Friday, April 27, 2012

ရခိုင်လူမျိုးတို့၏ ရင်နင့်ဖွယ်ရာ သမိုင်းဖြစ်ရပ်မှန် (သို့မဟုတ်) ဘင်္ဂလီကုလား ရိုဟင်ဂျာအမည်ခံသူများ ရက်စက်ပုံ

by Myo Morn Tun on Thursday, April 26, 2012 at 9:24pm ·
(၁၉၄၂)ခုနှစ် ကုလားရခိုင် အဓိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွားလေသည်။ အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ ရခိုင်အမျိုးသားများကို ကုလားအရပ်သားများနှငိ့ ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွားလာရခြင်းဖြစ်လေသည်။ ယင်းပြသနာသည် မြေပုံမြို့နယ်၊မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။

ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော်(ဘုံဘောက်)တို့က ပြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။အထက်ပါမြို့နယ်များမှ ထွက်ပြေးကြသော ကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ်ကုလားခေါင်းဆောင်အချို့သည် ယင်းဒေသရှိ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်ကျေးရွာများကို ချေမှုန်းသုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော်စည်းရုံးကြလေသည်။ ယင်းအချိန်တွင် (မေဂျာ ကျော်ခိုင်)သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း (ရှေ့နေ) ဦးဆူတန်မာမတ်
၊ ဦးဘိုးခိုင် စသောသူများနှင့် ကြိုးပမ်းသော်လည်း မအောင်မြင်သည့်အပြင် (မေဂျာ ဦးကျော်ခိုင် )ကိုယ်တိုင် ဘူးသီးတောင်မြိ့နယ် ဂူတာပြင်ကျေးရွာတွင် ကုလားများ၏ ပစ်ခတ်လိုက်သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားရလေသည်။

(၁၉၄၂)ခုနှစ် မေလတွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင်လျှက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်၊ရခိုင်ကျေးရွာများကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက်ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြသည်။ မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် အင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည် ။၊မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြသည်၊ မောင်တောမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများတွင်လည်း ကုလားများ ၀ိုင်းဝန်းထိုးခုတ်ကြသည်ဟု သတင်းများကြားကြရသည်။ ဒါးဒါဏ်ရာနှင့်မောင်တော မြို့ပေါ်သို့ တက်လာသော သူများမှာလည်း မနည်းလှပါ။မောင်တောမြို့အလယ်ရွာက ဟုထင်ပါသည် အိမ်ထောင်စုတစ်စု မနက်(၄နာရီ)လောက်တွင် ဘူးသီးတောင်သို့ ဖေါက်ထွက်ပြေးကြရာ ကညင်တန်းမှာ ကုလားများ ခုတ်လွှတ်လိုက်သောကြောင့် ပါသွားသော ပစ္စည်းများအားလုံးလည်း လုယူခံရပြီး သွေးသံရဲရဲ ဖြင့် မြို့ထဲသို့ ပြန်ဝင်ပြေးလာသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းနေ့မိုးလင်းသည့်အချိန်မှ စ၍ ရရာပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ်အပိုးများဖြင့် ဟိုဟို ဒီဒီပြေးလွားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်အုပ်စုလိုက်အုပ်စုလိုက် တွေ့ရပါသည်။ ယင်းအချိန်က အစိုးရက ချိတ်ပိတ် ထားသော ဘုန်းကြီးကျောင်း ကွက်လပ်တွင် လူ(၅၀၀၀)လောက် စုမိလာကြသည်။ မြောက်ဖက်ပိုင်း ကညင်ချောင်းရွာများမှ လူများကို လည်းကောင်း၊ မြို့နှင့်နီးသော တောင်ပိုင်းရွာများဖြစ်သည့် မှော်ဝင်ရွာ ၊မကျီးချောင်းရွာ ၊ ရေဖုန်းပြင်ရွာ၊ ပန်းတောပြင်ရွာ စသော ရခိုင်ရွာများမှ လူများကိုလည်းတွေ့ရပါသည်။ အသက်ဘေးကို ကြောက်ရွံနေကြသော လူအုပ်ကြီးသည် ကလေးငိုသံ လူကြီးဆူညံသံများနှင့် ပွက်ပွက်ညံနေသည်။ထိုနေ့က စက်ရှင်တရားသူကြီး ဦးအောင်သာကျော် ဘူးသီးတောင်ငွေတိုက်မှ ငွေများကို သိမ်းဆည်းရန်နှင့် မောင်တောကို ကုလားများဝိုင်းရံထားကြောင်း သိရ၍ အကူအညီပေးရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရပါသည်။ ဦးအောင်သာကျော်က ဘူးသီးတောင်သို့ ပို့ပေးမည်ဟု ပြောသည်။ ဘူးသီးတောင်သို့သွားရန် စောင့်နေကြစဉ် မိုးသက်လေပြင်းကျပြီး မိုးအကြီးအကျယ် ရွာနေသောကြောင့် ဘူးသီးတောင်လမ်းပိတ်နေကြောင်း ကြားသိရပြန်သည်၊ စစ်သားအစောင့်အရှောက်နှင့် မသွားပါကလည်း သတ်ရန် လမ်းတလျှောက်လုံး ကုလားများ စောင့်နေကြကြောင်း ကြားသိရပြန်သည်။

