Wednesday, March 30, 2011

G mail တွင် ပို့ပြီးသား မေးလ်များကို ပြန်ဖျက်နိုင်ပြီ

Google သုတေသန Lab မှ G-Mail အသုံးပြုသူများ၎င်းတို့ ပို့ထားသည့် Mail များကို
ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်းပေးလိုက်ကြောင်း သိရှိရသည်။
Undo Send ဟုအမည် ပေးထားသော အဆိုပါ Featureကြောင့် အမှားပါသော Mail
များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။မူလက
G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ်
နိုင်ချေ။ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့်
ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail
ထဲရှိ မိမိပို့ထားသော Mailကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါကG-Mail Account ထဲရှိ Setting တွင် Undo Send
ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ...။
Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ..။

Gtalk ထဲမှာ တစ်ဖက်လူရဲ့ နိုင်ငံအမှန်ကို ရှာရအောင်
G talk မှာ မိမိထံ မေးပို့လာတဲ့သူဟာ ဘယ်နိုင်ငံကလဲ location ကို ညာပြောထားတာလား အမှန်ပြောတာလား ဖမ်းရအောင်ဗျာ....။ ပထမဆုံးကတော့ မိမိရဲ့ မေးထဲကို ၀င်လိုက်ပါ ....။ ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးကို ဖွင့်လိုက်ပါ...။ ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ .....။ show original ကိုဆက်လက် click ပါ ။ Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ...။ နောက်ကတော့ သူ့ရဲ့ IP address ပေါ့ ....။ Received by ဆိုတဲ့ နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကို သိချင်ရင်တော့ http://www.whatismyipaddress.com မှာ သွားကြည့်လိုက်ပေါ့ ...။

Gtalk chatting box ထဲကို ရုပ်ပြောင်လေးတွေ(My Theme)၊ နောက်ခံလေးတွေ ထည့်မယ်ဆိုရင်

G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် ပျော်ရွှင်ကြည်နူးစရာ ပုံလေးတွေ ပေးပို.ထည့်သွင်းပေးပို. ပေးနိုင်မဲ့ အောက်ပါ နည်းလမ်းလေးကို အနည်းငယ်မျှ အပင်ပန်းခံပြီ မိမိအသုံးပြုနေသော စက်မှာ ပြုလုပ် ပေးလိုက်ပါ။
(၁၅) မိနစ် စာ အလုပ်လေးပါ။
အောက်မှာ ညွှန်ပြထားတဲ့ အတိုင်းသာ လုပ်သွားပါ။
Virus မပါ ကြောင်း
နှင့် ကိုယ်တိုင် လုပ်ထားပြီးကြောင်း ကြိုတင် ပြောပြ လိုပါတယ်။
နဲနဲ လေး အပင်ပန်းခံတာ နဲ. များများကြီး ကြည်နူး ပျော်ရွှင် ရပါလိမ့်မယ်။
သူ့ရဲ့ အသုံးပြုပုံကတော့ အောက်မှာပေးထားတဲ့

Attachment: MyTheme.exe ကိုဒေါင်းပြီး run လိုက်ပါ ..။

ပြီးရင် gtalk > settings

> Appearnce > Chat theme > my theme

ကိုရွေးပေးလိုက်ပြီး အိုကေပေးလိုက်ရင် ပြီးသွားပါပြီ ။ ပြီးရင် ကိုယ့်gtalk ကို singout ပြန်လုပ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ :haha , :atb , :ilu , :imu , :tc ဆိုပြီးရိုက်လိုက်ရင် အခုလို

ရုပ်ပြောင်လေးတွေရလာပါပြီ ..... ။ ကွန်မန့်တွေကို Start >All program >Dash > MyTheme > Help

မှာကြည့်နိုင်ပါတယ် ။

နောက်ခံပုံလေးတွေချိန်းတာကတော့ Start >All program >Dash > MyTheme >Sample Images မှာ ကိုယ်ကြိုက်တဲ့ပုံကို ကူးထည့်လိုက်ပါ ။ ပြီးရင် Start >All program >Dash > MyTheme >Change Background မှာ ကိုယ်ကူးထားတဲ့ပုံလေးကို ရွေးပြီး အိုကေပေးလိုက်ရင် အိုကေသွားပါပြီ .....။ အသုံးတည့်မယ်လို့ထင်ပါတယ်ဗျာ ... ။

How to use smileys ? ( Smiley လေးတွေဘယ်လိုသုံးကြမလဲ ? )
( ဖိုင်လေးနဲ့ လိုချင်ရင်တော့ အောက်မှ Attachment: G-Talk themes.txt လေးကိုနှိပ်လိုက်ပါ..။)
* G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် Smiley လေး ထည့်သုံးချင်ရင်
"Shift" သုံးပြီး " : " အရင်နှိပ်ပါ။ ထို.နောက် အောက်ပါ အညွှန်းမှ Eng:
စာလုံးလေးများ ဖြည့်စွက် ရိုက်ပေးပါက G-Talk တွင် လှပဆန်းသစ်သော
Smiley လေးများ ထည့်သွင်း ဆက်သွယ်နိုင်ပါမည်......... ။

အကြောင်းအရာ ရိုက်ရန် မြန်မာလို All the Best :atb (သိပ်ကောင်းတယ်) Angel :angel (နတ်သမီးလေး) Angry :angry (စိတ်ဆိုးတယ်) Applause :clap (အားပေးပါတယ်) Bath :bath (ရေချိုးနေတယ်) Blushing :blush (မျက်နှာနီအောင်ရှက်တယ်) Call me :callme (ဆက်သွယ်ပါ) Cool :cool (အေးအေးဆေးဆေးပါ) Crying :waa (ငိုနေတယ်) Day Dreaming :dream (နေ.လည်ခင်းအိပ်မက်) Dislike :naa (မကြိုက်ပါ) Do Not Disturb :dnd (မနှောက်ယှက်ပါနှင့်) Game :game (ကစားမယ်) Ghoting :ghoting (စဉ်းစားနေတယ်) Good Morning :gm (ကောင်းသောနံနက်ခင်းပါ) Good night :gn (ကောင်းသောညပါ) Heart :heart (အချစ်) Hi :hi (နှုတ်ဆက်တယ်) Hai :hai (နှုတ်ဆက်တယ်) Hug :hug (ပွေ.ဖက်မယ်) I am Mad :mad (ငါရူးတော့မယ်) I love you :ilu (မင်းကိုချစ်တယ်) I miss you :imu (မင်းကိုသတိယနေတယ်) Idea :idea (အကြံရပြီ) Kissing :kiss (နမ်းမယ်) Laughing :ha (ရီရတယ်) Laughing :haha (ဟားတိုက်ရီရတယ်) Love struck :love (ချစ်ကြောင်းပြောမယ်) Mess :mess (စားမယ်) Movie :movie (တီးထည့်လိုက်ရမလား) News :news (သတင်း) No :no (မ_ဘူး) Not talking :calm (မပြောဘူး) Now :now (ယခု) On Phone :call (Ph နှင့်ပြောမယ်) Pray :pray (ဆုတောင်းနေတယ်) Raised Eyebrow :cha (မျက်ခုံးတွန်.ပြီး နောက်ပြောင်) Secret/Silent :shh (တိတ်တိတ်နေ) Shut Up :shutup (ပါးစပ်ပိတ်ထားပါ) Sleep :sleep (အိပ်နေတယ်) Sleepy :zz (အိပ်ချင်ပြီ) Smug :mm (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း) Sorry :sry (၀မ်းနည်းပါတယ်) Stop shouting :stop (နားပိတ်ထားတယ်) Surprised h (အံသြတယ်) Take care :tc (ဂရုစိုက်ပါ) Thanks :thanx (ကျေးဇူးတင်ပါတယ်) Wait :wait (ခဏစောင့်ပေးပါ) Waving :bye (နှုတ်ဆက်ပါတယ်) Worried :wor (စိတ်ပူနေတယ်) Yahooooo :yahoo ( ရှာကြည့်ပါ) Yes :yes (ကောင်းပါပြီ)

Gtalk ဖွင့်ထားပြီး Idel ဖြစ်နေတယ်လို့ ညာရအောင်

ဒီsoftwareလေးကျနော့်မှာရှိနေတာတော့ကြာပါပြီး။သိတဲ့လူလဲတော်တော်သိနေကြပါပြီး
ဒါပေမယ့်အခုတလောဘာရေးရမှန်မသိတာနဲ့ရေးလိုက်တာပါသိပြီးသားဆိုရင်တော့ဆောရီးပါနော်
softwareက119kbပဲရှိတာပါပြီးရင်Installလုပ်လွယ်ပါတယ်Install လုပ်ပြီးတာနဲ့ Task bar ပေါ်က GTalk Icon ကို ညာဘက်ကလစ် နှိပ်လိုက်ရင် Always Idle, Normal Idle, Never Idle ဆိုပြီး ပေါ်လာပါပြီ။ Always Idle ကို ရွေးလိုက်ရင် ကိုယ်ရဲ့ GTalk Account ဟာ အမြဲတမ်း Idle ဖြစ်ကရော။
သူများတွေကတော့အဟုတ်မှတ်နေမှာပေါ့။ကွန်ပျူတာရှေ့မှာမရှိဘူးလို့။သူငယ်ချင်းတွေကိုအရူးလုပ်ဖို့နဲ့

ကိုကိုယ်တိုင်အညာမခံရစေဖို့ပါ။သုံး တာမသုံးတာကကိုယ့်သဘောပေါ့/

gAlwaysIdle ရဲ့ Always Idle ကို ဖွင့်ထားရင် GTalk ရဲ့ မူလပါတဲ့ Check Mail Now Function ကို သုံးလို့ မရတော့ဘူး။ Normal Idle ကို ပြန်ပြောင်းလိုက်မှ သုံးလို့ရလိမ့်မယ်။ နောက်ပြီး Kaspersky လို Antivirus Software တွေကို Install လုပ်ထားခဲ့ရင် gAlwaysIdle Install လုပ်ပြီးစမှာ သူက Window ရဲ့ Registery ကို သွားပြင်တာမို့ Antivirus Software က ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ ခွင့်ပြုလိုက်ပေါ့။ ဒါပါပဲ။ gAlwaysIdle ဟာ စမ်းသပ်ဆဲပါတဲ့။ နောက်ထပ်ထွက်မယ့် Version တွေမှာ ဘာတွေများ ထပ်တိုးလာမယ်တော့ မသိပါဘူး။ အခု Version ကို Window XP နဲ့ Vista OS version တွေမှာ အလွယ်တကူ Install လုပ်လို့ ရပါတယ်တဲ့။ ကဲ… ဒီလောက်ဆိုရင် ဒီတစ်ပါတ်တော့ ပျော်စရာလေးနဲ့ သူများကို စ’ ရအောင်လို့ ပြောရင်း …..။
ဒီနေရာလေးကနေDownloadဆွဲလိုက်ကြရအောင် http://galwaysidle.com/gAlwaysIdleSetup.exe

Gtalk အလိုအလျောက် ဖြေကြားစက်
သူငယ်ချင်းတို့ရေ.........
Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။
Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။
လုပ်ပုံအဆင့်ဆင့်ကဒီလိုပါ...
1. အရင်ဆုံး ဒီ Link ကိုသွားလိုက်ပါ။
2. ထို Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကိုရွေးရန်ဖြစ်ပါသည်။
Gtalk တွင်ပြုလုပ်လိုပါက Gtalk ကိုရွေးရန်ဖြစ်ပါသည်။
3. Gtalk Password နှင့် User Name ကိုသုံး၍ဝင်ရန်ဖြစ်သည်။ (Note: @gmail.com @googlemail.com ထည့်ရမည်။)
4. ကိုလိုချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကိုရိုက်ရမည်။ ထို့နောက် Authorise people ကို အမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
5. "Changes Saved. Your Answer Machine is setup. You May Exit Now." ဟုပေါ်လာပါက
General, Messages, Notifications, Contacts, တို့၏ဘေးတွင်ရှိသော "EXIT" ကို Click လုပ်ပါ။
အားလုံးပြီးသွားပါပြီ။ ကို့သူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက auto reply လုပ်ပေးပါလိမ့်မယ်။
ကိုမရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့
"Click here to return to the home page" ဆိုတဲ့ စာမှ "here" ကို Click လုပ်ပါ။
ပြီးရင် အဆင့် ၃ အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ "Messages" ကို Click လုပ်ပါ။
ဒါဆိုရပါပြီ။ စမ်းကြည့်ကြပါအုံး။

Gtalk မှာ slideshow နဲ့ ပုံတွေကို ပေါ်အောင်လုပ်နည်း

ဒီလိုလုပ်ဖို့ အတွက် www.softpedia.comမှာနှိပ်ပြီးDownload ဆွဲလိုက်ပါ..။
www.brothersoft.comမှာလဲDownloadလုပ်လို့ရပါတယ်။
Download လုပ်ပြီးရင် Run လိုက်ပါ....။
ဒါဆိုရင် Gtalk ဖွင့်ထားထား ၊ မဖွင့်ထားထား နောက်ထပ် Gtalk ဘောင်အသစ်ပေါ်လာပါလိမ့်မယ်..။
ဒီဘောင်အပေါ် Google Talk ဆိုတဲ့ စာဘေးမှာ အသစ်အနေနဲ့ Shell ဆိုတာ ပါလာပါလိမ့်မယ်..။ ဒီ Shell ကို ကလစ်နှိပ်လိုက်ပါ..။
ထိုအခါဘောင်အသစ်လေးထဲမှာ ...
Avatar / Lauguage / Option / Always on top / Get More Avatars / About ဆိုတာ ကိုတွေ့ပါလိမ့်မယ်..။
Shell > Avatar ကိုနှိပ်၍ Enable Slide တွင် အမှန်ခြစ်လိုက်ပါ...။
ထိုနောက်........
Shell > Option ကိုနှိပ်လိုက်ပါ..။
ဘောင်အသစ်ကျလာပြီး Avatar / Anti Boss / Auto hind ဆိုတာမှ Avatar ကိုရွေးပါ..။
သူ့ဖာသာသူလဲ ရွေးပြီးသားပါ..။
ထိုနောက် ညာဘက်ဘောင်ထဲတွင် Add နဲ့ Remove ကိုတွေ့ရလိမ့်မယ်..။
ကိုယ့် Slideshow လုပ်ချင်သော ပုံများကို ရွေးရပါမယ်..။
Add ကိုနှိပ်ပါ..။ ပေါ်လာသောဘောင်လေးထဲမှ မိမိလိုချင်သော ပုံများကိုရွေးပါ..။
အလိုရှိသလောက် ပုံများကို ရွေးပါ..။
ပြီးရင် အောက်မှ Interval(seconds) ကို ကိုယ် ပြောင်းစေချင်သော ပုံများကို စက္ကန့်
အလိုက် ချိန်ပေးပါ..။ ဥပမာ- 1 စက္ကန့် ၊ 2 စက္ကန့် ၊ 3 စက္ကန့်....
ထိုနောက် အောက်မှ OK ကိုနှိပ်လိုက်ရုံပါပဲ..။
ထို့နောက် Gtalk ကို Sing In လိုက်ပါ..။ ပြီးပါပြီ...။
သင်၏ Gtalk တွင် Icon လေးတွေ တဖျတ်ဖျတ် ပြောင်းနေပါလိမ့်မယ်..။

