Wednesday, June 29, 2011

တိုက်နံရံနဲ့ အဲယားကွန်းကြားမှာ ညှပ်မိနေတဲ့ ကလေးငယ်

http://www.yoyarlay.com/images/resized/images/stories/yyl/2011/6/28/f_28_6_200_200.jpg

အရွယ် မရောက်သေးတဲ့ ကလေး သူငယ်တွေကို အိမ်သူ အိမ်သားတွေ မရှိခိုက် အိမ်မှာ တစ်ဦးတည်း ထားရစ် ခဲ့တာဟာ အိမ်အတွက်ရော ကလေး အတွက်ပါ အလွန် အန္တရာယ်များကြောင်းကို ဒီဖြစ်ရပ်က သတိပေး လိုက်ပါ ပြီ။ တရုတ်နိုင်ငံဘေဂျင်းမြို့ ၈လွှာ တိုက်ခန်းမှာ တစ်ဦးတည်း ကျန်ရစ်ခဲ့ တဲ့ အသက် ၃ နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ အဆောက်အဦး နံရံနဲ့ အဲယားကွန်း တစ်လုံး အကြားမှာ ညှပ်မိနေခဲ့တာ ကြောင့် အိမ်နီးနားချင်းတွေက ခဲရာခဲဆစ် ကယ်ထုတ်ခဲ့ရပါ တယ်။ လူငယ်လေးက တော့ ဘာဒဏ်ရာ တစ်ခုမှ ရရှိသွားခြင်း မရှိပါဘူး။

အခင်းဖြစ်ပွားခဲ့တဲ့ ၁၅-၆-၂၀၁၁ နေ့က ကလေးငယ်ရဲ့အဖွားဖြစ်သူ နေအိမ်တိုက်ခန်းကို နေ့လယ် ၂း၃၀ နာရီမှာ ပြန်ရောက်လာခဲ့ပြီး တံခါး ဖွင့်မရဘဲ ရှိနေခဲ့ပါတယ်။ ကလေးငယ်ဟာ အဖွားဖြစ်သူ အလာကိုစောင့်ကြည့်ဖို့ လသာဆောင် ကနေတစ်ဆင့် ရေပိုက်လုံးပေါ် ဆင်းရာမှာ မတော်တဆ ခြေချော်ကျသွားပြီး ၇ လွှာနံရံနဲ့ အဲယားကွန်းအကြား ညှပ်မိသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ရှေ့ဖြတ် သွားသူတစ်ဦးဟာ ကလေးရဲ့ငိုသံကြားလိုက်ရပြီး အပေါ်မော့ကြည့်လိုက်တော့မှ ညှပ်မိနေတဲ့ ကလေး ကို အံ့ဩတကြီး တွေ့လိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက် လူ ၃၊ ၄ ဦးလောက် ဝရန်တာကနေ တစ်ဆင့် ကလေးငယ်ကို ခက်ခက်ခဲခဲ ကယ်ထုတ်နိုင်ခဲ့ပါ တယ်။

http://www.yoyarlay.com/

Tuesday, June 28, 2011

လူလိမ်တွေ ပွေလီရှုပ် တန့်ကြည်တောင်ဇာတ်ထုတ်

တန့်ကြည်တောင် ရိပ်သာက တိရိစ္ဆာန်တို့ရဲ့ အမူအရာပေါင်းစုံ၊ တရားထိုင်ရင်း ငို ရယ်နေတာတွေ၊ ကနေတာတွေကို ရိုက်ထားတဲ့ခွေ အွန်လိုင်းပေါ်မှာ ရောက်ရှိနေတာတော့ ကြာခဲ့ပါပြီ။
တချို့လည်း ကြည့်ပြီးဖြစ်ကြသလို မကြည့်ရသေး တဲ့ ပုဂ္ဂိုလ်များရှိနေအုံးမည် ထင်ပါသည်။

ဒီမှာ ဒေါင်းယူကြည့်ရှူနိုင်ပါသည်
ဒီမှာ


or

http://www.fileserve.com/file/SBysvxH/

or

http://ifile.it/zce0g31/Mad_meditation.flv/

or

http://www.mediafire.com/?lhryijf9ld0r4l5/

or

http://www.megaupload.com/?d=63IGW3WN/

တချို့ကြည့်ပြီးသား ပုဂ္ဂိုလ်များက ဒါကိုကြည့်ပြီး ထူးဆန်းအံ့သြဖွယ်အဖြစ် လာရောက်
မေးမြန်းကြပါသည်။ တရားထိုင်တဲ့အခါ ဤခွေထဲကအတိုင်း တကယ်ဖြစ်သလား စသည်
စသည်ဖြင့် မေးလာကြပါသည်။ တရားထိုင်တဲ့အခါမှာ ငိုမှု့ ရယ်မှု့တွေ အနည်းအကျဉ်းတော့ ဖြစ်တတ်ကြပါသည်။ ပီတိ ကြောင့် မျက်ရည်ကြခြင်း၊ ငိုခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ ဒီခွေထဲကအတိုင်း ရုပ်ပျက် ဆင်းပျက် ငိုတာမျိုးတွေတော့ မရှိပါဘူး။
မဟာစည်၊ မိုးကုတ် စတဲ့ နာမည်ကြီး ရိပ်သာတွေမှာ ဤခွေထဲကအတိုင်း ဖြစ်သလားဆိုတာ စာဖတ်သူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်။

ယခု အခွေသည် ပြင်ပမှ တစုံတစ်ယောက်က ရိုက်ထားသောခွေမဟုတ်ပါ။ တန့်ကြည်ရိပ်သာက
သူတို့ကိုယ်တိုင် ရိုက်ကူးပြီးတော့ ဖြန့်ချီတဲ့ခွေဖြစ်ပါသည်။ ဤခွေထဲမှာ ပါသော ကနေတာတွေ ခွေးလိုအမူအရာ၊ မြွေလိုအမူအရာ စတာတွေနဲ့ ဖြစ်ပျက်နေတာတွေဟာ ၀ဋ်ကြွေးပေးဆပ်တယ်၊ တရားထူးတက်တယ် စသည်ဖြင့် တန့်ကြည်တောင် ဆရာတော် ဦးသောမဗုဒ္ဓိ
ကိုယ်တိုင် ဟောပြော၍ လူထုပရိတ်သတ်ကို စည်းရုံးထားတဲ့ ခွေဖြစ်ပါတယ်။
လူစင်စစ်က လူစိတ်ပျောက်ပြီး တိရိစ္ဆာန်အမူအရာမျိုးစုံနဲ့ ဖြစ်ပျက်နေတာတွေက တိရိစ္ဆာန်
တရားပဲဖြစ်မှာပါ၊ မြတ်ဗုဒ္ဓရဲ့ တရားမဟုတ်တာတော့ အသေအချာပါပဲ။

မြတ်ဗုဒ္ဓရဲ့ ထေရ၀ါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် 1999 ခုနှစ်မှာ မန္တလေး၊
မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) မစိုးရိမ်မှ ထေရ၀ါဒ တိုက်ပွဲ
ဟူသော စာအုပ်ဖြင့် ထိုဝါဒဆိုးကြီးကို ဖော်ထုတ်လိုက်တဲ့ အတွက်ကြောင့် 24.12.2000
ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ၀န်ခံကတိပြု
လက်မှတ်ရေးထိုးပြီး တန့်ကြည်တောင် ရိပ်သာကို ပိတ်သိမ်းသွားပါတယ်။

သို့ပါသော်လည်း ယခုအခါ တန့်ကြည်တောင် သည် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်
ပေါ်ထွန်းလာသည့်အတွက် ယခုအခွေအား အွန်လိုင်းပေါ် တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။
တန့်ကြည်တောင် ရိပ်သာ ရှိတဲ့မြို့များကတော့

တန့်ကြည်တောင် ရိပ်သာ (ပုဂံ၊ ညောင်ဦး) ပင်မရိပ်သာ
တန့်ကြည်တောင်ရိပ်သာ (မန္တလေး၊ ပြည်ကြီးတံခွန်)
တန့်ကြည်တောင်ရိပ်သာ (ရန်ကုန်၊ မင်္ဂလာဒုံ) တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ၀ါဒဆိုးကြီးအောက်သို့ မသက်ရောက်မိစေရန်
မေတ္တာရှေ့ထား၍ တင်ပြလိုက်ပါသည်။

အရှင်ဝရသာမိ
http://www.sbay-student.org/

Monday, June 27, 2011

မြန်မာဇတ်ကား ကြည့်ရှုရန် - 1

http://burmeseclassic.com/img/movie/C6336.jpg

အဝေးရောက် မြန်မာများအတွက် အလွမ်းပြေ မြန်မာဇတ်ကားများကို ကြည့်ရှုနိုင်ရန်အတွက် မြန်မာဇတ်ကား များကို တစ်နေ့တစ်ကားဖြင့် နေ့စဉ်တင်ပေးပါမည်။ ရုပ်ရှင်ကြည့်ရန် ပထမပိုင်း ၊ ဒုတိယပိုင်း နေရာများကို Part 1 Part 2 ဖြင့် ဖော်ပြထားပြီး တိုက်ရိုက် ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ပေးထားပါသည်။

အန္တရာယ်ပြေးလမ်း နှင့် မျဉ်းပြိုင် ပစ်မှတ်

ဝေဠုကျော် ၊ နေရဲလင်း ပုလဲဝင်း ပွင့်ရတနာကျော်



Source by :http://burmeseclassic.com/ မှ မျှဝေပါသည်။

Sunday, June 26, 2011

မလေးတွင် တရားဝင်နေခွင့် စတင်တော့မည်



မလေးရှားတွင် တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့် ပြုရေး အစီအစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင် ဆောင်ရွက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်သည်။

“ကိုယ်ရေး အချက်အလက် ရယူခြင်း၊ လက်ဗွေနှိပ် မှတ်တမ်းတင်ခြင်းတွေကို စပြီး လုပ်ပါတော့မယ်” ဟု မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟစ်ဆန်မူဒင် ဟူစိန်က ကြာသပတေးနေ့ထုတ် မလေးရှား သတင်းစာ The Star ကို ပြောသည်။

ဤကြေညာချက်က မလေးရှားတွင် တရားမ၀င် နေထိုင်လျက်ရှိသော သိန်းနှင့်ချီသည့် မြန်မာပြည်သားများ စိတ်ဝင်စားကြသည့် သတင်း ဖြစ်သည်။

စိစစ်ရေးအတွက် ၀န်ဆောင်မှုလုပ်ငန်းများကို မလေးရှားနိုင်ငံရှိ သတ်မှတ် ကုမ္ပဏီများကသာ လုပ်ခွင့်ရမည်ဟု မြန်မာအလုပ်သမား အေးဂျင့် ကုမ္ပဏီ ဖြစ်သော ပုဂံနက်မှ ကိုသန့်ဇင်က ရှင်းပြသည်။

“လာမယ့် တနင်္လာနေ့နဲ့ အဂါင်္နေ့မှာ ကျနော်တို့ ကုမ္ပဏီက လက်ဗွေနှိပ်တဲ့သင်တန်း သွားတက်ရမှာပါ။ တရားဝင် ခွင့်ပြုထားတဲ့ အေးဂျင့်တွေမှာပဲ စာရင်းသွင်း၊ လက်ဗွေနှိပ်ရမှာပါ” ဟု ကွာလာလမ်ပူမြို့တော်တွင် နေထိုင်သော ကိုသန့်ဇင်က ပြောသည်။

အလုပ်သမားတဦး အတွက် ၀န်ဆောင်ခ အဖြစ် ရင်းဂစ် ၃၀၀ ထက် ကျော်လွန်၍ မယူရန် မလေးရှားအစိုးရက သတ်မှတ်ပေးထားသည်ဟု သိရသည်။

ဝန်ဆောင်မှု ပေးလိုသော ကုမ္ပဏီများ ထောင်နှင့်ချီ ရှိနေသည့်အတွက် တရားဝင် လုပ်ခွင့်ရမည့် ကုမ္ပဏီများ စာရင်း မကြာမီ ထွက်ပေါ်လာဖွယ် ရှိသည်ဟု မဟာနန်း ကုမ္ပဏီမှ တာဝန်ခံတဦးက ပြောသည်။

“မလေးရှားမှာ အေးဂျင့် လုပ်ချင်တဲ့ ကုမ္ပဏီတွေက များလာတယ်။ ကြိုတင်ငွေတောင်းပြီး လုပ်နေတဲ့ ကုမ္ပဏီတွေက ရှိနေတော့ Black list ပြခံလိုက်ရတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်။ ဒါကြောင့် တရားဝင် စာရင်းထုတ်ပြန်ဖို့ မလေးရှားအစိုးရက စီစဉ်လိုက်တာပါ” ဟု မဟာနန်း ကုမ္ပဏီမှ ကိုမျိုးက ပြောသည်။

စိစစ်ပြီး တရားဝင်နေထိုင်ခွင့် ရမည့် နိုင်ငံခြားသား တဦးသည် အခွန်၊ တရားမ၀င် နေထိုင်ခဲ့မှု အတွက် ဒဏ်ကြေး၊ စသည်တို့ အတွက် ရင်းဂစ် ၈၀၀ ပေးဆောင်ရမည် ဖြစ်ပြီး စာရင်းပေးသွင်းပြီးသော သူများမှာ Yellow Card ဟုခေါ်သော တရားဝင် သွားလာခွင့် ကတ် ရရှိမည်ဟု သိရသည်။

ဘဏ်အာမခံကြေး၊ ဆေးရုံ အာမခံကြေးများ၊ ကျန်းမာရေး ဆေးစစ်ချက်များ အတွက် အခြား ကုန်ကျစရိတ် အနည်းငယ်လည်း ပေးဆောင်ရန် လိုအပ်ကြောင်း သိရသည်။

လအနည်းငယ် အကြာတွင် ပါမစ်ကြေး (Levy ကြေး) ပေးသွင်းပြီးနောက် တရားဝင် နေထိုင်ခွင့် လက်မှတ် ရရှိမည် ဖြစ်သည်ဟု သိရသည်။

ပါမစ်ကြေးများမှာ မတူညီဘဲ လယ်ယာ လုပ်ငန်း အတွက် ရင်းဂစ် ၃၆၀၊ ဥယျာဉ်ခြံ လုပ်ငန်း အတွက် ရင်းဂစ် ၅၄၀၊ စက်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်း အတွက် ရင်းဂစ် ၁၂၀၀၊ စားသောက်ဆိုင်နှင့် ၀န်ဆောင်မှု လုပ်ငန်း အတွက် ရင်းဂစ် ၁၈၀၀ စသည်ဖြင့် သတ်မှတ်ထားသည်ဟု ဆိုသည်။

နိုင်ငံခြားသားများ တရားဝင် နေထိုင်ခွင့်ပြုရေး အတွက် စိစစ်ခြင်း အစီအစဉ် မည်သည့် အချိန်တွင် အဆုံးသတ်မည်ကို မသိရသေးပေ။

၆ လ ကြာမည့် ယခု စီမံကိန်း ကာလပြီးနောက် မလေးရှား နိုင်ငံအတွင်း တရားမ၀င် နေထိုင်သော နိုင်ငံခြားသားများကို ဖမ်းဆီးရမိပါက ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်မည် ဖြစ်ကြောင်း မလေးရှား အစိုးရက ကြေညာထားသည်။

မလေးရှားအစိုးရက ယခုကဲ့သို့ စီစဉ်နေသော်လည်း ငွေကြေး မတတ်နိုင်သည့် မလေးရှားရောက် မြန်မာပြည်သားများ အတွက် အခက်အခဲ ဖြစ်နေဦးမည်ဟု မလေးရှားရှိ မြန်မာ အလုပ်သမားများနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

“တနေ့မှ ၁၈ ရင်းဂစ်ပဲ ရပြီး တလ လုံးမှ ၅၀၀ ၀န်းကျင်ပဲ ရတဲ့ အလုပ်သမားတွေ ရှိနေသေးတယ်။ မြန်မာသံရုံးကလည်း အထောက်အကူ မပေးဘူး။ မလေးရှား အစိုးရက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် ဘာမှ အကာ အကွယ် မပေးနိုင်ဘူး ဆိုရင် အခုလို တရားဝင်အဖြစ် လုပ်ပေးနေတာတွေဟာ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ နောက်ပိုင်း ပြန်ပြီး တရားမ၀င် ဖြစ်သွားကြဦးမှာပါပဲ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (မလေးရှား) မှ ကိုကျော်ထူးအောင်က ပြောသည်။

မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု မလေးရှား အခြေစိုက် Burma Campaign Malaysia (BCM) အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှ တဆင့် ၀င်ရောက်သော မြန်မာပြည်သား အရေအတွက်မှာ နှစ်စဉ် ငါးထောင် ၀န်းကျင် ရှိသည် ဟုလည်း BCM က ဆိုသည်။

Source by :http://www.irrawaddy.org/

Friday, June 24, 2011

ကတုံးပေါ်ထိပ်ကွက်

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။
ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ
သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။
ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက်
ဂူကိုလက်နဲ့ပုတ်ပြီး
“အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။

နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး
ထွက်ပြေးသွားခဲ့တယ်။


ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ
ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။
“သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!”
အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။


ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့
သူခိုးတစ်ယောက် ထွက်လာတယ်။
သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင်
ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။


သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့
အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။
သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက
“တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။
အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။
အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်”
လို့ ရေရွတ်လိုက်တယ်။

အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။
တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ
“ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။

အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ
ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်း
မဆိုးပါဘူး" ဆိုပြီး ထပြန်သွားတယ်..

အဲ့အချိန်မှာဘဲ..အဲ့အဖြစ်အပျက်ေ
တွကို ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲက
ပြုံးနေလေသတဲ့..:P

အခြေအနေအရပ်ရပ်နဲ့အကြောင်းအမျိုးမျိုးကြောင့် ဘလော့ဂ်လောကကို ခဏလောက်ပဲဖြစ်ဖြစ် ကင်းကွာသွားပါတယ်။မိုးကြိုးပစ်ခံရပြီးနောက် (လူမဟုတ်ဘူး အင်တာနက်သွယ်တဲ့ Router ကို) စက်တွေကလည်း တစ်လုံးပြီး တစ်လုံးပျက်၊ တတ်သလောက်မှတ်သလောက် ကလိပြီး မရတဲ့ အဆုံးဆေးရုံပို့တယ်။ဖြတ်တောက်ပြီးအသစ်လဲတယ်။ ဒီတစ်လုံးကောင်းသွားတော့ နောက်တစ်လုံးက ပျက်ပြန်လေရော။ဒါနဲ့ပဲ လူလည်း လုံးလည်ချပ်ပြားလိုက်နေတော့တာပဲ။ “ ဒုက္ခဆိုတာ အပေါင်းအဖေါ်နဲ့ လာတတ်တယ်” ဆိုတဲ့ စကားကြီးကို ဘ၀နဲ့ ရင်းပြီးခံလိုက်ရတာပဲ။ စက်တွေပျက်တော့ အလုပ်တွေကပုံနေ စက်တွေကောင်းတော့ အပျင်းကြောကရှည်နေ။အဲဒီလိုနဲ့ ဖတ်နေကျ ဘလော့ဂ်တွေလဲ မဖတ်ဖြစ်ဘူး၊ စစ်နေကျ မေးလ်တွေလဲ သေချာမစစ်ဖြစ်တော့ အသစ်တင်ဖို့ ခက်ပြန်ရော၊ ရေးထားတဲ့ ကဗျာလိုလို စာလိုလိုကလဲ ဖတ်လိုက်ပြင်လိုက် လုပ်နေတာနဲ့ စာမျက်နှာပေါ် မတက်နိုင်သေးဘူး၊ ခက်တာက ဒီရက်ပိုင်းမှာ စာလဲကောင်းကောင်းမဖတ်ဖြစ်ဘူး၊ တစ်ပတ်မှာ နှစ်အုပ်လောက်တောင် ကုန်အောင် မနည်းအချိန်ယူဖတ်နေ မိတယ်။ အတွေးထဲမှာ စကားလုံးတွေကို ရှေ့နောက်စီနေတာနဲ့ စာရွက်ပေါ်တောင် ချမရေးဖြစ်ပဲ ပျောက်ပျောက်သွားတယ်။ အခုတော့ အလုပ်တွေရှင်းနေရင်း ဟိုဟို ဒီဒီ လျှောက်ဖတ်ရင်းနဲ့ အပြုံးတစ်ချက် ဖန်ဆင်းနိုင်မယ့် စာလေးတစ်ပုဒ်ကိုတွေ့မိတော့ အရယ်အပြုံးကို စိတ်ပါပါ လိုလိုချင်ချင် ပြုံးတတ် သူတွေ အသက်ရှည်စေဖို့ တင်ပေးရင်း သူငယ်ချင်းများကို နှုတ်ဆက်တာပါ။ ကျွန်တော် မအားခိုက်မှာ တစ်နေ့တစ်ဖုံ သတင်းစုံ တင်ပေးနေတဲ့ ညီလေး နေဇော်လင်းကိုလည်း အထူးကျေးဇူးပါဗျာ။

ငြိမ်းချမ်းကြပါစေ။

မြို့ကြီးသုံးမြို့ ဗုံးလေးလုံး ဆက်တိုက်ကွဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကားဗုံးတခုအပါအဝင် မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် ဗုံးပေါက်ကွဲမှုများ သောကြာနေ့
နေ့လည်၌ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့ပြီး၊ နောက်ထပ် ၃ နာရီအကြာ မန္တလေးတွင် နောက်ထပ် ဗုံးတလုံးပေါက်ကွဲပြန်သည်။

စိန်စံပယ်ဖူး ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်းအနီး အမှိုက်ပုံအနီး ပေါက်ကွဲခြင်း ဖြစ်ပြီး၊ မန္တလေးတွင် အစောပိုင်းက ပေါက်ကွဲသော နေရာနှင့် သိပ်အလှမ်းမဝေးသော နေရာဖြစ်သည်။

သံသယဖြစ်ဖွယ် ဗုံးတွေ့သည်ဆိုသော သတင်းအရ စစ်သားများက မွန်းလွဲ ၂ နာရီခန့်ကတည်းက အဆိုပါနေရာကို ပိတ်ဆို့ထားလိုက်နိုင်သော်လည်း ပေါက်ကွဲမှုက ဖြစ်ပွားခဲ့သည်။ မည်သူကမျှ သူတို့လက်ချက်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Bexplosion2ss

မန္တလေးဈေးချို ဟိုတယ်ရှေ့တွင် ဗုံးကွဲမှု ဖြစ်ပွားအပြီး ပျက်စီးကျန်ရစ်သော ပါဂျယ်ရိုကားကို လူအများ ဝိုင်းအုံကြည့်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

ပေါက်ကွဲမှုလေးခုတွင် ဒဏ်ရာရသည်ဟု အတည်ပြုနိုင်သည်မှာ မန္တလေး ၈၂ လမ်းနှင့် ၈၄ လမ်းထောင့်
ဈေးချိုဟိုတယ်ရှေ့ ရပ်နားထားသော ပါဂျယ်ရိုးကား ၃ခ/ ၁၉ဝ၄ တွင် ပေါက်ကွဲမှုဖြစ်သည်။ ကားဗုံးပေါက်ကွဲချိန်တွင် ကားပေါ်၌ လူမရှိသော်လည်း အနီးနားရှိ ယာဉ်ထိန်းရဲတဦး ဒဏ်ရာရသွားခဲ့သည်ဟု မန္တလေးမြို့ မီးသတ်အရာရှိ တဦးက ပြောသည်။

“ကားကတော့ လုံးဝ စုတ်ပြတ်သွားတယ်။ ဗုံးက တော်တော်ပြင်းတဲ့ ဗုံးပဲ” ဟု မန္တလေး မီးသတ်အရာရှိ တဦးက ပြောသည်။

မီးလောင်မှုဟု ထင်၍ သွားရောက်သော မီးသတ်သမား များကို စစ်ဘက်က “ မင်းတို့အလုပ်မဟုတ်ဘူး ” ဟု ဆိုကာ မောင်းထုတ်ခဲ့ကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

“အန်တီတို့ကလည်း မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ အခု ဗုံးပေါက်တာက ၂၈ လမ်းနဲ့ ၈၄ ထောင့် ဆိုတော့ အန်တီတို့နဲ့ ကြားထဲမှာ နှစ်ပြပဲ ဝေးတာပဲ။ အသံတော့ ကြားလိုက်ရတယ်။ မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ မိုးကြိုးပစ်တယ်ထင်ပြီး ဒီအတိုင်းနေတာကို အရပ်ထဲက အဲဒါ မိုးကြိုးပစ်တာ မဟုတ်ဘူး။ ဗုံးကွဲတာ ပြောမှ သိရတာ”
ဟု မန္တလေးမြို့ခံ အမျိုးသမီးတဦး မဇ္ဈိမကို ပြောသည်။

တချိန်တည်းမှာပင် အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ပြင်ဦးလွင်တွင်လည်း လူသူမရှိသော နှစ်ထပ်တိုက်
အိမ်များတွင် ဗုံးပေါက်ကွဲခဲ့သည်။

နေပြည်တော် သပြေကုန်းရပ်ကွက် ရွှေလာဘ်ကောင်လမ်းကြား အိမ်အမှတ် ၄၆ တွင် ပြင်းထန်သော ဗုံးပေါက်ကွဲခြင်းနှင့် ပတ်သက်၍ မြို့အုပ်ချုပ်ရေးအရာရှိတဦးက “ဗုံးက တော်တော် ပြင်းလွန်းတယ်။ ၂ ထပ်တိုက် အပေါ်ထပ်မှာ ကွဲတာပါ။ အပေါ်ထပ်က သော့ပိတ်ထားတယ်။ ပေါက်တာလည်း အပေါ်ထပ်မှာပဲ။ အပေါ်ထပ် တထပ်လုံး ပွင့်ထွက်သွားတယ်။ ဗုံးကပြင်းတာကိုး" ဟု မဇ္ဈိမကို ပြောသည်။

စစ်ဘက်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်တော့ ထောက်ပို့ဘက်လမ်းခွဲ ရပ်ကွက် ၄ ထဲရှိ နေအိမ် ဗုံးကွဲမှုကြောင့် အပေါ်ထပ် တခုလုံးနီးပါး ပျက်စီးသွားသည်။

မဇ္ဈိမသတင်းထောက်များအပါအဝင် မျက်မြင်သက်သေများက ပြင်ဦးလွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားမှုကို သတင်းပေးပို့ကြချိန်တွင် ပြင်ဦးလွင် ရဲစခန်းက ဗုံးပေါက်ကွဲမှု မဖြစ်ကြောင်း ငြင်းဆန်နေကြသည်။

စစ်ဘက်ပုဂ္ဂိုလ်များ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတိုင်းသို့ရောက်ရှိ စုံစမ်းစစ်ဆေးနေပြီး ပြင်ဦးလွင်တွင်တော့ အခရာ ကျသော နေရာများတွင် လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေသည်။ တရက်တည်းဆက်တိုက် ဗုံးပေါက်ကွဲမှုများက
နောက်ထပ် ပေါက်ကွဲမှုများ လာနိုင်သေးသည်ဆိုသော ကောလာဟလကြောင့် လူအများအတွင်း စိုးရိမ်စိတ်များ တိုးပွားနေတော့သည်။

သတင်းပေးပို့ချိန်အထိ မန္တလေးမြို့တွင် ဗုံးရှာဖွေမှုများ စစ်ဘက်က ဆက်လက် ပြုလုပ်နေသည်။

http://www.mizzimaburmese.com/

Thursday, June 23, 2011

ဂျီအက်စ်အမ် ဖုန်းများ အားလုံး အင်တာနက် အသုံးပြုခွင့် စတင် ရရှိ ရန်ကုန်နှင့် နေပြည်တော် ဧရိယာတွင် အသုံးပြုခ တစ်မိနစ် လေးကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည်

b41223

အင်တာနက် လာရောက် လျှောက်ထားသူများကို ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်

ဂျီအက်စ်အမ် ဖုန်းများအားလုံး အင်တာနက် စတင် သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စ၍ ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(ရွှေဂုံတိုင်)ရုံးနှင့် နေပြည်တော်ရှိ မြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် တပ်ဆင်ခ အဖြစ် ငွေကျပ် တစ်သောင်း ပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ လတ်တလောတွင် ရန်ကုန်နှင့် နေပြည်တော် ဧရိယာများတွင် စတင် သုံးစွဲခွင့်ပြုမည် ဖြစ်ပြီး နောက်ပိုင်းတွင် သုံးစွဲနိုင်သည့် ဧရိယာ တိုးချဲ့သွားရန် ရှိကြောင်း သိရသည်။

ကနဦး ပေးသွင်းငွေ ကျပ် ၁၅ သိန်း ပေးသွင်းထားသည့် ဂျီအက်စ်အမ်ဖုန်းတွင် အင်တာနက် သုံးစွဲမည် ဆိုပါက တပ်ဆင်ခကို မြန်မာ့ဆက်သွယ်ရေးမှ ကောက်ခံမည် ဖြစ်ကာ ငွေကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများ အတွက်မူ မြန်မာ့ဆက်သွယ်ရေး ရုံးနှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ ဖုန်းအသစ် ၀ယ်ယူမည့်သူများ အနေဖြင့်လည်း အင်တာနက် သုံးစွဲလိုပါက တစ်ပါတည်း ထည့်သွင်းနိုင်သည်။

''ဒီနေ့ စလျှောက်ခွင့်ပြုပြီး မနက်ဖြန်မှာ အင်တာနက်လိုင်း ဖွင့်ပေးမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လုံးရေ ကန့်သတ် မထားပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။ဂျီအက်စ်အမ် ဖုန်းများ အတွက် အင်တာနက် သုံးစွဲခကို တစ်မိနစ်လျှင် လေးကျပ်နှုန်း သတ်မှတ်ထားပြီး အင်တာနက် မြန်နှုန်းမှာ ၂၅၆ kbps ရှိကြောင်း သိရသည်။ CDMA 800 ဖုန်း အမျိုးအစားတွင် အင်တာနက် သုံးစွဲနိုင်ပြီး
ဂျီအက်စ်အမ် ဖုန်းများတွင်လည်း စတင် သုံးစွဲလျက်ရှိပြီ ဖြစ်သည်။

http://www.weeklyeleven.com/

Wednesday, June 22, 2011

ကိုယ်ဝန် ၄ လ လွယ်ထားရက်နဲ့ နေတိုး၊ ပြေတီဦးတို့နဲ့ ရုပ်ရှင် ကားကြီး ရိုက်

http://www.yoyarlay.com/images/resized/images/stories/yyl/2011/6/22/f_22_12_200_200.jpg

ပြည်သူ ချစ်သော အနုပညာရှင် ဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ ရင်သွေး ရတနာလေး လွယ် ထားရတာ ကိုယ်ဝန် (၄)လရှိပြီ ဆိုတာ သိရလို့ သူချစ်တဲ့ ပရိသတ်တွေ အတွက် ပျော်ရွှင်စရာ မင်္ဂလာ သတင်း လေးကို အဖြူရောင်ရဲတိုက် ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားကို ခင်ပွန်းဖြစ်သူနဲ့အတူ တက် ရောက် လာတဲ့ အူဝဲ(ခ) အိန္ဒြာကျော်ဇင်နဲ့ မေးမြန်း ဖြစ်ခဲ့သမျှကတော့.....

အဖြူရောင်ရဲတိုက်မှာ မအူဝဲ သရုပ်ဆောင်ရတဲ့ အပိုင်းလေး ပြောပြပေးပါ။

ပထမဆုံး ကိုနေတိုးနဲ့ ရည်းစားဖြစ်တယ်။ နောက်တော့ ကိုပြေတီဦးနဲ့ အိမ်ထောင် ကျသွားပြီးတော့မှ မိသားစုနဲ့ ပတ်သက်ပြီး မိသားစုပြဿနာလေးပေါ့။ အဲလိုကာ ရိုက်တာမျိုးပါ။

မအူဝဲ ရင်သွေးလေးလွယ်ထားရတာ ၄လရှိသွားပြီဆိုတော့ အစ်မရဲ့မင်္ဂလာသတင်းကို စောင့် မျှော်နေတဲ့ ပရိသတ်အတွက် မိခင် တစ်ယောက် ဖြစ်တော့မယ့် မအူဝဲရဲ့ စိတ်ခံစားမှုကို ပြော ပြပါဦး။

မိခင်တစ်ယောက်ရဲ့ စိတ်ကတော့ ကိုယ်တိုင်ခံစားရတဲ့အခါ တော်တော်လေးကို ထူးခြားပါတယ်။ ထူးခြားတာတော့ အများကြီးပဲ။ အဲဒီထဲကမှ ပြောရမယ်ဆိုရင် ကိုယ်ဝန်ဆောင်ထား ရတဲ့ အချိန် ဗိုက် ထဲမှာ ကလေးရှိတယ်ဆိုတဲ့ အသိနဲ့ ပတ်သက်ပြီး သူနဲ့ ဘာမတည့်ဘူးလဲ၊ ကိုယ် တစ်ခုခုစားရင် သူ့ကို ဘာများထိခိုက်သွားမလဲ။ သဘောတစ်ခု အစ်မက ကော်ဖီကြိုက်တယ် တော်တော်လေး သောက်ဖြစ်တယ်။ ဒါပေမယ့် ကလေးအတွက် ကဖိန်းဓာတ်သိပ်များသွားရင် မကောင်းဘူးဆိုတော့ ကော်ဖီ ရှောင်တယ်။ သူ့အတွက် ကိုယ့်အကြိုက်တွေကို စွန့်လွှတ်တဲ့ စိတ်မျိုးဖြစ်လာတယ်။ ဒါ မိခင်စိတ် ကလေးကို ချစ်တဲ့ စိတ်ပေါ့။ ဒါက မိခင်စိတ်အစလို့ ပြောရမှာပေါ့။

ကိုယ်ဝန်ရှိတဲ့အချိန် ဇာတ်ကားရိုက်မှာ ဆိုတော့ အစ်မ မစိုးရိမ်ဘူးလား။

အခုကားကြီးက ဒရာမာ ကားလေ။ လှုပ်လှုပ်ရှားရှားသိပ်မပါဘူး ဆိုတော့ ရိုက်လိုက်တာပေါ့။ သူတို့ ရိုက် ချင်တယ်ပြောတာနဲ့ ရိုက်ဖြစ်သွားတာ။ ပြောတော့ပြောကြည့်ပါသေးတယ်။ ကလေး မွေးပြီးမှ ရိုက်ပါလားလို့၊ ကိုဇော်တို့က ဘာမှလည်းမထိခိုက်စေရပါဘူးဆိုလို့ ရိုက်ဖြစ်သွားတာပါ။ကိုယ်တိုင်ကလည်း ရိုက်ချင်နေတာနဲ့လေ။ဒါပေမယ့်အတတ် နိုင်ဆုံး ဂရုစိုက် ရိုက်မှာပါ။

အစ်မရဲ့ကိုယ်ဝန်ကိုဘယ်ဆရာဝန်နဲ့အပ် ထားလဲ၊ ရင်ခုန်ရအောင်လို့ Ultrasound မရိုက်ဘဲထားမလား။ ဘယ်သူနဲ့ အပ်လဲဆိုတာတော့ နီးတော့မှပဲပြောပါရစေ။

၅လ ၆လလောက်ဆိုရင်တော့ ရိုက်လို့ရပြီ။ အစ်မက သိချင်တော့ ရိုက်ဖြစ်မယ် ထင်ပါတယ်။

မိဘတိုင်းက သားပဲရရ သမီးပဲရရ ချစ် ကြတာပဲလေ။ ဒါပေမယ့် မမွေးလာခင် ကိုယ်ဝန် လွယ်ထားရတဲ့ အချိန်မှာ သားလေးပဲ လိုချင်တယ်၊ သမီးလေးပဲ လိုချင်တယ် ဆိုပြီး ရှိကြတယ်။ အစ်မ ရော အဲလိုဖြစ်လား။

အဲလိုမျိုးမရှိဘူး။ သားလေးပဲ ဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ် ချစ် မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သား လေးဆိုရင်လည်း အစ်မဆီမှာ တူမ မိန်းကလေးတွေအများကြီး ပဲ။ ယောကျာ်းလေး ရောက်လာမယ်ဆိုလည်း ချစ်မှာပေါ့။ သမီးလေးဆိုရင်လည်း ကလေးကို ပြင်ချင်ဆင်ချင်တယ်လေ။ မိန်းကလေး ကတော့ ကြီးလာရင် အမေက ပိုအားကိုးလို့ရတယ်ဆိုတော့ ဘာ လေးပဲဖြစ်ဖြစ် ချစ်မှာပါပဲ။

ရင်သွေးလေး လွယ်ထားရပြီလို့ အစ်ကို့ကို ပြောတော့ သူဘယ်လို ခံစားမှုဖြစ်သွားလဲ၊ သူ့ဆီက ဂရု စိုက်မှုတွေ အရင်ကထက် ဘယ်လို ပိုပြီးရခဲ့လဲ။

သူက ကလေးအရမ်း ချစ်တယ်လေ။ အရမ်းလည်း ကလေးလိုချင်နေတာ။ သူ တော်တော်လေး ပျော်သွားတယ်။သူက အစားအသောက်နဲ့ ပတ်သက်ပြီး တော့ရော သွားတာလာတာက အစသူကဘေးကနေတစ်ချိန်လုံး ပြောနေတာ။ အမြဲတမ်းစိတ်ပူပြီး ပြောနေတော့တာလေ။

နှစ်ဖက်မိဘတွေရဲ့ဂရုစိုက်မှုကရော။

နှစ်ဖက်မိဘကတော့ မြေးလေးနဲ့ပတ်သက်ပြီး အရမ်း လိုချင်နေကြတယ်။ နှစ်ဖက်စလုံး က သဲသဲလှုပ်ပေါ့။

အရင်တုန်းကတော့ ဇာတ်ကား ရိုက်ရင် ကိုယ်ဝန်အတုနဲ့ အခု ကိုယ်ဝန် အစစ်နဲ့ ရိုက်ရတဲ့အခါမှာ စိုးရိမ်မှုဖြစ်လား၊ သရုပ်ဆောင်ရတာလည်း ပိုပီပြင်မယ်လို့ထင်လား။

ဒီကားမှာ ကိုယ်ဝန် အစစ်နဲ့ ကိုယ်ဝန်သည်အခန်းက တော့အများကြီးမပါဘူး။ ကလေး အကြီးနဲ့ မိခင်ဘဝတွေပဲများတယ်။

အရင်တုန်းက ကိုယ်ဝန်အတုလုပ် ပြီးရိုက်ရပေမယ့် တကယ်အစစ်လို ခံစားပြီးရိုက်ခဲ့တာလေ။ အခုဟာက တကယ်အစစ်ဖြစ်သွားပြီ ဆိုတော့ရိုက်ရတဲ့ အခါ စိုးရိမ်မှုလေး၊ပူပန် မှုလေး ပိုများသွား တာပေါ့။ ထိမိ ခိုက်မိမှာတော့ စိုးရိမ်ရတာပေါ့။ အဲဒါလေးတော့ စိတ်ပူတယ်လို့ မိခင်စိတ်အပြည့်နဲ့ ပြောသွားတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် က ဒီကားကြီး ကိုရိုက်တဲ့အခါ ကိုယ်ဝန်အစစ်နဲ့ ရိုက်တာဖြစ်တဲ့ အတွက် အစ်မ ဘဝမှာ တကယ် ကိုအမှတ်တရဖြစ်မယ့် ကား၊တန်ဖိုးရှိမယ့်ကားလို့ ပြောကြားခဲ့သလို သားသမီး စောစောလိုချင်တယ်ဆိုတဲ့ ဆုတောင်းလည်းပြည့်တယ် လို့ပြောကြားသွားခဲ့ပါတယ်။

http://www.yoyarlay.com/

Tuesday, June 21, 2011

TV ရီမုအတွက် ကွာရှင်း​ကြသည့်​ တရုတ်လင်မယား




လင်မယားကြား သပွတ်အူဝင်လုပ်သည့် TVရီမု​© dailymail
တရုတ်နိုင်ငံ၊​ ​ဘေဂျင်း​မှ လင်မယား​နှစ်ဦး​သည် TVရီမုတစ်ခုအတွက် ကွာရှင်း​ခဲ့​ကြောင်း​ သိရသည်။

ဝမ်ဟုသာ အမည်​ဖော်ပြသည့်​ PhDဘွဲ့​ရ အမျိုး​သား​က ဇနီး​ဖြစ်သူသည် ပြီး​ခဲ့​သည့်​နှစ်က TVရီမု အပြိုင်လုရင်း​ မိမိအား​ ဒဏ်ရာရ​စေခဲ့​ကြောင်း​ စွပ်စွဲခဲ့​သည်။ အလုပ်မှ ပြန်လာပြီး​နောက် TVကို ကြည့်​ရှု​နေ​ကြောင်း​၊​ မိနစ်အနည်း​ငယ် အကြာတွင် ဇနီး​ဖြစ်သူက ရီမုကို ဆွဲယူကာ Channelတစ်ခု ​ပြောင်း​လိုက်ပြီး​နောက် အပြန်အလှန် အငြင်း​ပွား​ရာမှ ရန်ပွဲစတင်ခဲ့​ကြောင်း​ ဝမ်ကဆိုသည်။

အသက် ၃၂ နှစ်စီ ရှိပြီဖြစ်​သော လင်မယား​သည် ၂၀၀၆ ခုနှစ်တွင် အင်တာနက်မှတဆင့်​ သိကျွမ်း​ခဲ့​ပြီး​နောက် ၂၀၀၉ ခုနှစ်တွင် လက်ထပ်ခဲ့​ကြသည်။ ဆူဟုသာ အမည်​ဖော်ပြ​သော မာစတာဘွဲ့​ရ တစ်ဦး​ဖြစ်​သော ဇနီး​သည်က မိမိအား​ ဆံညှပ်တစ်ခုဖြင့်​ တိုက်ခိုက်ရာ ညာလက်တွင် ပြင်း​ပြင်း​ထန်ထန် ဒဏ်ရာရခဲ့​ကြောင်း​ ဝမ်က စွပ်စွဲသွား​သည်။

ထို့ ​အတွက် ဒဏ်ရာကို ပြန်ချုပ်ခဲ့​ရ​ကြောင်း​ ဝမ်ကဆိုသည်။ ​နောက်ပိုင်း​တွင် ဆူနှင့်​ ဝမ်တို့​သည် တရား​ရုံး​တွင် ကွာရှင်း​ပြတ်စဲရန် ​လျှောက်ထား​ခဲ့​ကြသည်။ ​မေလ ၂၈ ရက်​နေ့​တွင်မူ ဖန်ရှန်း​ပြည်သူ့​ တရား​ရုံး​က ယင်း​ကွာရှင်း​ရန် ​လျှောက်ထား​မှုကို အတည်ပြု​ပေး​လိုက်​ကြောင်း​ သိရှိရသည်။

@လူထုအသံ

http://mmcybermedia.com/

Sunday, June 19, 2011

မြန်မာသင်္ဘောသားများ နိုင်ငံခြားသို့ သွားရောက် တာဝန်ထမ်းဆောင်ရာတွင် သင်္ဘောသား မှတ်ပုံတင်လက်မှတ် Valid SID ရှိမှသာ ထွက်ခွာခွင့်ရတော့မည်

b41126

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ မှတ်ပုံတင် မြန်မာ သင်္ဘောသားများအား နိုင်ငံခြားတိုင်းပြည်များရှိ သင်္ဘောများသို့ သွားရောက် တာဝန်ထမ်းဆောင်ရာတွင် သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ SECD မှ သွားရောက် တာဝန်ထမ်းဆောင်ခွင့် ပြုခြင်းကို သက်တမ်း ရှိသော သင်္ဘောသား မှတ်ပုံတင် လက်မှတ်(Valid SID) ရှိမှသာ ခွင့်ပြုတော့မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်များ အရ သိရပါသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ နိုင်ငံ အချို့၏ လူဝင်မှု ကြီးကြပ်ရေးဌာနများသည် (CDC) စာအုပ်များ၌ သက်တမ်း ကုန်ဆုံးမည့်(Validity) ဖော်ပြထားခြင်း မရှိသည့် အတွက် လက်ခံခြင်း မရှိသောကြောင့် ဖြစ်ကြောင်း သိရသည်။
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် (CDC) စာအုပ်အား သက်ဆိုင်ရာ သင်္ဘောသား၏ တာဝန်ထမ်းဆောင်မှုအား စဉ်ဆက်မပြတ် မှတ်တမ်းတင်နိုင်ရန် ဖြစ်ပြီး Seafarer's Identity Document-SID အား
မြန်မာသင်္ဘောသား ဖြစ်ကြောင်း သက်သေခံနိုင်ရန် အတွက် ထုတ်ပေးထားခြင်း ဖြစ်သည်။

သို့ဖြစ်၍ မြန်မာသင်္ဘောသားများသည် နိုင်ငံခြား တိုင်းပြည်များရှိ သင်္ဘောများသို့ သွားရောက် တာဝန်ထမ်းဆောင်ရာတွင် သက်ဆိုင်ရာ နိုင်ငံခြား တိုင်းပြည်များ၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် မြန်မာသင်္ဘောသား ဖြစ်ကြောင်း အထောက်အထားကို သက်တမ်းရှိသော သင်္ဘောသားမှတ်ပုံတင် လက်မှတ် SID ဖြင့်သာ အစစ်ဆေး ခံသွားရမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်က မြန်မာသင်္ဘောသားများ အနေဖြင့် နိုင်ငံခြား တိုင်းပြည်များရှိ သင်္ဘောများသို့ သွားရောက်ခြင်း၊ တာဝန်ပြီးဆုံး၍ သင်္ဘော ဆိုက်ကပ်ရာ နိုင်ငံခြား တိုင်းပြည်များမှ မြန်မာနိုင်ငံသို့ ပြန်လာခြင်းနှင့် တာဝန်ထမ်းဆောင်လျက် ရှိစဉ် သင်္ဘောများ ၀င်ထွက်ရာ နိုင်ငံခြား တိုင်းပြည်များ၏ ဆိပ်ကမ်းများသို့ ၀င်ထွက်ခြင်း စသည့် ကိစ္စရပ်များတွင် သက်ဆိုင်ရာ နိုင်ငံများ၏ လူဝင်မှု ကြီးကြပ်ရေး ဌာနများ၏ စစ်ဆေးခြင်းကို သင်္ဘောသားများ၏ မြန်မာနိုင်ငံကူး လက်မှတ်(Myanmar Seaman Passport) နှင့် အတူ သင်္ဘောသား လုပ်သက် မှတ်တမ်း စာအုပ် (CDC) များဖြင့် အစစ်ဆေးခံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိခြင်းမှာ ယခင်က ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် သင်္ဘောသားမှတ်ပုံတင် လက်မှတ် SID များ ထုတ်ပေးထားခြင်း မရှိသည့် အတွက် မြန်မာသင်္ဘောသား ဖြစ်ကြောင်း သက်သေခံ အထောက်အထားအဖြစ် သင်္ဘောသား လုပ်သက် မှတ်တမ်း စာအုပ်(CDC)တွင် ပါဝင်သော သက်ဆိုင်ရာ သင်္ဘောသား အချက်အလက်များဖြင့် အစစ်ဆေးခံခဲ့ခြင်း ဖြစ်သည်။

http://www.weeklyeleven.com/

Saturday, June 18, 2011

အရှင် ဉာဏိဿရ ညီညွတ်ရေးတရားဟောမည်

သဲကုန်း သပိတ်အိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရသည် မနက်ဖြန် စတင် ကျင်းပမည့် သီတဂူ နိုင်ငံတကာ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲတွင် ငြိမ်းချမ်းရေးကိုရှေးရှုသည့် စည်းလုံးညီညွတ်ရေး တရား ဟောကြား မည်ဖြစ်ကြောင်း သိရသည်။

Suu_Kyi__Monk
ယမန်နေ့က ဆရာတော် အရှင် ဉာဏိဿရကို ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်ကြည်ညိုစဉ် (ဓာတ်ပုံ - AP)


“ငါတို့ဖြစ်ရ ဤလောက၀ယ် ဘ၀သမိုင်း မရိုင်းစေရန် စိတ်မာန်မချ မာနမပါ တို့စွမ်းရာဖြင့် တို့သာသနာ တို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့” ဟူသည့်ဆောင်ပုဒ်အတိုင်း သီတဂူ ဆရာတော်ဘုရားကြီးက ကြိုးစားလုပ်ဆောင်နေခြင်းဖြစ် ကြောင်း သီတဂူ ဆရာတော်၏ ကျောင်းမှ ဘွဲ့အမည် ထုတ်ဖော်ပြောဆိုရန်ခွင့်မပြုသည့် တပည့်ရဟန်းတပါးက ဧရာဝတီ ကို မိန့်ကြားသည်။

“သီတဂူ စတည်ထောင်ကတည်းက ဆောင်ပုဒ်အတိုင်း တိုင်းပြည်မှာ အများအတွက်အကျိုးရှိမယ့်ဟာကို တတ်နိုင်တဲ့ အပိုင်းကနေ ဆရာတော်(သီတဂူဆရာတော်)အနေနဲ့ ကြိုးစားနေတာပါ၊ အဲဒီနေ့ ဆရာတော် ဟောတော့မှ ဆရာတော့် တရားက ပိုပေါ်လွင်မယ်၊ အဲဒီနေ့တရားက ပိုကောင်းမယ်”ဟု အဆိုပါ တပည့်ရဟန်းက ဆက်လက်ရှင်း ပြသည်။

ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် ဇွန်လ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရက်များတွင်ကျင်းပမည့် သီတဂူ ဗုဒ္ဓ တက္ကသိုလ်(ရန်ကုန်)ဖွင့်ပွဲ အခမ်းအနားကို ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားအစီအစဉ်များထဲမှ ဇွန်လ ၁၇ ရက်၊ ၁၈ ရက်နေ့များတွင် လက်ရှိအစိုးရ အကြီးအကဲများနှင့် သံတမန်များကို လည်းကောင်း၊ ဘာသာရေး၊ လူမှုရေး၊ သာသနာရေး နယ်ပယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီကိုယ်စားလှယ်များ ဖိတ်ကြားရာ၌ ပါတီ အမည်တပ်ဖိတ်ကြားမှုကို ဖိအားပေးခံခဲ့ရပုံရပြီး ယခုအခါ ဖိတ် စာ ပြောင်းလဲဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖိတ်ကြားခံခဲ့ရသူတဦးဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ က ဧရာဝတီကိုပြောသည်။

“အစက ပါတီအနေနဲ့ဖိတ်တယ်။ အခုတော့ ပုဂ္ဂိုလ်အနေနဲ့ ဖိတ်စာလာပြောင်းပေးတယ်။ ဒါပေမယ့် ကျနော့်အပြင် ပါတီ က လိုက်ချင်တဲ့သူလိုက်နိုင်တယ်။ အခုလို အစိုးရဘက်ကလူတွေရော၊ သံဃာတော်တွေရော၊ လူမှုရေးအဖွဲ့တွေ နိုင်ငံ ရေး ပါတီတွေကလူတွေကိုရော ဖိတ်တာကို မေးတော့ ဆရာတော်ရဲ့ ရည်ရွယ်ချက်တခုရှိပါတယ်တဲ့၊ ရောက်တဲ့ နေ့မှာမှ ဆရာတော်က ပြောမယ်လို့ သိရတယ်”ဟု ဦးသုဝေက ပြောသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ထိပ်တန်းခေါင်း ဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီဝင်များ၊ အခြားသော ၁၉၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြသော နိုင်ငံရေးပါတီများအားလုံး၏ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားကြောင်းသိရ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ သီတဂူ ဆရာတော် ၏ ကျောင်း၌ ယမန်နေ့ ညနေ ၃ နာရီ ခန့်က ဆရာတော် အရှင် ဉာဏိဿရ ထံသို့ သွားရောက်ဂါရ၀ပြု ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ဖိတ်ကြားထားသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အခမ်းအနားသို့ တက်ရောက်တော့မည် မဟုတ်ကြောင်း NLD ပါတီမှ ဦးဝင်းထိန်က ရှင်းပြသည်။

“အထွေထွေအတွင်းရေးမှူးက လုံခြုံရေးလူငယ်တချို့နဲ့အတူ ဆရာတော်ကျောင်းကို မနေ့က ရုတ်တရက်ကြီး သွား တယ်။ ဆရာတော်နဲ့ တကယ့် ရင်းရင်းနှီးနှီး ဆွေးနွေးဖြစ်တယ်လို့ သိရတယ်။ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒ တွေကိုလည်း အထွေထွေအတွင်းရေးမှူးက တော်တော်ကို နှစ်ခြိုက် ပီတီဖြစ်စွာနာယူပါတယ်။ ဒါဟာ သတင်းကောင်းပါပဲ။ အချိန် ၂ နာရီကျော်လောက် ဆရာတော်နဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့ကြတယ်”ဟု NLD ပါတီပြောခွင့်ရ ဦးအုန်းကြိုင်ကလည်း ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း“ဆရာတော်ဟောကြားမယ့် တရားနဲ့ အမျိုးသား ညီညွတ်ရေး၊ ရင်ကြားစေ့ရေးအတွက် ပထမခြေလှမ်းလှမ်းပြလိုက်တာပဲ၊ ဆရာတော်ရဲ့ သြ၀ါဒကထာ တခုတည်းနဲ့တော့ နိုင်ငံရေးပေါင်းစည်းညီညွတ်ရေးကြီး ရဖို့လက်တွေ့မှာ မဖြစ်နိုင်ဘူးပေါ့။ ဆရာတော်အရှိန်အ၀ါနဲ့ ဆရာတော့်စကားက အလေးအနက်ထားရမယ့်ကိစ္စပဲ”ဟု ပြောသည်။

ဆရာတော် အရှင် ဉာဏိဿရသည် ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီ အရေးအခင်း ကာလအတွင်းကလည်း ရာဇောဝါဒ သုတ္တန်ကို ဟောကြားခဲ့ပြီး တိုင်းပြည်အုပ်ချုပ်နေသည့် အစိုးရမင်းများအနေဖြင့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရား တော်အတိုင်း လိုက်နာကျင့်ကြံကြရန် ဟောပြောဆုံးမခဲ့ဖူးသည်။

၂၀၀၈ ခုနှစ် မေလ ၃ ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ သွားရောက်၍ ဒုက္ခသည် များကို အားသွန်ခွန်စိုက်ကူညီပေးခဲ့သည်။

၂၀၀၄ ခုနှစ်တွင်လည်း ဆရာတော် အရှင် ဉာဏိဿရ ဦးဆောင်ပြီး ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးတခုကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့သည်။ ထို့နောက်၂၀၀၇ ခုနှစ် သံဃာတော်များမေတ္တာပို့ ဆန္ဒထုတ်ဖော်စဉ်ကာလကလည်း အခြား ဆရာတော်များ နည်းတူ ရက်စက်စွာဖြိုခွင်းခံခဲ့ရသော ရဟန်းသံဃာများအပေါ် စိုးရိမ်ပူပန်ခဲ့ပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရရန် အတွက် တိုက်တွန်းပြောကြားခဲ့သည်။

၂၀၀၀ ပြည့်နှစ်၌ ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သော ဘာသာပေါင်းစုံညီလာခံကို မြန်မာနိုင်ငံကိုယ်စား ဗုဒ္ဓဘာသာ ခေါင်းဆောင်တဦး အနေဖြင့် နယူးယောက်မြို့သို့သွားရောက်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် မိန့်ကြား ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။

ထို့အပြင် စစ်ကိုင်းတောင်ရိုး ရေရရှိရေးနှင့်စိမ်းလန်းစိုပြည်ရေး၊ ၁၉၉၆ ခုနှစ်တွင် စစ်ကိုင်းရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် ထူထောင်ခြင်း၊ စစ်ကိုင်းရှိ သီတဂူ ဆေးရုံကြီးတည်ထောင်ပြီး မျက်စိ ဝေဒနာသည်ပေါင်းများစွာကို ကုသပေးနေခြင်း၊ ပြည်တွင်းပြည်ပ နယ်လှည့်၍ တရားဓမ္မ ဟောကြားခြင်းများလည်း လုပ်ဆောင်ကြိုးပမ်းခဲ့သည်။

ဆရာတော်သည် ပညာရေး၊ ဘာသာရေး၊ လူမှုရေး အဘက်ဘက်တွင် ကူညီပေးမှုများ အစဉ်တစိုက်လုပ်ဆောင်နေသည်။

http://www.irrawaddy.org/bur/

Thursday, June 16, 2011

နိုင်ငံတကာ ဒုက္ခသည်များနေ့ ပြပွဲ မဲဆောက်၌ ကျင်းပ

ထိုင်းနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံမှ ဒုက္ခသည်များရှိနေခြင်းကို နိုင်ငံတကာက ပိုမိုသိရှိနိုင်ရန်အတွက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဦးစီး၍ နိုင်ငံတကာ ဒုက္ခသည်များနေ့အကြို ဒုက္ခသည်များဆိုင်ရာ အခမ်းအနားနှင့် ပြပွဲတရပ်ကို ယနေ့ စတင်၍ မဲဆောက်မြို့တွင် ကျင်းပသည်။

Refugee_News_16-6-11-1

နိုင်ငံတကာ ဒုက္ခသည်များနေ့ ပြပွဲ ခန်းမ (ဓာတ်ပုံ - ဧရာဝတီ)


UNHCR အပါအ၀င် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGO အဖွဲ့ ၁၃ ဖွဲ့က အဆိုပါအခမ်းအနားကို ၂ ရက်ကြာကျင်းပမည် ဖြစ်သည်။ နိုင်ငံတကာ ဒုက္ခသည်များ နေ့မှာ ဇွန်လ၂၀ ရက်နေ့ ဖြစ်သည်။

မဲဆောက်အခြေစိုက် UNHCR ရုံးတာဝန်ခံ Mrs YoKo Akasaka က“ထိုင်းနိုင်ငံနဲ့နိုင်ငံတကာက ထိုင်းမှာ ဒုက္ခသည်တွေ ရှိနေတဲ့အကြောင်းကို ပိုမိုသိရှိနိုင်ဖို့အတွက်ရယ်၊ မသိသေးတဲ့သူတွေလည်း သိရှိစေဖို့အတွက် ဒီအစီအစဉ်ကို ပြုလုပ်ရတာဖြစ်တယ်”ဟု ပြောသည်။

ထိုင်းအစိုးရက ထိုင်းရှိဒုက္ခသည်စခန်းများ ပိတ်မည့်ကိစ္စနှင့် ဒုက္ခသည်များကိုနေရပ်ပြန်ပို့မည့် အစီအစဉ်များမှာ လတ် တလော အခြေအနေများတွင် ဖြစ်နိုင်ခြေ မရှိသေးကြောင်းလည်း ပြောသည်။

“ဒီကိစ္စ ထိုင်းနဲ့မြန်မာအစိုးရတွေမှာတော့ မူဝါဒတွေရှိတယ်၊ မြန်မာဘက်မှာ အမှန်တကယ် တည်ငြိမ်အေးချမ်းပြီဆိုရင်တော့ ဒုက္ခသည်တွေပြန်ရမှာဖြစ်တယ်၊ ပြန်ပြီးရင်လည်း နောက်ထပ်ပြန်လာစရာမလိုတဲ့ အနေအထားတွေရှိဖို့ လိုတယ်”ဟု Mrs Akasaka က ပြောသည်။

ယခုကျင်းပသည့် အစီအစဉ်တွင် ဒုက္ခသည်များ၏ အခြေအနေများနှင့်ပတ်သက်သည့် ဟောပြောပွဲများ၊ ဒုက္ခသည်များ ထိုင်းဘက်သို့ ထွက်ပြေးလာရသည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း အခြေအနေများ နယ်စပ်ဒေသများတွင် ဖြစ်ပွား
နေသည့်တိုက်ပွဲများနှင့် စစ်ပြေးဒုက္ခသည်များ၏ ဘ၀များကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်များကို ပွဲစဉ်အလိုက်ပြသ သည့် အစီအစဉ်များလည်း ပါဝင်သည်။

NGO အဖွဲ့များကလည်း ဒုက္ခသည်စခန်းများအတွင်း ၎င်းတို့ဆောင်ရွက်နေသည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ အဖွဲ့လိုက်ပြခန်းများဖြင့် ပြသခဲ့ကြပြီး ဒုက္ခသည်များဆိုင်ရာ စာအုပ်စာတမ်းများ ဖြန့်ဝေ
ကြသည်။

ထိုင်းမြန်မာနယ်စပ်တွင် နို့ဖိုး၊ အုန်းဖျန်၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း၊ မယ်လ၊ မယ်လာအူး၊ မယ်ရာမို၊ နှင့် ကရင်နီဒုက္ခသည် စခန်း၂ ခု အပါအ၀င် ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည် ၁၄၀၀၀၀ ခန့်နေထိုင်လျက်ရှိသည်။

၎င်းဒုက္ခသည်များသည် ၁၉၇၅ ခုနှစ် မဆလ အစိုးရလက်ထက်တွင်စတင်ခဲ့သည့် ကရင်ပြည်နယ် ဖြတ် ၄ ဖြတ် စစ်ဆင်ရေး နှင့် န၀တ၊ နအဖနှင့် လက်ရှိမြန်မာအစိုးရလက်ထက်တို့တွင် တိုင်းရင်းသား နယ်စပ်ဒေသများတွင် တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကြောင့် နယ်စပ်နှင့် ထိုင်းဘက်သို့ ထွက်ပြေးရောက်ရှိ လာသူများဖြစ်သည်။

http://www.irrawaddy.org/

Wednesday, June 15, 2011

စက်မှုလုပ်ငန်းရှင်များ အတိုးနှုန်း သက်သာစွာ ငွေချေးနိုင်မည်

မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်က ပုဂ္ဂလိက ဘဏ်တိုးနှုန်းထက်နိမ့်သော အတိုးနှုန်းနှင့် အပေါင်ပစ္စည်း မလိုဘဲ လုပ်ငန်းရှင်များကို ငွေထုတ်ချေးမည် ဖြစ်ကြောင်း အမှတ်၂ စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်သည်။

Soe-Thein

ဇွန်လ ၁၁ ရက်နေ့က ကျင်းပသည့် ၁၇ ကြိမ်မြောက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း
အစည်းအဝေးသို့ တက်ရောက်လာသော အမှတ် ၂ စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်း
(တံဆိပ်အနီ ပုဆိုးအနီ) ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ယင်းအစီအစဉ်သည် မြန်မာနိုင်ငံအား စက်မှုနိုင်ငံအဖြစ် ပြောင်းလဲနိုင်ရေး အတွက် လိုအပ်သော အရင်းအနှီးငွေကြေးများကို ကူညီခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၌ ဇွန်လ ၁၁ ရက်နေ့က ကျင်းပ သော ၁၇ ကြိမ်မြောက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်သူများ အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ၀န်ကြီးဦးစိုးသိန်းက အထက် ပါ အစီအစဉ်ကို ပြောဆိုခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် UMFCCIဗဟိုအလုပ်အမှုဆောင် တဦးက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ လုပ်ငန်းရှင်များ ငွေချေးယူသောအခါ သတ်မှတ် ထားသော အတိုးနှုန်းသည် ၁၇ ရာခိုင်နှုန်းဖြစ်သော်လည်း မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ် အနေနှင့် စက်မှုကုန် ထုတ်လုပ်သူ များကို ဘဏ်တိုးနှုန်း ၁၅ ရာခိုင်နှုန်းနှင့် အပေါင်ပစ္စည်းတင်ပြရန် မလိုဘဲ တိုက်ရိုက်ငွေချေးငှားပြီး စက်မှုလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်မည်ဖြစ်ကြောင်း ဦးစိုးသိန်းက ပြောဆိုသည်ဟုလည်း သိရှိရသည်။

“ငွေလိုတဲ့သူတွေကို ငွေချေးမယ်။ အပေါင်ပစ္စည်းမလိုဘူး၊ ဘဏ်တိုးနှုန်းက ၁၅ ရာခိုင်နှုန်းပဲ။ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းရဲ့ထောက်ခံချက်ပါရင် ငွေချေးလို့ရမယ်လို့ ပြောတယ်။ အဓိက စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးမှုအတွက် ငွေချေးတာ”ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းမှ အသင်းဝင် လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး စက်ရုံပိုင်ရှင် တဦးက ပြောသည်။

ထိုသို့ငွေချေးမှုကြောင့် ပုဂ္ဂလိကဘဏ်များ အထိနာဖွယ်ရှိပြီး ဘဏ်လုပ်ငန်းအပေါ် ထိခိုက်မှုများကြုံတွေ့နိုင်သည်ဟု ပြည်တွင်းမှ ဘဏ် လက်ထောက် မန်နေဂျာ တဦးက ပြောဆိုသည်။

“စက်မှုဘဏ်ကနေ အတိုးနှုန်းလျော့မယ် ဆိုတဲ့အတွက် ပုဂ္ဂလိကဘဏ်တွေ ပြဿနာတက်နိုင်တယ်။ မြန်မာနိုင်ငံမှာ အဓိကငွေချေးငှားနေတဲ့ စီးပွားရေးသမားတွေထဲမှာ စက်မှုကုန်ထုတ်သမားတွေက ထိပ်ဆုံးမှာပါနေတယ်။ အဲဒီလိုသာ စက်မှုဘဏ် အတိုးနှုန်းလျော့ရင် တဘက်က ဘဏ်တွေအတွက် ၁၇ ရာခိုင်နှုန်းအတိုးပေးပြီး ချေးမယ့်လူလျော့သွားမယ်”ဟု ၎င်းက ဆိုသည်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် စက်မှုဖွံ့ဖြိုးရေးဘဏ်က အတိုးနှုန်းချ၍ ငွေချေးမှုသည် စီးပွားရေးသမားများအတွက် သတင်း ကောင်းဖြစ်သော်လည်း တခြားသော နည်းပညာ၊ လောင်စာ၊ လျှပ်စစ်၊ အခွန်အခ လျှော့ပေါ့ရေး၊ လုပ်ထုံးလုပ်နည်း လျှင်မြန်ရေး စသည့် ကဏ္ဍများ၌ လိုအပ်ချက်များရှိနေသည်ဟု သိရှိရသည်။

“အခွန်အခပိုင်းမှာ အခုထပ်တိုးလာတဲ့ Withholding Tax ပြဿနာပေါ့။ ပင်းရင်း နုတ်ယူ ပေးသွင်းခွန် ဆိုတာက အတော်ကို ပြဿနာ တက်တယ်။ ရောင်းသူကို ပေးရမယ့် ပိုက်ဆံထဲက ဆောင်ရတာလို့ အစိုးရက ပြောပေမယ့် နောက်ဆုံးတော့ ကျနော်တို့ ၀ယ်သူတွေကပဲ ဆောင်ရတာပဲ။ ၀န်ထုတ်ဝန်ပိုးဖြစ်နေတယ်”ဟု စက်မှု ကုန်ထုတ်လုပ်ငန်းရှင် တဦး က ပြောသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များဦးစီးဌာနက အခွန်တိမ်းရှောင်မှု လျော့ကျစေရန်၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှစပြီး ပင်ရင်းမှနုတ်ယူ ပေးသွင်းသည့် အခွန်(သို့) ဝင်ငွေခွန်(Withholding Tax) စနစ်သစ်ကို စတင်ကျင့် သုံးခဲ့
ခြင်းဖြစ်သည်။ နိုင်ငံတော် အဖွဲ့အစည်းများနှင့် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်တို့မှာ အခွန်ကင်းလွတ်ခွင့်ရှိကြောင်း သိရသည်။

နိုင်ငံခြားမှ စက်ပစ္စည်းများတင်သွင်းလျှင် ပင်ရင်းနုတ်ယူ ပေးသွင်းအခွန်အဖြစ် ၃.၅ ရာခိုင်နှုန်း ရောင်းသူကိုယ်စား လုပ်ငန်းရှင်များ က အစိုးရသို့ တရားဝင်ပေးသွင်းပြီးမှ တင်သွင်းခွင့် ပြုသည်။

အစိုးရသစ်ပြောင်းလဲသည်ဟုဆိုသော်လည်း လုပ်ထုံးလုပ်နည်း၊ အခွန်အခနှင့် ကြန့်ကြာမှုများ ဆက်လက် ရှိနေသောကြောင့် လုပ် ငန်းရှင်များအတွက် လုပ်ငန်းတွင်ကျယ်လျှင်မြန်ရေး ဆောင်ရွက်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောဆိုသည်။

မြန်မာ့ စက်မှုထုတ်ကုန်များသည် နည်းပညာပိုင်းချို့တဲ့မှုကြောင့်လည်း ပြည်ပဈေးကွက်ရရှိရေးထက် ပြည်တွင်းဈေးကွက်တွင် အသုံးတွင်ကျယ်ရေးအတွက် ရုန်းကန်နေရကြောင်း သိရသည်။

“အာဆီယံ၊ တရုတ်၊ အိန္ဒိယတို့က နည်းပညာပိုင်းမှာ အရမ်းတိုးတက်နေပြီ။ ကျနော်တို့က ဒီမှာ အများကြီး နောက်ကျနေတယ်။ ၂၀၁၃ ၊၂၀၁၅ မှာ အာဆီယံ အကောက်ခွန်မဲ့ ၀င်လာရင် ဒီက လုပ်ငန်းတွေ အခြားထုတ်ကုန်တွေနဲ့ ယှဉ်ထုတ်နိုင်ဖို့ခက်တယ်။
ဒါကြောင့် အခုကတည်းက လုပ်သင့် လုပ်ထိုက်တာ အားလုံးကို လုပ်ဖို့ လိုနေပြီ။ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ သက်သာခွင့်တွေ မြန်မြန် လုပ်ပေးဖို့ လိုပါတယ်”ဟု အထက်ပါ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံပိုင်ရှင် က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဓာတုဗေဒ၊ သတ္တု၊ လျှပ်စစ်ပစ္စည်း၊ ပလတ်စတစ်၊ စားသောက်ကုန် အပါအ၀င် စက်မှု ကုန်ထုတ်အမျိုးအစားပေါင်း ခုနစ်မျိုးခန့်ရှိပြီး မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းဝင် စုစုပေါင်း ၄၀၀၀ နီးပါး ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။

http://www.irrawaddy.org/

အမေရိကန်ဒေါ်လာဈေး ကျပ် ၇၄၀ အထိ ကျဆင်းလာ

6375

၂၀၁၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာဈေးများ ဆက်တိုက် ကျဆင်းလာရာမှာ ဇွန်လ ၁၁ ရက် နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၇၄၀ အထိ ကျဆင်းလာခဲ့ကြောင်း သတင်းရရှိသည်။

“ဒီလထဲမှာ အမေရိကန်ဒေါ်လာ ဈေးတွေ ဆက်တိုက်ဆိုသလိုပဲ ကျလာတယ်။ အဲလိုကျတဲ့အချိန်မှာပဲ ကျပ် ၇၅၀ အထိကျမယ်၊ ကျပ် ၇၀၀ အထိကျမယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်လာတယ်။ တချို့ကတော့ exchange rate တစ်ခုခုနဲ့ သတ်မှတ်ပြီးတော့ နှုန်းရှင်ထားနိုင်တယ်ဆိုတဲ့ အသံမျိုးတွေလည်း ထွက်တယ်။ သက်ဆိုင်ရာဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှထုတ်ပြန် ကြေညာတာမျိုးလည်း မတွေ့ရပါဘူး။ တစ်ရက်တစ်ခြား ထိုးကျလာတာက Demand မရှိလို့လည်း ဖြစ်နိုင်သလို ကောလာဟလကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

“အခုလက်ရှိ ကျဆင်းနေတဲ့ အမေရိကန်ဒေါ်လာ ဈေးနှုန်းက ၂၀၀၄ခုနှစ်က ဈေးနှုန်းထက်တောင် နိမ့်ကျနေတယ်။ အဲဒီတုန်းကရွှေဈေးက ကျပ်နှစ်သိန်းဝန်းကျင်ပဲ ရှိတယ်။ အခု ရွှေဈေးက ကျပ်ခြောက်သိန်း အထက်မှာရှိတယ်။ အခုဈေးနဲ့နှိုင်းယှဉ်လိုက်ရင် ဒေါ်လာဈေးက သိသိသာသာကြီးကို ကျနေတာပါ။ ပို့ကုန် လုပ်ငန်းတွေအတွက်တော့ ထိခိုက်နေပါတယ်”ဟု ပြည်ပသို့ဆန်တင်ပို့နေသော ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့တွင် ငွေကြေးဈေးကွက်ရှိ ပေါက်ဈေးများမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၇၅၀ နှင့် ကျပ် ၇၆၀ ကြား၊ အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၆၆၅ ကျပ် နှင့် ကျပ် ၆၇၀ ကြား၊ ပြည်ပပို့ကုန်မှ ရငွေ(earning) ဈေးမှာ ၇၈၃ ကျပ်နှင့် ၇၈၅ ကျပ်ကြားရှိကြောင်းသိရသည်။

အစဉ်အလာအားဖြင့် ဈေးမာခဲ့သော အမေရိကန်ဒေါ်လာဈေးမှာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ တဖြည်းဖြည်းလျော့ဆင်းခဲ့ကြောင်း နှင့် ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းတွင် ကျပ် ၁၀၀၀ လောက်ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့ရာမှထပ်မံကျဆင်းခဲ့ပြီး ၂၀၁၁ ခုနှစ် မေလတွင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ အောက်သို့ထိုးဆင်းခဲ့ကာ ပြည်ပပို့ကုန်မှရငွေ မှာလည်း ၈၀၅ ကျပ်နှင့် ၈၁၅ ကျပ် ကြားတွင်သာရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေါ်လာဈေးကျဆင်းမှုကို ၂၀၁၀ ပြည့်နှစ်အတွင်း ၀င်ရောက်လာသော ပြည်ပရင်းနှီး မြှုပ်နှံမှုများနှင့် ပတ်သက်သကဲ့သို့ ဈေးကွက်အတွင်းသို့ အကြောင်းတရားအမျိုးမျိုးဖြင့် ၀င်ရောက်လာသော hot money များကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ အလားတူပင် အိမ်ခြံမြေဈေးကွက်အတွင်းမှ တစ်ဆင့် ၀င်ငွေရလမ်း ၀င်ရောက်လာသော ငွေများကြောင့်လည်း သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ကြသည်။

“ဒါကို ဘယ်သူမှအတိအကျ မပြောနိုင်ပါဘူး။ ဒီလိုပဲ ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ ထင်ကြေးမျိုးပေးနေ ကြတာပါ။ အမှန်က အ၀င်များနေလို့ဖြစ်တဲ့သဘောပါ။ နောက်ဆုံးတော့ ဒေါ်လာဈေးကျတော့ ပြည်ပပို့ ကုန်တင်ပို့သူနဲ့ တကယ်ထုတ်လုပ်သူတွေ ထိခိုက်တာတော့ အမှန်ပဲ” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောပြခဲ့သည်။

၂၀၁၀ ပြည့်နှစ် Economic and Social Commission for Asia and the Pacific (ESCAP) မှ ထုတ်ပြန် ထားသောစာတမ်းများ အရ Asia Pacific Region အတွင်း hot money များဝင်ရောက်လာကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်မူ ငွေကြေးဈေးကွက် မရှိသည့်အတွက် သက်ရောက်မှု သိပ်မရှိနိုင်ဟူသော သုံးသပ်ချက်များ ရှိသကဲ့သို့ အခြားနည်းလမ်းဖြင့် ဥပမာ ရင်းနှီးမြှုပ်နှံမှု ပုံစံအားဖြင့်လည်းကောင်း၊ အိမ်နီး ချင်းနိုင်ငံများနှင့် ချိတ်ဆက်၍လည်းကောင်း ၀င်ရောက်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

http://www.weeklyeleven.com/

Tuesday, June 14, 2011

ပါကစ္စတန် ဈေးတစ်ခုတွင် ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံး

w63719
ဗုံးဖောက်ခွဲမှုတွင် ထိခိုက်ခဲ့သူများကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေ ကယ်ထုတ်နေစဉ်

ပါကစ္စတန်နိုင်ငံ၊ ပက်ရှ်ဝါမြို့ရှိ ဈေးတစ်ခုတွင် ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး ၉၄ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဇွန် ၁၂ ရက် အစောပိုင်းတွင် ပြောကြားသည်။

လူစည်ကားသော ခိုင်ဘာဈေးကြီးရှိ စားသောက်ဆိုင်တစ်ခု၏ သန့်စင်ခန်းတွင် ပထမဦးစွာ ပေါက်ကွဲမှု အသေးစား ဖြစ်ခဲ့ကြောင်း ခိုင်ဘာပက်ရှ်ထန်ခ၀ါ ပြည်နယ်မှ ဗုံးရှင်းလင်းရေး အဖွဲ့ ခေါင်းဆောင် ရှာဖတ်မာလစ်ခ်ကပြောကြားသည်။

ယင်းဖြစ်ပွားရာ နေရာသို့ လူများ စုဝေးကြည့်ရှုနေစဉ် မိနစ်ပိုင်း အကြာတွင် စားသောက်ဆိုင်သို့ ဆိုင်ကယ်တစ်စီးဖြင့် အသေခံ ဗုံးခွဲသမား တစ်ဦး ရောက်လာပြီး ထပ်မံ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း မာလစ်ခ်က ပြောကြားသည်။ ဒုတိယအကြိမ် ဖောက်ခွဲမှုတွင် ဖောက်ခွဲရေးပစ္စည်း ၁၀ ကီလိုဂရမ်ခန့်ကို အသုံးပြုခဲ့ကြောင်း ပက်ရှ်ဝါမြို့၏ အကြီးတန်း ရဲအရာရှိ မူဟာမက်ဒ်အီဂျတ်ဇ်ခန်းက ပြောကြားသည်။

ယင်းဈေးတစ်ဝိုက်သည် ဆရာများ၊ ကျောင်းသားကျောင်းသူများ နေထိုင်သောနေရာ ဖြစ်ကာ ဟိုတယ်များ၊ ဈေးဆိုင်များဖြင့် စည်ကားပြီး မီဒီယာ ရုံးခန်းများလည်း ရှိကြောင်း သိရသည်။ ဗုံးဖောက်ခွဲမှု အတွင်း သတင်းထောက် တစ်ဦး သေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရခဲ့ကြောင်း ပက်ရှ်ဝါရှိ သတင်းထောက်များ ကလပ်မှ ဥက္ကဋ္ဌ ဆာအိအူအစ္စလာမ်ဆာဖီက ပြောကြားသည်။ ပြည်နယ်ဝန်ကြီး တစ်ဦးကမူ သတင်းထောက် နှစ်ဦး သေဆုံးခဲ့သည်ဟု ပြောကြားသည်။

ပက်ရှ်ဝါမြို့နှင့် အနီးအနား ဒေသများတွင် မကြာသေးမီ လများအတွင်းက အကြမ်းဖက် တိုက်ခိုက်မှုများစွာ ကြုံတွေ့ခဲ့ရပြီး ယခု နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း တာလီဘန်တို့က ငြင်းဆိုထားသည်။ ဇွန် ၅ ရက်နေ့ကလည်း ပက်ရှ်ဝါမြို့ အရှေ့ဘက် ၂၆ မိုင် အကွာရှိ နောင်ရှီရာမြို့ ပေါင်မုန့်ဆိုင် တစ်ခု၌ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်။

မေ ၂၅ ရက်တွင် ပက်ရှ်ဝါမြို့ရှိ ရဲစခန်းတစ်ခုကို အသေခံ ဗုံးခွဲသမား တစ်ဦးက ၀င်ရောက် ဖောက်ခွဲမှုကြောင့် အနည်းဆုံး ရဲခုနစ်ဦး သေဆုံးခဲ့ပြီး အလေးချိန် ၃၀၀ ကီလိုဂရမ် (ပေါင် ၆၆၀) ရှိသော ဖောက်ခွဲရေး ပစ္စည်းများကို
မီနီထရပ်ကားဖြင့် တင်ဆောင်လာကာ ဖောက်ခွဲခြင်း ဖြစ်သည်။ မေ ၁၈ ရက်ကလည်း ပက်ရှ်ဝါမြို့ရှိ စစ်ဆေးရေးဂိတ် တစ်ခုကို စစ်သွေးကြွ ၆၀ ကျော်က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၁၀ ဦးနှင့် လုံခြုံရေးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။

http://www.weeklyeleven.com/

Sunday, June 12, 2011

စိတ်ညစ်နေ စိတ်ဓာတ်ကျနေသော သူငယ်ချင်းများ အတွက်ပါ


စိတ်ညစ်တယ် စိတ်ဓာတ်ကျ တယ်ဆိုတာ ထွက်ပေါက်မရှိလို့ ဖြစ်ပါတယ်။ ထွက်ပေါက် ဆိုတာ ဘာလဲ ? သူငယ်ချင်း အရမ်းစိတ်ညစ်နေတဲ့ အခါလေးမှာ ဘာလုပ်မှာလဲ ?

၁။ အရက်သောက်မှာလား ?
၂။ ပျော်အောင်နေမှာလား ?
၃။ ပြသာနာကို ရှောင်ပြေးနေမှာလား ?

စိတ်ညစ်နေရင် စိတ်ကို ဖြေမဲ့ နည်းလမ်းက ထွက်ပေါက်ကို ရှာတတ်ကြပါတယ်။

ထွက်ပေါက်လေး တစ်ခုရအောင် သူငယ်ချင်း ရဲ့စိတ်ဓာတ်ကို အရင် ပြောင်းကြည့်ဖို့ ဒီစာလေးကို ဖတ်ကြည့် ရအောင် ....

သူငယ်ချင်း စဉ်းစားကြည့် ...

ဒါပေမယ့် လောကကြီးဟာ နေတတ်ရင် ကျေနပ်စရာလေးပါ။ လူမှန်သမျှ စိတ်ညစ်တာတွေ ရှိနေကြ ရှိကြတာပါ။ အနည်းနဲ့အများ သာ ကွာတာပါ။ ဘဝမှာ စိတ်နဲ့ပဲ ဦးဆောင် စိတ်နဲ့ပဲ အလုပ်လုပ်နေရတာပါ။

စကားတစ်ခွန်းတော့ ကြားဖူးပါတယ် " လူ့ဘဝဆိုတာ ရခဲ့ပါတယ် "ဒါကြောင့် ရခဲ့လှတဲ့ လူ့ ဘဝလေးမှာ စိတ်ဓာတ်မကျဖို့ စိတ်အားမငယ်ဖို့ လိုအပ်ပါတယ် သူငယ်ချင်း ......

ဘဝတစ်ခုမှာ မင်းကသာ ဦးဆောင် မင်းကသာ နောက်လိုက်ဖြစ်တယ်။ မင်းရဲ့စိတ်ဓာတ်ကို ဘယ်တော့ မှ ပျော့ညံ့နေလို့ မရဘူး။ စိတ်အားမငယ်ရဘူး စိတ်ညစ်မှု မရှိစေရဘူး။

ပြသာနာ တစ်ခု ဖြစ်လာရင် ကြုံလာရင် မရှောင်ပြေးပါနဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိလေးကို ထားပြီး အလောတကြီး မဟုတ်ပဲ ခေါင်းအေးအေးလေး ထားပြီး ဖြေရှင်းပေးပါ။

မင်းစိတ်ကို တတ်နိုင်သလောက် စိတ်ပျော်အောင်နေထိုင်တတ်ရမယ်။ ပြောဆိုဆက်ဆံတာတွေ သွားလာလှုပ်ရှား နေတာတွေဟာ တကယ့် စိတ်ပါလက်ပါနဲ့ လုပ်ဆောင် နေထိုင်ရမယ်။ လူဆိုတာ အမြဲတမ်း ပျော်နေတဲ့ သူတစ်ယောက်မှ မရှိပါဘူး စိတ်ညစ်မှု တစ်ချိန်ကျရင် ကြုံတွေ့ဆိုင်ရင် ရမယ်။ ဒီတော့ ခံနိုင်ရည် ရှိအောင် ကြိုးစား နေထိုင်တတ်ရမယ် ....

သူငယ်ချင်း ... ငါကြားဖူးတဲ့ စကားလေး တစ်ခွန်း က

" ဘယ်တော့မှ စိတ်မပျက်နဲ့ စိတ်ပျက်နေ စိတ်ဓာတ်ကျနေရင် အလုပ်ကို
ဆက်လုပ်ပါတဲ့ "

ဒါကြောင့် အသက်နဲ့ ရှင်သန်နေတဲ့ ဘဝတစ်ခုမှာ စိတ်ညစ်နေ စိတ်ဓာတ်ကျ နေမဲ့အစား အလုပ်ထဲမှာ စိတ်ကိုထိန်းချုပ်ထားပြီး ပို၍ လုပ်ကိုင်သင့်တယ်လို့ ငါပြောချင်ပါတယ် သူငယ်ချင်း ...

မင်း ... စဉ်းစားကြည့်နော် ..

အဆိုးကိစ္စတွေကို ဘယ်သူက မလိုချင်ပါဘူး .... ဘယ်သူမဆိုကောင်းတာနဲ့ ဆိုးတာကိုကောင်းတာကိုပဲ လိုချင်နေကြတဲ့ လူတွေချည်းပါပဲ။

ဒါကြောင့် ဖြစ်လေရာ ဘဝတစ်ခုကို ဖြစ်သလို နေမဲ့အစားလောကကြီးကို အရှုံးမပေးပဲ ကြံကြံခံ ရင်ဆိုင်ရဲ့တဲ့ သတ္တိလေးတွေ အတွေးလေးတွေ စိတ်ဓာတ်လေးတွေကို ပြုပြင်သင့် ထားသင့်ပါတယ်။ သူငယ်ချင်း ...

လောကကြီးမှာ ဘာမှလွယ်လွယ်နဲ့ရတာ မရှိပါဘူး .... သူငယ်ချင်း ဒီတော့ မင်းဘယ်တော့မှ စိတ်ဓာတ်မကျပဲ အရာရာကို ရင်ဆိုင်ရဲ့တဲ့ စိတ်ဓာတ်လေးကို ထားသင့် ပါတယ်။

အကောင်းဆုံးကိုလည်း မျှော်လင့်သလို အဆိုးကိစ္စတွေ ကိုလည်းရင်ဆိုင်ရဲ့တဲ့ စိတ်ဓာတ်တွေ သတ္တိတွေရှိထားပါ။

အရာရာကို အရှုံးပေးချင်တတ်တဲ့ အားငယ် တတ်တဲ့ သူငယ်ချင်းရဲ့ စရိုက်လေးကိုပြင်ရမယ် ...

ဒါဆိုရင် သူငယ်ချင်းရဲ့
ဘဝလေးဟာ တိုးတက်ဖို့ ဆိုတာ အသေအချာပဲ သူငယ်ချင်းရေ ......

နောက်ဆုံး ငါမင်းကို စကားလက်ဆောင် ပေးချင်တာက" ဘဝမှာ အနေတတ်ရင် အသေမြတ်တယ် " ဆိုတဲ့စကားလေးပါပဲ။

မင်းစိတ်ညစ်နေတဲ့အခါ စိတ်ဓာတ်ကျနေတဲ့အခါ ဒီစကားလေးကို သတိရလိုက်ပါ။

ရောက်လေရာ နေရာလေးတွေမှာ လူတိုင်းလူတိုင်းနဲ့ လိုက်လလျှောညီထွေ နေထိုင်ပြီး သူငယ်ချင်း ရဲ့ဘဝလေးကို စိတ်ဓာတ်မကျပဲ နေနိုင်ပါစေ။

စိတ်ညစ်နေတဲ့အခါ လမ်းမှန်ကို ရွှေးတတ်ပြီး အဆင်ပြေအောင် နေထိုင် တတ်ပါစေ။ သူငယ်ချင်း ....

မင်းရဲ့သူငယ်ချင်း
နေဇော်လင်း
4.6.2011
11:37 PM

http://www.nayzawlin1.com/2010/09/blog-post_27.html

http://r9.fodey.com/2160/b42aa8612322495981b4d84a0d38fee2.0.gif

Saturday, June 11, 2011

မလေးရှား လေဆိပ်တွင် လက်ဗွေရာယူမည်

http://img.wareseeker.com/software/iphone/Utilities/index_a-digital-fingerprint-scanner-protect-your-phone-1.0_134918271.jpg

မလေးရှားနိုင်ငံအတွင်းသို့ ပြည်ပဆိုက်ရောက် လေဆိပ်များအပါအဝင် စုစုပေါင်း ဝင်ပေါက် ၉၆ ခု ရှိရာ ဝင်ပေါက်အားလုံးတွင် လက်ဗွေရာ စက်ဖြင့် နှိပ်ယူရန် လိုအပ်သော ပစ္စည်းများ တပ်ဆင်ပြီး ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် ”တန်ဆရီ မူရီယီဒင်ယာဆင်” က ပြောကြားသည်။

လက်ဗွေရာယူခြင်းကို စက္ကန့် ၂၀အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံခြားသား ဝင်ရောက်လာချိန်မှ စပြီး ထွက်သွားသည်အထိ မှတ်တမ်းတင်ထားမည်ဟု ဝန်ကြီးက ဆိုသည်။

"ဝင်ပေါက်အားလုံးမှာ တပ်ဆင်ထားတဲ့ စံနစ်ဟာ ဗီဇာအတု၊ ဝင်ခွင့်စာရွက်စာတမ်းအတု၊ စသည်တို့ကိုလည်း စစ်ဆေး မှတ်တမ်းတင်ထားနိုင်ပါတယ်” ဟု ဝန်ကြီး က ပြေကြားလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး "ဒါတွတ်အလီယားအာမက်” က "လက်ဗွေရာနှိပ် မှတ်တမ်းတင်စံနစ်" ဟာ ရာဇဝတ်မှုတွေကို တားဆီးရာမှာ အလွန်အသုံးဝင်ပြီး တစုံတစ်ခုမှားယွင်းသည်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းကို ချက်ခြင်း သတိပေးမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

အဆိုပါ စက်ဖြင့် လက်ဗွေရာနှိပ်ယူခြင်းကို အမေရိကန်အပြင်၊ အရှေ့တိုင်းတွင် စင်္ကာပူ၊ သြစတြေးလျ နှင့် ဟောင်ကောင်တို့တွင် တပ်ဆင်ပြီး အောင်မြင်စွာ အသုံးပြုလျှက် ရှိသည်။

Source by :http://www.lannthit.co.nr/

Friday, June 10, 2011

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြောင့် မြန်မာလူငယ် တစ်ဦး အသတ်ခံရ

http://thestar.com.my/archives/2009/5/18/nation/n_pg08rela.jpg

ရင်ဘတ်တွင် ဓါးဒါဏ်ရာ (၄)ချက်ဖြင့် သေဆုံးနေသော မြန်မာလူငယ်တစ်ဦးကို ဂျော့ခ်ျ တောင်းမြို့ လက်ဘူဗစ်တိုးရီးယားရှိ ၎င်းနေထိုင်သော အဆောင်တွင် တွေ့ရှိခဲ့ သည်။

ဓါးထိုးခံရသော လူငယ်မှာ အသက် (၃၀) ကျော်ကျော်ခန့် ရှိပြီး ”မောင်ဦး” ဟု အမည် ရကြောင်း၊ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ ၊ကြာသပတေးနေ့ ည ၁၁နာရီခန့်တွင် ဓါးဒါဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အရှေ့ မြောက်ပိုင်း ရာဇဝတ်မှုခင်း ထောက်လှမ်းရေး အကြီးအကဲ ”ရှားဟူးရီဟိန်း” က ပြောသည်။ ဓါးထိုးခံရပြီး နောက်တနေ့ သောကြာနေ့တွင် အလုပ်ဆင်းရန် ပျက်ကွက်သောကြောင့် လုပ်ဖေါ်ကိုင်ဖက်တစ်ဦးက အခန်းသို့ သွားရောက် ကြည့်ရှုရာ ဓါးဒါဏ်ရာဖြင့် သေဆုံးနေသော မောင်ဦးကို တွေ့ရှိခဲ့ရသည်။

မောင်ဦးမှာ ဓါတ်ပုံဆိုင်တစ်ခုတွင် အလုပ်လုပ်သူတစ်ဦးဖြစ်ပြီး ဓါတ်ပုံဆိုင်အပေါ်ထပ်ရှိ အဆောင်တွင် အခန်းငှားနေထိုင်သူဖြစ်သည် ဟု ”ရှားဟူရီဟိန်း”က ဆိုပြီး မောင်ဦးကို အတူနေထိုင်သူ အခန်းဖေါ်က သတ်သွားသည်ဟု ယူဆကြောင်း၊ အခန်းဖေါ်သည် တဆောင်တည်းအတူနေသော အမျိုးသမီးတစ်ဦးနှင့် ထွက်ပြေးသွားကြောင်း ပြောသည်။

လောလောဆယ် စစ်ဆေးတွေ့ရှိချက်အရ သတ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူ မောင်ဦး၏ ရင်ဘတ်တွင် ဓါးဖြင့် အထိုးခံရသည့်အပြင် ဦးခေါင်းတွင်လည်း ဒါဏ်ရာများ ရရှိထားကြောင်း တွေ့ရသည်။ အလောင်းကိုပီနန်ဆေးရုံတွင် ဆေးစစ်ချက်ယူရန် ပို့ဆောင်ထားပြီး အမှုနှင့် ပါတ်သက်၍ ဆက်လက် စစ်ဆေးရန် မြန်မာဝန်ထမ်း ၁၉ ဦးအား လူသတ်မှု ပုဒ်မ ၃၀၂ အောက်တွင် ထိမ်းသိမ်းစစ်ဆေးလျှက် ရှိကြောင်းဆိုသည်။

ပင်လုံသစ္စာ

Source by :http://www.lannthit.co.nr/

Thursday, June 9, 2011

မြန်မာ့ အွန်လိုင်း ရေဒီယို Player Gadget ရယူရန်

သူငယ်ချင်းတော်တော်များများက အွန်လိုင်း အင်တာနက်မှနေ Radio လေးတွေ နားထောင်တတ်ကြတယ်... အဲ့လို အချိန်တိုင်းမှာ သူတို့မှာ အဓိက ကြုံတွေ့ရတာကတော့ Player တိုင်းက နှစ်သက်ရာ site များရဲ့ Radio Link များကို ဖွင့်မရတာတွေဖြစ်တတ်တယ်....

