Friday, March 19, 2010

အမေရိကန်တွင် Googleထက် Facebookကို ပိုမိုသုံးစွဲလာကြ


laymoe
oogleကိုကျော်ကာ အမေရိကန်၏ လူသုံးအများဆုံး ၀က်ဘ်ဆိုက်စာရင်းတွင် Facebookက နံပါတ်(၁)နေရာကို ရလာပြီဖြစ်သည်။ ကမ္ဘာကျော် Social Networking၀က်ဘ်ဆိုက်သည် မတ်လ(၁၃)ရက်နေ့က စာရင်းပိတ်ခဲ့သည့် တစ်နှစ်တာအတွက် အမေရိကန်၏ လူအများဆုံး လာရောက်ကြည့်ရှုခြင်း ခံရသော ၀က်ဘ်ဆိုက်များစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေခဲ့သည်။ Hitwise၏ လေ့လာမှု မှတ်တမ်းအရ Facebookသည် တစ်နှစ်အတွင်း အမေရိကန်၏ အင်တာနက် Trafficစုစုပေါင်း ပမာဏ၏ (၇.၉၇)ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အကောင်းဆုံး Search Engine၀က်ဘ်ဆိုက် Googleကမူ (၇.၀၃)ရာခိုင်နှုန်းဖြင့် Facebookနောက် ဒုတိယနေရာတွင်သာ ရှိခဲ့သည်။

Google and Facebook

လွန်ခဲ့သော (၄)နှစ်က ဟားဗက်တက္ကသိုလ် ကျောင်းသားအချို့ စတင်ခဲ့သော Facebookသည် ယခုအခါ ကမ္ဘာပေါ်တွင် ၀င်ရောက်အသုံးပြုနေသူ သန်း(၄၀၀)ကျော်ထိ ပိုင်ဆိုင်ထားပြီးဖြစ်သည်။ Hitwise၏ အဆိုအရ Facebookသည် ခရစ္စမတ်အကြိုနေ့၊ ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးနေ့များတွင် ကမ္ဘာအရပ်ရပ်မှ လူအများက မိသားစုများ၊ သူငယ်ချင်းများနှင့် ဆက်သွယ်မှုများကြောင့် နံပါတ်(၁) လူသုံးအများဆုံးနေရာသို့ သိသိသာသာ ထိုးတက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ယခုနှစ် မတ်လအစောပိုင်း သီတင်းပါတ်တွင် Facebook၏ လူသုံးများမှုမှာ ပြီးခဲ့သည့်နှစ် မတ်လအစောပိုင်း သီတင်းပါတ်နှင့် ယှဉ်ပါက (၁၈၅)ရာခိုင်နှုန်း ထိုးတက်လာကြောင်း Hitwiseက ပြောကြားခဲ့သည်။ Googleကလည်း တစ်နှစ်အတွင်း ၀က်ဘ်ဆိုက်သို့ ၀င်ရောက်သူ အရေအတွက် (၉)ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ Googleသည် ပြီးခဲ့သည့်လက Social Networking ၀န်ဆောင်မှု တစ်ခုဖြစ်သည့် Buzzကို ၎င်း၏ ကမ္ဘာကျော် Gmailစနစ်တွင် စတင်မိတ်ဆက်ခဲ့သော်လည်း Privacyဆိုင်ရာ အားနည်းချက်များကြောင့် မအောင်မြင်ခဲ့ဘဲ တရားဥပဒေအရ အရေးယူခံရမည့် ခြိမ်းခြောက်မှုများပင် ကြုံတွေ့ခဲ့ရသည်။ Facebookသည် သုံးစွဲသူများအား အစဉ်သဖြင့် ဆွဲဆောင်ထားလေ့ရှိရာ အလုပ်ခွင်များ၊ ကျောင်းများအပါအ၀င် နေရာအတော်များများတွင် ပိတ်ပင်ထားခဲ့သည်။ Hitwiseက Facebookရော၊ Googleပါ ကုန်သွယ်မှု လုပ်ငန်းကြီးများ အနေနှင့် အကြီးအကျယ် အောင်မြင်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Source: DailyMail

0 comments: