမည်ဖြစ်သည် ။ လောလောဆယ် မေးရိုး အစားထိုး ရန်အတွက် တစ်ဘက်လျှင် ရင်းဂစ် ၂၀၀၀ ကျော် ၂ ဘက်စာ အတွက် ၄၀၀၀ ကျော်အား မပေးနိုင်ပဲ ရှိနေပါတယ် ။

မဝေမာလင်းအတွက် အလှူငွေ လိုအပ်လျှက်ရှိသည် ။ သို့ပါသောကြောင့် မလေးရှားရောက် မြန်မာများအနေဖြင့် တစ်သက်စာ လူကောင်းပြန်  မဖြစ်နိုင်တော့မည့် မဝေမာလင်းအား တတ်နိုင်သလို တတ်အားသရွေ့ ကူညီနိုင် ပေးကြပါရန် မဝေမာလင်း ကိုယ်စား ကျွန်တော်တို့ မလေးရှားရောက် မြန်မာများမှ အထူးအကူအညီ တောင်းခံအပ်ပါသည်။

အလှူခံမည့်သူအနေဖြင့် တင်ပါး  ဓားခုတ်ခံရသော မဝေမာလင်း၏ ဇနီး မောင်အောင်ဇော်ဝင်း ဖုန်း - 0103610554 သို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းကြပါရန် ကာယကံရှင်ကိုယ်စား အကူအညီအထူး တောင်းခံ အပ်ပါသည်ခင်ဗျာ ။

ကာယကံရှင်များ၏ အချက်လက်များ မဝေမာလင်း - M984478 မြန်မာပြည်လိပ်စာ - အမှတ် 93 သန္တာလမ်း ၊ ၅/၆ ရပ်ကွက် ၊ ရွှေပြည်သာ ။ မောင်အောင်ဇော်ဝင်း - (ကားဆေးမှုတ်) ရှမ်းစု ၊ လက်ပံတော ၊ သုံးဆယ်မြို့ ၊ သာယာဝတီခရိုင် ။ Ph - 0103610554 

Source by : မလေးရှားရောက် မြန်မာများ

မလေးရှား သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုလိုပါက အောက်ပါနေရာတွင် ဝင်လေ့လာပါရန်
 http://www.malaysiaonlineradiomedia.com/search/label/Malaysia

Friday, October 25, 2013

6Pစီမံချက်များအတွက် မြန်မာသံရုံးမှ အသိပေး ကြော်ငြာချက်

 
မလေးရှား ရောက် မြန်မာနိုင်ငံသား များအတွက် ယနေ့မြန်မာသံရုံးမှ ကြော်ငြာချက် တစ်စောင် ထုတ် ဝေခဲ့သည် ။ ကျွန်တော်တို့ မလေးရှား ရောက် မြန်မာများ Facebook စာမျက်နှာမှ တင်ဆက်ခဲ့သည့် အတိုင်း ယခု ပါမစ်ပြုလုပ် ဆောင်ရွက် ပေးမည့် 6P နောက်ဆက် တွဲ Amnesty စီမံချက်သည် ယခင် 6P တွင် ပါမစ် မရရှိသေးသော သူများ အတွက် သာဖြစ်ကြောင်း ထည့်သွင်း  ကြော်ငြာထားသည်။

ကြော်ငြာချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည် ။ 

ဆက်ဖတ်ရန် >>>>>
http://www.malaysiaonlineradiomedia.com/2013/10/6p.html

Tuesday, October 22, 2013

SABAH,SARAWAK ရှိမြန်မာလုပ်သားများဘဝ (မလေးရှားရောက် မြန်မာများ)

 
ကျွန်တော်တို့ ယခု Story ကိုတင်ဆက်ချင်ခဲ့တာ လွန်ခဲ့သောသြဂုတ်လကတည်းကပင် ။ လိုအပ်သောအထောက်အထား ၊ အချက်လက်များ ကာယကံရှင်များ၏ တောင်းဆိုမှု့များကို စုစည်းပြီး ယနေ့ News Story တစ်ပုဒ်အနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများသာမက မြန်မာနိုင်ငံရှိ လူငယ်များအားလုံး ဖတ်နိုင်ရန် ကျွန်တော်တို့ ရေးသားတင်ဆက်သည် ။ ပထမဆုံး မလေးရှား နိုင်ငံ အရှေ့ခြမ်း (East Malaysia) , ဆီဗူး (SIBU) ရှိ မြန်မာနိုင်ငံသား စောသက်နိုင်ဝင်း မှ ကျွန်တော်တို့ထံ ဖုန်းဆက်အကြောင်းကြား လာခြင်းမှ စတင်သည် ။ 

စောသက်နိုင်ဝင်း ဖုန်းဆက်အကြောင်းကြားမှုတွင် အဆိုပါ စောသက်နိုင်ဝင်းအပါအဝင် မြန်မာစုစုပေါင်း ၁၁ ဦးသည် ငါးဖမ်းစက်လှေတွင် အလုပ်လုပ်နေကြရကြောင်း ၊ ထို ၁၁ ဦးလုံး လစာ အတည်တကျ မရသည့်အပြင် မည်သည့် အခွင့်ရေးမှ မရကြောင်း ၊ သူဌေးမှခေါ်သော အချိန်တွင် ငါးဖမ်းစက်လှေပေါ်သို့ လိုက်ရပြီး မလေးရှား နှင့် အင်ဒိုနီးရှား ရေပိုင်နက်များတွင် ငါးဖမ်းရကြောင်း ။ သူတို့ မလေးရှားသို့ မရောက်မီ ထိုင်းနိုင်ငံသို့ ဦးစွာ ရောက်ရှိ အလုပ်လုပ်ကိုင်ကြောင်း ။ 

