Monday, January 30, 2012

ဘယ်သူ့ကို ဘယ်လိုယုံရမှာလဲလို့။


မန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဇန်န၀ါရီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ပြည်သူသို့ အသိပေးတင်ပြချက်။
 


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဇန်န၀ါရီလ ၂၉ ရက်နေ့ထုတ် ပြည်သူသို့ အသိပေးတင်မြချက်


ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သော ရွှေပြည်တံခွန် ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်၊ 
ငါးထောင်တန် ဆင်းမ်ကဒ်များ ရောင်းချနိုင်ရန် မဖြစ်နိုင်သေးဟု မနေ့ ( ၂၉-၁-၂၀၁၂ ) က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။


အဲမေ့သွားလို့..ဒါက Messenger News Journal ရဲ့ ဖေ့ဘွတ်ခ် က နေ မ လာ တာ နော်..။


ကဲ....တတ်ကျွမ်းနားလည်သူတွေ တာဝန်ရှိသူတွေပဲ အဆင်ပြေအောင် လုပ်ကြတော့... တို့တော့ ...ဟိုလူက ဒီလိုပြော ...အင်း အင်း..ဟုတ်မယ်... ဒီလူက ဟိုလိုပြော ဟုတ်မှာ...ဖြစ်နိုင်တယ်... နဲ့ ...မူးတယ်..မောတယ်.. .နားတော့မယ်...ခေါင်းလဲ ကိုက်နေတယ်..။ 
တစ်ကယ် ရောင်းဖြစ်သွားတော့ရော....ကုမ္မဏီက အရှုံးခံရောင်းမှာကျနေတာပဲ... အဲလို အောင်မြင်သွားတော့ရော...ဘယ်သူတွေ ဘ၀ပျက်ရလောက်အောင် နစ်နာဆုံးရှုးံရမှာမို့လဲ....ခွက်တာဖဲ။

ဒါတွေအားလုံးက မဒိုးကန်....ဘုန်းဘုန်းတောက် ကျောင်းကိုသွားတုန်းက....တစ်ဝတစ်ပြဲ စားခဲ့လို့...ဖြစ်မယ်... (အမ်...ဘာမှလဲမဆိုင်ဘူး၊ သူက မစားတာ ကျနေတာဖဲ။)

The Lady (2011) ဇတ်ကားကို အလွယ်တကူ ဒေါင်းလွတ် ရယူနိုင်ပြီ



The Lady (2011) ဇတ်ကားကြည့်ချင်သူတွေ အတွက်ပါ။ အခုလောလာဆယ် ထိုင်းမှာ ဖေဖော်ဝါရီ ၂ရက်နေ့ ရုံတင်မှာပါ။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မလေးရှားမှာ ရုံတင်မှာပါ။ ဒီဇတ်ကားတွေကို အင်တာနက်သုံးသော သူငယ်ချင်းတွေ အတွက် ဆိုက်တွေ တော်တော်များများ တင်ပေးထားပါတယ်။

ဒီအထဲက ကောင်းတဲ့ လွယ်ကူတဲ့ ဆိုက်လေးမှာ ဝင်ယူလိုက်ပါ။ The Lady ဇတ်ကားကို သိမ်းထားချင်သူများ မိမိရဲ့ ကွန်ပျူတာထဲကနေ အလွယ်တကူ ကြည့်နိုင်အောင် http://kanzaw.com/ ဆိုက်လေးမှာ အပိုင်း ၄ ပိုင်းပဲ တင်ပေးထားပါတယ်။ အလွယ်တကူ ဒေါင်းလွတ်ရယူနိုင်ပါတယ်။

The Lady (2011) ဇတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုသည် သူတို့၏ ဘဝကို အဓိကမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားပုံတို့ကို ပရိသတ်များ ကြည့်ရှုရမည်ဟု ထိုင်းနိုင်ငံတွင် အကြီးဆုံး ရုပ်ရှင်အုပ်စု တခု ဖြစ်သည့် Major Cineplex အင်တာနက် စာမျက်နှာတွင် ကြော်ငြာထားပြီး

နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေထဲကမှ သဒ္ဓါနှင့်လူ့နားလည်မှုတရားတို့ကို တင်ဆက်ပြသထားပြီး ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှု၏ ဗဟိုချက်နေရာမှ အမျိုးသမီး တယောက်၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှု အကြာင်းလည်းဖြစ်သည်ဟု သိရှိရပါသည်။

ပြင်သစ်ဒါရိုက်တာ Luc Besson က ၂ဝ၁ဝ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အဓိက ရိုက်ကူးထားပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ် အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားပါတယ်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် Jonathan Raggett, Jonathan Woodhouse နှင့် မြန်မာနိုင်ငံသားများ လည်း ပါဝင်သရုပ်ဆောင်ထားကြသည့် The Lady (2011) ဇတ်ကားလေးသည် မြန်မာနိုင်ငံသားအတွက် ကြည့်ရှုသင့်သော ဇတ်ကားလေး ဖြစ်ပါကြောင်း စာဖတ်သူများ အတွက် အသိပေးအပ်ပါတယ် ခင်ဗျာ။

အောက်ပါ နေရာများတွင် တိုက်ရိုက် ရယူနိုင်ပါသည်။ ဒီနေရာလေးမှာက ၇ ပိုင်း တင်ပေးထားပါတယ်။ ဒီနေရာလေးမှာ အရင်ဆုံး ဒေါင်းယူပါ။ အားလုံး အတူတူပါပဲ အဆင်ပြေတဲ့ နေရာလေးက ဝင်ရောက်ရယူပါ။

http://www.nayzawlin.com/2012/01/lady-2011.html

အောက်ပါ နေရာများတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

http://www.mediafire.com/?hgsa7gtpfprtsnj
ကျမ်းကိုး -

1- ချင်းမိုင် (မဇ္ဈိမ)
2 - http://kanzaw.com/

အောက်ပါ နေရာများတွင် တိုက်ရိုက် ရယူနိုင်ပါသည်။




Saturday, January 28, 2012

အင်တာနက် ကွန်နက်ရှင်နှင့် ဖုန်းလိုင်းများ မကြာမီ ကောင်းမွန် လာတော့မည်ဟု ဆို



မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မတ်လဝန်းကျင်မှ စ၍ ဆက်သွယ်မှု ကောင်းမွန်စွာ အသုံးပြုလာနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရှေ့ နှစ်လလောက်က စပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက် လိုင်းတွေ တဖြည်းဖြည်း သိသာစွာ ကောင်းမွန်လာတော့မှာပါ။ လက်ရှိ အင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့ တာကြောင့်ပါ။

အခု SEA-ME-WE3 နေရာမှာ SEA-ME-WE5 ကို အစားထိုးတပ်ဆင်ဖို့ တင်တားတာလည်း ကျလာပါပြီ။ အဲ့ဒါကိုတော့ တရုတ်ဝန်ကြီးရဲ့ အကူအညီနဲ့ ဆောင်ရွက်သွားမှာပါ” ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။

ထိုကဲ့သို့ပင် မိုဘိုင်းဖုန်းလိုင်းများ အတွက်လည်း Network တိုးချဲ့ခြင်း လုပ်ငန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို ပုဂ္ဂလိက ကုမ္ပဏီများဖြင့် တည်ဆောက်လျက် ရှိသည်ဟု ဆိုသည်။

ယင်းသို့ ဆောင်ရွက်ခြင်းမှာလည်း ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအမီ ဖုန်းလိုင်းနှင့် အင်တာနက် Service ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို တစ်လထက်တစ်လ ကွန်နက်ရှင်တွေ ကောင်းမွန်လာမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ရေရှည်ရပ်တည်ဖို့ အတွက် အဆင်ပြေလာကြမှာပါ။

တကယ်တမ်းတော့ ဖုန်းနဲ့ အင်တာနက် ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ တာဝန်ရှိပါတယ်” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အဆိုပါ အင်တာနက်လိုင်းများမှာ ၂၀၁၁ ခုနှစ်အတွင်း ကွန်နက်ရှင် နှေးကွေးပြတ်တောက်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များ အနေဖြင့် ထိခိုက်နစ်နာမှု များစွာ ရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

Source by : ပြည်မြန်မာ ဂျာနယ်မှ

Thursday, January 26, 2012

မလေးရှားနိုင်ငံ ရွှေတောင် NO.1 စားသောက်ဆိုင်မှ ကျင်းပသော ဂီတဖျော်ဖြေရေးပွဲတော် အမှတ်တရ ဓာတ်ပုံများ

တရုတ်နှစ်သစ်ကူး ပိတ်ရက်တွင် ရွှေတောင် NO.1 စားသောက်ဆိုင်မှ ကျင်းပသော ဂီတ ဖျော်ဖြေရေးပွဲတော် အစီအစဉ်အား မလေးရှားနိုင်ငံ KL (Indoor Stadium Negara) တွင် ပြုလုပ် ကျင်းပခဲ့ပါတယ်။

ပထမပိုင်း ဖျော်ဖြေမှုအား နေ့လည် ၂ နာ၇ီခွဲ အချိန်တွင် ဖျော်ဖြေရေး ဂီတပွဲတော်အား စတင်ပြီး ပထမဦးစွာ FIVE STAR လူရွှင်တော် အဖွဲ့မှ မိတ်ဆက် စကားများ ပြောကြားပြီး မလေးရောက် ရွှေမြန်မာများ အတွက် ထိရောက်သော ဟာသ ပျက်လုံး အစီအစဉ်များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

ဆက်လက်၍ နေ့လည် ၃ နာရီခွဲ အချိန်တွင် အဆိုတော်များဖြစ်သော ဂျင်းနီ ၊ ပူစူး ၊ ရှင်ဖုန်း ၊ ဇော်ပိုင် ၊ ချစ်သုဝေ ၊ ရဲလေး ၊ JOKER ဆုန်သင်းပါရန် ၊ ချစ်ကောင်း ၊ ဝိုင်းစုခိုင်သိန်း နှင့် Rဇာနည် စသည့် အဆိုတော်များမှ အလှည့်ကျ သီဆို သွားခဲ့ပါတယ်။

ညနေ ၅နာရီခွဲ အချိန်တွင် ဒုတိယပိုင်း ဖျော်ဖြေမှုကို စတင်၍ ကောင်းနိုးရာရာ သီချင်းများဖြင့် အဆိုတော်များမှ သီဆိုပေးပြီး ရှိုးပွဲလက်မှက် ကံစမ်းမဲ အစီအစဉ်များကို ည ၈ နာ၇ီအချိန်တွင် ပြုလုပ်ကာ ၉ နာရီ အချိန်တွင် ဖျော်ဖြေရေး အစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်း နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ သတင်းဓာတ်ပုံ များကို ကိုယ်တိုင် သွားရောက် သတင်းရယူ၍ ဂီတဖျော်ဖြေပွဲ အစီအစဉ်များအား ဓာတ်ပုံများဖြင့် အမှတ်တရ အွန်လိုင်း ပရိသတ်များ အတွက် တင်ဆက်ပေး လိုက်ပါတယ်။
















































































သတင်း ဓာတ်ပုံများ ရယူရေး အတွက် အဖက်ဖက်မှ ကူညီပေးသော ရွှေတောင် နှင့် IT GARDEN မှ တာဝန်ရှိသူများ အားအထူး ကျေးဇူးတင် ရှိပါသည်။


http://www.nayzawlin.com/2012/01/no1.html

Sunday, January 22, 2012

မလေးရှားနိုင်ငံ တရုတ်နှစ်သစ်ကူး အတွက် ဂီတဖျော်ဖြေပွဲ အစီအစဉ်များ



တရုတ်နှစ်သစ်ကူး အလုပ် ပိတ်ရက် တွင် အထူး အစီအစဉ်ဖြင့် မလေးရှားနိုင်ငံတွင် ပြုလုပ်ကျင်းပမည့် ဂီတပွဲတော် ရှိုးပွဲ အစီအစဉ်များကို မလေးရှားရောက် မြန်မာပြည် အလွမ်းပြေ ရွှေမြန်မာများ ပါဝင် ဆင်နွဲနိုင်ရန် အတွက် အသိပေး တင်ပေး လိုက်ပါတယ်။ ဂီတပွဲတော် များကို အောက်ပါ အစီအစဉ် အတိုင်း ကျင်းပ သွားပါမည်။

မောသျှမ်း စားသောက်ဆိုင်မှ ကြီးမှူး ကျင်းပသော IRON CROSS တီးဝိုင်းမှ ဖြစ်သော လေးဖြူ ၊ မျိုးကြီး ၊ ဝိုင်ဝိုင်း ၊ အငဲ ၊ ဟန်ထွန်း စသည့် အဆိုတော်များ မှ ကေအယ်တွင် ၂၃.၁.၂၀၁၂ နေ့လည် ၁ နာရီမှ ၇ နာ၇ီအထိ Chin Woo Stadium ယခင် ( အိုင်စီ ရှိုးပွဲ နေရာ )တွင်ပြုလုပ် ကျင်းပမည်။

ကေအယ် ပ္ပိုင့် စားသောက်ဆိုင်မှ BIG BAG စတား ကျားပေါက် နှင့် အဖွဲ့များ မင်းမော်ကွန်း ၊ ရင်ဂို သဇင် ၊ စန္ဒီမြင့်လွင် ၊ အေသင်ချိုဆွေ ၊ တို့ရဲ့ မြူးမြူး ကြွကြွ လှုပ်လှုပ်ခပ်ခပ် ဖျော်ဖြေမှုများ အရိုင်း ၊ ဌက်ပျောကြော် တို့ရဲ့ ဟာသ ရီမောစရာများကို ကေအယ်တွင် ၂၂.၁.၂၀၁၂ နေ့တွင် ကျင်းပပြီး ပီနန်ကောင်မ်တာတွင် ၂၃.၁.၂၀၁၂ နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ရွှေတောင် NO.1 စားသောက်ဆိုင် ကေအယ်မှ ကျင်းပသော ဂီတပွဲတော်တွင် R ဇာနည် ၊ ဇော်ပိုင် ၊ ချစ်ကောင်း ၊ ရဲလေး ၊ ပူစူး ၊ JOKER ၊ ရှင်ဖုန်း ၊ ချစ်သုဝေ ၊ ဝိုင်းစုခိုင်သိန်း ၊ ဂျင်းနီတို့ပါဝင်ပြီး FIVE STAR လူရွှင်တော် အဖွဲ့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိ ရပါတယ်။

အသေးစိပ် အချက် အလက်များကို http://www.shwetaungmusicfestival.com/ တွင်ဝင်ရောက် လေ့လာနိုင် ပါသည်။ ဂီတ ပွဲတော် နေ့ရက်ကို ၂၃.၁.၂၀၁၂ တနင်္လာနေ့ KL (Indoor Stadium Negara ) တွင် ကျင်းပပြူ လုပ်သွားမည် ဖြစ်ပါကြောင်း မလေးရှားရောက် မြန်မာများ အားလုံး တရုတ်နှစ်သစ်ကူး ပိတ်ရက်တွင် ပါဝင် ဆင်နွဲနိုင်ရန် အတွက် အသိပေး လိုက်ပါတယ် ခင်ဂျာ .....

Saturday, January 21, 2012

နည်းပညာများ ရေးသားနေသူ ဘလော့ကာ နေမင်းမောင် နှင့် အင်တာဗျူး - http://www.nayminmaung.info/



စာဖတ်သူများ အားလုံးမင်္ဂလာပါ ခင်ဗျာ။

နေ့စဉ် အဖက်ဖက်က တိုးတက်နေတဲ့ IT ခေတ်ကြီးမှာ နည်းပညာတွေက အသက်ဝင်လှုပ်ရှားနေကြပြီး လူသားတွေရဲ့ စေခိုင်းမှုကို လုပ်ဆောင်လျှက် ရှိနေပါတယ်။ နည်းပညာတွေက တစ်ထောင့် တစ်နေရာက တော်တော်များများ အသုံးဝင်ပါတယ်။

ဒီလို ဒီလို တိုးတက်နေတဲ့ လောကကြီးထဲမှာ နည်းပညာတွေ လေ့လာ လိုက်စားနေသူတွေ များပါတယ်။ ဒါပေမဲ့ တစ်ချို့လူတွေက ဆရာတွေနဲ့ စနစ်တကျ သင်ယူနေကြသလို တစ်ချို့တွေက သင်ယူဖို့ အခက်အခဲ ရှိနေဆဲပါ။ ဒါပေမဲ့ အွန်လိုင်းကနေ ကိုယ့်ရဲ့အားလပ်တဲ့ အချိန်လေးမှာ ကိုယ်ဝါသနာပါတဲ့ နည်းပညာ ဆိုက်တွေမှာ လိုက်ပြီး လေ့လာမယ်ဆိုရင် နည်းပညာနဲ့ ပက်သက်ပြီး သိသင့်သလောက် နားလည်သဘောပေါက် သိလာမှာပါ။

နည်းပညာ မှတ်တမ်းတွေ ကွန်ပျူတာနဲ့ ပက်သက်တာတွေ ဆော့လ်တွေကို သူကိုယ်တိုင် လေ့လာပြီး လေ့လာဆဲ လူငယ်တွေအတွက် မြန်မာလို အလွယ်တကူ သိရှိနိုင်အောင် အွန်လိုင်းက သူရဲ့ဘလော့လေးမှာ နည်းပညာတွေကို နေ့စဉ်မျှဝေပေးနေတဲ့ ဘလော့လေး တစ်ခုကို တွေ့ထားပါတယ်။

