Monday, May 31, 2010

Irregular Cycle ရာသီ မမှန်ခြင်း

Q: “သမီးက အသက် ၂၃ နှစ်ပါ။ သိချင်တာလေးတွေ မေးပါရစေ။ သမီးက ရာသီလာတာ မမှန်ပါဘူး။ တခါတလေ ၂ လမှ တခါ လာပါတယ်။ အရင်ကတော့ အမေက သွေးဆေး အမြဲတိုက်ပါတယ်။ မြန်မာဆေးတွေ။ ခုက ဒီမှာ ၀ယ်လို့လည်း မရပါဘူး။ ခု ၀က်ခြံတွေလည်း မျက်နှာမှာရော ကျောမှာပါ ပိုပေါက်လာပါတယ်။ သူငယ်ချင်းကပြောလို့ ဂျင်းပြုတ်ရည် လည်း သောက်ပါတယ်။ ဆရာရှင့် ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြားပေးပါရှင်။”

ရာသီမမှန်တာ မိန်းကလေးအတော်များများမှာ ဖြစ်လေ့ရှိတယ်။ ၂ လမှ တခါလာယုံနဲ့ ဘာမှ စိုးရိမ်စရာမလိုပါ။ ၀က်ခြံလဲ ပေါက်တယ်ဆိုရင် အပျိုဖြစ်မှာပေါ့။ သိပ်ရင်းနှီးလွန်းတဲ့ သမီးရည်းစားတောင် ထားပုံမရဘူး။ ဆေးပညာအရ ဖြစ်ဘို့များတာကို ပြောတာပါ။ ကိုယ်ရေးကိုယ်တာ စပ်စုတာမဟုတ်ပါ။ ဗေဒင်ဟောတာလဲ မဟုတ်ဘူး။ မမှန်ရင်လဲ “မှားသောဆေးသမား ရှိ၏”လို့ မှတ်ပါ။

ဗမာသွေးဆေးတွေကလည်း အသုံးတည့်သူတွေမှာ တည့်တယ်။ ချင်းပြုတ်ရည်ကလည်း တချို့အတွက် အလုပ် ဖြစ်တတ်ပါတယ်။ မိန်းကလေးရဲ့ ကျန်းမာရေးကို ပိုပြီးသိရရင် ပိုကောင်းမယ်။ “ပိန်သလား၊ ၀သလား၊ ပိန်လာနေသလား။ ကျန်းမာရေး နောက်ကြောင်းမှာ ထူးခြားတာရှိသလား။ ဆေးရုံတက်ရဘူးတာ၊ ဓါတ်မှန်ရိုက်တာ”။ မသိတာ အသာထားပြီး ယေဘုယျ ဖြေပါ့မယ်။

ရာသီမမှန်တာမှာ ပတ်ဝန်းကျင်လို့ ခေါ်လေ့ရှိတဲ့ အကြောင်းခံရှိတတ်တယ်။ နေမကောင်းတာ ဥပမာ တီဘီ၊ စိတ်ဖိစီးမှု များတာ၊ အာဟာရ မပြည့်တာ၊ သွေးအားနည်းတာ၊ လေ့ကျင်ခန်း-အလုပ် များလွန်းတာ၊ ခရီးထွက်ရဖန် များတာတွေ ပါတယ်။ ဒါ့ကြောင့် ဒါတွေကို ပြင်ပါ-ကုပါ။

နောက် အကြောင်းခံ တမျိုးကတော့ ဇီဝကမ္မအပြောင်းအလဲရှိလို့ပါ။ ရာသီဆင်းတာကို အထိန်းကြောင်းပေးနေတာ သုံးခုဟာ အထာမကျရင် ရာသီလာ မမှန်ဘူး။ နောက်ဆုံးအကြောင်းခံတခုကတော့ polycystic ovarian syndrome ရောဂါပါ။ လိုမယ်ထင်ရင် ဒီနှစ်မျိုးအတွက် OG ပြပါ။ Oligomenorrhea ခေါ်တဲ့ ရာသီနည်းလွန်းရင် သားသမီး မရနိုင်တာ ဖြစ်စေတတ်တယ်။ ဒါတွေ ထည့်ရေးတာက ဆရာဝန်တယောက်အနေနဲ့ မပြည့်မစုံရေးလို့ မကောင်းတဲ့ အတွက်ပါ။ လူ ၁၀၀-၁၀၀၀ မှာ ၁ ယောက် ဖြစ်တာလဲ ပါရတယ်။

ဝက်ခြံဆိုတာ ရာသီဆင်းတာလိုဘဲ ဟော်မုန်းဓါတ် အပြောင်းအလွဲကြောင့်ဖြစ်စေတာပါ။ လူတိုင်းမှာ ကျား-မ ဟော်မုန်း ၂မျိုးလုံးရှိကြတာ။ Androgens ကျားဟော်မုန်းက ပိုကဲနေရင် ရာသီနည်းတာ ဖြစ်စေတယ်။ အရေပြား မသန့်ရှင်းတာ၊ လေထု မသန့်တာကြောင့်လဲ ဖြစ်စေနိုင်သေးတယ်။

သနပ်ခါးအစစ် သဘာဝဖြစ် အလှအပ အသုံးအဆောင်သာသုံးပါ။ ကြော်ညာကောင်း (ကော့စ်မက်တစ်) တွေ မသုံးသင့်ပါ။ အဆီ-အငန်များ အစားအစာ ရှောင်ပါ။ တကယ်လို့ အနာရင်းသလို ဖြစ်လာရင်၊ ပြည်တည်ရင် Tetracycline, Erythromycin ၂၅၀ မီလီဂရမ် ၆ နာရီခြား၊ ဒါမှမဟုတ် Doxycycline ၁၀၀ မီလီဂရမ် ၁၂ နာရီခြား၊ ၄-၅ ရက် သောက်ပါ။

ဝက်ခြံကို လက်နဲ့ခဏခဏမကိုင်ပါနဲ့။ မျက်မှာမှာ ပေါက်တဲ့ ဘာအနာဖြစ်ဖြစ် မမှည့်သေးခင် ညှစ်မထုတ်ရပါ။ သွေးအားအတွက် Ferrous ဆေး၊ Folic acid ဆေးတွေသောက်ပါ။ ၀က်ခြံအတွက် ဗီတာမင် B အပြင် A သောက်ဘို့ လိုတယ်။ Zinc ဓါတ်များ အစားအစာ (ပင်လယ်စာ၊ အစေ့အဆံ၊ အသဲ၊ ငါး၊ ဥ၊ ဂျုံ၊) နဲ့ Chromium ဓါတ်များ အစားအစာ (သစ်သီးဖျော်ရည်၊ ငှက်ပျောသီး၊ စပျစ်သီး၊ အာလူး၊ အမဲသား၊ မုံလာဥစိမ်း၊ ကြက်သွန်ဖြူ၊) စားပါ။

တကိုယ်ရေ သန့်ရှင်းရေး လုပ်ပါ။ ခေါင်းအုံးစွပ် ၂ ရက်တခါ လဲပါ။ မျက်နှာကို ဆံပင်ကလာလာမထိစေသင့်ပါ။

လစဉ်ရာသီလာနေသူများလဲ ၀က်ခြံပေါက်တတ်တယ်။ တရားခံက Androgens ပါဘဲ။ ၀က်ခြံမှာ ခေါင်းဖြူ-ခေါင်းမဲ ၂ မျိုး ရှိတယ်။ အဖြူက အရေပြားထဲ မြုတ်နေပြီး၊ အမဲက အပေါ်မှာ။ ပြည်ဖြစ်လာရင် ၀ါလာမယ်။ သန့်ရှင်းရေး လုပ်တာက အပြင်းစားမဟုတ်တဲ့ ဆပ်ပြာ၊ ဗက်တီးရီးယားသေစေနိုင်တဲ့ neem soaps ဆပ်ပြာလဲကောင်းတယ်။ မျက်နှာ အဆီမပြန်စေနဲ့။ မိတ်ကပ်သုံးစရာရှိရင် နဲနဲ-ပါးပါးသာသုံးပါ။ အရေပြားက (ဆဲလ်)တွေ လေ၀အောင်လို့။ သေသွားတဲ့ (ဆဲလ်) ခပ်ညိုညိုတွေကို အသာအယာ ဖယ်ထုတ်ပေးပါ။ ရေနွေးလေးနဲ့ မျက်နှာသစ်ပါ။ ရေများများသောက်ပါ။ နံ့သာဖြူလိမ်းတာလဲ ကောင်းပါတယ်။

ရာသီမှန်လာမယ်ဆိုရင် ၀က်ခြံပါ သက်သာလာမယ်။ အိမ်ထောင်ရက်သား ကျသွားသူများ ပျောက်သွားတယ်။ အိမ်ထောင် မရှိသေးသူကို ရှိအောင် အားပေးတာ မဟုတ်ပါ။ အိမ်ထောင်ပြုတယ်ဆိုတာ “နောင်ပြင်ရန် ခက်သည့်အမျိုး သုံးပါး” ထဲမှာပါလို့ ၀က်ခြံ ပျောက်ချင်တာလေးနဲ့ မမြန်ဆန်လေနဲ့။

အပျိုလေး-အပျိုကြီးအဖြစ် ဆက်နေသူများလည်း ကိုယ်ဝန်ဆောင် တားဆေး (အများဆုံးသုံးကြတဲ့ ဟော်မုန်း ၂ မျိုးတွဲ စားဆေး) ကိုသောက်ရင် ရာသီလာရက် မှန်စေတယ်။ ၂၈ ပြားပါတဲ့ ဆေးကပ်မှာ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး လာလေ့ရှိတယ်။ အဖြူရောင် ၂၁ လုံး သောက်နေတုံး ရာသီမလာဘဲ၊ ဒီဆေးလုံးတွေ ကုန်တာနဲ့ ရာသီလာမယ်။ ဒီဆေးကပ်ကို အနည်းဆုံး ၃-၄ လ ဆက်သောက်လိုက်ရင် သူ့ဖါသာသူ ရာသီလာရက် မှန်စေနိုင်တယ်။

ဆရာ့ဆေးခန်းမှာ ဒီလိုဖြစ်တဲ့ မိန်းကလေးတွေလာရင် ကိုယ်ဝန်တားဆေးကပ်ကို တလုံးချင်း ဖေါက်ပြီး ပေးလိုက်တယ်။ အပျိုမိန်းကလေးကို သူများမြင် အထင်မလွဲစေအောင်ပေါ့။ ကောင်းသွားကြပါတယ်။

Dr. တင့်ဆွေ ထံမှကူးယူဖေါ်ပြသည်။

ခွေးနှင့်သမ္မတများ

Free Image Hosting

ငမောင်တို့လူမျိုးက ခွေးမွေးလေ့ ရှိပေမယ့် ခွေးချစ်တတ်တယ်လို့ ပြောဖြစ်လောက်တဲ့ အလေ့မရှိခဲ့ပါဘူး။ ခုအခါ ခွေးချစ်တတ်တယ်ဆိုသူ၊ ခွေးကို တန်ဖိုးကြီးပေးဝယ်ပြီး တခုတ်တရ ယုယပိုက်ထွေး မွေးကြတာတော့ ရှိသပေါ့။ အနို့ပေမယ့် ဒါဟာ ဥစ္စာဓန ကြွယ်ဝသူတွေရဲ့ ဓနဂုဏ်ပြ ခွေးပကာသန ခွေးဂုဏ်တည်တဲ့ ကိစ္စလို့ ငမောင်ကဆိုချင်ပါတယ်။ ဥစ္စာဓန ပြိုင်ဆိုင်မှုရဲ့ အမှတ်သင်္ကေတအဖြစ် ခွေးပြိုင်၊ ခွေးအချစ်ပြိုင်ကြတာပါ။ ဒါလောက်နဲ့တော့ မြန်မာလူမျိုးဟာ ခွေးချစ်တတ်တဲ့လူမျိုးလို့ မဆိုနိုင်ပါဘူး။ မချစ်တတ်ရုံမျှမက ခွေးကို အိမ်မွေးတိရစ္ဆာန်ထဲမှာ အနိမ့်ကျဆုံး၊ အယုတ်အညံ့ဆုံးလို့ အယူအဆရှိကြ ပါတယ်။ တစ်ယောက်ကို ခွေးနဲ့နှိုင်းလျှင် မခံချိအောင်နာတတ်ပါတယ်။ တိရစ္ဆာန်တွေထဲမှာ မစင်ကို နှစ်နှစ်ခြိုက်ခြိုက်စားတာ ခွေးပါပဲ။ ဆရာကြီး ဇင်အောင်ကတော့ ခွေးထောပတ်လို့ တစ်ခါက ရှုမဝမဂ္ဂဇင်းပါ ခွေး ဝတ္ထုမှာရေးသဗျ။ မစားနိုင်ဦးတော့ နမ်းရှူလိုက်ရမှတဲ့။ နို့မို့ဆို ခွေးခေါင်း ကိုက်သတဲ့။ ငမောင် မင်းဟာလေ ရုပ်ကသာမလှတယ်။ ညစ်တီးညစ်ပတ် ရွံစရာလဲ ပြောတတ်သေးဆို သော်ပေါ့။ အဲသဟာ ငမောင့်မူရင်း အော်ရီဂျင်နယ်မဟုတ်ရပါဘူး။ ငမောင်က Retold လုပ်တာပါ။ မူရင်းက ဗုဒ္ဓသာသနာတော်မှာ ဗုဒ် လေးဗုဒ်အဝင်ပါ ဖြစ်တော်မူတဲ့ ဆရာတော် ဦးဗုဒ်ရေးတဲ့ ခွေးကျင့်လင်္ကာပါနော။ ဖဲကတ္တီပါနဲ့ ဆိုဖာထက် စက်တော်ခေါ် သိန်းထောင်ကျော် တန်ကားကြီးစီးတဲ့ခွေး၊ အမည်းသားနဲ့ ဘီစကစ်ကျွေးရတဲ့ ခွေးဘူဇွာတွေကို ဆရာတော် ဦးဗုဒ်ရေးတာ မှန်၏၊ မမှန်၏ စမ်းသပ်ကြည့်ရလျှင် ဘယ်လို အဖြေထွက်မယ်မသိ။
မြန်မာစာပေမှာ ခွေးဂုဏ်ပုဒ် ထုတ်ဖော်ရေးတဲ့စာတွေလဲရှိပါတယ်။ လူကတောင် ခွေးဆီက ပြန်အတု ယူရမယ့် အင်္ဂါခြောက်တန်ရှိတယ် ဆိုပါတယ်။ အထင်ရှားဆုံးအချက် ကတော့ သခင်ချမ်းသာ အရာမြင့်တာ ပဲဖြစ်ဖြစ်၊ ဆင်းရဲ နိမ့်ကျတဲ့အခါပဲ ဖြစ်ဖြစ် ခွေးက သခင်ကို မစွန့်ခွာ သစ္စာရှိတာပဲတဲ့။ ဟုတ်ပါ့။ ခွေးလောက်မှ သစ္စာမရှိသူတွေ ဒီလောက ဒွန္နယာကြီးမှာ တင်းကြမ်းပြည့်လို့။ ကုလားထိုင်ပေါ်ရှိစဉ်က မောင်မောင်၊ ဘဘ။ ဒါကလေးမှ လက်ဆောင် တော်သဂါရဝမပြုလိုက်ရလျှင် ကျွန်တော့်ဘဝ လူဖြစ်ရကျိုး မနပ်လှတာကြောင့် သေရတာကမှ ကောင်းပါလိမ့်၊ စိမ့်စိမ့်ချွဲပလီတတ်သူက ဟိုဟာ ကြီးပင်စင်တဲ့ အသံကြားတာနဲ့ အလကားဟာကြီး။ မသဒ္ဓါရေစာတွေ တီးပြီး ဝဖီးနေတာ။ ဘာဘာညာညာနဲ့ ငယ်ကျိုးငယ်နာဖော် ကလော်တုတ် ပါရော။ ဒီလိုလူမျိုးကို ခွေးကျင့် ခွေး ကြံလို့ ပြောလျှင် မှားသပေါ့။ ခွေးသိက္ခာကျတယ်ပေါ့နော်။

Gmail မှ GSM သို့ mail ပို့ခြင်း..

ခေတ်မှီတိုးတက်လျက်ရှိသောယနေ့ခေတ်တွင် Email ဆက်သွယ်မှုသည်လွန်စွာအရေးပါလျက်ရှိရာ Gmail နှင့် အခြား Office mail များမှ GSM phone များသို့ SMS စနစ်ဖြင့် Message ပို့နိုင်မည့်စနစ် ဖြစ်ပါသည်။ GSM phone မှလည်း email သို့ အပြန်အလှန်ပို့ဆောင်နိုင်သော စနစ်ဖြစ်ပါသည်။ Mail Filter ပြုလုပ်၍ လူကြီးမင်းတို့၏ Gmail နှင့် Office Mail များကို Internet Access အသုံးပြုစရာမလိုပဲ လူကြီးမင်းတို့၏ Mobile phone များမှ Mail များကိုစစ်ဆေးနိုင်မည့် Email Alert စနစ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Email2 SMS အသုံးပြုရာတွင် Email မှ GSM သို့ SMS တစ်စောင်ကို ကျပ် ၁၀၀ ကုန်ကျမည်ဖြစ်ပြီး GSM မှ Email သို့ SMS ပို့ရာတွင် ကျပ် ၁၀၀ ကုန်ကျမည် ဖြစ်ပါသည်။
Email မှ GSM သို့ message ပို့ရန်
(၁) Email မှ GSMဖုန်းသို့ Message ပို့ရန် Email ပို့မည့်သူသည် Member ဖြစ်ရပါမည်။
(၂) မိမိ၏Email မှ To နေရာတွင် email2sms@etmsms.com ကိုရိုက်ပါ။
(၃) Subject နေရာတွင် မိမိပို့မည့် GSM ဖုန်းနံပါတ်ကိုရိုက်ထည့်ပါ။
(၄) Message Box တွင် မိမိရိုက်လိုသော စာများအား ရိုက်ထည့်ပါ။ တစ်ကြိမ်
လျှင် စာလုံးရေ (၁၆ဝ) လက်ခံပါသည်။ ¤င်းထက်ကျော်လွန်သွားပါက
နောက်တိုး Message ၂, ၃, . . .စသည်ဖြင့်သတ်မှတ်သွားမည်။ (ပုံ ၄-၁)

မှတ်ချက် ။ ။ နိုင်ငံခြား ဖုန်းနံပါတ်ရှေ့တွင် ( + ) ထည့်ပေးရန်။ မိမိပို့ချင်သော ဖုန်းနံပါတ်များကို ( , ) ခံပြီးရိုက်ရန်။
GSM မှ Email သို့ message ပို့ရန်
GSM ဖုန်းမှ မည်သည့် Email လိပ်စာသို့ မဆို SMS ဖြင့် emailပို့နိုင်သည်။
(1) ပေးပို့မည့်သူသည် member ဖြစ်ရပါမည်။
(2) မိမိဖုန်း၏ Menu Option ကိုသွားပါ။
(3) Create Message ကိုရွေးပါ။
(4) Text Message ကိုရွေးပါ။
(5) Message Box ၌ +yinkhaing@gmail.com happy Birthday ဟုရိုက်ပါ။
(6) Send Ph: နေရာ၌ 5195333 ကိုရိုက်၍ ပေးပို့နိုင်ပါသည်။

http://www.etmsms.com/pg/sub%20pg/e1-1.jpg

ခွေးတွေဆီက အတုခိုးစရာများ

ဘာရယ်မဟုတ်ဘဲ လမ်းသလားနိုင်တဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့..။

ချစ်ခင်သူတွေ အိမ်ပြန်လာတဲ့အခါတိုင်း အတင်းပြေးပြီး နှုတ်ဆက်စမ်းလိုက်ပါ..။

ကိုယ့်အတွက်သိပ်တန်းဖိုးရှိမယ်
ဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက်
စိတ်ရှည်လက်ရှည် စောင့်
ဆိုင်းတတ်အောင် လေ့ကျင့်ထားပါ..။

ကိုယ့်စည်းကို တစ်ယောက်ယောက်က ကျော်လာပြီဆိုတာနဲ့ ကျော်နေတဲ့ အကြောင်းကို
အသိပေးလိုက်ပါ..။

ပြေးပါ ၊ ခုန်ပါ ၊ နေ့တိုင်းကစားပါ...၊

စားတဲ့အခါ အားရပါးရ နဲ့ မြိန်ရည်ယှက်ရည် စားလိုက်စမ်းပါ..။

သစ္စာတရားအပေါ် သစ္စာရှိပါ..။

ဟန်မဆောင်ပါနဲ့...။

ကိုယ်လိုချင်တာ မြှုပ်ထားမှန်းသိရင် ဘယ်လောက်နက်နက် ယက်ပြီးဖော်ပါ..။

တစ်ယောက်ယောက် စိတ်မချမ်းမသာဖြစ်နေရင် တိတ်တိတ်လေးနေ ၊

အနားမှာထိုင်လို့ ညင်ညင်သာသာလေး ထွေးပွေ့ပေးပါ..။

တစ်ချက်လောက်ဟောင် ရုံနဲ့ ပြီးမယ်ဆိုရင် ကိုက်မနေပါနဲ့တော့...။

ဘယ်လောက်ပဲ ခဏခဏ အဝေဖန်ခဲနေရ ၊ အပြစ်တင်ခံနေရ ခံရ ၊ ကိုယ့်ကိုယ်ကို
အပြစ်ရှိတယ်လို့ တစ်စက်လေးမှ မခံစားပါနဲ့..။ မျက်နှာ မပျက်ပါစေနဲ့..။
အဲဒီလို အချိန်မှာ လာလမ်းအတိုင်း အမြန်ဆုံးလှည့်ပြေးပြီး မိတ်ဆွေသစ်တွေ
ရှာလိုက်ရုံပါပဲ...။
ဦးမုန်တိုင်း၏စုစည်းမှုများမှ ကူးယူဖေါ်ပြသည်။

သီရိမင်္ဂလာဈေး နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည်ဟု တရားဝင် ကြေညာ

