Monday, January 31, 2011

မင်းဒင်ရဲ့ သက်ခိုင်ရှာပုံတော်




တစ်လလုံးစာအတွက် စာရင်းတွေချုပ်၊ အချောသတ်ပြီးသကာလ ပရင့်ထုတ် စာအုပ်ချုပ်မယ့် အဆင့်ရောက်အောင် အပေါက်ဖောက် အဖုံးပါအဆင့်သင့်လုပ်ပြီး အထက်လူကြီးကိုအပ်ခဲ့တယ်၊ မနက်ဖြန် ကမ္ဘာကျော်မိုးယံ အနားယူမယ်။ အရေးကြီးရင် ဖုန်းဆက်လိုက်ပါ၊ ရောက်ရာအရပ်က သာဓုခေါ်.. အဲ... ဟုတ်ပေါင် အမြန်လာခဲ့မယ်လို့။ဒီလို ဒီလို ဟိုယောင်ဒီကြောင်နဲ့ အိပ်ယာဝင်နောက်ကျသွားတယ်။ ရှင်းတယ်လေ စောစောအိပ်ရင်တောင် နေဖင်ထိုးမှ ထတဲ့ကောင်က အိပ်ယာဝင်နောက်ကျတော့ မနက် ဆယ့်တစ်နာရီခွဲမှနိုးတယ်။ ကမန်းကတန်း ရေချိုး ၊ ဒယ်အိုးထဲက ထမင်းကြော်ကို သုံးဇွန်းလောက် ပါးစပ်ထဲပစ်ထည့်ပြီး ရေတစ်ခွက်နဲ့ အစာအိမ်နှိုးလိုက်တယ်။ တော်သေးတာက ကားကြုံအဆင်သင့်ရှိနေလို့ ၊ တက္ကစီ တစ်တန် ရထားတစ်တန် စီးရရင် ဒီနေ့ ဘာမှကို အရာထင်မှာမဟုတ်ဘူး။ မနက် ဆယ့်နှစ်နာရီ ချိန်းထားတဲ့ ညီငယ် နေဇော်လင်းက နေ့လည်တစ်နာရီမှာ ရောက်လာတယ်။


ကဲ...စတင်ပါပြီ နေဇော်လင်းနဲ့ မိုးယံပေါင်းမွှေတဲ့ပွဲ။ ပြောတော့ ကမ္ဘာကျော်သလေး ဘာလေးနဲ့ မြို့ထဲတောင် နှံ့အောင် မသွားတတ်တဲ့မိုးယံ ၊ နေဇော်လင်းသာ မကယ်ရင် သေဖွယ်ရာ......အဲ စာအုပ်ဝယ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆုံဖြစ်ခဲ့ကြတိုင်း များသောအားဖြင့်တော့ ရွှေတောင်မှာဆုံတတ်ပါတယ်။ သူဖုန်းဆက်တော့လဲ ကျွန်တော့်ကို ဘယ်မှာလဲတဲ့၊ သူ “ ရွှေတောင်” စားသောက်ဆိုင်ထဲမှာ တက်ရှာတာ မတွေ့တဲ့၊ အဲဒီ အချိန်ကျွန်တော်က ကားပေါ်မှာပဲရှိသေးတာ ဒါပေမယ့် နောက် ငါးမိနစ်နေရင်ရောက်ပါပြီ၊ ဒါနဲ့ နေဇော်လင်းကို အဲဒီဆိုင်မှာပဲ စောင့်နေဖို့မှာထားတယ်.. ကျွန်တော်က အိတ်ထဲမှာ ရှိတဲ့ ပိုက်ဆံတွေကို အလုပ်မှာပစ္စည်းတွေတင်တုန်းက စိုက်ပေးထားခဲ့တော့ ပိုက်ဆံကပြတ်နေပြီ။ ကုမ္ပဏီကနေလည်း ပြန်မထုတ်ရသေးတော့။ ဒီနေ့သွားမှာလာမှာ လှူမှာတန်းမှာ၊ စားမှာမသောက်မှာရယ် ၀ယ်ဖို့ခြမ်းဖို့ရယ်ကို ကာဗာဖြစ်အောင် ပိုက်ဆံသွားထုတ်ရဦးမှာ။ ဒါကြောင့် သူ့ကို ခဏစောင့်ခိုင်းထားတာ၊ ဒါနဲ့ ပိုက်ဆံဝင်ထုတ်တယ်ပေါ့လေ.. ထုံးစံအတိုင်းပါပဲ လူများနေတော့ ခဏတော့စောင့်ရသပေါ့။ ဒါပေမယ့် မျက်နှာစိမ်းတွေ မဟုတ်တော့(ကိုယ်က ညိုချောကိုး) မြန်ပါတယ်.. ပိုက်ဆံထုတ်ပြီး ဆိုင်ထဲမှ လှည့်အထွက် ကျေးဇူးရှင်လေးက မစောင့်နိုင်တော့လို့ ကိုယ့်နောက်လိုက်လာတာနဲ့ ဆိုင်ဝ မှာ ၀င်တိုက်မလိုဖြစ်ပြီး။ နှစ်ယောက်သား ကားဂိတ်ဆီကို ချီတက်ခဲ့ကြတယ်။ ဒီနေ့က ကိစ္စနှစ်ခုကို တစ်ရက်တည်းနဲ့ အဆုံးသတ်အောင်လုပ်ရမှာ ဆိုတော့ သုတ်ချေတင်ကြသပေါ့လေ.. ဆရာတော် ဆန်နီနေမင်း က မလေးရှားရောက်တော့ ဖုန်းဆက် ထားတယ်.. ကိုယ်လဲသွားဖူးမယ်၊ ဆရာတော့်ကိုလဲ လျှောက်တင်စရာတွေရှိတော့ မသွားလို့မဖြစ် နောက်လဆို ဆရာတော်ကလဲ စင်္ကာပူသွားမယ် စင်္ကာပူကနေ မြန်မာပြည်ပြန်မှာ အခုတောင် သီရိလင်္ကာ မှ ကျောင်းပြီးလို့ မလေးရှားကို သာသနာရေး ကိစ္စတွေကြောင့်လှည့်လာတာ။ဆရာတော်နဲ့ တွေ့ဖို့သွားတဲ့ ခရီးလမ်း ဒုက္ခတွေပါရေးရရင် သက်ခိုင်ရှာပုံတော်ကနေ ရှည်ပုံတော်ဖြစ်သွားမှာစိုးလို့ ဒီမှာတင် အေသင်ချိုဆွေ (ရပ်)။


ဆရာတော့်ဆီကနေ ကေအယ်လ်ကိုပြန်ရောက်တော့ ညနေ လေးနာရီကျော်နေပြီ အခုထိ သက်ခိုင် စာအုပ်ဝယ်မယ့် နေရာကို မရောက်ကြသေးဘူး။သို့သော်လည်း နှစ်ယောက်စလုံးက နေ့လည်စာ မစားရသေးဘူး၊ ကိုယ်ကတော့နေနိုင်တယ်လေ ဗိုက်ဆာတဲ့ အကျင့်မရှိသလို ကွမ်းယာကလဲ ပါးစပ်ထဲမပြတ်ပဲကိုး လေခံပြီးဗိုက်မဆာဘူး၊ ညီငယ် နေဇော်လင်းကတော့ လူရိုး ဆေးလိပ်မသောက် ကွမ်းမစား သေရည်သေရက်ဆို ဝေလာဝေးသမား။ လူကလည်း ခပ်အေးအေးသမားလေး။ သူ့ကိုတော်တော် အားနာနေမိပြီ သူ့မှာ ကိုယ့်ကို ကူညီဖို့အတွက် ရဲထွန်းဇော်နဲ့ တွေ့ဖို့ အစီအစဉ်တောင် ပျက်သွားခဲ့ သေးတယ်။ ဒါနဲ့ပဲ ထမင်းဆိုင်ခေါ်သွားပြီး ထမင်းကြော်တစ်ပွဲ အတင်းကျွေးရတယ်.၊ ဒီလိုမှ အဆင်ပြေမှာလေ၊ သက်ခိုင်ရှာပုံတော်ကို သူက လမ်းပြမှာ ၊ ဒါကြောင့် နောက်ထပ်သူ့ကို ညှင်းဖို့ တော်တော်အားနာနေပြီ။ သူကလဲ ယိုင်ချင်နေပြီကိုး။



ဒီလိုနဲ့ SS 2 က ရတနာရာမကျောင်း၊ ဆရာတော် ဦးစရိယ ဆီကို စာအုပ်ဝယ်ဖို့ ဆက်လက်ထွက်ခွါ။ ကိုယ့်ကတော့ အရူးလွယ်အိတ်ထဲ ကွမ်းယာတွေ အပြည့်ဖြည့်ပြီး။ ကားဂိတ်ကိုရောက်တော့ ဘယ်ကားစီးရမလဲမသိ ၊ ဒါနဲ့ပဲဆရာတော်ဆီဖုန်းဆက်မေး ၊ ဆရာတော်မိန့်တဲ့ ကားနံပါတ် ကိုစောင့်ပြီး စီးခဲ့ကြတယ်။ အဲဒီမှာခက်တာက ကိုယ်ကလဲ အရင်နှစ်နှစ်လောက်တုန်းက ညဖက်ကြီး သူငယ်ချင်းအိမ်ကို သူရာမှီဝဲဖို့ ဆိုင်ကယ်နဲ့ပဲ သွားဖူးတာ၊ အဲဒီနားက ဘုန်းကြီးကျောင်းကို မသိဘူး။ သွားဖူးတဲ့ ညီငယ်နေဇော်လင်းကလဲ မေ့တေ့တေ့ ။ အဲဒီနေ့က ဘယ်လိုဖြစ်တယ်လဲ မသိပါဘူး ကားတွေကလဲ လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေတာက လိပ်ပေါ်တက်ခွစီးသွားရင် မြန်ဦးမယ်၊ နှစ်ဘီး သုံးပတ်လှိမ့်လိုက် ခဏရပ်လိုက် ခြောက်ဘီး လေးပတ်လှိမ့်လိုက် ရပ်လိုက် လုပ်နေတာနဲ့ ဒီညအဖို့ စာအုပ်ဝယ်ရမယ့် ဘုန်းကြီးကျောင်း ရောက်ပါ့မလား တောင်တွေးမိသေး။ အဲဒါနဲ့ တစ်နာရီကျော်ကျော် ကားစီးပြီးလို့ ဆရာတော်ပြောတဲ့ အဆောက်အဦးနား ရောက်တော့ ဆရာတော့်ကို ဖုန်းဆက်ပြီး ဆင်းလိုက်တာပဲ။ ဒါတောင် တစ်မှတ်တိုင်ကျော်သွားသေး ပြောတော့သာ တစ်မှတ်တိုင် ပြန်လျှောက်ရတော့ အဝေးကြီး။ ဒီကြားထဲ ဘုန်းကြီးကျောင်းက ဘယ်မှာဆိုတာ သေချာမသိတော့ ဖုန်းဆက်လိုက် လေးငါးလှမ်းလှမ်းလိုက်၊ ဟိုကွေ့ ဒီကွေ့လိုက် ဖုန်းဆက်လို့။ ဒါနဲ့ပဲ လုံးလည်ချပ်ပြားဖြစ်နေပြီး ဆယ်မိနစ်လျှောက်ရမယ့် ခရီးကို သုံးဆယ့်ငါးမိနစ် လျှောက်လိုက်ရတယ်... ဒါတောင် ဘုန်းကြီးကျောင်းရှေ့တည့်တည့် ရောက်နေတာတောင် ရွှေတိဂုံကွယ်သလိုဖြစ်နေလို့လား မသိပါဘူး။ ဘေးလမ်းကြားထဲ ချိုးကွေ့ဝင်သွားသေးတယ်။ ဒါနဲ့ ဆရာတော့်ကို ဖုန်းထပ်ဆက်တော့ ။ အခု မောင်တို့ ရောက်နေတဲ့နေရာက ဘုန်းကြီးကျောင်းရှေ့မှာပဲတဲ့။ အခုတင် ကျောင်းက ဘောင်းဘီရှည် အင်္ကျီလက်ပြတ်နဲ့ ဒကာတစ်ယောက် ထွက်သွားတယ်၊ တွေ့လိုက်လား ဆိုတော့ ကိုယ်လည်း မယောင်မလည် ဟိုကြည့်ဒီကြည့်ပေါ့။ တော်သေးတာက ကိုယ်တော်ချောက ရှေ့တည့်တည့် လမ်းလျှောက်လာတယ်။ ဒါနဲ့ပဲ အဲဒီနောင်ကြီးကို မေးတော့။ ဟုတ်တယ် အခု ကိုယ်က ဆရာတော်ခိုင်းတဲ့ ကိစ္စကြောင့် သွားရဦးမယ် ညီတို့ ဒီအတိုင်းတည့်တည့် လျှောက်သွားလိုက် ဆိုတော့မှ ကျောင်းရှေ့မိုးဖွဲဖွဲ ထဲမှာ ဆရာတော်က အဆောင်းမပါပဲ ကိုယ်တော်ချော နှစ်ယောက်ကို ခရီးဦးကြိုလေရဲ့။ ပြီးတော့ ဆရာတော်က အအေးချတိုက်တယ်။



ဆရာတော်က ဆရာကြီး ဦးမင်းဒင် ကို ဖြစ်ပျက်ရှာပုံတော်ပြီးရင် ပျက်ဖြစ်ရှာပုံတော် ရေးသင့်တယ်လို့ တိုက်တွန်းထားတယ်တဲ့။ အဲဒီ ဒကာကြီးက မြန်မာစာကို ပိုင်ပိုင်နိုင်နိုင်ရေးနိုင်တဲ့လူ လို့ ချီးမွမ်း မိန့်ကြားသေးတယ်။ ဒီလိုနဲ့ပဲ ဆရာတော်က လူငယ်တွေ အခုလို စာအုပ်ကိုဖတ်သင့်ကြောင်း နဲ့ စာအုပ်အပေါ် ဆရာတော်ရဲ့ သဘောထားတွေကို မိန့်ပါတယ်။ အချိန်ကတော့ ည ရှစ်နာရီကျော်နေပြီ ၊ ဒီလိုနဲ့ ဆရာတော်နဲ့ စကားအနည်းငယ် ပြောပြီး ဘုရားရှိဦး ဆရာတော်ကိုဦးချပြီး စာအုပ်ဝယ်တယ်၊ ပြီးတော့ ကျောင်းအတွက် ဝေယျာဝစ္စ အလှူငွေထည့်ပြီးတော့ ကျောင်းကနေ အပြန်ခရီးကို သုတ်ချေ တင်ရတော့တယ်။ အလာတုန်းကတော့ တစ်ဖက်က လာပြီး။ ပြန်ထွက်တော့ တစ်လမ်းဖြစ်သွားလို့ ကားဂိတ်ကို လိုတာထက် ပိုလျှောက်လိုက်ရသေးတယ်။ နေဇော်လင်းကတော့ ပြောရှာပါတယ်။ “ နောက်တစ်ခါ ကိုမိုးယံနဲ့ ဘုန်းကြီးကျောင်းဆို အဲဒီနေ့ခွင့်ယူမယ်” တဲ့ ။ သူ့ကို ညစာကျွေးဖို့ဖိတ်တာတောင် မစားနိုင်တော့ဘူး ၊ သူ့ခမျာ နောက်တစ်နေရာသွားဖို့ အချိန်အတော်လင့်နေရှာပြီ ။ လူကလဲ တော်တော်ဟန်ချက်ပျက်နေပြီ။ ဒါနဲ့ပဲ ည ကိုးနာရီကျော်အောင် ကားဂိတ်မှာ ယောင်တောင်တောင် ထိုင်စောင့်နေဖြစ်ကြတယ်။ ကံကောင်လို့ကျွန်တော်တို့ စီးရမယ့် ကားတစ်စီးပေါ်လာတယ်၊ ကဗျာကယာ ပြေးတက်ကြပြီး ထိုနေ့ည ကေအယ်ကို ဆယ်နာရီ ထိုးခါနီးမှ ပြန်ရောက်တယ်။