တစ်ချို့ကတော့ မြန်မာ အွန်လိုင်း Radio လေးတွေကို စိတ်ကြိုက် Tuning လုပ်ပြီးနားထောင်ချင်ကြတယ်... Web Browser ကြီးဖွင့်ပြီးတော့ နားထောင်ရတာ မျက်စိရှုပ်တယ်။

အရင်က Windows XP သုံးနေတဲ့သူတွေကတော့ မြန်မာ Radio တွေ နားထောင်တဲ့အချိန်မှာ ပြဿနာတွေတော်တော်များများတွေ့ရတယ်။ အဓိကကတော့ Additional Plugin တွေ လိုအပ်ချက်တွေကြောင့်ပါ။ ဥပမာ XP ရဲ့ Default Windows Mediaplayer 9 ကလည်း ယနေ့ခေတ် အွန်လိုင်း ရေဒီယိုတွေကို အလုပ်မလုပ်ပါဘူး။

ဒါကတော့ Windows Vista & Windows 7 အသုံးပြုသူတွေအတွက် မြန်မာဘသာနဲ့ ရေးထားတဲ့ Sidebar Gadget လေးပါ။

WWM Radio Player (Myanmar Language)

အသုံးပြုပုံ

Windows XP

အကယ်၍ မိတ်ဆွေရဲ့ Operating System က Widnows XP ဖြစ်နေမယ်ဆိုရင်တော့ XP အတွက် Sidebar လေးတစ်ခု Install လုပ်ဖို့လိုပါလိမ့်မယ်။ ၄င်းအတွက် Joshoon ရဲ့ Windows Sidebar for XP ဆိုတာကို run ဖို့လိုပါလိမ့်မယ်။

Download Windows Sidebar for XP by Joshoon

၎င်း Windows Sidebar ကို XP user တွေ ပထမဦးစွာ Install လုပ်ရန်လိုအပ်ပါတယ်။ ၄င်းနောက် WWM Radio Player (Myanmar Language) ကို Double Click နိုပ်ပြီး install လုပ်သုံးရန်ဖြစ်သည်။

Windows Vista & Windows 7

သူတို့အတွက်တော့ ဘာမှ ထူးထူးခြားခြားမလိုပါဘူး WWM Radio Player (Myanmar Language) ကို Download လုပ်ပါ ပြီးရင် Double Click နိုပ်လိုက်တာနဲ့ အသုံးပြုလို့ရပါပြီ။

ယခုအချိန်အထိ မြန်မာ Radio များအပါအ၀င် Link ပေါင်း ၁၀၀ နီးပါးကို ရွေးချယ်နားထောင်နိုင်သည်။သို့မဟုတ်ပါက Next သို့မဟုတ် Previous Button ကိုနိုပ်ပြီးနားထောင်နိုင်သည်။

Media Player Plugin တွေလိုအပ်နေသူများအတွက် သီးသန့် မီဒီယာ Player များ ရှာဖွေစရာမလိုပဲ Radio Link ကို ရိုက်ထည့်ခြင်းဖြင့် ချက်ချင်း နားထောင်နိုင်သည်။

မိမိနှစ်သက်သော Themes များကို စိတ်ကြိုက်ရွေးချယ်ခြင်း

သက်ဆိုင်ရာ Radio Station များရဲ့ Information များကိုလည်း ကြည့်ရှု့နိုင်သည်။

၎င်း widget နဲ့ ပက်သက်သော အကြံပြုချက်များကို Comment များပေး၍သော်လည်ကောင်း admin{at}worldwidemyanmar.com သို့လည်းကောင်း မေးလ်ပို့ အကြံပြုနိုင်သည်။

ထို့အတူ လိုအပ်ချက်များ ရှိသော မိမိတို့၏ ကိုယ်ပိုင် Radio Station Link သို့မဟုတ် နှစ်သက်သော Radio Station Link များကို ယခု Radio Gadget တွင် ထည့်သွင်းလိုပါက အကြုံပြု Comment များပေးနိုင်သည်။

Source by :http://www.lannthit.com


Tuesday, June 7, 2011

မြန်မာက သူငယ်ချင်းများအတွက် Proxy site များ ...

နိုင်ငံခြားက ဆိုက်တွေကို မြန်မာပြည်က အလွယ်တကူ ကြည်နိုင်ရန်အတွက် ကျော်နိုင် ခွနိုင်ဖို့ ဝက်ဆိုက် တော်တော်များများကိုရှာဖွေ စုဆောင်းပြီး တင်ပေးလိုက်ပါတယ်။ နိုင်ငံခြားမှာ ရှိနေတဲ့ သူတွေအတွက် မလိုအပ်ပေမဲ့ မြန်မာက မိတ်ဆွေ သူငယ်ချင်းတွေ အတွက် အသုံးဝင်မယ် ထင်ပါတယ်။

အချို့ဆိုဒ်တွေမှာ အကြောင်း အမျိုးမျိုးကြောင့် အလွယ်တကူ ဖွင့်လို့မရတာတွေ ဒါမမဟုတ် ကွန်နစ်ရှင် မကောင်းတာပဲ ဖြစ်ဖြစ် ပိတ်ထားတာပဲဖြစ်ဖြစ် Proxy Sites လေးတွေ အကူအညီနဲ့ ကိုယ်ကြည့်ချင်တဲ့ ဝက်ဆိုက်တွေကို ပိတ်ထားတဲ့ ဆိုဒ်တွေကို ကျော်ဖွင့်နိုင်ပါတယ်။ ကျွန်တော်လေ့လာ စုဆောင်းထားတဲ့ အသုံးပြုလို့ရတဲ့ ဆိုဒ်လေး တွေကို ရွှေးပြီး တင်ပေးလိုက်ပါတယ်။

အဓိက ကတော့ မြန်မာက သူငယ်ချင်းတွေပါ။ G talk , Ning.com Multiply ,Youtube ,Gmail ,Blogspot , စတဲ့ အဆင်မပြေတဲ့ ဆိုဒ်တွေမှန်သမျှ အောက်က Proxy site လေးတွေ အကူအညီနဲ့ ကျော်ဖွင့်ကြည့်လိုက်ပါ။ အဆင်ပြေ သွားနိုင်ပါတယ်။ တစ်ခုမရရင် တစ်ခု ထပ်စမ်းကြည့်ပါ။ ရတဲ့ ဆိုက်လေးတွေကို မှတ်ထားပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ဘယ်လို လုပ်ရမလဲ? .... ဒါကတော့ လွယ်ပါတယ်။ ကျော်ဖွင့်တာက ထွေထွေထူထူးတော့ မဟုတ်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ ဆိုဒ်များထဲမှ နှစ်သက်ရာ လင့်တစ်ခုကို အရင်ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ် ဖွင့်လိုတဲ့ ၀က်ဆိုဒ် လိပ်စာကို ရေးထည့်ရန် Box လေး ပါပါတယ်။

အဲဒီနေရာ လေးထဲမှာ Box လေးထဲမှာ မိမိ ဖွင့်လိုတဲ့ ဝက်ဆိုက်လိပ်စာ လင့်လေးကို ရေးထည့်ပြီး ဖွင့်လိုက်ပါ။ ဒီအတိုင်းပါပဲ။ အားလုံး ရှင်းသွားအောင် ပုံလေးပါ တင်ပေးလိုက်ပါတယ်။


ဥမမာhttp://backfox.com/ ကိုဖွင့်လိုက်ပါ။ http://backfox.com/ ပေါ်လာတာနဲ့ Box နေရာလေးပါတယ်။ အဲဒီနေရာလေးမှာ

ကျွန်တော်ဆိုက်လေးရဲ့ လိပ်စာ http://www.nayzawlin1.com/ ရေးထည့်လိုက်ပြီ။ ခဏနေတာနဲ့ ကျွန်တော့်ဆိုက်လေး ပေါ်လာပါတယ်။ မိမိကြည့်ချင်တဲ့ဆိုဒ်နာမည် (လိပ်စာ) ရေးပြီးရင်Go ကိုနှိပ်ဖို့ မမေ့နဲ့နော် ... Begin Browsing နှိပ်ပေါ့။ ဒါမှမဟုတ်ရင် Enter ခေါက်ပေါ့။ မရှင်းသေးရင်လည်း သားကိုထပ်မေးပါ။

ဘာမှမတတ်ပါဘူး သိတာတွေကို ပြန်လည်မျှဝေတာပါ။ သားအကောင့်က nayzawlin1@gmail.com ပါ။ တကယ်သိနေရင်လည်း သားသား မသိတာတွေကို ပြန်သင်ပေးပါနော် .... အားလုံးပဲ အဆင်ပြေကြပါစေဂျာ ....


♥ ♥ ♥ ကျော် ခွ ရန် Proxy များ ♥ ♥ ♥


1: http://backfox.com/
2: http://facebookunblock.biz/
3: http://mistakeproxyarea.appspot.com/
4: http://www.balloonscape.com/
5: http://www.polysolve.com/
6: http://www.surfall.net/
7: http://www.polysolve.com/
8: http://webuzz.im/
9: https://www.breakfence.com/
10: http://www.hybridstormlabs.com/
11: http://vpntunnel.net/
12: http://surfwecan.com/
13: http://unblockwebsense.com/
14: http://www.ibypass.org/
15: http://backfox.com/
16: http://www.ibypass.us/
17: http://www.atlantadata.info/
18: http://backfox.com/
19: http://www.moblehost.com/
20: http://www.whitehost.info/
21: http://www.trytux.com/
22: http://www.hidemyass.com/
23: http://www.ibypass.name/
24: http://www.melloyello.org/
25: http://unblockbess.com/
26: http://www.poweraid.info/
27: http://www.greenrabbit.org/
28: http://www.powerdedicated.info/
29: http://www.cacheless.org/
30: http://proxcool.com/
31: http://www.unmetereddedicated.info/
32: http://sneaking.org/
33: http://www.saselinux.com/
34: http://www.atlantanap.info/
35: http://www.ibypass.com/
36: http://azurf.com/
37: http://www.wireone.info/
38: http://www.facebookprox.info/
39: http://www.diyrollercoaster.com/
40: http://proxy.org/cgi_proxies.shtml/
41: http://www.boxhost.info/
42: http://www.ibypass.net/
43: http://www.unmeterededicated.info/
44: http://www.ninjacloak.com/
45: http://www.worldsbesthost.info/
46: http://btunnel.com/
47: http://www.xtrahost.info/
48: http://ctunnel.com/
49: http://www.highendhost.info/
50: http://dtunnel.com/
51: http://www.balloonscape.info/
52: http://geotunnel.com/
53: http://www.megabandwidth.info/
54: http://www.internetfilter.be/
55: http://www.mariettalighting.info/
56: http://bypassunblock.net/
57: http://www.ibypass.biz/

13.6.2011 နေ့တွင် ထပ်ရသော ဆိုက်များ ...

58: http://mmproxy.tk
59: http://proxy101.tk
60 : http://freeproxy.ro
61 : https://www.polysolve.com
62 : http://keygens.wall.fm
63 : http://proxynaungnaung.appspot.com/

14.6.2011 နေ့တွင် ထပ်ရသော ဆိုက်များ ....

64 : http://www.blackdile.com/
65 : http://www.stupidcensorship.com/
66 : http://www.vmathpie.com
67 : http://www.newbackdoor.com/
68 : http://www.atunnel.com/
69 : http://www.pagemod.com/
70 : http://pagemod.com/
71 : http://www.ipfaker.com
72 :
http://mathtunnel.com/
73 : http://www.proxut.com/
74 : http://kproxy.com/
75 : http://bowsnap.com/




ကျေး ဇူး တင် ပါ တယ် ဂျာ ...

အားလုံးပဲ အဆင်ပြေစွာ ကျော်နိုင်ခွနိုင်ပါစေ။



Monday, June 6, 2011

၁၁ နှစ်အရွယ်မိန်းကလေးအား ၁၈ နှစ်ကြာအကျဉ်းချ ထားပြီး အဓမ္မပြုကျင့်ခဲ့သူအားထောင်ဒဏ် ၄၃၁ နှစ်ချမှတ်

w63612
ဖိလစ်ဂါရီဒိုနှင့် နန်စီဂါရီဒို တို့အား တရားခွင်တွင် တွေ့ရစဉ်

w63613
ဂျေစီဒူးဂတ်ကို ပြန်လည် ကယ်တင်နိုင်ခဲ့အပြီး တွေ့ရစဉ်
၁၁ နှစ်အရွယ် ဂျေစီဒူးဂတ် ဆိုသူ မိန်းကလေးအား အသက် ၂၉ နှစ် အရွယ်အထိ ၁၈ နှစ်ကြာ အကျဉ်းချ အဓမ္မပြုကျင့်ခဲ့သူ ဖိလစ်ဂါရီဒို ဆိုသူအား တရားရုံးက ဇွန်လ ၂ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဂျေစီဒူးဂတ်အား အကျဉ်းချ နှိပ်စက်မှုများတွင် ပါဝင် ပတ်သက်ခဲ့သော ဖိလစ်ဂါရီဒို၏ ဇနီးဖြစ်သူ နန်စီဂါရီဒိုကိုလည်း ကာလီဖိုးနီးယား ပြည်နယ် အယ်လ်ဒိုရာဒို ကောင်တီ တရားရုံးက ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့သည်။ ကျူးလွန်ခံခဲ့ရသည့် ဒူးဂတ်သည် စီရင်ချက်ချသည့်နေ့တွင် ကိုယ်တိုင် တက်ရောက် နားထောင်ခြင်း မရှိဘဲ မိခင်ဖြစ်သူကသာ သူ၏ ထွက်ဆိုချက်ကို ကိုင်ဆောင်ပြီး တက်ရောက်ခဲ့သည်။

ဂျေစီဒူးဂတ်၏ ထွက်ဆိုချက်ကို မိခင်ဖြစ်သူ တယ်ရီပရိုဗင်က တရားရုံးတွင် ဖတ်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ် တာဟိုးကန် တောင်ပိုင်းရှိ နေအိမ်ရှေ့တွင် ကစားနေစဉ် ပြန်ပေးဆွဲခံခဲ့ရသော ဒူးဂတ်သည် ယခုအခါ အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်သည်။

ဒူးဂတ်ကို ၂၀၀၉ ခုနှစ်တွင်မှ အာဏာပိုင်များက ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဂါရီဒို လင်မယားသည် ၎င်းတို့အိမ်ရှိရာ ကာလီဖိုးနီးယား ပြည်နယ်၊ အန်တီယို့ခ်ျရှိ မြေအောက်ခန်းတွင် ဒူးဂတ်ကို ဖမ်းထားခဲ့သည်။ ဒူးဂတ်သည် ဂါရီဒိုနှင့် ကလေး နှစ်ယောက် ရခဲ့သည်။

ဒူးဂတ်၏ ထွက်ဆိုချက်တွင် ''ရှင်ရှိနေတဲ့ နေရာမှာ ကျွန်မဘ၀ရဲ့ နောက်ထပ် တစ်စက္ကန့်ကိုမျှ မဖြုန်းတီးပစ်ချင်တော့လို့ ဒီနေ့ ဒီနေရာမှာ ကျွန်မ ရှိမနေတာပါ''ဟု ဖော်ပြထားခဲ့သည်။

''ဖိလစ်၊ ရှင့်ရဲ့ ဖျော်ဖြေရေး အတွက် ကျွန်မကို အရာဝတ္ထု တစ်ခုလို အမြဲ အသုံးချခဲ့တယ်။ ရှင်နဲ့ ရှင့်ရဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် ၁၈ နှစ်လုံး နေ့တိုင်း စက္ကန့်တိုင်း အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။ နန်စီ၊ ရှင့်ကိုတော့ ဘာမှ မပြောလိုပါဘူး။ ရှင်တို့ နှစ်ယောက်စလုံးရဲ့ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ တောင်းပန်မှုတွေကို ထပ်ပြောမနေပါနဲ့တော့။ ရှင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ကျွန်မလိုပဲ ရှင်တို့မှာ အိပ်မပျော်နိုင်တဲ့ညတွေ အများကြီး ရှိမယ်လို့ မျှော်လင့်ပါတယ်''ဟု ခံစားချက် အပြည့်ဖြင့် ရေးသားထားသော ထွက်ဆိုချက်ကို တင်ပြခဲ့သည်။

''ကျွန်မဘ၀နဲ့ ကျွန်မမိသားစုကို ခိုးယူသွားတဲ့ အဲဒီနှစ်တွေ အတွက် ကျွန်မ အရမ်း ဒေါသထွက်ခဲ့တယ်။ အခုချိန်မှာတော့ နေလို့ကောင်းနေပါ ပြီ။ ခြောက်အိပ်မက်တွေ ရှိမနေတော့ပါဘူး။ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ရှိနေပြီ။ ရှင်တို့ ကျွန်မဆီက ဘယ်တော့မှ ထပ်မယူသွားနိုင်မဲ့ အရာတွေပေါ့။ ရှင်တို့ဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူး''ဟု ဒူးဂတ် က ပြောကြားခဲ့သည်။

ကာလီဖိုးနီးယားပြည်နယ် ဥပဒေအရ ဂါရီဒို ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် သေဒဏ်ချမှတ်၍ မရနိုင်ကြောင်း သိရသည်။ အသက် ၆၀ ရှိပြီ ဖြစ်သော ဂါရီဒိုသည် ယခု စီရင်ချက်ကို အယူခံဝင်နိုင်သည်ဟု သိရသည်။

http://www.weeklyeleven.com/

Sunday, June 5, 2011

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....



ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။
လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။

အဆင်ပြေကြပါစေဗျာ။

Saturday, June 4, 2011

ဆရာမျိုးဟန်ကို - 2011, June လ အတွက် ဗေဒင် ဟောစတမ်း ....

http://api.ning.com/files/f-98zjPaQXmHIww1cxTs*66nm-MuRCV9E7g3LB*eezgnTlpR8XIvCwvQVAAeqPddpprsL4iAVNX1FY5W4BZgH7w*er3FOz5G/2.gif

2011, June လ အတွက် တစ်လတာ ဗေဒင် ဟောစတမ်း .... ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမျိုးဟန်ကို ... 2011, June လ အတွက် တစ်လတာ ဗေဒင် ဟောစတမ်း .... ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမျိုးဟန်ကို ...

http://api.ning.com/files/1KJxeBz1N0V5ukZhPWPYE2uGszLkOk0L9Ui8l3cxEsUmrvW8Xq8XP3jY8gpNwQHbtDNo-8px2zpe9-m2kBNfPgBHJLPFKUmm/sun.gif.png

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း ရည်ရွှက်ချက် များ အဆင်ပြေလာမည်။ အအလုပ်အကိုင် ကိစ္စများ အရင်ထက် အဆင်ပြေလာမည်။ အလုပ်အတွက်နဲ့ အနည်းငယ် စိတ်ချမ်းသာမှု ရရှိလာမည်။ အလုပ် ပြောင်းလိုသော စိတ်ကူးဆန္ဒများ ဖြစ်ပေါ်နေမည်။

ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ မစုမိသေးပါ။ ရသမျှ ကုန်နေမည်။ သူငယ်ချင်း မိတ်ဆွေအသစ်များ ရရှိမည်။ မိသားစုအတွင်း နာရေးကိစ္စများပေါ်မည်။ ပညာရေး အဆင်ပြေလာမည်။

ဒီလအတွင်း ချစ်သူနဲ့ အဆင်မပြေ ဖြစ်မည်။ စကားပြောဆိုမှု အဆင်မပြေပါ။ အိမ်ထောင်ရေးမှာ ကံကောင်းပြီး အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

ဒီလအတွက် ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ထိမိခိုက်မိဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အုန်းသီး ၆ စိပ်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 8 1 4 5

http://api.ning.com/files/VFX2cFWztX5pzaIAW290LwUc1p7jcqni9c1k01r66mjJglbLWq1GW3-rbeW1pbUUhj1xSpKtOstMkLX6YCrHZZ9QL-8-atjm/mon.gif.png
၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း ကံကောင်းနေသော အချိန်လေးပါ။ မျှော်လင့်နေသော ရည်ရွှက်ချက်များ အောင်မြင်မှု လမ်းစ ပေါ်လာမည်။ အလုပ်အကိုင် ကိစ္စများ အောင်မြင်မှု ရလာမည်။

ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ လုပ်ငန်းများ တိုးချဲ့ရမည်။ ငွေဝင်မည်။ ငွေကံကောင်းလာမည်။ စမ်တူကိစ္စများ အဆင်ပြေလာမည်။ လူမှုရေးကိစ္စများ အဆင်မပြေပါ။ မိမိနဲ့ ခင်မင်သူများနဲ့ စကားများရမည်။

မိသားစုတွင်း အဆင်ပြေလာမည်။ ပညာရေး တိုးတက် ကံကောင်းပါသည်။

အချစ်ရေးကိစ္စများ ပြသာနာတွေ ဘယ်လိုပဲပဲ ဖြစ်ဖြစ်ပါ အခုအချိန်မှာ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။

ယခုလ အတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကြက်မောက်သီး ၁၅ လုံးကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 5 1 5 2

http://api.ning.com/files/ekec9MkLUP9ry3zEQS9txns9AMq0t1AwhPswlFc8DH*hLXRdwIOIshSJolDb3O5IW6CCBmXknQwChqHhkz-Bgmr*keWPDtjt/tue.gif.png
၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလအတွင်း လုပ်ငန်းဆောင်တာ များ ပုံမှန်လေး လည်ပတ်နေသော အချိန်လေးပါ။ ယခုလအတွင်း စိတ်ညစ်မှု များနေမည်။ အလုပ်အတွင်း အဆင်ပြေနေသော်လည်း ရန်အတိုက်အခံ ပေါ်မည်။

ဒီလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရသလောက် ဝင်နေမည်။ ဝင်သလောက် ထွက်နေမည်။ လူမှုရေး ကိစ္စများ အဆင်ပြေမည်။

လက်ဆောင် ပစ္စည်းများ ဝင်မည်။ သူငယ်ချင်း မိတ်ဆွေ အသစ်ရရှိမည်။ မိသားစုအတွင်း ကျန်းမာရေးညံ့မည်။ ပညာရေး တိုးတက်လာမဲ့ လမ်းစပေါ်မည်။ ပညာရေး ကောင်းပါသည်။

အချစ်ရေးမှာ အဆင်ပြေနေမည်။ ပျော်နေရသော်လည်း အနည်းငယ် စိတ်ညစ်မှု ကြုံမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ စကားများနေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်း ၊ အအေးမိခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် စပျစ်သီး ၈လုံး ၈ခိုင် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 1 4 5 8

http://api.ning.com/files/RCys80y56jvVj-UUwgP-RVEWa*0J-TuEbZ7akOYN6opjaoCTL59Bx4J1nFtLTPpFPtVS0nJtKs9wJP9ZzwuPMqellz2dbg4H/wed.gif.png
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်များ အဆင်မပြေသေးပါ။ ရည်ရွှယ်ချက်များ ကြန့်ကြာနေမည်။ အလုပ်ထဲတွင် စိတ်ညစ်မှုကြုံနေမည်။ စကားပြောဆိုမှု အဆင်မပြေပါ။ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။

မိမိ မမျှော်လင့်သော ငွေကြေးများကြန့်ကြာနေမည်။ အကြွေးတင်မည်။ စမ်တူ ကိစ္စများကို ယခုလအတွင်း ရှောင်ပါ။ ခရီးယာယီများ သွားနေရမည်။ ပညာရေး ကံညံ့နေမည်။ မိသားစု အတွင်း ငွေဝင်မည်။

အချစ်ရေးမှာ ချစ်သူနဲ့ ပြသာနာလေးတွေ ရှင်းနေရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ ကြည်နူးနေရမဲ့ အချိန်လေးပါ။

ယခုလ ကျန်းမာရေးမှာ ခြေထောက်နာမည်။ အားနည်းမည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် လိမ္မော်သီး ၁၇ စိပ် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 2 4 1

http://api.ning.com/files/NMWkt8IhGEJ7E3JXy7RLfG5P4xt1c9h3MN-IhcefvuxutB18Epf2xaUM9N5Tsm8kubo-jTUJ7nDTxx-1UEQeXT6LkJ9MSQtw/thu.gif.png

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်များ အဆင်ပြေနေမည်။ ရည်ရွှယ်ချက်များ အကောင်အထည်ဖော်လိုက်ပါ။ အလုပ်ကိစ္စများအတွက် အဆင်ပြေနေသော်လည်း အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေသေးပါ။

ငွေကြေးကိစ္စများ ဝင်မည်။ ရလိုက် ကုန်လိုက် ဝင်လိုက် ထွက်လိုက် ဖြစ်နေမည်။ မိမိသုံးနေသော စက်ပစ္စည်းများ ပျက်မည်။ မိသားစု အတွင်း ပျော်စရာများ ကြုံမည်။

ငွေကြေးကိစ္စများ ကူညီပေးသူ ပေါ်မည်။ ပညာရေး ကိစ္စများ ရည်မှန်းချက် အသစ်ပေါ်မည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေ ပါသည်။

ဒီလအတွင်း အချစ်ရေး ကိစ္စများ အဆင်ပြေပါသည်။ ချစ်သူ အဟောင်းရော ချစ်သူအသစ်ပါ အဆင်ပြေပါသည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ ရန်စကား များနေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ လက်နာမည် ၊ အပူလောင်မည် ဂရုစိုက်ပါ။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ပန်းသီး ၁၉ စိပ် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 1 2 5

http://api.ning.com/files/CNnwhHNSBj64E1I7ZeArnmL-O5Qo101Be-bnNzG676jG1l3hjUNQKcp6Z3S0ykl1nvh7ghHVGfZh3mSxwF0oihM6JtcZ5EZK/fri.gif.png
၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်များ အဆင်မပြေပါ။ ရည်မှန်းချက်များ နှင့် မိမိ လုပ်ဆောင်မှုများ ကြန့်ကြာနေမည်။ အထက်လူကြီးများ နှင့် ပူးတွဲလုပ်ဆောင် ပါက စကားပြောဆို ဂရုစိုက်ပါ။ စိတ်ညစ်မှုများ ရှိနေသော်လည်း ကူညီပေးသူ အကြံညဏ်ပေး သူပေါ်မည်။

ယခုလအတွင်း ငွေကြေး ကိစ္စများ အဆင်ပြေပါသည်။ ထီကံကောင်းပါသည်။ ရုတ်တစ်ရက် ငွေဝင်မည်။ မိသားစု အတွင်း ဘာသာရေး ကိစ္စများ ပြုလုပ်ရမည်။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေပါ။

ပညာရေးကိစ္စများ သင်တန်းကိစ္စများ အဆင်ပြေပါသည်။

အချစ်ရေးကိစ္စများ အထင်လွဲနေမည်။ ဘေးစကားတွေနဲ့ ချစ်သူနှစ်ဦး စိတ်ညစ်နေရမဲ့ အချိန်လေးပါပဲ။ အိမ်ထောင်ရေးမှာ စကားများနေရမည်။ အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။

ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ခေါင်းကိုက် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် သရက်သီး ၂၁ စိပ် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 4 7 5 0

http://api.ning.com/files/al5PzzLVd6mbw1TixjMAaQnl58JkA3so0GCsW8*kjuhBaq*Ka2IGeL9bUIlXDWZ*m9nEC5ddJPV3JIw22hrHybLVYE9JZ3ml/sat.gif.png
၇။ စနေသားသမီးများ အတွက်

အလုပ်အကိုင်ကိစ္စများ ယခုလအတွင်းမှာ အဆင်ပြေနေသော်လည်း အလုပ်ထဲတွင် စိတ်ညစ်မှုများ ဖြစ်နေမည်။ အလုပ်ပြောင်းလိုသော စိတ်ကူးဆန္ဒများ ဖြစ်ပေါ်နေမည်။

ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ငွေကံကောင်းပါသည်။ ရုတ်တစ်ရက် ငွေဝင်သလို ရုတ်တစ်ရက် ငွေကုန်မည်။ ကြွေးတင်မည်။ စက်ပစ္စည်း ဝင်မည်။ အိမ်ထောင်ပရိဘောဂ အသစ်ဝင်မည်။ မိသားစု အတွင်း အလုပ်အကိုင်များ တိုးတက်လာမည်။ ညအိပ်ညနေ ခရီးယာယီ သွားရမည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်မပြေလည်း စိတ်ပူစရာ မရှိပါ။ ပြန်လည် အဆင်ပြေလာမည်။ ယခုလ အိမ်ထောင်ရေးကိစ္စများ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဖြစ်နေမည်။ အဆင်ပြေပါသည်။

အခုလအတွင်း ကျန်းမာရေးမှာ ခါးနာမည် ၊ ခြေထောက်နာမည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် နာနတ်သီး ၁၀ စိပ် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 5 4 2 0


2011, June လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

NO. 314 , Block P/B ,
Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia

http://www.myohanko.br.ms

myohankonew@gmail.com

Ph; 016, 606 1917 , 017, 226 0715

http://api.ning.com/files/5NVv9y2ICJHI4sj9jqR6osMDmEl60MsHlvJQZZDihq6taJ3r-YqnM6XliT3xq9LB2rHZIKT3U0G0VyDYIS9vRw9f2bMpaaax/1.gif


2011, June လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် ... ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms -myohankonew@gmail.com - Ph; 016, 606 1917 , 017, 226 0715 ... စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ......

Source by :http://myohanko4all.tk/