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းတန်းနှင့် ငါးပိငါးခြောက်တန်းများ လှိုင်မြို့နယ်ရှိ နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည့် အကြောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဈေးသူဈေးသားများအား မေလ ၂၈ ရက်နေ့တွင် တရားဝင်စတင် အသိပေးကြေညာလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၂၈ ရက်နေ့တွင် အဆိုပါဈေးကြီးရှိ ဈေးဆိုင်များ နေရာသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည့် အကြောင်းကို ဈေးသူဈေးသားများနှင့် ဈေးမိဈေးဖများအား တရားဝင်စတင်အသိပေးကြေ ညာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းသို့ အသိပေးကြေညာခဲ့ခြင်းနှင့် အတူ ဈေးသစ် တည်ဆောက်ခြင်း၊ ဈေးသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း နှင့် ဈေးသစ်ရှိ ဆိုင်ခန်းများအတွက် ငွေကြေးထပ်မံ ပေးအပ်ရန် မလိုအပ်သည့်အပြင် အခွန်အခနှုန်းထားများကိုလည်း လက်ရှိဈေးတွင် ကောက်ခံနေသည့်အတိုင်းသာ ဆောင်ရွက်သွားမည်ဟု အသိပေးကြေညာခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။


ပြောင်းရွှေ့ဖွင့်လှစ်သွားမည့် နေရာမှာ လှိုင်မြို့နယ် ဘုရင့်နောင်လမ်း ပိတောက်ချောင်းအနီးရှိ မြေ ဧက ၁၂ဧက ကျယ်ဝန်းသော မြေနေရာတွင် တစ်ထပ်ဈေးကြီးအဖြစ် ဖွင့်လှစ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရပြီး ကားအစီးရေ ၂၀၀၀ ကျော် ရပ်နားနိုင်သည့် ကား ပါကင် ပါရှိမည်ဖြစ်သည်။ တစ်ထပ် ဟောလ်တိုက် ပုံစံဖြစ်ကာ အောက်ခြေအုတ်ခံမှ အမိုးအထိအမြင့်မှာ ၁၆ ပေခန့် ရှိမည်ဟု သိရသည်။ အသစ်တည်ဆောက်လျက်ရှိသည့် ကုန်စိမ်းဈေးကြီး တည်ဆောက်ပြီးစီးသွားပါက လက်ရှိဈေးကြီးတွင် ရောင်းချနေသော မူလဆိုင်ခန်းများကို နေရာပြန်လည် ချထားပေး၍ ပြောင်းရွှေ့ရောင်းချစေမည် ဖြစ်ကြောင်းသိရသည်။


ပြောင်းရွှေ့ဖွင့်လှစ်စေခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဆိုပါ ဈေးပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေတတ်ခြင်းနှင့် ယာဉ်ရပ်နားမှု အခက်အခဲများ ရှိနေသည့်အပြင် ယာဉ်အန္တရာယ်လည်း ရှိနိုင်သည့်အတွက် ယာဉ်ရပ်နားမှု အဆင်ပြေစေ နိုင်မည့်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ် ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိ ဈေးကြီးသည် ၁၉၉၇ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ယခင်က မော်တော်ယာဉ်များ ရပ်နားခဲ့သည့် ကားဂိုဒေါင်ကြီး ဖြစ်သည်ဟု သိရသည်။


2010 Word Cup Timetable

2010 World Cup Group stages fixtures, dates and venues

11/6/2010 South Africa v Mexico
Soccer City, JB Opening match
11/6/2010 Uruguay v France
Cape Town
12/6/2010 Argentina v Nigeria
Ellis Park, JB
12/6/2010 ENGLAND v USA
Rustenburg
12/6/2010 South Korea v Greece
Port Elizabeth
13/6/2010 Germany v Australia
Durban
13/6/2010 Algeria v Slovenia
Polokwane
13/6/2010 Serbia v Ghana
Pretoria
14/6/2010 Holland v Denmark
Soccer City, JB
14/6/2010 Japan v Cameroon
Bloemfontein
14/6/2010 Italy v Paraguay
Cape Town
15/6/2010 Brazil v North Korea
Ellis Park, JB
15/6/2010 New Zealand v Slovakia
Rustenburg
15/6/2010 Ivory Coast v Portugal
Port Elizabeth
16/6/2010 Honduras v Chile
Nelspruit
16/6/2010 Spain v Switzerland
Durban
16/6/2010 South Africa v Uruguay
Pretoria
17/6/2010 Argentina v South Korea
Soccer City, JB
17/6/2010 Greece v Nigeria
Bloemfontein
17/6/2010 France v Mexico
Polokwane
18/6/2010 Slovenia v USA
Ellis Park, JB
18/6/2010 ENGLAND v Algeria
Cape Town
18/6/2010 Germany v Serbia
Port Elizabeth
19/6/2010 Ghana v Australia
Rustenburg
19/6/2010 Holland v Japan
Durban
19/6/2010 Cameroon v Denmark
Pretoria
20/6/2010 Brazil v Ivory Coast
Soccer City, JB
20/6/2010 Italy v New Zealand
Nelspruit
20/6/2010 Slovakia v Paraguay
Bloemfontein
21/6/2010 Spain v Honduras
Ellis Park, JB
21/6/2010 Portugal v North Korea
Cape Town
21/6/2010 Chile v Switzerland
Port Elizabeth
22/6/2010 Mexico v Uruguay
Rustenburg
22/6/2010 France v South Africa
Bloemfontein
22/6/2010 Nigeria v South Korea
Durban
22/6/2010 Greece v Argentina
Polokwane
23/6/2010 Ghana v Germany
Soccer City, JB
23/6/2010 Australia v Serbia
Nelspruit
23/6/2010 Slovenia v ENGLAND
Port Elizabeth
23/6/2010 USA v Algeria
Pretoria
24/6/2010 Slovakia v Italy
Ellis Park, JB
24/6/2010 Denmark v Japan
Rustenburg
24/6/2010 Cameroon v Holland
Cape Town
24/6/2010 Paraguay v New Zealand
Polokwane
25/6/2010 North Korea v Ivory Coast
Nelspruit
25/6/2010 Switzerland v Honduras
Bloemfontein
25/6/2010 Portugal v Brazil
Durban
25/6/2010 Chile v Spain
Pretoria

Round of sixteen/second round

26/6/2010 Group C winner v Group D runner up
Rustenburg Match 1
26/6/2010 Group A winner v Group B runner up
Port Elizabeth Match 2
27/6/2010 Group B winner v Group A runner up
Soccer City, JB Match 3
27/6/2010 Group D winner v Group C runner up
Bloemfontein Match 4
28/6/2010 Group G winner v Group H runner up
Ellis Park, JB Match 5
28/6/2010 Group E winner v Group F runner up
Durban Match 6
29/6/2010 Group H winner v Group G runner up
Cape Town Match 7
29/6/2010 Group F winner v Group E runner up
Pretoria Match 8
30/6/2010

Rest day

1/7/2010 Rest day
World Cup quarter finals
2/7/2010 Winner Match 1 v Winner Match 2
Soccer City, JB Match A
2/7/2010 Winner Match 5 v Winner Match 6
Port Elizabeth Match B
3/7/2010 Winner Match 7 v Winner Match 8
Ellis Park, JB Match C
3/7/2010 Winner Match 3 v Winner Match 4
Cape Town Match D
4/7/2010

Rest day

5/7/2010 Rest day

World Cup semi finals

6/7/2010 Winner Match A v Winner Match B
Cape Town Match 1
7/7/2010 Winner Match C v Winner Match D
Polokwane Match 2
8/7/2010

Rest day

9/7/2010 Rest day

3rd place play off

10/7/2010 Loser Match 1 v Loser Match 2
Port Elizabeth

2010 World Cup Final

11/7/2010 Winner Match 1 v Winner Match 2
Soccer City, JB

Sunday, May 30, 2010

Ning ဆိုဒ်များနှင့် မြန်မာ ဆိုဒ်များ ၀င်မရသော မြန်မာအဖွဲ့ဝင်များအတွက် လမ်းညွှန်

မင်္ဂလာပါ

ကျွန်တော် တို့ Ning Platform မှာရှိနေတဲ့

ဆိုဒ်တွေအပြင် မြန်မာ Blog တော်တော်များများကို

မြန်မာပြည် မှ အင်တာနက် IP Poxy ကြောင့်

ဝင်ရခက်နေတာကို တွေ့ရပါတယ်

ပိတ်ထားတာလဲ တွေ့ရပါတယ်

သို့ပါ၍ ကျွန်တော်တို့မှ

နည်းလမ်းများစွာဖြင့် ပြည်လည်ဝင်ရောက်နိုင်ရန်

ကြိုးစားလျှက်ရှိရာ

ပထမစာတွင် Ip Pass Software ဖြင့်

Server မှ ထိန်း၍ ၀င်ရောက်ရန်ပေးပို့ထားခဲ့ပါတယ်

ယခုတစ်ခါ ဆက်လက်ပြီး
ဧဒင်ဥယျာဉ်မှ Admin ကို ညီညီလွင် @ Du Du (Hardware Designer) မှ

ပေးပို့တဲ့ Procedure ဖြင့်

Block ဖြစ်နေသော ဆိုဒ်များ ကို ပြည်လည်ဝင်ရောက်နိုင်ရန်

Ip Address များ ကို ဆက်လက်ဖော်ပြပေးသွားမှာပါ

အောက်ပါလုပ်ငန်း အဆင့်ဆင့်ကို

သေချာ ဆောင်ရွက်ပါက ပြန်လည်ဝင်ရောက်၍ ရနိုင်ပါပြီခင်ဗျား



........................................


