Showing posts with label ပျိုမေတို့ အတွက်. Show all posts
Showing posts with label ပျိုမေတို့ အတွက်. Show all posts

Wednesday, February 8, 2012

ယာဉ်လိုင်းပေါ်၌ အမျိုးသမီးများအား ကာယိနြေ္ဒပျက်စေရန် ပြုမူမှုများတွင် အသက် ၁၅ နှစ်အောက်ပါဝင်

ယခုနောက်ပိုင်းတွင် ခရီးသည်တင် ယာဉ်လိုင်းများပေါ်၌ အမျိုးသမီးများအား ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူခံရမှုများတွင် အသက် ၁၅ နှစ်အောက် အမျိုးသမီးငယ်များလည်း ပါဝင်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ များထံမှ သိရှိရပါသည်။
အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ အနေဖြင့် လိင်မှုဆိုင်ရာ ထိကပါးရိကပါးပြုမူခြင်း (Sexual Harasment) ကိစ္စများကို နားလည်မှုအားနည်းခြင်း၊ အခြားသူများသို့ အသိပေးတိုင်ကြားမပြုခြင်းနှင့် ရှက်ကြောက်မှုကြီးခြင်း စသည့် အချက်များကြောင့် ကာယိနြေ္ဒပျက်ပြားအောင် ပြုမူခံရမှုများ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အရင်တုန်းက လူလတ်ပိုင်း အမျိုးသမီးတွေကိုပဲ လုပ်ကြတာ။ အခုနောက်ပိုင်း ကလေးငယ် တွေနဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေကို ဦးတည်လာကြတယ်။ ဒီလို အသက်အရွယ်တွေဆိုတာ ရှက်စိတ်သိပ်ကြီးပြီး ကြောက်တတ်တော့ ပြန်မပြောရဲဘူး။ သူတို့ ကြုံတွေ့ခဲ့ရတာကို တခြားသူတွေသိသွားမှာ သိပ်စိုးရိမ်တတ်တာကို အသုံးချပြီးတော့ လုပ်လာကြတာ။ ဒီလိုလုပ်ရပ်တွေကို အမျိုးသမီးအများစုက သိပေမယ့် ထုတ်ဖော်ပြောပြဖို့ ၀န်လေးပါတယ်။ ဒါတွေမဖြစ်အောင် ကျွန်မတို့ပညာပေးရမယ်။ တိုင်ကြားရမယ့် နေရာတွေကိုလည်း သိအောင် လုပ်ရမယ်။ စကားနဲ့မဟုတ်ဘဲ တခြား နည်းလမ်းနဲ့ တခြားလူတွေ ကို အသိပေးနိုင်တဲ့ နည်းလမ်းတစ်ခုလည်း စီစဉ်ပေးနိုင်ရင် ပိုကောင်းပါမယ်။ တကယ်လို့ တိုင်ကြားခဲ့ရင် ထိထိရောက်ရောက် အရေးယူမှုတွေလုပ်ဖို့လည်း လိုပါတယ်”ဟု အမျိုးသမီး အရေးကိစ္စများတွင် ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့တစ်ခုမှ ဒေါ်ထားထားက ဆိုပါသည်။

မိန်းကလေးတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှု တစ်စုံတစ်ရာပြုမူလျှင် ထောင်ဒဏ်နှစ်နှစ်အထိ ဒဏ်တစ်မျိုးမျိုးဖြစ်စေ   .  .  .

အမျိုးသမီးများအနေဖြင့် မိမိ ပြုမူခံလိုက်ရချိန်တွင် ပတ်ဝန်းကျင်ရှိသူများကို ချက်ချင်းအသိပေး တိုင်ကြားမှု အားနည်းသည့်အတွက် အရေးယူဆောင်ရွက်ရန် ဥပဒေများရှိသော်လည်း လုပ်ဆောင်ရန် ခက်ခဲလျက်ကြောင်းလည်း သိရသည်။
“ကျွန်မ စံပြကနေ လှည်းတန်း ကို ၅၁ ယာဉ်လိုင်းကို စီးပြီးသွားတယ်။ မြေနီကုန်းရောက်တော့ ဘေးနားမှာ အသက် ၄၀ နှစ် အရွယ် အမျိုးသားတစ်ယောက် လာထိုင်တယ်။ ဘေးကို လှည့်ကြည့်လိုက် တာ အဲဒီအမျိုးသားက မဖွယ်မရာ လုပ်ပြနေတာကို မြင်လိုက်တော့ စပယ်ယာကိုလှမ်းခေါ်ဖို့ လုပ်လိုက်မှ အဲဒီ ကျမှသူ့လုပ်ရပ်ကိုရ ပ်လိုက်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက် ၁၆ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
ထိုသို့ အမျိုးသမီးများ ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခံရမှုများမှာ ယာဉ်လိုင်းများပေါ်တွင် လူအများ ပြည့်ကျပ်စွာ စီးနင်းနေရခြင်းကြောင့်လည်း ဖြစ်ကြောင်း အမျိုးသမီးများက ဆိုပါသည်။
“ကျွန်မက တောင်ဥက္ကလာပ ကနေ ရန်ကင်းကို နေ့တိုင်းဘတ်စကားစီးပြီး ကျောင်းတက်တယ်။ ကျွန်မ ဆင်းဖို့အပေါက်ဝကို သွားရပ်နေတဲ့ အချိန်ကျွန်မနောက်က ဦးလေးကြီး က ကျွန်မခါးကိုကိုင်လျက်သား တွေ့လိုက်ရတယ်။ စပယ်ယာကိုပြောမယ် လုပ်တော့ သူက နောက်ပြန်ဆုတ်ပြီး မသိသလို မျက်နှာလွှဲသွားတယ်” ဟု အသက် ၁၂ နှစ် အရွယ် ကျောင်းသူ က ပြောပြသည်။
“ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ၃၃ ကားစီးပြီးသွားတယ်။ ကားရဲ့ နောက်ဆုံးခုံမှာ နေရာရတယ်။ ဘေး မှာ အသက် ၄၅ နှစ် လောက်ရှိတဲ့ ကုလားကြီးတစ်ယောက်။ သူ့လက် က ကျွန်မပေါင်ပေါ်ရောက်နေတယ်။ ဘယ်အချိန်ကရောက်နေတာလဲ မသိလိုက်ဘူး။ ကျွန်မလည်း ကြောက်ကြောက်နဲ့ သူ့လက်ကြီးကိုဆွဲဖယ် လိုက်တယ်။ ကျွန်မတို့လည်း တော်တော်ကြောက်သွားတယ်။ တိုင်ဖို့လည်း သတိမရခဲ့ပါဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးက ပြောပါသည်။
မိန်းကလေးတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှု တစ်စုံတစ်ရာပြုမူလျှင် ထောင်ဒဏ်နှစ်နှစ်အထိ ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်အရေးယူနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၄ အရ သိရသည်။
ထို့အပြင်မိန်းမတို့၏ ကာယိဣနြေ္ဒကို စော်ကားရန် ရည်ရွယ်သော စကားပြောခြင်း၊ ကိုယ်အမူအရာ ပြသခြင်းများ ပြုလုပ်ခဲ့လျှင် ထောင်ဒဏ်တစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှု ဆိုင်ရာပုဒ်မ ၅၀၉ အရသိရသည်။

weeklyeleven.com

Wednesday, December 21, 2011

အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောက်ျားများအကြောင်း


၁။   မြင်မြင်ရာအကုန်ဖိုက်လို့ ( A ) ကိုက်နေတဲ့ ယောက်ျား။
၂။   ယမကာဆိုအားလုံးကြိုက် ( B ) ယာဗိုက်နဲ့ ယောက်ျား။
၃။   အနေအစားကမရှောင် ( C ) ပိုးကောင်တွေများတဲ့ယောက်ျား။
၎။   ပျိုပျိုမေမှန်သမျှကို ချစ်တယ် ချစ်တယ်နဲ့ အဲ့ ( D ) စကားပဲပြောလေ့ရှိတဲ့ ယောက်ျား။
၅။   လူရှေ့သူရှေ့မရှောင် ( E ) တပူပူ ပေါက်တဲ့ ယောက်ျား။
၆။   မူးလာရင်အရစ်ရှည် ပြောသမျှစကားတိုင်း ( F ) ကြောင်းထပ်တဲ့ ယောက်ျား။
၇။   လစာက နှစ်ပဲတစ်ပြား စားတိုင်း သောက်တိုင်း ( G ) ကျတဲ့ ယောက်ျား။
၈။   ညညဆို အင်မတန်ဆိုး သိုးနေအောင် ( H ) တဲ့ယောက်ျား။
၉။   ( I ) တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောက်ျား။
၁၀။ အစားအသောက်ဆို အလွန်ဂျီးများ ( J ) ဒိုးနပ်ဆိုင် နေ့တိုင်းသွားတဲ့ ယောက်ျား။
၁၁။ မျက်နှာက သရဲရုပ် ပန့် ( K ) ခုတ်တဲ့ ယောက်ျား။
၁၂။ ကိုယ်လုံးက ခပ်သွယ်သွယ် ဟိုဒင်းက ( L ) စတုံကြီးတဲ့ ယောက်ျား (ဒေါသ)။
၁၃။ အရက်သောက်ရင် အတောမသတ် ( M ) ဖတ်ဆို့လေ့ရှိတဲ့ ယောက်ျား။
၁၄။ လူတကာကို ပြဿနာရှာ နေရာတကာ ( N ) တရာယ်များတဲ့ ယောက်ျား။
၁၅။ လူကတော့ သနားကမား အဖိုး ( O ) ရုပ်နဲ့ ယောက်ျား။
၁၆။ အလုပ်လုပ်တိုင်း ယောင်ဝါးဝါး တစ်ခုမှ မ ( P ) ပြင်တဲ့ ယောက်ျား။
၁၇။ မိန်းမကြီးကို အိမ်မှာထား အွန်လိုင်းတက်ပြီး ( Q ) တဲ့ယောက်ျား။
၁၈။ အပြောနဲ့အလုပ်ကမကိုက် ( R ) ရိုက်တဲ့ ယောက်ျား။
၁၉။ ""မ"" ဆိုရင် အကုန်လာထား ( S ) စစ် အတု မခွဲခြားတဲ့ ယောက်ျား။
၂၀။ ယောက်ျားစိတ်နဲ့ မကိုက်ညီ ( T ) တီတာတာ ပြောတဲ့ယောက်ျား။
၂၁။ လူမှုရေးလည်း အလေးမထား ရသမျှ ( U ) မယ်ဆိုတဲ့ ယောက်ျား။
၂၂။ အချိန်ရှိတိုင်း အလှပြင် ( V ) ဒီယိုမင်းသား အိုင်တင်ဖမ်းတဲ့ ယောက်ျား။
၂၃။ ညနေတိုင်းဇိမ်ယူ ( W ) ကစ်တဲ့ယောက်ျား။
၂၄။ သူ့သဘောကျ ထင်တိုင်းကဲ ည ( X ) ချိန်နဲတဲ့ ယောက်ျား။
၂၅။ ယင်းထလာရင်မွှေကာနှောက် မိန်းမသောက်တဲ့ ( Y ) ပုလင်းပါ ချန်မထားတဲ့ယောက်ျား။
၂၆။ အရက်မူးရင်အလွန်ဆိုး ( Z ) ကျိုးပြီး အိမ်ပြန်တဲ့ ယောက်ျား။
၂၇။ ကိုယ့်မိန်းမကို မသနား ( Z ) ကြောလေး ဆွဲပေးပါဆိုတဲ့ ယောက်ျား။
၂၈။ ချစ်သူဘ၀ကိုမသနား ( Y ) ယာလက်စံနစ် သုံးတဲ့ယောက်ျား။
၂၉။ ( X ) ယာဝင်တိုင်း စိတ်ညစ်ရ ဖလန်း ဖလန်းထနေတဲ့ ယောက်ျား။
၃၀။ ခါးစောင်းပြီး လက်ပြင်ကိုင်း ( W ) လို နှစ်ကော့တစ်ကုံးနဲ့ ယောက်ျား။
၃၁။ မိန်းမကိုအနားမှာထား ( V ) ဒီယိုဆို ဟိုကားမှ ရွေးကြည့်တဲ့ ယောက်ျား (သရဲကား)။
၃၂။ ပိုကာဖဲလိုသဘောထား ( U ) ပြီးရင် ပစ်တတ်တဲ့ ယောက်ျား။
၃၃။ တင်၊ ရင်၊ ခါး တစ်ဖြောင့်တည်းအလား ( T ) ကောင်ကိုယ်လုံးနဲ့ ယောက်ျား။
၃၄။ ဘက်ထရီလုပ်ငန်းလုပ်ကိုင်စား ( S ) စစ်ကြောင့် အသက်တိုမယ့်ယောက်ျား။
၃၅။ ကေတီဗွီ နေ့တိုင်းသွား ( R ) ပြဲသံနဲ့ ဟစ်တဲ့ ယောက်ျား။
၃၆။ ယောက္ခမအမျိုးတွေသတိထား (Q) ပင်ခုတ် ကြူငုတ်ပါမထားဘူးဆိုတဲ့ ယောက်ျား။
၃၇။ စကားလုံးက ခပ်ထွားထွား မြိုင်ရာဇာ တွတ် ( P ) လို အကြွားသန်တဲ့ ယောက်ျား။
၃၈။ ဘာသာရေးကိုအလေးမထား (O) ဇာတာ ဆိုးမယ့်ယောက်ျား။
၃၉။ တူမနဲ့တင်အတောမသတ် ( N ) တီကိုပါ ရန်ရှာမယ့် ယောက်ျား။
၄၀။ လူနေခြုံကြား၊ စိတ်နေဘုံဖျား တကယ်ကို (M) မကျတဲ့ ယောက်ျား။
၄၁။ အသံက ပြာတာတာ ( L ) ကိုင်ရာ သီချင်းတွေကို ဆိုတဲ့ယောက်ျား။
၄၂။ နေရာတကာမှာဗိုလ်လုပ် ( K ) သရာဇာရုပ်နဲ့ ယောက်ျား။
၄၃။ ခလေးမဟုတ် သူငယ်မဟုတ် ( J ) ကဒ်စုပ်တဲ့ ယောက်ျား။
၄၄။ အလုပ်ကဆိုက္ကားသမား မင်းသား ( I ) တင်ဖမ်းတဲ့ ယောက်ျား။
၄၅။ တစ်နေကုန် ပွေကာရှုပ် (H) တန်းပြန် မိုးချုပ်တဲ့ ယောက်ျား။
၄၆။ တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမရ... အင်မတန် (G) ကျတဲ့ယောက်ျား။
၄၇။ ရုပ်ပြ ခြူစား ( F ) ace Book သုံးတဲ့ ယောက်ျား။
၄၈။ လက်သည်းတွေ အရှည်ထား ( E ) mo လုပ်တဲ့ ယောက်ျား။
၄၉။ သူလုပ်တိုင်းအမြဲမှား (D) တစ်ခါတည်းပါလို့ ပြောတဲ့ယောက်ျား။
၅၀။ ( C ) DMA ဖုန်းကိုခါးမှာထား စော်တွေ့တိုင်း ချိတ်တဲ့ ယောက်ျား။
၅၁။ အသားက ၀ါတာတာ ( B ) ပိုးပါတဲ့ ယောက်ျား။
၅၂။ ရူပါက ခပ်မိုက်မိုက် (A) ဒင်ဥယျာဉ်မှူး ဂိုက်နဲ့ ယောက်ျား။

by Ah Nyar on Wednesday, December 21, 2011 at 2:17pm
 (ဖေ့စဘွတ်မှ ဖတ်မိတာလေး ပြန်မျှတာပါခင်ဗျာ)

Tuesday, December 20, 2011

မြန်မာမလေးများနှင့် ယမကာယဉ်ကျေးမှု့ 


ကိုတင့်
ဒီနေ့ ကျွန်တော် တစ်ယောက်ထဲ အားအား၇ှိတာနဲ့  East Point Ocean ဘက်ရောက်တော့ အထဲဝင်ပြီး window shopping လေးလုပ်၊ ပြီးတော့ အောက်ထပ်က မှန့် ဆိုင်မှာ ဂျာနယ်လေးဖတ် ၊မုန့် လေးစား နဲ့  တစ်ယောက်ထဲ အေးအေးဆေးဆေးနေနေတုန်း "အကို" ဆိုတဲ့ ခေါ်သံကြားလို့ခေါင်းထောင် ကြည့်မိတော့ ကျောင်းတုန်းက သူငယ်ချင်းမလေး တစ်ယောက်ဖြစ်နေတယ်။ သူငယ်ချင်းသာဆိုပေမဲ့  ကျွန်တော်က သူတို့ ထက် ၂ နှစ်လောက်ကြီးတော့ အကိုလို့ ပဲခေါ်ကြတာပေါ့၊ မောင်နှမတွေလိုပါပဲ ။ အဲ့ ဒါနဲ့  ကျွန်တော်လဲ အေး ဘာလဲညာလဲ နဲ့ နှုတ်ဆက်ပြီး စကားပြောတော့ အဲ့ဒီ မမက ဘာမပြော ညာမပြောနဲ့  ကျွန်တော့်ဘေးနား ဘုန်းခနဲ့ ပစ်ထိုင်လိုက်ပြီး ကျွန်တော့် ပုခုံးပေါ် သူ့ ခေါင်းကို ပစ်စလတ်ခတ် ကိုမှီထည့် လိုက်လေရဲ့ ။အစကတော့ ကျွန်တော် လဲကြောင်သွားတယ် ။ ဟုတ်တယ်လေဗျာ ကျွန်တော်က သူ့ ရည်းစားလဲ မဟုတ် ၊ မောင်နှမလို ခင်တယ်ဆိုပေမဲ့  သူ့ အကိုလဲမဟုတ်ဘူး။ ဒါနဲ့  ကျွန်တော်ကြာကြာမအံ့သြ လိုက်ရပါဘူး သူ့ဆီကအနံ့စူးစူး တစ်ချက်ရလိုက်တော့ ကျွန်တော် ကောင်းကောင်း သဘောပေါက်သွားတယ် ။အရက်နံ့ လေ ။

အရက်နံ့ ပေါ့ ။အကျင့်စုံ ၊ စရိုက်စုံနဲ့  လူတော်တော် များများပေါင်းဘူးတဲ့ ကျွန်တော့်အတွက်ကတော့ ဒါမျိုးက ရိုးနေပါပြီ ။စိတ်လဲပျက်မိပါရဲ့ ။ ကျွန်တော့် အပေါင်း အသင်းကိုမပြောနဲ့ ဦး ၊ကျွန်တော်နဲ့  မဆိုင်တဲ့ တခြားမြန်မာ မိန်းကလေး တစ်ယောက်ကိုတောင် ကျွန်တော် ဒီလိုမျိုးမမြင်ချင်ဘူးလေ။ ဒါနဲ့ ဘာလို့ သောက်လာတာ လဲလို့  မေးကြည့်ရသေးတယ် ။ (သိတယ်မှတ်လား အခုခေတ် မြန်မာ မိန်းကလေး တော်တော်များများက စတိုင်လားဘာ လားတော့မသိဘူး အသဲကွဲတာတို့  ဘာတို့ ဆို သောက် တတ်နေတော့)မေးကြည့်တော့ လဲ ဘားမှ ရေရေ ရာရာ မရှိဘူး

"သူငယ်ချင်းတွေလာခေါ်လို့ တဲ့  ဒီကိုလဲ အကြောင်း၇ှိလို့ တစ်ယောက်ထဲ ထွက်လာတာတဲ့ ၊ အခု အကိုနဲ့ တွေ့ တာ အတော်ပဲတဲ့  မပြန်နိုင်တော့ဘူး လိုက်ပို့ ပါ တဲ့ " ။ ပွင့်ခဲ့  ပြီးသော ဘုရားအဆူဆူသာ ကျွန်တော်တမိပါရဲ့ ဗျာ ။ဒီလို ငမူးက ဘယ်လိုတစ်ယောက်ထဲ ထွက်လာခဲ့ လဲ ကျွန်တော်စဉ်းစားမိတယ် ။ တော်သေးတာပေါ့ ဘာမှမဖြစ်လို့  ဆိုတဲ့ နှမချင်းစာနာတဲ့ စိတ်လေးနဲ့ တွေးမိသေးတယ် ။

ဒါပေမဲ့  သိပ်တော့ကြည့်မရ ။နောက်အဲ့ဒိ မမ နဲ့ ချိန်းထားတဲ့  သူတွေရောက်လာတော့ ကျွန်တော် ဒုတိယအကြိမ် ဘုရားတမိတယ် ။

လားလား ယောကျာ်း မှ ယောကျာ်းတွေကြီးပဲ ။ ဒါနဲ့ကျွန်တော်လဲ အဲ့လူတွေ ကို မေး ကြည့်တော့ မေးခွန်းစာရွက် ဆိုလာဘာဆိုလား လာပေးတာတဲ့ ။ထားပါ ဒါက ။ ကျွန်တော်တွေးမိတယ် ဒီနေ့ သာကျွန်တော် ဒီနေရာကိုမရောက်ခဲ့ရင် ဒီမိန်းကလေး ဘယ်လိုစခန်း သွားမလဲမသိ။နောက်တစ်ခု ကျွန်တော်သာ အကျင့်ပျက် တဏှာရူး ကောင်ဆို ဘယ်လိုလုပ်မလဲ ။ နောက်တော့ ကျွန်တော်ပဲ သူ့ကိုတွဲပြီး ကားဌား ၊ သူပြောတဲ့ ဘီယာဆိုင်ကို ကိုယ်တိုင်လိုက်ပို့ လိုက်တယ်။ ဟိုရောက်တော့ မြင်ရတဲ့  မြင်ကွင်းက မလှ ။ သူ့ သူငယ်ချင်း ဆိုသော(ကျွန်တော်သိသူများ  ပါ ပါ၏) တခြား မိန်းကလေးများကို ပါ မူးမူးရူးရူး တွေ့ ရ၏ ။ သူတို့ချည်းပဲလားဆိုတော့ မဟုတ်။ ယောကျာ်းလေး နှစ်ယောက် သုံးယောက် လောက်ကိုပါတွေ့ ရ၏ ။

ကျွန်တော်လဲ ထိုမိန်းကလေးကို ပို့ ပြီး ထို နေရာမှအမြန်ဆုံးပြန်ထွက် လာခဲ့ မိသည် ။အပြန်လမ်းမှာ ကျွန်တော်အတွေးများခဲ့ ၏ ။ ဒီလိုမူးရူးနေတဲ့  မိန်းကလေးတွေ ကို ကျွန်တော် နေရာတော်တော်များများ မှာမြင်ဘူးသည်။ ရှိုးပွဲတွေ ၊ ပါတီတွေ ၊ ဘီယာဆိုင်တွေ ၊ တစ်တလေ အခါကြီးရက်ကြီးများမှာပင် ပန်းခြံ ၊ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ ကဲ့ သို့ သော လူအများရှိသောနေရာတွင် မြင်ဘူးတွေ့ ဘူးသေးသည်။ ကျွန်တော် ငယ်ငယ်က ကျွန်တော်တို့  နိုင်ငံမှာ မိန်းမတစ်ယောက် မူးနေ တယ်ဟေ့  ဆိုတာနဲ့  တအံ့ တသြ ကိုပြေးကြည့်ခဲ့ ဘူး၏ ။ အခုတော့ ထို မြင်ကွင်းက မဆန်းသလိုပင် မြင်သူများက ပင် လျှစ်လျှူရှူ့  နေရတဲ့ အနေအထားရောက်နေကြပြီ ။

ဒီလိုတွေဖြစ်နေရတာ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်စဉ်းစားမိသလောက်ကို ပြောပြချင်တယ် ။
(၁)အရက်၊ဘီယာ ကို လွယ်လွယ်ဝယ်ယူရနေခြင်း
(၂)နိုင်ငံခြား ရုပ်သံမှ အတုခိုးမှားခြင်း
(၃)မိဘ ပြည်သူများက လျှစ်လျှူ ရှူ့  လွန်းခြင်း
(၄)နိုင်ငံအစိုးရက အရက်၊ ဘီယာများကို အခွန်မတင်းကျပ် ခြင်း
(၅)မိန်းကလေးများ မှ ယောကျာ်းလေးများ ကို ခွာယာတိုင်းခြင်း တို့ ကြောင့်ဖြစ်နိုင်ခြေရှိပါတယ်။

အထက်ပါကျွန်တော်ပြောခဲ့ သလို ပဲ အရက်၊ဘီယာကို လွယ်လွယ်ဝယ်ယူရနေခြင်းဆိုတဲ့ အချက်က ကျွန်တော်တို့ နိုင်ငံရဲ့  စည်းမဲ့ ကမ်းမဲ့  ပြယုဒ်တစ်ခုပါ ။ နိုင်ငံ တကာမှာ အသက် ၁၈ နှစ်မပြည့် သေးသူ မည်သူ့ ကိုမှ အရက် ဘီယာ ဆေးလိပ် မရောင်းရဆို တဲ့  စည်းကမ်းကိုတစ်နိုင်ငံလုံး တစ်တိုင်းပြည် သူ တပြည်သားလုံး လေးလေးစားစား လိုက်နာကြပါတယ် ။ ကလေးတွေက လာဝယ်ရင်တောင် ဆိုင်ရှင်းကဟောက်လွှတ် ၊ ဆူလွှတ်လေ့ရှိပါတယ် ။ငါ့စီးပွားရေး ပိုကောင်းတယ်ဆိုပြီး ဘယ်သူက မှလက်သိပ်ထိုးမရောင်းပါဘူး ။အရက်ရောင်းနေတဲ့သူတောင် စည်းကမ်း မမဲ့  ပါဘူး ။ အတုယူသင့်ပါတယ် ။ အရက် ၀ယ်ဖို့ ဆိုရင်တောင် လူ ကို အကဲခတ်သေးတာပါ ။ အရက်ဆိုင်ထဲ ၀င်ရင် လဲ အသက်ပြည့်မပြည့် အကဲ ခတ်သေးတာပါ ။ပြောမရဆိုမရ အသက်မပြည့်သူတွေ ဆိုင်ထဲရောက်နေပြီဆိုရင် ပိုင်၇ှင်ကိုယ်တိုင်က ရဲတိုင်းလေ့ ရှိပါတယ် ။

ကဲ ကျွန်တော်တို့ နိုင်ငံ ရော ဘယ်လိုလဲ အသက်မပြည်သူတွေ ဘီယာဆိုင်မှာ ၊ နိုက်ကလပ်မှာ ၊ ပါတီတွေမှာ ခွက်ကိုင်နေတာ ရှိုးပွဲတွေမှာ ခွက်ကိုင်နေတာ လူတိုင်းမြင် လူတိုင်းလျှစ်လျှူ ရှု့ နေကြတာပဲ ။ရောင်းတဲ့  သူတွေကလဲ ရောင်းတာပဲ ။အင်မတန် ရှက်ဖို့ ကောင်းတယ်နော် ။ရှက်တတ်ရင်ပြောပါတယ် ။ နောက်တစ်ချက်ဖြစ်တဲ့  နိုင်ငံခြားရုပ်သံတွေကနေအတုခိုးမှားတာကတော့ ဘယ်သူမပြုမိမိမှု့ ပါပဲ ။မိန်းကလေးတွေ ကိုယ့်ကိုကိုယ်အမျိုးကောင်းသမီးလို့ ခံယူရင် အရက်ကို သောက်ဖို့ မပြောနဲ့  အရက်ဆိုင်ရှေ့ ကလျှောက်ရမှာတောင်ရှက်ကြပါတယ် ။ နိုင်ငံခြားကားမှာ၊ကိုရီးယားကားမှာ မင်းသမီးတွေ အသဲကွဲလို့ အရက်သောက်တာ သူတို့ နိုင်ငံမှာပဲ ကောင်းတယ် ။သူတို့ နိုင်ငံ ရဲ့  ရာသီဥတု အရ ၊ ဓလေ့ အရ သူ တို့ လူမျိုးချင်အမြင်မှာ မရိုင်းဘူး ။အဲ့ မိန်းကလေးကို တန်ဖိုးမရှိဘူးလို့ မမြင်ဘူး ။ ဒီနိုင်ငံမှာ အသဲကွဲလို့ အရက်မူးပြနေရင်တော့ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအရ ၊ ဒီနိုင်ငံရဲ့  အဓိက ကိုးကွယ်မှု ဘာသာတရားအရ ၊ဒီနိုင်ငံရဲ့  ဓလေ့အရ အင်မတန် အဆင့်အတန်း နိမ့်ပါးသော မိန်းမပျက် စာရင်းဝင် သွားကြတာ သူတို့ မသိကြလေရော့ သလား။ ရှက်တတ်ရင်တော့ရှက်ဖို့ ကောင်းတယ်နော် ။

အခုခေတ်က လူကြီးမိဘတွေ အလွန်လျှစ်လျှူရှု့လွန်းတယ်လို့ ကျွန်တော်မြင်တယ် ။ ငါတို့က ဘာလို့ အမုန်းခံရမှာလဲ ၊ ကိုယ့်ထမင်းကိုယ်စားပြီးအရိုင်းခံ ရမှာလား လို့  ပြောကောင်းပြောပါလိမ့် မယ် ။ ဒါဆို ကျွန်တော် တစ်ခုပဲမေးမယ် ။အဲ့ နေရာမှာ လူကြီးမင်းတို့ ရဲ့ သားသမီးတွေဆိုရင်ရော ဘယ်လိုလဲ ။ တခြားနိုင်ငံတွေက လူကြီးမိဘတွေကရော သူတို့ ရှေ့ မှ လူငယ်တွေ လမ်းမှားနေရင် ဘာကြောင့် အမုန်းခံလဲ ။ ဘာကြောင့် အရိုင်းခံပြီးပြောလဲ ။ ရှင်းတယ် သူတို့ နိုင်ငံကိုသူတို့ ချစ်တယ် ဒါကြောင့် နိုင်ငံအတွက် အနာဂါတ် မျိုးဆက်သစ်တွေကို ပျက်ဆီးမခံဘူး ။ ကိုရီးယား အရက် ဘယ်လောက်သောက်လို့ ရတဲ့  နိုင်ငံ ဖြစ်ဖြစ် ၁၈ နှစ်မပြည်တဲ့  ဘယ်ကလေးမှ သောက်ခွင့် မပြုဘူး ။ မိဘပြည်သူက တွေ့ ရင် တွေ့ တဲ့ နေရာမှာဆုံးမတယ် ပြောမရရင် ရဲတိုင်တယ် ရဲတွေကလဲ ဒါလောက်ကို အလုပ်ရှုပ်အောင်လာလုပ် တယ်လို့  မပြောဘူး ချက်ချင်း လာဖမ်းတယ် အရေးယူတယ် ။ကျွန်တော် တစ်ခြား တိုင်းပြည်ကို အထင်ကြီးလို့ ပြောနေတာမဟုတ်ဘူး ။ ကိုယ့်နိုင်ငံက လူကြီးတွေ ကိုလဲ  ဖြစ်စေခြင်လို့ ပြောပြတာ ။မှားသွားရင် ကန်တော့တယ် ။နိုင်ငံကြီးသားပီသ ကြပါဆို့ ပေါ့ဗျာ။

နောက်တစ်ခုကတော့ ကျွှန်တော်တို့ နိုင်ငံမှာ အရက်တွေ အင်မတန်ဈေးပေါ်တယ် ၊ စာအုပ်တွေ အင်မတန် ဈေးကြီးတယ်။ ဘီယာ တစ်လုံး တစ်ထောင်ကျော်ပဲ၇ှိတယ် ၊ စာအုပ် တစ်အုပ် နှစ်ထောင် နားကပ်တယ် ။ အရက် တစ်ပတ်ကို ၁၀၀ ၊ ၂၀၀ နဲ့ ရတယ် ။ တရားစာအုပ် အနည်း ဆုံး လေးရာကျော်တယ် ။အဲ့ ဒါပဲ ။ ဒီနိုင်ငံမှာ ဒါတွေကို မပေါ်စေချင်ရင် အစိုးရက အခွန် တင်းကျပ်လိုက် ။အရက်တွေဈေး ကြီးသွားလိမ့် မယ် ၊ ဘီယာတွေဈေးကြီး သွားလိမ့်မယ် ။အဲဒီ အခါကြရင် ဒီလို လူငယ်တွေက မုန့် ဖိုးလောက်ရတာ ဘယ်လိုလွယ်လွယ် ၀ယ်သောက်နိုင်တော့မှာလဲ  ။ဖြေရှင်းနည်းက ၇ှင်းရှင်းလေး ။ကျွန်တော် ကတော့သိပ်မပြောချင်ဘူး ။(admin က ဘမ်းမှာ ကလဲကြောက်ရတယ်။)

နောက်ဆုံးအချက် ကတော့ ဘယ်အ၇ာတွေဘယ်လောက်ပေါ်နေနေ ၊ ဘယ်သူတွေဘယ်လောက် လျှစ်လျှူရှု့ ရှု့  ၊ မိန်းကလေးတွေက ကိုယ့်ဘာသာကိုယ် မိန်းကလေးဆိုတာသိနေရင် ပြီးပြီ ။ကိုယ်က မိန်းကလေး ယောကျာ်းလေးနဲ့  တန်းတူအခွင့် အရေးရတယ် အလုပ်မှာ ၊ ကျောင်းမှာ ၊ ပညာမှာ ပြိုင်စမ်းပါ ။ဒါပေမဲ့ မကောင်းမှု့ ကိုတော့ ယောကျာ်းလေးနဲ့ ခွာယာ မတိုင်းနဲ့  ယောကျာ်းလေးဆိုတာ မကောင်းမှု့  လုပ်ဦး ။ ကြိုက်သလို ပျက်စီးဦး ။ ထောင်အပြင် တန်းမရှိဘူး ။ မိန်းကလေးတွေ အတွက် ကတော့ ထောင်အပြင် တန်း ပါရှိတယ် ။ ဘာတန်းလဲ ကျွန်တော် မပြောတော့ဘူး ။ယောကျာ်းလေး မူးနေလို  ပါတ်ဝန်းကျင်ကမြင်ရင် တစ်ခွန်းပဲပြောမယ်။ “ငမူး” ပေါ့ ။မိန်းကလေးမူးနေ လို့ ပါတ်ဝန်းကျင် ကမြင်ရင် ပြောမှာ တစ်ခွန်းမ ကဘူး ။အဲ့ ဒါကြောင့် မိန်းကလေးတချို့  ပါ၊ ပြောချင်တာက ခွာယာတော့ တိုင်းပါ ဒါပေမဲ့  ပြိုင်မရိုင်းနဲ့  လို့ ..................။

(အထက်ပါအတွေးများသည် ကျွန်တော်တစ်ယောက်ထဲ၏ အမြင်သာဖြစ်ပါရု် မှန်သည်မှားသည် စိတ်ကြိုက်ဝေဖန်ခွင့်ရှိပါတယ် ။)

စေတနာဖြင့်
အချို့ မြစ်
ကိုတင့်

by Paing Soe Oo on Tuesday, December 20, 2011 at 3:04am (face book)

Wednesday, December 7, 2011

အပျိုစင်တို့ သိ့သင့်သမျှ

 အားလုံးပဲ မင်္ဂလာပါရှင်.....အဲလေ..ဗျာ...ကျွန်တော်မိုးယံ  အမျိုးမှန်လေးဟာ..... အလုပ်များ ချင်ယောင်ဆောင်ပြီး ဟော့ဒီဘလော့ဂ်လေး ကိုပစ်ထားတာအတော်အတန် ကြာသွားပါတယ် ခင်ည...အလည်အပတ်ပျက်ကွက်ပြီး စာဖတ်ပျက်ခဲ့သော ကျွန်တော်မိုးယံမှ  မိတ်ဆွေ  အပေါင်းအသင်းများအားလုံးကို လေးလေးစားစား တောင်းပန်ပါတယ်ခင်ဗျ...အခုတစ်လောမှာတော့.. ဘလော့ဂ်တစ်ခွင် ပြဲပြဲစင်..အဲလေ...တက်တက်စင်အောင် မွှေဖတ်ဖို့ အားခဲထားပါသဗျ....(ဘလော့ဂ် မိတ်ဆွေတွေကို လွမ်းလှသဗျာ...) အခုတော့...မေးလ်တွေ စစ်နေရင်း ဖော်ဝပ်မေးတစ်စောင်ကို ကလစ်မိရာမှ...နှမငယ်တို့ အတွက်စဉ်းစား ဆင်ခြင်နိုင် စရာလေးတစ်ခု တွေ့မိလို့.. မဖတ်ရသေးတဲ့ နှမငယ်တို့ အတွက်...စေတနာ ရှေ့ထား ဝေမျှလိုက်ရပါသဗျားးးးးးးးး

( ဘယ်နေရာမှာ တွေ့တာလဲ)

အရွယ်ရောက်လာတာနဲ့ ချစ်သူတွေ့မယ်၊ ချစ်မယ်၊ ညားမယ်၊ ငယ်နုစဉ်မှာ တွေ့ရ ကြုံရ ရင်ဆိုင်ရမှာဟာ ဘ၀တသက်
တာအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဆိုတာ မမေ့လေနဲ့။

သေချာတာကတော့ ကိုယ်တွေ့ရမယ့် ချစ်သူဟာ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကပဲ ဖြစ်ပါမယ်။ ဈေးထဲမှာ ဈေး
ရောင်းနေသူဟာ ဆိုင်နားနီးချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတွေ့ရမယ့် သူဟာ ဈေးဝယ်လာတဲ့သူ ဖြစ်မှာပေါ့၊ အရပ်ထဲ
မှာ အိမ်မှာပဲနေသူဟာလည်း အရပ်ထဲက အချင်းချင်းပဲ တွေ့ကြမှာပေါ့၊ ဆေးတက္ကသိုလ်တက်နေ တော့လဲ ဆေး
တက္ကသိုလ် တက်နေသူချင်း တွေ့ပြီး ဒေါက်တာ မောင်..........နှင့် ဒေါက်တာ မ.........တို့၏ မင်္ဂလာဧည့်ခံပွဲ ဆိုတာ
မျိုး ဖြစ်တာပေါ့။

ကိုယ်ကျင်လည်ထိတွေ့နေတဲ့ ဝန်းကျင်နဲ့ ကင်းကွာတဲ့ ဖူးစာဖက်ဆိုတာကတော့ နဖူးစာ ရွာလည်လို့ တွေ့ဆုံပုံ ထူးမှ
ရကြတာပါ။ ခရီးထွက်ရင်း တွေ့တာမျိုး၊ ပွဲလမ်းသဘင်မှာ ဆုံတာမျိုး၊ ပခုံးချင်းတိုက်မိလို့ ညားတာမျိုး၊ ရှိတော့ ရှိတယ်
ရှားတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေပေါ့။ စဉ်းစားကြည့်ပါ ဆံဖြူ သွားကြွေ၊ ပါးရေ နားရေ တွန့်သော်မှ မြေးမြစ်တွေ ထိန်း
ရင်း ပြုံးပျော်နိုင်ကြဖို့ အတွက် ရွေးရမယ့်လက်တွဲဖော်ကို ဘယ်လိုနေရာက ရှာမှာလဲ၊ ကိုယ့်ဘဝလက်တွဲဖော်ရှာမယ့်
နေရာဟာ ဘယ်လိုအသိဉာဏ်နှင့် ဘယ်လိုလူတွေ လာမယ့်နေရာလဲ၊ နေရာတွေကို ပထမ စဉ်းစားကြည့်ပါ။

စားသောက်ဆိုင်မှာလား
ကာရာအိုကေမှာလား
ကွန်ပျူတာ သင်တန်းမှာလား
စီမံခန့်ခွဲမှု၊ စီးပွားရေး သင်တန်းမှာလား
ရုံးမှာလား
ပွဲရုံမှာလား
စတိုးဆိုင်မှာလား
ကိုယ့်အရပ်ထဲကပဲလား
ဟိုတယ်မှာလား
ကုမ္ပဏီမှာလား

ချစ်သူတွေ့ဖို့အခြေအနေဆိုတာ ကိုယ်ကျင်လည်နေတဲ့ ဝန်းကျင်ကပဲ ဖန်တီးပေးတာပါ။ ဒါကြောင့် ကိုယ့်ဘဝလက်
တွဲဖော်တွေ့နိုင်မယ့် နေရာဟာ အများဆုံးဖြစ်နိုင်ခြေရှိတာက ကိုယ်ကျင်လည်နေရတဲ့ ဝန်းကျင်ပါပဲ။ ကိုယ်ကျင်လည်
ရတဲ့ ဝန်းကျင်က တွေ့ရမယ့် ကိုယ့်ဘဝ လက်တွဲဖော်ကို မတွေ့ဆုံခင်မှာ ကြိုစဉ်းစားပါ။ တသက်တာ လက်ခံမြတ်နိုး
မယ့်သူ ဖြစ်ပါ့မလားဆိုတာ၊ ချစ်ပြီးမှဆို ခွဲကြဖို့ ခက်ပါတယ်။ မသင့်လို့ ခွဲမယ် ဆိုဦးတော့ အပျိုစင်ရဲ့ ဂုဏ်သိက္ခာဟာ
အတိုင်းအတာတခုထိကျဆင်းသွားပါပြီ။ ဒါကြောင့် ငွေမရှိဦးတော့ ဂုဏ်သိက္ခာရှိမယ့် အမျိုးသားမျိုး တွေ့နိုင်ဖို့ ခက်ခဲ
တဲ့ဝန်းကျင်မှာများ ကိုယ်ကရောက်နေပြီ ဆိုရင်တော့ ကိုယ့်နောင်ရေးအတွက် ရင်လေးစရာကောင်းတဲ့ ဝန်းကျင်ကနေ
အမြန်ဆုံး ရုန်းထွက်ပါ။ ခဏ ဝင်နားတာပါ၊ ဝင်ငွေကောင်းလို့ အရက်ဆိုင်ပေါက် ဈေးရောင်းတာပါ ဆိုပေမယ့် အဲဒီ
ခဏအတွင်းမှာ တဘဝလုံးအဲဒီနေရာမှာ မြဲသွားဖို့ အကြောင်းဖန်လာနိုင်တယ်လေ။

ဒါကြောင့် ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်ကို ပထမဆုံး သတိထားပါ။ကိုယ်ကျင်လည်ရတဲ့ ၀န်းကျင်မှာ တွေ့ရမယ့်သူ
ဟာ ဘ၀တသက်တာ လက်တွဲဖို့ မသင့်ဘူးလို့ ယူဆရင် သတိနှင့် နေပါ။ သံယောဇဉ်ဖြစ်ပြီးမှ အဖြတ်ရခက်ပါတယ်။

ခုလိုပြောတဲ့အတွက် ၀န်းကျင် ကောင်းရင် လူကောင်းနဲ့ တွေ့မယ်။ ၀န်းကျင်မကောင်းရင် လူကောင်းနှင့် မတွေ့နိုင်ဘူး
ဆိုတာက ရာနှုန်းပြည့် မှန်တဲ့ ကောက်ချက်တော့ မဟုတ်ပါဘူး။ အလွန့်အလွန်နည်းတဲ့ ရာနှုန်းလေးလောက်တော့ မလို
လားစရာ ၀န်းကျင်မှာ လူကောင်းရှိနိုင်သလို သန့်စင်တဲ့ ၀န်းကျင်မှာလည်း မလိုလားစရာ လူကို တွေ့နိုင်ပါတယ်။ ဒီလို
အဖြစ်တွေကိုတော့ ဥပုသ်စောင့်တဲ့ ကျား-ရှာရသလို ဆွမ်းဆန်ထဲ ရောတဲ့ ကြွက်ချေးတွေ့ရသလို-လို့ ခိုင်းနှိုင်းရမလိုပါပဲ။
ကောင်းတဲ့ဝန်ကျင်ကို ရွေးချယ်ပါ။ ရပ်တည်ပါ ဆိုတာကတော့ အများဆုံး ဖြစ်နိုင်ချေရှိတဲ့ လူကောင်းများ စုဝေးရာမို့
အကြံပြုရတာပါ။

ဝန်းကျင်ရွေးပြီးရင် ကိုယ့်ရဲ့အနေအထားကို သတိပြုရပါမယ်။ မိန်းကလေး အတော်များများက ကိုယ့်ထက်သာတာ၊
ကိုယ့်ထက်မြင့်တာ၊ ဆိုတဲ့ စကားလုံးထက် လေးစားတဲ့၊ အထင်ကြီးတဲ့ စိတ်အပေါ် အခြေခံပြီး ချစ်သူရှာကြတာ များ
ပါတယ်။ ဒီနေရာမှာ တချက်စဉ်းစားပါ။ ယောက်ျားလေးကလည်း ကိုယ့်လိုပဲ အထင်ကြီးမှု လေးစားမှု တစုံတရာအ
ပေါ်မှာအခြေခံပြီး ချစ်သူရှာမယ်ဆိုတဲ့ အချက်ပါပဲ။ ငွေဘယ်လောက် ချမ်းသာနေပါစေ၊ အကျင့်စာရိတ္တ မကောင်းဘူး
လို့နာမည်ပျက်နေရင် ဘယ်ယောက်ျားလေးကမှ ဘ၀တသက်စာ လက်တွဲဖို့အတွက် စိတ်ဝင်စားမယ် မဟုတ်ပါဘူး။

ဒီတော့-
ပတ်ဝန်းကျင်ကောင်းကို ရောက်နေတယ် ဆိုရင်၊ ရွေးချယ်ထားတယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ သိက္ခာကိုပါ လေး
စားခြင်း ခံရအောင် အနေအထိုင် ထိန်းသိမ်းရပါလိမ့်မယ်။ ကြွက်ပုံပြင်လိုပေါ့၊ ကြွက်မလေး ဘယ်လောက် ချောချော၊
ဘယ်လောက်ပဲ အမြင့်ကို မှန်းမှန်း နောက်ဆုံးတော့ ကြွက် ကြွက်ချင်း ညားတာပါပဲ။ စဉ်းစားကြည့်ဖို့ပါ။ တွေးကြဖို့ပါ။
ကိုယ့်ဘ၀ရဲ့ တသက်တာ လက်တွဲဖော်ဆိုတာ ခဏလေးဆိုတဲ့ အချိန်အတွင်း မသေမချင်း ပေါင်းသင်းနေထိုင်ရမယ်ဆို
တဲ့ သတိနဲ့ ချစ်ရေး ဆိုခံရတာနဲ့ စဉ်းစားပါ။ အလေးထားပါ၊ ဘယ်နေရာမှာ တွေ့တာလဲ။

အဲဒီနေရာမှာ ကိုယ့်ဘ၀ကို စောင့်ရှောက်မယ့်သူ အားကိုးရမယ့်သူ တွေ့နိုင်ပါ့မလားဆိုတာ တွေ့ဆုံရတဲ့ ၀န်းကျင်ဟာ
ချစ်သူရွေးတဲ့ဆီမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်တချက်ပါ။