ဒီတစ်ခါ စာဖတ်သူများကို မိတ်ဆက်ပေးချင်တဲ့ ဘလော့ကာလေး တစ်ယောက်ကို ပြောပြသွားမှာပါ။ စာဖတ်သူများ အားလုံး စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ နည်းပညာ လေ့လာနေတဲ့ လူငယ်တွေတော်တော် များများလည်း သိလိမ့်မယ် ထင်ပါတယ်။ ဘလော့ကာ နေမင်းမောင် ဖြစ်ပါတယ်။

သူ့ရဲ့ဘလော့လေးမှာ သူလေ့လာမိသမျှ နည်းပညာတွေကို နေ့စဉ်တင်ပေးလျှက် ရှိနေပြီး နည်းပညာ လေ့လာနေတဲ့ လူငယ်တွေကို ပြန်လည် မျှဝေနေတဲ့ ဘလော့ကာလေး နေမင်းမောင် နဲ့ တွေ့ဆုံပြီး သူ့ရဲ့လုပ်ဆောင်ချက် လေးတွေကို ဒီလို မေးမြန်းဖြစ်ပါတယ်။



မင်္ဂလာပါ ညီလေး

မေး = ညီလေး နည်းပညာ တွေကို ဘယ်တုန်းက စတင်လေ့လာဖြစ်လဲ ?

နည်းပညာ တွေကို စပြီး လေ့လာဖြစ်ခဲ့တာကတော့ 2.2.2011 မှာ မင်းမောင် ဆိုတဲ့ ဘလော့လေး တစ်ခုကို စရေးဖြစ်တဲ့ အချိန်က စပြီး ဆော့ဝဲလ်နဲ့ ပါတ်သတ်တာလေးတွေကို ဆိုဒ်မှာ တင်ပေးချင်တဲ့ စိတ်လေးနဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အခြေခံလေးတွေကို စပြီး လေ့လာဖြစ်ရင်းနဲ့ နည်းပညာ နယ်ပယ်ထဲကို ရောက်ဖြစ်ခဲ့တာလို့ ပြောရင်ရပါမယ် 2011 ဖေဖော်ဝါရီလထဲမှာ စတင်ပြီး နည်းပညာ နယ်ပယ်ထဲကို ခြေချမိတာပါ။

မေး = ဘယ်တုန်းက ဘလော့လေးကို စတင်ပြုလုပ်ပြီး ရေးဖြစ်တာလဲ ?

ဟုတ်ကဲ့ ... အခုရေးနေတဲ့ နေမင်းမောင် ဆိုတဲ့ ဘလော့ကတော့ ကျွန်တော့်အတွက် ဒုတိယ မြောက် ဘလော့လေးပါ။ စစချင်း လုပ်ဖြစ်ခဲ့တဲ့ ဘလော့လေးကတော့ မင်းမောင် ဆိုတဲ့ နာမည်နဲ့ပါ။ 2.2.2011 မှာ စတင်ပြီး လုပ်ဖြစ်ခဲ့တာပါ။ အဲ့ဒီ အချိန်ကတော့ ဘလော့ဆိုတာ ဘာမှန်းမသိသေးပဲနဲ့ ကိုစေတန်ဂေါ့ ရေးထားတဲ့ မြန်မာဘလော့ ပြုလုပ်နည်း စာအုပ်လေးကို ကြည့်ပြီး ဘလော့လေးတစ်ခု စမ်းလုပ်ကြည့်မိရင်းနဲ့ ဒီလောကထဲကို စတင် ၀င်ရောက်မိခဲ့တာပါ။

မေး = လူတိုင်း လူတိုင်း အရာတစ်ခုကို လုပ်ဆောင်တယ်ဆိုရင် ရည်ရွှယ်ချက်တွေ ရှိကြပါတယ်။ အခု ညီလေးရဲ့ ဘလော့လေးကို ဘယ်လို ရည်ရွှယ်ချက်နဲ့ လုပ်ဖြစ်သွားလဲ ?


ဘလော့လေး စလုပ်မိထဲက ရည်ရွယ်ချက်တစ်ခုတော့ ရှိခဲ့ပါတယ်။ အဲ့ဒါကဘာလည်းဆိုတော့ ကျွန်တော် နည်းပညာနဲ့ ပါတ်သတ်တာတွေကို ပြန်ပြီး မျှဝေမယ်ဆိုတဲ့ စိတ်နဲ့ စပြီးလုပ်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ကွန်ပျူတာနဲ့ ပက်သတ်ရင် အခြေခံတောင် ကောင်းကောင်း မသိသေးပါဘူး။

အခုလို ကွန်ပျူတာ အခြေခံလေး တွေကို ပြန်ပြီး မျှဝေနိုင်အောင် သင်ပေးခဲ့တဲ့ လက်ဦးဆရာကို ပြပါဆိုရင် ကျွန်တော့်ကို ဒီလို ပညာတွေ လေ့လာဖြစ်အောင် လက်တွဲခေါ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဘလော့လေးကိုပဲ ပြရပါလိမ့်မယ်။

မေး = လူတိုင်း ဝါသနာ ကိုယ်စီ ရှိကြပါတယ် ညီလေးက နည်းပညာဖက်ကို ဘယ်လိုဝါသနာ ပါပြီး လေ့လာ ဖြစ်သွားလဲ ?

အရင်ကတော့ ကွန်ပျူတာဆိုတာ သုံးဖို့လောက်ပဲ သိတဲ့လူထဲမှာပါပါတယ်။ဒါပေမယ့် ညီဘလော့ စရေးဖြစ်တဲ့ အချိန်မှာ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး အခြေခံလေးတွေ စတင်လေ့လာ ဖြစ်ခဲ့ပါတယ်။ အဲ့လို လေ့လာရင်းနဲ့ နောက်ပိုင်း နည်းပညာ ဆိုတာ လေ့လာလို့ မကုန်တဲ့ ရတနာသိုက်ကြီးတစ်ခုဆိုတာ သိသွားခဲ့ပြီး ကွန်ပျူတာ နည်းပညာနဲ့ ပါတ်သတ်ပြီး ရူးရူးမူးမူးကို လေ့လာ ဖြစ်ခဲ့ပါတယ်။

မေး = ညီလေး ဘလော့ကို စလုပ်တဲ့ အချိန်က ဘယ်လို လေ့လာပြီး စတင်ခဲ့ပါသလဲ ?

ကျွန်တော် 2.2.2011 မှာ မင်းမောင်ဆိုတဲ့ အမည်နဲ့ ဘလော့လေးတစ်ခု စပြီးလုပ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အချိန်တုန်းကတော့ ဘလော့ဆိုတာ ဘာမှန်းလည်း မသိပါဘူး။ အဲ့ဒီတုန်းက အခုတက်နေတဲ့ ကျောင်းမှာ သူငယ်ချင်း တစ်ယောက်က ဘလော့တစ်ခု လုပ်ထားတာ ရှိပါတယ်။ သူလုပ်ထားတဲ့ ဘလော့လေးကို ကြည့်ပြီး ကျွန်တော်လည်း လုပ်ကြည့်ချင်တာနဲ့ ပထမတော့ သူ့ကို သင်ပေးဖို့ မေးကြည့်သေးတယ်ပေါ့။ဒါပေမယ့် သူလည်း သူ့အလုပ်နဲ့ သူမအားတာတွေ ရှိတာနဲ့ အင်တာနက်ပေါ်က ဆိုဒ်တစ်ခုကနေ ကိုစေတန်ဂေါ့လ် ရေးတဲ့ မြန်မာ ဘလော့ ပြုလုပ်နည်းဆိုတဲ့ စာအုပ်လေးကို ကြည့်ပြီး ဘလော့တစ်ခု စတင် လုပ်ဖြစ်ခဲ့ပါတယ်။

မေး = ကိုယ်တိုင် လမ်းညွန်မှု မရှိပဲ လုပ်ဖြစ်တယ် ဆိုတော့ ညီလေး အနေနဲ့ ဘယ်လို အခက်အခဲနဲ့ လေ့လာဖြစ်သလဲ ?