1. Firefox မှ .... Tool ဆိုသော နေရာတွက်ကလစ်ပါ
2. ကျလာသော ဘောက်မှ Option ကိုရွေးပါ
3. Option နှိပ်၍ ပေါ်လာမည့် ဘောက်ထဲတွင် Advance နေရာမှNetwork Tab တွင် Setting ကို ကလစ်ပါ

4. Setting ကို နှပ်၍ ကျလာမည့် ဘောက်တွင်

Manual proxy configuration နေရာတွင် ရွေးချယ်ပေးပါ

5. ထို့နောက် HTTP proxy နေရာတွင်



( 212.93.193.88 ) ဟုရိုက်ထည့်ပြီး - Port နေရာတွင် ( 443 ) ကို ရိုက်ထည့်ပါ

ပြီးလျှင် ( OK ) ကလစ်ပြီး ရပါပြီ ။






အထက်ပါအတိုင်း လုပ်ဆောင်ပြီးပါက သင်သွားလိုသော

Ning များသာမက Blocked လုပ်ထားသော ဆိုဒ်များအားလုံး သင်ရောက်လေ့လာ၍ရပါပြီ

ဒီစာကို သင့်မိတ်ဆွေများသို့လည်းမျှဝေနိုင်ပါတယ်ခင်ဗျာ




လေးစားလျှက်


ဥယျာဉ်မှူး (ဧဒင်ဥယျာဉ်)


မှတ်ချက်။ ။ဧဒင်ဥယဉ် မှတဆင့်ပြန်လည်ကူးယူတင်ပြခြင်းဖြစ်ပါသည်။

ငွေအလိမ်မခံရဖို့ သတိပြုသင့်တဲ့ အချက်


ငွေအလိမ်မခံရဖို့ သတိပြုသင့်တဲ့ အချက်လေးတစ်ခုပြောပြချင်လို့ပါ၊
အခုခေတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးနဲ့ မြန်မာငွေကြေးလဲလှယ်မှုများ
မြင့်မားလာနေသည်နှင့် အမျှ နိုင်ငံတကာသုံးငွေတွေ တရားမဝင်လဲလှယ်ကြတာက
အပြစ်ကြီးတစ်ခုလို့ မတွေးထင်ကြတော့ပါဘူး၊ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့ ဘယ်သူမှ
တရားဝင်မလဲလှယ်ကြပါဘူး၊ အရပ်သားအချင်းချင်းလက်တို့စနစ်နဲ့ လဲလှယ်နေကြတာ
ဆယ်စုနှစ်ချီနေပါပြီ၊ ဒါကလည်း ခေတ်ရေစီးရဲ့လိုအပ်ချက် ဖြစ်နေလို့ပါ၊
တစ်ဒေါ်လာကို ပေါက်ဈေးဘယ်လောက်ဆိုပြီး ရောင်းသူဝယ်သူအချင်းချင်း ဒေါ်လာပေးကြ
မြန်မာငွေပေးကြ နဲ အရောင်းအဝယ်လုပ်ကြရာမှာ မြန်မာငွေကြေးကို လိမ်ကြတာပါ၊ ၊
ကြားဖူးနေတဲ့ တို့ဆေးဘာဆေးကိစ္စတွေနဲ့ လိမ်တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး၊
အခုလိမ်နည်းက ငွေကြေးရေတွက်ပုံကို အသုံးချပြီး ရိုးရိုးလေးနဲ့ကို လိမ်တာပါ၊ အသိ
အစ်ကိုကြီး တစ်ယောက်ကိုယ်တိုင်မြို့ထဲမှာ ဒေါ်လာကို မြန်မာငွေနဲ့သွားအလဲမှာ
ခံလိုက်ရတာပါ၊ အိမ်ရောက်မှ ရလာတဲ့မြန်မာငွေ တစ်သိန်းတစ်အုပ်စီမှာ
၂၇၀၀၀ကျပ်စီလျော့နေတာပါ၊ အရောင်းအဝယ် လုပ်နေတုန်း ကလည်းရေလာပါတယ်၊
တစ်ခုတော့ရှိတယ်၊ တဖက်လူက ရဲလာတော့မယ် မြန်မြန်လုပ်ပါ လို့ ခဏခဏ ပြောနေတဲ့ကြားက
အလောတကြီးရေလာရတာပါ၊ စာဖတ်သူက မဖြစ်နိုင်ဘူးလို့ထင်ပါလိမ့်မယ်၊ဒါပေမဲ့
ခံရတဲ့သူက တကယ်ခံလာရတာပါ၊ အရောင်းအဝယ်ကိစ္စတွေမှာ တကယ်သတိထားစရာကိစ္စပါ၊

မြန်မာပြည်မှာ ငွေတစ်သိန်းအုပ်စီရင်
နှစ်မျိုးစည်းနိုင်ပါတယ်(တစ်ထောင်တန်ဖြင့်အလိမ်ခံခဲ့ရပါသဖြင့်တစ်ထောင်တန်ကိစ္စသာပြောပါမည်)ထောင်တန်
အရွက်တစ်ရာကို တစ်အုပ်လုပ်စည်းကြသလို ၊ထောင်တန်ဆယ်ရွက်ပါ သောင်းအုပ် ဆယ်အုပ်
လုပ်ပြီးလည်းစည်းတတ်ကြပါတယ်၊အခုလိမ်နည်းက
အရွက်တစ်ရာထပ်စည်းထားတဲ့တစ်သိန်းအုပ်မှာ လိမ်လို့မရပါဘူး၊
သောင်းအုပ်ဆယ်အုပ်လုပ်ထားတဲ့တစ်သိန်းအုပ်မှာလိမ်တာပါ၊ အကြမ်းဖျင်းအားဖြင့်
သောင်းအုပ်ဆယ်အုပ်ပါတဲ့ တစ်သိန်းအုပ်ကို ရေတွက်ရင် သရေပင်အစည်း မဖြေဘဲအရင်ဆုံး
သောင်းအုပ်ဆယ်အုပ်ပြည့်လားအရင် ရွေတယ်၊ ပြီးမှ အတွင်းက
ထောင်တန်လေးတွေကိုရွေမယ်၊ တစ်ရွက် နှစ်ရွက် သုံး လေး……. ရှစ်ရွက်
ကိုးရွက်ပြီးရင် တစ်အုပ်၊ နောက်ထပ်ကိုးရွက်ပြီးရင်တစ်အုပ်၊
ဒါမျိုးရွေတွက်ကြတာပါ၊ကိုးရွက်နဲ့ ဆုံးရင်ပြီးတာဘဲ၊ ပြည့်တယ်ပေါ့၊
ကိုးရွက်ဘယ်နှစ်ကြိမ်ပါသွားလဲလို့တော့ မှတ်မထားတတ်ကြပါဘူး၊
အဲ့ဒီအားနည်းချက်ကြောင့် အလိမ်ခံရတာပါ၊ (စာရေးသူကိုယ်တိုင်လည်း အရင်က
အဲလိုမျိုးဘဲရေတွက်ပေမဲ့ ခုတော့ပြင်လိုက်ပါပြီ) အဲလိုမျိုးရေတွက်ရင်တော့
(၂၇၀၀၀)လျော့နေတဲ့ လိမ်ထားတဲ့ တစ်သိန်းအုပ်က သောင်းအုပ်ဆယ်အုပ်ပါမယ်၊
ပြီးရင်ကိုးရွက်ကိုးရွက် ကွက်တိဘဲဖြစ်နေမှာပါ၊ဘာလို့လဲဆိုတော့
မြန်မာငွေတစ်ထောင်တန် ၇၃ရွက်(73000/ks)ထဲ နဲ့တစ်သိန်းအုပ်ပုံစံရအောင်
စီထားလို့ပါ၊ အပေါ်က ငွေရွေနည်းအတိုင်းမရွေဘဲနဲ့၊
သောင်းအုပ်ဆယ်အုပ်ပြည့်မပြည့်စစ်ပြီးရင် ထောင်တန်
အရွက်ကိုးဆယ်ပြည့်မပြည့်ရွေရင်တော့ အလိမ်ပေါ်မှာပါ၊ ထောင်တန်က
အရွက်ကိုးဆယ်မဟုတ်ဘဲ ခြောက်ဆယ့်သုံးရွက်ဘဲရှိနေလို့ပါ၊ ကိုးရွက်
(၇)ခါဘဲပါပါတယ်၊ စာဖတ်သူခေါင်းရှုပ်သွားမယ်ထင်ပါတယ်၊
အောက်ကငွေစီနည်းလေးဖတ်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။ ကိုယ်တိုင်
လုပ်ကြည့်လိုက်ရင် ပိုမြင်သာသွားမှာပါ၊ စာရေးသူလည်း ထောင်တန် (၇၃)ရွက်နဲ့
တော်တော်လေး အချိန်ပေး အလုပ်ရှုပ်လိုက်လို့ ထွက်လာတဲ့ နည်းလေးပါ
လိမ်နည်းသိနေ၍ အလိမ်မခံရစေရန်အတွက် ရည်ရွယ်ပါသည်၊ လိမ်နည်းရေးထားသည်ဟု
မမှတ်စေလိုပါ၊

ဘန်ကောက်မှာ ညမထွက်ရအမိန့် ရုပ်သိမ်း

စနေ, 29 မေ 2010
Shoppers gather to look for bargains, 29 May 2010, in Bangkok,  Thailand.  Thousands jammed Silom Ave in the central business district  to take advantage of low prices following recent political violence.
ဓာတ်ပုံ AP
VOA သတင်း
ဘန်ကောက်မြို့လယ် စီးလုံ လမ်းမပေါ်က ဈေးသည်ဈေးဝယ်များကို တွေ့ရပုံ (မေလ ၂၉၊ ၂၀၁၀)

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က လူအသေအပျောက် ဖြစ်တဲ့အထိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့တော်နဲ့ ခရိုင်အတော်များများမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာကို ထိုင်းအစိုးရက ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပြီမို့ ညမထွက်ရအမိန့် ဆက်ပြီး ထုတ်ပြန်ထားဖို့ မလိုအပ်တော့ဘူးလို့ ၀န်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ က ဒီကနေ့ စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အင်္ကျီနီဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဘန်ကောက်က စီးပွားရေး အချက်အခြာနေရာကို နှစ်လကြာ သိမ်းပိုက် ဆန္ဒပြခဲ့ကြပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်တပ်က အင်အားသုံး နှိမ်နင်းဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်တဲ့ အကြမ်းဖက် ရုန်းရင်း ဆန်ခတ်မှုတွေအတွင်း လူ ၈၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ပြည်ပရောက်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ရှီနာဝဒ် ကို အကြမ်းဖက်မှု စွဲချက်တွေနဲ့ အင်္ဂါနေ့မှာ ထိုင်းတရားရုံးတခုက ဖမ်းဆီးမိန့်ထုတ်ခဲ့ပါတယ်။ Interpol အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မစ္စတာတက်ဆင်ကို ဖမ်းဆီးပြီး ပြန်ပို့ပေးဖို့ နှိုးဆော် တိုက်တွန်းချက် ထုတ်ပြန်ပေးရေး Interpol ကို တောင်းဆိုမယ်လို့ ထိုင်းအစိုးရက ပြောထားပါတယ်။

မစ္စတာတက်ဆင်ဟာ အာဏာသိမ်း ဖြုတ်ချခံရပြီးကတည်းက ပြည်ပမှာ နေထိုင်နေတာဖြစ်ပြီး နိုင်ငံအတော်များများမှာ ခိုလှုံ နေထိုင်နိုင်ခဲ့ပါတယ်။