သက်ခိုင်ရှာပုံတော်ပြီးဆုံးပြီ။ ဖြစ်ရပ်အမှန် သမိုင်းစာမျက်နှာများကို လက်ဝယ် ပိုင်ပိုင်ရခဲ့ပြီလေ။ ဆရာကြီးရဲ့ စာအုပ် မင်းဒင်ရဲ့သက်ခိုင်ဟာ ဘယ်လောက်အဖိုးတန်သလဲ ဆိုတာကို ဖတ်ဖူးသူတိုင်း သိကြမှာပါ။ ကိုယ်က ချီးမွမ်းခန်း ဖွင့်မယ်ဆိုရင် မြင်းထိန်းငတာ လို အခြေအနေဖြစ်သွားမှာမို့။ ကိုယ်တိုင် မချီးမွမ်းတော့ပါဘူး။

ဆရာကြီးရဲ့ အရေးအသား၊ လူငယ်တို့လက်လှမ်းမမှီ မြင်တွေ့ခွင့်မရခဲ့ရတဲ့ နိုင်ငံရေးသမိုင်း၊ ကျွန်တော်တို့ ရင်ထဲက နိုင်ငံတော်ရဲ့ အခြေအနေအမှန်ကို ဖွင့်ထုတ်ပြထားတဲ့ သမိုင်းစာအုပ်၊ ဆရာကြီးရဲ့ ဇတ်ကောင် သက်ခိုင် တို့ရဲ့ ဘ၀ဖြတ်သန်းစဉ်များကို လက်ကမချနိုင်အောင် ရင်သပ်ရှုမော ဖတ်ရှုရတော့မှာပေါ့။ ဆရာကြီးရဲ့ ဆိုက်မှာ မတင်ရသေးပဲ ကျန်ရှိနေသေးတဲ့ အခန်းများကတော့

(၉၀) မယားပြိုင်ဟု ခေါ်တွင်စေရမည်

(၉၁) ကမ္ဘာခြားလေသူများ

(၉၂) သပွတ်အူထဲက သက်ခိုင်

(၉၃) ညစ်သမျှကို

(၉၄) သေရွာပြန် သက်ခိုင်

(၉၅) စိုးမြတ်နဲ့ သက်ခိုင်


(၉၆) ယစ်ထုပ်သက်ခိုင်

(၉၇) သက်ခိုင်ရဲ့ ကုဏ္ဍလိနီ


(၉၈) ကာမဘုံသား ၊ ဆုံလည်နွား

(၉၉) တရုတ်သံအမတ်ကြီးလျန်တုန်းနှင့်သက်ခိုင်


(၁၀၀) မောင်ဝိတ်နှင့် အတုံ့အလှည့်

(၁၀၁) မဆုံးသော နိဂုံး တို့ပါဝင်သော စာမျက်နှာ ၇၀၀ ကျော် အလေးချိန် တစ်ကီလို ရှိသော စာအုပ်ကြီးကို လက်မမချနိုင်အောင် ဆွဲဆောင်မှု ကောင်းလှတယ်ဆိုတာကတော့.....။ ပြောမယုံ ကြုံဖူးမှသိ။

ဖြည့်စွက်ချက်... မလေးရှားနိုင်ငံမှ သူငယ်ချင်းများကတော့ လွယ်ကူစွာဝယ်လိုလျှင် ဇေယျာစတိုး (ကွာလာလမ်ပူ) တွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျာ။

Saturday, January 29, 2011

အွန်လိုင်းမှာ ရုပ်ပြောင်


Photo ၀ါသနာရှင်များ အတွက်ပါ ။ ဓာတ်ပုံလေးကိုတွေ ရုပ်ပြောင်လေးတွေ လုပ်ပြီး သူငယ်ချင်းတွေကို စရ နောက်ရတာ အရမ်းကို ပျော်ဖို့ ကောင်းပါတယ် ။ အဲ့လို ရုပ်ပြောင်လုပ်တဲ့ software တော်တော်များများနဲ့ အွန်လိုင်း ဆိုဒ် တော်တော်များများလည်း ရှိပါတယ် ။ တော်တော်များများကိုလည်း သုံးဖူးပါတယ် ။ ဒါပေမဲ့ အရင်က သုံးသခဲ့သမျှဟာ ဒီဆိုဒ်လေးနဲ့ တွေ့တော့ အကုန် သဲထဲ ရေသွန် ဖြစ်သွားရပါတယ် ။ (အောင်လွင်ကြီးလေသံ ဆိုရင် အရင်တုန်းက premier မသောက်ခဲ့တဲ့ အချိန်တွေကို နှမြောလိုက်တာဗျာ .....)

ဟ ..မင်းဟာ က ညွှန်းလှချည်လားပေါ့ .. ။ သေချာလို့ လား ဆိုတဲ့ မေးခွန်းတွေ ခုချိန်မှာ ဖြစ်နေမှာပါပဲ ။ ဟုတ်တယ်လေ.. ။ ဘာမှ မှ မပြောသေးတာ .. ။ သိလည်း မသိသေးဘူးမလားးးး ။

ကဲ ဒီမှာဗျာ .... ။
piZap(fun Photo Editor)
ပါတဲ့ဗျာ ။ ဖွင့်လိုက်တာနဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ရုပ်ပြောင်ကို စပြီးမြင်ရမှာ ဖြစ်ပါတယ် ။ အဲ့ဘေးက Start ဆိုတဲ့ button လေးမှာ စပြီးမိမိ ပြုပြင်ချင်တဲ့ ဓာတ်ပုံကို လွယ်လွယ်ကူကူပဲ ရုပ်ပြောင် ပြုလုပ်လို့ ရပြီ ဖြစ်ပါတယ် ။ အသုံးပြုရတာတော့ အရမ်းကို ရိုးရှင်းပြီး လွယ်ကူလွန်းလှတာကြောင့် မိမိ စိတ်ကူး ရှိရင် ရှိတဲ့အတိုင်း ဓာတ်ပုံ တစ်ပုံက ဟာသ မြောက်နေမှာ ဖြစ်ပါတယ် ။

pizap က တစ်ခြား နာမည်ကြီး ဆိုဒ်တွေနဲ့ လည်း ချိတ်ဆက်ထားပါသေးတယ် ။

ယနေ့ ခေတ်ရဲ့ မရှိမဖြစ် Facebook က ပုံတွေကိုလည်းလိုသလို ပြုပြင်လို့ ရပါတယ် ။ တစ်ခြားနာမည်ကြီး photo ဆိုဒ်တွေ ဖြစ်တဲ့ Picasa,flickr,photobucket တို့ မှာ မိမိတို့ ဓာတ်ပုံ တွေ ရှိတယ် ဆိုရင် upload တောင် တင်စရာ မလိုပဲ ကြိုက်တဲ့ပုံကို ကြိုက်သလို ပြုပြင်လို့ ရမှာပါ ။

ဒီပိုစ့်လေး တင်ဖို့ အတွက် ကျွန်တော့် သူငယ်ချင်းတွေ အကုန်လုံးကို မော်ဒယ် လုပ်ဖို့ ဌားပေးမဲ့ ဘယ်သူမှ ခွင့်မပြုတာကြောင့် ဘာဓာတ်ပုံ တစ်ပုံမှ မပါပဲနဲ့ ဒီအတိုင်းပဲ တင်လိုက်ရပါတယ် ။ (တစ်ဆက်တည်း မော်ဒယ် လုပ်ဖို့ ဝါသနာ ပါပြီး စိတ်ကူး ရှိသူများ ကျွန်တော်နဲ့ ဆက်သွယ်နိုင်ပါတယ် ။ ကျွန်တော် ဓာတ်ပုံ နဲ့ တကွ ကြော်ငြာပေးမှာပါ ...... ) ကျွန်တော့် ပုံကတော့ ရုပ်တောင် ဖျက်စရာ မလိုပဲ နဂိုကတည်းက ခပ်ပြောင်ပြောင် ဖြစ်နေတဲ့အတွက် (မျက်နှာနော်....) မတင်ပေးလိုက်တော့ပါဘူးးး ။ (တော်ကြာ ဘာပြောင်လဲဆိုပြီးးး လျှောက်တွေးနေမှာ စိုးလို့ ...)

ကဲ .. အဲ့လောက်ဆိုရင်တော့ အကုန် အဆင်ပြေလောက်ပြီ ထင်ပါတယ် ။ အဲ့ဒါဆို ရင်တော့ မိမိသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကို စတင်ပြီး ရုပ်ဖျက်လို့ ရနိုင်ပါပြီဗျာ ။ ပြီးရင်တော့ မိမိရဲ့ PC ထဲမှာ save ထားပေါ့ ။ အနည်းဆုံး virus မ၀င်အောင်ပေါ့ ... ။ ဒါမှမဟုတ်လည်း ဓာတ်ပုံ ထုတ်ပြီး ကြွက်ခြောက်ကြပေါ့ဗျာ ... ။

တစ်ယောက်ပုံ တစ်ယောက်ကြည့်... ခွက်ထိုးခွက်လန် ရီမောနိုင်ကြပြီး ဘ၀စိတ်အမောလေးတွေ ခဏဖြစ်ဖြစ် ပြေပျောက်ရင်ပဲ တင်ရကျိုးနပ်ပါတယ်ဗျာ ။

MMiTD ကနေ ကူးယူဖေယ်ပြပါသည်....
mg min

မေးလ်ထဲဝင်လာတာတော့ ကြာပါပြီ။ ခုမှ တင်ဖြစ်။

အဟတ်ဟတ်... ဘယ်သူပုံလဲ လျှောက်တွေးမနေနဲ့ .။ ဒေါ်ဂျူလိုင်ဖြူ့ လက်စွမ်းကြောင့် ကျွန်တော်မိုးယံ ထိပ်ပြောင်ဘ၀ရောက်ခဲ့ရတာ။

Friday, January 28, 2011

တွေးတွေးပြီးရယ်

ဲဖြစ်ရပ်ဆန်းဟာသများ


လင်မယား
ိ

အိမ်ထောင်တခုမှာ ပထမဆုံးနှစ်မှာ ယောက်ျားပြောတာ မိန်းမနားထောင်ရတယ်။

ဒုတိယနှစ်ကျတော့ မိန်းမပြောတာ ယောက်ျားနားထောင်ရတယ်။

တတိယနှစ် သူတို့ပြောတာကို အိမ်နီးချင်းတွေက နားထောင်ရတယ်။

စတုတ္ထနှစ်ကျတော့ သူတို့နှစ်ယောက်ပြောတာကို တရားသူကြီးက နားထောင်ရတယ်။

သြော် မိန်းမ

လက်ထပ်ပွဲအပြီးတွင် ငိုနေသောသတို့သမီးအား မိတ်ဆွေဖြစ်သူများက မေးလိုက်သည်။

"သူငယ်ချင်းရယ် ဘာဖြစ်လို့ ငိုနေတာလည်းကွယ် "

"သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာရယ်၊ ကလေးငါးယောက်ရှိတယ်ဆိုတာရယ်၊ အခုမင်္ဂလာပွဲကျမှ သိရတယ် ".ဟု သတို့သမီးက ပြန်ဖြေလိုက်သည်။

"သြော်...အဲ့ဒါကြောင့် စိတ်ထိခိုက်နေတာကိုး"

သတို့သမီးပြန်ပြောလိုက်သည်မှာ-

"စိတ်ထိခိုက်တာမဟုတ်ဘူး။ ကိုယ့်ကလေး (၄) ယောက်ပေါင်းလိုက်ရင် ကိုးယောက်ဖြစ်နေလို့ပါ။"

တကယ့်မိန်းမ

"ကိုယ်တို့လက်ထပ်ရင် ကိုယ့်ဝင်ငွေနဲ့ နေနိုင်ပါ့မလား"

"ဟင်း.... ကောင်းတာပဲ၊ ကျွန်မကတော့ နေနိုင်ပါတယ်။ မောင်က ဘာနဲ့နေမလဲဟင်"

အဖြေခက်လို့

အိပ်ရာပေါ်တွင် နေမကောင်းဖြစ်နေသော ဇနီးသည်က

"မောင်ရယ် ကျွန်မသေရင် ရှင်နောက်အိမ်ထောင်ပြုမှာလား"

ခင်ပွန်း ။ "မင်းမေးခွန်းက ဖြေရမှာ ခက်တယ်ကွာ"

ဇနီး ။ "ဘာခက်စရာရှိလို့လဲ မောင်ရယ်"

ခင်ပွန်း။ "ကိုယ်က နောက်အိမ်ထောင်ပြုမယ်ဆိုရင် မင်းကစိတ်ဆိုးမယ်၊ မပြုပြန်ဘူးဆိုရင်လည်း ဟိုမိန်းကလေးက စိတ်ဆိုးလိမ့်မယ်"

ကောင်းလို့ဖြစ်မှာပေါ့

အသည်းအသန်ဖျားနေသော လူနာမိတ်ဆွေထံသို့ မိတ်ဆွေတဦးက အားပေးရန် ရာက်ရှိလာသည်။

လူနာက.......