မနက်(၉)နာရီလောက်တွင် ဦးအောင်သာကျော်ကနတ်မြစ်တစ်ဖက်ကမ်း တက္ကနက်သို့ ပို့ပေးရန် ကြိုးစားမည်ဖြစ်ကြောင်းပြောပါသည်။ နေ့လည်(၁၂)နာရီလောက်တွင် အောင်သာကျော် နှင့်အတူ အင်္ဂလိပ်စစ်ဗိုလ် တေလာ နှင့် နီပေါ ဂေါ်ရခါးစစ်သား ရောက်လာပြီး မောင်တောသင်္ဘောဆိပ်သို့ ပို့ပေးပါသည်။ အာရကန် ဖလိုတီလာ ကုမ္မဏီပိုင် သင်္ဘောဖြင့် အခေါက်ခေါက် အခါခါ ပြေးဆွဲသော်လည်း မနိုင်မနင်း ဖြစ်နေလေရာ လှေသန်ဗာန်များနှင့် လည်း ပို့ပေးကြသည်။ မောင်တောမြို့ တစ်ဖက်ကမ်း ယခု ဘင်္ဂလားဒေခ့်ျ နိုင်ငံ တက္ကနက်သို့ ရောက်၍ ညဖက်တွင် မီးတောက်မီးလျှံများတလိမ့်လိမ့် တက်လာသည်ကို တွေ့မြင်ရလေသည်၊ မောင်တောမြို့ကို ကျွန်တော်တို့ မရှိသည့်နောက်ပိုင်း ကုလားများ ထောင်သောင်းချီ ၀င်ရောက် လာကြရာ ရခိုင်အိမ်များတွင် ရှိသော ဆန် ဆီ ဆား ပုဂံ ခွက်ယောက် အိမ်ထောင်ပရိဘောက များပါမကျန် စိတ်တိုင်းကျ ယူငင်ကြပြီး နောက် အိမ်များ ကျောင်းများကို မီးရှို့ကြလေသည်။ ဤအရေးအခင်းတွင် နတ်မြစ်ကမ်းခြေမှ ကျေးရွာများ ဖြစ်ကြသော ငါးခူရ ၊ ခြံပြင် ၊ရွက်ညှိုးတောင်၊ သရက်အုပ်၊ စသော ကျေးရွာများသည် လှေများဖြင့် နတ်မြစ်တစ်ဖက်ကမ်းသို့ ထွက်ပြေးလွတ်မြောက်ကြသော်လည်း ကမ်းခြေနှင့် ဝေးသော ရခိုင်ကျေးရွားဘားလုံးသည် ရွာလုံးကျွတ် အသတ်ခံခဲ့ရလေသည်၊ အချို့ရွာများသည် မယူတောင်တန်းကို ဖြတ်ကျော်ပြီး ဘူးသီးတောင် ကျောက်တော် မြောက်ဦးနယ်များသို့ လက်လွတ်ထွက်ပြေးကြသောသူများသည်။

ဘူးသီးတောင်လက်ဝဲတက်ရွာ မှ ကုလားများ ခုတ်၍လည်းကောင်း ၊ မောင်တောမြို့ တောင်ပိုင်းတွင် အသက်ရှင် လွတ်မြောက်သော ကျေးရွာများမှာ မရှိသလောက်နည်းပါးသည် အားလုံးရွာလုံးကျွတ် ခုတ်သတ်ခံခဲ့ရသည်၊ အလယ်သံကျော် ရဲစခန်းကို လက်နက်သိမ်းပိုက်ပြီး ရဲသားအားလုံးနှင့် ကျေးရွာသားများအားလုံး ကို သတ်ဖြတ်ပစ်လိုက်ကြသည်။ တပ်ထုံးပြင် ကျေးရွာအတွင်း ရှိသမျှကလေး၊ လူကြီးများသည် ရွာကို ကုလားများ ၀ိုင်းရံထားသောအခါ ဘုန်းကြီးကျောင်းသို့ ပြေးဝင်ခိုလှုံကြလေသည်။ထိုအခါ ကုလားများသည် ရွာသားများနှုင့် ဘုန်းကြီးကျောင်းကိုပါ မီးရှို့လိုက်သဖြင့် ကလေး၊ လူကြီး၊ မိန်းမ၊ ဘုန်းကြီး၊ ကိုရင်၊ ဖိုးသူတော် အားလုံး (၅၀၀)ကျော် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။

တဖန် (၁၉၄၂)ခုနှစ် ဇွန်လတွင် ဗိုလ်ရန်အောင် ခေါင်းဆောင်သောဗမာ့လွတ်လပ်ရေးအဖွဲ့သည် ဘူးသီးတောင်မြို့ကို သိမ်းပိုက်သောအခါ ဘူးသီးတောင် မောင်တော မြို့နယ်အတွင်းရှိ ဖြစ်ပွါးလျှက်ရှိသော ကုလား ရခိုင် အဓိကရုဏ်းနှင့် တပ်ပြေးကုလားများ၏ ဆူပူသောင်းကျန်ူးမှုကို ငြိမ်းချမ်းအောင် ဆောင်ရွက်ရန် မောင်တောမြို့နယ်ရှိအုပ်ချုပ်ရေးတာဝန်ကျ ဘဂီလီကုလားများ နှင့် ဆက်သွယ်ခဲ့ရပါသသည်၊ ၄င်းတို့၏ ဖိတ်ခေါ်ချက်အရ ဗိုလ်ရန်အောင် ဗိုလ်မျိုးညွန့်တို့ ခေါင်းဆောင်သော တပ်စိတ်တစိပ် ကို စေလွတ်၍ ချစ်ကြည်ရေး ငြိမ်းချမ်းရေး အတွက် စေ့စပ်ကမ်းလှမ်းရန် ကုလားခေါင်းဆောင်များနှင့် စေလွတ်လိုက်လေသည်၊ ယင်းနေ့တွင် ကညင်တန်းကျေးရွာ အူရဒူကျောင်း (ယခု အထကကျောင်းဝင်း ပလီနေရာတွင် ကုလားခေါင်း ဆောင်းများက ချစ်ကြည်ရေး ထမင်းပွဲ တစ်ပွဲ တည်ခင်းလိုသည်ဆိုသဖြင့် ပါလာသော လက်နက်များကို တစ်နေရာတွင် စုပုံထား လေသည်၊ ထမင်းစားနေစဉ်ပင် ကြိုတင်စီစဉ်ထားသော သူများက ဗိုလ်ရန်အောင်တို့အဖွဲ့ကို ၀ိုင်းဝန်းခုတ်ကြသဖြင့် အုပ်ချုပ်သူ တပ်မတော်အရာရှိ နှစ်ဦးနှင့် နောက်ပါအားလုံး သေဆုံးကြရလေသည်၊(၁၉၄၂)ခုနှစ် ကုလား ရခိုင် အရေးအခင်းတွင် (မောင်တောမြို့ မြောက်ပိုင်းတွင် လုံးဝပြန်လည်ထူထောင်ခြင်း မပြုနိုင်ဘဲ ပြိုပျက် ဆုံးရှုံးသွားသော ကျေးရွာများစာရင်း နှင့် အိမ်ခြေစာရင်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

