
သန့်ကျော်ဇင် ရန်ကုန်၊ စက်ဖြင့်အစစ်ဆေးခံ နိုင်သော ဘားကုတ်စနစ်သုံး မြန်မာနိုင်ငံကူးလက်မှတ် များကို ဧပြီ ၁ရက် တွင်စတင်ထုတ်ပေး တော့မည်ဖြစ်ရာ စာအုပ်တန်ဖိုး ကျပ် ၂၀၀၀၀ပြောင်း လဲသတ်မှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနမှ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။
မြန်မာနိုင်ငံကူးလက်မှတ်များကို ယခင်က ကျပ် ၈၀၀၀သာကောက်ခံရာမှ ယခုအခါ ဘားကုတ်စနစ်အသုံးပြု၍ နိုင်ငံတကာအဆင့်မီ နိုင်ငံကူးလက်မှတ် များအဖြစ် ပြောင်းလဲထုတ်ပေးတော့မည်ဖြစ်ရာ စာအုပ်တန်ဖိုးကို ကျပ် ၂၀၀၀၀ နှုန်းအဖြစ် သတ်မှတ်၍ ဧပြီ ၁ရက်တွင် စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"စာအုပ်တန်ဖိုးက ကျပ် ၁၉၀၀၀ပါ။ စက်နဲ့ထုတ်တဲ့အတွက် ကျပ် ၁၀၀၀ ဆိုတော့ စုစုပေါင်း ၂၀၀၀၀ဖြစ်သွားတာပါ။ လက်ရှိပတ်စ်ပို့လုပ်တဲ့သူတွေကို ဒီနှုန်းအတိုင်းနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဒါကို ဧပြီ ၁ရက် စပါမယ်။ အရင် စနစ်နဲ့လုပ်ထားတဲ့သူတွေကတော့ စာအုပ်ဖိုးက အရင်အတိုင်းပါပဲ"ဟု မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဒီလိုစက်နဲ့ဖတ်ရှုနိုင်တဲ့ ဘားကုတ်စနစ်သုံးတဲ့ နိုင်ငံကူးလက်မှတ်တွေကို နိုင်ငံတကာမှာသုံးနေတာ ကြာပါပြီ။ မြန်မာနိုင်ငံအနေနဲ့ အခုသုံးလာပြီဆိုတော့ ကြိုဆိုပါတယ်။ စနစ်တခုအရ အဆင့်မြင့်လာတာနဲ့ငွေကြေးနှုန်းက မြင့်လာမှာ ပါ" ဟု နိုင်ငံတကာသို့မကြာခဏသွားရောက်နေသူတစ်ဦးက ပြောသည်။
စက်ဖြင့်အစစ်ဆေးခံနိုင်သော နိုင်ငံကူးလက်မှတ်များကို အပြည်ပြည် ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်က နိုင်ငံတကာတွင် ၂၀၁၀ ဧပြီ ၁ရက်မှစ၍ ပြောင်းလဲသုံးစွဲရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာနှင့် တစ်ပြေးညီ ဆောင်ရွက်သွားရန်စီစဉ်ခြင်းဖြစ်သည်။
0 comments:
Post a Comment