အားနည်းချက်များ...။

* မိမိသုံးတိုင်း ပုံတွေ တဖျတ်ဖျတ်ပြောင်းနေလို့ မျက်စိနောက်ပါလိမ့်မယ်..။
* ဒီ Software သည် ဆွဲအားမြင့်သောကြောင့် connection မကောင်းပါက Gtalk ခဏခဏ ကျတတ်သည်..။
* မိမိ သုံးပြီးသွားသော်လည်း Gtalk ပိတ်လိုက်ရင် အရင် Gtalk လိုမျိုး အလိုလို မပျောက်သွားပါ..။
* ဒါကြောင့် မိမိသုံးပြီးသွားပါက Shell > Avatar > Enable Slide တွင် အမှန်ခြစ်ဖြုတ်ခဲ့ပါ..။
* ပြီးနောက် မိမိပုံတွေကို Shell > Option > Remove ဖြင့် ပြန်ဖျက်ခဲ့ပါ...။
* Gtalk Shell က အကောင့်တွေ အများကြီး တစ်ခါတည်းလုပ်မရပါ..။
* စက်တစ်လုံးမှာ အကောင့်တစ်ခုပဲ သုံးလို့ရတယ်..။

ဒါဆိုရင် မိမိ Gtalk မှာ ပုံလေးတွေ တဖျတ်ဖျတ်ပြောင်းနေပါလိမ့်မယ်..။

အလင်းနှစ်ပေါင်း သန်း ၂၀


ကမ္ဘာသစ် တစ်ခုတဲ့လား.... ဟု မေးခွန်း ထုတ်စရာ ဖြစ်နေရလောက်သော အာကာသ သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိမှု အသစ်တစ်ခုက အဖြေတစ်ခု ရလာခဲ့ပြီ ဖြစ်သည်။ ကမ္ဘာမြေမှ အလင်းနှစ်ပေါင်း ၂၀ ခန့်သာ ကွာဝေးသော အကွာအဝေး တစ်ခုတွင် ယနေ့ ကမ္ဘာ၏ သက်ရှိများ နေထိုင်ကြသော ကမ္ဘာမြေ နှင့် ထပ်တူညီ နီးပါး ကျသည့် သဘာဝ တရားများဖြစ်သည့် လေထု၊ ကမ္ဘာ့ဆွဲအား နှင့် ရေပါ ရရှိနိုင်သည့် သက်ရှိများ နေထိုင်ရန် ၁၀၀ % ရာခိုင်နှုန်း သေချာသည့် ဂြိုလ်သစ်တစ်ခုကို တွေ့ရှိခဲ့ကြပြီ ဖြစ်သည်။

သက်ရှိများ နေထိုင်နိုင်ရန် ဂြိုလ်တစ်ခု၏ အလိုအပ်ဆုံးမှာ ဂြိလ်၏ မျက်နှာပြင်မှာ လမ်းလျှောက်ရန် လွယ်ကူသော ဆွဲအား ရှိနေရမည် ဖြစ်သည်။ အပူအအေး ညီမျှချက် တစ်ခုအဖြစ် သက်ရှိများ နေထိုင်ရှင်သန် နိုင်ရန်အတွက် အမြင့်ဆုံးသော အပူချိန် သတ်မှတ်ချက်တစ်ခုမှာ 12' C ဖြစ်သည်။


သိပ္ပံပညာရှင်များမှ "အခု တွေ့ရှိတဲ့ ဂြိုလ်သစ်ဟာ စကြာဝဠာ အတွင်းမှာ ရှားရှားပါးပါး ရှာဖွေတွေ့ရှိရန် ခဲယဉ်းလှပြီး ကမ္ဘာမြေကြီး၏ တည်ဆောက်ထားပုံနဲ့ တစ်ထပ်ထဲ တူညီနေတာပါ။ ဒါကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ်" ဟု ဆိုသည်။

ယခုတွေ့ရှိရသော အခွင့်အရေးမှာ အနာဂတ်တွင် ဆက်လက်ရှင်သန်ကြမည့် မျိုးဆက်သစ်များ အနေဖြင့် တစ်နေ့တွင် ကိုယ်ပိုင်နယ်မြေ တစ်ခုအဖြစ် ပိုမိုသာလွန်သော လူသားနေထိုင်မှု ၀န်းကျင်တစ်ခုကို ဖန်တီးနိုင်ကြတော့မည် ဖြစ်သည်။ အာကာသ ရှာဖွေစူးစမ်းသူ သိပ္ပံပညာရှင်များ၏ ယမန်နေ့ညက ထုတ်ပြန် ကြေငြာချက်အရ ယခုတွေ့ရှိသော ဂြိုလ်သစ်သည် ကျောက်တုံးများ ထူထပ်ပေါများပြီး အရွယ်ပမာဏအားဖြင့် ကမ္ဘာမြေထက် ၃ ဆ အထိ ပိုမိုကြီးမားနေပြီး ဂြိုတ်ပတ် လမ်းကြောင်းမှတိုင်းထွာပါက ကမ္ဘာမြေပြင်နှင့် အကွာအဝေး အလင်းနှစ် သန်း၂၀ အကွာတွင်ရှိနေကြောင်း၊ ဂြိုလ်၏ တည်ရှိမှုသည် ဂိုလ်ဒီလော့ခ်ဇုန် ဟုခေါ်သော ကြယ်တစ်လုံး၏ အနီးဝန်းကျင်တွင် ရှိနေပြီး မြေနေရာ အနေအထားများမှာ အလွန်ပူပြင်းပြီး အေးမြသော အရာအဖြစ် သမုဒ္ဓရာ ကြီးများ ရေကန်များ နှင့် မြစ်များလဲ ရှိနေပြီး အလွန်ပူပြင်းသော ရာသီဥတုကိုလည်း ဖြစ်ပေါ်စေသကဲ့သို့ အလွန်အေးသော ရာသီဥတုလည်းရှိသည်။ လေထု သိပ်သည်းမှုသည်လည်း လူသားတို့ နေထိုင်ရန် လုံလောက်မှု ရှိသည်။



ခြွင်းချက်အဖြစ် ၄င်း ဂြိုလ်ပေါ်တွင် နေ့နှင့်ည သတ်မှတ်ချက် မရှိပေ။ လူသားများ အနေဖြင့် အဆိုပါ ဂြိုလ်ပေါ်တွင် နေထိုင်ရှင်သန်ရန် နှင့် ပတ်ဝန်းကျင် တည်ငြိမ်မှု ရရှိရန်အတွက် အလွန်ရုန်းကန်ရမည် ဖြစ်ပြီး နေ့နှင့်ည မရှိခြင်းမှာလည်း နေသည် နေရာတစ်ခုထဲတွင် ရပ်တည်နေပြီး ဂြိုလ်သစ်သည် ကမ္ဘာမြေကဲ့သို့ မိမိကိုယ်တိုင် တိမ်းစောင်း လည်ပတ်နေခြင်း မရှိသောကြောင့် ဖြစ်သည်။ ( ဂြိုလ်သစ်မှာ မိမိကိုယ်တိုင် မလည်ပတ်ခြင်းကြောင့် နေ့ည မရှိတော့ဘဲ အလင်းရောင်ကျသည့် အပိုင်းက အမြဲတမ်းလိုလို လင်းလျက် နေ့ ဖြစ်နေပြီး အလင်းရောင် မကျရောက်သည့် အပိုင်းမှာလည်း အမြဲလိုလို မှောင်၍ ညအဖြစ်ရှိ နေမည်ဖြစ်သည်။)


ကယ်လ်လီ ဖိုးနီးယား တက္ကသိုလ်မှာ မစ္စတာ စတီဖင်ဘော့၏ ဒစ်ကာဗာရီသတင်းဌါန သို့ ပြောကြားချက်အရ " လူသားတွေ ရဲ့ ကိုယ်ရည် ကိုယ်သွေးများ၊ ပြုပြင်ပြောင်းလဲ နေထိုင် တတ်မှုများနဲ့ အသက်ရှင် ရပ်တည်မှု အတွက် လိုအပ်သလို တွေးတော ကြံဆ တတ်ခြင်းများက အခုတွေ့ရှိတဲ့ ဂြိုလ်သစ်ပေါ်မှာ နေထိုင်နိုင်ဖို့ အခွင့်အလမ်းတွေ ၁၀၀ % ရှိပါတယ်၊ လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီအတွက် ကျွန်တော့်မှာ လုံးဝ သံသယ မရှိပါဘူး။ " ဟုပြောကြားခဲ့သည်။




နဂါးငွေ့တန်းများ၏ ခြေရာကို ကောက်ပြီး စူးစမ်းလေ့လာခဲ့ကြသော သိပ္ပံပညာရှင်များသည် လူသားများနေထိုင်နိုင်သော အခြားဂြိုလ် အနည်းငယ်ကို အဆိုပါ ကြယ်၏ အနီးတစ်ဝိုက်တွင် ထပ်မံတွေ့ရှိခဲ့ကြသေးသည်။ စူးစမ်းလေ့လာသူများက စကြာဝဠာကြီး အကြောင်းကို ပိုမိုနားလည် လာခြင်းသည် ကမ္ဘာလောက တစ်ခုလုံးအား လူသားများ၏ ကိုယ်ပိုင်အဖြစ် ရှာဖွေသုံးစွဲ နိုင်ကြတော့မည် ဖြစ်သည်။

အလင်းနှစ်သန်း ၂၀ ဆိုသော အကွာအဝေးကို မိုင်ဖြင့် တွက်ချက်မည်ဆိုပါက 118,000,000,000,000, အကွာအဝေး ဖြစ်သည်။ အဆိုပါ ဂြိုလ်သို့ သွားရောက်လိုပါက ဒုန်းပျယာဉ်ဖြင့် သွားမည်ဆိုပါက တစ်စက္ကန့်လျှင် တစ်သောင်းကိုးထောင် မိုင်နှုန်းဖြင့် ကမ္ဘာမြေမှ နှစ်ပေါင်း ၂၀၀ ကြာအောင် သွားရောက်၇မည့် အကွာအဝေး ဖြစ်နေသေးခြင်းက လူသားများ ရောက်ရှိရန် အဆောတလျင် မဖြစ်နိုင်သေးပေ။

--
Thz for your time...
Barry Balle & ပန်းခင်း :)

Sunday, March 27, 2011

ဗျူး (tag)

တစ်ကယ်တော့ အင်တာဗျူး ခံရတယ်ဆိုတာ အိမ်သာကျင်းတူး ရတာလောက်တော့ မခက်လှပါဘူး။ ဟုတ်တယ်လေ၊ ကိုယ့်မှာ နာမည်ကြီးမင်းသမီးတွေလို အိမ်ထောင်ဆက်များတာလည်း မဟုတ်၊ ရှိမှန်းသိတာကိုလည်း ဖော်လှန်လှစ်နေတာ မဟုတ်တော့ ကိုယ့်ပါဆင်နယ်လ် ဆိုတာလဲ အာဆင်နယ် လောက် ဘယ်သူမှ စိတ်ဝင်စားမည်မထင်။ သို့သော် မိန်းမဖျင်းတို့၏ ထုံးစံအတိုင်း စပ်စုတတ် အတင်းတုတ်တတ်သော သူများကတော့ မေးမြန်းကြပါလိမ့်မည်။ သို့ပေမယ့် ပြဿနာ ကြီးကြီးမားမားတော့လည်း မရှိပါဘူးလေ၊ ကိုယ့်ဘ၀အကြောင်းတွေ မေးရင် မှားခဲ့တာတွေ ရှိမယ်၊ မှန်တာတွေလဲ ရှိမယ်ပေါ၊ လူလို့ အမည်တပ်ခံရတဲ့ သတ္တ၀ါတစ်ကောင်ဆိုတော့လဲ အမှားနဲ့မကင်းပါဘူး။ ဘ၀မှာတစ်ခါမှားတာ လှည်းသားငါးရာနဲ့လား ဆိုတော့လည်းမဟုတ်ဘူး၊ ကိုယ့်ရပ်ကွက်ထဲက ငမူးတွေနဲ့ ၊ ဟိုဘက်ရပ်ကွက်က ထောင်ထွက် သာအေးတို့ အပေါင်းအပါတစ်စု လောက်နဲ့ရယ်ပါ လို့ ပြန်ဖြေတဲ့ မယ်မျိုးနဲ့လည်း ညီအစ်ကိုလို ရင်းနှီးတာလောက်ပဲ ရှိတာ သူ့လောက်တော့ မမှားပါဘူးဗျာ။ ငယ်ငယ်က ရှက်ကြိုးနဲ့ ချက်ကြိုးကို သူနာပြုဆရာမ မှားဖြတ်တာလေ ကိုယ်ဖြတ်ခိုင်းတာမှ မဟုတ်ပဲ။ အဲဒီတော့ အမှားဆိုတာ နည်းနည်းတော့ ရှိခဲ့တာပေါ့လို့ ပြောချင်တာပါ။ ထားပါတော့လေ.. အခု ညီလေးက အစ်ကို့ကို မေးမယ်ဆိုတာတွေမေးပါဦး။ အချိန်တော့ သိပ်မရဘူးနော်.. အစ်ကိုက အခု ဟမ်းဖုန်းကနေ ကားကို ကွန်ထရိုးလုပ်ပြီးမောင်းမဲ့ ကိစ္စအတွက် ပန်းသီးကုမ္ပဏီ နဲ့ နီဆန်း ကား ထုပ်လုပ်ရေးက သူတွေနဲ့ မိတင် ရှိသေးတယ်ကွာ။

မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။

အော်.. ဒါလား၊ ဒါက တော့ညီလေးရယ်..အစ်ကိုက ၂၀၀၈ လောက်ကတည်းက ရင်းနှီးခဲ့တာပါ။ ဒါပေမယ့် ရေရေရာရာတော့ သိလှတယ်မဟုတ်ပါဘူး။ အစ်ကိုက zopia တို့ dada.net တို့လောက်သာ သုံးခဲ့ဖူးတာလေ၊ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် အဲဒါတွေလဲ သိလှတယ်မဟုတ်ဘူး၊ တောသားမြို့တက် ကိုမောင်ခက် ဆိုတာ အစ်ကိုပဲလေ။ အဲဒီတုန်းက အလကား ရတဲ့မေးလ်ကို အလကားထားရင် အလကားပဲဆိုပြီး အလကားမဖြစ်အောင် အကောင့်ဝင်ထားလိုက်တာပါ၊ တစ်ကယ်တော့လည်း ကိုယ်မှ မသုံးတတ်တာ အလကားကတော့ အလကားပါပဲ။

မေ= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေတိုးတက်ပြောင်းလဲလာပြီး ဘာတွေမပြောင်းလဲသေးဘူုးလို့ထင်ပါသလဲ ။

