Monday, January 17, 2011

(ပေးစား-၇) လောကအမှိုက် နောက်ဆက်တွဲ


ကိုဒေါ်လာစားရှင် ဒီရက်ပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် တွေကပဲ အနန္ဒငါးပါးဝင် သံဃာတစ်ပါးကို လူမဆန်စွာ ဝေဖန်ထားကြ၊ ဆဲဆိုကျိန်းမောင်းထားကြတာတွေ တွေ့နေရတာ အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ဘုန်းဘုန်းရဲ့ မကောင်းကြောင်းတွေကို ကိုယ်တိုင်တိတိကျကျ မသိကြပဲနဲ့ တစ်ဆင့်စကား တဆင့်နားနဲ့ ရလာတဲ့ သတင်းကို နိုင်ငံရေး ဘလော့တွေက တင်ထားကြတာ အများကြီးပဲ ရှိနေတယ် ဆိုတာ သိရလို့ ရင်လေးမိပါတယ်။

စိတ်ဓာတ်မြှင့်တင်ရေး သင်ခန်းစာ ပို့ချနေသော သံင်္ဃာတစ်ပါး

အားလုံး အထင်မှားနေကြလို့ Myanmar Express ကတဆင့် ပြန်လည်ဖြန့်ဝေပေးဖို့တောင်းဆိုပါတယ်။ ဘုန်းဘုန်းက အားလုံးအထင်မှားနေသလို မဟုတ်ပါဘူး။ အဲ့လိုစိတ်ဓာတ် လုံးဝ လုံးဝ မရှိပါဘူး။ လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးတာပါ။ ဘုန်းကြီး ပါးစပ်က သာဓု ဆိုတာပဲ ထွက်ရမယ်လို့ ဘယ်ဥပဒေက ပြဌာန်းထားလို့လဲ။ လက်ခုပ်တီးတယ်ဆိုတာ အားပေးတာပါ။

သူတို့ ဟောပြောပွဲတွေ တက်ဘူးကြမှာပါ။ အဲ့ဒီမှာ ကြိုက်တဲ့ စကားစုပါရင် ဘာလုပ်သလဲ။ ယူတို့ လက်ခုပ်တီးတယ်လေ။ ဒီသဘောပါပဲ။ တချို့လူငယ်တွေ လေနေတတ်လို့ ဘုန်းဘုန်းက ထိန်းသိမ်းပေးတဲ့သဘောပါပဲ။ သူငယ်ချင်းတို့ မသိရင်လဲ သေချာအောင် စုံစမ်းပြီး ပြောကြပါ။

ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက် လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့ စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။

သင်တန်းသားဦးရေ တိုးပွားဖို့ဆိုတာက စိတ်ကောင်းနဲ့ပြောတာပါ။ သင်တန်းသားတိုးပွားဖို့ အဓိက မဟုတ်ပါဘူး။ စိတ်ဓာတ်ကိုသင်ပေးချင်လို့ပါ။ ဗုဒ္ဓဘာသာညှိုးနွမ်းအောင် အပြုအမူ ဘာမှ မရှိပါဘူး။ သေချာလိုက်ကြည့်ပြီး ပြောနိုင်ပါတယ်။ ဒါပေမဲ့ မသေချာပဲ စော်ကားတာတော့ မကောင်းပါဘူး။

ဗုဒ္ဓဘာသာ ညှိုးနွမ်းအောင် ဘယ်လိုအပြုအမူကများ လုပ်ဆောင်နေလို့လဲ ဆိုတာကို သူတို့တွေကို မေးကြည့်ချင်ပါတယ်။ တရားပွဲမှာ စကားပြောတာလည်း မဟုတ်ပါဘူး။ သင်တန်းချိန်မှာ သင်တန်းပို့ချတာပါ။ စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းဖြစ်လို့ ဘာမှာ ချုပ်ချယ်မထားပဲ ပေါ့ပေါ့ပါးပါး ဆက်ဆံခိုင်းတဲ့ သဘောပဲရှိပါတယ်။ ပြည်သူတွေကို အကျိုးပြုဖို့ တကယ် အဓိပ္ပါယ်ရှိတာကို လက်တွေ့လုပ်ဆောင်ပြနေတာပါ။ အဓိပ္ပါယ်မရှိ လမ်းပေါ်ထွက်ပြီး အမျိုးသမီးဓာတ်ပုံကိုင် ဆန္ဒပြနေတာမဟုတ်သလို အမျိုးသမီးပုံကို ထိုင်ကန်တော့နေကြတာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ရှိခိုးနေသော သီရိလင်္ကာမှ ဘုန်းကြီးများ