မြန်မာနိုင်ငံ မြဝတီ မြို့မှ အလုပ်ပွဲစားအဆက်အသွယ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ပို့ဆောင်ခံ ရပြီး ထိုင်းသို့ရောက်သောအခါ အလုပ်မလုပ်ရပဲ ငါးဖမ်းစက်လှေတွင် ရောင်းစားခံရကြောင်း ၊ ထိုသို့ ထိုင်းငါးဖမ်းစက်လှေတွင် အလုပ်လုပ်ကိုင်စဉ် လှေဦးစီး နှင့်စကားများသောကြောင့် စောသက်နိုင်ဝင်း၏ လုပ်ဖော်ကိုင်ဘက်အား ရိုက်နှက်ကာ သွေးအလိမ်းလိမ်းဖြင့် ပင်လယ်ထဲပြစ်ချအစ ဖျောက်ပစ်ခဲ့ကြောင်း .... ။ 

ဆက်လက်ဖတ်ရှုပါရန် >>>>>

Sunday, October 20, 2013

မလေးရှား ပါမစ်ပြန်ပေးမည့်ရက် ၂၁.၁၀.၂၀၁၃ တွင်စတင်တော့မည်

 
အားလုံး မေးနေတဲ့မေးခွန်းတစ်ခု လဲဖြစ် ၊ မလေးရှားရောက် မြန်မာအိုဗာစတေးသမားများအတွက် အခွင့်အရေးတစ်ခုလဲဖြစ်တဲ့ OPS 6P ရဲ့ နောက်ဆက်တွဲ ဒုတိယအကြိမ် Legalization အစီအစဉ်ကို ၂၁.၁၀.၂၀၁၃ မှာ မလေးရှားနိုင်ငံ ပူထရာဂျာရာ ရှိ ပြည်ထဲရေးဝန်ကြီးရုံး ၄ လွှာမှာ လာမည့် ၂၁.၁၀.၂၀၁၃ (တင်္နလာနေ့) မှာစတင်တော့မည် ဖြစ်ကြောင်း မလေးရှားရှိ အာဏာပိုင်များမှ တရား ဝင်ကြော်ငြာသွားခဲ့သည် ။ 

အစီအစဉ်အရ တရားမဝင် အလုပ်သမားများ ဖြင့်လည်ပတ်နေသော အလုပ်ရှင်များ နှင့် 6P အေးဂျင်းများ ထံငွေသွင်းပြီး ပါမစ်မရရှိခဲ့သော သူများအားလုံး ကိုချက်ချင်းပါမစ်ရရှိအောင် စီစဉ်ပေးသွားမည်ဟု ကြော်ငြာသွားခဲ့သည် ။ ကြာလူ ၊ အေးဂျင်းနှင့် မည်သည့် ကုမဏီကိုမှ ကြားနေဆောင်ရွက်ခွင့်ပေးမည်မဟုတ်ကြောင်းလဲထည့်သွင်းရေးသားထားသည် ။ 

သို့ကြောင့် 6P တွင် ငွေပေးပြီး ပါမစ်မရရှိသော သူများအားလုံး မိမိတို့ အလုပ်ရှင်သူဌေးများကို ခေါ်ယူကာ ၊ အောက်ပါ အချက်လက်များဖြင့် တရားဝင်သွားရောက်ဆောင်ရွက်နိုင်ပြီဖြစ်သည် ။ 

 အသေးစိပ် အစီအစဉ်ကို အောက်ပါနေရာတွင် ဝင်ဖတ်ပါ။
>>>>>>  

Thursday, October 17, 2013

Android ဖုန်းတွေမှာ မြန်မာစာ အမှန်မြင်ဖို့အတွက် 4 Myanmar FB APK

 

ကျွန်တော်တို့ ဖုန်းသုံးတဲ့ အခါမှာ အဓိက ပြသာနာတစ်ခုက ဝဘ်ဆိုဒ်တွေဝင်ရောက်ပြီး စာဖတ်တဲ့အခါမှာ မြန်မာစာလုံးတွေကို အမှန်မမြင်ရပဲ တစ်ခါတစ်ခါ မြန်မာစာလုံးတွေ အတုံးလေးပုံစံလေးတွကို ဖြစ်နေတတ်ပါတယ်။ တစ်ချို့ဆိုက်တွေမှာ ဇော်ဂျီဖောင့်ကို သုံးထားပြီး တစ်ချို့ဆိုက်တွေမှာ ကုဒ်ယူနီကုဒ် စာလုံးတွေကို သုံးပြီး ရေးထားတတ်ပါတယ်။ 

ဒီလို ပြသာနာတွေကို စာဖတ်သူများမှာ ကြုံတွေ့နေတယ် ဖြစ်နေတယ် ဆိုရင်တော့ 4 Myanmar FB လေးကိုသုံးကြည့်ပါလို့ အကြံပေး ပါရစေဗျာ။ ဇော်ဂျီနဲ့ မြန်မာယူနီကုဒ် နှစ်မျိုးလုံး Support လုပ်ထားပါတယ်။ Support Zawgyi and Myanmar Unicode ချိန်းပြီး အသုံးပြုနိုင်ပါတယ်။ 4 Myanmar FB လေးက ဝဘ်ဆိုက်တွေ ဝင်တဲ့အခါမှာ ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေ ယူနီကုဒ်နဲ့ ရေးထားတဲ့ စာတွေကို ရေးထားတဲ့ မြန်မာစာလုံးတွေကို အမှန်မြင်ရတဲ့ Facebook App လေးဖြစ်ပါတယ်။ 

နောက်တစ်ခုက တစ်ချို့ဖုန်းအသစ်တွေမှာ မြန်မာစာထည့်ဖို့ Root လုပ်ရပါတယ်။ Root လုပ်လိုက်ရင် ဖုန်းမှာ Ornagai (အသစ်အတိုင်း) မဖြစ်တော့ပဲ ဖြစ်သွားပါမယ်။ 4 Myanmar FB လေးက Root လုပ်စရာမလိုပဲ ဒေါင်းပြီး တစ်ခါတည်း သုံးနိုင်ပါတယ်။ ဖိုင်ဆိုက်က 1.23 MB ရှိပါတယ်။ Android 2.2 နဲ့ အထက်မှာ သုံးနိုင်မှာဖြစ်ပြီး လိုချင်တယ်ဆိုရင် အောက်က လိပ်စာလေးကိုနှိပ်ပြီး ဝင်ရောက် Download နိုင်ပါတယ်။ 


နေဇော်လင်း 
Live Free Online Radio Media (Malaysia) 

Wednesday, October 16, 2013

ကွန်ပျူတာကနေ ဖရီး ဖုန်းခေါ်နိုင်ပြီး ဖရီးမက်ဆော့တွေ ပို့လို့ရတဲ့ Skype 6.9.0.106

Skype အကောင့်လုပ်ကာ ဖရီးဖုန်းခေါ်နိုင်ပြီး ဖရီးမက်ဆော့တွေ ပို့လို့ရတဲ့ Skype ဆော့ဝဲလ်လေး ဖြစ်ပါတယ်။ Skype သုံးသော သူငယ်ချင်းများ မိတ်ဆွေများ အတွက် Skype 6.9.0.106 ကိုတင်ပေးလိုက်ပါတယ်။ 

ဆော့ဝဲလ်ကိုဒေါင်းပြီး ဖိုင်ဖြေကာ မိမိတို့ ကွန်ပျူတာတွင် အင်စတောလုပ်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဖိုင်ဆိုက်က 1.47 MB ပဲရှိပါတယ်။ လိုအပ်သော သူများ အောက်က လိပ်စာလေးကို နှိပ်ကာ Download နိုင်ပါတယ်။

နေဇော်လင်း 
Live Free Online Radio Media (Malaysia) 

Tuesday, October 15, 2013

မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများနှင့် ပက်သက်ပြီး နောက်ဆုံးရ သတင်းများ

 
မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများနှင့် ပက်သက်ပြီး Eleven Media Group မှ နောက်ဆုံး ထုပ်လွင့်ထားသော ရုပ်သံများကို တစ်နေရာတည်း စုစည်းတင်ပြလိုက်ပါသည်။ ရုပ်သံ အစီအစဉ်တွင် ပါဝင်သည့် အကြောင်းအရာများ >>>>> 

(၁) Traders ဟိုတယ် ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရသူကို ယနေ့နံနက်ပိုင်းတွင် ဘန်ကောက်သို့ ပို့ဆောင်ကုသ၊ လာမည့်အပတ်၌ ရန်ကုန်ရှိ ဟိုတယ်လုံခြုံရေးများကို ဟိုတယ်လုပ်ငန်းရှင် အသင်းမှ စစ်ဆေးမည်။ 

(၂) မနေ့ည ၁၁နာရီခွဲခန့်က Traders ဟိုတယ် ကိုးလွှာရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၊ တရားခံ ဖမ်းဆီးရမိရေးအတွက် ဟိုတယ်အ၀င်အထွက် မှတ်တမ်းကို CCTV မှတစ်ဆင့် စစ်ဆေးလျှက်ရှိ 

( ၃) ယနေ့နံနက် အရုဏ်ဦးအချိန်တွင် စစ်ကိုင်းမြို့ရှိနေရာ ၂နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ရွှေပြည့်စုံလဟိုတယ်နှင့် ဆွမ်းဦးပုညရှင် ကားပါကင်ဝင်း တို့တွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူမရှိ 

(၄) ဆိပ်ကမ်းသာလမ်းအလယ်ရှိ City Star ကွန်ပျူတာအရောင်းဆိုင်ရှေ့တွင် မသင်္ကာဖွယ်ရာပစ္စည်း တွေ့ရှိခဲ့၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းမဟုတ်ဟု ရဲတပ်ဖွဲ့က အတည်ပြု 

(၅) အောက်တိုဘာလ(၁၂)ရက်နေ့ညပိုင်းက ဖြူးမြို့တွင် ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့၊ အသက်(၅၀)ကျော်အရွယ် လင်မယားနှစ်ဦး အသတ်ခံရပြီး ခင်ပွန်းဖြစ်သူမှာ ခေါင်းဖြတ်ခံထားရ .... 

စသည့်အကြောင်းအရာများကို တစ်နေရာတည်း စုစည်းတင်ပြပေးထားပါသည်။ ရုပ်သံအစီအစဉ်ကို ဝင်ရောက် ကြည့်ရှုရန်အတွက် >>>>>> 

အညာမိသွားတဲ့ အညာသားလေး ( မြင့်မြတ် ၊ ခိုင်သင်းကြည်)

 

အညာမိသွားတဲ့ အညာသားလေး ( မြင့်မြတ် ၊ ခိုင်သင်းကြည်)
ဝင်ရောက် ကြည့်ရှုရန် တစ်ချက်နှိပ်ပါ။

>>>>

http://www.malaysiaonlineradiomedia.com/search/label/Myanmar%20Movie

Saturday, October 12, 2013

Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပြီ

 
Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပါပြီ .... 

ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယိုလေးကို မိမိတို့ရဲ့ ဖုန်း မှ တစ်ဆင့် နားဆင်ချင်တယ် ဆိုရင်တော့ ၊ Malaysia Online Radio.apk ဆော့ဝဲလ်လေးကို မိမိတို့ရဲ့ဖုန်းထဲမှာ ထည့်သွင်း ထားနိုင်ပါတယ် ။ ဆော့ဝဲလ်လေးရဲ့ Size ဖိုင်ဆိုဒ်ကတော့ 3.93 MB ပဲ ရှိပါတယ်။ 

Malaysia Online Radio.apk လေးကို မိမိတို့ရဲ့ ဖုန်းထဲမှာ ၊ ထည့်သွင်းထားခြင်း အားဖြင့် ၊ သီချင်းပေါင်းများစွာကို ၊ အင်တာနက်လိုင်းရှိရုံလေးဖြင့် လွယ်လင့်တကူ ၊ ခံစားနားဆင် နိုင်မှာ ဖြစ်ပါတယ်။ အခု ဗာရှင်းအနေနဲ့ ၁၂.၁၀.၂၀၁၃ ရက်နေ့မှ စတင်ကာ Android Version 2.5.1 အထက်ရှိသော ဖုန်းတွေတိုင်းမှာ အဆင်ပြေပြေ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။ 

Malaysia Online Radio.apk ကိုထည့်ထားခြင်းဖြင့် မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာဝက်ဆိုက်မှာ တင်ထားသမျှ မလေးရှားသတင်းများ ၊ စာပေများ ၊ နည်းပညားမျာ ၊ ဆော့ဝဲလ်များ ၊ ဗဟုသုတများကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ပြီး Facebook လည်း အသုံးပြုနိုင်ပါတယ်။ 

 ဒီ APK လေးကိုတော့ မလေးရှား အွန်လိုင်းရေဒီယိုမှ ၊ Dj - Nay Zaw Lin နှင့် Dj - Zaw Min Tan က ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Android ဖုန်းများ အားလုံးမှာ နားဆင်ဖို့အတွက် အောက်ကလိပ်စာမှာ APK လေးကို ဒေါင်းယူပြီး ဖုန်းထဲ အင်စတောလုပ်ပြီး နားဆင်နိုင်ပါတယ်။ 


အားလုံးပဲ အေးချမ်းသော ဘဝနေ့သစ်လေးတွေမှာ ၊ နွေးထွေးသာယာလွန်းတဲ့ သံစဉ်လှိုင်းများနဲ့ ၊ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ကျန်မာခြင်းတို့ကို ၊ ကျော်လွန် ဖြတ်သန်းနိုင်ပါစေလို့ ၊ ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယို အဖွဲ့သားများမှ ၊ တောင်းဆုခြွေ မေတ္တာ ပို့သလိုက်ပါတယ်။ 

ဖုန်းနဲ့နားထောင်ဖို့ အဆင်မပြေသူများအတွက် အောက်ကဝဘ်ဆိုဒ်တွေကို ဝင်ရောက်ပြီး ရေဒီယို အစီအစဉ်လေးကို နားဆင်နိုင်ပါတယ်။ 


မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်တွင် ရေဒီယို ထုပ်လွင့်မှု အစီအစဉ်များကို စေတနာ ၊ ဝါသနာဖြင့် ပါဝင်ကူညီပေးနေသော Live Free Online Radio Media (Malaysia) မှ တာဝန်ရှိသူများ။ 

(1) Radio DJ - ,~NLS~' {ALinn} (China) 
(2) Radio DJ - David Sai (Muar-Malaysia) 
(3) Radio DJ - Zaw Zaw (Rawang-Malaysia) 
(4) Radio DJ - Sky Min (Bangkok - Thailand) 
(5) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(6) Radio DJ - Zaw Min Tan (Alor Stear-Malaysia) 
(7) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia) 
(8) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(9) Radio DJ -Aung Phyo(San Diego-California-American) 
(10) Radio DJ - Yaw Tha Ma Mhwe Ko Htet (Pyin Oo Lwin-Myanmar) 

နေဇော်လင်း
Live Free Online Radio Media (Malaysia) 

Tuesday, June 25, 2013

မလေးရှားတွင် လေထုညစ်ညမ်းမှုများ စတင်ဖြစ်ပေါ်၍ သတိပေးချက်

 

အင်ဒိုနီးရှားဘက်က တောမီးကြောင့် မလေးရှားနိုင်ငံတွင်လည် လေထုညစ်ညမ်းမှု အုံ့ဆိုင်းမှုများ စတင် ဖြစ်ပေါ်နေပါတယ်။ တချို့ဈေးဆိုင်တွေ၊ အစားအသောက် ၀န်ဆောင်မှု လုပ်ငန်းတချို့လည်း ဒီအုံ့ဆိုင်းမှုတွေကြောင့် ခဏပိတ်နားထားကြောင်း သိရပါတယ်။ 

ယနေ့ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် တွင်ရှိသော မွားမြို့နယ်အား မီးခိုးငွေ့ ဖုံးလွမ်းမှု့ ကြောင့်လေထုညစ်ညမ်းမှု့ အဆင့် ၇၄၆ သို့ရောက်ရှိပြီဖြစ်တာကြောင့် မွားပြည်နယ် တစ်ခုလုံးအား အရေးပေါ်အခြေအနေဟု ယနေ့ နံနက် ၇ နာရီက စတင်ကြာ်ငြာလိုက်ပြီဖြစ်ပါတယ်။ 

ဂျိုဟိုး ပြည်နယ်ကျမ်းမာရေး ဌာနမှ ဒါရိုက်တာဒေါက်တာ မိုဟာမက်ကအာရီရာကွတ်က ယနေ့ ဆေးရုံလူနာတင်ကားများမှအစပြုကာ မီးခိုးဖုံးမှု့ကြောင့် မမြင်ရ၍ ဖြစ်လာမည့် မတော်တဆမှု့များ ၊ ကားတိုက်မှုများကို ကြိုတင် ကာကွယ်ရတော့မည်ဟု ၎င်းမှ ပြောကြားသွားပါတယ်။ ယခုလက်ရှိ မလေးရှားနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သော ကွာလာလမ်ပူမြို့တော်တွင်လည်း နံနက် ၆ နာရီအချိန်က စတင်၍ မီးခိုးငွေ့ ဖုံးလွမ်းမှုများကြောင့် လေထုညစ်ညမ်းမှု့များ စတင်ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။ 

ယခုကဲ့သို့ ဖြစ်စဉ်များသည် မလေးရှားနိုင်ငံအတွင်း ၆ နှစ်တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း သိရှိရပါတယ်။ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများ အားလုံး အိမ်တွင်းမှာပင် နေရန် နှင့် မလိုအပ်ပါက အပြင်ထွက်သွားလာခြင်း မပြူရန် စတင်ကြော်ငြာ ထားပြီဖြစ်ပါတယ် ။ စာသင်ကျောင်များအားလုံးလဲ ယနေ့မှစတင် ပိတ်ထားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအားလုံး မဖြစ်မနေအပြင်ထွက်ရပါက API ၇၄၆ ရှိသော ညစ်ညမ်းလေထုအတွင်း မဖြစ်မနေ မီးခိုးကာ မျက်နှာဖုံး (Mask) များဝတ်ဆင်ထားကြပါရန် မလေးရှားနိုင်ငံရောက် မြန်မာများအားလုံးကို သတိပေးရပါတယ်။ 

မလေးရှား အစိုးရက လမ်းပေါ်သွားလာသူတွေကို နှာခေါင်းကာမျက်နှာဖုံးတွေ ၀တ်ဆင်ကြဖို့ သတိပေးထားပါတယ်။ ၎င်းမီးခိုးတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းပေါ်မှာ တရားမ၀င် တောမီးရှို့ ရာကနေ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှား အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးဖို့  မလေးရှား နိုင်ငံဘက်က တောင်းဆို ထားပါတယ်။ 

မီးခိုးငွေ့ ဖုံးလွမ်းမှု့ ကြောင့်လေထုညစ်ညမ်းမှု့များကြောင့် ၅ ရက်ခန့် စင်္ကာပူနိုင်ငံတွင် မီးခိုးငွေ့ ဖုံးလွမ်းမှု့ ကြောင့်လေထုညစ်ညမ်းမှု့ များဖြစ်ပေါ်ခဲ့ပြီး ယခု မလေးရှားနိုင်ငံအတွင်း မီးခိုးငွေ့ ဖုံးလွမ်းမှု့ကြောင့် လေထုညစ်ညမ်းမှု့ စတင်ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။ 

အင်ဒိုနီးရှား အစိုးရက တောမီးတွေကို ရဟတ်ယာဉ်များဖြင့် မိုးအတုရွာပြီး ငြိမ်းသတ်ဖို့ အစီအစဉ်ကို ယခုပတ် စနေ့နေ့မှ စတင် စီစဉ်နေတယ်လို့  ဆိုပါတယ်။ 

(သတင်း၊ဓာတ်ပုံ)
 နေဇော်လင်း 
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ) 
Free Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/

Friday, June 14, 2013

စင်ကာပူမှ မြန်မာ အမျိုးသမီးငယ်အချို့ စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာမှုများရှိနေ

 

14 June 2013 

ဧပြီ ၁၆ ရက်က စင်ကာပူမှ မြန်မာနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ကချင်အမျိုးသမီးငယ် တစ်ဦးသည် လေဆိပ်သို့ ရောက်ရှိပြီးချိန်တွင် စိတ်မမှန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ ထပ်မံ၍ ဇွန် ၉ ရက်ကလည်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Golden Myanmar လေကြောင်းလိုင်းဖြင့် ပြန်လာသည့် ချင်းတိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦးမှာလည်း ထိုသို့ပင် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်လည်ရောက်ရှိ လာသဖြင့် လေဆိပ်တာဝန်ရှိသူများက အမျိုးအဆွေများအား ရှာဖွေအပ်နှံ ပေးနေရကြောင်း လေကြောင်းလိုင်း အချို့ထံမှ စုံစမ်းသိရှိရသည်။