"ကျွန်တော်ကတော့ သေခါနီးပါပြီ။ ငရဲမှာ ဘယ်လိုဘ၀မျိုးနဲ့နေရမလဲဆိုတာ စဉ်းစားနေတာ" ဟု

စိတ်အားငယ်စွာ ပြောကြားသည်။

ဧည့်သည်။ သိပ်ကောင်းတယ်ဗျာ။

လူနာ ။ ခင်ဗျား ဘယ်လိုလုပ်သိလဲ။

ဧည့်သည် ။ ငရဲမှာ အခြေအနေသိပ်ဆိုးနေတယ်ဆိုရင် သေတဲ့လူတွေအားလုံးဟာ ကမ္ဘာကြီးဆီ

ပြန်လာကြမှာပေါ့။ ဒါပေမယ့် ဒီနေ့ထိ ငရဲရောက်သွားတဲ့လူတွေ တစ်ယောက်မှ ပြန်မလာကြဘူး။ ဒါကိုကြည့်ရင် ငရဲမှာ နေရထိုင်ရတာ ကောင်းလို့နေမှာပေါ့---

ဟု အားပေးစကားပြောကြားလိုက်သည်။

တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား?

မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား


> > မနက်ဖြန်၏ နောင်တော်ဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသရေးပို့လိုက်သည့် ဆောင်းပါးလေးတစ်ပုဒ်ပါ။ အားလုံး ဖတ်ကြရအောင်နော်။ ဘာတွေရေးထားလဲပေါ့........

> > မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာ ဟာတိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်း ဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလို တဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။

> ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြား သွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိ သောကြောင့်တည်း။

> ``၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။

> > သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။

> > အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။

> > နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။

> > ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။

> > ဖြစ်သင့်တဲ့လောဘ

> > ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။

> > မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။

> > ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။

> > ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။

> > မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။

> > လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

> > တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ

> > မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။

> > ``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။

> > တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။

> > ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။

> > > > မတရားလောဘဆိုတာ

> > မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။

> > ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

> > တလွဲဆံပင်ကောင်း

> > ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။

> > ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။

> > ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။

> > တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။

> > အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။

> > ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

> > ``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု

> > ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)

> > လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။

> > ``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။

> > ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။

> > ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။

> > ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။

> > တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။

> > သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ် ကောင်းလေစွာ့တကား။

> > စိတ်သာရှင်စော ဘုရားဟော

> > လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။

> > တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။

> > ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။

> > ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။

> > စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။

> > တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက် > စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။

> တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။

> > မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။

> လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။

> ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။

> > > > သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ

Tags: ကိုနိုင်

Thursday, January 27, 2011

မလေးရှားရောက်မြန်မာများအတွက်ရဟန်းခံရှင်ပြုမင်္ဂလာ

မလေးရှားနိုင်ငံတမန်ဆွန်ဂိုင်းဘီစီ ဒေသရှိ သတိပဋ္ဌာနဓမ္မရိပ်သာသစ်ကြီးတွင် (၇)ရက် တရားစခန်းပွဲနှင့် ရဟန်းခံ ရှင်ပြု ၊ မင်္ဂလာများကို ၁၃၇၂ ခုနှစ် ပြာသို လကွယ်နေ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်ကြာသပတေးနေ့မှ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကြာသပတေးနေ့ အထိ မလေးရှားနိုင်ငံတရုတ်နှစ်သစ်ကူးကာလတွင်
ကျင်းပပြုလုပ်ပေးမည်ဖြစ်ပါသောကြောင့် ဒုလ္လဘရဟန်း၊ သာမဏေဝတ်လိုသူများ နှင့် (၇) ရက်တရားစခန်းဝင်မည့်ယောဂီသူတော်စင်များအနေဖြင့် ဇန္နဝါရီလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ သတိပဋ္ဌာနဓမ္မရိပ်သာ အကျိုးတော်ဆောင်အဖွဲ့နှင့် တာဝန်ခံ ဆရာတော်သံဃာတော်များ ထံသို့ကြိုတင်အကြောင်းကြားစာရင်း ပေးသွင်းကြရမည်ဖြစ်ပါသည်။
ဒုလ္လဘရဟန်းနှင့်ရှင်သာမဏေဦးရေ (၁၀) ပါးသတ်မှတ်ထားပါသည်။
အမျိုးသားယောဂီဦးရေ (၁၀) ဦးသတ်မှတ်ထားပါသည်။
အမျိုးသမီးယောဂီဦးရေ (၁၀)ဦးသတ်မှတ်ထားပါသည်။
မည်သည့်ကုန်ကျစရိတ်မှပေးဆောင်ရန်မလိုပဲ ရဟန်းယောဂီပြုနိုင်ကြပါသည်။
လှူဒါန်းဖွယ်ရာများမှအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ သင်္ကန်းပရိက္ခရာများ လှူဒါန်း၍ ရဟန်းဒါယကာ ၊ ရဟန်းဒါယိကာမများပြုနိုင်ကြပါသည်။
၂။ နေ့စဉ်ဆွမ်းနှင့် အထွေအထွေဝေယျာဝစ္စအတွက် သတ်မှတ်ထားသော ရဟန်းသံဃာ ၊ ရှင်သာမဏေ ယောဂီများအတွက် ဆွမ်းတစ်နပ်စာ (သို့) ဆွမ်းတစ်နေ့စာ (သို့) ဆွမ်းတစ်ပတ်စာ သစ်သီးအချိုရည် စသဖြင့် ဆွမ်းကိစ္စပြီးမြောက်စေရန်အတွက် တစ်ဦးချင်းသော်လည်းကောင်း ၊ အဖွဲ့လိုက်သော်လည်းကောင်း ၊ ကုသိုလ်ပြုလှူဒါန်းနိုင်ကြပါသည်။
၃။ သိမ်ဆင်းလောင်းရန်အတွက် မိမိတို့အစီအစဉ်ဖြင့်သော်လည်းကောင်း ၊ ကျောင်းဝေယျာဝစ္စအဖွဲ့တွင်ပါဝင်၍သော်လည်းကောင်း ၊ကိုယ်တိုင်ကိုယ်ကြပါဝင်၍
သိမ်ဆင်းလောင်းလှူဒါန်းနိုင်ကြပါသည်။
သတိပဋ္ဌာနဓမ္မရိပ်သာ
အကျိုးတော်ဆောင်အဖွဲ့ ၊
ကိုဇော်မင်း = ၀၁၆၂၄၁၀၈၃၃
ကိုရောဘတ် = ၀၁၂၉၇၃၂၃၀၁
ဒေါ်မြင့်မြင့်ဝင်း = ၀၁၆၂၆၁၃၂၉၁
သတိပဋ္ဌာန ဓမ္မရိပ်သာ
တမန်ဆွန်ဂိုင်းဘီစီ ဆလန်ဆောက်ဘာရူးအနီး ပါးဘလစ်ဘဏ် အနီး ဒုတိယထပ် အမှတ် ၃၇ ။
၃/၁၀၈c . လမ်း ကွာလာလမ်ပူ မလေးရှား။

STIPATTHANA MEDITATION CENTRE
@ No.37- 2nd floor jalan 3/108c
Taman Sungai Besi 57100
Kuala Lumpur Malaysia
thuwunnaoscar@gmail.com
www.thuwunna-oscar.blogspot.com
+6016 6025536, +60122395621,
ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍နိဗ္ဗာန်မျှော်ရှုကောင်းရာပြုနိုင်ကြပါစေ

မြန်မာနိုင်ငံပြည်တွင်းစစ်အကျဉ်း.

ကျတော်တို့ နိုင်ငံအတွင်းမှာပြည်တွင်းစစ်ဖြစ်နေတုန်းကပေါ့ဗျာ

လူကြီးလူငယ်အားလုံးတိုက်ခိုက်ခဲ့ တဲ့ အပြင်ကလေးတွေပါ

ဒီလိုလေးရရာလက်နက်နဲ့ တော်လှန်ခဲ့ ကြပါတယ်.။

ဒီကိစ္စကိုမကျေနပ်တဲ့ ဥရောပက.မာမီကြီးတွေက.ယူအင်.ကိုဒီလိုလေးလမ်းလျောက်ပြီးသွားရောက်တိုင်တန်းခဲ့ ပါတယ်။

ဟိုရောက်တော့..သူ အားကိုးထားတဲ့ သူတွေက.ဒီလိုဖြစ်နေတော့.

သူလည်းရုံးရှေ့ မှာဒီလိုလေးထိုင်စောင့်ရင်း

ဒီဘ၀ရောက်သွားပါတယ်

အဲ့ လိုတွေဖြစ်တာနေချိန်မှာနိုင်ငံတော်အစိုးရကတော့.ဒီလိုလေးနပ်နေတုန်းပါဘဲ့ ဒါကိုမကျေနပ်တဲ့ ဒီလိုကောင်တွေကလည်းဒီလိုနေရာယူထားကြပါတယ်..။

တကယ်တမ်းဆော်ကြတော့.ပြည်သူတွေဘဲ့ ဒီဘ၀ရောက်ကုန်ကြပါတယ်..

ဟီး..ပျင်းလို့ ကောက်တင်လိုက်တာ...ပျော်ရွင်ပါစေနော်..

မှတ်ချက်..။...။..နိုင်ငံရေးတော့လာပြောနဲ့ နော်..လပြည့်ပါဘူး.အဲ့ မှာ..။

ရေးတာအမှားပါရင်တောင်းပန်ရင်း...

လပြည့်..။

Wednesday, January 26, 2011

ဘုရားရှင်၏အံ့ဖွယ်တော် ( ၁၈ ) ပါး

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်ကပယ်ဖြတ်မူသောဆံတော်သည်လက်နှစ်သစ်မျှသာတစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) လောကသုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ
အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့်
သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥယျောဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ
သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမထင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

http://www.reallybuddhist.blogspot.com/ မှ ကူးယူတင်ပြလိုက်ပါသည် .။

ကျန်းမာချမ်းသာကြပါစေ

Tuesday, January 25, 2011

Facebook တွင် game ဆော့နေသောကြောင့် ၁၃လသားကလေး ရေဇလုံထဲတွင်

ကော်လိုလာဒို မြို့နေ ရှမ်နော် ဂျွန်ဆန် (Shannon Johnson) အသက် ၃၄ နှစ်၊ သည် မိမိ၏ ၁၃လသား ရင်သွေးအား နံနက်စာကျွေးပြီး ရေချိုးဇလုံတွင် ရေချိုးပေးနေစဉ်ကား ကလေးအား ရေဇလုံထဲတွင် တစ်ယောက်တည်း ထားခဲ့ကာ တစ်ဖက်ခန်း computer ရှိရာအခန်းသို့သွား၍ Facebook ပေါ်ရှိသူမ သူငယ်ချင်းများ၏ ဓါတ်ပုံများ ဗွီဒီယိုများအား ကြည့်နေမိကြောင်း၊

သူမသည် ယခုကဲ့သို့ သူမ၏သားလေးအား ဤကဲ့သို့တစ်ယောက်တည်း ထားခဲ့သည်မှာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း၊ သူမ၏ကလေးသည် တစ်ယောက်ထဲ ရေဆော့ရတာ ကြိုက်ကြောင်း၊ သူမ computer သုံးနေစဉ် သူမ၏ သားလေး ရေဆော့သံအား ကြားနေခဲ့ရကြောင်း၊ သူမသည် ကလေးအား တွင် Facebook တွင်game မဆော့မီ တစ်ခါသွားကြည့်ခဲ့သေးကြောင်း၊ ၁၀မိနစ်အကြာတွင် တစ်ဖက်ခန်းမှ ဘာသံမှမကြားရ သောကြောင့် သူမသွားကြည့်သောအခါ ကလေးမှာမျောနေပြီဖြစ်သောကြောင့် သူမ 911 ခေါ်လိုက်ရကြောင်း ရဲအရာရှိများအား ပြောကြားခဲ့ပါသည်။ ကလေးသည် ဆေးရုံသို့ ရောက်ပြီး မကြာမီ သေဆုံးသွားခဲ့သည်။ ရှမ်နော် ဂျွန်ဆန် သည် စက်တင်ဘာလ ၂၀ရက်နေ့က ရေချိုးဇလုံတွင် သူမ၏ ၁၃လသားကလေး ရေနစ်သေဆုံးမှုနှင့် ပါတ်သက်၍ ထောင်ဒဏ် အနှစ်၅၀နီးပါး ကျနိင်သည်ဟု ယနေ့သိရှိရပါသည်။

(မြန်မာသတင်းရပ်ဝန်း)သတင်းပို့ စ်ကိုပြန်လည်ဖော်ပြသည်

မင်းချစ်သူ၈၈၈၈

Monday, January 24, 2011

သရော်စာရေးဆရာအီကြာကွေးနဲ့ လပြည့်တို့ တွေ့ ဆုံဆွေးနွေးမှု

သေဆုံးသွားသောသရော်စာရေးဆရာအီကြာကွေးနဲ့ လပြည့်တို့ တွေ့ ဆုံဆွေးနွေးမှုပါခင်ဗျ..။

လပြည့်....။.....ကဲ..ဆရာကြီးအီကြာကွေးရဲ့ အမည်လေးတချက်လောက်ပြောပြပေးပါခင်ဗျ.

ဆရာ...။....အင်း..မင်းခေါ်သလို..အီကြာကွေးဘဲ့ မှတ်ထားလိုက်ပါ...

လပြည့် ....။...ဟုတ်ကဲ့ ဆရာသေဆုံးသွားတာနဲ့ ပတ်သက်ပြီး.အမှုဖွင့် ချင်တာများရှိပါသလားခင်ဗျ..

ဆရာ...။...အင်းရှိပါတယ်..သေမင်းကို..ဖွင့် ရမှာပါ..မင်းစဉ်းစားကြည့်လေသူကတကယ်တမ်းခေါ်ရမှာကနံပြားကိုလေဒါပေမယ့်

ခေါ်လိုက်တော့အီကြားကွေးလေ..အဲ့ တော့.ငါကပြန်ပြောတာပေါ့...ခင်ဗျားတို့ မှားတာကလည်း

အီကြာကွေးကနေအီကြာပြားပြောင်းရမယ့်ပုံပေါက်နေတယ်လို့ ပြောတာကို...

သူက.ဘာဖြစ်ဖြစ်..မင်းတို့ ကသိပ်မကွဲတော့လည်းဆွဲထည့်ရတာပေါ့လေ(သေစာရင်းစာအုပ်ထဲနော်.အချုပ်ထဲမဟုတ်ဘူး..)

လပြည့်...။....ဟုတ်တာပေါ့.သူတို့ မှားတာနဲ့ ဆရာ့ကအထည့်ခံလိုက်ရတာပေါ့နော်.

ဆရာ...။...အင်းတော်တော်လေးဝင်..ဟင်..ဟေ့ ကောင်ဘယ်နေရာထည့်တာလဲ(ရှင်းရှင်းပြော..)

လပြည့်..။....အော်မှားလို့ ဆရာ..အချုပ်ခန်းထဲ..အမ်..ဟုတ်သေးဖူး..သေစာရင်းထဲပါ...။

ဆရာ...။..ဟေ့ ကောင်လပြည့်.ဒါနဲ့ မင်းငါ့ အကြောင်းဘယ်လောက်သိလဲ..

