
သူမသည် ယခုကဲ့သို့ သူမ၏သားလေးအား ဤကဲ့သို့တစ်ယောက်တည်း ထားခဲ့သည်မှာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း၊ သူမ၏ကလေးသည် တစ်ယောက်ထဲ ရေဆော့ရတာ ကြိုက်ကြောင်း၊ သူမ computer သုံးနေစဉ် သူမ၏ သားလေး ရေဆော့သံအား ကြားနေခဲ့ရကြောင်း၊ သူမသည် ကလေးအား တွင် Facebook တွင်game မဆော့မီ တစ်ခါသွားကြည့်ခဲ့သေးကြောင်း၊ ၁၀မိနစ်အကြာတွင် တစ်ဖက်ခန်းမှ ဘာသံမှမကြားရ သောကြောင့် သူမသွားကြည့်သောအခါ ကလေးမှာမျောနေပြီဖြစ်သောကြောင့် သူမ 911 ခေါ်လိုက်ရကြောင်း ရဲအရာရှိများအား ပြောကြားခဲ့ပါသည်။ ကလေးသည် ဆေးရုံသို့ ရောက်ပြီး မကြာမီ သေဆုံးသွားခဲ့သည်။ ရှမ်နော် ဂျွန်ဆန် သည် စက်တင်ဘာလ ၂၀ရက်နေ့က ရေချိုးဇလုံတွင် သူမ၏ ၁၃လသားကလေး ရေနစ်သေဆုံးမှုနှင့် ပါတ်သက်၍ ထောင်ဒဏ် အနှစ်၅၀နီးပါး ကျနိင်သည်ဟု ယနေ့သိရှိရပါသည်။
(မြန်မာသတင်းရပ်ဝန်း)သတင်းပို့ စ်ကိုပြန်လည်ဖော်ပြသည်
မင်းချစ်သူ၈၈၈၈
3 comments:
အဲ.......ဖြစ်ရမယ်....။အမေလုပ်သူကိုလည်း အပြစ်တော့
မတင်ရက်ပါဘူးလေ...။ထားနေကျလည်းဖြစ်၊ဘယ်အမေ
ကရော ဖြစ်သွားစေချင်မှာတဲ့လဲ...။ကလေး လေးကိုပဲ
သနားပါတယ်...။
ကျမကတော့ အမေကို အပြစ်တင်ချင်တာပဲ။
ဖေ့ဘွတ်ထဲမှာ ဂိမ်းဆော့နေတာနဲ့ ကိုယ့်ရင်သွေးလေးကို အဲလို ပစ်ထားရသလား။
ရေနစ်မသေတောင် အအေးမိပြီး နေထိုင်မကောင်း ဖြစ်နိုင်ပါတယ်။ ကလေး အိပ်နေချိန် ဂိမ်းဆော့တယ်ဆို ထားပါတော့။ ခုဟာက ရေချိုးခန်း ရေဇလုံထဲမှာဆိုတော့ အရမ်းအန္တရာယ်များတယ် ဆိုတာ ဦးနှောက်ရှိတဲ့ မိခင်တိုင်း သိသင့်တယ်။
သေပြီးမှ ငိုနေ နောင်တရမနေဘဲ မသေခင်က ကောင်းကောင်းပြုစု စောင့်ရှောက်သင့်ပါတယ်။
သူကတမင်သေစေချင်လို့ သတ်တာမဟုတ်တော့ ထောင်ဒဏ်မပေးသင့်ပါဘူး..သူ့ ခမျာ ကလေးသေရတဲ့အထဲ အပြစ်ပါဆိုတော့ ...နောက်လူတွေကတော့ ဆင်ခြင်သင့်တာပေါ့နော်
Post a Comment