အောက်ပါ နေရာတွင် အပြည့်အစုံ ဖတ်ရန် .....
http://www.malaysiaonlineradiomedia.com/2013/06/blog-post_14.html 

Thursday, June 13, 2013

ဆရာမျိုးဟန်ကို - 2013, June လ အတွက် ဗေဒင်ဟောစတမ်း


  ဆရာမျိုးဟန်ကို - 2013, June လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက် 

ယခုလတွင်းမှာ အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာသော အချိန်လေးဖြစ်သည်။ မိမိ အတွက် အကူညီပေးသူများ အကြံညဏ်ပေးသူများ ပေါ်လာမည်။ လူမျိုးကွဲနဲ့ တွဲဖက်၍ လုပ်ငန်းဆောင်တာ များ ပြုလုပ်ရမည်။ ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ထီကံကောင်းပါသည်။ ငွေကြေးများ ချေးဌားခြင်း ရှောင်ပါ။ အနည်းငယ် စိတ်ညစ်ရမည်။ မိမိ မိသားစုအတွင်း ကျန်းမာရေးညံ့မည်။ ပညာရေး ကြိုးစားနေမည့် အချိန် ကာလလေးပါ။ အချစ်ရေးမှာ ဝေးနေရသော်လည်း နီးစပ်နိုင်ပါသည်။ အချစ်ရေးတွင် စကားပြောဆိုမှု အဆင်မပြေသေးပါ။အိမ်ထောင်ရေးမှာ ပျော်ရွှင် သာယာလာမည်။ စကားပြောဆိုမှုများ အဆင်ပြေသည်။ ယခုလအတွင်း ကျန်းမာရေးမှာ အကြောတက်ခြင်း ၊ ခါးနာခြင်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက်တွင် ဌက်ကလေးများကို အစားကျွေးပြီး ဆုတောင်းလိုက်ပါ။ ယတြာ = ကံကောင်းစေရန် အတွက် တနင်္ဂနွေနေ့နံနက်တွင် ဌက်ကလေးများကို အစားကျွေးပြီး ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ ၆ ၄ ၃ ၂

အပြည့်အစုံကို အောက်ပါ နေရာတွင် ဝင်ရောက်ဖတ်ရှုပါ။
http://www.malaysiaonlineradiomedia.com/2013/06/2013-june.html 

Saturday, June 8, 2013

မလေးရှားတွင် ဖမ်းဆီးမိသော မြန်မာများထဲမှ အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ

 

 ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ 

The Star သတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က သတင်းကို ဖော်ပြထားပုံ ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။ 

The Star သတင်းဌာနက မလေးရှား၌ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့် ဆက်စပ်နေကြောင်း ကွာလာလမ်ပူ ဒုတိယရဲချုပ်အာမာဆင်းက ပြောကြားခဲ့သည်။

 ခေါ်ဆောင်သွားသူများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ အထောက်အထား ခိုင်လုံမှု ရှိမရှိကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုကျော်ဦးက ''အခု ဖမ်းထားတဲ့လူတွေမှာ အထောက်အထား မရှိတဲ့ လူ ၉၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို ထောင်လေးလကနေ ခြောက်လလောက်အထိ ချနိုင်တယ်။ 

သူတို့ကို ထောင်ချလို့ လွတ်ရက်စေ့ရင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးရမယ်။ မ၀ယ်ပေးနိုင်ရင်တော့ သူတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့လိမ့်မယ်။ ထိန်းသိမ်းရေးစခန်းမှာ လာရွေးမယ့်လူ မပေါ်မချင်း နေရာမှာပဲ တချို့ဆိုရင် တစ်နှစ်ကျော်လောက် နေရတယ်။ နောက်ဆုံး UN လက်မှတ်ထုတ်ပေးမှပဲ ထွက်ခွင့်ရသွားတာ'' ဟု Eleven Media Group သို့ ပြောပြသည်။ 

ဆက်လက်ဖတ်ရန် .............  

Wednesday, June 5, 2013

မလေးရှားတွင် ယနေ့မှ စတင်၍ ဖမ်းဆီးနေပြီ

 

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မလေးရှားနိုင်ငံအတွင်း မြန်မာအများစု တည်ရှိသော နေရာများကို အော်ပရာဇီ (အဖမ်းအဆီး) ဝင်မည်ဖြစ်ကြောင်း အသိပေး ထုပ်ပြန်ထားပါသည်။ ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ အခြေအနေမှာ .... နေ့လည်ဖက်တွင် Selayang ဈေးကြီး တစ်ဝိုက်အောက်ပိုင်းကို မလေးရှား အာဏာပိုင်းများ စတင်ပိတ်ဆို့စစ်ဆေးနေပြီး ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ ပြီးခဲ့တဲ့ 11 နာရီက မလေးရှားကွာလမ်ပူမြို့လယ် မြန်မာဆိုင်တန်းများနေရာကို အထူးဖမ်းဆီးရေး အဖွဲ့လိုက် ဖမ်းသွားပြီး ယခု မြန်မာများ နေထိုင်ရာ နေရာများတွင် ပိုက်စိမ်တိုက် ဖမ်းဆီးရေးအဖွဲ့များ စတင်ဖမ်းဆီနေကြောင်း မလေးရှားရာက် မြန်မာများအဖွဲ့မှ သတင်းရရှိပါသည် ။ 