ဒီမေးခွန်းကတော့ ရှင်းပါတယ် ညီလေးရာ။ အစ်ကိုက အရင်ကတည်းက ဘလော့ဂ်ရေးတာမှ မဟုတ်တာ၊ ဘလော့ဂ်ကူးတာ၊ တစ်ချို့ဆို သူတို့ တန်ဖိုးထား ဖန်တီးထားတာလေးတွေကို အစ်ကိုက ကူးပြီးလူတွင်ကျယ်လုပ်တယ် ၊ သူတို့နံမည်မတပ်လို့ဆိုပြီး နည်းနည်းတော့ နှာကစ်တာပေါ့လေ။ အဲဒါကိုသူတို့က ကူးမရအောင်လုပ်ကြတယ်၊ ကူးတဲ့သူတွေကလဲ ကူးမြဲပါပဲ။ ခက်တာက အစ်ကိုကလည်း ဘယ်သူရေးလဲ သေချာမသိဘူ၊ အစ်ကိုမေးလ်ထဲ ၀င်လာကတည်းက နံမည်မှ မပါတာ၊ အစ်ကိုကတော့ နေ့စဉ်မေးက ၀င်တာပါ၊ ဘယ်ဆိုက်က ကူးတာပါ၊ အဲဒီမှာ ပို့စ်တင်တာက ဘယ်သူပါဆိုတာကို ထည့်ပေးပါတယ်။ တစ်ခါတစ်လေ အဆင့်ဆင့်ဖော်ဝပ်တွေကို ရှာရတာလဲ မောတာနဲ့ ဒီအတိုင်းတင်ပေးလိုက်တာပဲ။ အဲဒါကြောင့်ကိုယ့်လိပ်ပြာ ကိုယ်လုံချင်တာနဲ့ ဘေးမှာ ၀န်ခံချက်ရေးပြီး တင်တယ်ပေါ့လေ။ သိသလောက် မှတ်သလောက်လေးကို သိစေချင်လို့ ပြန်မျှတဲ့ သဘောပါလို့။ အစ်ကို ကိုယ်တိုင်ရေးတဲ့ ပေါက်တတ်ကရတွေဆိုရင်တော့ စာရဲ့ အဆုံးမှာ မိုးယံ လို့ မဖြစ်မနေထည့်ပါတယ်။ ကိုက စာတွေဖတ်ခဲ့ပြီးတော့ ပတ်ဝန်းကျင်နဲ့ အံမ၀င်ဖြစ်ခဲ့တာ နှစ်နဲ့ချီပြီးကြာခဲ့တယ်လေ၊ ဘလော့ဂ်ဆိုတာ ဘာလဲဆိုတာ မဖြစ်ညစ်ကျယ် ဥာဏ်နဲ့သိလာတော့ ကိုယ်ပြောချင်တာလေးတွေ ၊ ကိုယ်ဖြစ်စေချင်တာလေး တွေကို ရင်ဖွင့် ခံစားဖို့ ဆိုပြီးလုပ်ထားခဲ့တာပါ၊ အခုထိတော့ အကောင်အထည်မပေါ်သေးပါဘူး။ ပြောရရင်တော့ ကိုယ်က ပေါတောတော အကျင့်မပျောက်သေးဘူး။

ပြောင်းလဲလာတာကတော့ နိုင်ငံတစ်ကာက မိတ်ဆွေတွေနဲ့ ခင်မင်ခွင့်ရတယ်၊ လူတွေရဲ့ စိတ်ဓါတ်တွေ ပိုသိလာတယ်၊ သူငယ်ချင်းတွေ တိုးတာတယ်။ အဲဒီလို တိုးလာလို့ အဆင်ပြေတဲ့သူတွေနဲ့ အပြင်မှာ တွေ့ခွင့်ရရင် မုန့်ကပ်စားရတယ်။ အဓိကတော့ ပိုက်ဆံအကုန်သက်သာတာပေါ့လေ၊ ဘ၀တူချင်း ဂုတ်သွေးစုပ်တဲ့ မြေခွေးစုတ်ဆိုလည်းမမှားဘူးပေါ့လေ။နောက်တစ်ခုက နည်းပညာဆိုက်တွေကနေ ကိုယ်သိချင်တဲ့ စာအုပ်တွေ ဒေါင်းလို့ရတာ အတော့်ကိုအဆင်ပြေတယ်။ နောက်ပြီး ဖတ်ချင်တဲ့ အခြား စာအုပ်တွေလည်းရတယ်။ ဟိုတစ်လောကဆို မြတ်ပုလဲဖြူ ဆိုတဲ့ ညီမလေးတစ်ယောက် အကူအညီနဲ့ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ စာအုပ်တစ်အုပ် ပြန်ရတယ်၊ ဆန်းလွင်ရဲ့ ကမ္ဘာတွေးခေါ်ရှင်ကြီးများ။နောက်ပြီး ညီအစ်ကိုလို ခင်မင်ရတဲ့ ကိုဇော်တို့ ဆိုရင် ဖုန်းဆက်လိုက် မေးလ်ပို့လိုက်နဲ့ ပြဿနာ အားလုံး သူ့ဆီခေါင်းရောင်းလိုက်တယ်။ အံမယ် ဒါထက်ရှိသေးတယ် အလှပြင်ချင်ရင် မာမီအုပ်ဆီကို သွားလိုက်၊ ပေါင်းတင်းမလား၊ ဆံပင် ဗောက်ဖျောက်မလား။ အို အစုံအစုံ ပါပဲ။ စာရေးဖို့ ဆိုရင် ကိုဇော် တို့ က အစမှ အဆုံးတိုင်ကူညီတယ်။ ကိုမြစ်ကျိုးအင်းတို့ကလည်း ရေးနည်းသားနည်းတွေ သင်တယ်၊ စာဖတ်နာအောင် ဆုံးမကြတယ်။ လူကောင်းတွေနဲ့ ခင်မင်ခွင့်ရတယ်၊ အကူအညီတွေရတယ်၊ လူသားချင်းကူညီ ထောက်ထားမှုတွေ ပိုပြီးခံစားတတ်လာတယ်။

မေ= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။

ဒါကတော့အပြည့်အစုံဖြေရင်တော်တော်ရှည်မယ်ထင်တယ်။ ဟိုအရင်က မနိုင်းနိုင်း စာတွေကို မေးလ်ထဲက တစ်ဆင့်ဖတ်တယ်။ သူ့ဆိုက်ကိုသွားဖတ်တယ်၊ သေသေချာချာမှတ်မိနေတာကတော့ ကိုဇော် ရေးတဲ့ ကျည်ဆံကာမိန့်ခွန်း အဲဒါလေးကို အမြဲအမှတ်ရနေတယ်။ နောက်သူ့ရဲ့ ခက်ဆစ်တို့ သူဌေးနှာဗူးမကျရင် အလုပ်ထွက်မယ့် လူစားများ ဆိုတာတွေက မေ့မရအောင် မှတ်မိနေတယ်။ မှတ်မိစေတဲ့ အကြောင်းတွေကလဲ ရှိနေပြီးသားကိုး။နောက်ပြီး တည်ငြိမ်အေး ကိုဆိုစီ၊လရောင်လမ်း (ကိုတေဇာ)၊ ဦးမြစ် (မြစ်ကျိုးအင်းရဲ့) အမေ့စိန်နားကပ်တို့၊ အနာဂတ်နိုင်ငံတော်တို့၊ ကိုအောင်ရဲ့ သူရဲဇတ်လမ်းတွေ ကိုမင်းဒင်ရဲ့ ကမ္ဘာမကြေ မြန်မာပြည်ဥဒါန်း၊ ဘကျောက်ရဲ့ ဟာသနှော စာတွေ၊ မရွှေစင်ဦးရဲ့ စေတနာ စာတွေ၊ ဒါတောင် မှတ်မိသလောက် ရွတ်ရင်လည်း ကြာနေမယ်။ အခု တော့ ကိုမင်းဒင်ရဲ့ သက်ခိုင်နဲ့၊ ကိုဇော် ရယ် မြစ်ကျိုးအင်းရယ် ဘကျောက် (ရွှေရတုမှတ်တမ်း) ကို ညတိုင်း တစ်ပုဒ်စီ ဖတ်နေတယ်။ ကျွန်တော်ဆိုက်ရဲ့ ဘယ်ဖက်မှာတင်ထားတဲ့ ဖတ်သည် ရဲ့ အောက်ကစာတွေ ၊နောက်ပြီး အမှောင်ထဲကအလင်းစက်.၊ နောက်ပြီး တော်တော်များများဘလော့ဂ်တွေကိုလဲ ဖတ်ပါတယ်။

မေ= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။

အဲဒါကတော့ ပြောရခက်ခက်ပဲ၊ လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့လေ၊ ကျွန်တော်ကတော့ ကွန့်မန်တွေ တွေ့ရင်ပျော်နေတာပဲ။ ဘလော့ဂ်ဂါ တော်တော်များများလဲ အဲလိုပဲထင်ပါတယ်။ မှတ်ချက်တွေနဲ့ ပတ်သက်လို့တော့ ခံစားချက်တစ်ခု ရှိတာက ၊ ညီအစ်ကိုလို ခင်ရတဲ့ သိပ်တော်တဲ့ ကောင်လေးတစ်ယောက် ကျွန်တော်နဲ့ ဝေးသွားကတည်းက တော်တော်စိတ်မကောင်းဖြစ်မိတယ်။ တစ်ဖက်က မန့်တာကသူ့အတွက် သိပ်ပြီးထိခိုက်သွားစေတာကိုး။လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်ရှိတဲ့ နေရာမှာ ကိုယ့်စိတ်ဓါတ်ကိုဖေါ်ပြတဲ့ ကွန်မန့်တွေက တန်ဖိုးတစ်ခုလို့ ကျွန်တော်ထင်မြင်ပါတယ်။အဲဒီအကြောင်းကို ရေးထားတဲ့ တစ်ယောက်ရဲ့ စာကို ကျွန်တော်တောင် တစ်ဆင့်ဖေါ်ပြဖူးသေးတယ်။ နောက်တစ်ခုက ကော်မန့်တွေ အတွက် ဒီနားမှာ ရေးထားတာလေးလဲ သဘောကျမိတယ်။အခုတစ်လောတောင် မယ်မျိုးက ကော်မန့်တစ်ခု အတွက် ခံစားနေရရှာတယ် အဲလိုတွေကြားမိရင်တော့ စိတ်မကောင်းဖြစ်မိတယ်။

မေး= ဘယ်လိုစာတွေရေးဖြစ်သလဲ ဘာအကြောင်းတွေရေးဖြစ်လဲ။

်ရေးဖြစ်တဲ့စာတွေကတော့ ကဗျာ အပိုင်းအစတွေရယ်။ စိတ်အချဉ်ပေါက်လာတဲ့ ခံစားမှုမျိုးရယ်ပါပဲ။ ဘာသာရေးနဲ့ပတ်သက်ရင်တော့ တစ်လွဲတွေဖြစ်နေရင် ၀င်ဖြဲတဲ့စာတွေရေးတတ်ပါတယ်။ အချစ်ကတော့ ဘယ်လိုမှ ခံစားလို့မရလို့ အချစ်အကြောင်းဆို ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်တယ်။ မရေးတတ်ဖူး။ အခုတစ်လောတော့ တဂ်တဲ့စာတွေရေးတယ်၊ ခင်မင်မှုလည်းတိုး ရယ်လဲရယ်ရ၊ အသိပညာတွေလဲ ရတော့ အဲလိုမျိုး တဂ်တွေတော့ ရေးဖြစ်တယ်။ ရေးနိုင်အောင်လဲ ကြိုးစားတယ်။ ကိုယ်ရေးချင်တာလေးတွေ ရေးနိုင်ဖို့တော့ အခုအချိန်လုပြီး စာဖတ်နေတယ်။ အချိန်ပေးပြီးလာဖတ်တဲ့သူတွေကို အကျိုးမယုတ် စေချင်တာပါ။

မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ
အဲဒါကို ဖြေဖို့တော့ နည်းနည်းဝန်လေးတယ်။ ရေးချင်တာက တော့ အတွေးအခေါ် ဒဿနတွေနဲ့ ရသ တွေပါ။ အထူးသဖြင့် စိတ်ပညာရောယှက်တဲ့ အတွေးအခေါ်မျိုး လူဘ၀ကို ထင်ဟတ်စေတဲ့ ရသမျိုးတွေရေးချင်တာ ။ အဲဒါတွေ ဖြစ်ဖို့ ၀မ်းစားပြည့်ဖို့လိုတယ်။ စာတွေများများဖတ်နေတယ်။ လူမမြင်တဲ့ နေရာတွေမှာ ရေးထားတယ်။ တန်းဝင်နိုင်လောက်ရင် တတ်သိတဲ့ လူတွေကိုပြမယ်။ပြီးတော့မှ လူမြင်ကွင်းကို ချပြမှာပါ။

မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။

လော့ဂ်တွေရဲ့ ကောင်းကွက်က အချိန်နဲ့ တပြေးညီ သတင်းတွေသိနိုင်တယ်။ အခု ကဒါဖီလိုမျိုး ၊ မနေ့က မြန်မာငလျင်လိုမျိုး၊ဒီနေ့ တင်ဖြစ်တဲ့ ၀ိုင်းစုလိုမျိုး၊ ပြီးခဲ့တဲ့ ဂျပန် ဆူနာမီလိုမျိုး ဒီဘလော့ဂ်တွေရဲ့ ကျေးဇူးတော်ကြောင့် အချိန်မှီ ပြင်ဆင်ဆောင်ရွက်စရာတွေကို အချိန်မဆိုင်းလုပ်နိုင်မယ်လို့ ထင်ပါတယ်။ စာပေနဲ့ ပတ်သက်တာတွေ လဲ မေးမြန်းဆေးနွေးနိုင်တယ်။ နည်းပညာအကူအညီတွေ အခမဲ့ရနိုင်နေတယ်။ ခင်မင်မှုတွေ တိုးစေတယ်။ လူလူချင်းရိုင်းပင်းကူညီမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာလို့မြင်ပါတယ်။ ဆိုးကွက်တွေကတော့ ရန်လိုက်ဖြစ်နေတာပ၊ဲ ဆွေးနွေးဝိုင်းပါဆို အတင်းပြောကြတယ်။ ငါတစ်ကော ကောကြတယ်။ ထင်မြင်ချက်ပေးပါဆို ဆဲကြတယ်။အမြင်မတူတာကို ရန်သူလို သဘောထားကြတယ်။ ဘာသာရေး ပုတ်ခတ်မှုတွေ ဆိုးဝါးကြတယ်။ အဲဒါတွေကိုတော့ ဆိုးကွက်တွေလို့မြင်ပါတယ်။

မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ

သူငယ်ချင်းတွေကိုတော့ ကောင်းတာ မှန်သမျှ ရှေ့ဆက်ပါလို့။ အားမငယ်နဲ့လို့၊ အားလုံးပဲ သိကြတဲ့ အတိုင်းလေ ဘ၀ဆိုတာကလဲ တိုက်ပွဲ ခယ်မဆိုတာက မပြစ်မှားသင့်ရာ သွားရည်စာမဟုတ်လား၊ တရုတ်လိုရှာ ကုလားလိုစု မြန်မာလို မသုံးနဲ့ဆိုတာတွေ နားမယောင်နဲ့၊ သောက်ရင်သေတတ်တဲ့ သေရည်တွေ မသောက်နဲ့၊ (ဘီယာလောက်ဆိုတော်သေး)၊ ဘယ်သူမှ အားမကိုးနဲ့၊ မိမိကိုယ်သာ ကိုးကွယ်ရာ။ ပိုက်ဆံပါရင် ငွေငါးရာလောက် ချေးစမ်းပါဗျာ။:D


မိုးယံ
(26.3.2011)



Saturday, March 26, 2011

ဝိုင်းစု သရုပ်ပျက်ပုံ

23 Mar 2011 တွင်ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ် ( Sedona Hotel ) ပြုလုပ်ခဲ့သော ကာနီဘို ဆယ်နှစ်ပြည့် အခမ်းအနားတွင် ဖျော်ဖြေခဲ့သော အဆိုတော် ၀ိုင်းစုခိုင်သိန်းရဲ့ နောက်ဆုံး ပေါ် ဖက်ရှင်နှင့် အခမ်းအနားဓါတ်ပုံများ

မြန်မာရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုတဲ့လားခင်ဗျာ ??????