အဲ့ဒီအချိန်တုန်းကတော့ ဘလော့နဲ့ပါတ်သတ်ရင် တော်တော်အခက်အခဲ ကြီး တစ်ခုကို ရင်ဆိုင် နေရသလိုပါပဲ။ ရှေ့ကနေ လမ်းပြ သင်ကြားပေးမဲ့ ဆရာကလည်း အနားမှာ မရှိ လုပ်ဖူးတဲ့ သူငယ်ချင်း ကလည်း မအားလို့ မလုပ်ပေးနိုင်ဆိုတော့ ကိုယ်တိုင်လေ့လာပြီး လုပ်ရတဲ့ ခါးသီးမှုတစ်ခုကို စတင်ပြီးခံစားမိခဲ့ပါတယ်။

ဒါပေမယ့် အဲ့လို ကိုယ်တိုင်လေ့လာပြီး လုပ်မိတဲ့ အသီးအပွင့်ကိုလည်း ဘလော့လောကနဲ့ အနည်းငယ်ရင်းနီးလာတဲ့ အချိန်မှာ ကျွန်တော် စတင်ပြီး ခံစားခဲ့ရပါတယ်။ အဲ့ဒီအချိန်က စပြီး နောက်ပိုင်း တစ်ခုခုဆိုရင် သူများကို အားမကိုးချင်တော့ပါဘူး။ ကိုယ်တိုင် သိအောင်ရှာမယ် ပြီးရင် စမ်းသပ်မယ် ဒီလုပ်မရရင် နောက်ဘယ်လို လုပ်လို့ရမလည်းဆိုပြီး လုပ်ကြည့် တက်လာတယ်။ အဲ့ဒီဘလော့လေး ကိုကိုယ်တိုင် လေ့လာပြီးမှ ခက်ခက်ခဲခဲ လုပ်ဖြစ်ခဲ့တဲ့ အကျိုး ကျေးဇူးလေး တစ်ခုက ကျွန်တော့်ကို အများကြီး အထောက်အကူ ပေးခဲ့တာ ဖြစ်ပါတယ်။

မေး = ဘလော့တစ်ခု စတင်လိုက်ပြီဆိုတော့ နည်းပညာ လိုင်းကို ညီလေး အနေနဲ့ ဘယ်လို ရွေးချယ်ဖြစ်သွားလဲ ?


ဘလော့လုပ်ပြီး သွားပြီဆိုတော့ ငါ့ဘလော့မှာ ဘာတင်ရင် ကောင်းမလည်း ဆိုပြီး စဉ်းစားမိပါတယ်။ ကျွန်တော်က အေးအေး နေတက်တယ် ဂီတဖက်ကျတော့လည်း အရမ်းဝါသနာ မပါဘူး။ စာရေးရတာကျတော့လည်း မရေးတက်ဆိုတော့ အဆင်မပြေ အဲ့ဒီအချိန်မှာ ကျွန်တော့် အကိုဆရာ တစ်ယောက်ဖြစ်တဲ့ ကိုကောင်လေးငယ်ရဲ့ ဆိုဒ်လေးကို ၀င်ဝင်မွှေရင်း ကွန်ပျူတာနဲ့ ပါတ်သတ်ရင် ကလိချင်တဲ့ စိတ်လေးက ပေါ်နေတော့ ပြီးတော့ ကိုကောင်လေးငယ်ရဲ့ ဆိုဒ်လေးကိုလည်း အရမ်းအားကျတော့ သူ့လိုပဲ နည်းပညာ ဆိုဒ်လေး တစ်ခု လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် နည်းပညာလောကထဲကို သာ ၀င်လာခဲ့မိတာ ကွန်ပျူတာနဲ့ ပါတ်သတ်ရင် အဲ့ဒီအချိန်တုန်းက အခြေခံနဲ့ ပါတ်သတ်ရင်ကောင်းကောင်းတောင် မသိသေးတဲ့ အချိန်ပါ ကိုယ်ပိုင် ဘလော့လေးကတော့ လုပ်မိပြီ ဘလော့လေး အပေါ်မှာလည်း သံယောဇဉ် ဖြစ်လာပြီ ဆိုတော့ ကျွန်တော့် ဘလော့လေးမှာ ပို့စ်တွေ တင်နိုင်ဖို့ အတွက် ကျွန်တော် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အခြေခံလေးတွေကို စတင်လေ့လာရင်း ကွန်ပျူတာနဲ့ ပါတ်သတ်ရင် တီးမိခေါက်မိ သိလာခဲ့ပါတယ် ။

မေး = ဘလော့လေးက နည်းပညာနဲ့ ပက်သက်တာတွေ တော်တော်များများ တင်ထားတာ တွေ့ရပါတယ်။ ဒီလို မျှဝေဖြစ်အောင် ညီလေး ကိုယ်တိုင် နည်းပညာလေး တွေကို ဘယ်လို လေ့လာသလဲ ဆိုတာ ပြောပြပေး စေလိုပါတယ်။


နည်းပညာဖက်ကို ကျွန်တော် တစ်ယောက်တည်း ကိုယ်တိုင်လေ့လာရတဲ့ ဘ၀က တော်တော်ကို ခါးသီးပါတယ်။ သူများက ပြောပြလို့ ခဏလေးနဲ့ သိရမဲ့ အကြောင်းအရာမျိုးတွေကို ကျွန်တော် တစ်နေကုန်ခံပြီး အပင်ပန်းခံ လေ့လာခဲ့ရပါတယ် အဲ့ဒီအချိန်က ဆော့ဝဲလ်ဆိုလည်း ဘယ်လို သုံးရမှန်းမသိ ကောင်းကောင်းကို မသိပါဘူး ဒါပေမယ့် ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။အဲ့ဒီအချိန်ထဲက ကျွန်တော့်ရဲ့ ဘလော့လေးမှာ ဆော့ဝဲလ် တစ်ခုတင်တော့ မယ်ဆိုရင် ကျွန်တော့်စက်မှာ အရင် စမ်းကြည့်တယ် အဆင်ပြေပြီ ဆိုမှ ကျွန်တော် တင်ပေးပါတယ်။

အဲ့ဒီအကျင့်လေးက နောက်ပိုင်း ကျွန်တော့်ကို ဘာပြန်ပြီးတော့ အကျိုးပေးခဲ့လည်း ဆိုတော့ နောက်ပိုင်းမှာ ကျွန်တော် ဆော့ဝဲလ်တွေ တော်တော် များများနဲ့ ပါတ်သတ်ပြီး ရင်းနှီးလာခဲ့တယ်။Patch ကိုဘယ်လိုသုံးရမယ် Crack ကိုဘယ်လိုသုံးရမယ် ဆိုတာတွေကို နားလည်လာခဲ့တယ် ဒါတွေက ဘယ်သူမှ မသင်ပေးခဲ့ပါဘူး။ အခုအချိန်မှာ ကျွန်တော် အားလုံး အဆင်ပြေအောင် အသေးစိတ်ရေးပေးနိုင်ပေမဲ့ ကျွန်တော် စတင်လေ့လာ ခါစမှာ ကိုယ်တိုင်သိချင်လို့ စမ်းသပ်ပြီး အပင်ပန်းခံ အချိန်ကုန်ခံပြီး လေ့လာခဲ့ရတာပါ။



မေး = ကွန်ပျူတာပိုင်း နဲ့ ဆောဝဲလ်ပိုင်း နည်းပညာပိုင်းကို ညီလေး ဘယ်လိုလေ့လာ သင်ယူခဲ့တာလဲ ဆိုတာ ဗဟုသုတ ရအောင် ဖြေပေးပါဦး ။

ကျွန်တော် နည်းပညာ ထဲကိုရောက်ဖြစ်ခဲ့ပေမယ့် စစချင်း အချိန်မှာ ကျွန်တော်သိတာ ကွန်ပျူတာ ဆိုတာပဲ သိတာပါ။ ကွန်ပျူတာနဲ့ပါတ်သတ်တဲ့ အကြောင်းတွေ လေ့လာမယ် ဒါဆို ပြည့်စုံပြီပဲ ထင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း စာတွေ ဖတ်ဖြစ်လာတယ် ကျွန်တော့်ရဲ့ ဆရာအကိုများရဲ့ လမ်းပြမှုတွေနဲ့ ဘယ်လို လေ့လာမှုမျိုး တွေက တကယ်အသုံးဝင် တာပါလား။ဘာတွေကတော့ လူကြိုက်များပေမယ့် လက်တွေ့မှာ ဘာမှ အသုံးမ၀င်ပါလား။ ဘယ်လို နည်းလမ်းတွေကမှ ကွန်ပျူတာ တစ်ခုခု ဖြစ်ရင် ပြုပြင်နိုင်မယ် Recover ပြန်လုပ်နိုင်မယ်။ ဆိုတာတွေကို ခွဲခြားတက်လာပါတယ်။ ဒီနေရာမှာ ကျွန်တော့် အတွေ့အကြုံနဲ့ယှဉ်ပြီး မြင်ရတာလေး တစ်ခုကို ပြောချင်ပါတယ်။ကျွန်တော် ညီလေးတွေကို ပြောဖူးပါတယ် ။ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီးတော့ လေ့လာ စာတွေ ဖတ်ပေါ့။ သူတို့က ဘာပြန်ပြောလည်းဆိုတော့ အကိုရယ် ကျွန်တော်တို့မှ မသိတာဘယ်လို လေ့လာမလည်းတဲ့ တကယ်တော့ မသိဘူးဆိုပြီး မလေ့လာရင် မသိယုံပဲ ရှိမှာဖြစ်ပါတယ်။