လပြည့်....။....အင်းအမှန်အတိုင်းပြောမယ်..နော်..မြောက်ပြောတာလည်းမဟုတ်ဘူးနော်.ဆရာ..အတည်ပြောမှာ

ကျတော်ဆရာနဲ့ ပတ်သက်ပြီးထွက်တဲ့ စာအုပ်တိုင်း.တအုပ်မှကိုမဖတ်ဖူးသေးပါဘူးခင်ဗျ..အဲ့ လောက်ဘဲ့ လားဆိုတော့

မဟုတ်သေးပါဘူး.ဆရာဘယ်လောက်တော်တယ်ဆိုတာရော.ဆရာ့နာမည်ကိုပါ

ဆရာသေတဲ့ အကြောင်းပို့ စ်တင်မှ

ဆရာအီကြားပြား.ပြား.ပြား......ဟီး.မှားလို့ အီကြာကွေးဆိုပြီးသိရတာပါ..။(လက်လွန်မယ်နော်.ဆရာ..ဟီး..)

ဆရာ..။...အင်းမင်းငါ့ အကြောင်းအတော်လေ့ လာထားတာဘဲ့ ကွ..(အင်း..ငါ့ နားလေးမှာဆိုရင်.မင်းခုံဖိနပ်စာမိပြီ..)

လပြည့်..။...ဟုတ်ကဲ့ ..ဆရာရဲ့ နာမည်ကိုလည်းကြည့်လေ..သရော်စာရေးဆရာအီကြာကွေးတဲ့ .(ခုံဖိနပ်ကိုကြီးနတ်.မသွားပြီ..ဟီး..)

အဲ့တာနဲ့ .မောင်လပြည့်က..အရမ်းဘောကျ.အဲ့ ဟဲ..သဘောကျပြီး..လေ့ လာထားတာပါ.....။

ဒါနဲ့ ဆရာခုရောက်ရှိနေတဲ့ .ဘုံဘဝနဲ့ အလုပ်အကိုင်လေးလည်းပြောပါဦးလား..။

ဆရာ...။....အင်း..အဲ့ တာအရေးကြီးတယ်ကွ..ငါလည်း.လူ့ ပြည်တုန်းက.လူတွေကိုစာလေးတွေ(စာကလေးငှက်မဟုတ်ပါ.)

နဲ့ ရီမောအောင်လုပ်ခဲ့ ဖူးလို့ .ခုဆို.ငါ့ ကိုနတ်ပြည်စုတ်ပြတ်သတ်ရေးနဲ့ မြောင်းထဲရောက်သွားရေး..

အသင်းကိုအတိုက်အခံလုပ်ခိုင်းထားတယ်.ဟ..ဆိုးတာကွလူ့ ပြည်တုန်းကဆို..အတိုက်အခံတွေက.နံပါတ်တုတ်တွေ.

သေနတ်တွေလောက်နဲ့ ဘဲ့ ထိတာ..ဒီမှာကျတော့..ဝရဇိန်လက်နက်တွေ.မိုးကြိုးလက်နက်တွေ..နဲ့ ဆော်တာဟ..

တော်သေးတာပေါ့ကွာ.လူ့ ပြည်မှာသာဒီလက်နက်တွေတပ်ပေးလိုက်ရင်တော့..ဟီး..ငါလည်းပြောရဲတော့ဘူးလပြည့်ရေ.

မင်းဘာသာချေးစား..အဟဲ..စဉ်းစားကြည့်တော့..။

လပြည့်..။..မဟုတ်လောက်ဘူးနော်ဆရာ..လူ့ ပြည်က.နူဆိုလားဝဲဆိုလားတော့မသိဘူး..အရမ်းကြောက်ဖို့ ကောင်းတာတဲ့ ..

ဟိုနေ့ ကတောင်..ကျတော့တို့ ဦးလေးခေါင်းပေါ်အဲ့ ဒီနူဆိုတာကျပြီး..ထိပ်ကွက်သွားတာ..ခုထိဆံပင်ပေါက်သေးဘူးဗျ..။

တော်ကြာ..နတ်ပြည်ကသကြားတွေရော.ကြံတွေရော.မာန်နတ်တွေရော..ထိပ်ပြန်ကွက်ခံနေရမှ..ဟုတ်ပေ့ဖြစ်နေမယ်ဆရာရေ့ ..။

ဆရာ..။.အဲ့ တာတွေထက်အရေးကြီးတဲ့ ...နူနဲ့ .မြန်မာနိုင်ငံနောင်ရေးစဉ်းစားမယ်.ကွာ.

လပြည့်..။....ဟုတ်ကဲ့ ..မြန်မာနိုင်ငံနောင်ရေးဆိုမပူပါနဲ့ ကျတော်တို့ မြန်မာတွေ.အဲ့ ဒီနူဆိုတာရလာရင်..တခြားနိုင်ငံတွေကို

ပြန်ပြီးထိပ်ကွက်လို့ ရပါပြီ..ခုတော့..ဘယ်နိုင်ငံမှာဖြစ်ဖြစ်မြန်မာဆို..ထိပ်ကွက်ချင်ကြတယ်..ကျတော်တော့.မခံဘူးပြန်ပြောပစ်တာ

ငါတို့ တွေ.နူဆိုတာရရင်.နင်တို့ ကိုပြန်ပြီးထိပ်ကွက်မှာလို့ ...။

ဆရာ..။..အင်း..အဲ့ ဆို.ခန့် မှန်းခြေအရ..နိုင်ငံတော်တော်များများထိပ်ကွက်ဘဝရောက်သွားနိုင်တာပေါ့ဟ..

လပြည့်...။..ဟုတ်ပါတယ်ဆရာ..ဒါပေမယ့်ကျတော်တို့ နိုင်ငံတရားပါတယ်..ကိုယ့်ကိုကွက်ထားမှ.ပြန်ကွက်မှာလေ.

ဘာမဟုတ်တဲ့ .အမေကန်လိုနိုင်ငံမျိုးကိုတော့..ခေါင်းထဲတောင်ထည့်မကွက်ပါဘူး။(ထည့်မကွက်တာမဟုတ်ပါဘူး..

သွားကွက်ရင်.ဟိုကပြန်ကွက်လိုက်မှ.ထိပ်တင်မဟုတ်ဘူး..တကိုယ်လုံးပါပြောင်သလင်းခါသွားမှာဆိုးလို့ )

ဆရာ...။..အင်း..လပြည့်..မင်းလည်းအတော်လေ့ လာထားပုံရတယ်..

လပြည့်....။လေ့ လာထားတာမဟုတ်ဘူးဆရာရ..ကျတော့ဦးလေးထိပ်ကွက်တုံး

ကဆံပင်ပြန်ပေါက်အောင်လုပ်ရင်းဒီနူဆိုတဲ့ ထိပ်ကွက်လက်နက်အကြောင်းကိုတီးမိခေါက်မိရှိသွားတာပါ..။

ဆရာ...။...အဲ့ဆို..ရှင်းရှင်းမေးမယ်ကွာ..မင်းဒီထိပ်ကွက်လက်နက်ကိုသဘောကျလား..

လပြည့်...။...သဘောကျလို့ လည်းမဟုတ်ပါဘူး..ဒါကဒီလိုပါ..ဟိုဟာကျတော့..ဟိုလိုဖြစ်သွားတော့လေ..

အဲ့ လို့ လပြည့်လည်းအရမ်းကြီးသဘောကျတယ်လို့ လည်းမဟုတ်ပါ..၊တချို့ ဆို.ဒီလက်နက်ကိုလုံးဝဆန့် ကျင်ကြပါတယ်.။

ဆရာ..။....မင်းပြောတဲ့ .နူထိပ်ကွက်လက်နက်ကို.ငါ .နတ်သဘင်အစည်းအဝေးမှာ.အသေးစိတ်ပြန်တင်ပြချင်လို့ ကွာ..

ပြီးတော့.အတိုက်အခံတွေကိုနူထိပ်ကွက်လက်နက်နဲ့ ဆော်မလားလို့ စဉ်းစားနေတာ..တကယ်လို့ ဒီကောင်တွေထိပ်ကွက်လက်နက်ထိပြီး

ရင်ဆံပင်လည်းမပေါက်ရင်တော့..သိပ်လှုပ်ရှားနိုင်ကြမှာမဟုတ်ဘူးဟ...။

လပြည့်..။..အင်းမဆိုးတော့မဆိုးပေါ့ဘူးဆရာရယ်..သူ့ ရဲ့ ဘေးထွက်ဆိုးကျိုးကလည်းများပါ့ဗျာ.။

တကယ်လို့ တခုခုမှားသွားမယ်ဆိုရင်..ဆရာတို့ ဘက်ကလူတွေအားလုံးထိပ်ကွက်ရုံမက.ရှိတဲ့ အမွေးတွေအကုန်

.ကွက်သွားနိုင်တယ်နော်..သေချာစဉ်းစားဦးဆရာ..။

ဆရာ..။...ငါလည်အရေးပေါ်နတ်သဘင်အစည်းအဝေးခေါ်ပြီးတိုင်ပင်လိုက်ဦးမယ်..ဒါနဲ့ တကယ်လို့ .လိုချင်ရင်..ဘယ်လိုဆက်သွယ်ရမှာလဲ...။။

လပြည့်...။...အဲ့ ဆို..သေချာမှတ်ထားနော်..ဒယ်လဗျူ.ဒယ်လဗျူ.ဒယ်လဗျူ.ဒေါ့ (www.).mmlover.ning.com..ကိုဝင်လိုက်..။

အဲ့ မှာ..ရှိတဲ့ သူတွေအကုန်လုံးနူပိုင်ရှင်တွေချည်းဘဲ့ ..တချို့ ဆို.နူရုံတင်မကပါဘူး..ဝဲပါအဆစ်ပါပြီးစွဲနေပါသေးတယ်ဆရာရေ့ ...။

ဆရာ..။...ကဲကဲ..ဆရာလည်း..နတ်သဘင်အစည်းအဝေးမတိုင်ခင်..နတ်ကလပ်(နိုက်ကလပ်မဟုတ်ပါ)လေးဝင်သွားရဦးမှာမို့ ..။

လပြည့်..။...ဟုတ်ကဲ့ ..လပြည့်တော့..နတ်ကလပ်မပြောနဲ့ ..နိုက်ကလပ်ဆိုတာတောင်..

လူတွေကိုတန်းစီခိုင်းပြီးနိုက်တဲ့ အသင်းလို့ ထင်နေတာ.....ဟီး..(ကလပ်တက်တတ်သူများစိတ်မဆိုးကြပါရန်...)။

ဆရာ...။...အေး..ငါသွားပြီကွာ...မင်းလည်းထိပ်ကွက်လက်နက်ဒဏ်မခံရပါစေနဲ့ ကွာ..

လပြည့်..။...ဟုတ်ကဲ့ ..ဆရာလည်း.နံပါတ်တုတ်..အဟဲ..မှားလို့ .ဝရဇိန်လက်နက်ဒဏ်ကဝေးပါစေဗျာ....။

မှတ်ချက်..။...။..လပြည့်..ဆရာအီကြာကွေးအကြောင်းတလုံးမှမသိပါဘူး..ဒါပေမယ့်လေးစားတာတော့.သေချာတယ်..

ဘာလို့ လဲတော့မမေးကြပါနဲ့ ခင်ဗျ...။ခုရေးတာကလည်းဆရာ့ကိုလေးစားလို့ ကိုယ်ပိုင်ရှာသရော်လုံးတွေနဲ့ တင်ဆက်ခြင်းဖြစ်ပါတယ်.။

အားလုံးလည်းပျော်ရွင်ချမ်းမြေ့ ကြပါစေခင်ဗျ..။

ကျတော်ရေးတာအမှားများပါရင်လည်းအနူးအညွတ်တောင်ပန်းပါတယ်ခင်ဗျ..။

...အော်မေ့ တော့မလို့ ..ဒီပို့ စ်လေးကိုအစအဆုံးထိဖတ်ခဲ့ တယ်ဆိုရင်တော့..

ကွန်မန်းလေးတခုတော့ချပေးခဲ့ ပါ..(ဘယ်လိုကွန်မန်းဖြစ်ဖြစ်ပါ..တိုတိုရှည်ရှည်ပေါ့..)

ဘာလို့ လဲဆိုတော့..ကျတော်ခုရေးတာကို..အဆုံးထိဖတ်ခဲ့ သူတွေကိုကြည့် ပြီးပျော်ရအောင်လို့ ပါ.ခင်ဗျ..။


လပြည့်

Friday, January 21, 2011

၃၁ဘုံ သတ္တ၀ါတို့၏သက်တမ်းများ...

( ၁ ) အပါယ်ဘုံသားတို့၏သက်တမ်း...

ငရဲသား.ပြိတ္တာအသူရကာယ်တို့တွင်.သတ်မှတ်ထားသောသက်တမ်းများမရှိ ။မိမိတို့၏ကံသာလျင်သက်တမ်းအတိုင်း

အတာဖြစ်ပါသည် ။

တိရစ္ဆာန်များမှာ.အမျိုးပေါင်းမရေတွက်နှိုင်.။အမျိုးဇါတ်အလိုက်သက်တမ်းကွာခြားကြပါသည် ။

( ၂ ) လူတို့၏သက်တမ်း...

ရှေ့ခုနှစ်ရာ ၊ နောက်ငါးရာ ၊ မြောက်မှာတစ်ထောင်မြဲ ။ဟူသောစကားအရ...အရှေ့ကျွန်းသားတို့တွင်သက်တမ်း ၇၀၀နှစ်

အနောက်ကျွန်းသားတို့တွင်သက်တမ်း ၅၀၀နှစ် .မြောက်ကျွန်းသားတို့တွင်သက်တမ်း ၁၀၀၀နှစ်.တောင်ကျွန်းသားတို့မှာ

သက်တမ်းမမြဲကြပါ ။အသင်္ချေရတမ်းမှသည်ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တန်းမှသည် အသင်္ချေရတမ်းဟူ၍ဆုတ်

ချည်တက်ချည်ရှိပါသည် ။

( ၃ ) စတုမဟာရာဇ်နတ်တို့၏သက်တမ်း...

အောက်စတုမဟာရာဇ်နတ်များဖြစ်ကြသော.ဖုတ်.မှင်စာ.တစ္ဆေ.သရဲ.အစိမ်း.သဘက်.ဘီလူး.ဘုမ္မဖိုဝ်းနတ်တို့တွင်.တည်မြဲ

သောသက်တမ်းမရှိကြ ။အချို့သော.ဘုမ္မဇိုဝ်းနတ်တို့သည်.ခုနှစ်ရက်မျှသာအသက်ရှည်ကြပြီး.အချို့မှာအာယုကပ်ပါတ်လုံး

အသက်ရှည်ကြ၏ ။

အထက်စတုမဟာရာဇ်နတ်တို့၏သက်တမ်းမှာတည်မြဲ၏ ။ထိုနတ်တို့၏နှစ်ဖြင့်ရေတွက်လျင် အနှစ် ၅၀၀ ၊လူတို့၏နှစ်ဖြင့်ရေ

တွက်လျင် အနှစ် ကိုးသန်း ရှိ၏ ။

လူတို့၏အနှစ် ၅၀သည်.စတုမဟာရာဇ်နတ်တို့၏တစ်ရက်နှင့်ညီမျှ၏ ။

( ၄ ) တာဝတိံသာနတ်သက်...