Saturday, May 29, 2010

ကျွန်တော်တို့နဲ့သဘာဝပါတ်ဝန်ကျင်

အိုဇုန်းလွှာပျက်စီးခြင်း

အိုဇုန်းလွှာတွင်ဓာတုဗေဒဖွဲ့စည်းမူအရ အောင်ဆီဂျင်သုံးလုံးပါဝင်၍ မြေပြင်မှ ကီလိုမီတာ (၂၀) မှ (၄၀) အမြင့်တွင်တည်ရှိသည်။ သက်ရှိများအားအန္တာရယ်ကြီးမှားစေသော ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသည်။ လူတို့အသုံးများသော ကာဗွန် ၊ ကလိုရင်း ၊ ဖလူအိုရင်းအက်တမ် များက ကမ္ဘာ့လေထုအတွင်းထိုးဖောက်ပြီး ဓာတုဖွဲ့စည်းမှု အရအိုဇုန်းဓာတ်များနှင့်ပူးပေါင်းပြီး အိုဇုန်းကိုပျက်စီးလိုက်ကြသည်။ ပျက်စီးသွားသောအိုဇုန်းလွှာများကို ပြုပြင်၍မရတော့ သဖြင့် ပို၍မပျက်စီးအောင်ထိန်းသိန်းကြရသည်။အိုဇုန်းပျက်စီး ပျက်စီးစေသောအက်တမ်များထိန်းချုပ်ရန် ကြိုးစားလာကြသည်။ လေထု တွင်လူတို့ထုတ်လွန်သောကာဗွန်ဒိုင်အောက်ဆိုဒ်များလာ၍ ကမ္ဘာကြီးသည် အရင်ကထက် ပို၍ပူနွေးလာသည်။ အိုဇုန်းလွှာ တစ်ရာခိုင်နှုန်းပျက်စီးတိုင်း ခရမ်းလွန်ရောင်ခြည်နှစ်ရာခိုင်နှုန်းတိုး လာသည်။ လေပွေလှိုင်းများကြောင့်လည်းအိုဇုန်းလွှာ ပျက်စီးနိုင်သည်။ ကမ္ဘာရာသီဥတုလည်း ပြောင်းသွားနိုင်သည်။ သီးနှံအထွက်ကျဆင်းခြင်း ၊ရေခဲပြင်များအရည်ပျော်ခြင်း စသည့်ဆိုးကျိုးများဖြစ်လာနိုင်သည်။အပင်များမှထုတ်လွတ်သော အောက်ဆီဂျင်များ အိုဇုန်းလွှာကို ဆက်လက်ဖြည့်ဆည်း ပေးနေမှသာကမ္ဘာကြီးကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနိုင်မည်။

ဖန်လုံအာနိသင်များ

ဖန်လုံအိမ်သည် အဆောက်အဦးကို အမိုးအကာအားလုံး ဖန်သားဖြင့် ပြုလုပ်ထား၍ ပြင်ပနေ၏ အလင်းရောင်ကို ပိုမိုရရှိစေသည်။ ပြင်ပမှဝင်လာသော အပူဓာတ်ကို ပြန်မထွက် နိုင်ရန် ထိန်းထားနိုင်ရန်ထိန်းထားနိုင်ခြင်းကို ဖန်လုံအာနိသင်ဟုခေါ်သည်။ ဟော်လန်နိုင်ငံတွင် ဟင်းသီးဟင်းရွက်ပန်းမျိုးစုံစိုက်ပြီး ရောင်ချ၍ ချမ်းသာသောနိုင်ငံဖြစ် သည်။ ကမ္ဘာကိုလွှမ်းခြုံသောလေထုတွင် နိုက်ထရိုဂျင်(ရ၈) ရာခိုင်နှုန်း ၊ အောက်ဆီဂျင် (၂၁) ရာခိုနှုန်း နှင့် အခြားသော ဓာတ်များအနည်းငယ်စီပါဝင်သည်။သို့သော် ထိုအနည်းငယ်သော ဓာတ်များသည် နေ၏အပူစွမ်းအင်ကိုဖြည့်ဆည်းနိုင်စွမ်းရှိသည်။
ထိုထိန်းနိုင်သော သတ္တိကြောင့် ကမ္ဘာကြီးပူနွေး၍ အပင်နှင့်သတ္တဝါများအသက်ရှင်နေနိုင်ကြသည်။ လေထုတွင် ပါဝင်သော ဓာတ်ငွေ့အချို့သည်အပူဓာတ်ကိုစုပ်ယူထားနိုင်မူသည် ဖန်သားပြင်တွင်ပြုလုပ် ထားသော ဖန်လုံအိမ်၏ အာနိသင်နှင့်ဆင်တူသည်။သုတေသနပညာရှင်များသည် ကမ္ဘာကြီး တဖြည်းဖြည်းပူနွောလာခြင်းကို ရည်ညွှန်း၍ ကမ္ဘာကြီးသည်
ဖန်လုံအိမ် အာနိသင် တနေ့ထက်တစ်နေ့ ပိုမိုခံစား နေရသည်ကို သတိပြုမိခဲ့ကြသည်။ တစ်ကမ္ဘာလုံးတောမီးလောင်ခြင်း ၊ တောမီးရှို့ခြင်း နှင့် လူသုံးကုန်ပစ္စည်းစက်ရုံသုံး လောင်စာများကြောင့်နှစ်စဉ်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် တန်သန်းတစ်ထောင်မှ နှစ်ထောင့်ငါးရာထိနှစ်စဉ် လွှင့်ပေးနေကြောင်းသိရသည်။ လေထုတွင်ကာဗွန်ဒိုင်အောက်ဆိုဒ် မတိုးပွားစေရန်လေထုမညစ်ညမ်းစေရန် လူသားတိုင်း၏တာဝန်ဖြစ်သည်။

ဆန်ကာ သုံးခု

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ
ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့
စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ
ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့
အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့်
သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့
စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့
သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး...
သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့
ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ
အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့
ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ
စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို
လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့်
ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို
ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့်
ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို
လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း
မပြောတတ်ကြဘူး။

အရေးကြီးသောကိစ္စ စကားကို ဖြည်းဖြည်းပြောပါ။
ပြဿနာကြီးမားပါက စကားအား သေချာပြောပါ။
ပြဿနာသေးလျှင် စကားကို ဟာသနှော၍ပြောပါ။
မယုံကြည်ရသောကိစ္စ စကားကို ဆင်ခြင်ပြောပါ။
မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့ မပြောပါနှင့်။
မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။
လူတစ်ဖက်သား ထိခိုက်စေသောစကား မပြောပါနှင့်။
မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။
ပျော်ရွှင်စရာကိစ္စ အခြေအနေကြည့်ပြီးပြောပါ။
စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။
သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ တစ်ပါးသူ ဘယ်လိုပြောလဲ နားထောင်ပါ။
သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။
လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။
သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
original post from : http://www.youthwant.com.tw

ဘန်ကောက်အာဆီယံပွဲအတွက် နိုင်ငံကိုယ်စားပြု ထပ်မံဖိတ်ခေါ်ခံရပြန်တဲ့ ရေဗက္ကဝင်း

မိုးတွင်း ကာလမှာ ပြည်ပခရီးတွေ ထွက်ဖို့ရှိတယ်လို့ ပြောလာတဲ့ ရေဗက္ကဝင်းက ... ဇွန်လ ၁၁
ရက်နေ့မှာ စင်ကာပူ သွားမယ်။ ဘာသာရေး ဖျော်ဖြေပွဲ တစ်ခုပါပဲ၊ အဲဒါပြီးတော့
၁၅ ရက်နေ့ကို ဘန်ကောက်မှာ အာဆီယံပွဲ သွားဖို့ရှိတယ်။ နောက် စက်တင်ဘာလ
ထဲမှာလည်း နိုင်ငံခြား ထပ်သွားဖို့ ရှိပါတယ်။ ဘာသာရေး ဖျော်ဖြေပွဲက ရေဗက္က၊
ဆုန်သင်းပါရ်၊ စံပီး တို့နဲ့ပါ။ ရိုးရိုးရှိုးတွေနဲ့ ဘုရားကျောင်းရှိုးကို
ဆိုရတာ ကွာခြားမှုရှိတယ်။ ရေဗက္ကက ဘုရားကျောင်းရှိုးကို သိပ်ဆိုလေ့ဆိုထ
မရှိဘူး။ ဓမ္မ တေးသီချင်း တွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဓမ္မ
တေးသီချင်း အားလုံးကို အလွတ်မရဘူး။ အပြင် သီချင်းတွေက အမြဲတမ်း ဆိုနေတဲ့
အခါကျတော့ အလွတ် ရတာပေါ့။ ဓမ္မ တေးသီချင်း ဆိုတဲ့အခါ စာသား မှားတာတို့၊
လွဲချော်မှု တစ်ခုခု ဖြစ်မှာကို အရမ်း စိုးရိမ်တယ်။ ဒီတစ်ခေါက် ပွဲကတော့ ၃၊ ၎
ရက်ပါပဲ။ အာဆီယံ ပွဲကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ တက်ရမှာပါ။
သီချင်း ဆိုရမှာပါ။ အာဆီယံ ၁၀ နိုင်ငံအပြင် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်
အဲ့ဒီ သုံးနိုင်ငံပါ ပါမယ်။ တစ်နိုင်ငံ တစ်ယောက် အဆိုတော် တွေချည်းပဲ
ဖိတ်ထားတာပါ။ ဆိုရမှာက မြန်မာ သီချင်းတစ်ပုဒ်၊ အင်္ဂလိပ် သီချင်းတစ်ပုဒ်
ဆိုရမယ်။ မြန်မာ သီချင်းကတော့ “ငါတော့ မှားပြီ” သီချင်းဆိုမယ်။ အင်္ဂလိပ်
သီချင်းကတော့ ရေဗက္က သေချာ မရွေးရ သေးပါဘူး။ “ငါတော့ မှားပြီ” သီချင်းက
အကတွေနဲ့ ဆိုမှာဆိုတော့ ဟိုရောက်ရင် အကတွေ တိုက်ရဦးမယ်။ ဒါပေမယ့်
မြန်မာသီချင်းက ဆိုနေကျဆိုတော့ သိပ်ပြင်ဆင်စရာ မလိုပါဘူး။ အင်္ဂလိပ်
သီချင်းကတော့ ကြိုပြင်ဆင်သွားမယ်။ ဘာလို့လဲ ဆိုတော့ သူများနိုင်ငံက
အဆိုတော်တွေလည်း လာမှာဆိုတော့ ကိုယ့်ဘက်က လွဲချော်မှုမျိုး မဖြစ်ချင်ဘူး။
အာဆီယံအတွက် ဖိတ်ခံရတာ ဒီတစ်ခါနဲ့ဆို ၂ ခါရှိပါပြီ။ ပထမ အကြိမ်က ဗီယက်နမ်
သွားရတာပါ။ အဲ့ဒီတုန်းက Miss ပြိုင်သလိုမျိုး အာဆီယံ အလှမယ် ပုံစံမျိုး
သွားရတာပေါ့။ အခုက အဆိုတော် အနေနဲ့ သွားရမှာပါ။ ဒါကြောင့် အခုတစ်ခေါက်
ပိုပြီးတော့ အားရပါတယ်။ ပိုပြီးတော့လည်း တာဝန်ကြီးတယ်။ သူတို့ နိုင်ငံရဲ့
ပြန်ကြားရေး ဝန်ကြီးနဲ့လည်း တွေ့ဖို့ရှိတယ်။ ဒါကြောင့် ကိုယ့်ရဲ့
ပြုမူပြောဆို နေထိုင်ပုံတွေက မြန်မာနိုင်ငံ ကိုယ်စားပြု နေတယ်ဆိုတော့
ပိုပြီး တာဝန်ကြီးတယ်။ Band နဲ့ Dancer ကတော့ ဟိုကအဖွဲ့တွေပါ။ သူတို့က
အစမ်းကျင့်ဖို့ကို ၃ ရက် အချိန်ပေး ထားတယ်။ ၁၀ ရက်လောက် ကြာမယ်။ ပွဲက
တစ်ရက်တည်းပါ
” လို့ ပြောပြခဲ့ပါတယ်။
Source by Daily mail