ဘာမှမသိတဲ့ အခြေအနေကနေ အော် Software ဆိုတာ ဒါကိုပြောတာပါလား Hardware ဆိုတာ ဒါကိုပြောတာပါလား။ တဖြည်းဖြည်း သိလာမယ် နောက်ပိုင်း ဘယ် Software ကတော့ ဘယ်လိုသုံးမယ်။ Windows တင်မယ်ဆိုရင် ဘယ်လိုလုပ်မယ် စသည်ဖြင့် လေ့လာရင်းလေ့လာ ရင်းနဲ့ တစ်ဖြည်းဖြည်း သိလာမှာပဲ ဖြစ်ပါတယ်။

ဒါကကျွန်တော် အနေနဲ့ အခြေခံ လောက်ပဲ ပြောပြတာပါ။ ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုပဲ လေ့လာခဲ့ရတာပါ။ နောက်ပိုင်းမှာ IT နယ်ပယ်ထဲမှာ ဘယ်လိုင်းကတော့ဖြင့် ကိုယ့်အတွက် အသက်မွေးဝမ်းကျောင်းအနေနဲ့ လေ့လာသင့်တယ် ဘယ်ဟာ တွေကတော့ အခြေခံလောက်ပဲ သိသင့်တာတွေပဲ ဆိုတာအထိပါ ကိုယ်တိုင် ခွဲခြား နားလည် လာမှာ ဖြစ်ပါတယ်။



မေး = နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ မသိတာတွေ နားမလည်တာတွေ ရှိနေပါတယ်။ ဒီနေရာမှာနည်းပညာပိုင်းကို မသိလို့ နားမလို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို ညီလေး အနေနဲ့ ဘာများပြောချင်လဲ ?

ကျွန်တော် ပြောရရင် ကိုယ်တိုင် စာဖတ်ပြီး ကိုယ်တိုင် လေ့လာတာက ကောင်းပါတယ်။ ဒီနေရာမှာ ကျွန်တော့် အကိုများ ပြောသလိုပါပဲ။ အကို ညီဒါလေးမသိလို့လို့ မေးရင် သူတို့က အဲ့ဒီအကြောင်းအရာ နဲ့ပါတ်သတ်ပြီး လင့်လေးတစ်ခု ပေးတယ် ပြီးရင် စာဖတ်တဲ့ ဆိုပြီးပဲ အမြဲပြောပါတယ် အဲ့ဒီတုန်းကတော့ သူပြောပြနေလည်း ရရဲ့သားနဲ့ စာပဲလာဖတ်ခိုင်း နေတယ်ဆိုပြီး ထင်မိခဲ့ပါတယ်။ဒါပေမယ့် သူများပြောပြလို့ သိရတာနဲ့ ကိုယ်ကိုတိုင်လေ့လာပြီး သိရတာမှာ မတူတာကို သွားပြီးတွေ့ခဲ့ရပါတယ်။ သူများပြောပြလို့ အခက်အခဲလေး တစ်ခုကို ဖြေရှင်းနိုင်ခဲ့ရင်တောင် နောက်တစ်ခါ အဲ့ဒီလိုမျိုး အခက်အခဲမျိုး ကြုံလာခဲ့ရင် ဘယ်လို ဖြေရှင်း ရမယ်ဆိုတာ မှတ်မိဖို့ ခက်ပါတယ်။

ဒါပေမယ့် ကိုယ်တိုင် လေ့လာပြီး ဖြေရှင်းနိုင်ခဲ့ရင်တော့ နောက်ဘယ်အချိန်ပဲ ဖြစ်ဖြစ် အခုလို အခက်အခဲမျိုး ထပ်ကြုံလာခဲ့ရင် အချိန်မရွေး ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ကိုတိုင် သင်ယူ လေ့လာခဲ့ရတာမို့ မမေ့ဘူးဆိုတဲ့ သဘောပါ။ဒါကြောင့် ကွန်ပျူတာနဲ့ပါတ်သတ်တဲ့ ပညာမှ မဟုတ်ပါဘူး ဘယ်ပညာဖြစ်ဖြစ်ပါ အရင်ဆုံးစာဖတ်ပါ။ ပြီးရင် ကိုယ်တိုင် စမ်းသပ်ပါ။ ပြီးရင် လက်တွေ့ အကောင်အထည် ဖော်ကြည့်စေချင်ပါတယ်။ သူများကို မှီခိုနေရတဲ့ အချိန်ကရတဲ့ ရလဒ်နဲ့ ကိုယ်တိုင် ကြိုးစားလို့ ရလာတဲ့ ရလဒ်နှစ်ခု ဟာနှိုင်းယှဉ်လို့ မရအောင်ကွာခြားတာကို တွေ့လာရပါလိမ့်မယ်။

မေး = ကွန်ပျူတာ အသုံးပြုတဲ့ လူငယ်တွေ ကွန်ပျူတာ အကြောင်းကို လေ့လာနေတဲ့ လူငယ်တွေကို ညီလေးဘယ်လို လေ့လာ သင့်သလဲ ဆိုတာ ပြောပြပေးပါဦး ?


ကွန်ပျူတာ နဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေကို လေ့လာတော့မယ် ဆိုရင် စာချည်းပဲ ဖတ်ယုံနဲ့ မလုံ လောက်ပါဘူး။ ကျွန်တော် လေ့လာဖြစ်တဲ့ ပုံစံလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်က ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို လေ့လာတော့မယ်ဆိုရင် စာဖတ်တယ် ပြီးရင် မျက်လုံးထဲမှာ ပုံပေါ်လာအောင် ဖော်ကြည့်တယ် ဥပမာ ။ Hard Disk ဆိုတာကို ကျွန်တော်က ပုံဖော်ကြည့်လို့မရဘူး ဆိုရင် ကိုယ့် ကွန်ပျူတာမှာ မြင်နိုင်လား အရင်ရှာကြည့်တယ်။

Hard Disk က Casing ဗုံးထဲမှာ ရှိတာဆိုတော့ အလွယ်တကူ မမြင်နိုင်ဘူးလေ ဒီတော့ အလွယ်တကူ Google မှာရိုက်ရှာပြီး Hard Disk ဆိုတာ ဒါပါလား ဆိုပြီး ပုံနဲ့မြင်အောင်ကြည့်တယ်။ ဒါက ကျွန်တော် ဥပမာ အနေနဲ့ ပြောပြ တာပါ ကွန်ပျူတာ အကြောင်း လေ့လာတဲ့ အခါမှာ ကွန်ပျူတာအကြောင်း လေ့လာတဲ့အခါမှာ စာကြီးပဲ ခေါင်းထဲမှာ ရိုက်သွင်းမယ်ဆိုရင် မှတ်မိဖို့ အမတန်ခက်ပါတယ်။ကွန်ပျူတာ အကြောင်းလေ့လာတဲ့အခါမှာ စာကြီးပဲ ခေါင်းထဲမှာ ရိုက်သွင်းမယ်ဆိုရင် မှတ်မိဖို့ အမတန်ခက်ပါတယ် အဲ့ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အကြောင်းအရာ တစ်ခုကို ဖတ်မယ်ဆိုရင် လက်တွေ့လေးနဲ့ နှိုင်းယှဉ်ပြီး လေ့လာစေချင်ပါတယ်။



မေး = ကွန်ပျူတာ နည်းပညာနဲ့ ပက်သက်ပြီး လေ့လာသင်ယူရတာ လွယ်တယ်လို့ တစ်ချို့က ပြောကြပါတယ်။ တကယ့် လေ့လာနေတဲ့ လူငယ်တွေကို ညီလေး အနေနဲ့ ဘယ်လို ပြောမှာလဲ ?