လူတို့၏အနှစ်တစ်ရာသည်.တာဝတိံသာနတ်တို့၏တစ်ရက်နှင့်ညီမျှ၏ ။အနှစ် ၁၀၀၀ သည် တာဝတိံသာ နတ်သက်ဖြစ်၍

လူတို့၏နှစ်ဖြင့်ရေတွက်သော်.နှစ်ပေါင်း သုံးကုဋေခြောက်သန်း ရှိသည် ။

( ၅ ) ယာမာနတ်သက်...

လူတို့၏အနှစ် ၂၀၀ သည် ယာမာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏ ။ယာမာနတ်တို့၏သက်တမ်းသည်.အနှစ် ၂၀၀၀ ရှိသည်

လူတို့၏နှစ်ဖြင့်ရေတွက်သော်..နှစ်ပေါင်း..၁၄ ကုဋေ လေးသန်းရှိပါသည် ။

( ၆ ) တုသိတာနတ်သက်...

လူတို့၏နှစ် ၄၀၀ သည် တုသိတာနတ်တို့၏တစ်ရက်နှင့်ညီမျှ၏ တုသိတာနတ်တို့၏သက်တမ်းသည် နှစ် ၄၀၀၀ ၊ လူတို့၏နှစ်ဖြင့်

၅၇ ကုဋေ နှင့်ခြောက်သန်းရှိပါသည် ။

( ၇ ) နိမ္မာနရတိနတ်သက်...

လူတို့၏နှစ် ၈၀၀ သည် နိမ္မာနရတိနတ်တို့၏တစ်ရက်နှင့်ညီမျှ၏ ။နိမ္မာနရတိနတ်တို့၏သက်တမ်းသည် နှစ်ပေါင်း ၈၀၀၀

လူတို့၏နှစ်ဖြင့် ၂၃၀ ကုဋေ လေးသန်းရှိပါသည် ။

( ၈ ) ပရနိမ္မိတ၀သ၀တ္တီနတ်သက်...

လူတို့၏နှစ် ၁၆၀၀ သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏တစ်ရက်နှင့်ညီမျှ၏ ထိုနတ်တို့၏သက်တမ်းသည် နှစ်ပေါင်း ၁၆၀၀၀

လူတို့၏နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း ၉ ၂၁ ကုဋေ ခြောက်သန်း ရှိသည် ။

( ၉ ) ဗြဟ္မာတို့၏သက်တမ်း...

ဗြဟ္မာတို့၏သက်တမ်းများသည်.အလွန်ရှည်လျားကြသည့်အတွက်.အသင်္ချေယျကပ်.မဟာကပ်...တို့ဖြင့်တိုင်းတာကြ၏ ။

ကပ်တို့သည်..(၁ ) အာယုကပ်.( ၂ ) အန္တရကပ်. ( ၃ ) အသင်္ချေယျကပ် ( ၄) မဟာကပ်..ဟူ၍လေးပါးရှိ၏ ။

ထိုလေးပါးတို့တွင်.သတ္တ၀ါတို့၏သက်တမ်းအသီးသီးကို...အာယုကပ်...ဟုခေါ်၏ ။

လူတို့၏သက်တမ်းဖြင့်.အသင်္ချေယျတမ်းမှဆယ်နှစ်တမ်း.ဆယ်နှစ်တန်းမှအသင်္ချေယျတမ်းအထိ.ရှည်ကြာသောကာလ

ကို....အန္တရကပ်....တစ်ခုဟုခေါ်၏ ။

အန္တရကပ်....၆၄ ကပ်သည်..အသင်္ချေယျကပ်...တစ်ကပ်နှင့်ညီမျှ၏ ။

အသင်္ချေယကပ်လေးကပ်သည်...မဟာကပ်တစ်ကပ်.( ၀ါ ).တစ်ကမ္ဘာနှင့်ညီမျှ၏ ။

အသင်္ချေယျကပ်..ကို..လေးမျိုးခွဲခြားပြန်၏ ။

( က ) သံဝဋ္ဋ္ဋကပ် = ကမ္ဘာကြီးစပျက်သည်မှလုံးဝပျက်သုဉ်းသွားသည်အထိရှည်ကြာသောအသင်္ချေယျကပ်

( ခ ) သံဝဋ္ဋဌာယီကပ် = ကမ္ဘာကြီးပျက်သုဉ်းပြီး၍ပျက်ပြီးသည့်အတိုင်းတည်နေသောအသင်္ချေယျကပ်

( ဂ ) ၀ိဝဋ္ဋကပ် = ကမ္ဘာပြုမိုးစရွာသည့်အချိန်မှစ၍ကမ္ဘာကြီးအပြည့်အစုံဖြစ်ပေါ်လာသည်အထိရှည်ကြာသော

အသင်္ချေယျကပ်

( ဃ ) ၀ိဝဋ္ဋဌာယီကပ် = ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှထိုအတိုင်းတည်နေသောအသင်္ချေယျကပ် ။


ကိုဖုန်းကျော် တင်ထားတဲ့ပို့စ် ၊ မေးလ်ထဲရောက်လာ ပြန်မျှတာ

Thursday, January 20, 2011

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ


လုပ်ကြံမှု့များကြားက -( နိဒါန်း) စကားချီး

ဗုဒ္ဓဘာသာရဲ့ ရေရှည်အကျိုးအတွက် လူမျိုးခြား ဗုဒ္ဓဘာသာတစ်ဥိးရဲ့ နိုးဆော်တိုက်တွန်းတောင်းပန်တာကိုမြန်မာဗုဒ္ဓဘာသာတွေရဲ့ ရင်ထဲရောက်အောင်

မြန်မာဘာသာနဲ့ ပြန်ဆိုပြတဲ့ နောင်ကြီးကုသလသာမိ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ထဲရောက်အောင်ပြုသင့်တယ်လို့ တွန်းအားပေးတဲ့

ဝိနယပိဋကတ်ရဲ့ အဖြည့်ခံသူရဲကောင်းကြီး ဥဒါယီနဲ့ရောင်းရင်းများကို လေးစားစွာ ကျေးဇူးပါပဲ။

အေဒီနှစ်ရာစု ပတ်ဝန်းကျင်မှာ ဖရိုဖရဲဖြစ်နေတဲ့ဗုဒ္ဓဘာသာ အိန္ဒိယမြေပေါ်က အကွက်ကျကျ မောင်းထုတ်ခြင်းခံခဲ့ရပါတယ်။

အေဒီ နှစ်ဆယ့်တစ်ရာစု ပတ်ဝန်းကျင်မှာရော အသက်ငွေ့ငွေ့သာ ရှိတော့တဲ့ ဗုဒ္ဓဘာသာကိုမြန်မာမြေပေါ်က မောင်းထုတ်ခံနိုင်မှာလားလို့

အားလုံးသောဗုဒ္ဓဘာသာဝင်တွေကို မေးကြည့်ချင်ပါတယ်။

လက်မခံနိုင်ဘူးဆိုရင်တော့ အားလုံးအလုပ်လုပ်ဖို့ လိုနေပါပြီ။ ဗုဒ္ဓတည်ထောင်ခဲ့တဲ့ သံဃအဖွဲ့ဝင်ဖြစ်နေပြီးတော့ သံဃာဆိုတာ မရှိတော့ပါဘူးလို့

ပြောနေတဲ့ အချိန်၊ သူများတွေဝေဒနာကြားထဲက သာသနာအတွက် အလုပ်တွေလုပ်နေတဲ့ အချိန်၊ မိမိပိုင်ဆိုင်ထားတဲ့ အသိတွေ

အကျင့်တွေကို လာတ်လာဘ ငွေကြေးတွေနဲ့ လိုက်ပြီးလဲလှယ်နေတဲ့အချိန်၊ အတိတ်မှာကျန်ခဲ့တဲ့ သူတွေကိုလိုက်ပြီး အတိုက်ခံတွေလုပ်နေတဲ့ အချိန်၊

ဒီလိုအားနည်းချက်မျိုးစုံနဲ့ ဘာသာခြားတွေရဲ့ ထိုးနှက်တိုက်ခိုက်မူ့ကိုခံနေရတဲ့ အချိန်မှာ ဗုဒ္ဓဘာသာကို ယုံကြည်လက်ခံ ချစ်မြတ်နိုးတဲ့ ဒီဗုဒ္ဓဘာသာဝင်တွေ မိမိစွမ်းနိုင်ရာ

အလုပ်တွေကို မလုပ်ဘူးဆိုရင်တော့ ဗုဒ္ဓဘာသာဟာ သိပ်မကြာခင်အချိန်မှာပဲ သွားမှာပါပေါ့။

သာသနာကို အထောက်ပံ့ပေးနေကြတဲ့ ဒါယကာ ဒါယိကာမတွေကို ပြန်လည်တရားစွဲဖို့ ကြိုးစားမနေသင့်သလိုကြေးအိုးဆီချက်လေးစားပြီး ဒူးနန့်နေလို့လည်း မဖြစ်တော့ပါဘူး။

မင်းတစ်ယောက်ဖျက်လို့ သာသနာပျက်မသွားဘူး (တယာ ကတံဝါ အကတံဝါ ပိတုသာသနံ နဟာသိ)

ဆိုပေမယ့်လည်း သုနက္ခဆိုရင် ရှင်းသင့်ရင် ရှင်းလိုက်ပါ။

သူလိုလို ကိုယ်လိုလို လုပ်ပါလိမ့်မယ်ဆိုတဲ့စိတ်က သာသနာကြီးကို ဘေးချထားရာ ရောက်ပါလိမ့်မယ်။

ဘေးချထားပြီဆိုမှတော့ ဘေးရောက်ပြီပေါ့။ ကြော်ငြာကောင်းတဲ့ခေတ်မှာ `အပြောထက် အလုပ်ကပိုပြီးထိရောက်တယ်´ ဆိုတာကို ငါတို့တွေ

သက်သေပြသင့်တယ်။ ရဟန်းဘ၀ ဆိုတာ ပရဟိတလုပ်ငန်းလုပ်လိုသူတွေအတွက် မဟာအခွင့်အရေးကြီးပါ။

မျိုးဆက်သစ် တွေကို ကျမ်းတက်မရလို့ အထင်မသေးသင့်သလို မျိုးဆက်ဟောင်းတွေကိုလည်း အလုပ်မလုပ်လို့ အပြစ်မတင်သင့်ပါ။

`လောကကြိးကို ဘယ်လိုမြင်သလဲဆိုရင် ကိုယ်ဘယ်လို ကြည့်သလဲ´ ဆိုတာကို သိထားသင့်တယ်။ကျောချင်းကပ်နေတဲ့ ရဟန်းတွေ မျက်နှာချင်းဆိုင်ပြီး ပြုးံပြချိန်ရောက်ပြီ။

ဒါမှ ငါတို့ ရဟန်းတော်တွေ တိုက်စစ်မဖြစ်ရင်တောင်မှ ခံစစ်လေးလောက်တော့ လုံနိုင်ကောင်းပါရဲ့။ကရဏီယ (မေတ္တာသုတ်) နဲ့ ရရင်ကျေနပ်နေတဲ့ `ရ´ဟန်း´ ဘ၀ကို စွန့်လွတ်သင့်ပြီ။

လူဆိုတာ မိမိလုပ်တဲ့အလုပ်ကို မြတ်မြတ်နိုးနိုးနဲ့ လုပ်မယ်ဆိုရင် မိမိကိုယ်ကိုယ် မြတ်နိုးလာပါလိမ့်မယ်။

အလကားရတာတွေကို အကုန်ယူပြီး မြတ်နိုးနေမယ့်အစား အလုပ်လုပ်ပြီး ရလာတဲ့မြတ်နိုးမှုကိုသာမြတ်နိုးကြစေချင်တယ်။

ဘုန်းကြီးရဟန်းဆိုတာ သရဏဂုံတင်တာ၊ သီလပေးတာပဲ လုပ်တတ်တယ်။ ငွေပေးပြီး ခိုင်းရင်ရတယ်ဆိုတဲ့ လူတန်းစားတရပ်လို့ လူတွေက မြင်နေကြပြီ။

အားမလို အားမရနဲ့ ဝေဖန်မှုတွေကို တွန်းအားအဖြစ် အသုံးချပြီး ပရဟိတ အလုပ်တွေ လုပ်ပြဖို့ လိုလာပြီနော်။

အားလုံးကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ အလုပ်နဲ့ ငါတို့ရဟန်းဘ၀ကို သက်သေပြဖို့ လိုလာပြီ။

ဒီဘ၀မှာ မိမိကတော့ ကိုးဆယ်ကိုး ရာခိုင်နှုံးလောက် တရားထူးမရဖို့ သေချာနေပြီ။

အဲဒီတော့ ပရဟိတ အလုပ်လုပ်ဖိုပဲ့ ဆုံးဖြတ်လိုက်ပြီ။ အေးပေါ့လေ။ ဒီဘ၀မှာ တရားထူးရမယ့်ပစ္ဆိမဘ၀ိက ရဟန်းတွေကတော့

မလုပ်ချင်နေပေါ့။ ရပါတယ်။ သာသနာကြီးကတော့ ခွင့်လွတ်နေမှာပါ။ ဒါကြောင့်မို့သာ လူမျိုးခြား ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ ဗုဒ္ဓဘာသာအပေါ်ထားတဲ့

စေတနာကိုမြန်မာဗုဒ္ဓဘာသာဝင်တွေ သိအောင် နှိုးဆော်ပေးခြင်းဖြစ်ပါတယ်။

(မဟာဝီရ၀ါသီ-မျိုးဆက်သစ်)

လုပ်ကြံမှု့များကြားက ဗုဒ္ဓဘာသာ - ၁

ဗုဒ္ဓဘာသာကို ကမ္ဘာက ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားမှုအနေနဲ့ နောက်ဆုံးပေါ်ပေါက်လာတဲ့ စာအုပ်တစ်အုပ်ရှိပါတယ်။

အဲဒီစာအုပ်ကတော့ ဟက်ဝေးပေါလ် ဆိုသူရေးတဲ့ `ဗုဒ္ဓဘာသာ ကမ္ဘာမှလူများ´ဆိုတဲ့ စာအုပ်ပါ။

