
အစ္စရေးက အရှေ့ဂျေရုဆလမ် တွင် နေအိမ်တိုးချဲ့ရန်စီစဉ်နေမှုအ တွက် အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန်က ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည်။ ယင်းကြေညာချက်ကြောင့် မဟာ မိတ်အမေရိကန်နှင့်ဆက်ဆံရေးတွင် ဆိုးရွားသောအနုတ်လက္ခဏာပြသခဲ့ သည်ဟုဟီလာရီကပြောကြားခဲ့သည်။ အမေရိကန်ဒုတိယသမ္မတဂျိုးဘိုင်ဒင် သည်အစ္စရေးသို့ သွားရောက်ချိန်တွင် ယင်းကြေညာချက်ထွက်ပေါ်ခဲ့ခြင်းဖြစ် ပြီး ၀ါရှင်တန်ကပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ဟီလာရီက အစ္စ ရေးဝန်ကြီးချုပ်နေတန်ယာဟုကို ပြော ကြားခဲ့သည်။
ဟီလာရီကလင်တန် ဝေဖန်ချက်ကို အရှေ့အလယ်ပိုင်းဒေ သငြိမ်းချမ်းရေးသဘောတူညီချက်ရရှိ ရေးကြိုးပမ်းနေသော လေးပွင့်ဆိုင် အဖွဲ့ကလည်း ထောက်ခံခဲ့သည်။
ယင်းကဲ့သို့အမေရိကန်မှပြင်း ထန်စွာဝေဖန်မှုသည် ဆယ်စုနှစ်အ တွင်း အဓိကမဟာမိတ်နိုင်ငံအတွက် ရှားပါးသောတုံ့ပြန်မှုဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်၊ ဇွန်တွင်လည်း ထိုစဉ်က အစ္စရေးဝန်ကြီးချုပ်ရစ်ဇက်ရှာမာ၏ ခေါင်းမာသောအပြုအမူကြောင့် အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဂျိမ်းစ်ဘေ ကာက ''ခင်ဗျားတို့ငြိမ်းချမ်းရေးရယူ ဖို့ စိတ်အရမ်းထက်သန်တဲ့အချိန်မှ ကျွန်တော်တို့ကို ဆက်သွယ်လိုက်'' ဟု တုံ့ပြန်ခဲ့သည်။ သို့သော် ယနေ့ အချိန်နှင့် ၁၉၉၀ ပြည့်နှစ်နိုင်ငံရေး အခြေအနေကွဲလွဲမှုရှိသည်ဟု လေ့လာ သူများက သုံးသပ်ခဲ့သည်။
''ဟီလာရီနဲ့ ဘိုင်ဒင်က အစ္စရေး နဲ့အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေ။ ဘုရှ် အကြီးနဲ့ဘေကာကတော့ အဲလောက် အထိ မရင်းနှီးဘူး'' ဟု လေ့လာသူ များကပြောကြားခဲ့သည်။ အစ္စရေးလုံ ခြုံရေးအတွက် အမေရိကန်က စိတ် အားထက်သန်နေချိန်တွင် ယင်းကဲ့သို့ နေအိမ်တိုးချဲ့မှုကြေညာချက်ထွက်ပေါ် လာခဲ့သည့်အတွက် နားမလည်နိုင် အောင်ဖြစ်ခဲ့ရကြောင်း ဟီလာရီက နေတန်ယာဟုကိုပြောကြားခဲ့သည်ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်ဖီးလစ် ခရိုလေးက ထုတ်ပြန်ခဲ့သည်။
0 comments:
Post a Comment