အထင်ကရနေရာလေးများ


Phillipine နိုင်ငံ Bohol island မှ ဘယ်နိုင်ငံမှာ မှ မရှိတဲ့ သဘာဝ အမွေအနှစ် တမူထူးခြားသော Chololate Hills ဖြစ်ပါတယ်။ ဆိုဒ်တူ ဂိုတ်တူ တောင်ကုန်းပေါင်း ၁၂၆၈ ကျော်ဟာ စတုရန်းကီလိုမီတာ ၅၀ ကျော် ဖြန်.ကျက်
နေရာယူထားပါတယ်။ တောင်ကုန်း များကို မြက်ပင်များက ဖုံးလွှမ်းထားသဖြင့်
စိမ်းစို နေကာ ခြောက်သွေ.သော ရာသီရောက်က အညိုရောင်သို.ပြောင်းလဲ
သွားသဖြင့် Chololate Hills ဟုအမည်ပေးခဲ့ကြသည်။
Chololate Hills သည် Phillipine ရဲ. ခရီးသွားဧည့်သည်များ ကို စွဲဆောင်စေတဲ့ သဘာဝ
နေရာတခုဖြစ်ပါတယ်။ တောင်ကုန်းများမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀ မှ
၅၀၀(ပေ၃၃၀ မှ ၁၆၀၀) လောက် အမြင့် ရှိကြပါတယ်။



Santorini ဆိုတဲ့ သေးငယ်ပြီး ၀ိုင်းစက်နေတဲ့ မီးတောင်ဟောင်း ကျွန်းစုလေး ကတော့ ဂရိနိုင်ငံရဲ. အရှေ.တောင်ဘက် ၂၀၀ ကီလိုမီတာ အကွာမှာတည်ရှိပါတယ်။ ကျွန်းစုအကျယ် ၇၂ စတုရန်းကီလိုမီတာ ရှိပြီး ၂၀၀၁ ခုနှစ်အရ လူဦးရေ ၁၃၆၇၀
နေထိုင်ကြပါတယ်။ အရင်က ကျွန်းစုကြိး တခု အဖြစ်တည်ရှိခဲ့ပြီး လွန်ခဲ့တဲ့
နှစ်ပေါင်း ၃၆၀၀ က ကြီးမားတဲ့ မီးတောင် ပေါက်ကွဲမူကြောင့် ဖြစ်ပေါ်လာတဲ့
ကျွန်းစု အစိတ်အပိုင်းလေး များထဲမှာ တခု အဖြစ် Santorini ကျွန်းစု ရယ်လို.
ပေါ်ပေါက်လာကာ ဥရောပတိုက်ရဲ. စွဲဆောင်မူတခုဖြစ်ပါတယ်။
Santorini ကျွန်းစု ဟာ ဂရိနိုင်ငံနှင့် ၁၉၂၁ ခုနှစ်မှာ ပေါင်းစည်းခဲ့ပါတယ်။ သူ.၇ဲ.
အဓိက လုပ်ငန်းက ခရီးသွားလုပ်ငန်း နှင့် စပျစ်ဝိုင် လုပ်ငန်း ဖြစ်ပြီး
အများသောအားဖြင့် နွေရာသီ မှာ ခရီးသွားများလေ့ရှိပါတယ်။ Santorini တွင်
မြစ်၊ချောင်းများ မရှိသဖြင့် ရေအင်မတန်ရှားပါးပါတယ်။ ၁၉၉၀ ထိ ခေါင်မိုးမှ
ရေတိုင်ကီ ဖြင့် မိုးရေသာ အားကိုးနေခဲ့ကြပါတယ်။ မိုးမရွာ ခဲ့ရင်တော့
ဂရိနိုင်ငံ ရဲ နီးစပ်ရာ ဒေသတချို. မှ ရေတင်ပို.မူကို အားကိုးရပါတယ်။ ယခု
အခါမှာတော့ ဆားငန်ရေကို ရေချို အဖြစ် ထုတ်လုပ်ပေးသော စက်ရုံ ရှိလာ
သော်လည်း ရေပေးဝေရေး စနစ် က အိမ်တိုင်းသို. အလွယ်တကူ ရေ မထောက်ပံ့
နိုင်သေးပါဘူး။
Santorini ကိုလေယာဉ်ဖြင့်သွားမယ် ဆိုရင် အေသင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် မိနစ် ၄၀ ကြာ
လေယာဉ်ဖြင့်ရောက်နိုင်ပါတယ်။ ခရီးသွား ရာသီဖြစ်တဲ့ နွေဦးရာသီမှာတော့
ဥရောပ နိုင်ငံ တော်တော်များများ မှ Santorini ကျွန်းဆီ သို.
တိုက်ရိုက်လေယာဉ် စီစဉ်ပေးထားပါတယ်။ အခြား အပန်းဖြေ ဇိမ်ခံသင်္ဘောများ၊
speed boat များဖြင့်လဲ Santorini ကို ရောက်ရှိနိုင်ပါတယ်။




Georgia နိုင်ငံမှ ကမ္ဘာအကြီးဆုံး၊အလှဆုံး Georgia Aquarium ငါးပြတိုက် ဖြစ်ပါတယ်။ ရေသတ္တ၀ါအမျိုးပေါင်း ၅၀၀ ကျော်ရှိပြီး သတ္တ၀ါ ၁ သိန်းကျော် မွေးမြူထားပါတယ်။ ထိုပြတိုက်အတွက် ရေ ဂါလံ ၈ သန်းခန်. သိုလောင်ထားရပါတယ်။




ဂျပန်နိုင်ငံ အိုခီနာဝါ မှ Churaumi ငါးပြတိုက်ဖြစ်ပါတယ်။ ကမ္ဘာဒုတိယ အကြီးဆုံး
ထိုပြတိုက်အတွက် ရေ ဂါလံ ၂ သန်းခန်. သိုလောင်ထားရပါတယ်။ အင်မတန်ရှားပါးသော
ရေသတ္တ၀ါများ ပြသထားပါတယ်။


တောင်အာဖရိက မှ အကြီးဆုံး Ushaka Marine World ငါးပြတိုက်ဖြစ်ပါတယ်။ အင်မတန်လှပသော
ကစားကွင်းလည်းပါရှိပါတယ်။ သေးငယ်သော ရေနဂါးမှ စ၍ ငါးမန်း၊ လင်းပိုင် အထိ
အမျိုးအစား စုံလင်စွာ ပြသထားပါတယ်။ ထိုပြတိုက်အား ရှေးဆန်ဆန် ဒီဇိုင်း
တည်ဆောက် ထားပါတယ်။


source by Daily mail

ယောက်ျားများကို အန်စေသော မိန်းမ


၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ

ဘာမှကို မကျန်တော့ပါလားနော်...အန်စေတဲ့အထဲမှာ ကျွန်မလဲ အပါအ၀င်ပါ။ ဆဲမယ်ဆိုရင်လည်း ခံပါ့မယ်... အဟဲ...ဖြစ်တတ်တာလေးတွေပါ။ ၀မ်းနည်းတာတွေပဲ ရေးနေလို့လဲ မဖြစ်သေးဘူး။ တခါတလေ ပေါ့ပေါ့ပါးပါးပေါ့။ ဆီလျှော်အောင် ဘာသာပြန်ပါသည်။

နိုင်းနိုင်းစနေ

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရလျှင် ၀တ်လစ်စလစ် ပြေးမည်ဟု မာရာဒိုနာ ပြော

၂၇ မေ ၂၀၁၀
အာဂျင်တီးနား လက်ရွေးစင်ဘောလုံးအသင်း၏ နည်းပြဖြစ်သူ ဂန္ထ၀င်ဘောလုံးသမားကြီး ဒီယေဂိုမာရာဒိုနာက အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့လျှင် ဗျူနိုအေရီစ်မြို့လယ်ခေါင်တလျှောက် ၀တ်လစ်စလစ် ပြေးမည်ဟု ကတိပြုပြောကြားလိုက်သည်။

ရေဒီယိုရှိုးတခုပြုလုပ်စဉ်အတွင်း အာဂျင်တီးနားနည်းပြ မာရာဒိုနာက ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအကြို နောက်ဆုံးခြေစမ်းကစားပွဲအဖြစ် တနင်္လာနေ့က ကနေဒါ လက်ရွေးစင်အသင်းကို (၅) ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နောက်တနေ့တွင် ခန့်မှန်းရခက်သည့် မာရာဒိုနာက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်းသည် တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အုပ်စု (ခ) ၌ ပါဝင်ပြီး ဇွန်လ (၁၂) ရက်နေ့တွင် အာဖရိကအသင်းဖြစ်သည့် နိုင်ဂျီးရီးယားအသင်းနှင့် အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက် အုပ်စုတွင်း အခြားပြိုင်ဘက်များဖြစ်ကြသည့် ယူရို ၂၀၀၄ ချန်ပီယံ ဂရိ၊ ၂၀၀၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည့် တောင်ကိုရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

တောင်အာဖရိက ဟိုတယ်အလုပ်သမားများက ကိုလံဘီယာဘောလုံးအသင်းထံမှ ငွေကို ခိုးယူ

၂၈ မေ ၂၀၁၀
ဟိုတယ်အလုပ်သမားနှစ်ဦးသည် တောင်အာဖရိကနိုင်ငံတွင် ကမ္ဘာ့ဖလားအိမ်ရှင်အသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် ရောက်ရှိနေသည့် ကိုလံဘီယာဘောလုံးအသင်း ကစားသမားများထံမှ ငွေကို ခိုးယူခဲ့ကြောင်း ရဲက ပြောဆိုသည်။

သောကြာနေ့တွင် ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ ယူဂျင်းအိုပါမန်က ပြောကြားရာ၌ ကိုလံဘီယာဘောလုံးသမားများ အင်္ဂါနေ့တွင် လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း သူတို့တည်းခိုသည့် ဟိုတယ်အခန်းများအား သန့်ရှင်းရေးလုပ်သည်ကို ခံရကြောင်းနှင့် လေ့ကျင့်ခန်းဆင်းပြီး ဟိုတယ်သို့ ပြန်အလာတွင် ငွေကြေးများ ပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။

ဟိုတယ်အလုပ်သမားနှစ်ဦးကို ကြာသပတေးနေ့တွင် ခိုးမှုစွပ်စွဲချက်များဖြင့် တရားရုံးထုတ်ခဲ့ကြောင်း အိုပါမန်က ပြောဆိုသည်။ တတိယတဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ခိုးမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း သိရပြီးနောက် နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါ အမှုအခင်းသည် ဂျိုဟန်နက်စ်ဘတ်မြို့မြောက်ပိုင်း ဆင်ခြေဖုံးရှိ ကြယ်ငါးပွင့်ဟိုတယ်တခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စလိုဗေးနီးယားအသင်းသည်လည်း ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း အဆိုပါဟိုတယ်တွင် တည်းခိုရန် ရက်ချိတ်ထားပြီး ဇွန်လ (၈) ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် တိုက်ကြီးများဖလားဘောလုံးပြိုင်ပွဲအတွင်းကလည်း အီဂျစ်အသင်းသည် ဂျိုဟန်နက်စ်ဘတ်ဟိုတယ်တခုတွင် ဒေါ်လာ (၂,၅၀၀) နီးပါး အခိုးခံခဲ့ရသည်။ တောင်အာဖရိကအသင်းသည် ကြာသပတေးနေ့က အဓိက ကမ္ဘာ့ဖလားကစားကွင်းဖြစ်သည့် ဆော်ကာစီးတီး၌ ယှဉ်ပြိုင်ကစားသည့် ပထမပွဲစဉ်တွင် ကိုလံဘီယာအသင်းကို (၂) ဂိုး - (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Bits & Bytes အကြောင်း သိကောင်းစရာ (၃)

ကွန်ပျူတာ အခေါ်အဝေါ်တွေထဲက Bits & Bytes မှာ Bits အကြောင်းကို ရှင်းပြ ခဲ့ပြီးပါပြီ။

ဒီတစ်ပတ်တော့ Bytes အကြောင်းကို ဖော်ပြလိုက်ပါတယ်။

Bytes ဆိုတာ ၀င်ဆံ့မှုပမာဏကို တိုင်းတာတဲ့ ယူနစ်တစ်ခုဖြစ်ပါတယ်။

ဥပမာ ကွန်ပျူတာရဲ့ ကျပန်းမှတ်ဉာဏ် RAM နဲ့ Hard Disk တွေမှာ ၀င်ဆံ့မှုကို Bytes ယူနစ်နဲ့ အသုံးပြုပါတယ်။

Bytes ဆိုတာ Binary လို့ခေါ်တဲ့ ဒွိကိန်းစဉ်စနစ်ကို အခြေခံထားပါတယ်။

ဒွိကိန်းစဉ်ဆိုတာကတော့ ကိန်းခြေအခြေ(၂)ရှိတဲ့ ရေတွက်မှု သင်္ချာစနစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Bytes ဟာ ဒွိကိန်းစဉ်တွေကို ရေတွက်တယ်လို့ ပြောရင်လည်းမမှားပါဘူး။

ကျွန်တော်တို့ နေ့စဉ်ရေတွက်သုံးစွဲနေတဲ့ သင်္ချာစနစ်က ကိန်းခြေအခြေ(၁၀)မှာ အခြေခံရေတွက်ပါတယ်။ ဒါကို ဆယ်လီစိတ်စနစ်လို့ သင်္ချာမှာ ခေါ်ပါတယ်။

ဆယ်လီစိတ်စနစ်မှာ ကိန်းဂဏန်း (Digit) သုညမှ ကိုး (0 to 9) ပါဝင်ပြီး ဒွိကိန်းစဉ် စနစ်မှာ သုညနဲ့ တစ် (0 and 1) သာ ပါဝင် ပါတယ်။

ဥပမာ - 1010 ဆိုပြီး ရေးသားပါတယ်။ ဒီ Binary code ပေါ် အခြေခံပြီး 'တစ်' ဖြစ်ရင် ON ၊ 'သုည' ဖြစ်ရင် တော့ OFF လို့ ယူဆကာ Electrical Signals တွေအဖြစ် မှတ်ယူကြပါတယ်။

ဒါကြောင့် ကွန်ပျူတာကို ခိုင်းစေရာမှာ ON & OFF စတဲ့ Electrical Singnals တွေနဲ့ Instruction Bus တွေကို ဖြတ်သန်းစေခြင်း အားဖြင့် ကွန်ပျူတာက အလုပ်လုပ်ပါတော့တယ်။

Bits and Bytes ဆက်နွှယ်မှု

Bits ဆိုတာကတော့ ကွန်ပျူတာမှာ အခြေခံအကျဆုံးယူနစ်ဖြစ်ပါတယ်။ Bits တွေဟာ တစ်ခုချင်းစီရပ်တည်နေပေမယ့် ရှစ်ခုစီ (8Bits Collection) စုပေါင်း ပါဝင်တယ်။ ရှစ်ခုစီစုပေါင်းထားတဲ့ အစုတစ်စုကို Bytes လို့ ခေါ်ပါတယ်။ 1 Bytes ဟာ 8Bits နဲ့ ညီတယ်လို့ ဆိုလိုတာပါ။ Bytes ဟာ ကွန်ပျူတာရဲ့ အချက်အလက်ဝင်ဆံ့မှု ရေတွက်ရာမှာ အငယ်ဆုံးဖြစ်ပါတယ်။

ရေတွက်မှုစနစ်

ကွန်ပျူတာရဲ့ အချက် အလက်ဝင်ဆံ့မှု ရေတွက် ရာမှာ 8 Bits = 1 Bytes ဖြစ်ပြီး 1024 Bytes ကို 1 Kilobyte လို့ခေါ်ပါ တယ်။ 1 Kilobyte မှာ 10 Bits ရှိပါတယ်။

ဒါကြောင့်မို့ သင်္ချာ ထပ်ညွှန်းကိန်းနဲ့ 210 လို့ဖော်ပြပါတယ်။ 210 ဟာ 1023 နဲ့ ညီပါတယ်။ သုညကနေ 1023 ရေတွက်တာမို့ 1024 Bytes လို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။

ကွန်ပျူတာမှာ ၀င်ဆံ့မှုတိုင်းတာတဲ့ စနစ်တွေကို လေ့လာနိုင်ဖို့ ၎င်းနဲ့ ပတ်သက်တဲ့ ဇယားလေးတစ်ခုကို ဖော်ပြလိုက်ပါတယ်။

ငလျင်ဒဏ်ခံမိခင်များ ကလေး ၂,၀၀၀ ကျော် မွေးဖွား

ပေကျင်း - ၂၀၀၈ ခုနှစ် ငလျင်ဒဏ်ကြီးကြောင့် သားသမီးများဆုံးရှုံးသွားသော တရုတ်ပြည်မှ အမျိုးသမီးများသည် ယခုအခါကလေး ငယ် ၂,၀၀၀ကျော်မွေးဖွားပေးခဲ့ပြီဖြစ်ကြောင်း၊သားသမီးရအောင် ဆေးထိုးပေးမှုလုပ်ငန်းများအပါအ၀င်အစိုးရ၏အစီအစဉ်ကိုကျေးဇူး တင်ကြကြောင်း အစိုးရမီဒီယာ က သတင်းဖော်ပြခဲ့သည်။

ဆေးဝါးအခမဲ့ကုသပေးသော ထို အစီအစဉ်အရ အမျိုးသမီး စုစုပေါင်း ၃,၁၄၀ ကိုယ်ဝန်ရှိခဲ့သည်။ ၎င်းတို့ အနက် အမျိုးသမီး ၂,၀၁၆ ဦး ကလေး မွေးဖွားခဲ့သည်ဟု အစိုးရ၏ စာရင်းဇယားများကို ကိုးကား၍ ဂလိုဘယ်တိုင်း(မ်) သတင်းစာက ဖော်ပြသည်။

တရုတ်ပြည် အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ၂၀၀၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ပြင်းအား ၈ ဒသမ သုညရှိ မြေငလျင်ကြီး လှုပ်ခဲ့သည်။

တရုတ်ပြည်တွင် မိသားစုများအားကလေးတစ်ယောက်သာ ယူခွင့်ပြုသည့်တင်းကျပ်သော လူဦးရေထိန်းချုပ်ရေးဥပဒေများကို ပြဋ္ဌာန်း ထားသည်။ သို့ သော်လည်း စီချွမ်ငလျင်ဒုက္ခသည်များ အား ထိုဥပဒေပြဋ္ဌာန်းချက်များမှ လျှော့ ပေါ့ခွင့်ပေးထားသည်။ ငလျင်ကြောင့် ကလေးများဆုံးရှုံးသွားသော မိဘများနှင့် မိမိတို့ကလေးများ မသန်မစွမ်း ဖြစ်သွားသော မိဘများကို နောက်ထပ်ကလေးတစ်ယောက် ယူခွင့်ပြုကြောင်း အစိုးရက ကြေညာသည်။

AFP Nwes

ပိုင်ရှင်မဲ့ အလောင်းများကို နာရေးကူညီမှုအသင်း သင်္ဂြိုဟ်ပေး


နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ပိုင်ရှင်မဲ့အလောင်း ပျမ်းမျှ (၁၅) လောင်းခန့်ကို လစဉ် သင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။

အသင်းဥက္ကဋ္ဌ ဦးကျော်သူက “ရဲက အကူအညီတောင်းမှ၊ အာမခံမှ၊ ထောက်ခံချက်ပေးမှ ကျနော်တို့ သင်္ဂြိုဟ်ပေးပါတယ်။ ဆေးရုံက ရောက်လာတာမှန်ပေမယ့် ရဲက အာမခံရပါတယ်။ ဆေးရုံက သေစာရင်းထုတ်ပေးတယ်။ တချို့ဖြစ်စဉ်တွေကျ မြို့နယ်ကျန်းမာရေးဌာနတွေက ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပိုင်ရှင်မဲ့အလောင်းဆိုသည်မှာ သက်သေခံ အထောက်အထားလက်ဝယ် မတွေ့ရသည့် ရေနစ်သေဆုံးခြင်း၊ ဆွဲကြိုးချသေခြင်း၊ လမ်းဘေးအမှိုက်ပုံ၌ သေဆုံးနေခြင်း၊ ခရီးသွားစဉ် ရုတ်တရက် သေဆုံးခြင်း စသည်ဖြင့် သေဆုံးသူများဖြစ်သည်။

အဆိုပါ ပိုင်ရှင်မဲ့အလောင်းကို PC (police case) ဟု သတ်မှတ်ကာ ရဲထောက်ခံမှုဖြင့်သာ သင်္ဂြိုဟ်ပေးပြီး သင်္ချိုင်းလက်မှတ် သီးခြားထုတ်ပေးမှုမရှိဟု သိရသည်။

နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “လမ်းဘေး သေတယ်။ ရ၀တ သက်သေနဲ့ ရဲက စစ်ဆေးတယ်။ ပြီးတော့ ဆေးရုံပို့တယ်။ ဆေးရုံက ရင်ခွဲပြီး ရဲက သေမှုသေခင်း (Police Case) ဖွင့်တယ်။ အလောင်းပိုင်ရှင် ပေါ်လာတဲ့အထိ ဆေးရုံက စောင့်ပေးပါတယ်။ ပိုင်ရှင် မပေါ်တော့ဘူးလို့ ဆေးရုံက ဆုံးဖြတ်ပြီးမှ ကျနော်တို့အသင်းကို အကူအညီတောင်းပါတယ်” ဟု ရှင်းပြသည်။

နယ်အဝေးမှ ရန်ကုန်ရောက်ရှိလာစဉ် လမ်းဘေး၌ သေဆုံးသူအချို့ ရှိတတ်ကြောင်း၊ ဆေးရုံအနေဖြင့်လည်း အလောင်းပိုင်ရှင်ကို နှစ်ရက်ထက် ပိုမစောင့်နိုင်ကြောင်း၊ နာရေးကူညီမှုက ပို့ဆောင်သင်္ဂြိုဟ်ပြီးမှ အလောင်းပိုင်ရှင်တို့ ရောက်ရှိလာတတ်သည်ကိုလည်း ကြုံဖူးကြောင်း ၎င်းက ပြောသည်။