`ခရစ်ယာန် ဘုရားရှိခိုး လမ်းညွန်စာအုပ်´ လို့လည်း ဆိုပါတယ်။

မနုဿဗေဒ အားဖြင့်ဆိုရလျှင် ဒီစာအုပ်ဟာ ပြောင်မြောက်တဲ့ သုတေသန ပြုမှုတွေနဲ့ အလွန်ဂုဏ်ယူစရာကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ဝေးလံလှတဲ့ အရပ်ဒေသက ၂၃၈-မျိုးသော လူမျိုးစုတွေရဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗုဒ္ဓဘာသာရဲ့ မြေပုံလမ်းညွန်တွေ

ပါဝင်အောင် ရေးထားပါတယ်။ အဲဒီထဲက အကြောင်းအရာတချို့တင်ပြချက်တွေဟာဗုဒ္ဓဘာသာတွေ အနေနဲ့

လုပ်နိုင်စွမ်းရှိပေမယ့် လုပ်ဖို့ပျင်းနေတဲ့ အချက်တွေဖြစ်နေပါတယ်။

ဆွဲဆောင်မှုရှိလှတဲ့ ဒီစာအုပ်ဟာ အမှားယွင်းမရှိဘဲ စွန့်စွန့်စားစား ထုတ်ဝေပြီးစီးသွားပါပြီ။

ဒါပေမယ့် ဒီစာအုပ်မှာ ကွယ်ဝှက်နေတဲ့ လုပ်ငန်းစဉ်တွေ ပါနေတယ်။ ဒီစာအုပ်က တရားဟောစည်းရုံးရန် စိတ်ဝင်စားပြီး စိတ်အားထက်သန်လှသော

ခရစ်ယာန် စည်းရုံးရေးသမားတွေအတွက် လုပ်ငန်းစဉ်နှင့် လုပ်ရမယ့် အခန်းကဏ္ဍ တစ်ခုအနေနဲ့ အထောက်ကူပြုနေတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာတွေကို ကလိန်ကကျစ်နည်းတွေနဲ့ တိုက်ခိုက်ဖို့ ရေးဆွဲထားတဲ့ တိုက်ပွဲအစီစဉ်တစ်ခု (သို့မဟုတ်) တိကျခိုင်မာတဲ့ လမ်းညွန်မြေပုံ တစ်ခုလည်း

ဖြစ်ပါတယ်။

ဒါပေမယ့် ပညာတတ်၊ ချမ်းသာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ တက်ကြွတဲ့ တရားဟောဆရာ၊ စာရေးဆရာကို ကျေးဇူးတင်စရာ အတော်ကောင်းပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့သူတင်ပြထားတဲ့ ၂၃၈-ခုသော လူမျိုးစုများနှင့် ပတ်သက်ပြီး အများစုကမသိကြသေးလို့ပါပဲ။

မှန်ပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့စည်း အများစုဟာ

ဒီအကြောင်းအရာတွေကို မသိကြသလို ကြာမြင့်စွာကတည်းကမေ့လျော့ထားကြပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာ ကမ္ဘာမှာ ပေါ့တိပေါ့ဆ အနေတတ်ဆုံးလူမျိုးတွေထဲမှာ ပါပါတယ်။

ဆိုးရွားလှတဲ့ ရည်ရွယ်ချက်တွေနဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ ဆုတောင်းခြင်းအားဖြင့် သာမာန်ပြည်သူတွေရဲ့ ၀ိညာဏ်ကို ထိတွေ့ဖို့

ကောင်းကင်ဘုံသခင် ဖန်ဆင်းရှင် ထာဝရဘုရားရဲ့ မဟာဂရုဏာနဲ့ ကယ်တင်မှုရအောင် အများစုကို ဆွဲဆောင် စည်းရုံးလေ့ ရှိပါတယ်။

ဒီနေရာမှာ ကျွန်ုပ်ဟာ ဒီစာအုပ်ကို ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး စာအုပ်ဖြစ်တယ် ဆိုပြီး အပြစ်တင်ဝေဖန်ဖို့မရည်ရွယ်ပါဘူး။

လောဘအားကြီးတဲ့ ခရစ်ယာန်ဓမ္မဆရာ သာသနာပြုအဖွဲ့ကိုလည်း အဲဒီလို တံဆိပ်တပ်ပြီး သံယောင်လိုက် စွပ်စွဲဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။

ကျွန်ုပ်ရည်ရွယ်တာက ပညာတတ်ပြီး ဥစ္စာကြွယ်တဲ့ ယဉ်ကျေးကမ္ဘာမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ညီအစ်ကို မောင်နှမများကို တိုက်တွန်းချင်တာပါ။ ဗုဒ္ဓဘာသာကမ္ဘာကို မတရားဆွဲဆောင် သိမ်းသွင်းနေမှုများကို လိမ္မာပါးနပ်လှတဲ့ အဖြေတစ်ခု ရှာဖွေသင့်တယ်ဆိုတာကို နားလည်စေချင်တာပါ။

ဒီလိုလုပ်ဆောင်ချက်တွေကို ယုတ္တိရှိရှိ ယုံယုံကြည်ကြည်နဲ့ ဘယ်လိုဝေဖန်ကြမလဲ ဆိုတာနဲ့ဘာသာကူးပြောင်းမှု့ကို ဆန့်ကျင်တဲ့ ဥပဒေတွေကို ဘယ်လောက်များများ

ပြဓာန်းဖို့ လိုအပ်သလဲ ဆိုတဲ့အပေါ်မှာလဲ ဦးတည်ချက် ထားမနေချင်ပါဘူး။ ကျွန်ုပ်အဓိက ရည်ရွယ်တာက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ

အဖွဲ့အစည်းအတွင်းမှာကိုပဲ ရိုးသားပြီး ပန်းတိုင်ရှိတဲ့ ပြန်လည်စစ်ကြောရေးတွေကို လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေနဲ့ `ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဟာ ကရုဏာတရား၊ အခြေနေအရပ်ရပ်အတွက်ပြောင်းလဲနိုင်စွမ်း၊ သည်းခံခြင်းတရားနဲ့ အကြမ်းမဖက်

လမ်းစဉ်တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလက်နက်တွေကို တပ်ဆင်ပြီး နှစ်ပေါင်း ၂၅၀၀- ကျော်တိုင်အောင် အသက်ရှင်ရပ်တည်ခဲ့တဲ့

ဘာသာတရားတခုဖြစ်တယ်´ လို့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနိုင်ပါတယ်။

အိန္ဒိယတိုက်ကြီးတခုလုံး ဗုဒ္ဓဘာသာမြေအဖြစ်ကနေ ကျဆုံးသွားခဲ့တာကိုတောင်မှ ကျွန်တော်တို့မေ့ပြောက်ထားနိုင်ခဲ့ကြတဲ့ အထိ

သဘောထားကြီးတဲ့ ဘာသာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေဟာ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတွေကို

မွတ်ကျူးကျော်သူတွေ လက်ထဲထိုးအပ်ခဲ့ရပါတယ်။

အိန္ဒိယနဲ့ နီပေါတို့ကိုတော့ ဟိန္ဒူတွေရဲ့ လက်အောက်မှာ ကျရှုံးခဲ့ရပြီးပါပြီ။ အရှေ့အလည်ပိုင်းဒေသရဲ့ ဝေးလံတဲ့ အနောက်ဘက်ပိုင်း ဒေသတွေကိုလဲ

ညှိနှိုင်းလို့မရနိုင်တတ်တဲ့ မွတ်စလင်တွေလက်အောက် အရှုံးပေးခဲ့ရပြီးပါပြီ။

ဒီလိုဆုံးရှုံးမှုကြိးကြီးမားမားတွေ ကြုံခဲ့ရပြီးဖြစ်လို့ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွေဟာ နောက်ထပ်ဘယ်လောက်များများ

ထပ်မံဆုံးရှုံးဖို့ စောင့်နေရတော့မလဲ။ ဒီထက်ပိုပြီး အဆုံးရှုံးခံဖို့ မျှော်လင့်နေကြတာလား။

ဒီမေးခွန်းဟာ တိုးတက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြေဖို့လိုအပ်နေတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီလို သမိုင်းဝင် အကြမ်းဖက်မွတ်စလင်ကြူးကျော်သူတွေရဲ့ လက်အောက်ကနေ အသက်ဆက်ခဲ့ရပေမယ့် ဒီမထင်ရှားတဲ့ ဗုဒ္ဓဘာသာနယ်မြေတွေဟာ

ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ အကြမ်းဖက်မှုဆန်ဆန် စည်းရုံးမှုတွေကြောင့် သူတို့ရဲ့ လူမှုအဖွဲ့အစည်းတွေကို ဆုံးရှုံးနေရတဲ့ အနေထားတွေ

ဖြစ်နေပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီလို အလွန်စိတ်ဓာတ်ကျစရာ အရှိတရားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမိုင်းကြောင်းနဲ့ ချီပြီး ပြောရမယ်ဆိုရင်

ဗုဒ္ဓဘာသာတိုးတက်မှုဖြစ်စဉ်ရဲ့အင်အားဟာ သံဃအဖွဲ့စည်းပေါ်မှာ အခြေဆိုက်ပါတယ်။ ထေရ၀ါဒပဲဖြစ်ဖြစ်၊ မယာယနပဲဖြစ်ဖြစ်၊ တိဗက်တန်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊

ဘယ်အဖွဲ့စည်းမှားမဆို သံဃအဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် တစ်လျှောက်လုံး ဗုဒ္ဓဘာသာအဖွဲ့အစည်း တစ်ရပ်လုံးရဲ့ အဓိက ကြောရိုးအဖြစ်

တည်ရှိလာခဲ့ပါတယ်။

ဗုဒ္ဓဘာသာရဲ့ အောင်မြင်မှု့ကို သံဃအဖွဲ့အစည်းရဲ့ အင်အားနဲ့ မကြာခဏ တိုင်းတာသတ်မတ်လေ့ ရှိပါတယ်။

ဗုဒ္ဓသာကို အစဉ်အလာအားဖြင့် ကာကွယ်ထိန်းသိန်းစောင့်ရှောက်ခဲ့တဲ့ သူတွေဟာ ရဟန်းတော်တွေ၊ ဘိက္ခူနီတွေနဲ့ သီလရှင်တွေပဲ ဖြစ်ပါတယ်။

ယနေ့အချိန်ထိလဲ စောင့်ရှောက်နေကြဆဲပါပဲ။

သဘာဝအကျိုးဆက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ လမ်းညွန်မှုအတွက် သံဃအဖွဲ့စည်းကိုပဲ မှီခိုဖို့ အလားလားရှိပါတယ်။

ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ အဲဒီမှီခို အားထားမှု့တွေဟာ မှုန့်မှုန့်ညက်ညက် ပျက်စီးနေတဲ့ သွပ်ချာပါဒလိုက်မှုတွေကိုပဲ သယ်ဆောင်လာခဲ့ပါတယ်။

အထူးသဖြင့်တော့ ဘာသာရေးခေါင်းဆောင်ပိုင်းတွေမှာ သူတို့ရဲ့ စစ်မှန်မှုတွေ ပျောက်ဆုံးသွားတဲ့ အခါမျိုးမှာ၊

အကျင့်စာရိတ္တစံနှုန်းလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင့်အတန်းတွေ လျော့ပါးလာတဲ့ အခါမျိုးမှာ မေတ္တာ ကရုဏာနဲ့ ပညာတွေ အားနဲ့လာတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတိုင်းမှာ ရှိတဲ့ ဗုဒ္ဓသံဃာ့အဖွဲ့စည်းတွေဟာ ဘာသာကူးပြောင်းသူတွေကို ဆွဲဆောင်ဖို့ နောက်လိုက်ပုဂ္ဂိုလ်တွေကို

ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လုံလောက်တဲ့ ဆက်ဆံမှုမျိုးတွေ မရှိခဲ့ပါဘူး။

အချို့ရဟန်းတွေဟာ သူတို့ကောင်းစားရေး၊ သူတို့တိုးတက်ကြီးပွါးရေးအတွက် အလုပ်တွေရှုပ်နေကြပါတယ်။

အချို့ရဟန်းတော်တွေခမျာမှာတော့ ခေတ်ပေါ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းဖို့ လေ့ကျင့်သင်ကြားပေးမှုတွေမရှိ ဖြစ်နေပါတယ်။

အဲဒီ အချို့ရဟန်းတွေဟာ သူတို့ရဲ့ဝန်းကျင်လေးအတွင်းမှာ အာဏာတွေ အဆင့်အတန်းတွေ တိုးတက်ဖို့ ဖိုက်တင်ချနေကြပါတယ်။

အဲဒီလို မသတီစရာ အပြုမူတွေဟာ ကြီးမားတဲ့ ဟာကွက်ကြီးတွေ ဖြစ်စေခဲ့ပါတယ်။

ဗုဒ္ဓဘာသာ စက်ဝိုင်းအတွင်းမှာ ဘာသာရေးခေါင်းဆောင်မှု၊ သစ်လွင်တဲ့ လူမှုရေးခေါင်းဆောင်မှု နဲ့ တိုးတက်မှုအလားလာတွေကို

မျက်ကွယ်ပြုမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ခရစ်ယာန် စည်းရုံးရေး သမားတွေက သံဃာနဲ့ ဒါယကာ ဒါယိကာမများရဲ့ လစ်ဟာနေတဲ့ ဒီကွက်လပ်ကြီးကို

အလျင်အမြန်ပဲ ဖြည့်ဆည်းပေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့

ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာအစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားစေ နိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။

မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။

ဗုဒ္ဓဘာသာ သမိုင်းမှာ တခါမှမရှိဘူးသေးတဲ့ ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။

ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ်လမ်းကိုလျှောက်၊ ကိုယ့်အားကိုယ် ကိုး´ ဆိုပြီးထားရစ်ခဲ့ကြပါတယ်။

ဥပေက္ခာ တရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

အရှင်ဝရသာမိ

လေးစားလျက်


င်္Forward Mail မှ ပြန်လည်မျှဝေပါသည်..


Wednesday, January 19, 2011

မှတ်မှတ်ရရ 22222


ဘာရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကြည့် ၊ ကိုယ့်ဘာသာ ပီတိဖြစ်မိလို့.. အမှတ်တရပေါ့..

ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်ဆိုတော့ မှတ်ထားလိုက်တာပါ။


သြော... မေ့နေ့လိုက်တာ... ဒီနေ့ အမေများနေ့ပဲ။

မွေးဖွားလာစကတည်းက ရင်မှဖြစ်သော သွေးကို မေတ္တာစွမ်းဖြင့် နို့ချို အဖြစ် တိုက်ကျွေးခဲ့သောအမေ။ မှက်၊ခြင်၊ယင် ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပြီး ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်မှ ယနေ့အထိ ကျွန်တော့အပေါ် မေတ္တာတရားကြီးမားခဲ့သော အမေ။ အမေ့ကို သတိရလိုက်တာ.။ အမေ နေကောင်းရဲ့လား။
အမေ့ရင်ခွင် ခေါင်းဝင် ချွဲနွဲ့လိုက်ချင်သော်လည်း အဝေးမှာနေ ဆွေးနေသူမို့... အမေ ဂရုစိုက်ပါအမေ။ မေ့တတ်လွန်းသူတွေအတွက် မမေ့အောင်များ သတ်မှတ်ပေးထားသလားတော့ မသိပါဘူးအမေ.။ ကျွန်တော်ကတော့ အမေ့ကို နေ့စဉ် သတိရနေသူမို့ အမေနေ့ဆိုတာကြီးမှတ်မထားမိပါဘူး အမေ။အမေဆိုတာ ၃၆၅ ရက်မှာမှ တစ်ရက်လောက် သတိရသင့်တာမျိုးမှ မဟုတ်ပဲ အမေ။ အမေ ပြုစုခဲ့လို့ ကိုယ်လက်အင်္ဂါ အကောင်းအတိုင်း လူဘ၀မှာ ရပ်တည်နေနိုင်တာအမေ။ အမေပြုစု ခဲ့လို့ အခုထိတိုင် ရှင်သန်ဆဲပဲအမေ...။ ဘ၀ခါးကို ချိုမြိန်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဝေးမှာ ၀မ်းကျောင်းနေရပေမယ့် အမေ့ရင်ခွင် ခေါင်းဝှေ့ဝင်ဖို့ မျှော်မှန်းလျှက်ပါအမေ။ ဒီနေ့ ရေဒီယို နားထောင်နေရင်း ဘဘ ဦးသုခရဲ့ ဟောပြောနေတာလေး ကြားလိုက်ရတယ် “အမေ... အမေဟာ ကျွန်တော့်ရှေ့မှာ ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ အမေဟာ အမေပါပဲ အမေ” တဲ့...။ ကဲ နှလုံးသားကို တွန်းတိုက်လွန်းတဲ့ စကား။ အမေရော သားကိုလွမ်းနေမလား။ သားကျန်းမာလျှက်ပဲ အမေ.. အမေလဲ ကျန်းမာရေးကို ဂရုစိုက်ပါ။ အခွင့်ရတာနဲ့ အမေရင်ခွင် ပြေးဝင်နိုင်ဖို့ မျှော်လင့်နေဆဲပါအမေ။ ဘယ်သူတွေများ ဘာတွေပြောနေကြသလဲလို့ သားခြေရှုပ်နေတဲ့ ရပ်ကွက်ထဲ မွှေနောက်မိတော့လဲ ထူးထူးခြားခြား မတွေ့ရဘူး အမေ။ ဒီနေ့ အမေနေ့ဆိုတာ ဟုတ်ရဲ့လား။ သေချာပါတယ် ဒီနေ့ဟာ အမေကို သတိရနေတယ်.. အသက်ရှူနေသေးတယ် ဆိုတော့ ဒီနေ့အမေနေပေါ့အမေ။ နေရာအသီးသီးမှာ ကိုယ်စီသတ်မှတ်ထားတဲ့ အမေနေ့များထဲမှ၊ အမေ့ကို သတိရနေသော နေ့များထဲမှ အမေနေ့ တစ်နေ့ပေါ့အမေ။


အမေ့ကိုလွမ်းသော
အဝေးရောက်သားမိုက်။


အကူအညီ ပေးကြပါဦး

၁၈--၀၁-၂၀၁၁ နေ့ နံနက်စောစောပိုင်း (၆-၀၀) က အောင်မင်္ဂလာ
အဝေးပြေးကားဂိတ်မှ မြောက်ဒဂုံ ဘေလီတံတားထိပ် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
သို့ လိုက်ပါ ပို့ဆောင်သော တက္ကစီကား အဖြူရောင်ပေါ်တွင် ပစ္စည်းများ
မေ့ကျန်ရစ်ခဲ့ပါသည်။ အလွန်အရေးကြီးသောကြောင့် တွေ့ရှိပါက
ပြန်လည်အကြောင်းကြား ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
(အထူး ကျေးဇူးဆပ်ပါမည်။)
ပါဝင်သောပစ္စည်းများ
၁။ အနက်ရောင်အိပ် ထိုထဲတွင်
၂။ နိုင်ငံကူး ပတ်စပို့----------၉၈၉၂၁၈
၃။ သာသနာဝင်မှတ်ပုံတင်---၉/မဟမ(သ)
၀၀၂၃၉၃
၎။ အမေရိကန် ဗီဇာဝင်ရန်နှင့် ကျောင်းတက်ရန် အရေးကြီးသော စာရွက်စာတမ်းများ
၅။ အိပ်ဆောင်ကွန်ပြူတာအနီရောင် Dell
၆။ အမေရိကန်ဒေါ်လာ ၅၀၀
၇။ မြန်မာကျပ်ငွေ ၂၀၀၀၀၀ (နှစ်သိန်း)
ပျောက်ဆုံးသူ အရှင်သုစိတ္တသည် အမေရိကန်နိုင်ငံတွင် ပညာသင်သွားရန် ရက်
နီးကပ်နေပါသောကြောင့် အမြန်ဆုံးဆက်သွယ် ပေးပါရန် ထပ်လောင်းပြီး
မေတ္တာရပ်ခံပါသည်။
ဆက်သွယ်ရန်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
မြောက်ဒဂုံ၊ ဘေလီတံတားထိပ်၊ ပင်လုံလမ်း
ဖုန်း-၀၁-၅၈၁၇၇၇။ ၀၁-၅၈၁၉၉၉
ကျေးဇူးပြု၍ ကော်ပီကူးပြီး လက်လှမ်းမီသလောက် မျှဝေပေးစေလိုပါသည်။
ကုသိုလ်ယူလိုက်ကြပါကုန်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
friends ကိုဖြန့်ပေးပါ

၉၀% သော ယောက်ျားများ/မိန်းမများ

၉၀% သော ယောက်ျားများ

၉၀% သော ယောက်ျားများဟာ ဇနီးတွေနဲ့အတူ ဈေးမထွက် ၀ယ်ချင်ကြဘူး။
၉၀%က သွားဝယ်ဖြစ်ရင်လည်း မိန်းမတို့ရဲ့ စေခိုင်းမှုကြောင့်ဖြစ်တယ်။

၉၀% သော ယောက်ျားများဟာ ယောက္ခမအိမ်ကို အလည်အပတ် မသွားချင်ကြဘူး။
၉၀%က သွားဖြစ်ရင်လည်း ဇနီးကို မျက်နှာသာ ပေးခြင်းတာဖြစ်တယ်။

၉၀% သော ယောက်ျားများဟာ သူဌေးအိပ်မက်ကို မက်တတ်ကြတယ်။ ချမ်းသာရင်
သားသမီးကလွဲလို့ အရာအားလုံးကို လဲပစ်ချင်ကြတယ်။ ဒါပေမဲ့ ၉၀% က ဘယ်မှ မလဲဖြစ် ကြဘူး။

၉၀% သော ယောက်ျားများဟာ မိန်းကလေးတွေနား ချည်းကပ်ပြီး ကိုယ့်ရဲ့
ကောင်းတဲ့ အပြုအမှုနဲ့ မိန်းကလေးတွေကို စောင့်ရှောက်ရဖို့
မျှော်လင့်တတ်ကြတယ်။ ဒါပေမဲ့ ၉၀% က မျှော်လင့်ချက် မပြည့်ခဲ့ကြဘူး။

၉၀% သော ယောက်ျားများဟာ တဏှာနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ကြတယ်။ ဒါပေမဲ့
၉၀%က သူတို့ စိတ်ကူးယဉ်တဲ့ အထဲမှာ အိမ်က မိန်းမ ပါမနေဘူး။

၉၀% သော ယောက်ျားများဟာ ကိုယ်လုပ်သမျှ အကောင်းချည်းလို့ ထင်ကြပေမဲ့
၉၀%က မိန်းမတွေရဲ့ အပြစ်ပြောတာကို ခံရတယ်။

၉၀% သော ယောက်ျားများဟာ မိန်းမကို ပစိပစပ်များတယ်လို့ ထင်ကြပေမဲ့
၉၀%က အဲဒီ ပစိပစပ်ကိုပဲ နားထောင်နေရတယ်။

၉၀% သော ယောက်ျားများဟာ ကိုယ့်ရဲ့ အားနည်းချက်ကို သိတယ်။
ဒါပေမဲ့ ၉၀%က ပြုပြင်လို့ မရခဲ့ဘူး။

၉၀% သော ယောက်ျားများဟာ မိန်းမလှလေးကို မြင်ရင် ၉၀%က သူဘယ်သူနဲ့
ဖြစ်နေလဲ။ ငါ မရလိုက်တာ နာသကွာဟု တွေးတတ်ကြသည်။

ပေါ့ပေါ့ပါးပါးပါပဲ... ဖတ်ဖူးတာလေးပါ


ယောက်ျားနှင့် မိန်းမ


၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေးတယ်ဆိုသော်ငြားလည်း
မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ
သိရတယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့
ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင်တတ်ကြသည်။

၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့
ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body
language) ကို နားလည်တဲ့ အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို
ကိုယ်အမှုအရာတွေနဲ့ လှည့်စားလို့ရတယ်။

၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ
စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့်
ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ် များတယ်လို့ ထင်ကြတယ်။

၎) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာ
စိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ်
ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို နားထောင်ပေးမယ့်လူ
ရှိဖို့ပါပဲ။

၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကို
စာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ
လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာ မရှိအောင် စာတွေ အများကြီးပါတဲ့
ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။

၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့
လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ
မလုံလောက်လို့။

Tuesday, January 18, 2011

ခတ်မှီလာသောအင်ဂျလီနာညိုမီ

" အင်တာနတ်မင်းကြီး " မ " ပါ > > ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာ ၊ ကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ "သုနက္ခ" ပေါ့ဟာ ၊ ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်… ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ် ။နောက်ပြီး ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊ အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ ၊ကြား မကြားဖူးပါဘူး ၊ နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ် ….အဟုတ်ပြောတာ ။ ။ > > > ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ " ကျေးမစေ ၊ စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် " လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊ အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ "အင်ဂျလီနာ ညိုမီ" ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ "မ" ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။ > > > ရွှေမိရယ် နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က"တို"သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ "ရှည်"လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။ ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….၀က်ဆိုဒ် ဆိုလား ၀က်ဆိုင်ဆိုလားဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုဖိုးသောင်း ၀က်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ > > > ပြီးတော့ ကျန်ပါသေးတယ် ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်
ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမ္ဘာကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။ > > > ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် "တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။ "ပုထုဇန္နော ဥမ္မာတကော" တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် "ဒကာလေးကအပူ ရှာနေတာကိုး "တဲ့ ၊ ကျုပ်ကလည်း"တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား"လို့ မပြောတော့ပါဘူး ရွှေမိရယ် သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ "ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော"ဆိုတဲ့ ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ ၊ အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်….။ > > > ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊ ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ် "လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး "တဲ့ ၊ ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊ ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို " ကောင်းကင်တမွတ် ကြယ်ကိုဆွတ် " မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့ ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ > > > ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘ၀က ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု ၀င်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင် ၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊ ဈးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့ နင့်အမေရဲ့ စေတနာ ၊ မေတ္တာ ၊ ဂုဏ်သတင်းတွေ ကိုမက်လို့လည်း နင့်ကိုကျုပ်ချစ်ခဲ့တာ မဟုတ်ပါဘူး ရွှေမိရယ် ။ > > > သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့ ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ > > > နောက်ပြီး နင့်အစ်ကို ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့ ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ > > > ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့ ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ် ၀စ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်……… ။ > > > ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ " တူနှစ်ကိုယ် တဲအိုပျက်မှာနေရ "ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့ အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ် ။ နင့်ကိုကျုပ်ပြောဖူးပါတယ် "အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ"လို့ ၊ လောကဓံရှစ်ပါးကို နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ > > > ကိုင်း အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း ၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က ( Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမ္ဘာ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့ ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ > > နင့်ကိုခေတ်မှီအောင် ချစ်ချင်တဲ့ ကိုရင်ညိန်း ( ကမ္ဘာ့ရွာတောင်ပိုင်း ဘုန်းကြီးကျောင်း )

ရှင်း

Monday, January 17, 2011

(ပေးစား-၇) လောကအမှိုက် နောက်ဆက်တွဲ


ကိုဒေါ်လာစားရှင် ဒီရက်ပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် တွေကပဲ အနန္ဒငါးပါးဝင် သံဃာတစ်ပါးကို လူမဆန်စွာ ဝေဖန်ထားကြ၊ ဆဲဆိုကျိန်းမောင်းထားကြတာတွေ တွေ့နေရတာ အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ဘုန်းဘုန်းရဲ့ မကောင်းကြောင်းတွေကို ကိုယ်တိုင်တိတိကျကျ မသိကြပဲနဲ့ တစ်ဆင့်စကား တဆင့်နားနဲ့ ရလာတဲ့ သတင်းကို နိုင်ငံရေး ဘလော့တွေက တင်ထားကြတာ အများကြီးပဲ ရှိနေတယ် ဆိုတာ သိရလို့ ရင်လေးမိပါတယ်။

စိတ်ဓာတ်မြှင့်တင်ရေး သင်ခန်းစာ ပို့ချနေသော သံင်္ဃာတစ်ပါး

အားလုံး အထင်မှားနေကြလို့ Myanmar Express ကတဆင့် ပြန်လည်ဖြန့်ဝေပေးဖို့တောင်းဆိုပါတယ်။ ဘုန်းဘုန်းက အားလုံးအထင်မှားနေသလို မဟုတ်ပါဘူး။ အဲ့လိုစိတ်ဓာတ် လုံးဝ လုံးဝ မရှိပါဘူး။ လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးတာပါ။ ဘုန်းကြီး ပါးစပ်က သာဓု ဆိုတာပဲ ထွက်ရမယ်လို့ ဘယ်ဥပဒေက ပြဌာန်းထားလို့လဲ။ လက်ခုပ်တီးတယ်ဆိုတာ အားပေးတာပါ။

သူတို့ ဟောပြောပွဲတွေ တက်ဘူးကြမှာပါ။ အဲ့ဒီမှာ ကြိုက်တဲ့ စကားစုပါရင် ဘာလုပ်သလဲ။ ယူတို့ လက်ခုပ်တီးတယ်လေ။ ဒီသဘောပါပဲ။ တချို့လူငယ်တွေ လေနေတတ်လို့ ဘုန်းဘုန်းက ထိန်းသိမ်းပေးတဲ့သဘောပါပဲ။ သူငယ်ချင်းတို့ မသိရင်လဲ သေချာအောင် စုံစမ်းပြီး ပြောကြပါ။

ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက် လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့ စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။

သင်တန်းသားဦးရေ တိုးပွားဖို့ဆိုတာက စိတ်ကောင်းနဲ့ပြောတာပါ။ သင်တန်းသားတိုးပွားဖို့ အဓိက မဟုတ်ပါဘူး။ စိတ်ဓာတ်ကိုသင်ပေးချင်လို့ပါ။ ဗုဒ္ဓဘာသာညှိုးနွမ်းအောင် အပြုအမူ ဘာမှ မရှိပါဘူး။ သေချာလိုက်ကြည့်ပြီး ပြောနိုင်ပါတယ်။ ဒါပေမဲ့ မသေချာပဲ စော်ကားတာတော့ မကောင်းပါဘူး။

ဗုဒ္ဓဘာသာ ညှိုးနွမ်းအောင် ဘယ်လိုအပြုအမူကများ လုပ်ဆောင်နေလို့လဲ ဆိုတာကို သူတို့တွေကို မေးကြည့်ချင်ပါတယ်။ တရားပွဲမှာ စကားပြောတာလည်း မဟုတ်ပါဘူး။ သင်တန်းချိန်မှာ သင်တန်းပို့ချတာပါ။ စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းဖြစ်လို့ ဘာမှာ ချုပ်ချယ်မထားပဲ ပေါ့ပေါ့ပါးပါး ဆက်ဆံခိုင်းတဲ့ သဘောပဲရှိပါတယ်။ ပြည်သူတွေကို အကျိုးပြုဖို့ တကယ် အဓိပ္ပါယ်ရှိတာကို လက်တွေ့လုပ်ဆောင်ပြနေတာပါ။ အဓိပ္ပါယ်မရှိ လမ်းပေါ်ထွက်ပြီး အမျိုးသမီးဓာတ်ပုံကိုင် ဆန္ဒပြနေတာမဟုတ်သလို အမျိုးသမီးပုံကို ထိုင်ကန်တော့နေကြတာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ရှိခိုးနေသော သီရိလင်္ကာမှ ဘုန်းကြီးများ


အမျိုးသမီးတစ်ဦး ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသော ဘုန်းကြီးတစ်ပါး

ခု ဘုန်းဘုန်းက ပြည်တွင်းမှာပါ။ သံဃာတော်တွေကန့်ကွက်ရင် (စိတ်အနှောင့်အယှက်) ဖြစ်ရင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းက အရေးယူမှာပေါ့။ အခု ဒီအတိုင်းလွှတ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကို မထိခိုက်လို့ပေါ့။ မြို့ခံတစ်ဦးကလဲ သူ့ကို ဘာတွေထိခိုက်နေလို့လဲ ။ သူ့အကျိုးယုတ်အောင် ဘာများလုပ်ခဲ့လဲ လို့ ပြန်မေးကြည့်နိုင်ပါတယ်။ ကြည့်ရတာ အတော်ဆိုးတယ်ဆိုတော့ သူသွားကြည့်နေလို့ပေါ့။

ဘယ်အရာမဆို အကောင်းမြင်တဲ့ လူရှိသလို အကောင်းမမြင်တဲ့သူတွေရှိတာ လူ့သဘာဝပါပဲ ။ အဲ့လို လုပ်ရပ်မျိုးလုံဝရှိမှာ မဟုတ်ပါဘူး။ တို့ ဘာလို့သိလဲဆိုတော့ တို့က ဘုန်းဘုန်းစေတနာကိုနားလည်လို့ပါ။ ခြေပြတ် နေသူတို့ လက်ပြတ်နေသူတို့တောင် စိတ်ဓာတ်မကျဘဲ ဘ၀ကိုရင်ဆိုင်ဖြတ်သန်းနေကြတာ တို့တတွေက ကိုယ်အဂါင်္အစုံအလင်နဲ့ စိတ်ဓာတ်ကျစရာမလိုဘူးဆိုတဲ့ သဘောတရားကိုပြောပြပေးတာပါ။ သက်သေသာဓကနဲ့ကို ပြောပြတာပါ။ နိုင်ငံခြားမှာလဲ ကိုယ်တပိုင်းပြတ်နေသူက သူတောင် စိတ်ဓာတ်မကျဘဲ ဘ၀ကိုဖြတ်သန်းနေတဲ့အကြောင်း ဟောပြောပွဲတွေလုပ်နေတဲ့အကြောင်း သူငယ်ချင်းတွေ သိကြမှာပါ။

စကားတခွန်းဆိုတာ စောင့်ထိန်း သင့်တဲ့အရာပါ။ ကိုယ်မပြောခင် ဘယ်လိုအရာက ဘယ်လိုဆိုတာ သိစေချင်တယ်။


သင်တန်းကြော်ညာ

ဒီသင်တန်းက စည်းရုံးရေးဆင်းနေတဲ့ သင်တန်းတစ်ခုပါ။ သူနဲ့ ဆင်တူရိုးမှား သင်တန်းတစ်ခုရှိပါသေးတယ်။ ၂ခုလုံးက mind power နဲတဲ့သူတွေ အလာများတယ်။ ပြီးတော့ ရုံးဝန်ထမ်းတွေ။ အလုပ်အဆင်မပြေတဲ့သူတွေ လာတက်ကြတယ်။ ဒီလိုသင်တန်းမျိုးက ရှိတာတော့ ရှိသင့်ပါတယ်။ ဆိုးတာက ဘုန်းကြီးတွေ ပါနေလို့ပါ။ ဘုန်းကြီးကလည်း တစ်ပါးထဲပါ။ စိတ်ပေါ့ပါးစေတဲ့ သင်တန်းဖြစ်လို့ ဘုန်းကြီးနဲ့ လူတို့ကြားမှာ အဆောင်အယောင်တွေ ဖယ်ထားပြီး ဘုန်းကြီးက လွတ်လွတ်လပ်လပ် ဆက်ဆံစေတဲ့ သဘောပါ။ ကျန်တာတွေက လူတွေချည်းပါပဲ။

ဘုန်းကြီးကလဲ အမည်ခံတွေပါ။ သင်တန်းကြော်ငြာမှာ ဘုန်းကြီးအကြောင်းကို နံမည်ကြီး နိုင်ငံခြားပြန်ဆရာကြီးမှ ပို့ချပေးမယ် ဆိုပြီး ပြောထားပါတယ်။ ဒါပေမယ့် ခုမှ အဲ့ဆရာကြီးဆိုတာက ဘုန်းကြိးဖြစ်နေမှန်း သိရတာပါ။ သူက သင်တန်းတက်ပြီးရင် အလုပ်ရှာပေးတယ်။ အဲ့ဒါလေးနဲ့ ဆွဲဆောင်ထားတဲ့ သဘောပေါ့။

စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းဆိုပီး နောက်တနေရာမှာ ဖွင့်ထားတာ ရှိပါသေးတယ်။ ဒါပေမယ့် သူ့လို အဆိပ်မထုတ်ခိုင်းပါဘူး ရှူရှိုက် ကိုပဲ အဓိက ထားလုပ်ရတာတဲ့ သင်ပေးတာတော့ လူတွေချည်းပါပဲ။ အဲ့ဒါက လူတိုင်းမသိသေးပါဘူး။ ဆင်တူယိုးမှားပီး ဘုန်းကြိးဆီရောက်ကုန်တာပါ။ ပြီးတော့ သူက stress ကို လျှော့နည်းတွေ အလေးထားပိး သင်တာ။ သင်တန်းကာလကတော့ ၁၀ ရက်ပါပဲ။ ညနေ ရုံးဆင်းချိန် ၂ နာရီလောက်ပဲ သင်တယ်။ ပါ့ပေါ့ပါးပါးနဲ့ brain wash ကိုယ်တိုင် လုပ်တတ်သွားအောင် အစလုပ်ပေးလိုက်တဲ့သဘောပါ။ ၁၀ ရက်ပြည့်သွားတော့ ကိုယ့်ဟာကိုယ် လုပ်တတ်သွားတဲ့ ပုံစံမျိုး။ ဒါပေမယ့် စည်းကမ်းတော့ တော်တော်တင်းကျပ်ထားတယ် စကားပြောခွင့်မပေးဘူး။ ဒီတော့ လူတော်တော်များများက ဘုန်းကြီး ရှိတဲ့ သင်တန်းကို သွားကြပါတယ်။

ဘုန်းကြီးကလည်း စိတ်ဓာတ်ကျနေတဲ့ လူသားတွေကို ကူညီတဲ့ သဘောပါ။ တရားပွဲမှာ ကခိုင်းတာလည်းမဟုတ်သလို၊ မှားယွင်းတဲ့ ဘာသာတွေ ထည့်ပေးနေတာလဲ မဟုတ်ပါဘူး။


သင်တန်းပို့ချနေသော ဘုန်းဘုန်း

ခု ကျမ ပြောတာတွေအားလုံးက ကိုယ်တိုင် တကယ်တက်ဖူးလို့ သိလို့ ပြောတာတွေချည်းပါ။ အကောင်းမြင်စိတ်လေးထားပေးပါ။ သာသနာဖျက်ဆီးဖို့ ရောက်လာတာလုံးဝမဟုတ်ပါဘူး။

ဘယ်အရာမဆို တစ်ခုရပြီး တစ်ခု ဆုံးရှုံးရတာ ဓမ္မတာပါပဲ။ လူငယ်တွေကို စိတ်ဓာတ်မြှင့်ပေးချင်တဲ့စိတ်နဲ့ ဘုန်းကြီးဖြစ်ရက်နဲ့ လောကီကိစ္စတွေဝင်ပါရတာပါ။ လမ်းထွက်ပြီး အလံကို ချနင်းနေတဲ့ ဘုန်းကြီးတွေထက်တော့ သာပါတယ်။ အဲ့လိုဘုန်းကြီးတွေကိုကျတော့ အားပေးပြီး ပြည်သူတွေအကျိုးရှိအောင် လက်တွေ့လုပ်နေတဲ့ ဘုန်းဘုန်းကို ဘာလို့ စွပ်စွပ်စွဲစွဲလျှောက်ပြောနေကြတာပါလဲ။


နိုင်ငံတော် အလံကို မီးရှို့ချနင်းနေသော အိန္ဒိယမှ ဘုန်းကြီးတစ်ပါး

သာသနာကို ထိခိုက်တဲ့ လုပ်ရပ်မျိုး လုံးဝမပါပါဘူး။ တို့လဲ စိတ်ဝင်စားလို့ လေ့လာကြည့်ရာကနေ သိထားတာလေးပါ။ က တယ်ဆိုတာက စိတ်ကို relax ဖြစ်အောင်ပါ။ ဗမာ အက လိုမျိုး အင်္ဂလိပ် dance လိုမျိုးတွေ မဟုတ်ပါဘူး။ တို့ လူတွေ ယောဂ ကျင့်ကြသလိုပါ။ ဘယ်လိုမျိုးလေးက ကိုယ်ခန္ဓာအတွက် ကောင်းတယ်ဆိုရင် တို့တတွေလိုက်လုပ်ကြသလိုပေါ့။ အခုလဲ ဘယ်လို position လေးက ကိုယ့်စိတ်ကို relax ဖြစ်စေမယ် ဆိုတဲ့ပုံမျိုးလေးပါ။

တရားထိုင်ခိုင်းပါသေးတယ်။ စိတ်ကို relax ဖြစ်အောင်ဆိုပြီး။ နောက်တစ်ခုက လူ့ပတ်ဝန်းကျင်မှာ နေရင် ဘယ်လို နေရမယ်။ စိတ်သဘောဘယ်လိုထားရမယ်။ ဘယ်သူ့ကိုမဆို လေးစားမှုရှိရမယ်။ ကျေးဇူးတင်တတ်ရမယ်။ ကိုယ့်ကိုတောင် ချီးကျူးရင် ကိုယ်ကြိုက်သေးတာပဲမဟုတ်လား။ ဒီလိုပဲ သူများကိုလဲ ချီးကျူးတတ်ရမယ်။ ကိုယ်သိတဲ့ သူနဲ့ တွေ့ရင် မင်္ဂလာပါလို့ နှုတ်ဆက်ရမယ် အစရှိတဲ့ လူမှုဆက်ဆံရေးမှာ မလုပ်မဖြစ်အချက်ကလေးတွေ ပြောပြပြီးသက်သေသာဓကလေးတွေနဲ့ သက်သေပြတာပါ။

အားလုံးပဲ မယုံဘူးဆိုရင် ကိုယ်တိုင်သင်တန်းကို သွားလေ့လာကြည့်ပါ။ သင်တန်းတက်တဲ့သူတွေအားလုံးထဲမှာ လူမျိုးစုံပါနိုင်ပါတယ်။ ထောက်လှမ်းရေးတွေတောင် လာပြီး တက်ကြပါသေးတယ်။ ဘာမှ မဖြစ်လို့ ဒီအတိုင်းလွှတ်ထားတာပါ။ နောက်တစ်ခုက ဒီသင်တန်းကို ဖွင့်တာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့သော 2010 ခုနှစ် နှစ်ဦးပိုင်းကတည်းကပါ။ Asia plaza မှာ ဖွင့်တာပါ။ သင်တန်းသူ/သား များ အများကြီးပါ။ ဘုန်းဘုန်း စေတနာကို သိလို့ လာတက်ကြတာပါ။ ကျန်တာတော့ အဆင်ပြေသလိုသာ မြင်ကြပါတော့။ အခု တို့ပြောနေတာတွေက ဘုန်းဘုန်းဘက်ကပြောနေတာ တစ်ခုမှ မပါပါဘူး။ အမြင်မှားနေမှာစိုးလို့ ၊ ဆင်ခြင်နိုင်ကြစေဖို့ တို့ ပြောပြနေရခြင်းပါ။ တကယ်အကျိုးရှိတဲ့ အလုပ်လုပ်နေတဲ့ ဘုန်းကြီးနဲ့ အကျိုးမရှိတာတွေကို လုပ်နေတဲ့ ဘုန်းကြီးတွေကို ခွဲတတ်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

သင်တန်းအကြောင်း ကိုယ်တိုင်လေ့လာ၊ မေးမြန်းချင်ရင်တော့

အမှတ် (၄၂၉) ၊ ပထမထပ် ၊ ကုန်သည်လမ်း နှင့် သိမ်ဖြူလမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း။ ။ 09 52 30522, 01 201452 ကိုဆက်သွယ်ပြီးတက်ရောက်နိုင်ပါသည်။

http://numberonesociology.com/activities.htm

မူရင်းလင့်ခ်နေရာ http://myanmarexpress.blogspot.com/2011/01/blog-post_15.html ကဲကဲ အဲဒီနေရာက စာဖတ်သူတွေက ဘယ်လိုတွေ ဝေဖန်ထောက်ပြလဲ ဆိုတာလဲ အတော် စဉ်းစားစရာတွေပဲဗျိုး။