အချုပ်ကား (၈)စီးဖြင့် အဖမ်းခံရသော လူများကို တင်ဆောင်သွားခဲ့သည်။ ယခုဖမ်းဆီးမှုများတွင် မလေးရှားတာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်ပြီး ယခုလတ်လောတွင် အချုပ်ထဲထည့်မည် ဖြစ်ကြောင်း သိရှိရသည်။ ပထမဦးဆုံး မလေးရှား ကွာလာလမ်ပူတွင် ဖမ်းဆီးမှု့ အကြီးစား အပြီ ယခု ဆလာရန်းဈေး အား စတင်ဝိုင်း ထားပြီဖြစ်ပါသည် ။ 

ယနေ့ဖမ်းဆီးမှု့များ အားလုံးသည် မြန်မာနိုင်ငံသားမျာ ကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုင်ခိုက်မှု့များအပေါ် ထိန်းချုပ်ကိုင်တွယ်နိုင်ရန် အတွက်နှင့် နိုင်ငံတကာမှ ဖိအားများဖြစ်မလာခင် မလေးရှား အာဏာပိုင်များစတင် အရေးယူနေသည်ဟု ယူဆရပါသည်။ 

 အောက်ပါနေရာတွင် အပြည့်အစုံ ဝင်ရောက်ဖတ်ပါရန် ..... http://www.malaysiaonlineradiomedia.com/2013/06/blog-post_7645.html

ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

 

ယနေ့ 5.6.2013 နံနက် 11 နာရီမှ စတင်ပြီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များတည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များ တွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား(ပြည်သူ့စစ်) များပါဝင်သည့် အထူးစီမံချက် တစ်ရပ်ပြုလုပ်ကာ မည်သူ့ကိုမဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။

 ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက် Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်ုမြန်မာနိုင်ငံသားများနေထိုင်မှု့ များသောနေရာဒေသများတွင် အထူးစီမံချက် ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။ 

 အောက်ပါနေရာတွင် လက်ဆက်ဖတ်ရှုပါရန် .... 

Tuesday, May 21, 2013

ပိုးမင်းသား နှင့် သိုင်းဝိညာဉ် (အပိုင်း ၁) တရုတ်သိုင်းကား


ကျွန်တော် ဝဘ်ဆိုဒ်လေးမှာ အရေးကြီးတာတွေ ဦးစားပေး တင်နေရတာနဲ့ ဗီဒီယို ဇတ်ကားတွေ မတင်ပေးရတာ ကြာနေပါပြီ ... အခု အခန်းဆက် တရုတ်သိုင်းကားတွေ တင်ပေးပါ့မယ်။ ပိုးမင်းသား နှင့် သိုင်းဝိညာဉ် (အပိုင်း ၁) တရုတ်သိုင်းကား အစီအစဉ်ကို တင်ဆက် ပေးလိုက်ပါတယ်။ အပိုင်း ၅၆ ပိုင်းရှိသော အခန်းဆက် သိုင်းကားဖြစ်ပြီး ကျွန်တော် အားတဲ့အချိန် အခန်း ဆက်တင် ပေးသွားပါမည်။ လောလောဆယ် အပိုင်း(၈) အထိတင်ပေး ထားပါတယ်။ https://www.youtube.com/ကို ဝင်ရောက်ပြီး နေဇော်လင်း လို့မြန်မာလို ရိုက်ပြီးကြည့်ရှုနိုင်ပါတယ်။

အောက်ပါနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.malaysiaonlineradiomedia.com/2013/05/blog-post_21.html

Saturday, May 18, 2013

Android ဖုန်းများအတွက် Myanmar eRadio App Software ( New Update)

 
ဟိုနေ့က Play Store ထဲရေဒီယို ဆော့ဝဲလ်တွေ လိုက်ရှာတာရင်း တွေ့လို့သုံးကြည့်တော့ အရမ်းမိုက်တယ်ဗျာ... မြန်မာ Online radio တစ်ခုပါ။ လက်ရှိကျွန်တော် အသုံးပြုနေပါတယ်။ Mandalay FM , Voice of America (VOA) , Radio Free Asia (RFA မနက်ပိုင်း ၊ ညနေပိုင်း) , ABC Australia , BBC News (Morning) , BBC News (Evening) NHK World Radio , စတာတွေကို အမြဲနားထောင်လို့ ရပါတယ်။ 

အခု နောက်ပိုင်း အသစ်အနေနဲ့ ထည့်သွင်းပေးထားတဲ့ ရေဒီယိုတွေကတော့ Shwe FM , Just Music Radio , MUMC Online FM , Myanmar Online Broadcasting , MMYO Online Radio , Nay Nat Thar , Easy Music Radio စတာတွေကို ထည့်သွင်းပေးပါတယ်။ အားလုံး ရေဒီယိုလိုင်း ၁၃ လိုင်းကို ဒီကောင်လေးနဲ့ ကြိုက်ရာ လိုင်းတွေကို နားထော င်နိုင်ပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာများ အတွက် မြန်မာပြည် အလွမ်းပြေ Mandalay FM နှင့် Shwe FM စတဲ့ မြန်မာနိုင်ငံမှ လွင့်နေတဲ့ ရေဒီယို လိုင်းတွေကို နားထောင်လို့ ရပါတယ်။ 

ဥပမာ - Radio Free Asia (RFA) ရေဒီယို တိုက်ရိုက်လွင့်တာတွေ အလုပ်များနေလို့ နားမထောင်ဖြစ်ရင် ကိုယ်အားတဲ့ အချိန်ပြန်နားထောင်လို့ ရပါတယ်။ လမ်းသွားရင်း ကားစီးရင်း နားထောင်လို့ ရပါတယ်။ ရေဒီယိုလိုင်း ၆ လိုင်းကို ဝဘ်ဆိုက်တွေကို ဝင်ရောက်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးကိုဖွင့်ပြီး နားထောင်လို့ အဆင်ပြေတယ်။ အဓိက တစ်ချက်က internet ချိတ်ဆက်ပြီး နားထောင်ရမှာ ဖြစ်ပါတယ်။ လိုင်းကောင်းဖို့တော့ လိုအပ်ပါတယ်။ 

ရေဒီယိုကြီးဖွင့် နားထောင်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးနဲ့ လိုင်းစုံနားထောင်ရမှာပါ။ အားလုံး အိုကေပါတယ်။ သူငယ်ချင်းများလည်း သုံးကြည့်ပါ ခင်ဗျာ ... ဒီ App ကို ဖန်တီးခဲ့တဲ့ JS Media ကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်လည်း ကောင်းတာတွေ တီထွင်နိုင်ပါစေဗျာ ... 

 အောက်ပါနေရာတွင် ဝင်ရောက် ရယူနိုင်ပါတယ်။ 

Tuesday, May 14, 2013

မလေးရှားမှ ရွှေမြန်မာများဖတ်ရန် အရေးပေါ် အထူးသတိပေးချက်(၁၈)

 

ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကေအယ် ကိုတာရာယာ ၊ မိုင်ဒင်း အနီးတစ်ဝိုက်နှင့် မြန်မာဆိုင်တန်း ဖက်များတွင် အော်ပရာဇီဝင်(စစ်ဆေးရေး)များ မကြာခဏ ခရီးသွားသူများကို စစ်ဆေးလျက် ရှိနေပြီး အထောက်အထား မခိုင်လုံပါက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ 

၁၄.၅.၂၀၁၃ အင်္ဂါနေ့ ညနေ ၂ နာရီကနေ ၄ နာရီအတွင်း ကေအယ်ရှိ ကိုတာရာယာ ကုန်တိုက်ရှေ့တွင် အချုပ်ကားများ ရပ်ထားပြီး ခရီးသွားလာသူများကို အထောက်အထား စစ်ဆေးကာ အထောက်အထား မခိုင်လုံသော သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ 

အောက်ပါနေရာတွင် ဝင်ရောက်ဖတ်ရှုပါရန် ........ 

နေဇော်လင်း 
Free Online Radio Media (Malaysia News) 

Saturday, May 11, 2013

မုန်တိုင်းသတင်း (2 PM) - May 11 2013 နောက်ဆုံးရ သတင်းများ

 
အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ ဘင်္ဂလား ပင်လယ်အော်မှ အပူပိုင်းမုန်တိုင်း ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိနိုင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသကို ဖြတ်ကျော်မည်ဟု ခန့်မှန်းမှုများက ဖော်ပြ ဘင်္ဂလား ပင်လယ်အော်မှ အပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိလာနိုင်ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်သက်ရောက်နိုင်သည်ဟုလည်း နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းရေးနှင့် သဘာဝဘေး ထုတ်ပြန်ရေးဆိုင်ရာ ၀က်ဘ်ဆိုက်များတွင် ခန့်မှန်းဖော်ပြ ထားကြသည်။ 

 Joint Typhoon Warning Center က မုန်တိုင်းသည် လာမည့် မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား (မောင်တောနှင့် စစ်တကောင်း) ကို ဖြတ်ကျော်ကာ ကုန်းတွင်းဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။ 

 ဖြတ်ကျော် ၀င်ရောက်စဉ်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၇၅ မိုင်မှ ၁၀၅ မိုင်ကြား ရှိနိုင်ပြီး မုန်တိုင်းဒီရေ အမြင့်မှာ သုံးပေမှ ငါးပေခန့် ရှိနိုင်သည်ဟုလည်း Myanmar Climate Change Watch က ထုတ်ပြန်ထားသည်။ accuweather.com ကလည်း မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်မည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့ကို အဓိက သက်ရောက်မည်ဟု ခန့်မှန်းဖော်ပြထားသည်။ 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ wunderground.com က မုန်တိုင်းသည် မကြာမီ category 1 အဆင့်သို့ ရောက်ရှိလာမည် ဖြစ်သည်ဟု ခန့်မှန်းထားသည်။ 

ရုပ်သံအစီအစဉ်ကို အောက်ပါနေရာတွင် ဝင်ရောက်ကြည့်ရှုပါရန် .... http://www.malaysiaonlineradiomedia.com/2013/05/2-pm-may-11-2013.html

Friday, May 10, 2013

ဆရာမျိုးဟန်ကို၏ 2013, May လ အတွက် ဗေဒင် ဟောစတမ်း

 

ဆရာမျိုးဟန်ကို - 2013, May လ အတွက် ဗေဒင် ဟောစတမ်း

အောက်ပါလိပ်စာတွင် ဝင်ရောက်ဖတ်ပါရန် ............

 http://www.malaysiaonlineradiomedia.com/2013/05/2013-may.html