ဘယ်ပညာမဆို လွယ်လွယ်ကူကူနဲ့ ဘယ်အရာမှ မရပါဘူး။ ကျွန်တော် ကိုယ်တိုင် လည်း ဒီအခြေခံလောက်ကိုပဲ မျှဝေပေးနေတယ်ဆိုပေမယ့် ဒီလောက် အနေအထားအထိ သိဖို့ကို အချိန်တွေ အကုန်ခံ လူပင်ပန်းခံပြီး တစ်စိုက် မက်မက် လေ့လာခဲ့ရပါတယ်။ ကျွန်တော်လည်း တစ်ချိန်ကတော့ ဘာမှမသိခဲ့ပါဘူး ဘာမှမသိတာကနေ လုပ်ကြည့်တယ် သိလာတယ် လေ့လာကြည့်တယ် ပိုသိလာတယ်။

အဲ့ဒီကနေ တစ်ဆင့် စိတ်ပါဝင်စားတဲ့ အဆင့်ကို ရောက်လာတယ်။အရင်ထက် ပိုပိုပြီးတော့ သိလာတယ် ။ ဒီလိုပါပဲ တကယ်တမ်းသာ ပညာတစ်ခုကို လေ့လာမယ်ဆို ဇွဲရှိရှိနဲ့ တစ်စိုက်မက်မက် ကြိုးစားလေ့လာမယ်ဆိုရင် အခုအချိန်မှာ ဘာမှမသိသေးဘူး ဆိုရင်တောင် မှ နောင်တစ်ချိန်မှာ ကျွန်တော့်လို နည်းပညာ မျှဝေသူ အဆင့်ထက်ကို ကျော်လွန်ပြီး ပညာရှင်အဆင့်တွေ အထိကိုတောင် ရောက်နိုင်မှာ ဖြစ်ပါတယ်။

မေး = ညီလေးက နည်းပညာ ဖက်ကို ဦးစားပေး ရေးသားနေတယ် ဆိုတော့ အခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ နည်းပညာတွေက ဘယ်လို အရေးပါ အရာ ရောက်လဲဆိုတာ ညီလေးရဲ့ အမြင်လေးကို ပြောပြ ပေးပါဦး။


ခေတ်ကာလက တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာသလို တိုးတက်နေတဲ့ နည်းပညာတွေကလည်း ကျွန်တော်တို့ အနေနဲ့ လိုက်မမှီနိုင် အောင်ပါပဲ။ ကျွန်တော် အဝေးကြီးကိုတော့ မပြောတော့ပါဘူး။ ကျွန်တော်တို့ရဲ့ အနီးစပ်ဆုံး ပါတ်ဝန်းကျင်တစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ပဲ နှိုင်းယှဉ်ပြချင်ပါတယ်။ အရင်တုန်းက မြန်မာပြည်မှာ အင်တာနက်ဆိုတာ မရှိတဲ့ အချိန်မှာ သတင်း တစ်ခုကို ဖတ်ချင်ရင် ဂျာနယ်ဝယ်ရမယ်။အဲ့ဒီဂျာနယ်ဝယ်ဖို့အတွက် ဂျာနယ်ထွက်လာမဲ့ အချိန်ကို စောင့်ရမယ်။ အဲ့ဒီအတွက် အချိန်တွေ အလဟသ ဖြစ်ပြီး Update ဖြစ်သင့်တဲ့ သတင်းတွေက နောက်ကျမှ သိရတာမျိုးတွေ ရှိခဲ့ပါတယ်။

အခုအချိန်မှာ အင်တာနက် တွေကို အလွယ်တကူအသုံးပြုလာနိုင်တဲ့ အချိန်မှာ Update သတင်းတစ်ခုကို သိချင်ရင် စက္ကန့်ပိုင်းလောက် အတွင်းမှာကို ချက်ချင်း သိနိုင်နေပြီ ဖြစ်ပါတယ်။ဒါက နည်းပညာ တိုးတက်လာမှုနဲ့ ပါတ်သတ်ပြီး လူတိုင်းနဲ့မကင်းတဲ့ သတင်းနယ်ပယ်လေး တစ်ခုကနေပဲ နှိုင်းယှဉ်ပြတာပါ။ ဒါကြောင့် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အများနဲ့ရင်ဘောင် တန်းနိုင်ဖို့အတွက် နည်းပညာ တိုးတက်ဖို့ ဆိုတာလည်း မဖြစ်မနေ လုပ်သင့်တဲ့ ဖြစ်သင့်တဲ့ နောက်ကျမကျန်သင့်တဲ့ အရာတစ်ခုလို့မြင်ပါတယ်။

မေး = ဘလော့ကာ တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေ နားလည်ဖို့ လိုအပ်သလဲ ဆိုတာ ဘလော့ရေးသူ ဝါသနာရှင်များ သိအောင်လည်း ပြောပြပေးပါဦး ။


ဘလော့ကာ တစ်ယောက်ဖြစ်ဖို့ သာမန် ပေါ့ပေါ့လေးေ တွးရင်တော့ လွယ်ကောင်းလွယ်မယ် လို့ထင်ပါလိမ့်မယ်။ ဘာကြောင့် လည်းဆိုတော့ G-mail အကောင့်တစ်ခု ရှိယုံနဲ့ ဘလော့တစ်ခု အလွယ်တကူ လုပ်လို့ရနေတော့ ဘလော့ကာ ဖြစ်ရတာ လွယ်ပါတယ်လို့ ပြောချင်ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ဘလော့ကာတစ်ယောက်ဖြစ်ဖို့ တကယ်တမ်း မလွယ်ပါဘူး။

မိမိ ပျိုးထောင် ခဲ့တဲ့ ဘလော့လေး အသက်ဝင် လာဖို့ အများကြီး ကြိုးပမ်းရပါလိမ့်မယ် ပထမဆုံးပြောချင် တာကတော့ အပြင်အဆင်ပိုင်းပါ။ အိမ်တစ်အိမ်ကို ဧည့်သည် လာလည်သလိုပါပဲ။မိမိတို့ အိမ်က သပ်သပ် ရပ်ရပ်လေးနဲ့ နေချင်သဖွယ်လေးဆိုရင် လာလည်တဲ့ ဧည့်သည် စိတ်ချမ်းသာသလို ဧည့်ပျော်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘလော့တစ်ခု စတင်ရေးတော့မယ်ဆိုရင် မိမိဘလော့ကို လာလည်ကြမဲ့ ဘလော့မိတ်ဆွေတွေ အမြဲတမ်း လာလည်ချင်အောင် စွဲဆောင်မှုရှိဖို့ ပြင်ဆင်သင့်ပါတယ်။ အဲ့ဒီအတွက် Coding ပိုင်းတွေ ဘလော့နဲ့ပါတ်သတ်တဲ့ အခြေခံတွေ ကိုတော့ နားလည်ဖို့လိုပါတယ်။

မေး = ဘလော့တစ်ခုမှာ အဓိက နားလည်သင့်တဲ့ အရာလေးကို ပြောပြပေးလို့ ရမလား ?

HTML / CSS ပိုင်းကို အနည်းငယ်ဖြစ်ဖြစ်တော့ နားလည်အောင် လုပ်ထား စေချင်ပါတယ်။ ဒါမှ Template နဲ့ပါတ်သတ်ပြီး လိုအပ်တာလေး တွေပြင်ချင်တယ် ဆိုဒ်မှာ လိုချင်တဲ့ ပုံစံလေးေ တွထည့်ဖို့ Coding တွေဝင်ပြင်ရမယ် ဆိုရင် အခက်အခဲ မရှိမှာ ဖြစ်ပါတယ်။ စစချင်း အခက်အခဲလေးတွေ ရှိပေမယ့်လည်း အားမလျော့ပဲ ကြိုးစားပြီး လုပ်မယ်ဆိုရင် ဘလော့ရေးတာ ကြာလာတာနဲ့ အမျှ အလုပ်က သင်ပေးသွား ပါလိမ့်မယ်။ နောက်ပြီးတော့ အိမ်လည်ကြပေါ့ခင်ဗျာ ။ ဒါမှလည်း မိတ်ဆွေပေါမယ်။ အသိမိတ်ဆွေ ပေါမယ် နောက်ပိုင်း ကိုယ့်ထက် သိတဲ့ တက်တဲ့ ဘလော့မိတ်ဆွေတွေက နေပဲ သင်ပေးရင်းနဲ့ ဘလော့ဂါ လောကမှာ ပျော်မွေ့သွားပါလိမ့်မယ် လို့ပြောချင်ပါတယ် ။

မေး = ညီလေးရဲ့ဘလော့လေးမှာ နေ့စဉ်ဝါသနာ အရ ပိုစ့်တွေ တင်ပေးနေတယ်ဆိုတော့ တစ်ခြားအလုပ်တွေ ကိုယ်ရေး ကိုယ်တာကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ ဘာလော့ကာတိုင်း ငွေမရပဲ ဝါသနာ အရ ရေးနေကြတယ်ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။ ညီလေး ကိုယ်တိုင်ရော ဘလော့့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လိုဖြတ်သန်းခဲ့ရသလဲ ?


