မေလ ၁၉ ရက်နေ့တွင် ထိုင်းအစိုးရက ရှပ်နီဝတ်ဆန္ဒပြသူများ စခန်းချရာနေရာကို စစ်တပ်ဖြင့် ဝင်ရောက်နှိမ်နင်းကာ အဆုံးသတ်ပြီးနောက် ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် ဘန်ကောက်မြို့တော် အပါအဝင် နယ်မြေ ၂၃ ခုတွင် ညမထွက်ရ အမိန့် (Curfew) ထုတ်ပြန်လိုက်ပြီ်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ Centre for the Resolution of Emergency Situation (CRES) က ညမထွက်ရ အမိန့်ကို ညပိုင်း ၈ နာရိမှ မနက် ၆ နာရီအထိ နယ်မြေ ၂၃ ခုတွင် ပြဌန်းထားသည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ ညမထွက်ရအမိန့်ကို ချိုးဖောက်သူသည် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် (သို့မဟုတ်) ငွေဒဏ် ၄၀၀၀၀ ဘတ် (ဒေါ်လာ ၁၂၀၀) ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည်ဖြစ်သည်။ အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ပြောကြားချက်အရ ဤအတောတွင်း အရီးသွားလာမည့် လူမျာသည် မိမိ၏ ပတ်စပို့ နှင့် စီစစ်ရေးကဒ်များ ယူဆောင်လာရမည်ဟု သိရသည်။
ဗိုလ်ချုပ် Prawit Wongsuwon က ဤညမထွက်ရ အမိန့်သည် ဘဏ်ကောက် စစ်ဆေးရေးဂိတ် မှစ၍ မြို့တော် ဧရိယာ တစ်ခုလုံးကို ချမှတ်ထားသည်ဟု AFP ကိုပြောကြားသည်။
0 comments:
Post a Comment