( ကံချွန် )
(အပျိုစင်-၂၀၀၅-အောက်တိုဘာလ)



Saturday, October 22, 2011

မိန်းမနှင့်သိမ်

''ဦးလေး သိမ်ထဲ မိန်းမတွေ မဝင်ကောင်းဘူးလား'' ''ဝင်ကောင်းပါတယ်'' ''နို့ ဘာဖြစ်လို့ သိမ်ထဲကို မိန်းမတွေ ဝင်ရင် မောင်းထုတ်ကြရတာလဲ''
''မောင်းမထုတ်ပါဘူး''
''အို... ဟုတ်တယ်၊ ကနေ့ဘဲ ဌေးဌေးတို့ မောင်းထုတ်ခံခဲ့ရတယ်၊ မိန်းမဖြစ်ရတာ သိပ်အောက်တန်း ကျ တာဘဲ၊ ဒါပေမယ့်လေ မိန်းမလဲလူပါဘဲ''
ဌေးဌေးကား စာရေးသူ၏ တူမလေးဖြစ်သည်။ မုံရွာမြို့ အမှတ်(၂) အ.လ.က၌ (ဂ)တန်းတွင် ပညာသငကြားနေသူ ဖြစ်သည်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် မိဘများနှင့်အတူ စစ်ကိုင်းသို့ ဘုရားဖူးလိုက်ပါလာခဲ့၏။ တောင်ပေါ်ဘုရားများကို အနှံ့ဖူးပြီး ချောင်သို့ပြန်အရောက်တွင် အထက်ပါ အတိုင်း မကျေနိုင်မချမ်းနိုင်ဖြစ်ကာ မေးလိုက်ခြင်းပင် ဖြစ်သည်။ တစုံတခု ဖြစ်ခဲ့ပြီဟု စာရေးသူ ရိပ်စားမိ လိုက်ပါသည်။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းကြည့်ရ၏။ ဖြစ်ပုံကား ဤသို့တည်း။
နံနက်လေးနာရီအချိန်လောက်မှထ၍ အစောကြီးပင် တောင်ပေါ်သို့ တက်သွားကြသည်။ အရုဏ်မတက်မီပင် ပရက္ကမချောင်သို့ရောက်ကြ၏။ အရှေ့ပရက္ကမ၊ အနောက်ပရက္ကမ ဟု နှစ်ချောင်ရှိရာ ဆရာတော်တပါးစီ သီတင်းသုံးကြသည်။ ထိုဆရာတော်များသည် ဂူတွင်းအောင်းလျက်၎င်း၊ သစ်သီးဆွမ်း -ပဲပြုတ်ဆွမ်းတို့ကိုသာ မျှတရုံဘုဉ်းပေးလျက်၎င်း၊ ရဟန်းတရားကို အပြင်းအထန် အားထုတ်နေကြပါသည်။ အရုဏ်တက်ပြီဆိုလျှင် ကမ္မဋ္ဌာန်းဂူအတွင်းမှထွက်၍ ဆွမ်းခံလေ့ရှိရာ ထိုဆရာတော်များကိုလည်း ပဲပြုတ် ဆွမ်း လောင်းလှူရန်အတွက် ဤကဲ့သို့ အစောကြီးတောင်ပေါ်သို့ တက်ကြခြင်းဖြစ်သည်။ ဆွမ်းလောင်း လှူပြီးသောအခါ ဆရာတော်က သီလပေးသည်။ ဤအချိန်မှတပါး အခြားအချိန်များတွင် လုံးဝ လူတွေ့မခံကြပေ။
ဌေးဌေးတို့ တသိုက်သည် သီလယူပြီးနောက် အနောက်ပရက္ကမချောင်တွင်းရှိ သိမ်ထဲသို့ ဝင်ရောက်၍ ရုပ်ပွားဆင်းတုတော်များကို ဦးချရှိခိုးကြသည်။ ပါလာသည့် ဖယောင်းတိုင်များကိုလည်း ညှိထွန်းပူဇော်ကြသည်ဆို၏။ ထိုအခါ ပရက္ကမချောင် ဆရာတော်ကြီး၏ အလုပ်အကျွေး ဖြစ်ဟန်တူသော ရဟန်းငယ်လေးတပါးက '' ဒီအထဲ မိန်းမတွေမဝင်ရဘူး၊ ဒါ သိမ်'' ဟု ပြောလျက် ဌေးဌေးတို့တသိုက်ကို မောင်းထုတ်လိုက်ခြင်း ဖြစ်သတည်း။
ဒါကိုပင် အတေးထားခဲ့သော တူမက စာရေးသူကို မေးခွန်းထုတ်လေတော့သည်။ ''မိန်းမဖြစ်ရတာ သိပ်အောက်တန်းကျတာဘဲ၊ ဒါပေမဲ့လေ မိန်းမလဲလူပါဘဲ'' ဟု ကောက်ချက်ချလိုက်သေး၏။ မှန်ပါသည်၊ မိန်းမလဲလူ ယောက်ျားလဲလူပင်ဖြစ်သည်။ မိန်းမကမြတ်သည်၊ ယောက်ျားကမြတ်သည်ဟု ခွဲခြားရန်လည်း အကြောင်းမရှိချေ။ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားတို့၏ ကြီးမားမွန်မြတ်ခြင်းသာ အဓိက ဖြစ်ပေသည်။ အဂ္ဂညသုတ် (သုတ်ပါထေယျ ပါဠိတော်) ၌လည်း ဤအတိုင်းပင် ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ပါ သည်။ စာရေးသူသည် တူမဖြစ်သူကို ဖျောင်းဖျနှစ်သိမ့်ရင်း အများလည်း ဝေဘန်ထောက်ရှုနိုင်ရန် ဤ''မိန်းမနှင့်သိမ်'' ဆောင်းပါးကို ရေးသားတင်ပြ လိုက်ရပါသည်။
ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟု အထင်ရောက်နေခြင်းမှာ လုံးဝ လွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ) စိုက်၍ သမုတ်ထားသော (ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်း ထိုနည်း¤င်းပင် ဖြစ်ပါသည်။ ''သိမ်အတွင်း မိန်းမတွေဝင်လျှင် ငရဲကြီးသည်'' ဟု ပြောဆိုထင်မှတ်နေကြခြင်းမှာ ပိုလွန်နေသော လွဲမှားမှုသာ ဖြစ်ချေသည်။
ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌ မိန်းမသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်း ကံပြုနေချိန်၌ လူဝတ်ကြောင်စသည် မပါဝင်စေရ၊ ကြဉ်ဖယ်ထားရမည်'' ဆိုသော်လည်း သိမ်ထဲတွင် မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ- လူစသော နှစ်ကျိပ်တယောက်သော ဝဇ္ဇနိယ ပုဂ္ဂိုလ်တို့ကို နှစ်တောင့်ထွာ ဟတ္ထပါသ်မှအပ ပြုခြင်းဖြင့် ကြဉ်ဖယ်ထားရမည်။ ။ ကင်္ခါဝိတရဏီအဋ္ဌကထာ)။
''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ'' ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌ မိန်းမများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ်-လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း မိန်းမ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် သီတင်းကျွတ်လက စာရေးသူသည် မြို့သာသို့ရောက်ခဲ့သည်။ မြို့သာနှင့် ၃-မိုင်ခန့် ဝေးသော အရပ်တွင် ''ရေမြို့ဘုရား'' ဟုခေါ်သော ရှေးစေတီတဆူရှိပါသည်။ ထိုစေတီ၏လိုဏ်အတွင်းမှ ရုပ်ပွားတော်၏ မျက်လုံးများသည် မှိတ်သွားလို့တဲ့ဟူသော သတင်းသည် အုတ်အော်သောင်းနင်း ဖြစ်လာသည်။ တဆင့်ပြောဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်မြင်သိရမှ ကျေနပ်တတ်သော ဝါသနာကြောင့် သွားရောက်ဖူးမြင်လေ့လာခဲ့ပါသည်။ မျက်လုံးတော်များကို မျက်ခွန်များဖြင့်ဖုံးအုပ်၍မှိတ်သွားခြင်း၊ ပိတ်သွားခြင်းမျိုးကား မဟုတ်ပါ။ မျက်နှာတော်နှင့် တပြင်တည်း မျက်ဖြူမျက်နက်ဝန်းတို့ကိုပါမချန်ပဲ မျက်နှာတော် တခုလုံး ရွှေဘိန်းချခြင်းသာဖြစ်လေသည်။
မည်သို့ဆိုစေ-မျက်လုံးတော်များ မှိတ်သွားလို့တဲ့ ဟူသော သတင်းကြောင့် စာရေးကဲ့သို့ပင် လာရောက် လေ့လာ သူ ဖူးမျှော်သူတွေမစဲပါ၊ ဤသို့ဖူးမျှော်လာရာတွင် အချို့သောယောက်ျားများက ဘုရားလိုဏ်ဂူအတွင်းသို့ ဝင်၍ ဆီမီးထွန်းညှိခြင်း၊ ပန်းကပ်ခြင်းမပြုရန် မိန်းမများအား တားဆီး ပိတ်ပင်ကြလေသည်။ စာရေးသူမှာ ငြိမ်မနေနိုင်တော့သဖြင့် ''မတားဆီးပါနဲ့၊ သူတို့လည်း ဘုရားဖူးချင်လို့ လာကြတာပဲ၊ သူတို့ကြိုက်သလို အားရကျေနပ်အောင်ဖူးကြပါစေ'' ဟုပြောလိုက်ရပေသည်။ မိန်းမသား များကို နှိမ်ပေါက်ထား၍ ငရဲကြီးလိမ့်မယ်၊ မိုးကြိုးပစ်လိမ့်မယ် စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကား လုံးဝ နှစ်မြို့စရာမဟုတ်ချေ။ ကုသိုလ်ဆန္ဒဖြင့် ပြုရာ၌ မိုးကြိုးပစ်ချင် ပစ်စမ်းပါစေ။ ဝံ့စားသောသတ္တိကိုပင် မွေးမြူရပေမည်။ ဆင်ဖြူတော်ကို လှုဒါန်းလိုသော ဝေဿန်မင်းမြတ်သည် ''ဆင်ဖြူတော်လှူခြင်းကြောင့် ငါ့ကိုသတ်ချင်လည်းသတ်ကြ။ နိုင်ငံမှ နှင်ထုတ်ချင်လည်း နှင်ထုတ်ကြ။ မလှူမဒါန်းပဲကား ငါမနေနိုင်'' ဟု ရဲရဲဝင့်ဝင့် မိန့်မြွတ်၍ လှူဒါန်းလိုက်လေသည်။ ရွှေကျင် ဆရာတော်ဘုရားကြီးကား ''ဝီရော ကုသလကရဏေ-ကုသိုလ်ပြုရန် အခွင့်ကြုံလျှင် မကြောက်မရွံ့ နောက်မတွံ့ပဲ သက်စွန့်ကြိုးပမ်း ရဲစွမ်းသတ္တိရှိသူဖြစ်ပါစေ-ခလို'' ဟုပင် ဆုတောင်းခဲ့လေသည်။
ယနေ့ခေတ်သည် အကြောင်းယုတ္တိမတန်ဘဲ ငရဲနှင့်ချောက် စာအုပ်ကြီးနှင့်ပေါက်နေ၍ မဖြစ်ချေ။ သာသနာတော်၌ မကြည်ညိုသေးသူတို့ကို ကြည်ညိုလာစေရန်၎င်း၊ ကြည်ညိုပြီးသူတို့ကို သဒ္ဓါတရား တိုးပွားစေရန်၎င်း ကြောင်းကျိုးညွှန်ပြရပေမည်။နေရာတကာ၌ အထက်စီးကနေလျက် ကြိမ်း မောင်းခြင်း၊ ငေါက်ငမ်းခြင်းတို့ကား စင်စစ်ရိုင်းပြခြင်းသာ ဖြစ်သည်။ အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်း ဗုဒ္ဓ အလိုတော်ကျ မပိုမလို ပြောဆိုပြုလုပ်ရန်လည်း အမှန်တကယ် လိုအပ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူတိုင်းအပေါ် ချိုသာယဉ်ကျေးစွာ ဆက်ဆံလျက် ဗုဒ္ဓညွှန်ပြခဲ့သည့် သဘောတရားရေးရာ၌လည်း ပိုင်နိုင် ထိမိအောင် လေ့လာထားသင့်ကြောင်း တင်ပြလိုက်ရပေသည်။

