Saturday, May 22, 2010

တွေးတွေးပြီးရီကြနော်...(ဖြေးဖြေးရီကြ)

ကဲ..အကုန်လုံး ... ရီစရာလေး ဖြစ်အောင် ရပ်ကွက်ထဲက အမှတ်တမဲ့ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်လေး တစ်ချို့ ကို ပြန်လည် ဖောက်သည်ချရတာပေါ့ ။ ကျွန်တော်တို့ က ကွန်ပျူတာ သမားတွေဆိုတော့ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ အလွဲလေးတွေနဲ့ စလိုက်ရအောင် ... ။ ဒီိလိုဗျာ ...

ကျွန်တော်တို့ တိုက်အောက်မှာ စာစီစာရိုက်နဲ့ မိတ္တူဆိုင် တစ်ဆိုင်ရှိတယ်.. တစ်နေ့  .. အဲ့ဆိုင်မှာ .အသုဘ ဖိတ်စာတစ်စောင် လာရိုက်ပါရော။ " ကျေးဇူးရှင်ဖခင်ကြီး ဦး.... " ဆိုပြီးတော့ .. ။ အဲ့မှာ စာစီစာရိုက် အကိုကြီးက ..ရိုက်တာပေါ့ .. ရိုက်တာတော့ ဟုတ်ပါပြီ..ဘယ်လိုရိုက်သလဲဆိုတော့ . ကျေးဇူးရှင်ဖခင်ကြီး ဆိုတဲ့နေရာမှာ..ခခွေး တစ်လုံး ကျန်ခဲ့ပါလေ ရော .. အဲ့ဒါကို ကျန်ခဲ့လို့ ကျန်ခဲ့မှန်းလည်း မသိ .. ဖိတ်စာတွေရိုက် .. မိတ္တူတွေဆွဲ .မိတ္တူဆွဲလို့  အစောင် ၂၀၀ ၃၀၀ လောက်ထွက်လာမှ . ဖိတ်စာကိုဖတ်လည်း ဖတ်ကြည့် ရော ..." ကျေးဇူးရှင်ဖင်ကြီး ...ဦး.... " ဆိုပြီးဖြစ်နေရောဗျာ...
အဲ့ဒါဖိတ်စာလာရိုက်တဲ့သူတွေကို မနည်းတောင်းပန်ပြီး အသစ်ပြန်ရိုက်ပေးလိုက်ရပါလေရော....
တကယ့်ကို အမှတ်တမဲ့ ..လွဲတဲ့အလွဲလေးတစ်ခုပါ.. ခခွေးလေးတစ်လုံးကျန်ခဲ့ရုံနဲ့  .. အဟီးးးးးးးး
ဒါနဲ့ အဲ့ဒီစာရိုက်တဲ့အကိုကြီးနာမည်တောင် ကျေးဇူးရှင်ဖင်ကြီး ဆိုပြီးတွင်သွားတာ ..အခုထိပါပဲလားဗျာ..

နောက်တစ်ခု ဖြစ်ပျက်ပုံကတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ အင်တာနက်ဆိုင်မှာပါ ... ။
ကောင်မလေး ချောချောလေး တစ်ယောက် .... ဆိုင်ထဲကို ၀င်လာတယ်. ။ စက်သုံးမလို့ ပါ တဲ့ ။ အော်.. သုံးပေါ့ ဆိုပြီးလိုက်ပြ ။ ကောင်မလေး ကချောတော့ ... သူငယ်ချင်းတွေအကုန်လုံးက အဲ့နားမှာပဲ ရစ်သီ ရစ်သီ လုပ်နေကြရော ..ဘာမှတော့ သွားမပြောကြဘူးးး ။ သူ့ ပုံစံလေးနဲ့ ဆိုတော့ အင်တာနက်လည်း ကောင်းကောင်းမွန်မွန် သုံးတတ်မယ်ပေါ့.. ဟဲ ဟဲ .. အဲ့ဒါနဲ့ .. သူက Mozilla ဖွင့်လိုက်တယ် ..အရင်ဆုံး google တက်လာတာပေါ့ (home page) ထားထားတာကို ။ ပြီးတော့ google ရဲ့ search box မှာ သူ့ နာမည် ရိုက်ထည့်လိုက်တာတွေ့ တယ် (ခိုးကြည့်တာမဟုတ်ဘူးနော်.. အမှတ်တမဲ့ တွေ့ တာ ..ဟီးး ဟီးး ) ပြီးတော့လည်း သူက ဆယ်မိနစ် ဆယ့်ငါးမိနစ် ဘာမှ မလုပ်ပဲနဲ့ Monitor ကြီးကို ထိုင်ကြည့်နေတယ် ။ မိနှစ် နှစ်ဆယ်လောက်နေမှ ... အကို တစ်ချက်လောက်ဆိုပြီး ခေါ်တယ် .. ဘာမေးတယ်မှတ်သလဲ .. ?? သမီး gmail pwd ကို ဘယ်နာမှား ရိုက်ရမှာလဲ ဟင် တဲ့ .. အော်.... သေစမ်းပဲ .. မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာ ... ဟိဟိ...

နောက်အဖြစ် အပျက်တစ်ခုကတော့ အဲ့ဆိုင်လေးမှာပဲ ..အခုဟာ က အဒေါ်ကြီး တစ်ယောက် ...... ရောက်လာတယ် ..ဆိုင်ထဲကို .... သူ့ ယောင်္ကျားရဲ့ gtalk ကို ဖွင့်ချင်လို့ ပါတဲ့ ..အင်းး ပေါ့ ဆိုပြီး လုပ်ပေးလိုက်တယ်..။ Username နဲ့ Pwd သိလားဆိုတော့ .သိတယ်တဲ့ ... အဲ့ဒါနဲ့  gtalk ကိုဖွင့် Username ကို အရင်ရိုက်ထည့်ပေးလိုက်တယ် ။ Pwd ပြောလည်း ဆိုရော .. အလုံးလေး 8 လုံးတဲ့ ... အော်..အင်းဆိုပြီးး o(အို) လေး ရှစ်လုံး ရိုက်ထည့်ပေးလိုက်တယ် ။ ဒါပေမဲ့ မှားနေတယ် ဆိုတော့ 0 ( သုည) ရှစ်လုံး ထပ်ရိုက်ပေးလိုက်တယ်။ အဲ့ဒါလည်း မှားနေသေးတယ် ဆိုတော့ ... သူ က ဘာထပ်ပြောတယ်မှတ်လဲ .. .မောင်လေး မောင်လေးတဲ့ နောက်တစ်နေရာမှာဆို ကြယ်လေး ရှစ်ပွင့်ပေါ်တယ်တဲ့ ဆိုပြီးပြောတော့မှ .. ဟိုက် သေပါလေရောပဲ ဗျာ....... သူ ပြောတာ က Pwd မှမဟုတ်တာ ကို .. သူဘေးက ထိုင်ကြည့်ပြီး ရီထားတဲ့ Pwd အလုံးအရေအတွက်ကို ပြောတာပဲ ဆိုပြီးး ကိုယ့်နဖူးကိုယ်ရိုက်မိပါတယ်။ ပြီးတော့မှပဲ သူ့ ကို နားလည်အောင် ပြန်ရှင်းပြရတော့တယ်.... ဟူးးး မလွယ်ဘူးပဲ ....


နောက်တစ်ခါကျပြန်တော့.. ဒီမှာ နာဂစ် ဖြစ် အပြီလေးဗျာ ..နာဂစ်အပြီး ကွန်နက်ရှင် ပြန်ရခါစ ၊ အင်တာနက်ဆိုင်တွေ ပြန်ဖွင့်ကာစမှာ လူနှစ်ယောက်လောက် ရောက်လာတယ် ။ အကို Pfingo ရလားတဲ့ ။ အော်.. ဟုတ်ကဲ့ ရပါတယ်ပေါ့ ။ ဘယ်ကို ခေါ်မှာလဲ ခင်ဗျာ လို့ မေးလိုက်တော့ ..... လပွတ္တာ ကိုတဲ့ဗျာ... ကဲ ...ဘာသွားပြောရမလဲ ..............................