နာရေးကူညီမှုအသင်း မပေါ်မီက ဤကဲ့သို့ ပိုင်ရှင်မဲ့အလောင်းများကို မြို့တော်စည်ပင်မှ တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။ သို့သော် နိုင်ငံတော်အမှုများတွင်မူ စည်ပင်ကတာဝန်ယူပေးကြောင်း စည်ပင်သာယာဝန်ထမ်းတဦးက ပြောသည်။

“ခုလည်း စည်ပင်က ပို့ပေးနေရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ ရှိတတ်ပါတယ်။ ရထားမှောက်၊ ဗုံးကွဲ၊ ယာဉ်တိုက် စတဲ့ နိုင်ငံတော်အမှုတွေမှာ အလောင်းပိုင်ရှင် အချိန်မီရောက်မလာရင် ကျနော်တို့ပဲ တာဝန်ယူရပါတယ်” ဟု ၎င်းက ပြောသည်။

ပိုင်ရှင်မဲ့အဖြစ် အခြေခံသတ်မှတ်ခြင်းမှာ မှတ်ပုံတင်ကဲ့သို့ အထောက်အထားမတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယင်းသို့ မှတ်ပုံတင်မပါဘဲ ပိုင်ရှင်မဲ့အဖြစ် သေဆုံးရသည့်ကိစ္စသည် ကာယကံရှင်ကြောင့် ဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့နေ အငြိမ်းစား ကျောင်းဆရာကြီးတဦးက သုံးသပ်ပြောဆိုသည်။

၎င်းက “မှတ်ပုံတင် မရှိတာရယ်၊ ယူဆောင်သွားလေ့ မရှိတာရယ်လည်း ပါတာပေါ့။ မှတ်ပုံတင်မရှိတဲ့သူတွေဆို ဥပမာ ပျံကျကျူးကျော်တဲတွေ ရန်ကုန်မှာ ရှိနေသေးတယ်။ အဲဒီက လူတွေမှာ မှတ်ပုံတင် ကိုင်နိုင်သူ ဘယ်နှယောက်ရှိမလဲ။ နောက်ပြီး အိမ်မဲ့ရာမဲ့ အခြေအနေမဲ့တွေ ရှိသေးတယ်။ ဒီတော့ မြန်မာပြည်မှာ ဖွားသေစာရင်းတို့၊ အိမ်ထောင်စု လူဦးရေ စာရင်းတို့ အတိအကျရှိနိုင်ပါ့မလား။ ဒါတွေဟာ နိုင်ငံတော်ရဲ့ အားနည်းချက်တွေပဲ” ဟု ပြောဆိုသည်။

ဘောလုံးအကယ်ဒမီ မေလတတိယပတ် ဖွင့်မည်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော မန္တလေးမြို့ရှိ ဘောလုံးအကယ်ဒမီကို မေလတတိယ ပတ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အဆိုပါ ဘောလုံးအကယ်ဒမီမှ ကျောင်းအုပ်ကြီး ဦးစိုးညွန့်က မြန်မာ တိုင်း(မ်)နှင့် တွေ့ဆုံရာ၌ ပြောသည်။

အဆိုပါ ဘောလုံးအကယ်ဒမီတွင် အပြည်ပြည်ဆိုင်ရာစံနှုန်းဖြင့် တည်ဆောက်ထားသော ဘောလုံးကွင်း နှစ်ကွင်း၊ ဖူဆယ်ဘောလုံးကွင်း တစ်ကွင်း၊ သဲသောင်ပြင် ဘောလုံးကွင်း တစ်ကွင်းစုစုပေါင်း ဘောလုံး ကွင်း လေးကွင်း ပါရှိသည်။

၁၅ ဧက ကျယ်ဝန်းသည့် ဘောလုံးအကယ်ဒမီတွင် သုံးထပ်ဆောင် ပါရှိ ပြီး ဘောလုံးအသင်းသုံးသင်းစာ နေနိုင်သည့် အဆောင်၊ လူ ၁၂၀ စားသောက်နိုင်သည့် စားဖိုဆောင်၊ မီးဖိုခန်းတို့ပါ ရှိသည်။

နည်းပြများအတွက် အဆောင် သီးသန့်ပါရှိပြီး အထူးဧည့်သည်များ အတွက်လည်း သီးသန့်အခန်းထားရှိသည်။

ထို့ပြင် စာသင်ဆောင်၊ ကာယကြံ့ခိုင်မှုလေ့ကျင့်ဆောင်၊ အစည်းအဝေး ခန်းမစသည်တို့လည်းပါရှိသည်။

"ဒီအဆောက်အအုံကို ကနဦးက ဧရာရွှေဝါ ကုမ္ပဏီက တာဝန်ယူခဲ့ပြီး ရေမီး၊ landscaping ပိုင်းတွေကို Max ကုမ္ပဏီက တာဝန်ယူခဲ့ ပါတယ်။ ဖွင့်ပွဲ ရက်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတ်မှတ်မယ့်ရက်ကို ပဲ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ၂၁ ရက်နေ့လို့ပဲ ခန့်မှန်း ထားရတာပါပဲ"ဟု ကျောင်းအုပ်ကြီး ဦးစိုးညွန့်က ဆိုသည်။

အဆိုပါ ဘောလုံးအကယ်ဒမီ အတွက် ၁၁ နှစ်အောက် အယောက် ၃၀၊ ၁၃ နှစ်အောက် အယောက် ၃၀၊ ၁၅ နှစ်အောက် အယောက် ၃၀ ရွေးချယ်ထားပြီး ဖြစ်ကာ နိုင်ငံခြား နည်းပြချုပ်တစ်ဦး၊ မြန်မာနည်းပြ သုံးဦးတို့က တာဝန်ယူ သင်ကြားပေးမည့်အပြင် မြန်မာ့ ဘောလုံးလက် ရွေးစင်အဖြစ် မွေးထုတ်ရန် ရည်စူးဆောင်ရွက်ထားကြောင်းသိရသည်။

အဆိုပါ ဘောလုံးအကယ်ဒမီသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတောင်ဘက်၌ တည်ရှိသည်။

 မငြိမ်မသက်မှုများအပြီး ထိုင်းမြို့တော်ဘန်ကောက် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်၊ နိုင်ငံတစ်ဝန်း ကာဖျူးအမိန့်တစ်ပတ်ကြာ ဆက်လက်ထုတ်ပြန်ထားဖွယ်ရှိ PDF

Cleaning in Bangkok
ဘန်ကောက်လမ်းများတွင် သန့်ရှင်းရေးလုပ်နေသည့် မြူနီစပယ်လုပ်သားများ

ပြီးခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော စစ်တပ်က ရှပ်နီများအပေါ် အင်အားသုံးနှိမ်နင်းအပြီးတွင် မေ ၂၄ ရက်၌ ဘန်ကောက်မြို့သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။ ကျောင်းများ၊ လုပ်ငန်းခွင်များ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူများသည်လည်း အပျက်အစီးများ ရှင်းလင်းထားသော လမ်းများပေါ်တွင် ပြန်လည်သွားလာ လှုပ်ရှားနေပြီဖြစ်သည်။

လူဦးရေ ၁၀ သန်းခန့်ရှိသော ဘန်ကောက်မြို့တွင် ပုံမှန်အခြေအနေသို့ အလျင်အမြန်ရောက်ရှိခဲ့သော်လည်း ဘန်ကောက်အပါအ၀င် အခြားပြည်နယ် ၂၃ ခုတွင် ကာဖျူးအမိန့်ထုတ်ပြန်ထားမှုကို လာမည့် သီတင်းပတ်အထိ တိုးမြှင့်ထုတ်ပြန် ရန် အာဏာပိုင်များက အစိုးရထံ အကြံပြုခဲ့ကြောင်း သိရသည်။

ရှပ်နီများအပေါ် စစ်အင်အား သုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်၍ ၀န်ကြီးချုပ် အဘ်ဟီးဆစ်နှင့်အခြား ၀န်ကြီး ၅ ဦးအား ဝေဖန်ရှုတ်ချသည့်အဆိုကို တင်သွင်းရန် ရှပ်နီထောက်ခံသော အတိုက်အခံဥပဒေပြုအမတ်များက မေ ၂၄ ရက်တွင် တင်သွင်းခဲ့သည်ဟု သိရသည်။ သို့သော် ယင်းအဆိုနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်မည့်ရက်ကို မသတ်မှတ်ရသေးပေ။ လွှတ်တော်တွင် ၀န်ကြီးချုပ်အဘ်ဟီးဆစ်ညွန့်ပေါင်းအစိုးရက အမတ်နေရာအများစု ရရှိထားသည်။

ရှပ်နီများက သီတင်းပတ်ခြောက်ပတ်ခန့် နေရာယူစခန်းချထားသော ဘန်ကောက်မြို့ရှိ ဈေးဝယ်စည်ကားရာနေရာကိုလည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ မတ်လမှစတင်ဖြစ်ပွားခဲ့သော ကန့်ကွက်ဆန္ဒပြမှုများကြောင့် လူ ၈၈ ဦးသေဆုံးခဲ့ပြီး လူ ၁၉၀၀ နီးပါး ဒဏ်ရာရစေခဲ့သည်။ ယင်းပဋိပက္ခအပြီးတွင် အလုပ်သမား၊ ကျောင်းသား၊ လုပ်ငန်းရှင်များသည်လည်း ဆိုင်ရာနေရာသို့ ပြန်လည် ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။

ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ကာလအတွင်း အီတလီနိုင်ငံသား ဓာတ်ပုံသတင်းထောက်တစ်ဦး အပါအ၀င် ပြည်ပသတင်းထောက် နှစ်ဦးလည်း သေဆုံးခဲ့သည်။

မီးလောင်ဆုံးရှုံးခဲ့သော ထိုင်းနိုင်ငံ၏ အကြီးဆုံးဈေးဝယ်ကုန်တိုက်ကြီး Central World နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး Central World ကို ဒေါ်လာသန်း ၅၀၀ ခန့် အာမခံထားထားကြောင်း ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် က ပြောကြားခဲ့သည်။

Central Group ၏ လက်လီလုပ်ငန်း Central Pattana သည် ဈေးဝယ် ကုန်တိုက်ကြီး ၁၅ ခု ကို လုပ်ကိုင်နေပြီး Central World သည် အကြီးဆုံး ကုန်တိုက်ဖြစ်သည်။ စတုရန်းပေ ၂ ဒသမ ၀၀၂ သန်း ကျယ်ဝန်းသော Central World သည် ၂၀၀၉ ခုနှစ်က ပင်မကုမ္ပဏီ၏ ၀င်ငွေ ၁၇ ရာခိုင်နှုန်းကို ရှာဖွေပေးခဲ့သည်။

Taking photo Destroy Central World
ပိုကျသွားသည့် စင်ထရယ်ဝါးလ် ရှော့ပင်းမောလ်ရှေ့တွင် ဓာတ်ပုံရိုက်နေကြသူများ