အရှင်မဟောသဓ ပဏ္ဍိတ
၁၁-၇-၇၁
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၉။)
( မှတ်ချက် )http://www.vezayantarusa.org/ မှမျှဝေတင်ပြလိုက်ပါသည်

Monday, April 11, 2011

သင်္ကြန်တွင် မိန်းကလေးများအတွက်

မိန်းကလေးတွေ ... သင်္ကြန်မှာ ချမ်းနေတုန်း ..ကော်ဖီပူပူတိုက်တိုင်း .. ယုံယုံကြည်ကြည်မသောက်ကြပါနဲ့ ..။

ဘ၀ ...ပါ ...လမ်းကြောင်းပြောင်းသွားနိုင်ပါတယ် ..။

ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်းသို့ တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် အလွယ်တကူ တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် သင်္ကြန်အတွင်း ..လူငယ်များအကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။
ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

http://www.alibaba.com/product-gs/347362243/Lady_Coffee_sex_product_.html

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။ နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။


mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။
သူငယ်ချင်းအားလုံး ရှိသမျှ social site တိုင်းမှာ သင်္ကြန်အမီ share ကြပါ ..။

Thursday, February 24, 2011

အွန်လိုင်းမှဖြစ်ပွားနေသော၃၇၆ မဟုတ်သော ၃၇၆ များ

အွန်လိုင်းကနေချစ်သူတွေဖြစ်ပြီး ဘ၀ပါပေးချစ်ခဲ့တဲ့ ကောင်မလေးတွေအကြောင်းကို တင်ပြပြီးပါပြီ

အခုတခါမှာတော့ ပုဒ်မ၃၇၆လို့ ဆိုထားတာတဲ့အလိုမတူဘဲ ကာမရယူမှုပါ ပထမဆုံးပဒ်မ၃၇၆ အကြောင်းကို အရင်ရှင်းပြပါ့ မယ်။ (နားလည်သလောက်လေ့လာမိသလောက်ပေါ့ နော်.)။

ပုဒ်မ၃၇၆ ဟာမိန်းကလေးတစ်ဥိးရဲ့ အလိုဆန္ဒမပါပဲ. သားမယားအဖြစ် ပေါင်းသင်းနေတာတာကို ဆိုလိုပါတယ်။မိန်းကလေးတော်တော်များများ မိမိမချစ်မနှစ်သက်တဲ့ သူကိုပေါင်းသင်းနေထိုင်ဖို့ မဖြစ်နိုင်ပါဘူး ၊ အခုမှုခင်းတွေမှာဖတ်နေရတာဟာများသောအားဖြင့် ၃၇၆ မှုတွေပါ....။

ယောက်ျားတွေဟာ ဖွဲတစ်ဆုပ်ကိုကိုင်နိုင်တဲ့ခွန်အားရှိသရွေ့ ၃၇၆ မှုကိုကျူးလွန်နိုင်ပါတယ်။ ဒါပေမယ့် အခုအွန်လိုင်းမှာဖြစ်နေတာတွေတော်တော်များများမှာ ခန့်မှန်းမိသလောက်

ရယူလိုမှုမပါဘဲ အဖြူသက်သက်ချစ်တယ်ဆိုတာ မရှိသလောက်ပါပဲ..အဲ့ဒီလို အွန်လိုင်းမှာ ချစ်တယ်လို့ ပြောပြီးအပြင်မှာတွေ့ ၊ကျူနေပြီးချစ်သူသက်တမ်း နှစ်လကနေ သုံးလအတွင်းမှာ living together ဖြစ်သွားနိုင်ပါတယ်။ (အဲ့လိုမဟုတ်ဘဲအချစ်စစ်နဲ့ချစ်နေတာတွေလဲ ရှိပါတယ်..တဖက်သက်မပြောပါဘူး.)အဲ့ လိုအတူနေပြီးမှ(လိုချင်တာရလို့ )ပြတ်သွားတာတွေထားခဲ့ တာကိုခံစားရတဲ့ မိန်းကလေးတွေဒုနဲ့ ဒေးရှိနေပါတယ်။

မိန်းမတစ်ယောက်ရဲ့သိက္ခာကြောင့် ဖွင့်မပြောဘဲသာ နေရင်နေမှာပါ၊ သူ့ရဲ့အပျိုစင်ဘ၀ကတော့ ပျက်စီးသွားပါပြီ၊ အရင်ပို့ စ်မှာရေးခဲ့ သလိုပေါ့၊ နောက်ထပ်အဲ့ဒီ မိန်းကလေးဟာ ချစ်သူထပ်ထားလို့ လက်ထက်ရင်တောင် အိမ်ထောင်ရှင်ယောက်ျားရဲ့ ညိုညင်မှုကိုခံရနိုင်ပါတယ်။ ကဲ..ဒါဆို စဉ်းစား ရအောင်နော်.....။

ပုဒ်မ၃၇၆ဆိုတာအလိုမတူဘဲရယူမှု...........။ ဒါပေမယ့်အခုဖြစ်နေတာက အလိုတူရယူပြီးမှ ကျောရရုံ ကြံသွားတာမိန်းကလေးတွေဟာ နှာခေါင်းပါပေလို့ မပါရင်အညစ်အကြေးကိုမုန့်လို့ ပြောကျွေးရင်တောင် စားမယ်လို့ ရှေးလူတွေပြောတာကြားဖူးပါတယ်၊ မိန်းကလေးတွေ အချစ်က ယောက်ျားလေးတွေထက် ရှစ်ဆပိုကြီးပါတယ်။ ပိုလည်းချစ်တတ်ပါတယ်၊ သူတို့ တကယ်ချစ်မိရင် သူတို့ အသက်တောင်မှပေးရဲတဲ့ သူတွေတွေ့ ဖူးပါတယ်။ သူတို့ချစ်တဲ့သူ လိမ်နေမှန်း သိရင်တောင်ယုံကြည်နေတာမိန်းမတွေရဲ့စိတ်ပါ။ အဲ့စိတ်ကလဲ အပြစ်တစ်ခုလို့ယူဆ လို့ရနိုင် ပါတယ်။ အဲ့လိုအတူနေပြီးမှ ပြတ်သွားတာကိုကျတော့ဘယ်ပုဒ်မနဲ့ တရားစွဲမလဲ...၃၇၆ လား ။ မဖြစ်နိုင်ဘူး။ သူအလိုတူလို့ အတူနေပြီး အခုမှ၃၇၆ ပုဒ်တပ်လို့မရတော့ပါဘူး. အွန်လိုင်းမှနေပြီး ကာမလိမ်လည်ရယူမှုတွေရှိနေလို့  တရားစွဲနိုင်မဲ့ ပုဒ်မတစ်ခုတော့ လိုချင်မိတယ်..။

နှစ်ဥိးသဘောတူပေမဲ့ ကျောရရုံကြံသွားတဲ့ ယောက်ျားတွေအတွက် ဘယ်လိုအပြစ်က ထိုက်တန်မလဲ Death Note လို စာအုပ်ရှိလို့ကတော့ စုံစမ်းပြီးနာမည်တွေချရေးပစ်မှာ သေချာပါတယ်..အဲ့ လိုလူတွေရှိနေလို့ ယောက်ျားကောင်းတွေဟာ နာမည်ပျက်ပြီး အရှက်ရနေတာပါ ။ ညွှန်း တဖက်သက် မပြောပါဘူး။ တကယ်ချစ်လို့ တကယ်အပြင်မှာ လက်ထပ်သွားတာတွေရှိပါတယ် ။ နည်းလွန်းပါတယ်။

ဒိပို့စ်ရေးတာရိုင်းတာပါရင် တောင်းပန်ပါတယ်၊ ဒီပို့စ်ဟာအွန်လိုင်းကနေ မိန်းကလေးတွေရဲ့ အရှက်နဲ့ သိက္ခာကို420လုပ်နေတဲ့ ယောက်ျားလေးတွေ ဆင်ခြင်နိုင်အောင်ေ၇းပေးတာပါ၊ မိန်းကလေးတွေလည်းချစ်၇င်ဥိးနှောက်သုံးဖို့ ပါ၊အဲ့လိုလိမ်ညာရယူနေတဲ့ ယောက်ျားတွေဟာသူတို့ သာအဲ့ လိုမတရားလုပ်ရင်လုပ်မှာပါ၊ သူတို့ နှမ၊အစ်မတွေသာအဲ့ လိုဖြစ်ရင်တော့ တုတ်တွေဓားတွေနဲ့ သတ်မယ် ဖြတ်မယ်ဖြစ်ကြမှာပါ။ နှမချင်းမစာနာတာကို ပြောတာပါ အမျိုးထိတော့ သိလိုက်တာ၊ သူတို့ ကျတော့ ဒိကမတရားခံလိုက်ရတဲ့ မိန်းကလေးတွေကျတော့ ဘယ်လိုခံစားရမလဲ...။


အပျော်တွဲတာကိုလက်ခံပါတယ်၊အပျော်အတူနေတာကိုတော့ လက်မခံနိုင်ပါဘူး။ နောက်ဆုံးအနေ နဲ့အွန်လိုင်းမှာယောက်ျားအားလုံးကို မကောင်းဘူးမပြောပါဘူး ကောင်းတဲ့ သူတွေရှိပါတယ်၊သူတို့ တွေကို ချီးကျူပါတယ် လေးလဲလေးစားပါတယ်။ အဲမကောင်းတဲ့ သူတွေလဲရှိတာကိုတော့မမေ့ပါနဲ့။ အပျော်ကြံနေတဲ့အကျင့်လေးတွေကို ပြင်ပြီး သစ္စာရှိရှိချစ်နိုင်ဖို့ မျှော်လင့် ပါတယ်..

မှတ်ချက်။ ။တချို့မိန်းကလေးများကျတော့လဲ ယောက်ျားလေးက သစ္စာရှိတာတောင် ကိုယ့်သိက္ခာ ကိုယ်မနှမျောပဲ သစ္စာဖောက်သွားတာတွေရှိပါတယ်၊ အဲ့လိုမိန်းကလေးကိုတော့ စာရင်းထဲထည့်နေစရာ မလိုတော့လို့ မရေးတော့ ပါဘူး။



ညွှန်းပုံလွှာ

ဆက်ဖတ်စေချင်တာ

Tuesday, February 22, 2011

အပျို၊အပျိုစစ်နှင့် အပျိုစင်.......


အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။

ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။

ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။

ပြီးခဲ့သော ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်...။

ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့ အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ် သည်များကိုတောင်း၊ လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။

အပျို .......

အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။

အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံး ပါဝင်ပါတယ်...။

အပျိုစစ်.......

အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။

အပျိုစင်.......

အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။

~~`~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~~

အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။

ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။

ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။

ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။

ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “မေ့” ညီမတွေ ကြိုးစားကြပါ...။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူမည့်သူ မဟုတ်ပါဘူး...။

“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။

မေသဇင်

Wednesday, January 12, 2011

တရားမဝင် ကိုယ်ဝန်ဖျက်ချမှုကြောင့် ******၇ဝ ရာခိုင်နှုန်းခန့်မှာ ဆယ်ကျော်သက်များဖြစ်

ခေတ်မီဖွံ့ဖြိုးလာသည်နှင့်အမျှ လူနေထိုင်မှုပုံစံစနစ်များ ပြောင်းလဲလာပြီး လူငယ်လူရွယ်များအကြား တရားဝင်လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ တရားမဝင် ကိုယ်ဝန် ဖျက်ချမှုကြောင့် သေဆုံးရသည့် အမျိုးသမီးဦးရေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ဟု သားဖွားမီးယပ်ဆရာဝန်အချို့ထံမှ သိရသည်။ ကိုယ်ဝန်ဖျက်ချမှု များအား ဆေးပညာရှုထောင့်နှင့်ဆေးပညာ ဥပဒေအရ ခွင့်မပြုခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်များမှာ မကျွမ်းကျင်သူများနှင့် ဆက်သွယ်၍ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းများ ရှိနေ၍ မကျွမ်းကျင်သူများနှင့် ကိုယ်ဝန်ဖျက်ချမှု များကြောင့် သွေးလွန် ခြင်း၊ မေးခိုင်ရောဂါပိုး ဝင်ရောက်ခြင်းနှင့် သားအိမ်ပျက်စီးခြင်းများ ဖြစ်ကာ ဆေးရုံသို့ အချိန်မီမရောက်ရှိဘဲ သေဆုံးသွားကြခြင်းဖြစ်ကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။မြန်မာနိုင်ငံ၌ အမျိုးသမီးများ သေဆုံးရခြင်း အကြောင်းအရင်းများအနက် ၅ဝ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ရှိနေစဉ် သေဆုံးရခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) ၏ ထုတ်ပြန် ချက် များအရသိရသည်။ ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးရသော အမျိုးသမီးများအနက် ၇ဝ ရာခိုင် နှုန်းခန့်မှာ ဆယ်ကျော်သက် အရွယ်များဖြစ်သည်ဟု ၄င်းကဆို သည်။ ”တစ်ခါက ဆယ်ကျော်သက်အရွယ် အမျိုးသမီးလေးတစ်ယောက် နေမကောင်းလို့ ဆိုပြီး ကျွန်တော့်ဆေးခန်းမှာလာပြတယ်။ သူ့ကိုစမ်းသပ်ကြည့်တဲ့ အခါ ကိုယ်ဝန် ရှိနေတယ်ဆိုတာ သိရလို့ သူ့ကိုပြောတဲ့အခါ သူက ဒီကိုယ်ဝန်ကိုမလိုချင်ဘူး။ ဖျက်ချချင်တယ်ဆိုပြီး ပြောတဲ့အတွက် ဒါမျိုးတော့ လုပ်မပေးနိုင်ဘူး။ ဘာ အခက် အခဲတွေသူ့မှာရှိသလဲဆိုတော့ သူ့ရဲ့အမျိုးသားက သူနဲ့ တရားဝင်လက်ထပ်ထားတာ မဟုတ်တဲ့အပြင် အဲဒီအမျိုးသားကလည်း ပြည်ပကိုသွားတယ်လို့ ပြောပါ တယ်။ ဒါနဲ့ ဒီကလေးကို သတ္တိရှိရှိမွေးမြူဖို့ ပြောဆိုဆုံးမလိုက်တဲ့အပြင် လိုအပ်ရင် သူ့ရဲ့ မိဘတွေကိုပါ နားလည်အောင် ပြောဆိုပေးပါမယ်ဆိုပြီး ပြောလိုက်တယ်။ ဒါပေမဲ့ အဲဒီမိန်းကလေး နောက်ထပ် ကျွန်တော့်ဆေးခန်းကို မလာတော့ဘူး။ နောက်သုံးလအကြာ ဗဟိုအမျိုးသမီးဆေးရုံကြီးကို ကိုယ်ဝန်ဖျက်ချလို့ စိုးရိမ်ရတဲ့ လူနာ တစ်ယောက် ရောက်နေတယ် ကြားလို့သွားကြည့်တဲ့အခါ အဲဒီ မိန်းကလေးဖြစ်နေပြီး သူ့ရဲ့ အခြေအနေက လုံးဝကယ်လို့မရတဲ့ အနေအထားဖြစ်နေတဲ့အပြင် သွေးကလည်း လွန်နေပြီ။ နောက်ဆုံးတော့ သေဆုံးသွားတယ်” ဟု ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။ ထိုသို့ဖြစ်ရပ်များ လျော့နည်းကျဆင်းလာစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး လူငယ်လူရွယ်ထုအကြား လိင်နှင့် ပတ်သက်သော ပညာပေးမှုအစီအစဉ်များအား ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့၏ သားသမီးများအား လိင် ဆက်ဆံမှုကြောင့်ဖြစ်ပေါ်တတ်သည့် အကျိုးဆက်များအား သေချာစွာရှင်းလင်း ပြောကြားဆုံးမမှုများပေးရန် လိုအပ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဖျက်ချမည်ဆိုပါက ကျွမ်းကျင်သူဆရာဝန်ကြီးများမှ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကျန်းမာ ရေးအခြေအနေအရ ကိုယ်ဝန်ဆောင်ခြင်းကြောင့် အဆိုပါ အမျိုးသမီးတွင် အသက်အန္တရာယ် ထိခိုက်နိုင်သည်ဟု အထောက်အထားများဖြင့် တင်ပြနိုင်မှသာ ဥပဒေ အရ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ပြုကြောင်း၊ ထိုသို့မဟုတ်ဘဲ ကိုယ်ဝန်နုစဉ်အချိန်၌ မိမိသဘောဖြင့် ဖျက်ချပါက ဖျက်ချပေးသူနှင့် ဖျက်ချခံသူအား ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၃၁၂ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သည်အထိ အရေးယူနိုင်ပြီး ကိုယ်ဝန်အရင့် အမာဖြစ်ပါက ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်အရေးယူခံရနိုင်ကြောင်း၊ အကယ်၍ တစ်စုံတစ်ယောက်သောသူမှ ကိုယ်ဝန်ဖျက်ချစေရန် အတင်းအကြပ် တိုက်တွန်း ပြောဆိုပြုမူ ခြင်းများကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ပါက ဥပဒေပုဒ်မ ၃၁၃ အရထောင်ဒဏ် တစ်သက်တစ်ကျွန်းကျသည်အထိ အရေးယူနိုင်ကြောင်း သိရသည်။ ၄င်းက ”လက်မထပ် ရသေးခင် အတူနေထိုင်တဲ့ပုံစံ (Living Together) ကတော့ နှစ်ဦးသဘောတူနေထိုင်ကြတဲ့ကိစ္စဖြစ်လို့ ဥပဒေအရကြားပုဂ္ဂိုလ် တစ်ဦးက အရေးယူနိုင်တဲ့ပြဋ္ဌာန်း ချက်မျိုးတော့မရှိသေးဘူး။ ဒါပေမဲ့ မိန်းကလေးဟာ အသက် ၁၄ နှစ် အောက်ဖြစ်နေမယ် ဆိုရင်တော့ ဘယ်သူတွေကပဲ သဘောတူတူ မုဒိန်းမှုမြောက်တယ်။ အကယ် ၍ အသက်ပြည့်ပြီး ဒီလိုနေထိုင်လို့ ကိုယ်ဝန်ရလာခဲ့ရင်လည်း နှစ်ဦးသဘောတူ ကိုယ်ဝန်ဖျက်ချခွင့်မရှိဘူး။ ဖျက်ချတယ်ဆိုရင်တော့ နှစ်ဦးစလုံးကို အရေးယူ နိုင်တယ်။ ဒါ့အပြင် သူတို့ဟာ တရားဝင်လက်ထပ် ထိမ်းမြားထားခြင်းမရှိစေကာမူ ဘေးပတ်ဝန်းကျင်ရဲ့အမြင်မှာ လင်မယားပုံစံအဖြစ် နေထိုင်နေတယ်ဆိုရင် မြန်မာ့ ဓလေ့ ထုံးတမ်းစဉ်လာ ဥပဒေရဲ့ လက်ထပ်ခြင်း ၁ဝ မျိုးထဲမှာပါဝင်တဲ့အတွက် သူတို့နှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ကွဲသွားတယ်ဆိုရင် မိန်းကလေး ဘက် က မယားစရိတ် တောင်းခံနိုင်ပါတယ်။ အမှန်တော့ ကျွန်တော့်အမြင်မှာ Living Together ကိစ္စဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်နေတဲ့ အပြင် လူမှုရေး ရှုပ်ထွေးမှုတွေကို လည်းဖြစ်စေပြီး ကိုယ်ကျင့် သိက္ခာတရားကို ပျက်ပြားစေတဲ့အတွက် ရှောင်ရှားသင့်ပါတယ်” ဟု ပြောသည်။


ဟင်းလေးအိုး website မှကူးယူတင်ပြပါသည်....

(ကျွန်တော်က မြန်မာချစ်သူများက ပြန်ကူးတာ)

Wednesday, January 5, 2011

ဆယ်ကျော်သက်အရွယ်အမျိုးသမီးများ၌

eleven news က ရတဲ့သတင်းကို ကျွန်တော့် ညီမလေးများအတွက် တင်ပေးလိုက်တာပါ ..။

ကျွန်တော်တို့ယောက်ျားလေးတွေနဲ့တော့ တိုက်ရိုက်မပတ်သက်ပါဘူး ...။ ညီမလေးတွေအတွက်တော့ အထူးသတိပြုစရာပါ ...။


ပွင့်လင်းလာသည့် လူနေမှုပုံစံများကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်များ၌ ဆီးလမ်းကြောင်း ပိုးဝင်သည့်ရောဂါဖြစ်ပွားမှု ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ထံမှ သတင်းရရှိပါသည်။

"အနောက်နိုင်ငံက ယဉ်ကျေးမှုပုံစံတွေက ဒီကိုစီးဆင်းလာပါတယ်၊ တစ်ကိုယ်ရေ ကျန်းမာရေးသန့်ရှင်းမှု နည်းတာကလည်း ဆီးလမ်းကြောင်းမှာ အလွယ်တကူ ပိုးတွယ်တတ်ပါ တယ်။ နောက်ပြီး ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုကြောင့်
အမျိုးသားနဲ့အ မျိုးသမီးတွေ ရောယှက်ပြီး နေလာကြတယ်။ အဲဒီကနေတစ်ယောက်နဲ့
တစ်ယောက်ရောဂါတွေ ကူးစက်ဖြစ်ပွားလာပါတယ်။ ယဉ်ကျေးမှု ပြောင်းလဲတဲ့အခါမှာ Sex
life ကလည်း ပြောင်းလဲလာပါတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ စောစောလိင်ဆက်ဆံမှု
ပြုလာကြတယ်။ နားမလည်သေးတဲ့အချိန် လိင်ဆက်ဆံမှုပြုတဲ့အခါ
သန့်ရှင်းမှုဆိုတာလည်း မရှိပါဘူး။ ဒါကြောင့် ဒီနောက်ပိုင်းမှာ
မိန်းကလေးငယ်တွေမှာ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတာပါ။ ရောဂါဖြစ်ပွားတဲ့
အသက်အရွယ်က လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ နှိုင်းယှဉ်ရင် အတူတူပါပဲ။ အရင်က အသက်
၁၅၊ ၁၆၊ ၁၇၊ ၁၈ တွေမှာ ရောဂါဖြစ်ပွားတာက သွေးရိုးသားရိုးဖြစ်ပွားပေမယ့်
အခုချိန်ကျတော့ အနေအထိုင် မဆင်ခြင်တာ၊ လိင်ဆက်ဆံဖော်များ သူတွေ၊
အရွယ်မတိုင်မီ လိင်ဆက်ဆံတာတွေကြောင့် ဖြစ်ပွားမှုနှုန်းမြင့် တက်လာတာပါ။
တစ်ခုရှိတာက ခန္ဓာကိုယ်တစ်နေရာရာမှာ ရှိတဲ့ ပိုးတွေက သွေးကြောတွေကနေ တစ်ဆင့်
ဆီးလမ်းကြောင်းဘက်ကို ရောက်ပြီး ရောဂါဖြစ်ပွားနိုင်တယ်"ဟု ဆီးနှင့်
ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာဘုန်းမြင့်က ရှင်းပြသည်။


အရင်က အသက် ၁၅၊ ၁၆၊ ၁၇၊ ၁၈ တွေမှာ ရောဂါဖြစ်ပွားတာက သွေးရိုးသားရိုး ဖြစ်ပွားပေမယ့် အခုချိန်ကျတော့ အနေအထိုင်မဆင်ခြင်တာ၊ လိင်ဆက်ဆံဖော်
များသူတွေ၊ အရွယ်မတိုင်မီ လိင်ဆက်ဆံတာတွေကြောင့် ဖြစ်ပွားမှုနှုန်း မြင့်တက်
...

