Wednesday, May 5, 2010
ဝိပဿနာ အခြေခံရှုမှတ်နည်း နှင့် ဘ၀နေနည်း သင်တန်းများကို အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေး ရှင်းမှ အခမဲ့လိုက်လံ သင်ကြားပေးမှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။
ယင်းသင်တန်းများကို ဦးစွာနယ်မြို့များ၌ လိုက်လံသင်ကြားပေးပြီး ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင်ပါ သင်တန်း လာရောက်သင်ကြားရန် ဖိတ်ခေါ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။
''သင်တန်းစဖွင့် ဖြစ်တာကတော့ နယ်တွေကို သွားရင်းနဲ့ပါ။ နယ်မှာ ၀ိပဿနာသင်တန်းတွေ လိုက်ဖွင့်ရင်းနဲ့ ဘ၀နေနည်းအကြောင်းတွေပါ ပို့ချဖြစ်သွားတာပါ။ အဲ့ဒါနဲ့ ၀ိပဿနာသင်တန်းနဲ့ ဘ၀နေနည်း သင်တန်းဆိုပြီး ဖွင့်ဖြစ်သွားတာပါ။ နယ်ဆိုရင်တော့ တွံတေး၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့မှာ ဖွင့်ပြီးသွားပါပြီ။ ရန်ကုန်မှာဆိုရင်တော့ တောင်ဥက္ကလာပ မြို့နယ်နဲ့ တောင်ဒဂုံတို့မှာ ဖွင့်လှစ် သင်ကြားပေးပြီးပါပြီ။ ရန်ကုန်က လူတွေပါ သင်တန်းအကြောင်း စိတ်ဝင်စားလာပြီး လာရောက်ဖွင့်လှစ်ဖို့ မြို့နယ်တချို့ကလည်း ဖိတ်ကြားထား ပါတယ်''ဟု ဓမ္မစက္ကဖောင်ဒေးရှင်းမှ ဦးမောင်မောင်က ရှင်းပြပါသည်။
အဆိုပါသင်တန်းတွင် ၀ိပဿနာ အခြေခံရှုမှတ်နည်းများကို သင်ကြားပေးပြီး တရားဓမ္မဖြင့် နေထိုင်နည်း များကိုလည်း ပို့ချသင်ကြားပေး ကြောင်း၊ သင်တန်းတွင် တရားဓမ္မ စာအုပ်များကိုလည်း သင်တန်းတက် ရောက်သူများကို အခမဲ့ပေးကြောင်း သိရှိရသည်။
သင်တန်းများကို အလုပ်မအားသူများအတွက်ပါ ရည်ရွယ်၍ ညနေပိုင်းတွင် ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းတစ်ခုလျင် တစ်ပတ်ကြာ ပို့ချပေးကြောင်း သိရသည်။ သင်တန်း ဖွင့်လှစ်ချင်သူများ အနေဖြင့်လည်း အသင်းသို့ ဆက်သွယ်အကြောင်းကြား နိုင်ကြောင်း သိရှိရသည်။
0 comments: