Saturday, March 27, 2010

 ကျောက်ချောင်းကြီး တံတားပြုပြင်ဆဲဖြစ်၍ ချောင်းသာသွားမည့်သူများ ကူးတို့ဖြင့်ကူးကာ ကားနှစ်ဆင့်စီးပြီးသွားလာရ



မတ်လ ၁၅ ရက်နေ့က ပြိုကျ မှုဖြစ်ပွားခဲ့သော ချောင်းသာသို့သွား ရောက်ရာကားလမ်းပေါ်ရှိ ကျောက် ချောင်းကြီးတံတားမှာ ပြင်ဆင်ဆဲဖြစ် ၍ ခရီးသွားများအနေဖြင့် ကူးတို့ အသုံးပြုကာ သွားလာနေရကြောင်း သတင်းရရှိပါသည်။

''တံတားက ပြင်နေတုန်းပဲရှိသေး တယ်။အခုကချောင်းဟိုဘက်မှာ ကား တစ်စီး၊ ဒီဘက်မှာကားတစ်စီးသုံးပြီး တော့ခရီးသွားရတယ်။ ဥပမာ ပုသိမ် ကနေချောင်းသာသွားရင်ကျောက်ချောင်း ကြီးတံတားကိုရောက်တဲ့အခါစီးလာတဲ့ ကားကဒီဘက်ကမ်းမှာပဲဂိတ်ဆုံးလိုက် တယ်။ ခရီးသည်တွေကကူးတို့နဲ့တစ် ဘက်ကမ်းကိုကူး၊ ပြီးရင်တစ်ဘက် ကမ်းမှာရှိတဲ့ကားနဲ့ချောင်းသာကိုဆက် သွားရတာပေါ့''ဟု ပုသိမ်မြို့တွင်နေ ထိုင်သူတစ်ဦးကလည်းရှင်းပြခဲ့သည်။

ကုန်ကားများအနေဖြင့်မူ နှစ်ဆင့် သယ်ဆောင်၍ မရသည့်အတွက် ငွေ ဆောင်လမ်းမှတစ်ဆင့် မော်တင်စွန်းသို့ သွားရောက်ရာလမ်းမှဖြတ်ကာ ချောင်းသာသို့ သွားလာနေရပြီးချောင်း သာသို့အပန်းဖြေရန်လာရောက်မည့် အိမ်စီးကားများလည်း ကုန်ကားများ အတိုင်းပင်သွားလာရမည်ဖြစ်သည်ဟု သိရသည်။

''ကုန်ကားတွေရော ချောင်းသာ ကိုလာလည်မယ့် အိမ်စီးကားတွေကျ တော့ ဟိုဘက်ဒီဘက်နှစ်စီးထားလို့ မရဘူးလေ။ ဒီတော့ ခရီးဝေးပေမယ့် လည်း သင့်တဲ့လမ်းက ပတ်မောင်းရ တာပေါ့။ ပုသိမ်ကနေ ငွေဆောင် သွားတဲ့လမ်းအတိုင်းဆက်သွားတယ်။ အဲဒီကမှ မော်တင်စွန်းဘက်ကို သွား တဲ့ လမ်းအတိုင်းသွားတယ်။ အဲဒီ လမ်းကနေမှချောင်းသာဘက်ကိုသွား ရတာပေါ့''ဟုကုန်စည်ပို့ဆောင်သူ တစ် ဦး ကလည်း ရှင်းပြခဲ့သည်။

 စည်းကမ်းနှင့်အညီ စစ်သားမစုဆောင်း၍ အရာရှိနှင့် တပ်သားနှစ်ဦးတို့အား အရေးယ

တစ်နှစ်တာ ကာလအတွင်း စည်းကမ်းနှင့်အညီ စစ်သား မစုဆောင်း၍ အရာရှိနှင့် တပ်သားနှစ်ဦးတို့အား သက်ဆိုင်ရာက အရေးယူခဲ့ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ သတင်းရရှိပါသည်။


၎င်းတို့သည် စစ်သားစုဆောင်းရာတွင် တပ်မတော်ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ စုဆောင်းခြင်းမပြုခဲ့သည့်အတွက် အရေးယူခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်သားစုဆောင်းရာ၌ တပ်မတော်ဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စုဆောင်းခြင်း မပြုသည့် အရာရှိစစ်သည်များကို အရေးယူခဲ့ရာတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ အရာရှိနှင့်အခြား အဆင့် စုစုပေါင်း ၄၄ ဦးရှိခဲ့ကြောင်း သိရသည်။

"တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်း မှ ကြိုတင်ကာကွယ်ရန်ဖြစ်ကြောင်း"


အသက်မပြည့်သေးသည့် ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းသည် အဓမ္မခိုင်းစေမှုမြောက်ကြောင်းနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား တပ်သားသစ်စုဆောင်းခြင်းကို အစိုးရအာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) သို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ရုံးမှ သိရသည်။


မြန်မာနိုင်ငံတွင်အရွယ်မရောက် သေးသူ ကလေးသူငယ်များ စစ်မှု ထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပညာပေးသင်တန်းများကို ပို့ချ လျက်ရှိကြောင်းနှင့် သင်တန်းပြုလုပ်ရခြင်းမှာ တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်း မှ ကြိုတင်ကာကွယ်ရန်ဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ သင်တန်းပို့ချမှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအချို့ ပူးပေါင်းဆောင်ရွက် လျက်ရှိနေသည်ဟု ပါဝင်ဆောင်ရွက် နေသူတို့၏ပြောကြားချက်အရ သိရှိရပါသည်။

http://www.weeklyeleven.com

Smart Card အသုံးပြု Online Banking စနစ် ဧပြီလအတွင်းစတင်မည် Online Account တစ်ခုလျင် အနည်းဆုံး ကျပ် ၁၀ သိန်းဖြင့် စတင်စာရင်းဖွင့်ရမည်ဟု သိရ

Smart Card အသုံးပြု၍ ဘဏ် များအချင်းချင်း Online ချိတ်ဆက် ဆောင်ရွက်သွားမည့် "Quick Cash" Online Banking System ကို မြန်မာ့ စီးပွားရေးဘဏ်ခွဲ ၇ ခုတွင်ဧပြီလ အ တွင်းစတင်အသုံးပြုမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရ သည်။

အသုံးပြုမည့်သူများအနေဖြင့် ကနဦးတွင် အနည်းဆုံးငွေကျပ် ၁၀ သိန်းဖြင့် Online Account စာရင်း တစ်ခုဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ဘဏ်မှ Smart Card တစ်ခုနှင့် ငွေ မှတ်စာအုပ်တစ်အုပ်တို့ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Smart Card ကိုမိမိနှစ်သက်ရာ ဂဏန်းခြောက်လုံးဖြင့် Password သတ် မှတ်နိုင်ကြောင်း၊အဆိုပါစနစ်ကိုမြန်မာ့ စီးပွားရေးဘဏ်ခွဲများဖြစ်သည့်နေပြည် တော်ဘဏ်ခွဲ၊ ရန်ကုန်ဘဏ်ခွဲ(၁)၊ ဘဏ် ခွဲ(၂)၊ ငွေစုဘဏ် ခွဲ(၃)၊ ဘဏ်ခွဲ(၅)၊ မန္တလေးဘဏ်ခွဲ(၁)နှင့်ဘဏ်ခွဲ(၂) စ သဖြင့်စုစုပေါင်းဘဏ်ခွဲ ၇ ခုတို့တွင် စတင်၍ချိတ်ဆက်သုံးစွဲသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ဘဏ်လုပ်ငန်းချိန်အတွင်းအချိန် ပြည့်အသုံးပြုနိုင်ပြီးအင်တာနက်ဆက် သွယ်မှုပြတ်တောက်ခြင်းမရှိစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ညှိ နှိုင်းဆောင်ရွက်ထားကြောင်းသိရသည်။ အသုံးပြုထားသည့်အင်တာနက်လိုင်း များမှာ ADSL နှင့် iPstar စနစ်အပြင် Fiber Optics လိုင်းများကိုပါအသုံး ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

Wednesday, March 24, 2010

 အိုစမာဘင်လာဒင်ကို အရှင်ဖမ်း၍ တရားခွင်တင်နိုင်ရန် အမေရိကန်ကြိုးပမ်း နေဆဲဖြစ်



PDF Print E-mail
Share
အမေရိကန်စစ်ဘက်သည် အို စမာဘင်လာဒင်ကိုအရှင်ဖမ်း၍ တရား ခွင်သို့တင်နိုင်ရေးကြိုးပမ်းနေဆဲဖြစ် ကြောင်း အာဖဂန်ရှိနေတိုးတပ်မှူးချုပ် က မတ် ၁၇ ရက်တွင် ပြောကြားခဲ့ သည်။အမေရိကန်နိုင်ငံတော်ရှေ့နေ ချုပ်အိုင်းရစ်ဟိုးဒါးက အိုစမာဘင် လာဒင်ကို အသေသာဖမ်းမိမည်ဖြစ် သောကြောင့် အမေရိကန်တွင်တရား ခွင်သို့တင်နိုင်မည်မဟုတ်ဟု မတ် ၁၅ ရက်တွင် ဥပဒေပြုအမတ်များက ပြောကြားခဲ့ခြင်းကို နေတိုးတပ်မှူး ချုပ်စတန်လေမက်ခရစ္စတယ်က ပြန် လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ အိုစ မာဘင်လာဒင်ကိုဖမ်းဆီးရေးရည်မှန်း ချက်စွန့်လွှတ်ခြင်းရှိမရှိသတင်းထောက် တစ်ဦး၏မေးမြန်းချက်ကို ''မဟုတ် ပါဘူး။ တကယ်လို့ အိုစမာဘင်လာ ဒင်သာ အာဖဂန်ထဲမှာရှိနေသေးတယ် ဆိုရင် ကျွန်တော်ရဲ့သတ်မှတ်အချိန် အတွင်းမှာရှိသေးတယ်ဆိုရင် အိုစမာ ဘင်လာဒင်အရှင်မိအောင်ဖမ်းပြီး တ ရားခွင်တင်သွားမှာပါ'' ဟု ရုပ်သံကွန် ဖရင့်တစ်ခုတွင် ပြောကြားခဲ့သည်။

အိုင်းရစ်ဟိုဒါက ဘင်လာဒင် သည် အမေရိကန်တရားခွင်တွင်မည် သည့်အခါမျပေါ်လာမည်မဟုတ်ကြောင်း၊ လက်တွေ့အမှန်တရားနှင့်လုပ်ဆောင် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ထောက်လှမ်း ရေးတပ်ဖွဲ့များက အိုစမာဘင်လာဒင် သည် အာဖဂန်နှင့် ထိစပ်နေသော တောင်ထူထပ်သည့် ပါကစ္စတန်တွင် ပုန်းအောင်းနေဖွယ်ရှိသည်ဟုယုံကြည် ထားသည်။

Saturday, March 20, 2010

ဂျရတ်နှင့်တောရက်စ်ကို ရီးယဲလ်မက်ဒရစ် ခေါ်ယူရန်စီစဉ်နေ


ရီးယဲလ်မက်ဒရစ် အသင်းသည် လီဗာပူးလ်အသင်း၏ အဓိက ကစားသမား (၂)ဦးဖြစ်သော ဖာနန်ဒိုတောရက်စ်နှင့် စတီဗင်ဂျရတ်တို့အား ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ စပိန်နှင့် အင်္ဂလန် သတင်းစာများက ရီးယဲလ်သည် လီဗာပူးလ် အသင်းခေါင်းဆောင် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူအတွက် ယူရိုသန်း(၃၀)ဖြင့် ကမ်းလှမ်းလာနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။ ထို့အပြင် ရီးယဲလ်၏ မြို့ခံပြိုင်ဖက် အက်သလက်တီကို မက်ဒရစ်မှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့သော စပိန်လက်ရွေးစင် တိုက်စစ်မှူး တောရက်စ်ကိုလည်း ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က သဘောကျနေသည်။ တောရက်စ်သည် လီဗာပူးလ်အသင်း အမှတ်ပေးဇယားတွင် ရုန်းကန်နေရခြင်းနှင့် ဥရောပ ချန်ပီယံလိဂ်မှ စောစီးစွာ ထွက်ခွာခဲ့ရခြင်းတို့ကြောင့် အသင်းအပေါ် စိတ်ပျက်စ ပြုနေပြီဟု မကြာသေးမီကမှ ၀န်ခံပြောဆိုထားသေးသည်။ ထို့အပြင် ကိုယ်တိုင်လည်း ချန်ပီယံလိဂ်မှ စောစောစီးစီး ထွက်ခဲ့ရသည့် ရီးယဲလ်က လီဗာပူးလ်နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်ကိုပါ နည်းပြအဖြစ် ကမ်းလှမ်းလာနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးပြီး ဘင်နီတက်ဇ်ကမူ ငြင်းဆန်ထားသည်။ ဘာနေဗျူးအခြေစိုက် အသင်းကြီးသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများဖြစ်သည့် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရီကာဒိုကာကာ၊ ဇာဘီအလွန်ဆို၊ ကီရင်မ်ဘန်ဇီးမား အစရှိသည့် ကစားသမားများကို ၀ယ်ယူထားသော်လည်း အောင်မြင်မှုများနှင့် ဝေးကွာနေဆဲဖြစ်သည်။ ရီးယဲလ်သည် တောရက်စ်နှင့် ဂျရတ်တို့အပြင် မန်ချက်စတာ ယူနိုက်တက်မှ ၀ိန်းရွန်နီ၊ ဘေယန်မြူးနစ်မှ ဖရန့်ခ်ရစ်ဘာရီ၊ ချယ်လ်ဆီးမှ အက်ရှ်လေကိုးလ်နှင့် ဖီအိုရင်တီးနားမှ ဂျူအန်မန်နျူရယ်လ် ဗားဂက်စ်တို့ကိုလည်း စိတ်ဝင်စားလျက်ရှိကြောင်း သတင်းရရှိသည်။

Source: koptalk

အိုင်တီပစ္စည်းများ သီးသန့်ရောင်းချမည့် Shopping Mall ဖွင့်လှစ်ရန်စီစဉ်


မြန်မာနိုင်ငံတွင် ပထမဆုံးသော ITဆိုင်ရာ ပစ္စည်းများ သီးသန့်ရောင်းချမည့် Shopping Mallကြီးတစ်ခု ဖွင့်လှစ်ရန် ကုမ္ပဏီတစ်ခုက စီစဉ်နေကြောင်း သိရသည်။ e-Trade Myanmarကုမ္ပဏီက ဧပြီလ ပထမပါတ်အတွင်း ရန်ကုန်တွင် ITပစ္စည်းများကို အဓိကရောင်းချသည့် Shopping Mallကြီးတစ်ခု ဖွင့်လှစ်ရန် လက်တွဲဖော် ITလုပ်ငန်းများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်သည်။ လှိုင်မြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော IT Mallသည် နိုင်ငံအတွင်း ITပစ္စည်းများအပေါ် ၀ယ်လိုအား မြင့်တက်လာခြင်းကို ဖြည့်ဆည်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ အထူးသဖြင့် ITဆိုင်ရာ ပြပွဲများ ကျင်းပသည့်အခါတိုင်း လူအများစိတ်ဝင်စားမှု အလွန်မြင့်မားနေခြင်းက ယခု IT Mallကို ဖွင့်လှစ်ဖြစ်ရန် တွန်းအားပေးခဲ့ကြာင်း e-Trade Myanmarမှ CEOဖြစ်သူ ဦးထွန်းထွန်းနိုင်ကဆိုသည်။ မြန်မာနိုင်ငံတွင် ITနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပြပွဲများကိုလည်း အစဉ်တစိုက် ပြုလုပ်ကျင်းပနေဆဲဖြစ်သည်။ မတ်လအတွင်း ICTနည်းပညာ ပြပွဲတစ်ခုကိုလည်း ရန်ကုန်တွင် ပြုလုပ်ကျင်းပပြီး ခေတ်ပေါ်ITပစ္စည်းများကို ပြသကာ ITဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ မတ်လ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ ကျင်းပမည့် ပြပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (MCPA)နှင့် မြန်မာကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့က တာဝန်ယူပြုလုပ်ခဲ့သည်။ ပြပွဲတွင် ဆိုင်ခန်းပေါင်း (၁၅၆)ခုကို ခင်းကျင်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နောက်ဆုံးပေါ် နည်းပညာ၊ Hardwareနှင့် Softwareများအား လေ့လာခွင့်ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နည်းပညာပြပွဲများကို (၁၉၉၉)ခုနှစ်ကတည်းက စတင်ပြုလုပ်ကျင်းပခဲ့ရာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ပြပွဲတွင် နည်းပညာကုမ္ပဏီ (၇၁)ခုတို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Source: TheHindu

ပည်တွင်းထုတ် Computer Virus Cleaner CD ထွက်ရှိ


ပြည်တွင်းမှ ပရိုဂရမ်မာ ၃ ဦးစုပေါင်း၍ ကိုယ်တိုင်ရေးဆွဲထားသော Computer Virus Cleaner CD ထွက်ရှိလာကြောင်းသိရသည်။ အဆိုပါစီဒီတွင်ပါရှိသော Virus Cleaner Software ကို OK Virus Cleaner အဖွဲ့မှ ဖန်တီးထားခြင်းဖြစ်ပြီး ယင်း Software အပြင် USB နှင့်ပတ်သက်သည့် လုံခြုံရေး Software များနှင့် Recovery Software များကိုပါ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ “ ဒီထဲမှာ Virus Cleaner Software အပြင် အခြား USB Anti-Body နဲ့ Recovery Software တွေလဲ ထည့်သွင်းပေးထားပါတယ်။ အသုံးပြုသူတွေအနေနဲ့ သက်သက်သာသာနဲ့ အလွယ်တကူအသုံးပြုနိုင်မှာပါ။ နောက်ပြီးစီဒီထဲမှာပါတဲ့ Software တစ်ခုခြင်းစီရဲ့ Install လုပ်ခြင်းနဲ့ အသုံးပြုနည်းတွေကို မြန်မာလို ရှင်းလင်းရေးသားထားတဲ့ E-book တွေကိုလည်း ထည့်ပေးထားပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေအနေနဲ့ Virus အမျိုးအစားတွေရဲ့အကြောင်း၊ USB stick အသုံးပြုတဲ့အခါ Virus မ၀င်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေနဲ့ မိမိတို့ရဲ့စက်ကို ဘယ်လိုမျိုး ကာကွယ်မှုတွေလုပ်သင့်တယ်ဆိုတာကို သိရှိနိုင်မှာပါ ” ဟု Virus Cleaner Software ရေးသားသူတစ်ဦးဖြစ်သော ကိုစိုးမင်းသူမှ အင်တာနက်ဂျာနယ်သို့ပြောကြားသည်။ Virus Cleaner Tools ဖြင့် ယခုနှစ်နောက်ပိုင်းတွင် ကွန်ပျူတာတွေ၌ အများဆုံးတွေ့ရသော chrome, explorer, funny, fun, flashy, globle, iloveu, killvbs, nargiz, kolay, loikaw, svchost, tayatmyo စသည့် Virus များနှင့် Network Service တွေကိုပိတ်သည့် win 32 worm virus တွေကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် USB Drive များ ကွန်ပျူတာဖြင့် တွဲဖက်အသုံးပြုရာတွင် လုံခြုံစိတ်ချရစေမည့် USB antibody, USB guard, Autorunkiller, USB safe remove Software များ၊ Virus ကြောင့် သို့မဟုတ် အသုံးပြုသူအမှားကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့်ဖိုင်များ၊ ဓာတ်ပုံများကို Hard Disk, USB stick, Memory Card, MP3/4 များအတွင်းမှ ပြန်လည်ရယူနိုင်မည့် Recovery Software များ၊ System Cleaner နှင့် OS Guard စသည့ှ်Software များနှင့်အတူ Windows တင်ခြင်း (Installing)၊ ပြုပြင်ခြင်းနှင့် စီဒီထဲရှိ Software တစ်ခုခြင်းအလိုက် ထည့်သွင်းပုံ၊ အသုံးပြုပုံများကို ရုပ်ပုံများနှင့်တကွ မြန်မာလို လမ်းညွှန်ချက် PDF ဖိုင်များ ထည့်သွင်းပေးထားသောကြောင့် သာမန် User တွေအနေနဲ့ပင် အလွယ်တကူ အသုံးပြုလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ၎င်းစီဒီကို တန်ဖိုးကျပ် ၁,၀၀၀ ဖြင့် စီဒီဆိုင်များ၊ စာအုပ်ဆိုင်များနှင့် ဖုန်း-၅၉၃၀၉၈ တို့တွင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

Credit: သူရ (Internet Journal, Vol.11, Issue 11)

ကိတ်ဝင်းဆလက်တို့ ဇနီးမောင်နှံ ကွာရှင်းတော့မည်



ယမန်နှစ် အော်စကာဆုရှင် မင်းသမီး ကိတ်ဝင်းဆလက်နှင့် ခင်ပွန်းသည်ဖြစ်သူ နာမည်ကျော် ဒါရိုက်တာ ဆမ်မန်းဒက်စ်တို့မှာ ကွာရှင်းရန် ပြင်ဆင်နေပြီဟု သိရသည်။ ဗြိတိသျှ ဥပဒေရေးရာ အကျိုးဆောင်ဌာန တစ်ခုက အသက်(၃၄)နှစ်အရွယ် မင်းသမီးသည် ယခုအခါ ခင်ပွန်းသည်နှင့် တသီးတခြား နေထိုင်လျက်ရှိပြီး ကွာရှင်းရန် ပြင်ဆင်နေကြောင်း အတည်ပြုခဲ့သည်။ Shillings ဥပဒေ အကျိုးဆောင်ဌာနက ယခုနှစ် အစောပိုင်းကတည်းက ကိတ်သည် ခင်ပွန်းသည်နှင့် ကွာရှင်းရန် အစီအစဉ်များ စတင်ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကိတ်နှင့်ဆမ်တို့သည် အိမ်ထောင်ရေး ပြဿနာများကို ပုံဖော်ရိုက်ကူးထားသော ရုပ်ရှင်တစ်ခုအတွက် အတူတကွ လက်တွဲခဲ့သေးပြီး ယခုအခါ ၎င်းတို့၏ (၂)နှစ်တာ အိမ်ထောင်ရေးကို အဆုံးသတ်တော့မည်ဟု သတင်းထွက်လာခြင်းဖြစ်သည်။ (၂၀၀၉)ခုနှစ်အတွင်းက The Readerဖြင့် အော်စကာဆုအား ဆွတ်ခူးနိုင်ခဲ့သည့် မင်းသမီး၏ ကွာရှင်းရန် စီစဉ်မှု အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ ဆမ်သည် (၂၀၀၈)ခုနှစ်က ကိတ်အား သူမ၏ Titanicဇာတ်ကား တွဲဖက်သရုပ်ဆောင်မင်းသား လီယိုနာဒို ဒစ်ကာပရီယိုနှင့် တွဲဖက်စေကာ Revolutionary Road ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ အိမ်တွင်းပုန်း ဘ၀ကို ပျင်းရိငြီးငွေ့နေသည့် အိမ်ရှင်မတစ်ဦး၏ ထွက်ပေါက်ရှာပုံကို ရိုက်ကူးထားသည့် ထိုဇာတ်ကားအတွက် ကိတ်သည် ရွှေကမ္ဘာလုံးဆု၏ အကောင်းဆုံး Drama မင်းသမီးဆုအတွက် ရွေးချယ်ခံခဲ့ရသေးသည်။ ထိုစဉ်က ဆုလက်ခံယူရင်း အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ရန် တိုက်တွန်းခဲ့သော ခင်ပွန်းသည်ကို ကျေးဇူးတင်ကြောင်း ကိတ်က ပြောကြားခဲ့သေးသည်။ ယင်းတို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ကိတ်နှင့်ဆမ်တို့ကမူ တစုံတရာ မှတ်ချက်မပေးသေးကြောင်းလည်း သိရှိရသည်။

နိုင်ငံခြားသားများ စိတ်ဝင်စားသည့် အင်းလေးရေပေါ်ရွာမဈေးတွင် ရေတိမ်ခန်းခြောက်လာ


နိုင်ငံခြားသားဧည့်သည်များ၊ အထူးစိတ်ဝင်စားသည့် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ ရွာမ ရေပေါ်ဈေးတွင် သဲ၊ ရွှံ့၊ နှုန်း ပို့ချ မှုများကြောင့် ရေတိမ်ခန်းခြောက် လာကြောင်း နိုင်ငံခြားသားဧည့်သည်များအတွက် ရေပေါ်ဈေးအဖြစ် ပြသရန် ခက်ခဲမှုရှိလာကြောင်း ဒေသခံများထံမှ သိရှိရသည်။


သဲ၊ ရွှံ့၊ နှုန်းပို့ချမှုများလာခြင်းကြောင့် ဈေးဧရိယာရေပြင် ကျဉ်း လာခြင်း၊ ရေတိမ်လာသဖြင့် နွေရာသီတွင် မြေသားပေါ်သည်အထိ ခန်းခြောက်လာခြင်းများကြောင့် အင်းလေးရွာမဈေးသည် ဈေးနေ့ဖြစ်သော်လည်း ယခင်ကဲ့သို့ ရောင်းသူ ၀ယ်သူ မစည်ကားတော့ဘဲ အချို့ ခရီးသွားကုမ္ပဏီများမှ Sponsor ပေး၍ ရေပေါ်ဈေးအဖြစ် ဖန်တီးများ ရှိခဲ့ကြောင်း ၂၀၀၂ ခုနှစ်က မြို့နယ်၊ ပြည်နယ် တာဝန်ရှိသူများမှ ရေပေါ် ဈေးကို မူလနေရာအပြင် မြောက်ဘက်သို့ တိုးချဲ့ပြုပြင်ပေးခဲ့သော် လည်း ယခုအခါ သဲ၊ ရွှံ့၊ နှုန်း ပို့ချမှု များလာပြီးရေပေါ် ဈေးနေရာပြန်လည် တိမ်ကောလာကြောင်း သိရ သည်။
အင်းလေးဒေသ၏ ငါးရက် တစ်ဈေး၊ ဈေးကြီး များဖြစ်သော နန်းပန်ဈေး၊ သန်းတောင်ဈေး၊ မိုင်း ပျိုးဈေး၊ မိုင်းသောက်ဈေး၊ အင်းတိမ် ဈေးတို့အနက် မိုင်းပျိုးဈေးသည် စည်ကားမှု နည်းပါးလာပြီး ဈေးပျက်သွားသဖြင့် ထိုမိုင်းပျိုးဈေးနေ့ကို ရွာမရေပေါ် ဈေးနေ့အဖြစ် ပြောင်းလဲသတ်မှတ်၍ စည်ကားထင်ရှား သော ဈေးကြီးတစ်ခုဖြစ်ခဲ့သည်။


ဟဲယာရွာမသည် အင်းလေးကန်၏ ပင်မရေ၀င်ချောင်းဖြစ်သော ဘီလူးချောင်း၏ အဖျားဆုံးတွင် တည်ရှိပြီး ထိုဘီလူးချောင်းသည် အင်းလေးကန်အတွင်းသို့ သဲ၊ ရွှံ့၊ နှုန်းများ အဓိကပို့ချစီးဝင်နေသော ချောင်းလည်းဖြစ်ကြောင်း၊ ထိုကဲ့သို့ သဲ၊ ရွှံ့၊ နှုန်းများပို့ချမှုကြောင့် ရေ တိမ်၊ ခန်းခြောက်လာကာ ဈေးနေရာလည်း ကျဉ်းမြောင်းလာကြောင်း၊ ရွာတွင်းချောင်းများလည်း ရေတိမ်ခန်းခြောက် ကောလုနီးပါးဖြစ်လာ၍ လှေ၊ မော်တော်(ပဲ့ချိတ်)များ သွား လာရန်ခက်ခဲလာကြောင်း၊ ထိုကြောင့် ရေပေါ်ဈေးလည်း တစ်စတစ်စတိမ် ကောလာခြင်းဖြစ်ကြောင်း ဒေသခံ များက ပြောကြားပါသည်။

weeklyeleven

မန္တလေးသား စစ်စစ်ကြီး

Friday, March 19, 2010

 တရုတ်မြို့ပြနှင့် ကျေးလက်နေပြည်သူတို့အကြား ချမ်းသာဆင်းရဲကွာဟမှု ပိုမိုကြီးမားလာ


နှစ်သစ်ကူးအားလပ်ရက်ပြီးဆုံးပြီးနောက် လုပ်ငန်းခွင်ပြန်ဝင်ကြမည့် တရုတ်ရွှေ့ပြောင်းအလုပ်သမားများ
တရုတ်ကျေးလက်မြို့ပြဆင်းရဲချမ်းသာကွာဟမှုသည် လွန်ခဲ့သော ဆယ်စုနှစ်သုံးခုကျော်က စီးပွားရေးပြုပြင်ပြောင်းလဲမှု စတင်ခဲ့ပြီးနောက်ပိုင်း ယမန်နှစ်တွင် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ China Daily သတင်းစာက သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားစာရင်းဗျူရိုမှထုတ်ပြန်သောကိန်းဂဏန်းများအရ ၂၀၀၉ ခုနှစ် တွင် တရုတ်ကျေးလက်နေပြည်သူတို့၏တစ်ဦးချင်းဝင်ငွေမှာ ယွမ် ၅၁၅၃ ခန့်ရှိပြီး မြို့ပြနေပြည်သူတို့၏ တစ်ဦးချင်းဝင်ငွေမှာ ယွမ်၁၇၁၇၅ခန့်(ဒေါ် လာ၂၅၀၀)ရှိခဲ့ကြောင်းသိရသည်။ယခင်နှစ်များနှင့်နှိုင်းယှဉ်ဖော်ပြခြင်းမရှို ခဲ့သော်လည်း ၁၉၇၈ ခုနှစ်ကစီးပွားရေးပြုပြင်ပြောင်းလဲမှုစတင်ခဲ့ချိန်မှစ၍ ဆင်းရဲချမ်းသာကွာဟမှု အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ယင်းသတင်းစာကဖော်ပြခဲ့သည်။

ကမ်းရိုးတန်းဒေသများနှင့်မြို့ကြီးများတွင် စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုး တိုးတက်ခဲ့သော်လည်း ကုန်းတွင်းပိုင်းဒေသများတွင်တိုးတက်မှုနောက်ကျကျန် နေခဲ့သောကြောင့်မညီမျမှုမြင့်မားခဲ့ရပြီး လူမှုရေးတည်ငြိမ်မှုကိုထိန်းသိမ်း လိုသည့်တရုတ်ခေါင်းဆောင်များအတွက်အဓိကစိုးရိမ်စရာ ဖြစ်လာခဲ့သည်။ ကျေးလက်ဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဆောင်ရွက် နေပြီးလူမှုဖူလုံရေးကွန်ရက်အားနည်းချက်များအားပြင်ဆင်ကာမညီမျမှုပြ ဿနာကိုဖြေရှင်းရန် တရုတ်အစိုးရကကြိုးပမ်းနေသည်။ မွေးရပ်နေရာမှလွဲ ၍အခြားနေရာများတွင် အခြေချနေနိုင်ခွင့်ကို အဟန့်အတားဖြစ်နေသည့် အိမ်ထောင်စုမှတ်ပုံတင်စနစ်ကြောင့် ဆင်းရဲသောတရုတ်ရွှေ့ပြောင်းအလုပ် သမားသန်း၂၃၀ခန့်အတွက် ယင်းစနစ်ကိုပြင်ဆင်ရန် နိုင်ငံပိုင်မီဒီယာများက တိုက်တွန်းနေကြသည်။ တရုတ် နိုင်ငံတွင် hukou ဟုသိကြသည့်အမြဲတမ်း နေထိုင်သူမှတ်ပုံတင်စနစ်အရ ရွှေ့ပြောင်းအခြေချနေထိုင်သူများသည် ကျန်း မာရေးစောင့်ရှောက်မှု၊ ¤င်းတို့၏သားသမီးများအတွက်အခမဲ့အစိုးရ ကျောင်း နေခွင့်ကဲ့သို့ လူမှုဖူလုံရေးဝန်ဆောင်မှုများကိုမရရှိကြပေ။

ဒေါ့ကွန်း ကွန်ရက်လိပ်စာသုံးစွဲမှု ၂၅ နှစ်ပြည့်ပြီ



အင်တာနက်တွင် ပထမဆုံး ဒေါ့ကွန်းကွန်ရက်လိပ်စာ (.com) သုံးစွဲမှု မှာ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ၂၅ နှစ်ပြည့် ငွေ ရတုတိုင်ခဲ့ပြီဖြစ်သည်။ ၁၉၈၅ ခုနှစ်၊ မတ်လ ၁၅ရက် နေ့တွင် အမေရိကန်နိုင်ငံ၊ မက်ဆာ ချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ခ်ျ မြို့မှ Symbolics ကွန်ပျူတာများ သည်သမိုင်းမှတ်တမ်းတွင် ဒေါ့ကွန်း ဖြင့်အစပြုသော ကွန်ရက်လိပ်စာတို့ ၏ပထမဆုံးအဖြစ် Symbolics.com ဟူသောအမည်ဖြင့် စတင် လွှင့်တင်ခဲ့သည်။ Symbolics.com သည် World Wide Web ၏ စီးပွား ရေးလုပ်ငန်းသုံးခေတ်ကိုအစပျိုးစေခဲ့ သည့် ကနဦးကာလဖြစ်သည်။

ဒိုမိန်းအမည် တစ်ခုရှိခြင်း သည် ၀က်ဘ်ဆိုက်များသို့ဝင်ရောက် ရလွယ်ကူစေပြီး သို့မဟုတ်ပါက ကိန်းဂဏန်းများနှင့်အစက်များ အမြောက်အမြားရိုက်ပြီးမှသာဝက်ဘ် ဆိုက်တစ်ခုသို့ဝင်ရောက်နိုင်မည်ဖြစ် သည်။ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းကာ လအထိ ဒေါ့ကွန်းအကြောင်းကို သိ ရှိသူမှာ ကမ္ဘာတစ်ဝန်းတွင်လူနည်း စုသာဖြစ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ၀က်ဘ်ဆိုက် ၁၀၀ ပြည့်ခဲ့ပြီး ယင်း နှစ်တွင်ပင် ၀က်ဘ်ဆိုက်အရေအတွက် ၁၈၀၀၀ အထိ ရှိလာခဲ့သည်။

အစောပိုင်းတွင်မူ ဒေါ့ကွန်းများ သည်စီးပွားရေးအတွက်ရည်ရွယ်ခဲ့ ကြခြင်းမဟုတ်ဘဲ အစိုးရနှင့် တက္က သိုလ်များ၊ ပညာရပ်ဆိုင်ရာသုတေ သနဌာနများက အိုင်ဒီယာများ ဖလှယ်ရန်အတွက်သာ ရည်ရွယ်သုံး စွဲခဲ့ခြင်းဖြစ်သည်။ Netscape က ဖန် တီးခဲ့သည့် Mosaic Web Browser မှစတင်ပြီး သုံးစွဲသူများကို ကွန်ရက် ပေါ်စတင်ဆွဲခေါ်နိုင်ခဲ့ခြင်း ဖြစ်သည် ဟုပညာရှင်အများစုကယူဆကြသည်။

ယခုအချိန်တွင်မူ Information Technology & Innovation Foundation(ITIF) ၏လေ့လာမှု အရ ကမ္ဘာတစ်ဝန်းဒေါ့ကွန်းနှင့် ဆုံး သော ဒိုမိန်းအမည် သန်း ၈၀ ကျော် ရှိနေပြီဟုသိရပြီး လတိုင်း ဒေါ့ကွန်း ဆိုက် ၆၆၈၀၀၀ မှတ်ပုံတင်လျက်ရှိ သည်။ အင်တာနက်တိုးတက်လာ မှု၏ ၉၉ ဒသမ ၉ ရာခိုင်နှုန်းမှာ လွန်ခဲ့သည့် ၁၅ နှစ်အတွင်းတစ် ဟုန်ထိုးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

.com ပေါ်ပေါက်လာပြီး ၂၅ နှစ်အတွင်း အင်တာနက်စီးပွားရေး သည် တစ်ဟုန်ထိုးတိုးတက်လာ ခဲ့ပြီး ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း ဆင်းရဲ၊ ချမ်းသာမရွေးအင်တာနက်ကို သုံးစွဲ နေကြပြီဖြစ်သည်ဟု ITIF ၏အစီ ရင်ခံစာတွင် ဖော်ပြသည်။

အင်တာနက်မှ စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုသည် ၁ ဒသမ ၅ ထရီလျံဒေါ်လာအထိ ရှိနိုင်ပြီး ကမ္ဘာတစ်ဝန်းဆေးရောင်းချမှု၊ ပြန် လည်ဖွံ့ဖြိုးမြဲစွမ်းအင်အတွက် ရင်း နှီးမြှုပ်နှံမှု၊ သုတေသနလုပ်ငန်းများ အတွက် အစိုးရ၏ရင်းနှီးမြှုပ်နှံမှု များထက်ပင် များပြားသည်ဟုသိရ သည်။

8 ladies show

 ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသ



ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့်သက်ဆိုင်သောနေရာများတို့တွင် မြန်မာယဉ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသော အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား ယခုလဆန်း ပိုင်းမှစတင်၍အရေးယူသွားရန် စီစဉ်လျက် ရှိကြောင်းသတင်းရရှိသည်။ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား များနှင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့ရှိ အင်လျားကန်ပေါင်တို့တွင် အမြင်မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ နောက်တစ်ကြိမ်ထပ်မံတွေ့ရှိပါက ဓာတ်ပုံများအား ဂျာနယ်နှင့်သတင်းစာများတွင် ရေးသားဖော်ပြသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ပြုလုပ်ရခြင်းမှာ လူအများမြင်တွေ့နေရသည့် မြင်ကွင်းများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော သရုပ်ပျက်နေထိုင်မှု များမရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
''အခုရန်ကုန်မြို့ကို ပြည်ပခရီး သွားဧည့်သည်တွေ အ၀င်များလာတော့ အများပြည်သူတွေ့မြင်နေရတဲ့ မြင်ကွင်းတွေမှာ စုံတွဲတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့နေထိုင်မှုတွေမရှိအောင်၊ ပြည်ပဧည့်သည်တွေ မြန်မာ့ယဉ်ကျေးမှုကို အထင်မသေးအောင် ဒီလိုအရေးယူမှုတွေ ပြုလုပ်ရခြင်းဖြစ်ပါတယ်။တန်ခိုးကြီးဘုရားတွေမှာလည်း ပြည်ပဧည့်သည်တွေ ၀င်နေတော့ အဲဒီလိုနေထိုင်မှုတွေ မရှိသင့်ဘူး။ သာမန်စကားပြောတာ ကတော့ရပါတယ်''ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။


Share အမြင်မသင့်လျော်စွာနေထိုင်သည့် စုံတွဲများကို အရေးယူနိုင်ရန် အတွက် တန်ခိုးကြီးဘုရားများတွင် ဂေါပကအဖွဲ့ဝင်များနှင့် အင်းလျားကန်ပေါင်တို့တွင် စည်ပင်သာယာ တာဝန်ရှိသူများက လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ''အင်းလျားကန်ပေါင်လို နေရာမျိုးမှာ တစ်ခါတလေအမြင်မသင့်အောင် နေထိုင်တဲ့စုံတွဲတွေကို တွေ့နေရပါတယ်။ တစ်ခါတစ်လေ နှစ်ယောက်လုံးသရုပ်ပျက်တဲ့ အမူအရာတွေအထိ လုပ်တာတွေလည်းရှိပါတယ်။ ဒါဟာအများ အမြင်မှာလုံးဝမသင့်ပါဘူး''ဟု ကိုယ်တိုင်တွေ့ကြုံရခဲ့သူတစ်ဦးက ဆိုပါ သည်။
''ပိတ်ရက်တွေဆိုရင် ကလေး တွေကို ပန်းခြံတွေမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ လိုက်ပို့ပေးတဲ့အခါ တချို့စုံတွဲတွေရဲ့အမြင်မတော်တဲ့ အပြုအမူအနေအထိုင်တွေကြောင့် ပန်းခြံသွားဖြစ်တဲ့အခါမှာ အဲဒီလို အတွဲတွေနဲ့ မဆုံရအောင်ရှောင်ပြီး ကလေးတွေကို ကစားခိုင်းရတာမျိုး တွေရှိပါတယ်။ အများပြည်သူအပန်းဖြေတဲ့ ပန်းခြံလိုနေရာမျိုးမှာ အဲဒီလိုပုံစံမျိုးတွေတော့ မရှိသင့်ပါဘူး''ဟု မိခင်တစ်ဦးကပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် ညစ်ညမ်းဗီဒီယိုခွေများပြသသော ဗီဒီယိုရုံနှင့် ပြသသူများအား အရေးယူတော့မည်



ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် ညစ်ညမ်းဗီဒီယိုကား ပြသသော ဗီဒီယိုရုံများနှင့်အတူ ပြသသူများကိုပါ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ကျေးရွာများတွင် မုဒိမ်းမှုများ ဖြစ်ပွားနေရခြင်းမှာ ညစ်ညမ်းခွေပျံ့ နှံ့မှုများကြောင့်ဟု ယူဆရသဖြင့် ယင်းကဲ့သို့ ပြသသည့် ဗီဒီယိုရုံများ၊ ပြသသူများကို အရေးယူသွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ပြုလုပ်ရခြင်းမှာ ကျေးရွာများတွင် မုဒိမ်းမှုများလျော့နည်းသွားစေရန်လည်း ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။


''ကျေးရွာတွေမှာ မုဒိမ်းမှုတွေ ဖြစ်ပေါ်နေတာဟာ ညစ်ညမ်းခွေ တွေကြောင့် ဖြစ်တယ်လို့ ယူဆရတဲ့ အတွက် ညစ်ညမ်းခွေတွေပြသတဲ့ ဗီဒီယိုရုံတွေ၊ ပြသတဲ့သူတွေကိုပါ အရေးယူသွားမှာပါ။ ဒါ့အပြင် ညစ်ညမ်းခွေတွေ ပြသတဲ့စက်တွေကို လည်း သိမ်းဆည်းသွားမှာပါ။ ဒီလို လုပ်ရခြင်းဟာ ကျေးရွာတွေမှာ မုဒိမ်းမှုတွေ လျော့နည်းသွားစေဖို့ ရည်ရွယ် ပါတယ်'' ဟု ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါ သည်။


''အခု မုဒိမ်းမှုကျူးလွန်တဲ့သူ တွေက ညစ်ညမ်းခွေတွေကို အတု ခိုးပြီး ကျူးလွန်သူတွေရှိပါတယ်။ ဒီ လိုခွေမျိုးတွေက ဆင်ဆာမဲ့ခွေတွေ ပါ။ အခုဆိုရင် အခြားဆင်ဆာမဲ့ ခွေ တွေကိုလည်း အရေးယူလျက်ရှိပါ တယ်''ဟု ယင်းတာဝန်ရှိသူက ဆက် လက်ပြောပြခဲ့သည်။


ညစ်ညမ်းခွေပြသသူနှင့် ပြသ သည့်ဗီဒီယိုရုံများအား သက်ဆိုင်ရာ ကျေးရွာများရှိ ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင်များမှ လိုက်လံစစ်ဆေးသွားမည်ဖြစ်ပြီး ပြသနေသည်ကို တွေ့ရှိပါက ဗီဒီယို အက်ဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းအတွင်းတွင် ကျေးရွာ အုပ်စုပေါင်း ၂၁၂၈ ခုရှိကြောင်း လည်း သိရှိရပါသည်။

ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အထက်တန်းကျောင်း အချို့အား ပုဂ္ဂလိကပိုင် ဖြစ်မည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ဟုဆို



ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အထက်တန်းကျောင်း အချို့အားပုဂ္ဂလိကပိုင် ဖြစ်မည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ပုံမှန်အတိုင်းသာ လည်ပတ်နေကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ တာဝန်ရှိသူတစ်ဦးမှ မတ်လ ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။


ယခုအခါ ကျောင်းသားမိဘ လူငယ်ထုကြားတွင် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းများဖြစ်သော ဒဂုံ(၁)၊ လသာ(၁)နှင့် အင်းစိန်(၂) စသောကျောင်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချကာ ပုဂ္ဂလိကပိုင် ဖြစ်မည်ဆိုခြင်းကြောင့် ကျောင်းတက်ရောက်ရာတွင် စိုးရိမ်စိတ်များ ဖြစ်ခဲ့ရကြောင်း အဆိုပါကျောင်းများတွင် တက်ရောက်နေသူအချို့က ပြောပြခဲ့ကြသည်။


သို့သော်လည်း ယင်းသတင်းမှာ ကောလာဟလပင်ဖြစ်ကာ မမှန်ကန်ကြောင်းကို ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှတာဝန်ရှိသူက''ဒဂုံ(၁)ဆိုလည်း အဲဒီမှာတက်နေတဲ့ ကျောင်းသားတွေအားလုံးပုံမှန်ပါပဲ။ ကော လာဟလတွေပါ''ဟု မတ်လ ၇ ရက် နေ့တွင် ပြောကြားခဲ့ပါသည်။


ထို့ပြင် ဒဂုံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ မတ်လ ၅ ရက်နေ့က သွားရောက်မေးမြန်းခဲ့ရာတွင် လတ်တလောအနေဖြင့် မည်သည့်ညွှန်ကြားချက် တစ်စုံတစ်ရာမျ မရောက်ရှိသေးကြောင်း တာဝန်ကျဆရာတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။


တရားဝင်ဖွင့်ခွင့်ပြုလိုက်သော ပုဂ္ဂလိကကျောင်းများဟူသည် လက်ရှိလုပ်ကိုင်နေဆဲ ပုဂ္ဂလိကပညာရိပ်ငြိမ်၊ ဘော်ဒါဆောင်နှင့် ပညာရေးစင်တာ များကိုသာ ဆိုလိုခြင်းဖြစ်ပြီး နိုင်ငံပိုင် အထက်တန်းကျောင်းများအား ပုဂ္ဂလိက လုပ်ငန်းရှင်များလက်သို့ လွှဲပြောင်းပေးကာ ပုဂ္ဂလိကကျောင်း အဖြစ် တည်ထောင်သွားမည်ဆိုခြင်းမှာ ကောလာဟလများသာ ဖြစ်ကြောင်း တာဝန်ရှိသူကပင် ရှင်းပြခဲ့သည်။


ပုဂ္ဂလိကကျောင်းများ တရားဝင်လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းအားဖြင့် အရည်အသွေးကောင်းမွန်သည့် ပညာရေးတစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

 အစ္စရေးက နေအိမ်တိုးချဲ့ရန်စီစဉ်မှုအတွက် ဟီလာရီကလင်တန် ပြင်းပြင်းထန်ထန်ဝေဖန်


အစ္စရေးက အရှေ့ဂျေရုဆလမ် တွင် နေအိမ်တိုးချဲ့ရန်စီစဉ်နေမှုအ တွက် အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန်က ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည်။ ယင်းကြေညာချက်ကြောင့် မဟာ မိတ်အမေရိကန်နှင့်ဆက်ဆံရေးတွင် ဆိုးရွားသောအနုတ်လက္ခဏာပြသခဲ့ သည်ဟုဟီလာရီကပြောကြားခဲ့သည်။ အမေရိကန်ဒုတိယသမ္မတဂျိုးဘိုင်ဒင် သည်အစ္စရေးသို့ သွားရောက်ချိန်တွင် ယင်းကြေညာချက်ထွက်ပေါ်ခဲ့ခြင်းဖြစ် ပြီး ၀ါရှင်တန်ကပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ဟီလာရီက အစ္စ ရေးဝန်ကြီးချုပ်နေတန်ယာဟုကို ပြော ကြားခဲ့သည်။

ဟီလာရီကလင်တန် ဝေဖန်ချက်ကို အရှေ့အလယ်ပိုင်းဒေ သငြိမ်းချမ်းရေးသဘောတူညီချက်ရရှိ ရေးကြိုးပမ်းနေသော လေးပွင့်ဆိုင် အဖွဲ့ကလည်း ထောက်ခံခဲ့သည်။

ယင်းကဲ့သို့အမေရိကန်မှပြင်း ထန်စွာဝေဖန်မှုသည် ဆယ်စုနှစ်အ တွင်း အဓိကမဟာမိတ်နိုင်ငံအတွက် ရှားပါးသောတုံ့ပြန်မှုဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်၊ ဇွန်တွင်လည်း ထိုစဉ်က အစ္စရေးဝန်ကြီးချုပ်ရစ်ဇက်ရှာမာ၏ ခေါင်းမာသောအပြုအမူကြောင့် အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဂျိမ်းစ်ဘေ ကာက ''ခင်ဗျားတို့ငြိမ်းချမ်းရေးရယူ ဖို့ စိတ်အရမ်းထက်သန်တဲ့အချိန်မှ ကျွန်တော်တို့ကို ဆက်သွယ်လိုက်'' ဟု တုံ့ပြန်ခဲ့သည်။ သို့သော် ယနေ့ အချိန်နှင့် ၁၉၉၀ ပြည့်နှစ်နိုင်ငံရေး အခြေအနေကွဲလွဲမှုရှိသည်ဟု လေ့လာ သူများက သုံးသပ်ခဲ့သည်။

''ဟီလာရီနဲ့ ဘိုင်ဒင်က အစ္စရေး နဲ့အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေ။ ဘုရှ် အကြီးနဲ့ဘေကာကတော့ အဲလောက် အထိ မရင်းနှီးဘူး'' ဟု လေ့လာသူ များကပြောကြားခဲ့သည်။ အစ္စရေးလုံ ခြုံရေးအတွက် အမေရိကန်က စိတ် အားထက်သန်နေချိန်တွင် ယင်းကဲ့သို့ နေအိမ်တိုးချဲ့မှုကြေညာချက်ထွက်ပေါ် လာခဲ့သည့်အတွက် နားမလည်နိုင် အောင်ဖြစ်ခဲ့ရကြောင်း ဟီလာရီက နေတန်ယာဟုကိုပြောကြားခဲ့သည်ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်ဖီးလစ် ခရိုလေးက ထုတ်ပြန်ခဲ့သည်။

ဒီနှစ် ရန်ကုန်သင်္ကြန်မှာ လူငယ်တွေ တရားစခန်းပိုဝင်ကြမည်



ယခုနှစ်ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ထားသော်လည်း လူငယ်အချို့ သင်္ကြန်ကာလအတွင်း ပျော်ရွှင်မှုထက် တရားစခန်းဝင်၍ ကုသိုလ်ယူရန်နှင့် လူငယ်များစုပေါင်း၍ ကုသိုလ်ယူကြရန် အစီအစဉ်များကိုသာ ပိုမို စိတ်ဝင်စားနေကြောင်း လူငယ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။


လူငယ်အများစုက ရန်ကုန်မြို့ သင်္ကြန်ကာလကို ကုသိုလ်ရေး အစီအစဉ်များဖြင့် ဖြတ်သန်းကြရန် စီစဉ်ထားသည်ဟုလည်း သိရသည်။ ယခုနှစ်တွင် နေပြည်တော်ရှိ ၀န်ကြီးဌာနအားလုံးတွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များ ထားရှိမည်ဖြစ်ပြီး ယိမ်းအဖွဲ့ ၃၀ ဖြင့်ဖျော်ဖြေမှု များပေးသွားမည်ဟုလည်း သိရသည်။ ယင်းအပြင် နေပြည်တော်ဟိုတယ်ဇုန်၌ ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်များ တည်ဆောက်ရန် စီစဉ်နေပြီဖြစ်သည် ဟုလည်း သိရသည်။ နေပြည်တော် မြို့တော်ခန်းမရှေ့တွင် နေပြည်တော် မြို့တော်ဝန်ရေကစားမဏ္ဍပ်ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး နာမည်ကျော်အဆိုတော်များ၊ သရုပ်ဆောင်များလာရောက် ကြမည်ဟုလည်း သိရသည်။


ယခုနှစ်တွင် ရန်ကုန်မြို့၌နှစ်စဉ် သင်္ကြန်ရေကစားမဏ္ဍပ်များဖြင့် စည်ကားခဲ့သော ရန်ကုန်မြို့၏ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုမည်မဟုတ်ဘဲ အခြားနေရာများတွင် မဏ္ဍပ်များကို ဖြန့်၍ဆောက်လုပ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။


၂၀၀၉ ခုနှစ် သင်္ကြန်ကာလ အတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီမှုမရှိသော သရုပ်ပျက်ရေကစားမဏ္ဍပ် အများဆုံးတည်ရှိသည့်နေရာမှာ အင်းလျားလမ်းတွင်ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ ခွင့်မပေးခြင်းဖြစ်ကြောင်း သိရှိရသည်။ ၂၀၀၉ ခုနှစ် သင်္ကြန်ကာလအတွင်း အားနည်းချက်များကို ပြန်လည်သုံးသပ်ခဲ့ရာတွင် သင်္ကြန်မဏ္ဍပ် အများစုမှာနာမည်ပေးရာ၌ လျောက်ထားစဉ်ကနာမည်မဟုတ်ဘဲ အခြားစာသားများပါဝင်နေသည်ကို တွေ့ရှိခဲ့ ရကြောင်း၊ မဏ္ဍပ်အရွယ်အစားများမှာ လည်းလျောက်ထားစဉ်ကထက် လက်တွေ့တွင်အရွယ်အစားကြီးမားနေခြင်း နှင့် သောက်စားမူးယစ်သူများ၊ သရုပ် ပျက်ဝတ်စားဆင်ယင်မှုအပြင် ယာဉ်စည်းကမ်းလိုက်နာမှု လုံးဝမရှိခဲ့၍ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ ကြောင်း သိရှိရသည်။



ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ရန်ကုန် သင်္ကြန်တွင် ပြည်လမ်း၌ ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုခဲ့ဘဲ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ဆောက် လုပ်ခွင့်ပြုခဲ့ကြောင်းသိရသည်။ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့နေရာအနှံ့၌ ရေကစားမဏ္ဍပ်အရေအတွက် ၂၀၀ကျော် ရှိခဲ့ပြီး အင်းလျားလမ်းတွင် မဏ္ဍပ်အရေအတွက် ၃၈ ခု ရှိခဲ့ကြောင်း သိရှိ ရသည်။


''ဒီနှစ်ပိုင်း ရန်ကုန်သင်္ကြန်က ဟိုးအရင်နှစ်တွေကလောက် မစည်ကားတော့ဘူးလို့ ပြောရပါမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ မနှစ်ကတုန်းက အတွေ့အကြုံအရ ရေကစားမဏ္ဍပ် အများဆုံးရှိတဲ့ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်းတို့လောက် မှာပဲ လူတွေစည်ပြီး ရေပက်ခံကား တွေတိုးဝှေ့နေရတာကို တွေ့ရတယ်။ ကျန်တဲ့နေရာတွေအနေနဲ့ ပြောရင် မြို့ထဲပိုင်းတစ်နေရာလောက်ပဲ စည်ကားပြီး တခြားမြို့နယ်တွေမှာ ပါဝင်ဆင်နွှဲသူ နည်းပါးခဲ့ပါတယ်။ ဒီနှစ် လည်း အနုပညာရှင်တွေနဲ့ လူငယ် တချို့ကလည်း နေပြည်တော်သင်္ကြန် မှာပဲ ဆင်နွှဲဖို့ ပြင်ဆင်နေကြပါပြီ။ ဒါကြောင့် ရန်ကုန်သင်္ကြန်ကအရင်နှစ်တွေလောက်တောင် စည်ကားတော့ မယ်လို့မထင်ဘူး''ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ပြောပြခဲ့သည်။
သင်္ကြန်ကာလအတွင်း၌ ပျော်ရွှင်မှုထက် ကုသိုလ်ယူလိုသော လူငယ်များအနေဖြင့် ယခုအချိန်ကတည်းပင် တရားစခန်းများကို ဆက်သွယ်စာရင်းပေးရန် စီစဉ်လျက်ရှိနေပြီး . . .


ယခုနှစ်တွင် ရန်ကုန်သင်္ကြန်၏ အစည်ကားဆုံးနေရာများဖြစ်သော အင်းလျားလမ်းနှင့်တက္ကသိုလ်ရိပ်သာလမ်း တို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုသည့်အတွက် ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း နှင့် မြို့တွင်း Down Town ဧရိယာ များတွင် စည်ကားနိုင်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့နေပြည်သူအချို့က ဆိုပါ သည်။


'' ဒီနှစ်သင်္ကြန်မှာတော့ အပျော်တွေလျော့ပြီး ကုသိုလ်ရေးတွေကို ပိုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ပြီး တော့ နှစ်ဆန်းတစ်ရက်နေ့မှာ သက် ကြီးရွယ်အိုတွေကိုခေါင်းလျော်တာတို့၊ လက်သည်းခြေသည်းညှပ်ပေးတာတွေ လုပ်ပြီးကုသိုလ်ယူဖို့လည်း စိတ်ကူးထား ပါတယ်။ ရိပ်သာမှာတရားစခန်းဝင်ဖို့ လည်းရှိပါတယ်''ဟု လူငယ်တစ်ဦးက ဆိုသည်။


သင်္ကြန်ကာလအတွင်း၌ ပျော် ရွှင်မှုထက် ကုသိုလ်ယူလိုသော လူငယ်များအနေဖြင့် ယခုအချိန်ကတည်းပင် တရားစခန်းများကို ဆက်သွယ်စာရင်းပေးရန် စီစဉ်လျက်ရှိနေပြီး ကုမ္ပဏီ အစုအဖွဲ့များမှ လူငယ်များမှာလည်း သင်္ကြန်ကာလအတွင်း ပဉ္ဇင်းတက်ရန် နှင့် တရားစခန်းများဝင်ရောက်ရန် စီစဉ်မှုများရှိနေကြောင်း ကုမ္ပဏီအချို့မှ စုံစမ်းသိရှိရသည်။


ယခုနှစ်သင်္ကြန်အတွက် တရားစခန်းများတွင် တရားစခန်းဝင်ရန်နှင့် ဒုလ္လဘ၀တ်ရန် စာရင်းပေးသွင်းထား သူများ၊ သင်္ကြန်ကာလအတွင်း တရားစခန်းများတွင်ဝေယျာဝစ္စကုသိုလ်ယူရန် စာရင်းပေသွင်းထားသူ လူငယ်အများအပြားရှိကြောင်းလည်း စုံစမ်းသိရှိရ သည်။


''ကျွန်တော်တို့ကုမ္ပဏီက လူငယ် တွေ ဒီနှစ်တော့စုပြီးမလည်ကြတော့ဘဲ သင်္ဃန်းကျွန်းဘက်က တရားရိပ်သာတစ်ခုမှာ ရိပ်သာလာဝင်ကြတဲ့ လူတွေ ကို ဝေယျာဝစ္စကုသိုလ်လုပ်ဖို့အတွက် စာရင်းပေးခဲ့ပါတယ်။ ရပ်ကွက်ထဲမှာ လည်း နှစ်ဆန်းတစ်ရက်နေ့ကျရင် လုပ်မယ့် သက်ကြီးပူဇော်ပွဲအတွက် ဘိုးဘွားတွေကိုကြိုပို့ တာဝန်ယူဖို့ စာရင်းပေးထားပါတယ်''ဟုသင်္ဃန်းကျွန်း မြို့နယ်မှ လူငယ်တစ်ဦးက ပြောပြခဲ့ သည်။


စမ်းချောင်းမြို့နယ်ရှိ သမိဒ္ဓေါဒယ သုခိတာရာမဒေါ်ဉာဏစာရီ မြန်အောင် သီလရှင်စာသင်တိုက်တွင် ယခုနှစ် အတွက် အ.ထ.က(၂)စမ်းချောင်းမှ ကျောင်းသူ အယောက် ၁၀၀ ခန့် သီလရှင်ဝတ်ရန် စာရင်းပေးသွင်းထားကြောင်းလည်း သိရသည်။


''သင်္ကြန်တွင်းအတွက် ဒုလ္လဘ ၀တ်ကြဖို့ ကြိုတင်စာရင်းသွင်းတာမျိုး မရှိပေမယ့် နှစ်တိုင်းသင်္ကြန်တွင်း ရောက်ရင်တော့ ဒုလ္လဘကအနည်းဆုံး ၄၀၊ ၅၀ လောက်တော့ ရှိနေကြပါပဲ။ ပြီးခဲ့တဲ့နှစ်ကတော့ မတ်လနဲ့သင်္ကြန်တွင်း အပါအ၀င်ဆိုရင် ဒုလ္လဘ ၃၀၀ လောက်ရှိခဲ့ပါတယ်''ဟု သီလရှင် ဆရာကြီးတစ်ဦးက ပြောပြခဲ့သည်။


အလားတူပင် သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဓမ္မပီယရိပ်သာကျောင်းတိုက်တွင်လည်း နှစ်စဉ် သင်္ကြန်တွင်း ၁၀ ရက်တရားစခန်းကို ဖွင့်လှစ်လျက်ရှိရာ တရားစခန်းဝင်သူဦးရေမှာ ၃၀၀ ခန့် အထိရှိပြီး ယခုနှစ်အတွက် ရိပ်သာဝင်မည့်သူ အရေအတွက်မှာ ယခင်နှစ် ထက်များနိုင်သည်ဟု ရိပ်သာမှ တာ ၀န်ရှိသူတစ်ဦးက ဆိုပါသည်။ ယင်း အပြင် မိုးကုတ်ဝိပဿနာ(ဌာနချုပ်) တွင် သင်္ကြန်အတွက် စာရင်းပေးသွင်း မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်လက်ခံမည်ဖြစ်ပြီး ယခင်နှစ်အတွေ့အကြုံ များအရစာရင်းပေးသွင်းရမည့်နေ့ မတိုင်မီကပင် ကြိုတင်လာသူများရှိတတ်ပြီး ယခုနှစ်တွင် သင်္ကြန်တွင်းတရားစခန်း များအတွက် လူငယ်လူလတ်ပိုင်း အ များစု မေးမြန်းစုံစမ်းများရှိနေကြောင်း လည်း သိရသည်။


ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တွင်လည်း နှစ်စဉ်အတွေ့အကြုံများအရ နေရာ အခက်အခဲများရှိခဲ့ကြောင်းနှင့် ယခု နှစ်အတွက် ကြိုတင်စုံစမ်းမှုများရှိနေ ကြောင်း သိရသည်။
ယင်းအပြင် ဘိုးဘွားရိပ်သာ များ၌လည်း သင်္ကြန်ကာလအတွင်း လူငယ်များ တစ်ဦးချင်းနှင့် အဖွဲ့လိုက် လာရောက်၍ ဘိုးဘွားများအား လက် သည်းခြေသည်းညှပ်ပေးခြင်း၊ ခေါင်း လျော်ပေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ကူညီလုပ်ကိုင်ပေးခြင်းဖြင့်ကုသိုလ် ယူလိုကြသူများ နှစ်စဉ်လာရောက် စာရင်းပေးလေ့ရှိပြီး ယခုနှစ်တွင် ပိုမိုများပြားနိုင်ကြောင်း နှင်းဆီကုန်းဘိုး ဘွားရိပ်သာနှင့် ရွှေသံလွင်ဘိုးဘွား ရိပ်သာမှ စုံစမ်းသိရှိရသည်။
ရန်ကုန်သင်္ကြန်က ဟိုးအရင်နှစ်တွေကလောက် မစည်ကားတော့ဘူးလို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်ကတုန်းက အတွေ့အကြုံအရ ရေကစားမဏ္ဍပ်အများဆုံးရှိတဲ့ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်းတို့ လောက်မှာပဲ လူတွေစည်ပြီး ရေပက်ခံကားတွေ တိုးဝှေ့နေရတာကိုတွေ့ရတယ်။


''သင်္ကြန်ကာလမှာ ဘိုးဘွား ရိပ်သာတွေကိုလာပြီးကုသိုလ်ယူကြတဲ့ လူငယ်အဖွဲ့တွေ များတယ်။ မနှစ်က ဆိုရင် သုံးလေးဖွဲ့လောက် ရှိပါတယ်။ တစ်ဦးချင်းတော့လာတာနည်းတယ်၊ လူငယ်တွေစုပြီးလာကြတာပဲ။ မနှစ်က အတွေ့အကြုံအရ ဒီနှစ်ပိုများနိုင်ပါ တယ်''ဟု နှင်းဆီကုန်းဘိုးဘွားရိပ်သာ မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ရွှေသံလွင်ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူတစ်ဦးကလည်း စီစဉ်ပေးသူ များဘက်မှ အခက်အခဲများမရှိစေရန် လာရောက်ကုသိုလ်ယူလိုသူ လူငယ်များအနေဖြင့် ကြိုတင်သတင်းပို့ထားရန် လိုအပ်မည်ဖြစ်သည်ဟုပြောပြခဲ့သည်။


''တကယ်တော့ သင်္ကြန်ဆိုတာ နှစ်တစ်နှစ် ကူးပြောင်းသွားတဲ့ ကာလ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဟောင်း အညစ်အကြေးတွေ၊ အကုသိုလ်အပြစ်တွေကို အတာရေအေးနဲ့ဆေးတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ လူငယ်တွေ အပျော်ဘက်ကနေ ကုသိုလ်ရေးကိုကူး လာတဲ့အတွက် ကောင်းတယ်လို့ပြောရ မှာပါ။ သင်္ကြန်ကာလမှာ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတဲ့ ဓလေ့မှန် စရိုက်မှန်ကိုတော့ ရှင်သန်စေချင်ပါတယ်''ဟု ရန်ကုန်မြို့ခံ တရားရုံးချုပ်ရှေ့နေ စာရေးဆရာတစ်ဦးက ဆိုပါသည်။

 ပုသိမ်-ချောင်းသာကားလမ်းရှိ ကျောက်ချောင်းကြီးတံတား ပြိုကျမှုဖြစ်ပွားခဲ့

ပြိုကျမှုဖြစ်ပွားခဲ့သည့် ပုသိမ်-ချောင်းသာကားလမ်းရှိ ကျောက်ချောင်းကြီးတံတား
laymoe

ပုသိမ်မှ ချောင်းသာသို့ သွားသည့် လမ်းပေါ်ရှိ ကျောက်ချောင်း ကြီးတံတားမှာ မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါတံတားမှာ ချောင်းသာ ဘက်မှလာသော ဘတ်စ်ကားတစ်စီး ဖြတ်ပြီးနောက် ကုန်ကားတစ်စီးထပ်မံ ဖြတ်သန်းချိန်တွင် ပြိုကျမှုဖြစ်ပွားခဲ့ ခြင်းခဲ့ခြင်းကြောင့်ကုန်ကားမှာချောင်း ထဲသို့ပြုတ်ကျသွား ခဲ့ကြောင်းမျက်မြင် တွေ့ကြုံခဲ့ရသူတစ်ဦးကဆိုပါသည်။

''ချောင်းသာကို အသွားပြန်လုပ်တဲ့ ကားတိုင်း ကျောက်ချောင်းကြီး တံတားကိုဖြတ်ရပါတယ်။ ကျွန်တော်တို့ ချောင်းသာက မတ်လ ၁၆ ရက် နေ့ကပြန်အလာကျောက်ချောင်းကြီး တံတားဖြတ်မလို့ စောင့်နေတုန်းမှာ ကျွန်တော်တို့ ကားရှေ့က ဖြတ်သွား တဲ့ကုန်ကားကြီးနဲ့အတူတံတားကြီး တစ်ခြမ်းပြိုကျသွားပါတယ်။ တံတား ကသစ်သားတံတားဖြစ်ပြီး တံတား အဟောင်းပါ။ တံတားပြိုကျသွား တော့ ကုန်ကားကြီးက ချောင်းထဲကို ကျသွားပါတယ်။ပထမတံတားတစ် ခြမ်းပြိုကျပြီးနောက်ထပ်မိနစ် ၂၀ အ ကြာမှာနောက်ထပ်တံတားတစ်ခြမ်း ကထပ်ပြီး ပြိုကျသွားပါတယ်။ မြင်ရ တဲ့ မြင်ကွင်းကတော့ ထိတ်လန့်စရာ ပဲ။ တော်သေးတယ်လူတွေဘာမှ မ ဖြစ်ဘူး''ဟု မတ်လ ၁၅ ရက်နေ့တွင် ချောင်းသာမှ ပြန်လာသူတစ်ဦးက သူ ၏ တွေ့ကြုံရမှုများကို ပြောပြခဲ့ သည်။

ကျောက်ချောင်းကြီးတံတားမှာ တံတားအရှည် ၃၃၀ ပေရှိပြီး တံတား ခံနိုင်ဝန်မှာ ယာဉ်နှင့် ကုန်အပါအ၀င် ၈ တန်ဖြစ်ကြောင်း သိရသည်။

အမေရိကန်တွင် Googleထက် Facebookကို ပိုမိုသုံးစွဲလာကြ


laymoe
oogleကိုကျော်ကာ အမေရိကန်၏ လူသုံးအများဆုံး ၀က်ဘ်ဆိုက်စာရင်းတွင် Facebookက နံပါတ်(၁)နေရာကို ရလာပြီဖြစ်သည်။ ကမ္ဘာကျော် Social Networking၀က်ဘ်ဆိုက်သည် မတ်လ(၁၃)ရက်နေ့က စာရင်းပိတ်ခဲ့သည့် တစ်နှစ်တာအတွက် အမေရိကန်၏ လူအများဆုံး လာရောက်ကြည့်ရှုခြင်း ခံရသော ၀က်ဘ်ဆိုက်များစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေခဲ့သည်။ Hitwise၏ လေ့လာမှု မှတ်တမ်းအရ Facebookသည် တစ်နှစ်အတွင်း အမေရိကန်၏ အင်တာနက် Trafficစုစုပေါင်း ပမာဏ၏ (၇.၉၇)ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အကောင်းဆုံး Search Engine၀က်ဘ်ဆိုက် Googleကမူ (၇.၀၃)ရာခိုင်နှုန်းဖြင့် Facebookနောက် ဒုတိယနေရာတွင်သာ ရှိခဲ့သည်။

Google and Facebook

လွန်ခဲ့သော (၄)နှစ်က ဟားဗက်တက္ကသိုလ် ကျောင်းသားအချို့ စတင်ခဲ့သော Facebookသည် ယခုအခါ ကမ္ဘာပေါ်တွင် ၀င်ရောက်အသုံးပြုနေသူ သန်း(၄၀၀)ကျော်ထိ ပိုင်ဆိုင်ထားပြီးဖြစ်သည်။ Hitwise၏ အဆိုအရ Facebookသည် ခရစ္စမတ်အကြိုနေ့၊ ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးနေ့များတွင် ကမ္ဘာအရပ်ရပ်မှ လူအများက မိသားစုများ၊ သူငယ်ချင်းများနှင့် ဆက်သွယ်မှုများကြောင့် နံပါတ်(၁) လူသုံးအများဆုံးနေရာသို့ သိသိသာသာ ထိုးတက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ယခုနှစ် မတ်လအစောပိုင်း သီတင်းပါတ်တွင် Facebook၏ လူသုံးများမှုမှာ ပြီးခဲ့သည့်နှစ် မတ်လအစောပိုင်း သီတင်းပါတ်နှင့် ယှဉ်ပါက (၁၈၅)ရာခိုင်နှုန်း ထိုးတက်လာကြောင်း Hitwiseက ပြောကြားခဲ့သည်။ Googleကလည်း တစ်နှစ်အတွင်း ၀က်ဘ်ဆိုက်သို့ ၀င်ရောက်သူ အရေအတွက် (၉)ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ Googleသည် ပြီးခဲ့သည့်လက Social Networking ၀န်ဆောင်မှု တစ်ခုဖြစ်သည့် Buzzကို ၎င်း၏ ကမ္ဘာကျော် Gmailစနစ်တွင် စတင်မိတ်ဆက်ခဲ့သော်လည်း Privacyဆိုင်ရာ အားနည်းချက်များကြောင့် မအောင်မြင်ခဲ့ဘဲ တရားဥပဒေအရ အရေးယူခံရမည့် ခြိမ်းခြောက်မှုများပင် ကြုံတွေ့ခဲ့ရသည်။ Facebookသည် သုံးစွဲသူများအား အစဉ်သဖြင့် ဆွဲဆောင်ထားလေ့ရှိရာ အလုပ်ခွင်များ၊ ကျောင်းများအပါအ၀င် နေရာအတော်များများတွင် ပိတ်ပင်ထားခဲ့သည်။ Hitwiseက Facebookရော၊ Googleပါ ကုန်သွယ်မှု လုပ်ငန်းကြီးများ အနေနှင့် အကြီးအကျယ် အောင်မြင်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Source: DailyMail

ဂျက်ဆီကာဆင်ဆမ်ရဲ့ သွားကျန်းမာရေး ဂရုစိုက်နည်း


laymoe
ဂျက်ဆီကာ ဆင်ဆမ်ဟာ သွားလှသူတစ်ယောက်ဖြစ်သလို သူ့ရဲ့အပြုံးဟာ ဒေါ်လာသန်းချီတန်တယ်လို့ တင်စားခံထားရသူပါ။ ဒီအတွက် သူ့သွားတွေ ခုလိုဖြူဖွေးလှပနေအောင် ဘယ်လိုများ ထိန်းသိမ်းသလဲ မေးကြည့်တဲ့အခါ အဆိုတော် မင်းသမီးက “ကျွန်မအရင်တုန်းက သွားမတိုက်ဘူးရှင့်”လို့ ဖြေခဲ့ပါတယ်။ အဲဒီအစား သူ့သွားတွေကို အရမ်းငြင်သာနူးညံ့တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်ထိန်းသိမ်းတယ်လို့ ဂျက်ဆီကာက ဆိုပါတယ်။ “ကျွန်မက Listerineကို သုံးပါတယ်။ ဒါပေမယ့် သွားတိုက်တံနဲ့ မတိုက်ပါဘူး။ ဆွယ်တာလို နူးညံ့တဲ့ အ၀တ်တွေနဲ့ပဲ သွားတွေကို ပွတ်ပါတယ်”လို့ ဖြေခဲ့ပါတယ်။ ခုတော့လည်း တခြားလူတွေလို သွားတိုက်နေပေမယ့် သူ့ရဲ့သွားတွေက အရမ်းစွမ်းအားပြင်းပြီး ညှို့ယူနိုင်တဲ့အတွက် ကျေနပ်မိတယ်လို့ ဂျက်ဆီကာက ပြောပါတယ်။ နာမည်ကျော် အဆိုတော်က သူ့အသက်(၆၀)လောက်ထိ ဒီသွားတွေနဲ့ ကြည့်ကောင်းနေမယ်ထင်တယ်လို့ ခပ်နောက်နောက် ပြောခဲ့ပါသေးတယ်။ နောက်ပြီးတော့ သွားတွေလှဖို့ အစားရှောင်တာမျိုးလည်း မရှိပေမယ့် သူ့ရဲ့ငါးများများစားတဲ့ အကျင့်က ကျန်းမာရေးနဲ့ ညီညွတ်စေတယ်လို့ ယုံကြည်နေတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။ “ကျွန်မတို့မိသားစုက အကျန်းမာဆုံး လူတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တော်ရုံတန်ရုံလည်း ဖျားနာတာမျိုး မရှိပါဘူး”လို့ ဂျက်ဆီကာက ဆိုပါတယ်။ အသက်(၂၉)နှစ် ရှိပြီဖြစ်တဲ့ ဂျက်ဆီကာက သူနဲ့လက်ရှိပြန်တွဲနေသူ ချစ်သူဟောင်း ဂျွန်မေယာနဲ့ ပတ်သက်ပြီးလည်း သူတို့နှစ်ယောက်ဟာ တစ်ချိန်က လမ်းခွဲဖူးပေမယ့် ခုအချိန်မှာတော့ နားလည်မှုတစ်ခု ထူထောင်ပြီး အောင်မြင်တဲ့ အချစ်ရေးကို အသက်သွင်းနိုင်ခဲ့ပြီးလို့ Iheart Radioနဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။

Source: US Magazine

ထက်ထက်မိုးဦးခင်ပွန်း ဇူးမြတ်ထက်၏ တစ်ကိုယ်တော်စီးရီး ထွက်မည်


laymoe
ထက်ထက်မိုးဦး၏ ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်သည် “တစ်ဖက်သတ်” အမည်ရှိ တစ်ကိုယ်တော် အခွေကို ယခုနှစ် မတ်လအတွင်းထွက်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ၎င်းနှင့်တွေ့ဆုံခိုက် ပြောကြားသည်။ “တစ်ကိုယ်တော်အခွေက မေလလယ်လောက် ထွက်ဖို့ရှိပါတယ်။ လောလောဆယ်တော့ ကျွန်တော်ဂီတဘက်ကိုပဲ ဦးစားပေးလုပ်ဖြစ်နေပါတယ်။

Htet Htet Moe Oo

တေးရေးတွေက ဇ၀ါ၊ နောနော်နဲ့ ဟန်ထူးအောင်တို့ပါ။ သီချင်းအားလုံး ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။ သီချင်းစုစုပေါင်း ၁၁ပုဒ်ပါပါတယ်။ CMP ထုတ်လုပ်ရေးကနေ ထွက်မှာပါ”ဟု ဇူးမြတ်ထက်ကပြောသည်။ ဘယ်သွားသွား မခွဲအတူရှိတတ်ကြသည့် ဇနီးဖြစ်သူ ထက်ထက်မိုးဦး သူနှင့်အတူပါမလာ သည့်အတွက် မေးမြန်းကြည့်ရာ “ထက်ထက်က သိပ်နေမကောင်းလို့ အိမ်မှာ နားနားနေနေလေး နေနေရတယ်”ဟု ဇနီးသည်အား ချစ်ခင်ကြင်နာဟန်ဖြင့် ပြန်လည်ဖြေကြားသည်။

Credit: အေးသူ (7Day News Journal)

ဆုန်သင်းပါရ်မင်္ဂလာပွဲ မေလတွင် ကျင်းပမည်


laymoe




အဆိုတော်ဆုန်သင်းပါရ်သည် သူမ၏ချစ်သူ ဆန်ဇာလျန်းနှင့် ယခုနှစ် မေလ၅ရက်တွင် ဆီဒိုးနားဟိုတယ်၌ မင်္ဂလာပွဲကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ “အစ်မရဲ့ မင်္ဂလာပွဲကို ၅ရက်နေ့မှာလုပ်ဖို့ စရန်ယူထားတယ်။ အစ်မရဲ့ ချစ်သူကတော့ ဂျပန်ကနေ ၂၇ရက်လောက်မှ ပြန်ရောက်မှာဆိုတော့ ရက်အပြောင်းအလဲတော့ ဖြစ်ဖို့ရှိတယ်။ သေချာတာတော့ မေလထဲမှာ လက်ထပ်မှာပါ”ဟု သူမက ပြောသည်။ ဆုန်သင်းပါရ်သည် ချစ်သူဆန်ဇာလျန်း(ခ)ထင်အောင်နှင့် ၂၀၀၉ခုနှစ် ဧပြီလက စေ့စပ်ကြောင်းလမ်းခဲ့ပြီး သူမ၏ချစ်သူမှာ ဂျပန်နိုင်ငံတွင် ဗိသုကာပညာရပ်ကို သင်ကြားနေခြင်းဖြစ်ကာ ယခုအခါ ကျောင်းပြီးခဲ့ပြီဖြစ်သော ချစ်သူနှင့် လက်ထပ်ပွဲပြုလုပ်ခြင်း ဖြစ်သည်။ ချစ်သူသက်တမ်း သုံးနှစ်နီးပါးရှိပြီဖြစ်ပြီး သူမနှင့် ဘာသာလည်းတူ၍ ချင်းတိုင်းရင်းသားမျိုးနွယ်လည်း တူသူဖြစ်သည်။ ယခုနှစ် သင်္ကြန်အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ “တောင်ကြီးမှာ ICမဏ္ဍပ်နဲ့ သီချင်းတွေဆိုမယ်”ဟု ဖြေကြားသည်။

Credit: အေးသူ (7Day News Journal)

အဝေးပြေးယာဉ်ပေါ်မှ ခရီးသည်အား ဆေးခတ်၍ ရွှေနှင့် ငွေထည်ပစ္စည်းများ ယူဆောင်သွားသော တရားခံအား စုံစမ်းနေ

laymoe
အဝေးပြေးမော်တော်ယာဉ်မှ ခရီးသည်တစ်ဦးအား ဆေးခတ်၍ ၎င်း၏ ရွှေထည် ငွေထည်ပစ္စည်းများ ယူဆောင်ထွက်ပြေးသွားသော တရားခံအား သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်နေကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားရာ ၅-၃ ၂၀၁၀ ရက် နေ့ ည ၇ နာရီခွဲအချိန် တရားလို ကိုကျော်ကျော်ဦး (အသက် ၃၀နှစ်) ၊မော်လမြိုင်နေသူသည် မော်လမြိုင်-ရန်ကုန် အဝေးပြေးဂိတ်မှ ရွှေမန်းသူကားဖြင့်ခုံအမှတ် ၁၅ မှစီးနင်းလိုက်ပါလာစဉ် ဘေးချင်းကပ်ခုံတွင် လိုက်ပါလာသည့် (အရပ်ပု၊ ဗိုက်အနည်းငယ်ရွှဲ ၊အသားလတ် ၊ခန္ဓာကိုယ်ဝ၊ ပုဆိုးဝတ်) အသက် ၄၀ ခန့်ရှိသူ (လူမြငိမှတ်မိ) ရန်နိုင်ဆိုသူနှင့် တွေ့ဆုံရင်းနှီးကာ ၎င်းထံ၌ပါရှိသော ပေါင်မုန့်တစ်ခုအား ကားပေါ်တွင်ကျွေး၍ တရားလိုက စားခဲ့ပြီး ဘီးလင်းမြို့နယ် ကားရပ်နားသည့် နေရာအရောက်၌ ကားခေတ္တရပ်နားစဉ် လက်ဖက်ရည်အတူသောက်ကာ ကားဖြင့်ပြန်လည်လိုက်ပါလာစဉ် အိပ်ပျော်သွားရာ တောင်ဥက္ကလာပမြို့နယ်ရှိ၊ ပါရမီကားဂိတ်ဝင်းအတွင်းရှိ ရွှေမန်းသူဂိတ်ထံသို့ နံနက် ၅ နာရီအချိန်ရောက်ရှိစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်က ၎င်းအားနှိုးရာ သတိကောင်းစွာမရရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အတွင်း လူနာဖြစ် ပို့ဆောင်ကုသခံခဲ့ရပြီး ၇-၃-၂၀၁၀ ရက်တွင်ဆေးရုံမှဆင်းသည်အခါမှသာ တရားလို ကိုကျော်ကျော်၏ ခရီးဆောင် အိတ် အတွင်းမှ ငွေ၁၆၀၀၀၀ ကျပ်၊ ရွှေချိန်နှစ်ကျပ်သုံးပဲခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး ၊သုံးမတ်သားရှိ ရွှေလက်စွပ်တစ်ကွင်း စုစုပေါင်းတန်ဖိုး ၁၆၅၅၅၀၀ကျပ် မှာမရှိတော့ကြောင်း တွေ့ရှိရသဖြင့် အမှုဖွင်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါဖြစ်စဉ်အား တောင်ဥက္ကလာပ ရဲစခန်းက (ပ) ၂၀၈/ ၁၀ပုဒ်မ ၃၂၈ ဖြင့် စစ်ဆေးကြောင်း သိရသည်။( Journal)

အိပ်ရေး ၀ အောင် အိပ်ကြနော်

laymoe အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် 1 Month, 2 Weeks ago Karma: 0
အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ချက်
ကျန်းမာပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမ၀သည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။ သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။

၂။ အိပ်နေစဉ်တွင် အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသော အစားများကို ကြိုက်နှစ်သက်သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့်
အမျိုးသမီးများဖြစ်ကြသည်။

၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်း သိရသည်။

၎။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်းမှာ နှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။

၅။ အဝလွန်သူများ၊ အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါ ဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။

၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။

၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။

၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။

၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊ ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။

၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။

အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုးကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး
ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထားကြောင်း သိရသည်။

Report to moderator Logged Logged

Thursday, March 18, 2010

အရေပြားကို Touchscreen Display အဖြစ် အသုံးပြုနိုင်တော့မည်

laymoe
Microsoft Research နဲ့ Carnegie Mellon တက္ကသိုလ်မှ developer များဟာ အရေပြားကို touchscreen display အဖြစ်အသုံးပြုနိုင်စေမယ့် လက်ပတ်တစ်ခုအား အတူတကွ ဖန်တီးပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
၎င်းလက်ပတ်ဟာ ရှေ့ပြေးပုံစံအဖြစ်သာရှိသေးပြီး ၎င်းမှာပါဝင်တဲ့ သေးငယ်တဲ့ projector ဟာ ခေတ်မီဆန်းပြားတဲ့ sensor ဖြင့်
display ကိုဖန်တီးပေးမှာဖြစ်ပါတယ်။ ၎င်း gadget ကို Skinput ဟုခေါ်တွင်ပြီး audio device များကို ထိန်းချုပ်အသုံးပြုနိုင်သလို Tetris ကဲ့သို့ ရိုးရှင်းတဲ့ဂိမ်းများကို ကစားနိုင်သည့်အပြင် ဖုန်းခေါ်ဆိုမှုများနဲ့ browsing systems များကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Bluetooth ကဲ့သို့ wireless နည်းပညာကိုအသုံးပြုနိုင်ပြီး ဖုန်း၊ iPod နဲ့ ကွန်ပျူတာများကို ထိန်းချုပ်အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါစနစ်ကို လူအယောက် ၂၀ တွင် အောင်မြင်စွာစမ်းသပ်ပြုလုပ်နိုင်ခဲ့ပြီး သုတေသီများရဲ့အဆိုအရ ၎င်းစနစ်ကို လမ်းလျှောက်တဲ့အခါ ဒါမှမဟုတ် ပြေးနေတဲ့အခါတွေမှာလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါစနစ်ကို လာမယ့်ဧပြီလ၌ ဂျော်ဂျီယာပြည်နယ်မှာကျင်းပမယ့် Computer-Human Interaction အစည်းအဝေးတွင် ပြသသွားရန် စီစဉ်ထားကြောင်းလည်းသိရပါတယ်။

အင်တာနက်ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်။

Wednesday, March 17, 2010