ဒါလေးတွေကတော့ ကွန်ပျူတာ နဲ့ ပတ်သတ်ပြိး လွဲတဲ့ အလွဲလေးတွေပါ ...

နောက်တော့ လူတွေ မှာ ရှိတဲ့ မသိစိတ်ရဲ့ အလွဲလေးတွေနဲ့ ဟာသလေးတွေ အကြောင်းပေါ့ဗျာ .. ကိုယ်တွေ့ လေးပါ ။

သင်္ကြန်မှာ အမြဲဖြစ်ပျက်နေကြ ... သင်္ကြန်ကားတွေ မှာ ကြည့်ကြည့် ခေါင်းခန်းမှာ ကားသမား မှန်ကြီးလည်း ပိတ်ထားသေးတယ်. .. ။. သူ့ ကို ရေနဲ့ ပက်လိုက်ရင် ဘာဖြစ်လို့ ခေါင်းက ငုံ့ ငုံ့ သွားတာလဲ မသိဘူးးး ဟိဟိ ..အရမ်းနောက်လို့ ကောင်းတာ ..အဲ့လိုမျိုးဆို ..... အဲ့ဒါ မသိစိတ်ပဲ ....တံခါးလည်း ပိတ်ထားသေးတယ် ။ ခေါင်းကလည်း ငုံပြီး ရှောင်လိုက်သေးတယ် ။ ကိုယ်ကိုယ်တိုင်ဖြစ်ဖူးရင်လည်း သိမှာပေါ့ ။

နောက်တစ်ခုက ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် .... ဘောလုံးပွဲ ထိုင်ကြည့်နေကြတာ ။ မှတ်မှတ်ရရ မန်ယူ - ချဲလ်ဆီး .... အဲ့မှာ ချဲလ်ဆီးက ကစား သမား တစ်ယောက် ကန်လိုက်တဲ့ ဘောလုံးက ကင်မရာကို လာမှန်ပါရော .. ကင်မရာကို လာမှန်တာဆိုတော့ TV မှန် ထဲကနေ အပြင်ကို ထွက်လာမဲ့ပုံစံမျိုးပေါ့ (နည်းနည်းခန့် မှန်းကြည့်လိုက်ဗျာ.. ) အဲ့မှာ ဘယ်လိုဖြစ်သလဲဆိုတော့
သုံးယောက်လုံး အသီးးသီး အကိုက ခုန်အောက်ရောက်သွားတယ်.. (ရှောင်လိုက်တာ ) ကျွန်တော်နဲ့ ကျွန်တော့်ညီက လက်ကြီးတွေနဲ့ ကာပြီးတော့ ... ဟိဟိ .. ပြီးမှပဲ သေချာ ပြန်စဉ်းစားကြည့်မိတော့တယ်.. ပြီးလည်း ပြီးရော .. သုံးယောက်သားးး ထိုင်ရီပါလေရော.. ဟား ဟား ဟား အခု ပြန်တွေးရင်တောင် ရီချင်တယ်.... မသိစိတ်ကြောင့် ဖြစ်သွားတာလေးတွေပေါ့ဗျာ ...

ကဲ .သူငယ်ချင်းတို့ လည်း ဒီလောက်ဆို .ရီရတာ တော်တော်လေးလည်း ညောင်းနေပါပြီ .. တကယ့်ကို ဖြစ်ပျက်သွားခဲ့တဲ့ အလွဲလေးတွေပါ.. သူငယ်ချင်းတို့ မှာ အဲ့လို ရီစရာ အဖြစ်အပျက်လေးတွေ ရှိရင်လည်း ပြန်လည် မျှဝေပေးခဲ့ပါဥိး ဗျာ ...
မြန်မာသူငယ်ချင်းများ

0 comments: