Tuesday, November 29, 2011

ခင်ပွန်း ကို သတ်ပြီး၊ ချက်စား ရန် စီစဉ် သည့် ပါကစ္စတန် အမျိုးသမီး ရဲက ဖမ်းဆီးရမိ



ခင်ပွန်း ကို သတ်ပြီး ချက် စား သူ ဇိနတ်ဘီဘီ

FNG၊ ၊ပါကစ္စတန် နိုင်ငံ ကရာချီ မြို့ တွင် ခင်ပွန်း ဖြစ်သူ ကို သတ်ဖြတ် ပြီး ၊ အမဲသား ငါးများ လို တုံးတစ် ၍ ချက် ပြုတ်ရန် စီစဉ် နေ သည့် အမျိုး သမီး တစ်ဦး အား ဒေသခံ ရဲတပ် ဖွဲ့ ကဗုဒ္ဓဟူးနေန့ ကဖမ်းဆီး လိုက်ပြီး နှစ်ရက် အကြာတွင် သတင်း ထုတ် ပြန် သည် ဟု CNN ရုပ်သံသတင်းတွင်ထုတ် လွှင့် သွား သည်။

အသက် ၃၂ နှစ် ( အချို့  သတင်း များ တွင် ၄၂ နှစ်) အရွယ် ရှိ ဇိနတ် ဘီဘီ သည် အသက် ၁၇နှစ် အရွယ် ရှိ သူမ ၏ သမီး ဖြစ်သူ အား လိင်ပိုင်း ဆိုင်ရာ စော်ကား မှု ပြု ရန် ကြံစီ သောကြောင့်သတ် ဖြတ် ရ ခြင်း ဖြစ်သည် ဟု ဆိုသည်။



သူမ နေ ထိုင် ရာ ကရာ ချီ တောင် ဘက် က ဆင်း ရဲ သား ရွာ ကလေး

သန် မာ လှ သော သူ့  ခင်ပွန်း ကို လက်ဖက် ရည် ထဲ တွင် အိပ်ဆေး များ ခတ် ကာ အိပ်ပျော်နေချိန် ရောက် မှာ ကြိုး နှင့် တုပ်ပြီး သတ် ဖြတ် ရခြင်း ဖြစ် သည် ဟု ဇိနတ် ဘီဘီ က ကရာ ချိ ရဲများ ကို အစစ်ခံသည်။

သတ်ဖြတ် မှု တွင် ကြံရာ ပါ နှင့် ကူညီ ခဲ့ သည့် ဇိနတ် ဘီဘီ ၏ တူ ကို လည်း ရဲတပ် ဖွဲ့  က ဖမ်းဆီးထား သည် ဟု သိရသည်။

သူမ ၏ ခင်ပွန်း ကို သတ်ဖြတ် ပြီး နောက် ဆင်းရဲ သည် က တစ်ကြောင်း ၊ အလောင်းဖျောက်ရန်အခက် အခဲ ရှိ သည် က တစ်ကြောင်း တို့  ကြောင့် တုံး တစ်ပြီး ချက် ပြုတ် စား ရန် စီစဉ် ခြင်းဖြစ်သည် ဟု CNN တိုက်ရိုက် ရုပ်သံ တွင် သူမ က ပြောကြား ခဲ့ သည်။

ခင်ပွန်း ကို သတ် ဖြတ် ပြီး နောက် ချက် ပြုတ် ရန် အတွက် စီစဉ် နေခိုက် အနံ အသက် ဆိုးများထွက်လာ ချိန် တွင် အိမ်နီးနားချင်း များ က သိရှိ ပြီး ရဲစခန်း သို့  အကြောင်းကြား ရာ မှ အသားတုံးများ ဦးခေါင်းများ နှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်သည်။

ဖမ်းဆီး ရ မိ ချိန် တွင် ပေါင် သား အချို့  ကို မဆလာ နိုင် နိုင် နှင့် ချက်နေ ပြီ ဖြစ်သည်။

Source by :http://freedomnewsgroup.com/

Monday, November 28, 2011

လိင်ဆက်ဆံမှု စစ်တမ်းအရ အင်ဒိုနီးရှားက ထိပ်ဆုံးကပြေး



အာရှ ၁၀ နိုင်ငံက လိင်ဆက်ဆံရေးမှာ တက်ကြွတဲ့ လူတွေအကြား စစ်တမ်းကောက်ယူမှုအရ အင်ဒိုနီးရှား ယောက်ျား တွေက လိင်ဆက်ဆံမှုအကြိမ်ရေ အများဆုံးနဲ့ ထိပ်ဆုံးစာရင်းက ရှိနေတယ်လို့ ဆိုပါတယ်။ ဒီစစ်တမ်းကို Pfizer ဆိုတဲ့ လူက လုပ်တာပါ။

သူ့ရဲ့အာရှလိင်မှုဆိုင်ရာစံနမူနာပြ စစ်တမ်းမှာ အင်ဒိုနီးရှားယောက်ျားတွေက တလကို ပျမ်းမျှ ၉.၈ ကြိမ်၊ ဖိလိပိုင်က တလ ပျမ်းမျှ ၉.၄ ကြိမ်နဲ့ အိန္ဒိယက တလ ပျမ်းမျှ ၈.၈ ကြိမ်ရှိကြောင်း ဖော်ပြထားပါတယ်။ ထိုင်းယောက်ျားတွေကတော့ တလ ပျမ်းမျှ ၇.၇ ကြိမ်ပဲ ရှိပါတယ်။

ဒီစစ်တမ်းတွေ့ရှိချက်တွေကို မနေ့က ဘန်ကောက်ဟိုတယ်တခုမှာ ထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။ ဒီစစ်တမ်းကောက်ယူမှုမှာ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလိပိုင်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံက ယောက်ျား ၁၆၅၈ ယောက်နဲ့ မိန်းမ ၁၆၂၄ ယောက်တို့ ပါဝင်ပါတယ်။

ဖြေ ကြားသူအကုန်လုံးဟာ အသက် ၃၁ နှစ်နဲ့ ၇၄ နှစ်အကြား ရှိပြီး ပြီးခဲ့တဲ့ ၁၂ လ အတွင်းက လိင်ဆက်ဆံမှု ရှိသူတွေ ဖြစ် ကြပါတယ်။ အမျိုးသမီး အဖြေရှင်တွေထဲမှာ အိန္ဒိယအမျိုးသမီးတယောက်ကတော့ တလကို ပျမ်းမျှဆက်ဆံမှု ၈.၇ကြိမ် အများဆုံးပဲလို့ ဖြေပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားအမျိုးသမီးတွေကတော့ တလမှာ ပျမ်းမျှ ၆.၈ ကြိမ် လောက်ပဲ ရှိ တယ်လို့ ပြောဆိုကြပါတယ်။ ထိုင်းအမျိုးသမီးကတော့ တလကို ၅.၇ ကြိမ်လောက်ပဲ ရှိပါတယ်လို့ စစ်တမ်းအရ သိရပါ တယ်။

လိင်တံမာကြောမှုက လိင်ဆက်ဆံတဲ့အခါမှာ ကျေနပ်မှုရဖို့အတွက် အဓိကအချက် ဖြစ်တယ်ဆိုတာကိုလည်း အာရှ သားတွေအကြားမှာ ဖော်ပြနေတယ်လို့ စစ်တမ်းက တွေ့ရှိရပါတယ်။ ဒီအချက် အရေးကြီးတယ်ဆိုတာကို မလေးရှား ယောက်ျား ၉၀%က ပြောဆိုကြပါတယ်။ ၃ပုံ ၁ပုံလောက်ကပဲ လိင်ဆက်ဆံမှု ကြာညောင်းချိန်က လိင်ဆက်ဆံရာမှာ ကျေနပ်စရာ တခုအနေနဲ့ ခံစားရကြောင်း ပြောဆိုကြပါတယ်။

ထိုင်းမှာ ခန့်မှန်းခြေ ယောက်ျား ၂.၇ သန်းလောက်ဟာ လိင်တံမာကျောမှု မရှိတော့တာ လေ့လာတွေ့ရှိရတယ်လို့ ထိုင်း နိုင်ငံက ထင်ရှားတဲ့ လိင်ကျန်းမာရေး ကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ ဒေါက်တာ ဖန်ဆာ့က်က ပြောပါတယ်။

ဒီအထဲက ၂၇,၀၀၀ လောက်ပဲ လာရောက်ကုသမှု ခံယူတာ လုပ်တယ်လို့ သူက ပြောပါတယ်။ ဆေးဝါးတွေအပြင် နေထိုင်မှုပုံစံ အ ပြောင်းအလဲကလည်း ဒီရောဂါကို ပျောက်ကင်းစေနိုင်တယ်လို့ ဖန်ဆာ့က် က ပြောပါတယ်။ “ပုံမှန် လေ့ကျင့်ခဏ်း လုပ် တာနဲ့ လတ်ဆတ်တဲ့ အစားအသောက်စားဖို့လည်း အကြံပြုပါတယ်” လို့ သူက ပြောပါတယ်။

နိုဝင်ဘာ ၂၅၊ ၂၀၁၁ (The Nation)

Source by : http://www.nationmultimedia.com

Saturday, November 26, 2011

နိုင်ငံခြား စာသင်သံဃာများ ရေဘေးဒုက္ခ ကြုံနေရခြင်း



ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မဟာချိုင်ဒေသ ၀တ်တလွန်ကျောင်းမှာ သတင်းသုံးနေသော နိုင်ငံခြားသား စာသင်သံဃာ (၁၂၃) ပါးဟာ ရေဘေးကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေသည်ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ်မှ ကူညီကယ်ဆယ်ရေးအဖွဲ့ ဝင် တဦးဖြစ်သူ ကိုဖိုးခွားကပြောပါသည်။ ဤအခက်အခဲကို ၀က်တလွန်ကျောင်း၌ သတင်း သုံးနေသော အရှင်ဦးပုညက မြန်မာဒကာဒကာမများထံမှ အကူအညီတောင်းခံပြီး၊ လိုက်လံအကူအညီပေးနေသည်ဟု ဆိုပါသည်။

“အရှင်ဦးပုည ကတော့ ၀က်တလွန်မှာကျောင်းမှာ စာသင်နေတယ်လေ။ ရေကြီးလို့ ရေလွတ်ရာ မဟာချိုင်အနောက် ဖက်ခြမ်းကို ပြောင်းရွေ့လိုက်ပါတယ်။ ကျန်ရစ်နေတဲ့ နိုင်ငံခြားသား သံဃာတွေရဲ့ အခြေနေတွေကို သိလို့ ဒကာ၊ ဒကာမတွေထံ အလှူခံပြီး အဲဒီဒုက္ခဖြစ်နေတဲ့ သံဃာတွေကို ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲထုတ်၊ ရေသန့်ဗူး တွေကို သွားရောက်လှူတန်းခဲ့တာ (၃)ကြိမ် ရှိနေပြီးဖြစ်သည်ဟု”ဆိုပါသည်။

ဘန်ကောက်မြို့ ရေဘေးအခြေအနေနှင့် ပါတ်သက်ပြီး၊ ထိုင်းဝန်ကြီးချုပ်ကလည်း ရေဘေးမှ မကြာခင် ကင်းဝေးတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ ခရိုင်မှူးများ အပါဝင် စစ်တပ်ကိုလည်း၊ ဖြစ်ပေါ်လာမဲ့ အခြေအနေကို စောင့်ကြည့်ခိုင်းပါသည်၊ အခြေအနေမှာ ပိုမိုကောင်းမွန်လာနေပြီးဟု ဆိုပါသည်။ အလားတူ မဟာချိုင်ဒေသ၌လည်း၊ ရေလျော့ကျ လာနေခဲ့ပါသည်။

“ရေတော့ ကျတော့ကျတယ်။ ကျတာကလည်း တ၀က်လောက်တောင်မှ မရှိသေးဘူး။ အရင်တစ်ခေါက်ကတော့ မြန်မာသံဃာတွေ ရှိသေးတယ်။ အခုအကြိမ်ကတော့ မြန်မာစာသင်သား သံဃာတွေကတော့ တစ်ပါးမှ မရှိတော့ဘူးလေ။ ရေကြီးလို့ နီးစပ်ရာမြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ အနီးနားမှာ သူ့အဆက်သွယ်နဲ့ သူနေထိုင်ကြသလို ဘန်ကောက်မြို့ရဲ့ ရေမရောက်တဲ့ နေရာမှာလည်း အဆင်ပြေသလို အခန်းစုငှားပြီး နေကြပြီးတော့ ရွေ့ပြောင်းနေထိုင်ကြ တာလည်း ရှိပါတယ်။ အဆက်သွယ်မရှိတဲ့ အင်ဒိုနီးရှား၊ ဖင်လန် နိုင်ငံခြားသား ဘုန်းကြီးတွေကတော့ ရေကြီးတဲ့ နေရာဖြစ်တဲ့ ၀က်တလွန်မှာပဲ ကျန်ရစ် နေကြတယ်လေ” ဟု ပြောပါသည်။

နိုင်ငံခြား ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအား ရေဘေး အကူညီပေးနေသော အဖွဲ့များက လာရောက်ကူညီပေးခဲ့သည်ကို မတွေ့ရှိရသော်လည်း မြန်မာအဖွဲ့တချို့ကသာ ကားနဲ့ လာရောက်ပြီး အကူညီပေးခဲ့သည်ဟု အရှင် ဦးပုည သထ္ထကပြောပါသည်။


မြန်မာသံဃာတော်များလည်း နီးစပ်ရာ မြန်မာအလုပ်သမားများကြား သတင်းသုံးတော်မူကြ (ဓါတ်ပုံ - အင်တာနက်)

ဝက်တလွန်းကျောင်း၌ မြန်မာရဟန်းတော် ၁၂၇ပါး ၊ ဘင်္ဂလာဒေ့ရှ် ၁၀၀ပါး ၊ ကမ္ဘောဒီယား ၂၅ ပါး၊ ကျန်သည့် အိန္ဒိယ၊ နီပေါ၊ လာအို၊ ရဟန်းသံဃာစုစုပေါင်း အပါး ၃၀၀ ကျော်ရှိပါသည်။ ယခုလိုရေကြီးချိန်၌မူ မြန်မာသံဃာတော်များက နီးစပ်ရာ မြန်မာအလုပ်သမားများ၏ ကြား၌ အဆင်ပြေစွာ သတင်းသုံးနိုင်သော်လည်း အဆက်သွယ်မရှိသည့် နိုင်ငံခြားသား သံဃာများမှာမူ ရိက္ခာအခက်အခဲများ ဖြစ်နေကြပါသည်။ ကူညီလိုသူများ ကိုဖိုးခွား (ဖုန်း(၀၈၁ ၁၀၃ ၆၃၇၅) ဖြစ်ပြီး၊ အရှင်ဝါယမ ဖုန်း 0804585128 တို့ကို ဆက်သွယ်နိုင်ပါသည်။

ထိုင်းနိုင်ငံ မဟာချိုင်ဘက်တွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၄)သိန်းကျော် ရှိပါသည်။ ယင်းနေရာတွင် ရေးဘေး ဒုက္ခရောက်သူများသည် မြန်မာနိုင်သား အများစုဖြစ်သော်လည်း ဤ အထဲတွင် ရဟန်းသံဃာတော်များလည်း ပါဝင်နေပါသည်။ တချိန်ထဲ၌ နိုင်ငံခြား စာသင်သားရဟန်သံဃာတော်များလည်း ရေဘေးကြောင့် ဒုက္ခရောက် နေကြပါသည်။

Source by :http://www.phophtaw.org/

Friday, November 25, 2011

မလေးရှားရောက် ရခိုင်အမျိုးသား ၁၀၀ ခန့်က ဗြိတိသျှ သံရုံးရှေ့တွင် ဘီဘီစီကို ဆန္ဒပြ



မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ ၁၀၀ ခန့်က ကွာလာလမ်ပူမြို့ရှိ ဗြိတိသျှ သံရုံး ရှေ့သို့ သွားရောက်ပြီး ဘီဘီစီ ( အာရှ ပစိဖိတ် ဌာန)မှ ရခိုင်ပြည်နယ် မြေပုံပေါ် ရေးသားဖေါ်ပြသော သတင်းနှင့် ဓါတ်ပုံ အပေါ် မကျေနပ်သဖြင့် သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

Arakanese in Malaysia protest in British Embassy ဆန္ဒပြ တောင်းဆိုရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သူ ကိုမျိုး ခိုင် နိရဉ္စရာသို့ ပြောသည်။

" ရည်ရွယ်ချက်ကတော့ BBC အင်္ဂလိပ် Web Site မှာ အင်နာဂျုံးက ကျွန်တော်တို့ ရခိုင် နယ်မြေဒေသမှာ ကျွန် တော်တို့ ရခိုင်လူမျိုးမဟုတ်တဲ့ ဘင်္ဂါလီလူမျိုးတွေရဲ့ ပုံကို ထည့်သွင်းထားတဲ့ အပေါ်မှာ ကျွန်တော်တို့အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။

အခုလို လုပ်လိုက်တာဟာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ အတွက် သာမက မြန်မာ နိုင်ငံထဲမှာ နေထိုင်နေကြတဲ့ တခြားတိုင်းရင်းသားတွေကိုပါ စော်ကားရာ ရောက်ပါတယ်။ အဲဒီအတွက်ကြောင့် ခုလို သမိုင်းမှား၊ သတင်းမှားတွေကို ကမ္ဘာက သိအောင် BBC ကလုပ်ပေးတဲ့အတွက်ကြောင့် ဒါဟာ မလုပ်သင့် မလုပ် ထိုက်တဲ့ကိစ္စဖြစ်တယ်ဆိုပြီး ကျွန်တော်တို့က ကန့်ကွက်ဆန္ဒပြရတာ ဖြစ်ပါတယ်။"

ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည့် အချက်များကိုလည်း သူက ယခုလို ပြောသည်။

" အင်နာဂျုံးအနေဖြင့် ကျွန်တော်တို့ကို တရားဝင် တောင်းပန်မှုပြုဖို့ နောက်ပြီးတော့ BBC အနေနဲ့ သူမလို သတင်းမှားတွေကို တင်ပြပေးတဲ့ သတင်းထောက်၊ ၀န်ထမ်းတွေကို အလုပ်ဖြုတ်ပေးဖို့ အတွက် ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်" ဟု ဆက်ပြောသည်။

ဆန္ဒပြတွင် သံရုံးမှ တစုံတရာ ဟန့်တားခြင်း မပြုသည့်အပြင် ဆန္ဒပြသူများက သံရုံးထဲကိုဝင်ပြီး စာများ ပေး အပ်ခဲ့သည်ဟု သိရသည်။



" ကျွန်တော်တို့ သံရုံးထဲထိ ၀င်ပြီးတော့ သံအမတ်ကြီးကို သွားတွေ့ကြပါတယ်။ သံအမတ်ကြီး ကတော့ သံရုံးမှာ မရှိတဲ့အတွက် သူရဲ့လက်ထောက် ပထမအတွင်းဝန် တယောက်က ကျွန်တော်တို့ ပေးတဲ့စာကို လက်ခံယူသွားပါတယ်။ သူ့အနေနဲ့ သံအမတ်ကြီးကို ပို့ပေးမယ်လို့ ပြောပါတယ်။"

ဆန္ဒပြပွဲကို မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင် အမျိုးသား ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ပြီး ပိုစတာများကိုင်ကာ (၁)အန်နာဂျုံး -ချက်ချင်းဖြုတ်၊ ချက်ချင်းဖြုတ် ) (၂)လုပ်ကြံသတင်းမှား- အလိုမရှိ၊ အလိုမရှိ ) (၃)ရခိုင်မြေသည် -ငါရို့ မြေ၊ ငါရို့မြေ) ဟု ကြွေးကြော် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

လွန်ခဲ့သော နိုဝင်္ဘာလ ၁၆ရက်နေ့ နံနက် ၁၀း၃၀ မှ နံနက် ၁၁း၃၀ (လန်ဒန်စံတော်ချိန်)ထိ ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသားဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံ အတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန် လည် ဖြေရှင်းတောင်းပန်ရန် ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

ယခုကဲ့သို့ နိုင်ငံတကာတွင် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်လာရခြင်းမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်းထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့်အတူ အငြင်းပွားဖွယ်ရာ ဓါတ်ပုံကို ရခိုင်ပြည်နယ် မြေပုံတွင် ပူးတွဲ ဖော်ပြခဲ့သည့်အတွက်ကြောင့် မကျေနပ်များ တိုးပွားလာရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆန္ဒပြပွဲကို နံနက် ၁၀ နာရီမှ စတင်ပြီး ၁၀ နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

မောင်ရမ္မာ
Source by :http://www.narinjara.com/

Thursday, November 24, 2011

မလေးရှားတွင် ချင်း အမျိုးသားတစ်ဦး အသတ်ခံရ



ယခု လ ၁၆ ရက်နေ့ညနေ ၅ နာရီခန့်က မလေးရှားနိုင်ငံကွာလာလမ်ပူ မြို့၊ Cameroon high land တွင် နေထိုင်သော ချင်းလူငယ် တဦး အား ရန်ကုန်တိုင်း မှော်ဘီမြို့ဇာတိဖြစ်သူ ထိန်လင်းဆို သူက ဓါးဖြင့် အသေထိုးသတ်လိုက်သည်ဟု သိရသည်။

အသတ်ခံသူသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နေ ဦး ထိန်းခေါလိန်း နှင့် ဒေါ် လိန်းခေါနမ်၏သား ကီးလောဟာဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ်နေထိုင်အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။

“ အူတွေ ထွက်တဲ့ အထိ ဓါးနဲ့ ထိုးတယ်၊ လူနာကို ဆေးရုံခေါ်သွားကြပေမဲ့ ၁၇ ရက်နေ့ ညနေ ၁နာရီမှာ ဆုံးသွားတယ် ဘာဖြစ်လို့ ထိုးသတ်တယ်ဆိုတာ မသိရသေးဘူး”ဟု မလးရှားရောက် ချင်း စည်းကမ်း ထိန်းသိမ်းရေးကော်မီတီ (Chin Disciplinary Affairs Committee ဥက္ကဌ လာလ်းရှန်မွေးက ပြောသည်။

ထိန်လင်းကို Chin Community ခေါင်းဆောင်များဖြစ်ကြသည့် Billy Tong Bung, Thang Lian, Pathang တို့က သူငှားသည့် နေအိမ်သို့ သွားရောက်ဖမ်းဆီးပြီး ရဲလက်ထက် အပ်လိုက်သည်ဟု သိရသည်။

သေဆုံးသူ နှင့် ထိန်လင်းသည် အတူတူ အလုပ်လုပ်သူများဖြစ်ကြောင်း၊ ရန်ငြိုးရန်စ ရှိခဲ့ဘူးသူများဖြစ်နိုင် ကြောင်း ပြောဆိုကြသည်။

ယခု ကိစ္စနဲ့ ပါတ်သက်ပြီး မလေးရှားရှိ UNHCR ကလည်း အတတ်နိုင်ဆုံး အကူအညီပေး ခဲ့ကြောင်း မလေးရှား နိုင်ငံရှိ ချင်းဒုက္ဒသည်တဦးထံမှ သိရှိရသည်။

Source by :ခိုနူမ်းထုန် သတင်းဌာန

Wednesday, November 23, 2011

ဘိုင်ပင်ဂူ(ဂူပင်) ရွာလေးအတွက် စုပေါင်း ကူညီ ပေးကြပါ


Align Center
ကျွန်တော်သိခဲ့သော ဘိုင်ပင်ဂူ(ဂူပင်) ရွာလေး အကြောင်း ....