ဟုတ်ကဲ့ ... ဘယ်အရာ မဆိုတော့ အကောင်း အဆိုးကတော့ ဒွန်တွဲနေတာပါပဲ။ ဒါပေမယ့် ဒီ နေမင်းမောင်ဆိုတဲ့ ဘလော့လေးကတော့ ကျွန်တော့် အတွက် အိုအေစစ်လေး တစ်ခုပါပဲ ကျွန်တော် ဒီဆိုဒ်လေး အပေါ်မှာ တစ်စိုက်မက်မက် လုပ်ဖြစ်ခဲ့တဲ့ အတွက် တစ်ခြား အပိုင်းတွေမှာ အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အဆင်မပြေ တာတွေ ရှိနေပါစေ။ ကျွန်တော် ကွန်ပျူတာရှေ့ကိုရောက်လို့ ကျွန်တော့်ဆိုဒ်လေးကို ဖွင့်ကြည့်ပြီးတာနဲ့ အဲ့ဒီစိတ်တွေ ပျောက်ကုန်တယ်။

မေး = ဘလော့ရေးသူ ညီလေး အနေနဲ့ ဘလော့လေးရေးတဲ့ အခါဖြစ်ပေါ်လာတဲ့ ပီတီဖြစ်မိတာ လေးကို မျှဝေပေးလို့ ရမလား ?

ဟုတ်ကဲ့ .... ကျွန်တော် ကွန်ပျူတာ ရှေ့ရောက်လို့ ကျွန်တော့်ရဲ့ ဆိုက်လေးကို ဝင်လိုက်တယ် ဆိုရင်ပဲ ဘယ်သူတွေက ဘာတွေ မေးထားတယ်။ ဘယ်သူတွေက အဆင်ပြောလို့ ကျေးဇူးတင်စကား ပြောထားတယ် ။ ဒီနေ့တော့ ဘယ်လောက် လာလည်ကြတယ်။ ဒါလေးတွေကိုကြည့်ပြီးရင် ပီတိဖြစ်ပြီး ပို့စ်အသစ်တွေ ကိုတင်ဖို့ မေးထား တာလေးတွေကို ဖြေပေးဖို့ ပဲစိတ်ထဲမှာ အာရုံရှိတော့တယ်။

တစ်နေ့တစ်နေ့ အခက်အခဲတွေကို ကျွန်တော် တတ်နိုင် သမျှ ကူညီခွင့် ရလို့ အရမ်းလည်း ပျော်ပါတယ်။ ပီတိလည်း ဖြစ်မိပါတယ်။ ဒါကြောင့် ကျွန်တော် အင်တာနက် သုံးလို့ရနေသရွေ့တော့ ကျွန်တော့် ဘလော့လေးဟာ ကျွန်တော့် အနားမှာ အမြဲတမ်း အကောင်းဆုံး ရှိနေပေးမဲ့ အဖော်မွန်ကောင်း တစ်ယောက်ပါပဲ။

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။ ညီလေးရော ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု မကောင်း ပြောဆို တာတွေမျိုးပေါ့ ဒါမ မဟုတ် တစ်ယောက်က အထင်လွဲတာတို့ပေါ့ ညီလေး အနေနဲ့ ကြုံဖူးလား ?


ဘလော့ တစ်ခုကို ကိုယ်တိုင်ရေးဖြစ်သွား ပြီဆိုရင် နောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ သံယောဇဉ်ဖြစ်လာပြီ ဆိုတာနဲ့ မိမိတို့ရဲ့ ဘလော့လေးက ကိုယ့်အိမ်ကိုယ့်ယာလိုပဲ ဆိုတာကို ဘလော့သမား အားလုံး ခံစားဖူးမှာပါ။ ကျွန်တော်ကိုယ်တိုင် ပျိုးထောင်ခဲ့ရတဲ့ နေမင်းမောင် ဆိုတဲ့ ဘလော့လေး အပေါ်မှာလည်း ကျွန်တော် အရမ်းကို သံယောဇဉ်ရှိပါတယ်။

ကျွန်တော့်ဘ၀မှာ နည်းပညာ လောကထဲကို ဒီဘလော့လေးနဲ့ အတူဝင်ရောက်ခဲ့ရတာ ဆိုတော့ ကျွန်တော့် ဘ၀အတွက် အမှတ်တရတစ်ခု ဆိုရင်လည်း မမှားပါဘူး ။ တစ်ခါတစ်လေကျတော့ တစ်ချို့ကထင်ကြတာမျိုးတော့ ကြုံဖူးပါတယ်။ အခု နေမင်းမောင် ဆိုဒ်ကို ကျွန်တော်က သူများစီကနေ လွဲပြီး ယူထားတာဆိုပြီး ထင်ကြတာပေါ့နော် အဲ့လိုမျိုးကြုံရတဲ့ အခါမျိုးတော့ စိတ်ထဲမှာတော့ မကောင်းပါဘူး။ စိတ်ညစ်တယ်လို့တော့ မဟုတ်ပါဘူး စိတ်မကောင်းဖြစ်တာ လောက်ပါပဲ ဖြစ်မိပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfAbDf5a4LvO1CPMexAcMzfJkMWj1DFwbNC_AQxt_0gYUYSWkHyurFUtFDwtRRyL9vsm_lk04Em4GUY0IRDbikWgnvNWt7dHYnxfjgOafz9ehSMtnZfZEsODyM-qU608ppsHPAhub1Bs/s1600/02.gif

မေး = ဘလော့လေးမှာ တင်ပေးဖြစ်တဲ့ (မျှဝေဖြစ်တဲ့) နည်းပညာတွေကို စာဖတ်သူများသိအောင် အသေးစိပ် ပြောပြပေးပါဦး။

ဟုတ်ကဲ့ အဓိက ကတော့ Software ပိုင်းကို အဓိက ထားပြီး တင်ပါတယ် ။ အသုံးဝင်မဲ့ ဆော့ဝဲတွေ နဲ့ တောင်းထားတဲ့ ဆော့ဝဲလ်တွေကို အရင် စမ်းသုံးကြည့်ပါတယ် အဆင်ပြေရင်တော့ ပြန်တင်ပေးပါတယ်။ နောက်တစ်ချက်တော့ မေးလ်ကဖြစ်စေ C-Box မှာဖြစ်စေ မေးထားတဲ့ မေးခွန်းတွေကို ပို့စ်တင်ပြီး ဖြစ်စေ မေးလ်ကနေ ဖြစ်စေ ဖြေပေးပါတယ်။ဒါပေမယ့် မေးခွန်းပိုင်း ဖြေရတာကတော့ ကျွန်တော့် အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ကျန်တဲ့ အပိုင်းတွေက ပြသနာ မရှိပေမယ့် မေးထားတဲ့ မေးခွန်းတွေကို ဖြေပေးဖို့အတွက် ကျွန်တော် အများကြီး အချိန်ပေးရပါတယ်။

တစ်ယောက်တစ်လေဆို ပြသနာ မရှိပေမယ့် မေးထားတဲ့ မေးခွန်းတွေ များလာရင် ကျွန်တော် တစ်နေ့လုံး အဲ့ဒီမေးခွန်းတွေနဲ့တင် ဘာမှ မလုပ်ဖြစ်တဲ့ နေ့မျိုးတွေတောင် ရှိပါတယ်။အဆင်ပြေသွားရင် ကျေးဇူးတင် တက်ကြပေမယ့် တစ်ချို့ မေးလ်တွေ များလို့ မမြင်လို့ ပြန်မဖြေ ပေးဖြစ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကျွန်တော် မအားလို့ ပြန်မဖြေပေးဖြစ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် နားလည်မပေး တာမျိုးတွေ ကြုံရတက်ပါတယ်။ဒါကြောင့် အမေးအဖြေ ပိုင်းကတော့ အမြဲတမ်း မဟုတ်တောင် အားတဲ့ အချိန်တော့ ကျွန်တော် အတက်နိုင်ဆုံး အချိန်ပေးပြီး ပြန်ဖြေပေးပါတယ်။ နောက်တစ်ချက် ကတော့ အသုံးဝင်မဲ့ ကွန်ပျူတာဆိုင်ရာ ဗဟုသုတ လေးတွေကို ပြန်ပြီးတော့ မျှဝေပေးတဲ့ အပိုင်းဖြစ်ပါတယ်။

မေး = ဆက်လက်၍ ညီလေးရဲ့ ဘလော့လေးကို ဘယ်လိုကြိုးစားသွားမယ်ဆို ဖြေကြား ပေးစေလိုပါတယ်။


ကျွန်တော် အပေါ်ပြောခဲ့ သလိုပါပဲ။ ကျွန်တော့်ဘလော့လေးဟာ ကျွန်တော့်ဘ၀ပါပဲ။ ဒါကြောင့် ကျွန်တော် အင်တာနက်နဲ့ လက်လှမ်းမှီ သမျှ ကာလပတ်လုံး ကျွန်တော့်ရဲ့ဘ၀ ဖြစ်တဲ့ နေမင်းမောင် ဘလော့လေး ကနေပြီးတော့ တက်နိုင်သမျှ အားလုံးကို အကောင်းဆုံး မျှဝေရင်းနဲ့ လိုအပ်တဲ့ အခက်အခဲ တွေကိုလည်း ဆက်ပြီး ကူညီပေးသွားနိုင်ဖို့ ကြိုးစားသွားပါ အုံးမယ်လို့ ပြောချင်ပါတယ်။

မေး = နေ့စဉ် ညီလေး ဘလော့လေးကို နည်းပညာ ဝင်ရောက် လေ့လာသူတွေ တစ်နေ့ကို လူဦးရေ ဘယ်လောက် ရှိနေပြီလဲ ?