အောက်ကလည်း ဘာစတော့ကင် ( stocking ) မှဝတ်ထားတဲ့ပုံမပေါ်ပါဘူး။

စင်မြင့်ပေါ်ကို ဒီလိုအဝတ်အစားမျိုးနဲ့တက်ဆိုရဲတာ ခေတ်မှီတာလား ????

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ရှေးရိုးအစဉ်အလာ ဝတ်စားဆင်ယင်မှု အတိုင်းလိုက်နာရမယ်လို့တော့

ကျွန်တော်လည်း တဖက်သတ် မယူဆပါဘူးဗျာ။ ဒါပေမယ့် အခုလိုဝတ်စားဆင်ယင်တာတော့ တဆိတ်လွန်တယ်ထင်ပါတယ်။

www. Burma Today .net

မှတင်ပြထားသောပုံများ ဖြစ်ပါသည်။


ရေအောက်မင်းသား ပေးပို့သည်။

***ကိုးကွယ်တယ်ဆိုတာဘာလဲ(၁) ***

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။
ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။

အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။

‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။
‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။

အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။
‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။


သရဏဆိုတာ

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။

‘သရဏ’ကို ကျမ်းဂန်တွေက ဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော ဆင်းရဲမှုကို သတ်တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။

‘သရဏ’ဆိုတာ ရှင်းရှင်း ပြောရင် ‘ညှဉ်းဆဲတတ်တာ၊ ပယ်သတ်တတ်တာပဲ’။
ဘာကို ညှဉ်းဆဲတတ်တာလဲ?
ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။

ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကို ဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။

ကာကွယ်ပေးတယ်လို့ သုံးကြစို့။
တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲတယ်လို့ ဒီလို သုံးရမယ်။
မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။


ဗုဒ္ဓသရဏဂုံ

မြတ်စွာဘုရားက မင်းတို့ အကုသိုလ်တွေ မလုပ်ကြနဲ့။ ဒီလို ဟောတယ်။
ကုသိုလ်ကို လုပ်ကြ။
အကုသိုလ်တွေ မလုပ်ကြနဲ့ဆိုတာ မကောင်းမှုတွေ ဖြစ်မှာ စိုးလို့ ပြောတာ။ အကျိုးစီးပွားတွေ ပျက်စီးမှာ စိုးလို့ မလုပ်ကြနဲ့လို့ ပြောတာနဲ့ အတူတူပဲ။
ကုသိုလ်ကို လုပ်ကြလို့ ပြောတာဟာ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ။

ဒါကြောင့် မြတ်စွာဘုရားဟာ သတ္တဝါတွေမှာ ဖြစ်မည့် ဘေးရန်တွေကို ကာကွယ်တယ်။ နှိပ်စက်တယ်။ ညှဉ်းဆဲတတ်တယ် ဆိုပြီး မြတ်စွာဘုရားကို သရဏလို့ ခေါ်တယ်။


ဓမ္မသရဏဂုံ

တရားတော်ကို သရဏလို့ ခေါ်တာကျတော့ တရားတော်ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန် ပရိယတ်တရားကို ခေါ်တယ်။
မဂ်ဖိုလ်ရလိုက်ရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး။
အပါယ်ကျမည့် ဘေးမှ စောင့်ရှောက်တတ်တယ်။

အဲဒီလို တရားထူးလေး တစ်ခါ ရလိုက်ရင် မိမိတို့အဖို့ သက်သာရာ ရတယ်လို့ ဆိုလိုတယ်။

လောကဆင်းရဲ ဒုက္ခကြားမှာ နေရပေမယ့် တရားထူးလေး ရလိုက်တဲ့အခါ အပါယ်လေးပါး ကင်းဖို့ သေချာသွားပြီပေါ့။
သက်သာရာ ရတယ်လို့ ကျမ်းဂန်က သုံးတယ်။

အဲဒီလို သက်သာရာကို ရစေခြင်းဖြင့် သတ္တဝါတို့မှာ ဖြစ်မည့် ဘေးရန်ကို တားဆီးတတ်တယ်။ ဖျက်ဆီးပေးတတ်တယ်။
ဒါကြောင့် တရားတော်ကို သရဏလို့ ခေါ်တယ်။


သံဃသရဏဂုံ

သံဃာကို သရဏလို့ ခေါ်တာကျတော့ သံဃာဆိုတာ နည်းနည်းလေး လှူလည်း အကျိုး အများကြီး ရတယ်။
သံဃာကို လှူတာနဲ့ ပုဂ္ဂိုလ်ကို လှူတာ မတူဘူး။

ပုဂ္ဂိုလ်ကို လှူတာက အဲဒီပုဂ္ဂိုလ်က ကောင်းရင် အကြောင်း မဟုတ်ဘူး။ မကောင်းရင် အလှူမှာ အကျိုး အရနည်းတယ်။ ကောင်းရင် အကျိုး အရများတယ်။

ကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာနဲ့ မကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာ ကွာတယ်။

ဒါကြောင့် သံဃာလို့ ဆိုလိုက်တာနဲ့ မကောင်းတဲ့ သံဃာလို့ ဘယ်တော့မှ မရှိဘူး။ ကောင်းတဲ့ သံဃာချည်းပဲ။
နည်းနည်းလေး လှူသော်လည်းပဲ အများကြီး အကျိုးပေးတဲ့အနေနဲ့ သတ္တဝါတွေရဲ့ အကျိုးမဲ့ဖြစ်စေမည့် ဘေးရန်ကို ပယ်ဖျက် တားဆီးတတ်သောကြောင့် သံဃာကို သရဏလို့ ခေါ်တယ်။

နောက်ပြီး သံဃာကလည်း ဘုရားရှင်ရဲ့ တရားကို လိုက်နာ ကျင့်သုံးပြီး ဘုရားရှင် ဟောကြားတဲ့အတိုင်း လူနတ်ဗြဟ္မာ သတ္တဝါများအား အကုသိုလ် မလုပ်ကြနဲ့။ ကုသိုလ်ကို လုပ်ကြလို့ ဟောတယ်။
လိုက်နာ ကိုးကွယ်သူများမှာ ဘေးရန် ဆင်းရဲ ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတယ်။

ဒါကြောင့် သံဃာကလည်း ကိုးကွယ်သူများအား ဆင်းရဲ ကင်းပျောက်၊ ချမ်းသာ ရောက်အောင် စောင့်ရှောက်တတ်လို့၊ ဆင်းရဲ ဘေးရန်တွေကို ပယ်သတ်တတ်လို့ သံဃာတော်ကို သရဏလို့ ခေါ်တာ။


သရဏဂမန = သရဏဂုံ

သရဏဆိုတာ ဘာလဲ?
ဘုရား တရား သံဃာပဲ။
မကောင်းမှုကို တားမြစ်တယ်။ ကောင်းမှုကို လုပ်အောင် အားပေး တိုက်တွန်းတတ်တယ်။

ဂမနဆိုတာ ပါဠိစကား၊ သွားခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။
ဒီနေရာမှာတော့ အဋ္ဌကထာဆရာက ‘သိခြင်း’ဆိုတဲ့ အဓိပ္ပာယ်ကို ယူပါတဲ့။

ဒါကြောင့် ‘သရဏဂမန’ဆိုတာ မြန်မာလိုတော့ ‘ကိုးကွယ်ခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ သိခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ အသိအမှတ် ပြုခြင်း’ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သိမှတ်ပါ၏။

ရိုးရိုး အဓိပ္ပာယ်နဲ့ ပြောရင် -
မြတ်စွာဘုရားကို ကိုးကွယ်ပါ၏
တရားတော်ကို ကိုးကွယ်ပါ၏
သံဃာတော်ကို ကိုးကွယ်ပါ၏။

အဲဒီလို ဆိုလိုက်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲ။
ဒါကတော့ အဘိဓမ္မာဆန်သွားပြီ။ ကုသိုလ်စိတ် ဖြစ်တယ်။

ဘုရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
တရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
သံဃာအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။

အဲဒီလို ယုံကြည်မှုကို ပါဠိလို ‘သဒ္ဓါ’လို့ ခေါ်တယ်။

တို့အခုလူတွေ သုံးနေတာတော့ ရက်ရောတာကို သဒ္ဓါလို့ သုံးနေကြတယ်။
ဒီပုဂ္ဂိုလ်က သဒ္ဓါတရား ကောင်းတယ်ဟေ့၊ များများ လှူတယ်၊ ခဏ ခဏ လှူတယ်ဟေ့လို့ ဒီလို သုံးတတ်တယ်။

တကယ်တော့ သဒ္ဓါတရား ကောင်းတယ်ဆိုတာ ‘ဘုရား တရား သံဃာတွေရဲ့ အပေါ်မှာ မှန်ကန်တဲ့ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်’ကို သဒ္ဓါတရားကောင်းတယ်လို့ ခေါ်တာ။
အဲဒီ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်ဟာ အလှူအတန်းလည်းပဲ လက်မနှေးဘူး။ ဒါကြောင့် ရက်ရောတဲ့ ပုဂ္ဂိုလ်ကိုလည်း သဒ္ဓါတရားကောင်းတယ်လို့ မြန်မာစကားမှာ သုံးတာ။


သမ္မာဒိဋ္ဌိ

ဘုရား တရား သံဃာကို ယုံကြည်လာပြီဆိုတော့ အဲဒီ သဒ္ဓါတရားတွေကို အကြောင်းပြုပြီး ကိုယ့်မှာ မှန်ကန်တဲ့ အယူတွေ ဖြစ်လာတယ်။

ဘုရားနဲ့ ပတ်သက်ပြီးတော့ ဘုရားဟာ တကယ် ရှိတယ်။
အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တရားဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်။

သံဃာ့ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်။

အဲဒီ ဘုရား တရား သံဃာကို ယုံကြည်တဲ့အတွက် မှန်ကန်တဲ့ အယူအဆတွေလည်း ကိုယ့်မှာ ရလာတယ်။
အဲဒါ သမ္မာဒိဋ္ဌိပေါ့။

အဲဒီလို ဖြစ်တဲ့ စိတ်ကို သရဏဂုံယူခြင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းကို အတိအကျ ပြောစမ်းပါဆိုရင် ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်၊ အာရုံပြုပြီးတော့ ယုံကြည်တဲ့ စိတ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ခေါင်းထဲမှာ …. ဘုန်းကြီးတွေကတော့ ခေါင်းထဲမှာလို့ မသုံးဘူး။ နှလုံးထဲမှာလို့ သုံးတယ်။ …. နှလုံးထဲမှာ ဖြစ်တယ်။
အဲဒီစိတ်ကလေး ဖြစ်တာကို သရဏဂုံယူတယ်လို့ ခေါ်တယ်။

သရဏဂုံယူရင်လည်း ဒီစိတ် တကယ် ဖြစ်တယ်။


နားလည်မှုပါမှ သရဏဂုံ စစ်

ဒါဖြင့် မင်းတို့ ခုနက သရဏဂုံယူခဲ့ကြတယ် ….. ဟုတ်ရဲ့လား?
သရဏဂုံ တည်ခဲ့ကြတာ ဟုတ်ရဲ့လား?
ဖြေရ … ခက်နေပြီ။

ဒါပေမယ့် ငါတို့ … ဘုရား တရား သံဃာကို ကိုးကွယ်နေတယ် … ရှိခိုးနေတယ်လို့ အသိလေးတော့ ရှိနေမှာပေါ့။
အေး … ဒီကနေ့က စပြီး မင်းတို့ သရဏဂုံ အစစ်ရပြီ … မှတ်ထားပါ။

သရဏဂုံယူတဲ့အခါ နားလည်မှု ရှိပါမှ သရဏဂုံ အစစ် ရတယ်။

‘သိတဲ့စိတ် မပါဘဲနဲ့ ရွတ်တာ’၊ ‘ကိုယ့်အစား သူများက ယူပေးတာ’၊ သရဏဂုံအစစ် မရဘူးတဲ့။

မြတ်စွာဘုရားလက်ထက်တော်က ဗောဓိမင်းသားဆိုတာ ရှိတယ်။ ဒီမင်းသား သူ့အမေဝမ်းမှာ ကိုယ်ဝန်ရှိတဲ့အခါ သူ့အမေက မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ ယခု တပည့်တော်မမှာ ကိုယ်ဝန် ရှိနေပါတယ်။ ယောက်ျားလေးဖြစ်လား၊ မိန်းကလေးဖြစ်လား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးဟာ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုပါတယ်ဘုရား”လို့ လျှောက်တယ်။

မွေးလာပြီးတဲ့နောက် ကလေးဘဝမှာပဲ မသိတတ်သေးတဲ့အရွယ်မှာ အထိန်းတော်က မြတ်စွာဘုရားဆီ ခေါ်သွားပြီးတော့ လျှောက်ပြန်တယ်။ ဒီကလေးဟာ အရှင်ဘုရားကို ကိုးကွယ်ပါတယ်၊ ဆည်းကပ်ပါတယ်။

တစ်နေ့မှာ မြတ်စွာဘုရား သူ့ဆီကြွလာပြီးတော့ တရားဟောတယ်။
တရားဆုံးတော့ မြတ်စွာဘုရားကို သူ သဘောကျတယ်။ သူ့သူငယ်ချင်းကလည်း အနီးအနားမှာ ရှိနေတော့ ပြောတယ်။
မင်းက ဘုရားကိုတော့ ချီးမွမ်းနေတယ်။ ဒါပေမယ့် သရဏဂုံလည်း မယူဘူးလို့ ပြောတယ်တဲ့။

ဒီတော့ သူက ပြန်ပြောတယ်။
ဟေ့ … ငါက အမေ့ဗိုက်ထဲမှာ နေကတည်းက သရဏဂုံ ယူခဲ့တာကွ။ ကလေးဘဝတုန်းကတည်းက သရဏဂုံ ယူခဲ့တာ။ မင်းပြောလို့ အခုလည်း ငါ ထပ်ယူပါတယ်လို့ ပြောတယ်။

အဲဒီမှာ အဋ္ဌကထာက ဖွင့်တယ်။
ဟိုတုန်းက ဗိုက်ထဲမှာ သရဏဂုံယူတာ မရဘူးလို့ ပြောတယ်။
သရဏဂုံဆိုတာ စိတ်အသိဉာဏ် ပါမှ ရတယ်။

ကလေးဘဝက ယူတာလည်း မရဘူးတဲ့။

သို့သော် သူသိတတ်တဲ့ အရွယ်ရောက်တဲ့အခါ အမေက ပြောတယ် ဆိုပါတော့။ ငါ မင်းကို ကိုယ်ဝန်ရှိတုန်းက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ အထိန်းတော်ကလည်း ပြောတယ်။ မင်းကလေးဖြစ်စဉ်တုန်းက ငါက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။
သြော် … ဟုတ်ပေသားပဲလို့ သူက အသိအမှတ် ပြုလိုက်ရင် သရဏဂုံ ရမယ်။
ဒီလိုမှ မဟုတ်ရင် သရဏဂုံ မရဘူးတဲ့။

ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဆိုနေရင် အဲဒီ အသိလေး ပါနေစေချင်တယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ”ကတော့ နေ့တိုင်းလောက် ဆိုနေမယ် ထင်တယ်နော်။

ဒီနေ့က စပြီး အဲဒီ အသိကလေးပါနေရင် နေ့တိုင်း သရဏဂုံ အပြည့်အဝ တည်နေပြီလို့ မှတ်ရမယ်။
ဒီမတိုင်ခင်ကဆိုရင် မင်းတို့ ရချင်မှ ရမယ်။ အတိအကျ မသိနိုင်ဘူး။

အေး … သရဏဂုံ-ကိုးကွယ်ရာလို့ ဆိုပြီး ဆည်းကပ်တာက ဘာလဲလို့ မေးရင်တော့ တိတိကျကျ ပြောရရင် ကိုးကွယ်တဲ့အခါ ခေါင်းထဲမှာ နှလုံးထဲမှာ ဖြစ်တဲ့ ကုသိုလ်စိတ်ကို ခေါ်တယ်။

မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်လို့ ဆိုတဲ့အခါမှာ မင်းတို့ စိတ်ထဲမှာ မကောင်းတာတွေ ရှိသေးလား? လောဘတို့ ဒေါသတို့ ရှိသေးလား?

မရှိဘူး။ အဲဒီ အချိန်အခါမှာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ ကင်းနေတယ်ပေါ့။
အဲဒီလို ကိလေသာတွေ ကင်းပြီးတော့ ဘုရားကို ကိုးကွယ်တဲ့ စိတ် မိမိသန္တာန်မှာ ဖြစ်နေတယ်။
အဲဒါကို သရဏဂုံလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ သိတယ်၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တယ်။
အဲဒါကြောင့် ငါတို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မကောင်းမှုမှ တားမြစ်တယ်။ ကောင်းမှုကို တိုက်တွန်းပေးတတ်တယ်ဆိုတဲ့ အနေနဲ့ အသိအမှတ်ပြုတာကို ကိုးကွယ်တယ် ဆိုတယ်။


ကိုးကွယ်တယ်ဆိုတာ တရားကို ကျင့်တာ

တို့ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာဟာ ဟောကြားရုံပဲ ရှိတယ်။
ကိုယ် ကိုယ်တိုင်က ကျင့်ရတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်က ပြောထားတယ်။ ငါကိုယ်တိုင် ဒီတရားကို သိပြီးလို့ ခုမင်းတို့ကို ဟောတာ။ အခု မင်းတို့က ကိုယ့်ဟာကိုယ် ဝီရိယစိုက်ပြီး ကျင့်ရမယ်တဲ့။

တို့ ဘုရားဆိုတာ ဟောကြားရုံပဲ ဟောကြားနိုင်တယ်။ ဆိုလိုတာကတော့ ‘ရော့ မင်းတို့အတွက် နိဗ္ဗာန်’လို့ မပေးနိုင်ဘူး။
သွားတောင်းလည်း အလကားပဲ။

ဘုရားဆီမှာ နိဗ္ဗာန်ကို တောင်းလို့ ဘုရားကလည်း ပေးနိုင်တာမှ မဟုတ်တာ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကျင့်ရမယ်။ ကိုယ်ကိုယ်တိုင် ကောင်းတာလုပ်ရင် အဲဒီ ကောင်းတဲ့အကျိုးကို ကိုယ်ကိုယ်တိုင် ရမယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ကိုယ်ပဲ ရမယ်။ သူများက ကိုယ့်အတွက် တာဝန်ခံတာမျိုး မရှိဘူး။

ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏လို့ ဘယ်လောက် ဆိုနေ ဆိုနေ၊ မကျင့်ရင် မရဘူး။

တစ်ဖက်မှာ ကိုယ်တိုင် ကျင့်မှ ရတယ်ဆိုတဲ့ စကား ရှိတယ်။
ဒီဘက်ကျတော့ တို့က ဘုရားကို ကိုးကွယ်နေတယ်၊ အားထားနေတယ်ဆိုတော့ အဓိပ္ပာယ်ရှိရဲ့လား။
ဘုရားကို အားကိုးတယ်ဆိုတာ ကျောင်းသားက ဆရာကို အားကိုးနည်းမျိုး အားကိုးတာ။ ကျောင်းမှာ ဆရာက ကျောင်းသားအတွက် စာမကျက်ပေးနိုင်ဘူး၊ သင်ပြပေးတယ်။
မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို ကျင့်ကြလို့ပဲ ညွှန်ပြပေးနိုင်တယ်။ မင်းတို့ သွားကစားနေကွာ၊ မင်းတို့အတွက် ငါကျက်ထားပေးမယ်၊ ဒီလို လုပ်လို့ မရဘူး။

အဲဒီလိုပဲ မြတ်စွာဘုရားက မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို နေကြ၊ ဘယ်လို တရားကျင့်ကြ၊ အဲဒီလို လေ့ကျင့်ပေးတယ်။ ဟောကြားပေးတယ်။ အဲဒီလိုသာ လုပ်ပေးနိုင်တယ်။

ဒါကြောင့် ဘုရား တရား သံဃာ ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားကို လမ်းကောင်း လမ်းမှန် ညွှန်ပြပေးနိုင်တဲ့ ဆရာအဖြစ် အသိအမှတ် ပြုတယ်၊ အားထားတယ်။ တရားကိုလည်း ဆရာအဖြစ် အသိအမှတ် ပြုတယ်။ အဲဒါကိုပဲ ကိုးကွယ်တယ်လို့ ဆိုတာ။
ကိုးကွယ်တယ်ဆိုတာ ကလေးက အမေကို အားကိုးတာမျိုး မဟုတ်ဘူး။ ငါကိုးကွယ်ရင် ပြီးရော၊ ကျန်တာတွေ ဘုရားက အကုန်လုံး လုပ်ပေးလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်နဲ့ အားကိုးတာလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ပါ။


ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ

source Daily Mail

Thursday, March 24, 2011

စာဖတ်ပရိသတ်က ရေးခိုင်းလို့ပါ

Written by လူထုစိန်ဝင်း

w6604

ထူးခြားဖြစ်စဉ် တစ်ခုခု ကြားရပြီဆိုရင် မိတ်ဆွေများက ဖုန်းဆက်ပြီး ဘာထူးလဲလို့ အမြဲမေးတတ်ကြတယ်။ အိမ်မှာက ဂျာနယ်တိုက်ပေါင်းစုံက လူတွေ၊ စာပေလောက သားတွေ၊ နိုင်ငံခြားသား သတင်းထောက်တွေ နေ့စဉ် အ၀င်အထွက်များသလို ကျောင်းသူကျောင်းသား လူငယ်လူရွယ်တွေလည်း အလာများတာကြောင့် သတင်းစုံ ရပ်ကွက်အဖြစ် သဘောထားပြီး မေးကြတာ ဖြစ်တယ်။


စာဖတ်သူများရဲ့ ကျေးဇူး
ဟုတ်သလောက်လည်း ဟုတ်ပါတယ်။ အိမ်ထဲကအိမ်ပြင် မထွက်နိုင်တဲ့သူ ဖြစ်ပေမယ့် လူပေါင်းစုံ ၀င်ထွက် သွားလာနေတာကြောင့် သတင်းတွေနဲ့ အဆက် သိပ်မပြတ်ဘူး။ သတင်းတွေနဲ့ အဆက်မပြတ်တော့ ခေတ်ကို မျက်ခြည်မပြတ်ဘူး။ မေတ္တာနဲ့ လာရောက်ကြ သူတွေကို ကျေးဇူးတင်ရပါတယ်။ 'နီးရာနက' တွေအပြင် စာဖတ်သူများရဲ့ ကျေးဇူးတွေလည်း မကင်းပါဘူး။ မြန်မာပြည် အနှံ့အပြား က စာနဲ့ရေးသူကရေး၊ ဖုန်းဆက်သူကဆက်ပြီး သတင်းစကားမျိုးစုံ ပါးတတ်ကြတယ်။ အဲဒီ ကျေးဇူးတွေကြောင့် ဒါလောက် အများကြီး စာတွေ ရေးနိုင်နေတာပါ။ အတော်များများက ဂျာနယ်၊ မဂ္ဂဇင်းပေါင်းစုံမှာ စာတွေအများကြီး ရေးနေနိုင်တာကို တအံ့တသြ ဖြစ်ကြတယ်။ မိတ်ဆွေများနဲ့ စာဖတ်သူများရဲ့ ကောင်းမှုကြောင့် ဒီလို ရေးနေနိုင်တာပါလို့ ပြန်ပြောရပါတယ်။
ဘကြီးမိုးရဲ့ စကား ဒီအကြောင်းပြောတော့ ဘကြီးမိုးလို့ လူသိများတဲ့ သူငယ်ချင်းကြီး မောင်မိုးသူ ပြောလေ့ပြောထရှိတဲ့ စကားကို သွားသတိရမိတယ်။ ဒေါ်ဒေါ် (လူထုအမေမာ)က မောင်မိုးသူကို ကာလသားကြီးလုပ်ပြီး လူငယ်တွေကြားမှာ တ၀ါးဝါး တဟားဟား
လုပ်နေတာ တွေ့မြင်ရတိုင်း စာမရေးဘဲ နေရကောင်းလားလို့ ကြိမ်းမောင်းလေ့ရှိတယ်။ ''မောင်စိန်ဝင်းများ ဘယ်လောက်ရေးနေ သလဲ''လို့လည်း နှိုင်းယှဉ် ပြောလေ့ရှိတယ်။ အဲဒီအခါ မောင်မိုးသူက ''ဒေါ်ဒေါ်ကလည်း သူက တစ်နေ့လုံး အိမ်ထဲမှာပဲ နေရတဲ့သူ၊ ရေးနိုင်မှာပေါ့ ကျွန်တော်တို့က လည်ရသေးတာ''လို့ ပြန်ဖြေလေ့ရှိတယ်


ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်ပွဲကြီးတွေ ဖန်တီးခဲ့တာလည်း တောသူတောင်သား
ဆင်းရဲသားတွေ မဟုတ်ပါဘူး။ မြို့နေ ရေပေါ်ဆီ လူတန်းစား (အီလစ်)တွေနဲ့
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စီးပွားရေးသမား လူချမ်းသာတွေကြောင့်
စစ်ပွဲကြီးတွေ ဖြစ်ခဲ့ကြပြီး တိုင်းပြည်တွေပျက် လူတွေသေခဲ့ကြရတာ ဖြစ်တယ်
ဆိုတာလောက်တော့ . . .


လိုင်စင်ရဒုက္ခိတ
မှန်ပါတယ်။ အိမ်ထဲကအိမ်ပြင် မထွက်နိုင်တာလည်း အကြောင်း တစ်ခု ဖြစ်ပါတယ်။ သာရေး၊ နာရေး ဆိုတဲ့ လောက၀တ် တွေနဲ့ ကင်းလွတ်ခွင့် လိုင်စင်ရထားတဲ့ ဒုက္ခိတတစ်ယောက်ဖြစ်တော့ ရှိရှိသမျ အချိန်အားလုံးကို ကိုယ်ကြိုက်သလို စီမံဖန်တီး ခွင့်ရတယ်။ စာဖတ်ချင်သလောက် ဖတ်၊ ရေးချင်သလောက် ရေးနေနိုင်တယ်။ မိတ်ဆွေ အပေါင်းအသင်း အားလုံးကလည်း ''သူက အပြင်ထွက်နိုင်ရှာတာ မဟုတ်ဘူး'' ဆိုတဲ့ မေတ္တာစိတ်နဲ့ မပျက်မကွက် လာကြတယ်။ ဂျာနယ်မဂ္ဂဇင်းတွေကလည်း အလားတူပဲ။ ''လာနိုင်တာ မဟုတ်ဘူး'' ဆိုပြီး အိမ်လာ စာမူယူကြ၊ ဂျာနယ်လာပို့ကြ လုပ်ပေးကြတယ်။ ခြုံပြောရရင်တော့ မေတ္တာတွေကြောင့် ရှင်သန်နေရတာလို့ပဲ ပြောရမှာပါ။


အလေးအနက်ဖတ်သူ
နယ်ပေါင်းစုံက စာဖတ်သူများက စာတစ်တန်၊ ဖုန်းတစ်တန်နဲ့ သတင်းပေါင်းစုံ ပြောတတ်ကြသလို သူတို့ ရေးစေချင်တာတွေလည်း ဒါလေးတော့ ရေးသင့်တာထင်တယ်။ ဟိုဟာလေးတော့ ထောက်ပြ ဝေဖန်သင့်တယ် ထင်တယ်။ ဒီကိစ္စကတော့ ပြောမှကို ဖြစ်တော့မှာ စသဖြင့် စသဖြင့်လည်း အကြံပေးဉာဏ်ပေး လုပ်တတ်ကြတယ်။ ဒါမျိုးတွေကြောင့်လည်း ရေးစရာတွေ မပြတ်ရှိနေတာ ဖြစ်ပါတယ်။ မနေ့ကလည်း မန္တလေးက စာဖတ်သူတစ်ယောက်က ဖုန်းဆက်ပြီး သူဘ၀င်မကျ ဖြစ်နေတာတွေကို ပြောပြတယ်။ သူက စာဖတ်သက် နှစ်ငါးဆယ်လောက် ရှိသူဖြစ်တယ်။ ဖတ်တဲ့အခါမှာလည်း အပျင်းပြေ အပျော်ဖတ်သဘော မဟုတ်ဘဲ
အလေးအနက်ဖတ်သူ (Serious Reader) ဖြစ်ပါတယ်။ ဖတ်ပြီးတာနဲ့ စေ့စေ့ စပ်စပ် ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်သူ(analytial thinking)လုပ်သူ ဖြစ်ပါတယ်။


အရက်သောက်တာပဲ လွမ်းစရာရှိသလား
အခုရက်ပိုင်း အတွင်း မဂ္ဂဇင်းတွေဖတ်ရင်းနဲ့ ကဗျာဆရာ မောင်ချောနွယ်တို့ ကဗျာဆရာ မောင်လေးအောင် တို့ကို တမ်းတတဲ့ အလွမ်းစာတွေဖတ်ပြီး တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်လို့ အစချီပြီး ပြောပြသွားတာပါ။ မောင်ချောနွယ်တို့ မောင်လေးအောင် တို့အကြောင်း ရေးသူတွေက သူတို့စာတွေ၊ ကဗျာတွေ အကြောင်း ခံစားပြတာတွေ သုံးသပ်ပြတာတွေ ရေးတာက နည်းနည်းလေးပဲ တွေ့ရပြီး စာတစ်ပုဒ်လုံးမှာ သူတို့နဲ့ဘယ်နေရာမှာ ဘယ်လို အရက်သောက်တဲ့အကြောင်း၊ အရက်မူးရင် သူတို့ ဘာတွေပြောပြီး ဘယ်လိုငိုတတ်တဲ့အကြောင်း စတဲ့ အရက် အကြောင်းတွေပဲ အများဆုံး ရေးကြတဲ့အကြောင်း ဒီစာတွေကို ဖတ်မိပြီး တော့ မောင်ချောနွယ်၊ မောင်လေးအောင် တို့လို ကဗျာဆရာတွေမှာ လွမ်းစရာဆိုလို့ အရက်သောက်တာ တစ်ခုတည်းပဲ ရှိသလားလို့ စာဖတ် ပရိသတ်က ထင်မှတ်သွားစေနိုင်တဲ့ အကြောင်း၊ ဒါ့အပြင် သူတို့ရဲ့ ဇနီး သားသမီးတွေ၊ ချစ်သူခင်သူတွေ အတွက်လည်း
စိတ်ထိခိုက်စရာ ဖြစ်သွားစေနိုင်ကြောင်း အကျယ်တ၀င့် ပြောပြသွားပါတယ်။


သေနတ်ထက် ကြောက်စရာကောင်းတဲ့ ကလောင်
အဆိုးဆုံးကတော့ အရက် သောက်တဲ့အကြောင်းကို ဖုံးဖုံးဖိဖိ မလုပ်ဘဲ မြိန်ရှည်ရှက်ရည်ကြီးကို ရေးနေကြတာပါပဲ။ နောက်ဆုံး သူ့စကားက တော်တော်စိတ်ပျက်ပုံရတဲ့ အသံမျိုး ဖြစ်နေတယ်။ အရက် သောက်တာကို အပြစ်မတင်ပါဘူး။ ကြိုက်လို့ သောက်တာ သောက်ကြပါ။ ဒါပေမဲ့ လူငယ်တွေ အတုယူ မမှားအောင် အရက်သောက်တာကို မြိန်မြိန်ရှက်ရှက်ကြီးတော့ မရေးကြစေချင်ဘူး။ စာပေစွမ်းအားဟာ အင်မတန်ကြီးပါတယ်။
သေနတ်ကိုင်ထားတဲ့ လက်က သူ့မှာရှိတဲ့ ကျည်တစ်ကပ်စာထက် လူပို မသတ်နိုင်ဘူး။ ကျည်ကုန်သွားရင် သူ့သေနတ်က ဘာမှ အသုံးမကျတော့ဘူး။ ထင်သလောက် ကြောက်စရာ မကောင်းဘူး။ ကလောင်ကိုင်ထားတဲ့ လက်ကတော့
လူပေါင်းမြောက်မြားစွာရဲ့ ဘ၀တွေကို ဖျက်ဆီးပစ်နိုင် တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် ပိုပြီး ကြောက်စရာကောင်းတယ်။ ဆင်ခြင်တုံတရားနဲ့ သိပ်ပြီး
သတိထားနိုင်မှ တော်ကာကျပါတယ်။


ဆင်းရဲသားမို့ အထင်သေး
မန္တလေးက စာဖတ်သူ ဒုတိယ ပြောတာကတော့ သဘာဝသရုပ်ဖော် အမည်ခံ ၀တ္ထုမျိုးတွေ ရေးသားတဲ့ စာရေးဆရာတွေနဲ့ ပတ်သက်ပါတယ်။ တောင်သူတောင်သားတွေနဲ့ ဆင်းရဲ သားတွေအကြောင်း ရေးကြသူ အများစုဟာ သူတို့တတွေ ပညာမတတ်လို့ စရိုက်ကြမ်းပုံတွေ၊ တစ်ယောက်နဲ့ တစ်ယောက် ငွေတစ်မတ်လောက်နဲ့ ထသတ်ကြပုံမျိုးတွေကို လူ့သဘာဝဆိုပြီး ရေးနေကြတာတွေဟာ တောသူ တောင်သား ဆင်းရဲသားတွေ အကြောင်း အမှန်တကယ် မသိဘဲနဲ့ အပေါ်စီးက
ငုံ့ကြည့်ပြီး ရေးတာတွေ ဖြစ်နေလို့၊ ဆင်းရဲသားနဲ့ တောသူ တောင်သားတွေကို အထင်မြင်သေး ရှုတ်ချ စော်ကားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။
ဆင်းရဲသားနဲ့ တောင်သူတောင်သားတွေဟာ ဆင်းရဲကြလို့ ပညာ မတတ်ကြဘူး။ အပြောအဆို အနေအထိုင် ကြမ်းတမ်းတယ်။ ကြမ်းပေမယ့် လူအချင်းချင်း ရိုင်းစိုင်း ယုတ်မာတာမျိုးတွေတော့ မရှိဘူး။ အိမ်နီးချင်းတွေ ရန်ဖြစ်ချင် ဖြစ်ကြမယ်။ ဒါပေမဲ့ သူအိမ်မှာ ဆန်မရှိဘူးဆိုရင်တော့ ကိုယ်ရှိတဲ့  ဆန်ကလေး ခွဲပေးကြတာပဲ။ သူ့အိမ်က ငါးပိရေကျို အနံ့ကလေးရရင် ပန်းကန်လေး ကောက်ဆွဲပြီး သွားတောင်းလိုက်ကြတာပဲ။ မြို့သားတွေလို ဟန်မဆောင်ဘူး။ မကောက်ကျစ်ဘူး။ မျက်နှာက ပြုံးပြီး ၀မ်းတွင်း မပုပ်ဘူးလို့လည်း မခံမရပ်နိုင် ပြောပါတယ်။


စာရေးဆရာတွေ သတိထား
ဒါတင်မက လတ်တလော ဖြစ်ခဲ့တဲ့ မန္တလေး ရေကြီးမှုမှာ ရေဘေး ဒုက္ခသည်တွေ အတွက် ထမင်းထုပ်တွေ လိုက်ကောက်တာ့
သူဌေးရပ်ကွက်တွေက တာဝန်ကျေ တစ်အိမ်တစ်ထုပ်သာ ပေးကြပေမယ့် ဆင်းရဲသား ရပ်ကွက်တွေကတော့
တစ်အိမ်ကို နှစ်ထုပ်၊ သုံးထုပ် ပေးကြတယ်။ ငါးထုပ် ခြောက်ထုပ် ပေးသူတွေလည်း ရှိတယ်။ ဘ၀တူတွေချင်းမို့ ကိုယ်ချင်းစာစိတ် ရှိကြတယ်လို့လည်း နမူနာပြ ပြောလိုက်ပါသေးတယ်။ ဒီအချက်ကို စာရေးဆရာတွေ သတိထားသင့်ကြတယ်လို့
ထင်ပါတယ်။ ဘ၀သရုပ်ဖော် ၀တ္ထု၊ သရုပ်မှန် ၀တ္ထုလို့ဆိုတဲ့ အခါတိုင်း စာရေးဆရာအများစုက ဆင်းရဲမွဲတေတာနဲ့ စုတ်ပြတ်နုံချာတာတွေပဲ ရေးတတ်ကြတယ်။
ဒါလို ရေးတာတွေ ဖတ်ရတာ များလွန်းမက များလာတော့ စာဖတ်သူတွေက ငြီးငွေ့သွားပြီး မဖတ်ချင်တော့ဘူး။ တချို့က ကိုယ့်မှာရှိတဲ့ သောကတွေနဲ့ စိတ်ဖိစီးမှုတွေ ဖြေလျော့ချင်လို့ စာဖတ် ကြပြီး တချို့က အမောအပန်းဖြေဖို့ စာဖတ်ကြတာဖြစ်တယ်။


သဘာဝမှန်၊ စရိုက်မှန်ရင်
ဆင်းရဲမွဲတေတာတွေနဲ့ ခံရတာတွေချည်း ဖတ်ရတော့ အမောတွေ အပန်းတွေ မပျောက်တဲ့အပြင် ပိုပြီးတောင် စိတ်ညစ် သွားစေတယ်။ ဆင်းရဲတဲ့အကြောင်းရေးမှ မဟုတ်ပါဘူး။ လူချမ်းသာအကြောင်း ရေးရင်လည်း လူချမ်းသာတွေရဲ့ အမူအကျင့်နဲ့ စ ရိုက်တွေကို ပီပြင်အောင် ရေးပြတတ်ရင် ဘ၀သရုပ်ဖော် ခေါ်နိုင်တာပါပဲ။ ပညာတတ် လူတန်းစားတွေအကြောင်း ရေးပြရင်လည်း ပညာတတ်တွေရဲ့ စရိုက်သဘာဝတွေကို မှန်မှန်ကန်ကန် တိတိကျကျ ရေးပြနိုင်ရင် ပီပြင်တဲ့ ဘ၀သရုပ်ဖော် ဖြစ်ပါတယ်။ လူ့သဘာဝမှန်၊ စရိုက်မှန်ကို မှန်တဲ့အတိုင်း မြင်တတ်၊ ဆင်ခြင်သုံးသပ်ပြီး ရေးပြတတ်ရင် သရုပ်မှန်ဝတ္ထု၊ ဘ၀သရုပ်ဖော်ဝတ္ထု ဖြစ်တယ်လို့ ယူဆပါတယ်။


ရေပေါ်ဆီတွေကြောင့်ပါ
ဇာတ်ထဲက လူရွှင်တော်တွေတောင်မှ ခြေမသန်တဲ့သူ၊ မျက်စိတစ်ဖက်လပ် ဖြစ်တဲ့သူ စတဲ့ အားနည်းချို့ယွင်းချက် တစ်ခုခု ရှိနေသူတွေကို မလှောင်ရ၊ မပြောင်ရ၊ မပြက်ရဘူးဆိုတဲ့ ကျင့်ဝတ်ကို လိုက်နာ စောင့်ထိန်းကြပါတယ်။ အဖိနှိပ်ခံ ဆင်းရဲသား နင်းပြားတွေကို လှောင်ပြောင်သရော်တာ၊ နှိမ့်ချပြောဆိုတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ အခြေခံ လူ့ကျင့်ဝတ်လေးလောက်ကိုတော့ စာရေးဆရာတွေ ထိန်းသိမ်းဖို့ သိသင့်တယ်လို့ ယူဆပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကိုပဲ ကြည့်ကြည့် တောသူတောင်သား
ဆင်းရဲသားတွေကြောင့် တိုင်းပြည်ပျက်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။
ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်ပွဲကြီးတွေ ဖန်တီးခဲ့တာလည်း တောသူတောင်သား ဆင်းရဲသားတွေ မဟုတ်ပါဘူး။ မြို့နေ ရေပေါ်ဆီလူတန်းစား (အီလစ်)တွေနဲ့ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ စီးပွားရေးသမား လူချမ်းသာတွေကြောင့်
စစ်ပွဲကြီးတွေ ဖြစ်ခဲ့ကြပြီး တိုင်းပြည်တွေပျက် လူတွေသေခဲ့ကြရတာ ဖြစ်တယ်ဆိုတာလောက်တော့ စာရေးဆရာတွေ သိသင့်ကြတယ် မဟုတ်ဘူးလားဗျာ။


www.news.eleven.com

Tuesday, March 22, 2011

ဘလော့ဂ်ဂါ စကားဝိုင်း

ဘလော့ဂ်ဂါ စကားဝိုင်းမှ သူငယ်ချင်းအပေါင်းအသင်းအားလုံးကို ကြိုဆိုပါတယ်ခင်ဗျာ …. ။ ကျွန်တော်တို့ ဘလော့ဂ်ဂါ စကားဝိုင်းလေးက ဘလော့ဂ်ဂါ တွေတင်မဟုတ်ပါဘူး အွန်လိုင်းပေါ်မှာရှိတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေအားလုံး လွတ်လွတ်လပ်လပ်နဲ့ ဆွေးနွေးပြောဆိုနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ့ ညီအစ်ကို ဘလော့ဂ်ဂါ တွေရော အွန်လိုင်းမှ သူငယ်ချင်းတွေရော ဒီနေရာလေးမှာ နည်းပညာပိုင်း ၊ စာပေ ၊ ရသ ၊ အနုပညာ ၊ လူမှုဘ၀ အစရှိတဲ့ ပုံစံမျိုးစုံ ဆွေးနွေးချက်မျိုးစုံတို့ကို လွတ်လပ်စွာ ဆွေးနွေးတိုင်ပင် ကြရင်း ဘလော့ဂ်ဂါ များသာမက အွန်လိုင်းပေါ်က သူငယ်ချင်းများ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးပြီး နွေးထွေးတဲ့ လူမှုကွန်ယက်လေးတစ်ခုကို ဖေါ်ဆောင်ချင်တဲ့ စိတ်ကူးတစ်ခုတည်းနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ် ။ ကျွန်တော်တို့ ဘလော့ဂ်ဂါ စကားဝိုင်းမှာ တစ်ခြားပိုစ့်တွေတင်မည် မဟုတ်ပဲ … ဆွေးနွေးလိုသူများ တောင်းဆိုသော ခေါင်းစဉ်များဖြင့် ပို့စ် များတည်ဆောက်ပြီး ကွန့်မန့်များတွင် ဆွေးနွေးတိုင်ပင်သည့် ပုံစံမျိုးဖြင့် ကျွန်တော်တို့ စကားဝိုင်းလေးကို အသက်သွင်းဖို့စီစဉ်ထားပါတယ် … ။ ဒီဆိုက်လေးမှာ ကျွန်တော် အပါအ၀င် ဒီဆိုက်အတွက် ပါဝင်ကူညီသူများက ဆိုက်ပြင်ဆင်မွန်းမံ သူများအနေနဲ့သာ တည်ရှိနေမှာဖြစ်ပြီး ဆွေးနွေးသည့်ခေါင်းစဉ်များ … ဆွေးနွေးလိုသည့် အကြောင်းအရာများအားလုံးမှာ လွတ်လပ်စွာတည်ရှိနေမှာ ဖြစ်ပါတယ် …. ။ ဆွေးနွေးပြောဆိုရာတွင်လည်း တစ်ဦးတစ်ယောက်တည်းမှ ဒိုင်ခံ ဖြေရှင်းပြောဆိုချင်းမျိုးမဟုတ်ပဲ တစ်ယောက်နှင့်တစ်ယောက် အသိပညာ မျှဝေတဲ့ပုံစံမျိုးနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးလိုသည့် ခေါင်းစဉ်(သို့) အကြောင်းအရာများကို “ဆွေးနွေးလိုသည့် အကြောင်းအရာများ” ဆိုသည့် ပိုစ့် အောက်မှ ကွန်မန့် မန့်ရန်နေရာတွင် ရေးသားခဲ့နိုင်ပါသည် ။ သူငယ်ချင်းတို့ ဖွင့်လှစ်တောင်းဆိုသော ဆွေးနွေးသည့်ခေါင်းစဉ်များကို တောင်းဆိုသူ (သို့)ဆွေးနွေးချက် ဖွင့်လှစ်သူ၏ နာမည်ဖြင့် ဆွေးနွေးချက်ပိုစ့်များကို တင်ပေးမှာဖြစ်ပါတယ် ။ဘလော့ဂ်ဂါ စကားဝိုင်း ၀ိုင်းတော်သားများမှ အထူးမေတ္တာရပ်ခံလိုသည်မှာ ဆွေးနွေးပြောကြားရာတွင် ဆဲဆိုရိုင်းပြခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ရန်ပဲ ဖြစ်ပါတယ် ။ မိမိသိသော အတတ်ပညာ ၊ အသိပညာ ၊ အတွေးအခေါ် များကို သူတစ်ပါးအား ပြန်လည်မျှဝေ ဆွေးနွေးရင်းဖြင့် ကျွန်တော်တို့ရဲ့ ဘလော့ဂ်ဂါ စကားဝိုင်းလေးကို စတင် အသက်သွင်းကြရအောင်ဗျာ …….။


