
ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်ကြီးဖြစ်သည့် Facebookမှ Userပေါင်း (၁.၅)သန်း၏ ကိုယ်ရေး အချက်အလက်များကို Hackerတစ်ဦးက ဖောက်ထွင်းခိုးယူကာ မှောင်ခိုဈေးတွင် ရောင်းစားထားကြောင်း သိရသည်။ အင်တာနက် လုံခြုံရေး ၀န်ဆောင်မှု ဌာနတစ်ခုက ယင်းကိစ္စအား ဖော်ထုတ်ပြောဆိုလိုက်ခြင်းဖြစ်သည်။ VerSign’s iDefenseမှ သုတေသီများက အခိုးယူခံလိုက်ရသည့် Accountများ၏ စာရင်းကို ရုရှားအခြေစိုက် Blogတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဟုဆိုသည်။ kirllos အမည်ရှိ Hackerသည် သူငယ်ချင်း (၁၀)ယောက်ထက် လျော့နည်းသည့် Accountပိုင်ရှင်များအတွက် ဈေးနှုန်း(၂၅)ဒေါ်လာ သတ်မှတ်ထားပြီး (၁၀)ယောက်နှင့်အထက် မိတ်ဆွေသူငယ်ချင်း ရှိသူများကို (၄၅)ဒေါ်လာဖြင့် ရောင်းချနေကြောင်း သိရသည်။ iDefenceမှ ဒါရိုက်တာဖြစ်သူ ရစ်ဟိုးဝပ်က ယင်းသည် အရှေ့ဥရောပမှ အမေရိကန်သို့ Social Networkingဆိုင်ရာ အချက်အလက် စီးဆင်းမှု တရားမ၀င် လုပ်ငန်းများ စိမ့်ဝင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး Facebookကလည်း လေ့လာမှုများ ပြုလုပ်လျက်ရှိနေပြီး မိမိ၏ ကိုယ်ရေးအချက်အလက် ခိုးယူခံရသည်ဟု စိုးရိမ်မှု ဖြစ်နေသာ Userများသည် Help Centerမှတဆင့် ဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း သိရှိရသည်။
Source: DailyMail
0 comments:
Post a Comment