တစ်နေ့ကို 4565 ကျော်လောက်ရှိပါတယ်။ ပုံမှန်တစ်နေ့ကို တော့ အနည်းဆုံး 4500 နဲ့ အများဆုံး 5500 ၀န်းကျင် အတွင်းမှာတော့ ရှိပါတယ်။ တစ်လကိုတော့ 160000 ၀န်းကျင်လောက်တော့ ရှိပါတယ်။

မေး = ညီလေး ဘလော့လေးက တော်တော်များများ လူသိများတယ်နော် ပြီးတော့ နည်းပညာများ ဝင်ရောက် လေ့လာနေသူတွေလည်း တော်တော်များပါတယ်။ အခု အချိန်မှာ ညီလေး ဘာလော့လေး အောင်မြင်နေပြီလို့ ပြောရင် ညီလေး ဘာပြောမှာလဲ ?


ဟုတ်ကဲ့ .... ကျွန်တော် အနေနဲ့ အောင်မြင်တယ် မအောင်မြင်တယ် ဆိုတာထက် ကိုယ့် ဘလော့လေးကို လူတွေ များများသိလာလေ များများ ကူညီနိုင်လေ ဖြစ်တဲ့အတွက် ပိုပြီးတော့ ကုသိုလ်ရတယ် လို့ပဲ ခံယူပါတယ်။ အောင်မြင်လာပြီလို့ မြင်တယ် ဆိုရင်တောင် အဲ့ဒီအောင်မြင်မှုလေးက ကျွန်တော့် ဘလော့လေး အပေါ်မှာ သံယောဇဉ်ထားပြီး နေ့စဉ်လာရောက် လည်ပတ်ပြီး ကျွန်တော့်ကို စာတွေ ရေးဖို့ အင်အားတွေ အမြဲပေးနေတဲ့ နေမင်းမောင် ဆိုဒ်လေးကို လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရယ် ၊ ကျွန်တော့် ဆိုဒ်လေး ဒီအတိုင်းအတာအထိ အောင်မြင်လာဖို့ အတွက် ကျွန်တော်နဲ့ အတူ အပင်ပန်းခံ ပြီး စိတ်တူ ကိုယ်တူ လုပ်ဖြစ်ခဲ့ကြတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း ဇာနည်ငြိမ်း ရဲ့ အဖက်ဖက်က ၀င်ရောက် အားဖြည့် ပေးမှုကြောင့်လို့ ပြောချင် ပါတယ်။



မေး = ညီလေး ရေးတင်နေတဲ့ နည်းပညာပိုင်း ဆိုင်ရာပိုစ့်လေးတွေကို ညီလေး ဘလော့လေးမှာပဲ တင်ဖြစ် မျှဝေဖြစ်လား တစ်ခြား ဝက်ဆိုက်တွေ ဘလော့တွေ မှာရော မျှဝေဖြစ် တင်ပေးဖြစ်လား ?

ဟုတ်ကဲ့ .... အရင်ကတော့ Ning Sites တော်တော်များများမှာ ကျွန်တော် ၀င်တင်ဖြစ်ပါတယ် ။ နောက်ပိုင်း တော့ ကျွန်တော် Ning Sites တွေမှာ မတင်ဖြစ်တော့ပါဘူး။ ပုံမှန်ရေးဖြစ်တဲ့ ဆိုဒ်လေး တစ်ဆိုဒ်တော့ ရှိပါတယ်။ အဲ့ဒီဆိုဒ် လေးကတော့ ကျွန်တော့်ကို ဒီနည်းပညာ လောကထဲကို ရောက်လာဖို့ ရှေ့ဆောင်လမ်းပြပေးခဲ့တဲ့ ကျွန်တော့် အကို ကိုကောင်လေးငယ်ရဲ့ ကောင်လေးငယ် ဆိုဒ်လေးမှာတော့ ကျွန်တော် အမြဲရေးဖြစ်ပါတယ်။

နောက်ပိုင်းတော့ ကျွန်တော့်အကို ကိုနေဇော်လင်းရဲ့ ဆိုဒ်မှာပါ အက်ဒမင် တစ်ယောက် အနေနဲ့ ၀င်ရောက် ရေးသားပေးဖို့ ရှိပါတယ်။ နောက်ထပ် ဖိုရမ် တစ်ခုဖြစ်တဲ့ မြန်မာမိသားစု ဖို၇မ်မှာတော့ ကျွန်တော် အားတဲ့ အချိန်တွေမှာ ၀င်ရေးဖြစ်ပါတယ်။

မေး = ညီလေးရဲ့ ပညာအချင်း နဲ့ အလုပ်အကိုင် နေရပ်လိပ်စာလေးကို ပြောပြပေးနိုင်မလား ?

ဟုတ်ကဲ့ ပြောပြပေးလို့ ရပါတယ်။ M.Sc ( Maths ) နဲ့ ဘွဲ့တစ်ခု ရပြီးပါပြီ။ လက်ရှိ အလုပ်လုပ်ရင်း ကျောင်းတက် နေပါတယ်။ အခု Master တန်း ဒုတိယနှစ်ကို ဆက်ပြီးတက်နေပါတယ်။ ကျွန်တော့် မွေးရပ် ဇာတိကတော့ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ကပါ။

မေး = ညီလေးက နည်းပညာပိုင်းကို အများအတွက် အကျိုးပြုနေတယ် ဆိုတော့ လေ့လာဆဲ လူငယ်တွေ အတွက် ညီလေးရဲ့ ဘလော့လိပ်စာလေးနဲ့ ညီလေးကို ဆက်သွယ်လို့ ရနိုင်မယ့် အီးမေးအကောင့်လေး ကို ပေးပါဦး။


ဟုတ်ကဲ့ .... အကို ညီလေးရဲ့ ဆိုဒ်လိပ်စာ ကတော့ http://www.nayminmaung.info/ ညီလေးကို ဆက်သွယ်ချင် တယ်ဆိုရင်တော့ nayminmaung89@gmail.com ကိုဆက်သွယ် နိုင်ပါတယ်။ လိုအပ်တာတွေ တောင်းဆို ချင်တာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အခက်အခဲတွေကို အကူအညီ တောင်းချင်ရင်ပဲ ဖြစ်ဖြစ် အချိန်မရွေး တောင်းဆိုနိုင်ပါတယ်။



အခုလို အင်တာဗျုး မေးမြန်းသမျှကို အချိန်ပေး ဖြေကြားပေးသော ဘလော့ကာ နေမင်းမောင် ဒီထက်ပိုပြီး နည်းပညာဆိုင်ရာ အကြောင်းများကို လူငယ်တွေ အတွက် မျှဝေနိုင်ပြီး အောင်မြင်သော ဘလော့ကာ လေးအဖြစ် နည်းပညာပိုင်းဆိုင်ရာ များကို တစ်ထောင့် တစ်နေရာကနေ အများအကျိုး အတွက် ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ ... ကျွန်တော်ကိုလည်း အခုလို မအားလပ်တဲ့ ကြားက အပင်ပန်းခံ အချိန်ပေးပြီး မေးမြန်းပေးတဲ့ ကိုနေဇော်လင်း ကို လည်း ကျေးဇူး အထူး တင်ရှိပါတယ် ခင်ဗျာ။

ဒီလောက်ဆို စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ သိချင် တာလေးတွေ တော်တော်လေး ပြည့်စုံနေပြီနော် ... နည်းပညာ လေ့လာနေတဲ့ သူတွေ အားလုံးအတွက်
http://www.nayminmaung.info/ မှာ အသေးစိတ် နည်းပညာများကို သွားရောက် လေ့လာနိုင်ပါတယ် ဆိုတာ အသိပေး ပြောကြားရင်း ဒီလအတွက် အင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာ ရပ်နားခွင့် ပြုပါ ခင်ဗျာ။

နောက်ထပ် ဘလော့ကာ မိန်းကလေး ထဲက ကိုယ်တိုင်ရေး ရသ စာပေ စာရေးသူ တစ်ယောက်ကို ရွေးထားပါတယ်။ စာဖတ်သူများ ဘယ်သူဖြစ်နိုင်မလဲ ? ခန့်မှန်းကြည့်ရအောင် နောက် တစ်ပတ်မှာ ပြန်ဆုံမယ်နော် .... ကျေးဇူးတင်ပါတယ်။

ဒီနေရာလေးမှာလည်း ဝင်ဖတ်နိုင်ပါတယ်။
http://www.nayzawlin.com/2012/01/httpwwwnayminmaunginfo.html