
laymoe
ထက်ထက်မိုးဦး၏ ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်သည် “တစ်ဖက်သတ်” အမည်ရှိ တစ်ကိုယ်တော် အခွေကို ယခုနှစ် မတ်လအတွင်းထွက်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ၎င်းနှင့်တွေ့ဆုံခိုက် ပြောကြားသည်။ “တစ်ကိုယ်တော်အခွေက မေလလယ်လောက် ထွက်ဖို့ရှိပါတယ်။ လောလောဆယ်တော့ ကျွန်တော်ဂီတဘက်ကိုပဲ ဦးစားပေးလုပ်ဖြစ်နေပါတယ်။
Htet Htet Moe Oo
တေးရေးတွေက ဇ၀ါ၊ နောနော်နဲ့ ဟန်ထူးအောင်တို့ပါ။ သီချင်းအားလုံး ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။ သီချင်းစုစုပေါင်း ၁၁ပုဒ်ပါပါတယ်။ CMP ထုတ်လုပ်ရေးကနေ ထွက်မှာပါ”ဟု ဇူးမြတ်ထက်ကပြောသည်။ ဘယ်သွားသွား မခွဲအတူရှိတတ်ကြသည့် ဇနီးဖြစ်သူ ထက်ထက်မိုးဦး သူနှင့်အတူပါမလာ သည့်အတွက် မေးမြန်းကြည့်ရာ “ထက်ထက်က သိပ်နေမကောင်းလို့ အိမ်မှာ နားနားနေနေလေး နေနေရတယ်”ဟု ဇနီးသည်အား ချစ်ခင်ကြင်နာဟန်ဖြင့် ပြန်လည်ဖြေကြားသည်။
Credit: အေးသူ (7Day News Journal)
0 comments:
Post a Comment