  • (၁) သစ်ပုတ်ချောင်းရွာ ( အိမ်ခြေ ၂၀ )
  • (၂)ကံပြင်ရွာ (အိမ်ခြေ ၄၃ )
  • (၃)ရေဖုန်းပြင်ရွာ(အိမ်ခြေ ၅၀ )
  • (၄) ပန်းတောပြင်ရွာ (အိမ်ခြေ ၅၀ )
  • (၅) မောင်ဦးရွာ (အိမ်ခြေ ၃၀ )
  • (၆) ခွဆုံပြင်ရွာ (အိမ်ခြေ ၄၅ )
  • (ရ) ပြင်ဖြူရွာ (အိမ်ခြေ ၄၅ )
  • (၈)ဒိုးတန်းရွာ (အိမ်ခြေ ၂၀၀ )
  • (၉) သက်ကေပြင်ရွာ (အိမ်ခြေ ၅၀)
  • (၁၀)၀က်ပိုက်ရွာ (အိမ်ခြေ ၆၀)
  • (၁၁) ကျောက်ချောင်းရွာ( အိမ်ခြေ ၂၅)
  • (၁၂) ပုဏ်ဏားဆပ် ရွာ(အိမ်ခြေ ၆၀)
  • (၁၃) သဲချောင်းရွာသစ်
  • (၁၄) ငန်းချောင်းရွာ (အိမ်ခြေ ၅၀)
  • (၁၅)ဒါကြီးစားရွာ (အိမ်ခြေ ၄၀)
  •  (၁၆)ကျောက်ပြင်ဆိပ်ရွာ (အိမ်ခြေ ၃၀ )
  • (၁၇)ပြင်ဖြူချောင်းရွာ (အိမ်ခြေ ၅၀ )
  • (၁၈) ရေခပ်ချောင်းရွာ (အိမ်ခြေ ၅၀)
  • (၁၉)ငါးစားကြူးရွာ (အိမ်ခြေ ၆၀ )
  • (၂၀) ပြောင်ပစ်ရွာ (အိမ်ခြေ ၄၀)
  • (၂၁)ပြင်ရှည်ရွာ (အိမ်ခြေ ၃၀ )
  • (၂၂) ဖရုံချောင်းရွာ (အိမ်ခြေ ၃၀ )
  • (၂၃) ဆင်သေပြင်အထက်ရွာ (အိမ်ခြေ ၄၀ )
  • (၂၄) ဆင်သေပြင် အောက်ရွာ (အိမ်ခြေ၂၀)
  • (၂၅) သဲဖြူချောင်းရွာ (အိမ်ခြေ ၄၀ )
  • (၂၆) ပြားသားမဲရွာ (အိမ်ခြေ ၁၅ )
  • (၂၇) တောင်ဖက်ရွာ (အိမ်ခြေ စာရင်းမရ
  • (၂၈) ဖေါက်ကျီတောင်ရွာ (အိမ်ခြေ ၃၀ )
  • (၂၉) အထက်ဘော်တူလာရွာ (အိမ်ခြေ ၄၂ )
  • (၃၀)အင်တူလာရွာ (အိမ်ခြေ ၅၀)
  • (၃၁) အင်းချောင်းရွာ (အိမ်ခြေ ၃၀ )
  • (၃၂) အင်္ဂါဖ ရွာ (အိမ်ခြေ ၄၀)
  • (၃၃) ကာလာရွာ (အိမ်ခြေ ၈၀)
  • (၃၄)လဘော်ဝရွာ (အိမ်ခြေ ၃၆ )
  • (၃၅) ဒုံးကျော်ဖရွာ (အိမ်ခြေ ၂၂ )
  • (၃၆) သက်ကေပြင်ရွာ (အိမ်ခြေ ၇၅ )
  •  (၃၇) ဂျိတ်ချိုင် (အိမ်ခြေ ၄၀)
  • (၃၈)ကိုင်စူးရွာ (အိမ်ခြေ ၂၄ )
  • (၃၉) တပ်ချောင်းရွာ (အိမ်ခြေ ၃၀)
  • (၄၀) အလယ်ချောင်း (အိမ်ခြေ ၈၂)
  • (၄၁) မောင်ရွေဇံရွာ (အိမ်ခြေ ၂၀)
  • (၄၂) သာဒိုးလှရွာ (အိမ်ခြေ ၄၀)
  • (၄၃) တပ်ချောင်းချေရွာ (အိမ်ခြေ ၃၀)
  • (၄၄) ဆင်ပြကွင်းရွာ (အိမ်ခြေ ၄၀ )
  • (၄၅) ရွှေဒိုင်းရွာ (အိမ်ခြေ ၄၆ )
  • (၄၆)ရေချမ်းချောင်း (အိမ်ခြေ ၄၀)
  • (၄၇) ငါးချမ်းရွာ (အိမ်ခြေ ၂၃ )
  • (၄၈) ရဲအောင်စံရဖွေရွာ (အိမ်ခြေ ၄၀ )
  • (၄၉)ကြောင်နဖေ အထက်ရွာ (အိမ်ခြေ ၃၀)
  • (၅၀)ကြောင်နဖေ အောက်ရွာ (အိမ်ခြေ ၂၅ )
  • (၅၁) ချက်စူရွာ (အိမ်ခြေ ၂၀ )
  • (၅၂) အရိုးကျရွာ (အိမ်ခြေ ၄၀ )
  • (၅၃) ကျော်ထွီးချောင်းရွာ (အိမ်ခြေ ၃၀)
  • (၅၄) အင်းချောင်းအထက်ရွာ (အိမ်ခြေ ၄၈)
  • (၅၅)အင်းချောင်းအောက်ရွာ (အိမ်ခြေ ၂၆ )
  • (၅၆) ရွှေဖီဦးဖရွာ (အိမ်ခြေ ၂၅ )
  • (၅၇)ထောက်ကလန်ရွာ (အိမ်ခြေ ၈၈ )
  • (၅၈)တောင်ပြိုလက်ဝဲရွာ (အိမ်ခြေ ၁၆ )
  • (၅၉) တောင်ပြိုလက်ယာရွာ (အိမ်ခြေ ၂၈ )
  • (၆၀)ဒေးတန်းညာ (ရခိုင်ရွာ) (အိမ်ခြေ ၂၂)
  • (၆၁) ကွမ်းသီးပင်ရွာ (အိမ်ခြေ ၁၂ )
  • (၆၂) ကျမ်းထောင်ရွာ (အိမ်ခြေ ၁၅ )
  • (၆၃) တန်းချောင်းရွာ (အိမ်ခြေ ၁၈ )
  • (၆၄) စံထွန်းဦးရွာ (အိမ်ခြေ ၂၀ )
  • (၆၅) အရှေ့ ခမောင်းဆိပ်ရွာ (အိမ်ခြေ ၃၅ )
  • (၆၆) အနောက်ခမောင်းဆိပ်ရွာ (အိမ်ခြေ ၂၅ )
  • (၆၇) သူလူတောင် အထက်ရွာ (အိမ်ခြေ ၅၀ )
  • (၆၈) သံခုံရွာ (အိမ်ခြေ ၃၀ )
  • (၆၉) မဖြူမရွာ (အိမ်ခြေ ၄၀)
  • (၇၀) ကုံးတက်ရွာ (အိမ်ခြေ စာရင်းမရ )
  • (၇၁) ခင်ပြိုသားရွာ (အိမ်ခြေ ၆၀)
  • (၇၂)ရွှေငင်ချောင်းအထက်ရွာ(အိမ်ခြေ ၄၀ )
  • (၇၃) ငရန့်ချောင်းရွာ ၅၀ )
  • (၇၄)သစ်တုံးနားရွာ (အိမ်ခြေ ၆၀)
  • (၇၅) ပန်းရွှေအောင်ဖရွာ (အိမ်ခြေ ၂၀ )
  • (၇၆) ရွှေလှခိုင်ရွာ (အိမ်ခြေ ၂၀)
  • (၇၇) တမန်းသားရွာ (အိမ်ခြေ ၃၀)
  • (၇၈)ချဒိုးရီရွာ (အိမ်ခြေ ၁၅ )
  • (၇၉) သာအောင်ရွာ (အိမ်ခြေ ၃၀ )
  • (၈၀)လောင်းပတ်ရွာ (အိမ်ခြေ ၃၀)
  • (၈၁) ၀က်ကျိန်းရွာ (အိမ်ခြေ ၁၀၀ )
  • (၈၂)ကြက်ကျိန်းရွာ (အိမ်ခြေ ၄၀ )
  • (၈၃) ကျွဲသဘောက် အထက်ရွာ (အိမ်ခြေ ၄၅ )
  • (၈၄) ကျွဲသဘောက် အောက်ရွာ (အိမ်ခြေ ၆၀ )
  • (၈၅) ကျောက်တန်းရွာ (အိမ်ခြေ ၅၀ )
  • (၈၆)စိမ့်တောပြင်ရွာ (အိမ်ခြေ ၄၀ )
  • (၈၇) ဂေါ်ဒူရ အထက်ရွာ (အိမ်ခြေ ၂၅ )
  • (၈၈) ဂေါ်ဒူရ အောက်ရွာ (အိမ်ခြေ ၆၅ )
  • (၈၉) ကျွန်းပေါက်ရွာ (အိမ်ခြေ ၃၅ )
  • (၉၀) တရိမ်းရွာ (အိမ်ခြေ ၁၅၀ )
  • (၉၁)တင်သာရရွာ (အိမ်ခြေ ၂၅ )
  • (၉၂)သဲချောင်းရွာ (အိမ်ခြေ ၆၅ )
  • (၉၃) ငှက်ပျော့ချောင်းရွာ (အိမ်ခြေ ၄၅ )
  • (၉၄)ငါးစံဘော်ရွာ (အိမ်ခြေ ၈၀ )
  • (၉၅) လက်ဖွဲကျရွာ (အိမ်ခြေ ၂၀)
  • (၉၆) ကျောက်ချောင်းရွာ (အိမ်ခြေ ၅၀ )
  • (၉၇)ရဲအောင်ချောင်းရွာ (အိမ်ခြေ ၇၀)
  • (၉၈) ရေနောက်ငါးသားရွာ (အိမ်ခြေ ၂၀ )
  • (၉၉) မီးကျောင်းချောင်းရွာ (အိမ်ခြေ ၁၅ )

ရွာပေါင်း ကိုးဆယ့်ကိုးရွာ ရှိ ရခိုင်ရွာများမှာ ကုလားယုတ်တို့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံကြရလေသည် ၊ ထိုထိုသော ရွာများမှ သက်ရှိဆို လျှင် ခွေးတစ်ကောင်တောင် အပြင်ကိုမထွက်ဘဲ သေပွဲဝင်ခဲ့ကြရသည်၊ ထိုအပြင် ရွာလုံးကျွတ် ကုလားသတ်ဖြတ်ခံရ၍ အိမ်ခြေအလိုက် စနစ်တကျ ကောက်ခံရှာဖွေ မရရှိသော ကျေးရွာများမှာလည်း အလွန်များပြားသည်ကို တွေ့ရပါသည် ၊

၎င်းကျေးရွာများမှ-

  • (1) ဘော်ဒုလာအောက်ရွာ
  • (2) ဒိုင်းပိုင်ရွာ
  • (3) ခိုင်ဦးဖရွာ
  • (4)သာသြအောင် ရွာသစ်
  • (5)တပ်ချောင်းချေ တီစားရွာ
  • (6) မိမင်းသာဖရွာ
  • (7) ရွှေဒိုင်ရွာ
  • (8)တောင်ပုတ်ရွာ
  • (9) လမုံ့ကိုင်းရွာ
  • (10)ဝေလာဂေါင်းတုံးရွာ
  • (11) သလူချောင်းရွာ
  • (12) ရဲဘော်ဦးရွာ
  • (13)သဲနီရွာ
  • (14)ကြောင်ခိုးရွာ
  • (15) ငါးရံချောင်းရွာ
  • (16)မီးချောင်းခုတ်ရွာ
  • (17)သစ်တုံးနားရွာ
  • (18)မှိုင်းစရီရွာ
  • (19)ဘဲရုပ်ရွာ
  • (20)ကျောက်ပြင်လှရွာ
  • (21)မောင်ဆိပ်ရွာ
  • (22)ဖက်ဝန်းချောင်းရွာ
  • (23)ဂါရာပြင်ရွာ
  • (24)၀က်ကျိန်းချေရွာ
  • (25)စံကားပင်ရင်းရွာ
  • (26)ငဖြူချောင်းရွာ
  • (27)နတ်ကျောက်ရွာ
  • (28)ပြိုင်ချောင်းရွာ
  • (29)ကြင်ဖေါ်ရွာ
  • (30)အောင်လှဖြူရွာ
  • (31)သင်္ဘောလှရွာ
  • (32)မီးတိုက်ရွာ
  • (33)နံသာတောင်ရွာ
  • (33) ကွမ်းတောင်ရွာ
  • (34)ဂေါ်ဒူရသဲချောင်းရွာ
  • (35)ဆင်အိုးရွာ
  • (36) ကျောက်ချောင်းချေရွာ
  • (38)ဂန့်ဒရံရွာ
  • (39) ဂြစ်ချောင်းအောက်ရွာ
  • (40)သစ်သီးပင်အလယ်ပြင်ရွာ
  • (41)လောင်းဒုံစေတီပြင်ရွာ
  • (42)ဟန်စားမရွာ
  • (43) ငါးခူရချောင်းဝရွာ
  • (44)ကျာခေါင်းထောင်ရွာ
  • (45)မောင်လုံးဖရွာ
  • (46)ကြ က်ရိုးပြင်ရွာ
  • (47)ငန်းချောင်းရွာ
  • (48)ပွင့်ဖြူချောင်းရွာကြီး
  • (49)ပွင့်ဖြူချောင်းရွာချေ
  • (50)ချစ်စံဖရွာ
  • (51)နေပူခံရွာသစ်
  • (52)နေပူခံ ရွာဟောင်း
  • (53)မောင်နှမသဲချောင်းရွာ
  • (54) ချောင်းမြောက်ရွာ
  • (55)သလူချောင်းရွာ
  • (56) ရွာူသစ်ကေရွာ
  • (57)မင်္ဂလာကြီးကျေးရွာ
  • (58)ကျောက်လှေကားရွာ
  • (59)စပ်ချကုန်းရွာ
  • (60)သဲဖြူကျွန်းရွာ
  • (61)မင်းကျိုးချောင်းရွာ
  • (62)ရီဖုန်းပြင်ရွာ
  • (63)ခွဆုံပြင်ရွာ
  • (64)သစ်ပုတ်ချောင်းရွာ
  • (65)ကင်းချောင်းရွာ
  • (66)အတွင်းကင်းချောင်းရွာ
  • (67)ကံပြင်ရွာ
  • (68)ကျိးကန်းဖြူရွာ
  • (69) မှော်ဝင်ရွာ
  • (70)ဂြင်းချောင်းရွာ
  • (71)လင်းဘားကုန်းရွာ
  • (72)ဇော်မတက်ရွာ
  • (73) ငါးခူရ တောင်ရွာ
  • (74)ချီးစားရွာ
  • (75)အပေါက်ဝရွာ
  • (76)လာလီရွာ
  • (77)စိန်ပန်းရွာ
  • (78)တုံးချောင်းအထက်ရွာ
  • (79)တုံးချောင်းအောက်ရွာ
  • (80) ကာဒီရွာ
  • (81)အုန်ူးပင်ရင်းရွာ
  • (82)ဒိုးတန်းရွာ
  • (83)ကညင်တန်းရွာ
  • (84)အလယ်သံကျော် ရွာဟောင်း
  • (85)ကြန်ချောင်းရွာ (86)သင်္ဂနက်ရွာ
  • (87) ကျောင်းတောင်ရွာ
  • (88)တပ်ထိုးပြင်ရွာ
  • (89)မြင်းလွတ်ချောင်းရွာ
  • (90)မြီချောင်းရွာ
  • (91)ရှောက်ကိုင်းရွာ
  • (92)ကျောက်ပန်းဒူရွာ
  • (93)ဗောဓိကိုင်းရွာ
  • (94)ရွှေမောင်ရွာ
  • (95)အတွင်းပြင်ရွာ
  • (96)ကြံတန်းချောင်းရွာ
  • (97) အင်းဒင်ကြီးရွာ
  • (98)အင်းဒင်ချေရွာ
  • (99)သ၀င်ချောင်းရွာ
  • (100)ကိုးတန်ကောက်ရွာချေ
  • (101)သျိန်ခါလီရွာ
  • (102)ဒုံးပိုက်ရွာ
  • (103)ဆင်ဝပ်ရွာ
  • (104) အောင်လှဖ ရွာ
  • (105) ဖေါက်ကျီချောင်းရွာ
  • (106)ပေါက်တောပြင်ရွာ
  • (107) ကုန်းတန်းရွာ
  • (108)ပဒင်းရွာ
  • (109) ရေတွင်းကျွန်းရွာ
  • (110)ချရားတန်းရွာ
  • (111)၀ါးချရွာ
  • (112)ညောင်ပင်ကြီးအထက်ရွာ
  • (113)ညောင်ပင်ကြီးအောက်ရွာ
  • (114) ဒါက်ရွာ
  • (115) လှပိုးခေါင်ရွာ
စုစုပေါင်း ရွာပေါင်း (115)ရွာတို့သည်

အိမ်ခြေစာရင်းအတိအကျမရဘဲ ကုလားများသတ်ဖြတ်ခံရသော ရွာများဖြစ်ကြသည်။

ကုလားကို ယုံကြ ၊သနားကြ ၊ ကုလားဆိုင်က ၀ယ်စားကြ ၊ကုလားရောင်းသောပစ္စည်းကိုဝယ်သုံးကြမည်ဆိုလျှင် ထိုထက်ဆိုးသော အဖြစ်သို့ ရောက်ရအုံးမည်ဟုယုံကြည်မိပါသည်။ အဘယ်ကြောင့်ဆိုသော် အထက်ပါ(1942 )အရေးအခင်းတွင်ရခိုင်လူမျိုးများသာ အသတ်ခံရသည်။ နယ်မြေများဆုံးရုံးခဲ့ရသည်။သိုသော် ဘာသာ သာသနာ၊ယဉ်ကျေးမှုများ မပျောက်သေးပါ၊ အခုဒီကောင်တွေ ရိုဟင်ဂျာ နာမည်ခံပြီး တိုင်းရင်းသားစာရင်းသွင်းပေးဖို့ တောင်းဆိုလာပြီ။ ဒီကိစ္စကိုသက်ဆိုင်သူများ ပေါ့ပေါ့တန်တန် ထားမည်ဆိုပါက အနာဂတ်မြန်မာပြည်အတွက် အလွန်စိုးရိမ်စရာကောင်းပါကြောင်း...


 ·  · Share

 

မလေးရှားရောက် ရွှေမြန်မာများအား အထူးသတိပေးချက် ( ၄)

<

အ ထူး သ တိ ပေး အပ် ပါ သည် ....

မလေးရှားရောက် ရွှေမြန်မာများအတွက် သတိပေးချက် အမှတ်စဉ် (၄) မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ အခု အချိန်တွင် မလေးရှားနိုင်ငံ အတွင်း အော်ပရာစီ(စစ်ဆင်ရေး) ကိစ္စများကို စတင်ပြုလုပ် အကောင်အထည် ဖော်ဆောင်လျှက် ရှိနေပါတယ်။ နိုင်ငံခြားသားများ စည်ကားသော နေရာများနှင့် မြန်မာဆိုင်များအား အဓိက ပစ်မှတ်ထား စောင့်ကြည့်နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက်အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန်ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ ဆက်လက်၍ နောက်ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။

ယခု အရေးပေါ် သတင်းအရ မလေးရှားရုပ်သံလိုင်း TV3 မှလည်း အော်ပရာဇီ အစီအစဉ်များ စတင်မည် ဖြစ်ကြောင်း သတင်းထုပ်ပြန်ထားပါသည်။ မေလအတွင်း မလေးရှားနိုင်ငံအတွင်း အသေးစား အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု သတင်း ရရှိပါသည်။ မလေးရှား လ၀က နှင့် ရဲ အရာရှိများက အရပ်ဝတ်ဖြင့် လှည့်လည်နေပြီး မိမိတို့ စစ်ဆေးချင်သောသူအား .... ၄င်းတို့၏ ၀န်ထမ်းကဒ်များ ထုပ်ပြပြီး စစ်ဆေးကြပါသည်။ အိုင်စီ (နိုင်ငံသား လက်မှတ်) ကိုင်ဆောင် ထားသူများပင် မသင်္ကာပါက ကားဖြင့် ခေတ္တ တင်ဆောင် သွားပြီး သေချာ စစ်ဆေးပြီးမှ ပြန်လွှတ်ပါသည်။

ဆက်လက်၍ ကျွန်တော့်ထံသို့ ဖုန်းမှ သတင်းပေးချက်အရ 24 ရက်နေ့က ကေအယ် မာဒေးကားကွင်း နှင့် ၎င်း အနီးတစ်ဝိုက်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ဟု သတင်းပေးချက်များ အရ သိရှိရပါသည်။ ယခု ကလန်းမြို့နှင့် နယ်မြို့များ နေရာ တစ်ဝိုက်တွင် (နိုင်ငံခြားသားများ ရောင်းချနေသာ ဆိုင်များသို့ ) စည်ပင် ရေလာများ ရဲများက စောင့်ကြည့်မှုများ နှင့် အရပ်ဝတ်ဖြင့် လှည့်လည်နေကြောင်း အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု ပြောပြလာပါတယ်။ နေ့ရက် ၊ အချိန် ၊ နေရာများကို တိတိကျကျ ပြောပြခြင်း မရှိပါဘူး ။ မထင်မှတ်သော အချိန်များတွင် ရှောင်တခင် ဝင်ရောက် ဖမ်းဆီး စစ်ဆေးမှုများ ရှိနိုင်ပါသည်။

ယခု 6P ကိစ္စများ နဲ့ ယခု 6P ကိစ္စများ 6 လပိုင်းအထိ တိုးမြင့်ထားခြင်း စသည်များနှင့် ပက်သက်ပြီး အားလုံး တရားဝင် ဖြစ်ရေးအတွက် အော်ပရာစီ(စစ်ဆင်ရေး) များ စတင်နေပြီ ဖြစ်ပါတယ်။ သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ လူစည်ကားသော နေရာများ နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်များအတွင် သတိထား၍ နေထိုင် သင့်ပါကြောင်း နှင့် မိမိ ခရီးသွားလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက် အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းအား ဂရုစိုက် သတိထား သင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို ကျွန်တော် သိရှိ လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ဖုန်း = +6010 2148 677 နှင့် အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ ဘေးရန် အန္တရာယ် ကင်းဝေး စေရန်အတွက် သတင်း ကဏ္ဍမှ မိမိ သိရှိတာ တင်ပြသင့်တာကို အကူအညီပေး သတင်းပေး အကြံညဏ်ပေး နိုင်ပါသည်။

Nay Zaw Lin 1



http://www.nayzawlin.com/search/label/Malaysia

News Information & Online Radio Media (Malaysia)

Wednesday, April 25, 2012

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီးနှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး

မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ရောက်ပါလာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော်မှာ တည်ရှိတဲ့ နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီးနဲ့ တွေ့ဆုံပြီး နိုင်ငံတကာမှ စာဖတ်သူ မိတ်ဆွေများကို အသေးစိပ် အချက်အလက်များ သိနိုင်ဖို့ အတွက် အင်တာဗျူး အစီအစဉ်လေးနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မှီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့ကြီးအား တည်ထောင်ထားပြီး စတင်တည်ထောင်ပြီး မကြာမီ အချိန်တွင် နာရေးကိစ္စများ ၊ လိုအပ်သော ပရဟိတကိစ္စများ နှင့် သွေးလှူဒါန်းကိစ္စများကို ကူညီလုပ်ဆောင်လျက် ရှိပါသည်။

ပထမအကြိမ် ၊ ဒုတိယအကြိမ်များကို လုပ်ဆောင်လှူဒါန်းမှုများနဲ့ လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများကို လုပ်ဆောင်လျှက်ရှိနေပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အားလုံးအတွက် အကျိုးပြုနေသော အဖွဲ့ကြီး ဖြစ်ပါတယ်။ နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီးနဲ့ တွေ့ဆုံပြီး အင်တာဗျုးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။ အင်တာဗျူး မေးမြန်းမှုများကို အသေးစိပ်ဖတ်နိုင်ရန် အောက်ပါပုံလေးပေါ်တွင် တစ်ချက်နှိပ်၍ ဖတ်နိုင်ပါသည်။

http://api.ning.com/files/T6RCS6czGyK5oLrnJ0n8emRi-HxRh3jeHoAHQ9Lr6-1TTJTbCkaXQ8dkHtpJStzvICsDq0e4oS6mIczC*81hwWK2oJyiiVvf/nayzawlin111.gif

Sunday, April 22, 2012

The Lady (2011) ဇတ်ကားကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပြီ



The Lady (2011) ဇတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုသည် သူတို့၏ ဘဝကို အဓိကမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားပုံတို့ကို ပရိသတ်များ ကြည့်ရှုရမည်ဟု ထိုင်းနိုင်ငံတွင် အကြီးဆုံး ရုပ်ရှင်အုပ်စု တခု ဖြစ်သည့် Major Cineplex အင်တာနက် စာမျက်နှာတွင် ကြော်ငြာထားပြီး နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေထဲကမှ သဒ္ဓါနှင့်လူ့နားလည်မှုတရားတို့ကို တင်ဆက်ပြသထားပြီး ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှု၏ ဗဟိုချက်နေရာမှ အမျိုးသမီး တယောက်၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှု အကြာင်းလည်းဖြစ်သည်ဟု သိရှိရပါသည်။

ပြင်သစ်ဒါရိုက်တာ Luc Besson က ၂ဝ၁ဝ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အဓိက ရိုက်ကူးထားပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ် အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားပါတယ်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် Jonathan Raggett, Jonathan Woodhouse နှင့် မြန်မာနိုင်ငံသားများ လည်း ပါဝင်သရုပ်ဆောင်ထားကြသည့် The Lady (2011) ဇတ်ကားလေးသည် မြန်မာနိုင်ငံသားအတွက် ကြည့်ရှုသင့်သော ဇတ်ကားလေး ဖြစ်ပါကြောင်း စာဖတ်သူများ အတွက် အသိပေးအပ်ပါတယ် ခင်ဗျာ။

မြန်မာ စာတန်းထိုးဖြင့် တင်ဆက် ပေးထားပါသည်။ myanducationမှ တင်ပေးထားပါတယ်။ ဒီနေရာလေးမှာ တိုက်ရိုက်ကြည့်နိုင်ပါပြီ။ http://www.youtube.com/watch?v=dFjsFgfYf4g&feature=g-upl&context=G2f8e93cAUAAAAAAAAAAမှ ပြန်လည် မျှဝေပါသည်။ The Lady များကို ဒေါင်းလွတ်ရယူလိုပါက အောက်ပါ နေရာများတွက် ဒေါင်းလွတ် ရယူနိုင်ပါသည်။

http://www.nayzawlin.com/2012/01/lady-2011.html

http://myanmarmp3album.com/2012/04/15/36646/#more-36646

Source by :http://www.youtube.com/watch?v=dFjsFgfYf4g&feature=g-upl&context=G2f8e93cAUAAAAAAAAAA

Saturday, April 21, 2012

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ဒုတိယအကြိမ် သွေးလှူပွဲအခမ်းအနား ကျင်းပ(မလေးရှား)



၁၇-၄-၂၀၁၂ ရက်မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက် (အင်္ဂါနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။



နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့က အခုဆို ဒုတိယအကြိမ်ပေါ့နော် ... ပြီးတော့ ဒီနေ့လေးဟာ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့လေးလည်း ဖြစ်ပါတယ်။ မြန်မာတွေရဲ့ လုပ်ရိုးလုပ်စဉ်အရ မြန်မာတွေရဲ့ နှစ်ဆန်းတစ်ရက်နေ့လေးမှာ ဇီဝိတဒါန အလှူအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။



ဆိုတော့ လူတွေကလည်း ဒီနေ့ ဘာခေါ်မလဲ ဒီနေ့က အလုပ်ပိတ်ရက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ့်မြန်မာတွေ အများကြီးလာရောက်ကြတာ မြင်တော့ တကယ်ကို ဝမ်းသာစရာကြီးပါပဲ။ ဒါပေမဲ့ ကျွန်မတို့မှာ အခက်အခဲ တစ်ခုဖြစ်တာက ဒီနေ့ ကျွန်မတို့ကို လာရောက်ပြီး သွေးဖောက်ပေးတဲ့ အဖွဲ့က မလေးရှားနိုင်ငံရဲ့ဗဟိုသွေးလှူဘဏ်က (မလေးရှား အစိုးရဆေးရုံ) သူတို့ကတော့ လူတို့လုပ်ထုံးလုပ်နည်း အတိုင်းပါပဲ လုပ်ဆောင်ပေးပါတယ်။ ပထမအကြိမ်ကတော့ ပုဂ္ဂလိကဆေးရုံကဆိုတော့ အားလုံး အဆင်ပြေတယ်။ ဒီနေ့သွေးလှူကြတဲ့ သူတွေမှာ ပတ်စပိုစ့် ရှိသူပဲ ဖြစ်ရမယ်။ မဟုတ်ရင် မိတ္တူပါမှပေါ့နော် 6p ကိုင်ဆောင်ထားတဲ့ သူတွေကို သူတို့က သွေးလှူခွင့် မပေးပါဘူး လက်မခံဘူးပေါ့။ အခုသူတို့ကို ကျွန်မတို့က အားလုံးသေချာအောင် ရှင်းပြတယ်။



ကျွန်မတို့ အဖွဲ့မှာ ပါတဲ့ နာယက ဒေါက်တာ စီလေးခိုင် နဲ့ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်။ အားလုံးသေချာ ရှင်းပြတော့ ယခု 6p သမားတွေကို သူတို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ UN တို့တစ်ခြားလူတို့ကိုတော့ သူတို့ လက်မခံပါဘူး။ ဆိုတော့ ကျွန်မတို့ဆီ သွေးလာလှူတဲ့ သူတွေအများကြီးပဲ ပြန်လွတ်လိုက် ရပါတယ်။ ဒါအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ တတိယအကြိမ်မှာ ကျွန်မတို့ အားလုံး အဆင်ပြေအောင် လုပ်ဆောင်ပေး သွားဖို့ရှိပါတယ် ဟု ဆရာမ ဒေါ်အေးအေးစိန်မှ ပြောပြသွားခဲ့ပါသည်။



ဒီနေ့ လုပ်ဖြစ်တဲ့ ဒုတိယအကြိမ် သွေးလှူပွဲနေ့လေးက မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ကျင်းပခွင့်ရဖို့ ကျွန်တော်တို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းခဲ့ပါတယ်။ ဒီနေ့လေးမှာ လာရောက်တဲ့ မြန်မာဦးရေ တွေကလည်း တော်တော်များပါတယ်။



လာရောက်တဲ့ လူတွေအထဲက အယောက် ၃၀၀ လောက် သွေးလှူဖို့ စရင်းပေး ထားပါတယ်။ လူဦးရေက များနေတော့ အားလုံးတော့ ပီးမှာတော့ မဟုတ်ဘူး ။ အားလုံး အဆင်ပြေအောင်တော့ လုပ်ဆောင် ပေးသွားမှာပါ။ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီး ဥက္ကဌ ဖြစ်တဲ့ ကိုသက် မှ ပြောပြပါသည်။



ဒုတိယအကြိမ် သွေးလှူပွဲကတော့ ပထမအကြိမ် သွေးလှူပွဲထက်ပိုပြီးတော့ လူတွေအများကြီး လာရောက်ကြတာကို တွေ့ရပါတယ်။ ဒီနေ့သွေးလာရောက် လှူကြတဲ့ လူဦးရေလည်း တော်တော်လေး များပါတယ်။ အရင်က ကျွန်မတို့ ခန့်မှန်းထားတာက သွေးလှူတဲ့ စရင်းကို ၁၅၀ လောက်ပဲ ခန့်မှန်းထားတာပါ။



ဒီနေ့လုပ်တဲ့ ဒုတိယအကြိမ် သွေးလှူဒါန်းပွဲ အခမ်းအနားလေးမှာတော့ ၂၉၀ ၊ ၃၀၀ လောက်ဖြစ်နေပါတယ်။ ဒီနေ့ လုပ်ဖြစ်တာက မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်သွားတော့ မလေးရှားရောက် ရွှေမြန်မာတွေကလည်း မြန်မာနှစ်ကူးဆိုတော့ လှူချင်ကြတဲ့ လူတွေကလည်း ပိုများသွားတာပါ။ ထင်ထားတာ ထက်တောင် ပိုများလာတာကို တွေ့ရပါတယ်။ သွေးလာရောက် လှူတဲ့အခါမှာ ခက်ခဲတာလေး တစ်ခုက အခုလှူလိုက်တဲ့ ဆေးရုံက ဒီနိုင်ငံက အစိုးရဆေးရုံ ဖြစ်တယ်။ ပထမအကြိမ် သွေးလှူပွဲကြတော့ ကျွန်မတို့က ပုဂ္ဂလိက ဆေးရုံဆိုတော့ ပါမတ်ရှိသူရော 6P သမားတွေ UN (ဒုက္ခသည် လက်မှတ်ကိုင်ဆောင်ထားသူ) တွေထဲမှာ ကျန်းမာရေးကောင်းတဲ့ သူတွေဆို မည်သူမဆို လှူလို့ ရပါတယ်။



ဒီတစ်ခေါက်မှာတော့ အစိုးရ ဆေးရုံဆိုတော့ ပါမစ်သမားတွေမှ လှူလို့ရပါတယ်။ ဒီနေ့လာရောက် သွေးလှူတဲ့ အထဲမှာ UN သမားတွေလည်း ပါတယ်။ သူတို့က မလှူလိုက်ရပဲ ပြန်သွားကြတာ ရှိပါတယ်။ တစ်ချို့ကြတော့ အနာဖြစ်နေတာတို့ နေမကောင်းတာတို့ ရှိနေပါတယ်။ ဆိုတော့ သူတို့တွေ သွေးမလှူလိုက်ရဘူး .... ကျန်တာတွေက အားလုံးအဆင်ပြေပါတယ်။



ဒီနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့လေးမှာ သွေးလာရောက် လှူဒါန်းကြတဲ့ ရွှေမြန်မာများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။ လာရောက်ပြီး သွေးမလှူလိုက်ရတဲ့ သူတွေကိုလည်း ကျွန်မတို့ဖက်မှ တောင်းပန်စကားပြောလိုပါတယ်။ ဒီနေ့ပွဲလေး ဖြစ်မြောက်ဖို့အတွက် အဖက်ဖက်က အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ပါကြောင်း အမာခံအသင်းဝင် တစ်ယောက်ဖြစ်တဲ့ မစိမ်းမို့မို့ မှ ပြောသွားခဲ့ပါသည်။



သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့မှ ကြီးမှူးကာ ၂၀၁၂ ခုနှစ် ၁၇-၄-၂၀၁၂ (အင်္ဂါနေ့) မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက် အထိမ်းအမှတ် အဖြစ် ပထမအကြိမ် သွေးလှူဒါန်း ပွဲကြီးကို နံနက် (၁၀) နာရီ မှ ညနေ (၅) နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး .....



၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကို တာဝန်ရှိသူများမှ အသိပေးပြောကြားပြီး အခမ်းအနားတွင် နှလုံးလှ ပရဟိတ လူငယ်များ အဖွဲ့ တာဝန်ရှိသူများမှ မိတ်ဆက် စကားပြောကြားခြင်း နှင့် ကျေးဇူးတင် စကားများကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။


ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနား ဓတ်ပုံများကို အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။ အင်တာဗျုး ဖြေကြားချက်များ အသေးစိမ် မေးမြန်းမှုများကို ကျွန်တော်ရဲ့ ကိုပိုင် အွန်လိုင်း ရေဒီယို အသံလွင့် အစီအစဉ် ကနေ ထုပ်လွင့်ပြီးသား ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။









http://api.ning.com/files/2aOF3UepEH9Pkz0ZTjxAkuPEw9m4ALyiPZSArO8B*UknxBneVVJu1xosrFZ00KWUeISJXYw5gYpZ49J5l7qEJg__/nayzawlin11.gif












News Information & Online Radio Media (Malaysia)


Monday, April 16, 2012

ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ် ရိုးရာသင်္ကြန်ပွဲတော်မှ မှတ်တမ်း ဓာတ်ပုံများ



နှစ်စဉ်ပြုလုပ် ကျင်းပလျှက်ရှိသော မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မဟာသင်္ကြန် ပျော်ပွဲရွှင်ပွဲကို ယခင်နှစ်တွေနှင့် မတူအောင် တမူထူးခြားစွာ မလေးရှားနိုင်ငံ မြန်မာ့ဥယျာဉ်မှ ဦးစီးပြီး Port Dickson Beach ကမ်းခြေမှာ တန်ခူးလဆန်း(၁၃)ရက် သောကြာနေ့မှာ ကျင်းပခဲ့ကြောင်း သိရှိပါတယ်။



နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကျွန်တော်တို့က ဦးစီးပြီးတော့ မလေးရှားရောက် မြန်မာတွေအတွက် တစ်နှစ်တာ ပင်ပန်းထားသမျှကို အခုလို သင်္ကြန်ရက်လေးမှာ အမှတ်တရ အပန်းဖြေနိုင်ဖို့အတွက် Port Dickson Beach ကမ်းခြေမှာ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ယခင်နှစ်တွေနှင့် မတူအောင် တမူထူးခြားစွာအောင် ခမ်းခမ်းနားနား လေးပေါ့ ၊ ပြီးတော့ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ် တစ်ခုနဲ့ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်တစ်ခု ပြီးတော့ အဆိုအကပေါ့။ ဒီလိုတင်ဆက်ပေးဖြစ်တာပါ။



ကျွန်တော်တို့မြန်မာ့ဥယျာဉ် နဲ့ ကျွန်တော်တို့ ရခိုင် MAO အဖွဲ့လေးနဲ့ ပူပေါင်းပြီး စည်စည်ကားကား ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ကမ်းခြေမှာ ရေဆော့ချင်သူတွေလည်း ရေဆော့လို့တယ်။ ပြီးတော့ သင်္ကြန်မဏ္ဍပ်မှာက မြန်မာအဆိုအက ၊ ရခိုင်အဆိုအက တွေနဲ့ ဖျော်ဖြေပေးနေပါတယ်။ ရခိုင်ရိုးရာ ရေကစားတဲ့ ဓလေ့ကို ပြချင်တဲ့ ပုံစံလေးပေါ့။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေက မလေးရှားရောက် မြန်မာများအားလုံး နှစ်သစ်ကူးသင်္ကြန်ပွဲတော်လေးမှာ အားလုံး စုစုစည်းစည်း နဲ့ ပျော်ရွင်စွာ အပန်းဖြေနိုင်အောင် လုပ်ဆောင် ပေးဖြစ်တာပါ။ ကိုစိုးသန်း မြန်မာ့ဥယျာဉ်မှ ပြောပြပါသည်။



မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ် မဟာသင်္ကြန်ပွဲတော်ကြီးကို Port Dickson Beach တွင်ပျော်ရွင်စွာဖြင့်ြံပုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံ နေရာအများစုမှ ရွှေမြန်မာများ မဟာသင်္ကြန်ပွဲတော်ကြီးကို ပါဝင်ဆင်နွဲကြခဲ့ကြောင်း သိရှိရပါသည်။



မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ်မှ စီစဉ်ကျင်းပသော မဟာသင်္ကြန်ပွဲတော်ကြီးအား မှတ်တမ်း ဓာတ်ပုံများဖြင့် တင်ဆက်ပေး လိုက်ပါသည်။



















































Malaysia News Information & Online Radio Media,