မနက်ခင်း တစ်ခုမှာပေါ့။ အွန်လိုင်းပေါ်တက်ရင်း “ဂိုင်းပင်ရွာ (ဂူပင်ရွာ) ဘုန်းတော်ကြီးသင်စာသင်ကျောင်း” ဆိုတဲ့ ပိုစ့်လေးကို ဆိုဒ်မှာတွေ့ ခဲ့ရတယ်ဗျ။ ပိုစ့်လေးကိုဖတ်ပြီး တော်တော်လေးလည်း စိတ်မကောင်းဖြစ် မိတယ်ဗျာ။ အဲ့ပိုစ့်လေး ဖတ်ပြီးပြီးချင်း ကတည်းက သွားလှူဖို့ ဆန္ဒကလည်း ထက်သန်ခဲ့တယ်။ ဒါပေမယ့် အထ မမြောက်သေးဘူး။

တစ်နေ့ကျတော့ ကျွန်တော် အဲ့သတင်းလေးကို ပို့ပေးတဲ့ ကိုဖိုးကျော်နဲ ဖုန်းအဆက် အသွယ်ရခဲ့တယ်။ ဘယ်တတ်နိုင် မလဲဗျာ။ ကျွန်တော်လည်း ကိုဖိုးကျော်ကို မေးမြန်းရတာပေါ့ဗျာ။ ကိုဖိုးကျော်ခမျာ လည်းသူတတ်နိုင်တဲ့ဖက်ကနေ လုပ်ပေး ရှာပါတယ်ဗျာ။ သူ့ အလုပ်တွေကြားထဲကနေ (၁၂.၁၁.၂၀၁၁) မှာ ကျွန်တော့်ကို ၈ မိုင် Lucky Seven မှာချိန်းတယ်ဗျ။ ဘိုင်ပင်ရွာလေးနဲ့  ပက်သက်ပြီး တော့ အောက်ပါ အတိုင်းရှင်းပြ ပေးခဲ့ပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြိုနယ်၊ မင်းကန်ကျေးရွာ အုပ်စုအတွင်းရှိ၊ တောစုကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ ရွာလေးနာမည်က ဘိုင်ပင် ရွာလေးဖြစ်ပါတယ်ဗျ။ခ ရီးစဉ်ကတော့ ကျွန်တော်တို့ ပထမဆုံးအနေဖြင့် မန္တလေးကိုသွားအဲ့ကမှကြာနီကန် လမ်းအတိုင်းသွားရပြီး တောစုရွာလေးကို ရောက်မှာဖြစ်ပါတယ်။



ကျွန်တော် အခုပြောမယ့် ဘိုင်ပင်ရွာလေး ကတော့ တောင်ပေါ်ဒေသ လေးပေါ့ဗျာ။ တောစု ကျေးရွာ လေးနဲ့ ဆို ၄မိုင်ကျော်ကျော် လောက်ဝေးပါတယ်။ တောင်ပေါ် ကိုကတော့ လမ်းလျှောက်တက် ရတာပါ။ ကိုဖိုးကျော်တို့ သွားတုန်း ကတော့ လှည်းတစ်တန် ကုန်းကြောင်း တစ်တန်(လမ်းလျှောက်ရတာကို) ပြောတာနော်။

အခု အချိန်တော့ တော်တော် အဆင်ပြေသွားပြီလို့ ပြောပါတယ်။ လမ်းခရီးကလည်း အရင်လို မခက်ခဲတော့ပါဘူး။ လွန်ခဲ့သော နှစ်နှစ် ကျော်ကဆို အဲ့ရွာက ကလေးတွေက စာသင်ခွင့်မရရှိခဲ့ကြပါဘူး။ ကျေးဇူးရှင် ၀ါးခင်းကုန်း ဆရာတော် ဦးတိက္ခ နဲ့ တောစုရွာ ကျောင်းအုပ်ကြီး ဦးကံလွင်တို့ ရဲ ကူညီဖေး မမှုကြောင့် ကလေးတွေကို စာသင်ပေး နိုင်ခဲ့တယ်ဗျ။



စိတ်မကောင်းဖြစ်မိတဲ့ တစ်ချက်က တော့ဗျာ။ အသက် ၁၂ နှစ်လောက်ရှိတဲ့ကျောင်းသူ၊ ကျောင်းသားလေး တွေက အခုမှ နှစ်တန်းစာကို သင်နေရတုန်းပဲရှိသေးတယ်တဲ့။ နောက်ပြီး စာသင်နေတဲ့ကလေးတစ်ချို့ ကအခုချိန်ထိ အစိုးရစာမေးပွဲကို ဖြေဆိုခွင့် မရသေးတာပါ။ ခေတ်စကားနဲ့ ပြောရရင် ဘက ကျောင်း အဖြစ် မပြောင်းလဲနိုင် သေးတာပါ။

အဲ့ကျောင်းလေးကို ဆရာတော်က ကျောင်းဆရာလေး တစ်ယောက်ကို လစာ ၂၀၀၀၀ ပေးပြီး ဒါနပြုဖို့ အကူအညီ တောင်းရာမှ ဆရာလေးက တောင်ပေါ် တောင်အောက် ၄ မိုင်ဝေးတဲ့ ခရီးကိုခေါက်တုန် ခေါက်ပြန်ခြေလျှင် တက်ဆင်းပြီး စာသင်ပေးနေတာပါ။

ကျွန်တော်တို့ တွေ တစ်သက်လုံး ပရဟိတလုပ်လာတာသူကို တော့မမှီသေးနိုင်ပါဘူး။သူ့ ရဲ့ ဇွဲလုံ့ လလေးကို တကယ်ပဲ လေးစားမိပါတယ်။ ဆရာတော်ရဲ့ သပိတ် ကတော့သူ့ အတွက် ထမင်းအိုးကြီးပါဗျာ။ ဆရာတော်က မိုးတွေရွာလို့ ဆွမ်းခံ မထွက်ဖြစ်ရင်တော့ ပဲပြုတ်လေးနဲ့ ဆားလေးနဲ စားရတာပေါ့ဗျာ။

ခက်တာက သူကလည်း ကျောင်းမပီးသေးဘူးလေ။ ကျောင်းတက်နေဆဲပေါ့ဗျာ။ ဆရာတော်ကလည်း ဒီလကုန်ရင် သူလည်း လစာပေးဖို့ မတတ်နိုင်တော့ဟု ပြောကြား ကြောင်းသိရသည်။ ကလေးတွေရဲ့ ပညာရေးက ရင်လေး စရာတွေပေါ့ဗျာ။ ဆရာတော် ဦးတိက္ခကလည်း ဘိုင်ပင်ဂူအနီးမှာရှိတဲ့ သဘာဝ လိုင်ဂူကြီးထဲမှာပဲ သီတင်းသုံးတာပါ။