အမျိုးသမီးတစ်ဦး ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသော ဘုန်းကြီးတစ်ပါး

ခု ဘုန်းဘုန်းက ပြည်တွင်းမှာပါ။ သံဃာတော်တွေကန့်ကွက်ရင် (စိတ်အနှောင့်အယှက်) ဖြစ်ရင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းက အရေးယူမှာပေါ့။ အခု ဒီအတိုင်းလွှတ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကို မထိခိုက်လို့ပေါ့။ မြို့ခံတစ်ဦးကလဲ သူ့ကို ဘာတွေထိခိုက်နေလို့လဲ ။ သူ့အကျိုးယုတ်အောင် ဘာများလုပ်ခဲ့လဲ လို့ ပြန်မေးကြည့်နိုင်ပါတယ်။ ကြည့်ရတာ အတော်ဆိုးတယ်ဆိုတော့ သူသွားကြည့်နေလို့ပေါ့။

ဘယ်အရာမဆို အကောင်းမြင်တဲ့ လူရှိသလို အကောင်းမမြင်တဲ့သူတွေရှိတာ လူ့သဘာဝပါပဲ ။ အဲ့လို လုပ်ရပ်မျိုးလုံဝရှိမှာ မဟုတ်ပါဘူး။ တို့ ဘာလို့သိလဲဆိုတော့ တို့က ဘုန်းဘုန်းစေတနာကိုနားလည်လို့ပါ။ ခြေပြတ် နေသူတို့ လက်ပြတ်နေသူတို့တောင် စိတ်ဓာတ်မကျဘဲ ဘ၀ကိုရင်ဆိုင်ဖြတ်သန်းနေကြတာ တို့တတွေက ကိုယ်အဂါင်္အစုံအလင်နဲ့ စိတ်ဓာတ်ကျစရာမလိုဘူးဆိုတဲ့ သဘောတရားကိုပြောပြပေးတာပါ။ သက်သေသာဓကနဲ့ကို ပြောပြတာပါ။ နိုင်ငံခြားမှာလဲ ကိုယ်တပိုင်းပြတ်နေသူက သူတောင် စိတ်ဓာတ်မကျဘဲ ဘ၀ကိုဖြတ်သန်းနေတဲ့အကြောင်း ဟောပြောပွဲတွေလုပ်နေတဲ့အကြောင်း သူငယ်ချင်းတွေ သိကြမှာပါ။

စကားတခွန်းဆိုတာ စောင့်ထိန်း သင့်တဲ့အရာပါ။ ကိုယ်မပြောခင် ဘယ်လိုအရာက ဘယ်လိုဆိုတာ သိစေချင်တယ်။


သင်တန်းကြော်ညာ

ဒီသင်တန်းက စည်းရုံးရေးဆင်းနေတဲ့ သင်တန်းတစ်ခုပါ။ သူနဲ့ ဆင်တူရိုးမှား သင်တန်းတစ်ခုရှိပါသေးတယ်။ ၂ခုလုံးက mind power နဲတဲ့သူတွေ အလာများတယ်။ ပြီးတော့ ရုံးဝန်ထမ်းတွေ။ အလုပ်အဆင်မပြေတဲ့သူတွေ လာတက်ကြတယ်။ ဒီလိုသင်တန်းမျိုးက ရှိတာတော့ ရှိသင့်ပါတယ်။ ဆိုးတာက ဘုန်းကြီးတွေ ပါနေလို့ပါ။ ဘုန်းကြီးကလည်း တစ်ပါးထဲပါ။ စိတ်ပေါ့ပါးစေတဲ့ သင်တန်းဖြစ်လို့ ဘုန်းကြီးနဲ့ လူတို့ကြားမှာ အဆောင်အယောင်တွေ ဖယ်ထားပြီး ဘုန်းကြီးက လွတ်လွတ်လပ်လပ် ဆက်ဆံစေတဲ့ သဘောပါ။ ကျန်တာတွေက လူတွေချည်းပါပဲ။

ဘုန်းကြီးကလဲ အမည်ခံတွေပါ။ သင်တန်းကြော်ငြာမှာ ဘုန်းကြီးအကြောင်းကို နံမည်ကြီး နိုင်ငံခြားပြန်ဆရာကြီးမှ ပို့ချပေးမယ် ဆိုပြီး ပြောထားပါတယ်။ ဒါပေမယ့် ခုမှ အဲ့ဆရာကြီးဆိုတာက ဘုန်းကြိးဖြစ်နေမှန်း သိရတာပါ။ သူက သင်တန်းတက်ပြီးရင် အလုပ်ရှာပေးတယ်။ အဲ့ဒါလေးနဲ့ ဆွဲဆောင်ထားတဲ့ သဘောပေါ့။

စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းဆိုပီး နောက်တနေရာမှာ ဖွင့်ထားတာ ရှိပါသေးတယ်။ ဒါပေမယ့် သူ့လို အဆိပ်မထုတ်ခိုင်းပါဘူး ရှူရှိုက် ကိုပဲ အဓိက ထားလုပ်ရတာတဲ့ သင်ပေးတာတော့ လူတွေချည်းပါပဲ။ အဲ့ဒါက လူတိုင်းမသိသေးပါဘူး။ ဆင်တူယိုးမှားပီး ဘုန်းကြိးဆီရောက်ကုန်တာပါ။ ပြီးတော့ သူက stress ကို လျှော့နည်းတွေ အလေးထားပိး သင်တာ။ သင်တန်းကာလကတော့ ၁၀ ရက်ပါပဲ။ ညနေ ရုံးဆင်းချိန် ၂ နာရီလောက်ပဲ သင်တယ်။ ပါ့ပေါ့ပါးပါးနဲ့ brain wash ကိုယ်တိုင် လုပ်တတ်သွားအောင် အစလုပ်ပေးလိုက်တဲ့သဘောပါ။ ၁၀ ရက်ပြည့်သွားတော့ ကိုယ့်ဟာကိုယ် လုပ်တတ်သွားတဲ့ ပုံစံမျိုး။ ဒါပေမယ့် စည်းကမ်းတော့ တော်တော်တင်းကျပ်ထားတယ် စကားပြောခွင့်မပေးဘူး။ ဒီတော့ လူတော်တော်များများက ဘုန်းကြီး ရှိတဲ့ သင်တန်းကို သွားကြပါတယ်။

ဘုန်းကြီးကလည်း စိတ်ဓာတ်ကျနေတဲ့ လူသားတွေကို ကူညီတဲ့ သဘောပါ။ တရားပွဲမှာ ကခိုင်းတာလည်းမဟုတ်သလို၊ မှားယွင်းတဲ့ ဘာသာတွေ ထည့်ပေးနေတာလဲ မဟုတ်ပါဘူး။


သင်တန်းပို့ချနေသော ဘုန်းဘုန်း

ခု ကျမ ပြောတာတွေအားလုံးက ကိုယ်တိုင် တကယ်တက်ဖူးလို့ သိလို့ ပြောတာတွေချည်းပါ။ အကောင်းမြင်စိတ်လေးထားပေးပါ။ သာသနာဖျက်ဆီးဖို့ ရောက်လာတာလုံးဝမဟုတ်ပါဘူး။

ဘယ်အရာမဆို တစ်ခုရပြီး တစ်ခု ဆုံးရှုံးရတာ ဓမ္မတာပါပဲ။ လူငယ်တွေကို စိတ်ဓာတ်မြှင့်ပေးချင်တဲ့စိတ်နဲ့ ဘုန်းကြီးဖြစ်ရက်နဲ့ လောကီကိစ္စတွေဝင်ပါရတာပါ။ လမ်းထွက်ပြီး အလံကို ချနင်းနေတဲ့ ဘုန်းကြီးတွေထက်တော့ သာပါတယ်။ အဲ့လိုဘုန်းကြီးတွေကိုကျတော့ အားပေးပြီး ပြည်သူတွေအကျိုးရှိအောင် လက်တွေ့လုပ်နေတဲ့ ဘုန်းဘုန်းကို ဘာလို့ စွပ်စွပ်စွဲစွဲလျှောက်ပြောနေကြတာပါလဲ။


နိုင်ငံတော် အလံကို မီးရှို့ချနင်းနေသော အိန္ဒိယမှ ဘုန်းကြီးတစ်ပါး

သာသနာကို ထိခိုက်တဲ့ လုပ်ရပ်မျိုး လုံးဝမပါပါဘူး။ တို့လဲ စိတ်ဝင်စားလို့ လေ့လာကြည့်ရာကနေ သိထားတာလေးပါ။ က တယ်ဆိုတာက စိတ်ကို relax ဖြစ်အောင်ပါ။ ဗမာ အက လိုမျိုး အင်္ဂလိပ် dance လိုမျိုးတွေ မဟုတ်ပါဘူး။ တို့ လူတွေ ယောဂ ကျင့်ကြသလိုပါ။ ဘယ်လိုမျိုးလေးက ကိုယ်ခန္ဓာအတွက် ကောင်းတယ်ဆိုရင် တို့တတွေလိုက်လုပ်ကြသလိုပေါ့။ အခုလဲ ဘယ်လို position လေးက ကိုယ့်စိတ်ကို relax ဖြစ်စေမယ် ဆိုတဲ့ပုံမျိုးလေးပါ။

တရားထိုင်ခိုင်းပါသေးတယ်။ စိတ်ကို relax ဖြစ်အောင်ဆိုပြီး။ နောက်တစ်ခုက လူ့ပတ်ဝန်းကျင်မှာ နေရင် ဘယ်လို နေရမယ်။ စိတ်သဘောဘယ်လိုထားရမယ်။ ဘယ်သူ့ကိုမဆို လေးစားမှုရှိရမယ်။ ကျေးဇူးတင်တတ်ရမယ်။ ကိုယ့်ကိုတောင် ချီးကျူးရင် ကိုယ်ကြိုက်သေးတာပဲမဟုတ်လား။ ဒီလိုပဲ သူများကိုလဲ ချီးကျူးတတ်ရမယ်။ ကိုယ်သိတဲ့ သူနဲ့ တွေ့ရင် မင်္ဂလာပါလို့ နှုတ်ဆက်ရမယ် အစရှိတဲ့ လူမှုဆက်ဆံရေးမှာ မလုပ်မဖြစ်အချက်ကလေးတွေ ပြောပြပြီးသက်သေသာဓကလေးတွေနဲ့ သက်သေပြတာပါ။

အားလုံးပဲ မယုံဘူးဆိုရင် ကိုယ်တိုင်သင်တန်းကို သွားလေ့လာကြည့်ပါ။ သင်တန်းတက်တဲ့သူတွေအားလုံးထဲမှာ လူမျိုးစုံပါနိုင်ပါတယ်။ ထောက်လှမ်းရေးတွေတောင် လာပြီး တက်ကြပါသေးတယ်။ ဘာမှ မဖြစ်လို့ ဒီအတိုင်းလွှတ်ထားတာပါ။ နောက်တစ်ခုက ဒီသင်တန်းကို ဖွင့်တာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့သော 2010 ခုနှစ် နှစ်ဦးပိုင်းကတည်းကပါ။ Asia plaza မှာ ဖွင့်တာပါ။ သင်တန်းသူ/သား များ အများကြီးပါ။ ဘုန်းဘုန်း စေတနာကို သိလို့ လာတက်ကြတာပါ။ ကျန်တာတော့ အဆင်ပြေသလိုသာ မြင်ကြပါတော့။ အခု တို့ပြောနေတာတွေက ဘုန်းဘုန်းဘက်ကပြောနေတာ တစ်ခုမှ မပါပါဘူး။ အမြင်မှားနေမှာစိုးလို့ ၊ ဆင်ခြင်နိုင်ကြစေဖို့ တို့ ပြောပြနေရခြင်းပါ။ တကယ်အကျိုးရှိတဲ့ အလုပ်လုပ်နေတဲ့ ဘုန်းကြီးနဲ့ အကျိုးမရှိတာတွေကို လုပ်နေတဲ့ ဘုန်းကြီးတွေကို ခွဲတတ်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

သင်တန်းအကြောင်း ကိုယ်တိုင်လေ့လာ၊ မေးမြန်းချင်ရင်တော့

အမှတ် (၄၂၉) ၊ ပထမထပ် ၊ ကုန်သည်လမ်း နှင့် သိမ်ဖြူလမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း။ ။ 09 52 30522, 01 201452 ကိုဆက်သွယ်ပြီးတက်ရောက်နိုင်ပါသည်။

http://numberonesociology.com/activities.htm

မူရင်းလင့်ခ်နေရာ http://myanmarexpress.blogspot.com/2011/01/blog-post_15.html ကဲကဲ အဲဒီနေရာက စာဖတ်သူတွေက ဘယ်လိုတွေ ဝေဖန်ထောက်ပြလဲ ဆိုတာလဲ အတော် စဉ်းစားစရာတွေပဲဗျိုး။

1 comments:

colorzcrushed said...

how much deeper knowledge do you have regarding buddhist ?
do you really know about (bode da win) ?
(FYI) bode da win = buddha wun = buddha wun tha = buddha means bayar, wun tha = history
In the age of buddha, all the political changes is needed to contribute by buddha's sons (Than gar).
If you want to know further history email me colorzcrushed@gmail.com.
Be Sure...
Make urself how much deeper knowledge you have before you write anything regarding to (Thar Tha Nar) sasana.
OK ?
FYI : You see these monks are not paying homage to Daw Aung San Su Kyi, but to Buddha. They placed the photo as RESPECT.
NEVER INSULT TO SASANA