သူငယ်ချင်း ညီအစ်ကိုအားလုံး မင်္ဂလာပါခင်ဗျာ .... သူငယ်ချင်းတို့ဆွေးနွေးပြောဆိုလိုသော နည်းပညာ ၊ ကဗျာ ၊ စာပေ ၊ ရသ ၊ လူမှုဘ၀ အစုံအလင်တို့ကို ဒီပို့ အောက်တွင်ပါသော ကွန်မန့် ရေးရန်နေရာတွင် ရေးသားပြီး ဆွေးနွေးချက် ပိုစ့် အသစ်များကို ဖွင့်လှစ်နိုင်ပါပြီ ။ သူငယ်ချင်းတို့ ဖွင့်လစ်လိုသော ဆွေးနွေးချက် အကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးချက် ပိုစ့်များအဖြစ် ကျွန်တော်တို့ ၀ိုင်းတော်သားများမှ ပြန်တင်ပေးမှာ ဖြစ်ပါတယ် ။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ချက်ခြင်း မတင်ပေးနိုင်ခဲ့လျှင် အနည်းငယ်သည်းခံပေးပါရန်နှင့် ဖွင့်လှစ်လိုသော ဆွေးနွေးချက်များကို အမြန်ဆုံး တင်ပေးနိုင်အောင် ကြိုးစားသွားပါ့မယ်ခင်ဗျာ ။ သူငယ်ချင်းအားလုံး ပျော်ရွှင်နိုင်ပါစေ ။


http://blogger-discuss.blogspot.com/



Monday, March 21, 2011

ချစ်သူချော့နည်း (Tag)

ချော့နည်း (၁)

နိုဝင်ဘာလ ၅ ရက်နေ့။

နံနက် ၈ နာရီ။ “တီ တီ တီ တီ …..တီ တီတီ တီ ….တီတီတီတီ ” နှိုးစက်သံက နံနက်ခင်း ကျေးငှက်သံတွေကို မသိမသာ ဖုံးလွှမ်းသွားသည်။ မိုးယံတစ်ယောက် အိပ်ယာမှထပြီး ရေချိုးလိုက်သည်။ မေမေ မွေးနေ့လက်ဆောင်ပေးထားသော ရွှေကြယ်သီးလေးကို လည်ကတုံးအင်္ကျီအဖြူတွင်တပ်ပြီး ယောလုံချည် အနက်ရောင်လေးနဲ့ တွဲဝတ်လိုက်သည်။ မနေ့ကမှ ၀ယ်လာသော အောကတ္တီပါဖိနပ် အပြာရောင်လေးကိုစွပ်လိုက်ပြီး ကိုယ့်ဘာသာကိုယ် တော်တော် သဘောကျမိသေးသည်။ ချစ်သူနဲ့ ကျွန်တော် ချစ်သူသက်တမ်း ၂ နှစ်ပြည့်တဲ့ ဒီနေ့။ ချစ်သူကို ဘုရားလိုက်ပို့ဖို့ စဉ်စားထားခဲ့သည်လေ။


တစ်ရပ်ကွက်သာခြားသော ချစ်သူက ယခုအချိန်ထိ ကျွန်တော်ချိန်းထားသော နေရာလေးသို့ရောက်မလာသေး။ မကြာပါ နောက်ကျောမှနေ၍ ဖခုံးကို လာထိသော နူးညံ့တဲ့ အထိအတွေ့။ လှည့်အကြည့်တွင် ချစ်သူမျက်နှာ လှလှလေးကြောင့် ရပ်စောင့်နေရသော ကိုယ့်ခြေထောက်တွေပင် အညောင်းပြေသွားသလို……..။

“ ဟင် ”

ချစ်သူကို စေ့စေ့ကြည့်မိတော့မှ ကျွန်တော့နှုတ်ခမ်းတစ်စုံ တိုင်ပင်မထားပဲ ပြိုင်တူ ပွင့်ဟသွားပုံက အသံထွက်မိသည်ထိ။

“ ဘာဖြစ်တာလဲဟင် ကိုမိုး ”

ကျွန်တော့ အကြိုက်ကို ခုထိ နားမလည်တာလား မသိကျိုးကျွံပြုမိတာလား ဟု ကျွန်တော်ကိုယ်တိုင်ပင် မဝေခွဲတတ်နိုင်လောက်အောင် ချစ်သူရဲ့ ၀တ်စားဆင်ယင်မှုက လွဲချော်နေသည်။ ဘုရားသွားဖူးမယ်လို့ ပြောပြီး ချိန်းခဲ့တာကို…… သူဒီနေ့ ၀တ်လာတာက ကြည့်ဦးလေ။ အင်္ကျီက လည်ဟိုက်လွန်းတာ ၊ စကတ်က ဒူးအထက်ကို ရောက်နေတာ၊ ဒေါက်ဖိနပ်က နှစ်လက်မလောက်မြင့်သေး ၊ ခန္ဓာကိုယ်ကိုလည်း တင်းကျပ်လွန်းစေတဲ့ အ၀တ်တွေကို မြင်မိတော့……..။

“ ဖြူ….. ဒီနေ့ မင်းဝတ်လာတာကို ကြည့်စမ်းပါဦး။ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး တစ်ယောက်မှ ဟုတ်သေးရဲ့လားကွာ ”

“ ဘာဖြစ်လို့လဲ ကိုမိုးရဲ့ နှင်း ဒီနေ့ဝတ်လာတာက လူမြင်မကောင်းတော့အောင်ကို သရုပ်ပျက်နေလို့လား၊ အရင်တုန်းကလဲ တစ်ခါတစ်လေ ၀တ်တတ်တာပဲလေ။”

“ ဟ……ဒေါ်ဖြူရှင်းသန့် မင်းဟာက ဒီလိုနေ့မျိုးဝတ်စရာလားကွာ ”

ဒေါသကြောင့် အသံက နည်းနည်း ခက်ထန်နေသလို၊ တစ်ခါမှလည်း ဒီလို မပြောဖူးတော့ ချစ်သူလည်း ရုတ်တရက်ဆွံ့အ နေသည်။ နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားသော ချစ်သူ ဖြူရှင်းသန့် ထံမှ

“ ကိုမိုးရယ်… ဖြူ့ကို ဒီလောက်လဲ အော်စရာမလိုပါဘူး..၊ ဖြူ လုပ်တဲ့ အမှားကလည်း မိုးပြိုလောက်တာ မဟုတ်ပါဘူး ”

“ ဘာ…မင်းကို ဒီနေ့ ဘုရားလိုက်ပို့မယ်လို့ ငါပြောထားတာလေ၊ မင်းက အခုလို ၀တ်လာစရာလား ”

“ ကိုမိုးနော်… ဖြူ့ကို ဘယ်တုန်းက မင်းတွေ ငါတွေနဲ့ ပြောဖူးလို့လဲ ၊ ဘာလို့ အခု ဒီလောက်တောင် ဒေါသထွက်နေရတာလဲ ”

ချစ်သူရဲ့ အသံတွေ့ တုံယင်ကွဲရှနေပြီ။

“ တော်ပြီကိုမိုး၊ ကိုမိုး ဖြူ့ကို ဘာမှလာပြောမနေနဲ့တော့ ဒီနေ့လဲ ဘယ်မှလိုက်မပို့နဲ့တော့ ဖြူ ကိုမိုးကို ဒီနေ့တော်တော်စိတ်ဆိုးတယ်..။

သေပြီဆရာ။ အဲဒါမှ ဒုက္ခ ချစ်သူနဲ့တွေ့ဖို့ဆိုတာ ကျွန်တော်တို့နှစ်ယောက်အတွက် သိပ်တော့လွယ်ကူလွန်းလှသည်မဟုတ်။

“ ဖြူရယ်……. ဖက်ရှင်ဆန်းတာတွေ့တိုင်းလည်း လှတယ်မထင်နဲ့။

သူများတွေဝတ်တာလှပေမယ့်၊ ဖြူ ၀တ်ရင် လှချင်မှ လှမှာလေ။ ဖက်ရှင်ဆန်းမှ အမြင်လန်းတာ မဟုတ်ပါရပါဘူးကွယ်၊ ကိုယ်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားကို ရွေးချယ် ၀တ်တတ်မယ်ဆိုရင်လည်း စတိုင်လ် ကျကျ လှပနေနိုင်တာပဲလေ။အလှ အပဆိုတာ ကြည့်သူရဲ့ အပေါ်မှာပဲတည်ပါတယ်။ ချစ်သော မျက်စိနဲ့ ကြည့်ရင် ဘာပဲဖြစ်ဖြစ် အပြစ်မမြင်၊ လှနေမယ် လေကွယ်။

“ ဒါဆို ကိုမိုးက ဖြူ့ကို မလှဘူးလို့ ပြောတယ်ပေါ့…”

တိန်…ကိုယ့်ရှူးကိုယ်ပတ်ပြီ။

“ မဟုတ် … မဟုတ်ပါဘူး ဖြူရယ်၊ ကိုမိုး ဆိုလိုတာကလေ၊ ဖြူက အရပ်လည်းမြင့်တယ်၊ အသားကလည်း နို့နှစ်ရောင်ကလေးသန်းလို့၊ ကြည့်ဦး ပိတုန်းရောင် ကေသာတွေ လေအဝှေ့မှာဆို ယိမ်းနွဲ့နေပုံက ဘယ်လောက်ကဗျာဆန်လိုက်သလဲ။ ဖြူ့ရဲ့ မျက်ဝန်းလေးတွေနဲ့ ဒီနှုတ်ခမ်းပါးလေးတွေကိုပါမချန် ကိုမိုးဘယ်လောက်မြတ်နိုးခဲ့တယ်ဆိုတာ ဖြူက မသိချင်ယောင်ဆောင်ထား တော့မှာလား ၊ ကိုမိုးက ဖြူ့ရဲ့ မဟာဆန်တဲ့ အလှကို ကျက်သရေရှိရှိ လှစေချင်တာပါ။ ”

ချစ်သူရဲ့ မလိုမကျမှုတွေ လျော့လာတာကိုတော့ ချစ်သူ့မျက်နှာ ကဗျာလို ဖတ်နေသူအဖို့ အချိန်မဆိုင်းပဲ သိတယ်လေ။

“ တော်ပါ…ကိုကိုပိုရယ်…”

“ မပိုပါဘူးဖြူရယ်… လိုမယ်တောင်ထင်ပါသေးရဲ့”

“ ကဲပါ ကိုမိုးရယ်…ဖြူလဲ ကိုမိုး ကို စိတ်မဆိုးတော့ဘူး၊ ကိုမိုးလည်း ဒေါသတွေလျော့ ၊ ဒါဆိုအခု ဖြူတို့ ဘယ်သွားကြမလဲဟင်”

“ ကဲ …အခုမှတော့ဖြူလဲ အ၀တ်အစားပြန်လဲ မနေနဲ့တော့၊ ကိုယ်လဲ အိမ်ကို တစ်ခေါက်မပြန်တော့ဘူး၊ ဒီနေ့တော့ ကစားကွင်းပဲ သွားကြမယ်လေ။”

“ အင်း…ကောင်းသားပဲ ကိုမိုးရဲ့”

မြင်ယောင်ကြည့်ပါလေ…..။ လည်ကတုံးအဖြူ ယောပုဆိုးနဲ့ ကတ္တီပါဖိနပ် စီးထားသော ကောင်လေးကို၊ လည်ပင်းဟိုက်ဟိုက်..စကတ်တိုကျပ်ကျပ် ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ ကောင်မလေးက လက်ကလေးချိတ် ပခုံးလေးမှီပြီးလျှောက်သွားကြပုံက၊

“ အန်းတိတ်ဒီဇိုင်းနဲ့ ဖက်ရှင်အလန်း ” …….။

------------------------------------------------------------------------------------------------------

ချော့နည်း (၂)

ဟေမန်ရာသီမို့ လေပြေညင်းက ပြေပြေလေး တိုးဝှေ့နေသည်။ကန်ရေပြင်ရဲ့ လှိုင်းကြက်ခွပ် ကလေးတွေက ငွေမှင်ရောင်ထလို့။လေပြေဖြတ်အတိုက် ၀ဲလွင့်သွားသော ချစ်သူ ဧပရယ်ရဲ့ ဆံနွယ်တွေက ညနေခင်းဆည်းဆာကို တန်းဆာဆင်နေသယောင်။ ကန်ဘောင်ပေါ်က ခုံတန်းလေးပေါ်က ချစ်သူကတော့ လည်တံကျော့ကျော့ကို မော့လို့…………….။

ခပ်လှမ်းလှမ်းကမို့ နှုတ်ခမ်းပါးတို့ တင်းတင်းစေ့ထားပုံကို မမြင်မိခဲ့တာ။ ထိုနှုတ်ခမ်းပါးလေး တွေပဲပေါ့။ ချစ်စကား လှလှတွေနဲ့ စေစားတတ်ပေမယ့် တစ်ခါတစ်ရံလည်း ထိုနှုတ်ခမ်းပါးလေးတွေကပဲ နာကျင်ခံခက် စကားရက်စက်တွေ သွန်းချွေတတ်သေးသည်လေ။

“ မောင်… မောင့်လုပ်ပုံကောင်းလား ”

“ ချစ်သူရယ်….ဖြစ်ပြီးတာတွေ ပြန်မစဉ်းစားနဲ့လေ ”

“ မောင်နော်…လာနောက်မနေနဲ့၊ ဒီမှာ တစ်ကယ်တင်းနေတာ ၊ ချိန်းထားတာက ညနေ လေးနာရီ၊ အခု မောင့်နာရီကို ပြန်ကြည့်စမ်းပါဦး ၊ နိုင်ငံတစ်ကာမှာ လူတစ်ယောက်ကို ချိန်းထားချိန်ထက် နာရီဝက်ကျော်ရင် နောက်ကျသူက လူမှုရေး ကျူးလွန်တာပဲ၊ အဲဒါ မောင် သိရဲ့လား ”

ဒုက္ခတော့ ရောက်ပြီ၊ သူပြောတာတွေ ဟုတ်သလား မဟုတ်သလား ၊ကိုယ်မသိ ။

“ အဲ ….ဟိုလေ… အဲဒါက…ဟို…”

“ ဘာအခုမှ ဟိုတွေ ဒီတွေ လုပ်မနေနဲ့၊ သွား အနားကို မလာနဲ့”

“ ဧပရယ်…...၊ ချစ်သူရယ်… မောင်က အလုပ်များသွားလို့ နည်းနည်းလေးနောက်ကျသွားတာကို စိတ်ဆိုးတော့မလို့လား ဟင်”

“ စိတ်ဆိုးရမှာပဲလေ… မောင်က ချိန်းထားပြီး အမြဲလိုလိုနောက်ကျနေတာ စတိုင်လ်တစ်ခုလို ဖြစ်နေတာကိုး ”

“ စိတ်မဆိုးပါနဲ့ မောင့်ချစ်သူ ဧပရယ်လေး ရယ်၊ရွှေစိတ်တော် မညိုပါနဲ့ဗျာ ”

“မောင် နော်၊ ဧပရယ့်ကို ဒေါသထွက်အောင် မလုပ်နဲ့နော် ”

“ ဧပရယ် ရယ်…..၊ ချစ်သူတိုင်းဟာ သူတို့ရဲ့ ချစ်သူတွေနားမှာ အမြဲတမ်းရှိနေချင်တာ သဘာဝပါ။ ဒါပေမယ့်…... တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှ ဘ၀တွေ တိုးတက်တောက်ပြောင်လာမှာပေါ့။

ဧပရယ် လဲ ကြားဖူးတယ် မဟုတ်လား ။ ရေမြင့်ရင် ကြာတင့်တယ်တဲ့။ ကြာပန်းကလေးတွေနဲ့ တူတဲ့ချစ်သူရဲ့ ဘ၀မြင့်မားဖို့၊ ရေပြင်နဲ့တူတဲ့ကိုကိုက ကြိုးစားနေတာလေ၊ ကဲ…ကဲ.. ပြုံးပြပါဦး။ ”

ချစ်သူရဲ့ နှုတ်ခမ်းအစုံ ကော့ညွတ်သွားတယ်။ ညနေခင်းရဲ့ ကန်ရေပြင်ကို မြောက်ပြန်လေ ဖြတ်အတိုက် လေပြေညှင်းက အအေးဓါတ်ကဲ နေပြီမို့၊ မောင့်ရင်ခွင်ထဲ အကြင်နာငွေ့နဲ့ နွေးထွေးစေတဲ့ ထိုညနေ။

------------------------------------------------------------------------------------------------------

ချော့နည်း (၃)

နေ့လည်ခင်းက နေပြင်းသည်။ “ထားသခင်” က နေ့လည်စာအတူ စားဖို့ ချိန်ထားသောကြောင့် ဓါတ်တိုင်လေးတိုင် သာသာရှိသော အကွာအဝေးရောက်ဖို့ ခပ်သွက်သွက် လျှောက်လှမ်းနေခိုက် ရုတ်တရက် နောက်ဘက်မှ ခေါ်သံတစ်စုံ ကြားလိုက်ရသည်။

“ ကိုမိုးယံ …. ကိုမိုးယံ”

ကျက်မိထားသော အသံတစ်စုံ

အသံကြားရာဘက်သို့ ခေါင်းအငဲ့။ ရင်ထဲသို့ ဘယ်လိုမှ ထိုးဖောက်ဝင်ရောက် နိုင်ခြင်း မစွမ်းသာတော့သော နွေအလယ်က ဧပရယ်ကို မြင်တွေ့မိသည်။ သြော်… ညှိမရတဲ့ သဘောထားတွေကြောင့် ငြိမ်းချမ်းစွာလမ်းခွဲခဲ့ကြသူတွေမို့…….။ အပြုံးမပျက် နှုတ်ဆက်နိုင်ကြသူတွေဖြစ်နေခဲ့ကြသည်။

“ ငါ ဘာကူညီပေးရမလဲ ဧပရယ် ”

“ ဧပရယ့် အမေ ခိုင်းထားတဲ့လို့ပါ။ အရေးကြီးပေမယ့် အမေက ရုတ်တရက် ခေါင်းတွေမူးနေလို့ ဧပရယ့်ကို လွှတ်လိုက်တာပါ၊ သိပ်မကြာပါဘူး ကိုမိုးယံ ဆယ်မိနစ်လောက်ပါ” ရုတ်တရက်မို့ မငြင်းသာ။ ထားသခင် ချိန်းထားတာကလည်း မိနစ်နှစ်ဆယ်လောက် လိုသေးတာရယ်၊ အမုန်းနဲ့ လမ်းခွဲခဲ့ကြသူတွေ မှ မဟုတ်ပဲလေ။

ဆိုင်ထဲသို့ လှမ်းဝင်တော့ ထားသခင်က ကိုယ့်ထက်အရင်ရောက်နှင့်နြေ့ပီ။

“ နေစမ်းပါဦး၊ ကိုကိုက လှေနံနှစ်ဖက်နင်းချင်တာလား၊ ထားကို အပျော် သဘောထားတာလား ”

“ ဟမ်… ထား က ဘာကိုဆိုလိုချင်တာလဲ ”

“ မုန်လာဥ မလုပ်ပါနဲ့ ကိုကိုရယ်၊ ထားမျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ”

ပြဿနာရဲ့ အရိပ်အငွေ့တွေကို ၊ နားလည်လိုက်ပြီ။ မိုးယံက လူလည်ပဲလေ။

“ သြော်…ထား က ကိုကို ခုနက ကောင်မလေးကို တွဲသွားတာမြင်လိုက်လို့လား ”

“ ဘာ ခုနက ကောင်မလေးလဲ၊ အဲဒီကောင်မလေးက ဧပရယ်ဆိုတာရော၊ ကိုကိုနဲ့ ပတ်သက်ခဲ့ဖူးတာတွေရော၊ မိုးယံ ရှင်းတမ်းဆိုပြီး ကိုကိုပဲ ၀န်ခံခဲ့ပြီး ၊အခုကျတော့… အဟင့် ဟင့်”

ပြိုတော့မည့် မိုးတိမ်လို အုံ့မိုင်းလာသော ချစ်သူ မျက်နှာရိပ်ကို မြင်နေရပြီ။

“ ဗုဒ္ဓေါ ၊ ထား က မြင်လိုက်မိတာကိုး၊ ထား သ၀န်တိုတတ်တာကို ကိုကို သိပါတယ် ထားရယ်..၊ ဒါပေမယ့် ကိုယ့်လိပ်ပြာ ကိုယ်လုံလို့ ကူညီလိုက်တာပါ ထားရယ်။”

“ ဒါပေမယ့် ကိုကို အခုထိ အဲဒီကောင်မလေးကို သံယောဇဉ် မကုန်သေးဘူး မို့လား”

“ ဟောင်းတိုင်း မကောင်းတာထဲမှာ ၊အချစ်ဟောင်းလည်း ပါတယ်။ ထား ကို နှလုံးသား အသစ်နဲ့ ချစ်ခဲ့ပြီးမှ အချစ်ဟောင်းဆိုတာ အချစ်သစ်လောက် မကောင်းတော့ပါဘူး ထားရယ်။ ကဲ..ကိုကို့ ရည်းစားဟောင်းတွေနဲ့ သ၀န်မတိုရဘူးနော်။ ”

“ တစ်ကယ်ယုံရတော့မှာလား”

“ ချစ်ခြင်းတရားမှာ သစ္စာမပါရင် တက်မပါတဲ့ လှေလိုပဲ။ ဦးတည်ရာ ရောက်မှာ မဟုတ်ဘူး။

ဒီတော့……. ကိုကို့ရဲ့ ချစ်ခြင်းလှေကို သစ္စာဆိုတဲ့ တက်နဲ့ထိန်းပြီး ထားရဲ့ အကြင်နာ ဆိပ်ကမ်းကို ဆိုက်ကပ်နိုင်အောင် ကိုကိုက ကြိုးစားနေသူပါ ထားရယ် ”

“ ဟွန်း … ကိုကိုနော်…စကားတတ်တိုင်း လျှောက်ပြောနေတာ မဟုတ်လား ”

“ ထားရယ်…ထားက ကိုကို့အချစ်ကို မယုံတော့ဘူးလား”

“ ယုံပါတယ်ကိုကိုရယ်… ထားက လည်းကိုကို့ကို အဆုံးရှုံးမခံနိုင်လို့ပါ ကိုကိုရယ် ”

“ ကဲပါ…ထားရယ်၊ကိုကိုလဲ ထားအပေါ် သစ္စာရှိပါတယ်၊ ထားလဲ အလွန်အကျွံ သ၀န်တိုစိတ်ကို လျော့ပါနော်၊ထား ကို စိတ်မဆင်းရဲစေချင်ဘူးကွယ်။”

“ ဟုတ်ကဲ့ပါ ကိုကိုရယ်… ထားကို မထားခဲ့ရဘူးနော် ”

“ဟောကြည့် ပြောရင်းဆိုရင်း။ ကဲကဲ တစ်ခုခု စားရအောင် ထားရယ်၊ ထားလဲ ဗိုက်ဆာနေရောပေါ့။ ”

“ ကဗျာဆရာ အိုမာခယမ်က ပြောတယ်။ ချစ်သူလေးရယ်…..၀ိုင်တစ်ခွက်ရယ်… ပေါင်မုန့်တစ်လုံးရယ် ရှိနေရင် ဘ၀မှာ ပြည့်စုံပါပြီတဲ့။ ကိုကိုလည်း အဲဒီလိုပဲ။”

“ထားကို ကြည့်ရင်း ၊ ကိုကာကိုလာ သောက်ရင်း ၊ ဟမ်ဘာဂါ စားချင်ပါတယ်ကွယ်။ ဗိုက်ဆာရင် ချစ်တဲ့အကြောင်း သိပ်မပြောနိုင်မှာစိုးရိမ်လို့ပါ။ ”

“ ဟွန်း…..ကိုကိုနော်..သိပ်ကို ပိုလွန်းတယ်”

“ မပိုပါဘူး ထားရယ်၊ထားကို ချစ်တဲ့ အချစ် တွေနဲ့ ယှဉ်ရင် ကိုကိုပြောတာတွေက ထားကို ချစ်သလောက်နဲ့ မနှိုင်းစာလောက်ပါဘူး ထားရယ်”

“ ဘာများ သုံးဆောင်မလဲ ဆရာ”

“ ညီလေးရေ ဟမ်ဘာဂါ နှစ်လုံး ကိုကာကိုလာ နှစ်ဘူး ပေးပါကွာ”

ထမင်းမပါ ဟင်းမပါပဲ၊ ချစ်သူနှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အချစ်တွေနှင့် တည်ခင်းထားသော ထိုနေ့ နေလည့်စာသည်။ စားဖူးသမျှသော နေ့လည်စာတိုင်းတွင် အမြိန်ရှက်ဆုံးဆိုတာကတော့။

မိုးယံ

ဝန်ခံချက်

အထက်ပါ စာပိုဒ်များထဲတွင် အပြာရောင်ခြယ်ထားသော စကားလုံးများသည် ကိုဇော် ပြောသော “ချစ်သူ ချော့နည်း” ဆိုသော စာအုပ်ပါ မသိမသာ ချော့နည်း (၂၅) နည်းထဲမှ တစ်နည်းနှင့် သိသိသာသာ ချော့နည်း (၁၄၄) နည်းထဲမှ နှစ်နည်းအား ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။တစ်ကယ်တော့လည်း ချစ်သူမရှိသူမို့ ၊ မချော့တတ်သူမို့ ရေးသားဖို့ အဆင်မပြေလွန်းလှ၍ ဘယ်သူတွေ အရင်တင်မလဲ စောင့်ရင်း အတုခိုးနေရပါသည်။ ကဗျာစောင်းထက်လှသော ဒေးဗစ်အုပ် နှင့် အတင်းတုတ်တတ်သော မယ်မျိုး တို့လဲ တင်ပြီးမှ အတုယူ ရေးဖို့ရန် ကိုဇော့် ဆိုက်ကို ငါးခေါက်တိတိပြန်ဖတ်ရပါသည်။(နုံလိုက်တာ) ထို့နောက်မဖြစ်ညစ်ကျယ်ဥာဏ်တို့ပေါင်းပြီး ဖေါ်ကျူးသော စာအစုသည် အညွှန်းကောင်း၍ လာဖတ်မိပြီး အချိန်ကုန်စေ စိတ်အနှာင့်အယှက် ဖြစ်စေခဲ့ပါမူ....။ လေးစားစွာ တောင်းပန်အပ်ပါသည်။

ဟီးဟီး အပေါ်က ရေးခဲ့တဲ့ဇတ်လမ်းတွေကို တစ်ခုမှ မယုံပါနဲ့ဗျာ ။ကိုဇော့် ကျိန်စာကြောက်လို့ ဖျစ်ညှစ်ရေးထားတာပါဗျာ။

ကျေးဇူးစကား
ရေးပါရေးပါတစ်ဖွဖွပြော ၊ ခေါင်းစဉ် စဉ်းစားပေးယုံမျှမက ဇတ်ကွက်ပါ ဖော်ပေးတတ်သော၊ ရေးသားနည်းများ လမ်းညွှန်တတ်သော ကိုဇော် နှင့် ဘာဖြစ်လဲ ရေးပေါ့ဟ၊ ရေးသာ ရေးပါကွာ၊ မင်းကလဲ စာလေးဘာလေး ရေးပါဦးဟု နားငြီးမတတ် အပူကပ်တတ်သော မောင်မျိုး နှင့် စာလာဖတ်ကာ အချိန်ပေးကြသူများအား ကျေးဇူးအထူးပါ။

ကဲထုံးစံအတိုင်းပဲပေါ့လေ... ကျမ်းစာအုပ်မရှိသော်လည်း သူ့နည်းသူ့ဟန်နှင့်ချော့တတ်သူများကို သိကျွမ်းနေတော့လည်း ဖေါ်ကောင်လုပ်ရဦးမှာပေါ့။

နေဇော်လင်း
ညီသူအိမ်
အမှောင်ထဲက အလင်းစက်များ