
သောကြာနေ့တွင် ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ ယူဂျင်းအိုပါမန်က ပြောကြားရာ၌ ကိုလံဘီယာဘောလုံးသမားများ အင်္ဂါနေ့တွင် လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း သူတို့တည်းခိုသည့် ဟိုတယ်အခန်းများအား သန့်ရှင်းရေးလုပ်သည်ကို ခံရကြောင်းနှင့် လေ့ကျင့်ခန်းဆင်းပြီး ဟိုတယ်သို့ ပြန်အလာတွင် ငွေကြေးများ ပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။
ဟိုတယ်အလုပ်သမားနှစ်ဦးကို ကြာသပတေးနေ့တွင် ခိုးမှုစွပ်စွဲချက်များဖြင့် တရားရုံးထုတ်ခဲ့ကြောင်း အိုပါမန်က ပြောဆိုသည်။ တတိယတဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ခိုးမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း သိရပြီးနောက် နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် တိုက်ကြီးများဖလားဘောလုံးပြိုင်ပွဲအတွင်းကလည်း အီဂျစ်အသင်းသည် ဂျိုဟန်နက်စ်ဘတ်ဟိုတယ်တခုတွင် ဒေါ်လာ (၂,၅၀၀) နီးပါး အခိုးခံခဲ့ရသည်။ တောင်အာဖရိကအသင်းသည် ကြာသပတေးနေ့က အဓိက ကမ္ဘာ့ဖလားကစားကွင်းဖြစ်သည့် ဆော်ကာစီးတီး၌ ယှဉ်ပြိုင်ကစားသည့် ပထမပွဲစဉ်တွင် ကိုလံဘီယာအသင်းကို (၂) ဂိုး - (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
0 comments:
Post a Comment