အမျိုးသမီးငယ်များတွင် ဆီးလမ်းကြောင်း ပိုးဝင်သည့်ရောဂါစတင် ခံစားရပါက ဆီးအောင့်ခြင်း၊ ဆီးကျဉ်ခြင်း၊ ဆီးထိုးခြင်း၊ ဆီးခဏခဏသွားခြင်းများ ဖြစ်ပေါ်တတ်ကာ ဆီးသွားရာတွင်
မကုန်သလိုဖြစ်ခြင်းလည်းရှိ တတ်ကြောင်း၊ မီးယပ်ချမ်းထခြင်း၊
အဖျားတက်ခြင်းများပါ တွဲ၍ဖြစ်ပါက လျင်မြန်စွာ ကုသရန် လိုအပ်ကြောင်း
သိရပါသည်။ တစ်ခါတစ်ရံဆီးထဲတွင် အနည်မှုန်များပါခြင်း၊ တစ်နည်းအားဖြင့်
ဆီးနောက်ခြင်း၊ ဆီရောင်ရဲ ကာဆီးထဲ၌ သွေးပါခြင်းများလည်း တွဲ၍ဖြစ်တတ်ကြောင်း
သိရှိရသည်။

ထို့ပြင် ဆီးလမ်းကြောင်း ပိုးဝင်သောရောဂါသည် မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်သည့်ရောဂါနှင့် တွဲဖြစ်ပါက မိန်းမကိုယ်တွင် ပူခြင်း၊အဖြူ ဆင်းခြင်း၊ခါးအောက်ပိုင်းနှင့် ဆီးခုံဆီးစပ်တို့တွင် နာခြင်း၊ကိုက်ခဲခြင်း
တို့ပါတွဲ၍ ဖြစ်တတ်ကြောင်း သိရပါသည်။ သားအိမ်ယောင်ခြင်းကြောင့်
ဖြစ်ပေါ်သည့်အဖြူဆင်းခြင်းသည် ပုံမှန်လစဉ်အပြောင်းအလဲများကြောင့်
အဖြူဆင်းခြင်းနှင့်မတူညီ ဘဲပျစ်နှစ်ခြင်း၊ အ၀ါနုရောင်သန်း ခြင်း၊
အနံ့ပြင်းထန်ခြင်းများဖြစ်ပေါ် တတ်ကြောင်းသိရသည်။အထက်ပါ
လက္ခဏာများနှင့်ချမ်းခြင်း၊ ဆီး ခဏခဏသွားခြင်းများ တွဲ၍ ဖြစ်ပေါ် ပါက
မိန်းမကိုယ်လမ်းကြောင်းတွင် ပိုးဝင်ရင်း ဆီးလမ်းကြောင်း၌ပါ
ပိုးဝင်ခြင်းဖြစ်ကြောင်း သိရသည်။

"ဆေးကုသမှု ခံယူရင်လည်း ရောဂါပျောက်ကင်းတဲ့အထိ ဆေးပတ်လည်အောင်သောက်ဖို့ လိုအပ်ပါတယ်။ ပျောက်ကင်းအောင် မကုသရင် ရောဂါခဏခဏပြန်ဖြစ်ပြီး ကုသရခက်ခဲပါတယ်။ မိန်းမကိုယ် လမ်းကြောင်းထဲ
ပိုးဝင်တာနဲ့ဆီးလမ်းကြောင်းထဲ ပိုးဝင်တာတွဲဖြစ်ခဲ့လို့ ပျောက်ကင်းအောင်
မကုဘဲထားရင် ပိုးကကျန်နေခဲ့ပြီး သားအိမ်ခေါင်း၊ သားအိမ်ရောင်ရမ်းတာတွေ
ဖြစ်လာပါမယ်။ နောက်ဆက်တွဲ အနေနဲ့သား သမီးမရနိုင်တဲ့ အခြေအနေထိ
ဖြစ်ပေါ်နိုင်ပါတယ်"ဟု ဒေါက်တာဘုန်းမြင့်က ဆက်လက်ရှင်းပြခဲ့ပါသည်။

ရောဂါကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် လုံခြုံစိတ်ချမှုမရှိသည့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း၊ အတွင်းခံကို နေ့စဉ်လျှော်ဖွပ် ၀တ်ဆင်သင့်ကြောင်း ကျန်းမာရေးဆိုင်ရာပညာရှင်များက ဆိုသည်။

Tuesday, November 30, 2010

ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ နှင့် လုယက်မှု

“သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါများ”

'ကြောက်စရာကောင်းတဲ့လိပ်စာကဒ်.(burundanga)' ဆိုတဲ့ပိုစ့်နဲ့တစ်ဆက်တည်းမှာ ဒီပို့စ်လေးကို (သိပြီးတဲ့လူလည်းရှိချင်ရှိမယ်ပေါ့) အမျိုးသမီးများသာမက အမျိုးသားများပါ (လုယက်ရန်အတွက် စီရင်ခံရနိုင်ပါတယ်) သိသင့်တယ်ထင်လို့မေးလ်ထဲကနေပြန်ရှာပြီး
တင်ပေးလိုက်ပါတယ်။

ဒီခေတ်က Party, Night Club, Day Club တွေများနေတဲ့ခေတ်၊နောက်ပြီးတော့လည်းအဲဒီနေရာတွေမှာ အခါးရည်ကိုမသောက်တတ်တဲ့သူတောင် အနဲဆုံးတော့ အချိုရည် လေးကတော့သောက်ကြမှာဖြစ်ပါတယ်။ မသိသေးတဲ့လူတွေနဲ့လည်းမိတ်ဆွေဖွဲ့ကြရတဲ့နေရာမျိုးဖြစ်နေတဲ့အတွက် ဒီလိုဗဟုသုတမျိုးကိုမသိထားရင်အလွန်ပင်အန္တရာယ်များလှပါတယ်။

တချို့စာသားတွေက အများသိကြတဲ့အဓိပ်ပါယ်ဖွင့်ဆိုချက်တွေဖြစ်ပြီး အမြင်ရိုင်းလှတာမို့ ဖျက်ထားခဲ့ပါတယ်။
အားလုံးအန္တရာယ်ကင်းကင်းနဲ့ပျော်နိုင်ကြပါစေဗျာ။

လေးစားလျက်
ထူးဆန်း

===========================================================================

“သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါများ”

ဒီပို့စ်လေးကို ကိုကျော်သက်လတ်ရဲ့ဘလော့ဂ်မှာတွေ့တာ အတော်ကြာပါပြီ။အဲဒီတုန်းက ပြန်တင်ခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပေမယ့် မတင်ဖြစ်ခဲ့ပါဘူး။
အခုမှပဲ တင်ဖြစ်တော့တယ်။
အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။
အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။

ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ ........................................................(အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်-ပုံ မောင်လူအေး) ......... ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်..............................................

ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား
ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး
သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -

GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။


Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။

Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။
ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်းအရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။

Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ

ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ
အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။

ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ

အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း
အိပ်ချင်မူးတူးဖြစ်ခြင်း
မူးဝေခြင်း
မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
အမြင်ေ၀၀ါးလာခြင်း
သတိလစ်ခြင်း
လေဖြတ်သကဲ့သို့ဖြစ်ခြင်း
ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား
မမှတ်မိခြင်း
အသက်ရှူရန် ခက်ခဲခြင်း
တုန်တုန်ယင်ယင်ဖြစ်ခြင်း
ချွေးထွက်ခြင်း
အော့အန်ခြင်း
နှလုံးခုန်နှုန်း နှေးကွေးခြင်း
အိပ်မက်ကဲ့သို့ ခံစားရခြင်း
သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma)
သေဆုံးခြင်း


Rohypnol ၏ အာနိသင်များ

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား
မမှတ်မိခြင်း
သွေးပေါင်ချိန်ကျခြင်း
အိပ်ချင်လာခြင်း
ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား
ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
အရက်မူးသကဲ့သို့ဖြစ်ခြင်း
မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
စကားမပြောနိုင်တော့ခြင်း
လှုပ်ရှားရန် ခက်ခဲလာခြင်း
အသိစိတ် ပျောက်ဆုံးခြင်း
ဇဝေဇ၀ါဖြစ်ခြင်း
အမြင်ေ၀၀ါးလာခြင်း
မူးဝေခြင်း
အစာအိမ် မအီမသာဖြစ်ခြင်း


Ketamine ၏ အာနိသင်များ

စိတ်အာရုံချောက်ခြားခြင်း
အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း
အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း
မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း
လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း
အသက်ရှူရန် ခက်ခဲလာခြင်း
အူတက်အောင်ရယ်ခြင်း
အော့အန်ခြင်း
ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း
မှတ်ဉာဏ်ထိခိုက်ခြင်း
အိပ်မက်ကဲ့သို့ ခံစားရခြင်း
ထုံထိုင်းခြင်း
လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း
အမူအရာ ကြမ်းတမ်းလာခြင်း
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း
ဒီဆေးတွေ တရားဝင်သလား?

ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။

တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော်သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုးအဖြစ် တရားဝင်သုံးစွဲကြသည်။

တိရစ္ဆာန်များတွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီကတရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့သည်။

ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?

ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။
အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။
ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။
အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)
ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။
များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်
ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။
အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။
သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါနှင့်။
သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲအိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။
အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့်ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး
အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။
ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။
အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။ လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။
သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။

ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်


အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။
သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်
မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။ ။


Dr.Pwint Phyu Phyu
Senior Program Officer
Care Lashio


Ref: *http://kyawthetlatt.blogspot.com/*, “Date rape drugs”

(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*www.collegesafe.com* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

written by Stanley \\ tags: drug, GHB, Ketamine, rape, Rohypnol *http://stanley.iblogger.org/?cat=20* မှကူးယူဖော်ပြပါသည်။ Tags: ဆေးခတ်ခြင်း, ပြုလုပ်နိုင်သည့်ဆေးဝါများ”, “သတိလစ်စေရန်

Source: “သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါများ”Posted by မောင်လူအေး [www.onlinepyadaik.com]
on October 24, 2010 at 1:06pm

Tuesday, September 7, 2010

မင်းလေးကို လှစေချင်လို့

အလွတ်လုပ်ရတဲ့အတွက်သူငယ်ချင်းတွေ အဆင်ပြေနိုင်ပါတယ်နော်...ကျန်းမာရေးအတွက်လဲ ကောင်းတယ် ကိုယ်လုံးလေးလဲ လှလှပပလေးဖြစ်သွားမယ်လေ..အထူးသဖြင့်အထိုင်များတဲ့သူ..အဆီများတဲ့သူ ပိန်ချင်တဲ့သူတွေ အတွက်ကောင်းတယ်လို.ညွန်းထားပါတယ်...သူငယ်ချင်းတို.လဲ နေ့စဉ်လုပ်ရမယ်နော်...တခြားသူငယ်ချင်းတွေ ကိုလဲမျှဝေပေးပါနော်..သူငယ်ချင်းများအားလုံးလှသထက်လှနိုင်ကြပါစေ...

ခင်မင်မှုများစွာဖြင့်

လ၀န်း :)