Friday, June 3, 2011

ကွမ်းယာဆိုင်အချို့တွင် လျှို့ဝှက်ရောင်းချနေသော လိင်စိတ်ကို နိုးကြွစေသည့် ကော်ဖီမစ်၊ ပီကေနှင့် ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ

ရန်ကုန်မြို့တွင်းရှိ ကွမ်းယာဆိုင် အချို့တွင် လျှို့ဝှက်ရောင်းချနေသော လိင်စိတ်ကိုနိုးကြွစေသည့် ကော်ဖီမစ်၊ ပီကေနှင့်ဆေးဝါးမျိုးစုံတို့ကို မေလပထမအပတ်နှင့် ဒုတိယအပတ် တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရ ပါသည်။
ထိုသို့ ဖမ်းဆီးရမိသည့် လိင်စိတ်ကိုနိုးကြွစေသည့် တရားမ၀င်ကော်ဖီမစ်၊ ပီကေနှင့်ဆေးဝါးမျိုးစုံ ရောင်းချ သူများကိုသက်ဆိုင်ရာမှ တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူရရှိနေသည့် ကာမစိတ်ကြွဆေး များသည် ဆေးရည်ဆေးတောင့်၊ ဆေးလုံးပုံစံတို့ဖြင့်ဖြစ်ပြီး ရန်ကုန်မြို့တွင်း လူစည်ကားရာနေရာများတွင် ရွေ့လျားဈေးသည်များပုံစံ၊ ဗန်းပေါ်
တင်ရောင်းချသည့် ပုံစံများနှင့်ကွမ်းယာဆိုင်များတွင် တရားမ၀င်လျှို့ဝှက် ရောင်းချနေမှုများ ရှိနေရာသက်ဆိုင်ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရားမ၀င် လိင်စိတ်ကြွဆေးဝါးများနှင့် အစား အသောက်ရောင်းချသူများကို တရား စွဲဆိုရေးနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က “အခုရက်ပိုင်းအတွင်းမှာ တရား စွဲဆိုသွားမှာပါ။နောက်ပြီး အခုလို ရောင်းချနေသူတွေကိုလည်း ဆက်လက် ဖော်ထုတ် အရေးယူသွားမှာပါ” ဟု ပြောပါသည်။

အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် စော်ဘွားကြီးကုန်းလမ်းဆုံ အနီးတစ်ဝိုက်ရှိ ကွမ်းယာဆိုင်အချို့ တွင်တရားမ၀င် လိင်စိတ်ကြွဆေးဝါးများနှင့် အစားအသောက်များကို လျှို့ဝှက်ရောင်းချနေသည်ဟု သတင်း ရသောကြောင့် အင်းစိန်မြို့နယ် ရဲ စခန်းမှ မေလ ၇ ရက်နေ့တွင် ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ လိင်စိတ်ကို နိုးကြွစေသော ကော်ဖီ မစ်၊ ပီကေနှင့် ဆေးဝါးမျိုးစုံတို့နှင့် လိင်စိတ်အားကောင်းစေသော လိမ်းဆေး၊ သောက်ဆေးစသည့် လိင်စိတ် ကိုနိုးကြွစေသည့် တရားမ၀င်ဆေးဝါး မျိုးစုံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

ထိုမှတစ်ဆင့် မေလ ၉ ရက်နေ့ တွင် တာမွေမြို့နယ် မအူကုန်းရပ်ကွက် မအူကုန်းလမ်းကျယ်အတွင်း ရှိ နေအိမ်တစ်ခုတွင် လိင်စိတ်ကြွစေသော တရားမ၀င်ဆေးများကို ဆက်လက်ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

http://www.weeklyeleven.com/

7 comments:

မောင်စေတနာ said...

ကွမ်းယာဆိုင်အချို့တွင် လျှို့ဝှက်ရောင်းချနေသော လိင်စိတ်ကို
နိုးကြွစေသည့် ကော်ဖီမစ်၊ ပီကေနှင့် ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ
တယ်တဲ့ ....

ဦးဦးလေမိုး သုံးနေတဲ့ ပစ္စည်းတွေတော့ ပါတွားပီဂျာ
အဟင့် .. အဟင့် .... :haha

မိုးယံ said...

ဟုတ်ပါ့.....ဒါမှ အဲဒီကောင်မှတ်မှာ...

နို့မိုဆို ငါ့ကိုပါ အဖော်စပ်လွန်းလို့ ငါတောင်စိတ်ညစ်နေတယ်။

ခရစ္စတလ် said...

ဖမ်းသင့်နေတာ ကြာပြီ။

blackcoffee said...

ဟုတ်တယ် ဖမ်းတာ နဲတောင်နဲသေးတယ်။

ညိမ်းနိုင် said...

အင်း....ဖမ်းမိတဲ့ ပစ္စည်းတွေ ဘာလုပ်ပလိုက်မလဲ...
သိချင်ထှာ...:)

...အလင်းစက်များ said...

အဲ့သာတွေကို မလေးက တစ်ဦးတည်းသော ကိုယ်စားလှည် ကျော်ကျော်သက် ဆိုတဲ့ လူ လုပ်နေတာဆိုပဲ ဒင်းကိုပါ အရေးယူရမယ်... :))))

မြစ်ကျိုးအင်း said...

လိုင်းကြေးမပေးလို့များလား