ဂူအတွင်းမှာရှိတဲ့ ရှုခင်းကလည်း တကယ်ပဲအေးချမ်း သာယာလှပါတယ်။ ကိုယ်တိုင်မြင်ရရင် ပိုပြီးကြည်နူးမိမှာပါ။ ဘိုင်ပင်ဂူရွာလေးက ပညာလေးနဲ့ ပက်သက်ပြီးအခက်အခဲတင်မဟုတ်ဘူးနော်၊ အဓိကအရာ တစ်ခုဖြစ်တဲ့ ရေ အခက်အခဲ မှာလည်း ဆိုးရွားလှပါတယ်ဗျာ။ ဘိုင်ပင်ဂူရွာသူ၊ ရွာသားတွေဆိုရင် သဘာဝဂူကြီးနဲ့ တစ်မိုင်ခန့် ဝေးတဲ့ တောင်ကျစမ်းရေကိုသာ အဓိကအားကိုးနေရတာပေါ့ဗျာ။တချို့ ဆို ကိုဖိုးကျော်တို သွားတုန်းကဆို ရေတောင် မချိုးနိုင်ဘဲ ညစ်တီး ညစ်ပတ် သဘာဝ အလှလေးတွေနဲ့ တဲ့။



နောက်ပြီး ဆရာတော်တို့ ဆောက်ပေးထားတဲ့ စာသင်ဆောင်လေးကလည်း ချို့ တဲ့လှပါတယ်။ အခန်း ၂ ခန်း၊၃ ခန်းမြေစိုက်လေး၊ ထရံကာ၊ သက်ကယ်မိုးလေးနဲ့ ပါဗျာ။ ကျောင်းကိုလစာ ထောက်ပံ့မှုဖြင့် စာသင်ပေးနေတဲ့ ဆရာလေးနေဖို့ က အခန်း ၁ခန်း ပတ်လည်(ကင်းတဲပုံစံ)ထရံကာ၊၀ါးခင်း၊သက်ကယ်မိုး သုံးဘက်သာ ကာထားပြီး တံခါးပိတ် မပါတဲ့ အဆောင်လေးနဲ့ ပေါ့ဗျာ။တကယ်ပါဗျာ။ ရှိတာလေးနဲ့ဖြစ်သလိုလေး ကြိုးစားနေရတာပါဗျာ။

အခုလိုမျိုး မျှစ်ချိုး၊၀ါးခုတ်ပြီး ၀မ်းစာအတွက်အသည်းအသန်ရှာဖွေနေရပြီး ပညာရေးလမ်းကြောင်းတွေမှာ ဒုက္ခပင်လယ်တွေ ဝေနေတဲ့ သူတို့ရဲ့ ဘ၀လေးတွေကို လက်ပိုက်ပြီးကြည့်နေတော့ မှာလားဗျာ။ မိုးတွင်းဆို မိုးကရွာ ချမ်းကလည်းချမ်း မလုံမခြုံဖြစ်နေတဲ့ စာသင်ဆောင်လေးကိုရော မမွမ်းမံပေးချင်ဘူးလားဗျာ။ တစ်မိုင်လောက်ဝေးတဲ့နေရာကို ခက်ခက်ခဲခဲသွား ရေသွားခဲ့ပြီး ရေကိုတောင် လုံလုံလောက်လောက် မသုံးနိုင်တဲ့ သူတို့ ဘ၀လေးကိုရော မကူညီ ချင်ဘူးလားဗျာ။

ကျွန်တော်တကယ်ပဲ ၀မ်းနည်းမိတယ်ဗျာ ဒီစာလေးကိုရေးနေရင်းနဲ့ တောင်။ ဘိုင်ပင်ရွာမှာရှိတဲ့ ကျောင်းသူ၊ သားလေးတွေကိုရော အစိုးရ ကျောင်းမှာတက်ဖို့ အတွက်နဲ့ သူတို့ ရဲ့ အနာဂတ်လေးတွေ အတွက် အလင်းရောင် တွေရော မပေးချင်ဘူးလားဗျာ။ တတ်နိုင်ရင်ကူညီကြပါဗျာ။ ကျွန်တော်တစ်ကယ်ဖြစ်စေချင်တဲ့ ဆန္ဒကတော့ဗျာ ကျွန်တော်သိတဲ့ ပရဟိတအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့မယ် ဒီအကြောင်းလေးကိုရှင်းပြမယ်။

အဲ့ရွာလေး ကိုရောက်ဖူးတဲ့ ကိုဖိုးကျော်ကို အကူအညီတောင်းပြီးပေါ့ဗျာ..ပြီးတော့ ဆိုဒ်အသီးသီးကနေ အလှူငွေတွေ ကောက်၊ ကျောင်းသုံးပစ္စည်း လေးတွေဝယ်၊ ရှိစုမှတ်စု သတင်းစာလေးတွေ၊ ရွှေသွေး လေးတွေသယ်၊ Unicef ကနေချပေးတဲ့ အခမဲ့ မြေစစ်အိုးလေး တွေတောင်း၊ ကိုယ်နဲ့ သိတဲ့ ဆရာဝန်လေးတွေပေါင်းပြီး၊ ကျန်းမာရေး အသိပညာ ပေးပွဲလေးတွေလုပ်၊ စာသင်ဆောင်လေးကိုလည်း၊ တတ်စွမ်း သလောက်လေးမွမ်းမံ၊ အခက်အခဲဖြစ်နေတဲ့ ရေဒုက္ခလေးရယ်ကို ကျွန်တော်တို ညီအစ်ကို မောင်နှမတွေ ကူညီလိုက် ရအောင်လားဗျာ။

နောက် တစ်ခုက ကျွန်တော်တို့  အနေနဲ့ ဘိုင်ပင်ဂူမှာ စာသင်ပေးဖို့ အတွက် ကျောင်း ဆရာ တစ်ယောက် ကိုသာအခြေ ကျကျ ခန့်အပ် ပေးနိုင်ရင် ဘိုင်ပင်ဂူရှိ ဘက ကျောင်းလေး မှာရှိတဲ့ ကျောင်းသား တွေဟာ အစိုးရ စာမေးပွဲ တွေကို ဖြေဆိုနိုင်မှာဖြစ်ပြီး သူတို့ရဲ့ အနာဂတ် ခရီးလမ်းမှာလည်း အရင်ကထက်ပိုပြီး ထွန်းလင်း တောက်ပ လာမှာ ကိုကြိုတင် မှန်းဆ တမ်းတပြီး ၀မ်းသာပီတိ ကျွန်တော်ဖြစ်မိ ပါတယ်ဗျာ။



စကားပုံတောင် ရှိသေးတာပဲ တစ်ယောက်အား နှင့်ယူသော်မရ တစ်သောင်းအား နှင့် ယူသော်ရဧ။် ဆိုတဲ့ဟာလေး။ ပရဟိတအဖွဲ့ တွေအများကြီးရှိတာပါဗျာ နာမည်လေး ပဲကွဲတာပါ။ အားလုံး စုစုစည်းစည်း လေးနဲ့ ထိထိရောက်ရောက် သွားပြီးကူညီလိုက်ကြရ အောင်လားဗျာ။

ကျွန်တော် ကတော့ဗျာ ကိုယ့်ထမင်း ကိုယ်စားပြီး သူများပြောရင်လည်း ခံမယ့်သူပါ။ မသန့် ရှင်းတဲ့ ရေတွေသောက် ရောဂါတွေရပြီး သောကတွေဝေ နေမယ့် အဖြစ်မျိုးတွေ၊မလုံမခြုံ စာသင်ဆောင်လေးမှာ တုန်တုန်ရီရီနဲ့ စာသင်နေရတဲ့ မြင်ကွင်းတွေ၊ ၀ါးခုတ်၊ မျှစ်ချိုးရင်းနဲ့ ပဲ တောထဲမှာ အဆုံးသတ်သွားရမယ့် ဘ၀တွေ သူတို့ ကိုတော့ မရစေချင်ဘူးဗျာ။

ဖြစ်နိုင်တော့ တတ်နိုင် သလောက်လေး ပါဝင်ကူညီကြပါလို့ ကျွန်တော်တို့ IT_Youth_Donation အဖွဲ့မှ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ။ လုပ်အားဖြင့် သော်၎င်း၊ ငွေအားဖြင့် သော်၎င်းပါဝင်ကူညီမည်ဆိုပါက Mail Account များကို Comment တွင်ရေးပေးကြပါရန် ပန်ကြားအပ်ပါတယ်ဗျာ။

ဘိုင်ပင်ဂူ စာသင်ကျောင်း
တည်နေရာ - မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြိုနယ်
မင်းကန်အုပ်စု ၊ တောစုကျေးရွာအနီး ၊ ဘိုင်ပင်ဂူရွာ။
တောင်ပေါ်ဒေသ လေးဖြစ်ပြီး၊ တောစုရွာနဲ့ လေးမိုင်အကွာတွင်ရှိ။

စတင်ဖြစ် ပေါ်လာပုံ - လွန်ခဲ့သောနှစ်နှစ်ခန့် က ဒေသ ရှိကလေးများ စာမသင်ကြားနိုင် ၊ တောစု ကျောင်းအုပ်ကြီး၊ ၀ါးခင်းကုန်း ဆရာတော်တို့ဧ။် ထောက်ပံ့မှုဖြင့် စာသင်ဆောင်လေး တစ်ဆောင်၊ ဆရာတော်မှ လစာပေးထောက်ပံ့ထားသော ကျောင်းဆရာလေး တစ်ယောက်သာရှိ။

လမ်းခရီးအခြေနေ - တောစုကျေးရွာအထိ ကားဖြင့်တိုက်ရိုက်သွားနိုင်ပြီး၊တောင်ပေါ်ကိုမူ လှည်း၊ဆိုင်ကယ် တို့ ဖြင့်သွားနိုင်၊ယခင်ကထက်ပိုမို ချောမွေ့ သောလမ်းခရီးဖြစ်။

လိုအပ်ချက်များ - စာသင်ဆောင်မကောင်း၊ ရေအခက်အခဲဖြစ် (ရွာနှင့် တစ်မိုင်ခန့် အကွာမှာ သွားခပ်ရ)၊ ကျောင်းဆရာ အခက်အခဲဖြစ်။ ကျောင်းသုံးပစ္စည်းများ၊ ခြင်ထောင်၊ အနွေးထည်၊ ရွှေသွေး၊သတင်းစာ၊ ဂျာနယ်၊ ဦးထုပ်၊ အ၀တ်အထည် အစရှိတာတွေ လိုအပ် လျှက်ရှိနေပါသည်။

ကျွန်တော်သိခဲ့သော ဘိုင်ပင်ဂူ(ဂူပင်) ရွာလေးအတွက် ကူညီချင်သူများ အသေးစိပ် မေးမြန်းနိုင်ပါတယ်။

*** ဆက်သွယ်ရန် ***

lwanpaishin@gmail.com
Phone-09 - 43136207
01 - 210800 (ဇေယျာဟု ခေါ်ပါ)

kaung42@gmail.com
Phone-0973083241

http://ityouthdonation.blogspot.com/
it.youth.donations@gmail.com

( မလေးရှားမှ အလှူရှင်များ အတွက်
မလေးရှား တာဝန်ခံ ဖြစ်တဲ့
www.nayzawlin1.com
nayzawlin1@gmail.com
nayzawlin@nayzawlin1.net
Ph: 010 2148 677
သို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။)


www.nayzawlin1.com - www.nayzawlin1.net - www.nayzawlin1.org

Tuesday, November 22, 2011

မဟာချိုင် ယာယီ ကယ်ဆယ်ရေးစခန်း ဆက်လက်ဖွင့်လှစ်ခွင့် ရရှိ



ထိုင်းအာဏာပိုင်များနှင့် မြန်မာသံမှူးတို့ ညှိနှိုင်းခဲ့ကြသဖြင့် (၄)ရက်ကြာ တင်မာမှု ရှိနေခဲ့သော မဟာချိုင် ရေဘေး ကူညီရေး ယာယီစခန်းအား မဟာချိုင်နယ်မြေ ရေမနစ်မြုပ်ခင်အထိ ဆက်လက် ဖွင့်လှစ်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

ထိုင်းအာဏာပိုင်များက ၎င်းတို့ဖွင့်လှစ်ထားသော ဘန်ကောက်မြို့နှင့် ကီလိုမီတာ တစ်ရာကျော် ဝေးသည့် ရာ့ခ်ျဘူရီ ကယ်ဆယ်ရေး စခန်းသို့ ရေဘေးဒုက္ခသည်များအား ပြောင်းရွှေ့ခိုင်းရာ ဝေလံသောကြောင့် သွားရောက်ရန် အခက်အခဲရှိသဖြင့် ဒုက္ခသည်များက ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။

မဟာချိုင်နယ်မြေ အလုပ်အကိုင် ရှာဖွေရေး အရာရှိနှင့် မြန်မာသံမှူးတို့အပြင် ကယ်ဆယ်ရေးစခန်းကို ဦးဆောင်သည့် အသျှင်ဝါယမ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)နှင့် မြန်မာအလုပ်သမားများက အကျေအလည် ဆွေးနွေးခဲ့ကြပြီး ပြေလည်ခဲ့ခြင်း ဖြစ်သည်။

ဦးဝါယမက “မနေ့က စိတ်မချမ်းမသာ ဖြစ်နေခဲ့ရတာတွေ ပြေလည် သွားခဲ့ပြီးဖြစ်တယ်။ မနိုင်မနင်း မဖြစ်အောင်တော့ ဦးဇင်းတို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့တော့ လိုတာပေါ့။ ဘာဖြစ်ဖြစ် အားလုံးစိတ်အေး သွားကြရတယ်’’ ဟု မိန့်တော်မူသည်။



ယမန်နေ့က စိတ်ဆင်းရဲ နေခဲ့ကြသည့် အလုပ်သမားများလည်း ၀မ်းသာ သွားကြသည့်အပြင် အလုပ်အသစ် ရရှိသွားသည့် အလုပ်သမား (၄၀)ကျော်တို့ စခန်းမှ ထွက်ခွာသွားသည်။ ယနေ့ ညနေပိုင်းတွင် မြန်မာသံရုံး အစီအစဉ်ဖြင့် အလုပ်သမား (၅၀)ဦးကိုလည်း နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်သည်။

ရေဘေးသင့် နေကြသည့် မြန်မာ အလုပ်သမားအနေဖြင့် ဖုန်းနံပတ် ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၄-၆၇၀၅-၇၂၇၊ ၀၈၅-၁၅၈၈-၃၆၇၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၁-၀၈၇၁-၅၃၅၊ ၀၈၇-၇၅၅၀-၉၇၅၊ ၀၈၀-၅၅၂၂-၀၆၂ များသို့ ဆက်သွယ်ပြီး အကူညီ တောင်းခံနိုင်ကြောင်း သိရသည်။

Source by :http://www.ghre.org/

Saturday, November 19, 2011

ဂိုးတစ်ဂိုး၊ ရှုံးပွဲတစ်ပွဲ နှင့်သမိုင်းမှတ်တိုင်သစ် တစ်ကြိမ် ရေးထိုးခွင့် ဆုံးရှုံးခဲ့သော မြန်မာအသင်း (မြန်မာ ၀-၁ မလေးရှား)



ဂိုးတစ်ဂိုး၊ ရှုံးပွဲတစ်ပွဲ နှင့် သမိုင်းမှတ်တိုင်သစ်တစ်ကြိမ် ရေးထိုးခွင့် ဆုံးရှုံးခဲ့သော မြန်မာအသင်း (မြန်မာ ၀-၁ မလေး၇ှား)

ယနေ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ တွင် ၂၆ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပလျက်ရှိနေရာ အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နှင့် လက်ရှိ ချန်ပီယံ မလေးရှားလက်ရွေးစင် ယူ ၂၃ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မလေးရှားအသင်းက ၁-၀ ဖြင့် အနိုင်ရပြီး ဖိုင်နယ်လ်တက်သွားခဲ့သလို မြန်မာအသင်းမှာမူ တတိယလုပွဲအတွက် ဆက်လက်စောင့်စားရတော့မည် ဖြစ်သည်။

ပွဲအစပိုင်းတွင် မြန်မာအသင်း ရော မလေးရှားနိုင်ငံအသင်းကပါ တစ်ဖက်နှင့် တစ်ဖက် တိုက်စစ်ဖွင့် ကစားခဲ့ခြင်း မရှိပဲ အခွင့်ကောင်းခြောင်းမြောင်း ကစားနေခဲ့သလို မလေးရှားနိုင်ငံအသင်းကလည်း ခံစစ်ကို အားပြု ကစားနေခဲ့သည်။

မြန်မာအသင်းမှာ ပထမပိုင်း ပွဲချိန်ပြီးဆုံးချိန်အထိ မလေးရှား အသင်း ပင်နယ်လ်တီ ဧရိယာထိပ်နားမှ အလွတ်တည်ကန်ဘော ၄ ကြိမ်အထိ ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိသလို ထောင့်ကန်ဘော ၃ ကြိမ်မှလည်း ထိရောက်သော ခြိမ်းခြောက်မှု ပြုနိုင်ခဲ့ခြင်း မရှိပေ။

မလေးရှား အသင်းမှာမူ ရရှိခဲ့သော ပြစ်ဒဏ်ဘော တစ်ကြိမ်ကို ကန်သွင်းခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်း ဂိုးတိုင်အပေါ်ထောင့် နားမှ ဖြတ်ထွက်သွားခဲ့ရာ ပရိသတ်များ အသဲယား သွားစေခဲ့သည်။ ပထမပိုင်း ပြီးဆုံးသွားချိန်အထိ မြန်မာအသင်း နှင့် မလေးရှားအသင်းတို့မှ ထိရောက်သော ဂိုးသွင်းခွင့်များ မရရှိပဲ ဂိုးမရှိသရေဖြင့်သာ ပွဲကို ရပ်နားခဲ့ရသည်။

ဒုတိယပိုင်း ပြန်လည် စတင်သည်နှင့် မလေးရှားအသင်းက အလျှင်အမြန် တိုက်စစ်ဆင် ကစားလာခဲ့ရာ မြန်မာအသင်း အနေဖြင့် မလေးရှားကွင်း သုံးချိုးတစ်ချိုးအထိ ဘောလုံးရောက်ရေးပင် မနည်းကြိုးစားခဲ့ရပြီး မလေးရှားအသင်း၏ တစ်ကြိမ်တစ်ကြိမ် ထိုးဖေါက်မှုများကို မြန်မာနောက်တန်းလူများက ပိပိရိရိ ဖျက်ထုတ်နိုင်ခဲ့မှုကြောင့်သာလျှင် မြန်မာအသင်း အဖွင့်ဂိုး မပေးခဲ့ရသော်လည်း ပွဲချိန် ၈၄ မိနစ်တွင်မူ မြန်မာအသင်းနောက်တန်းလူများ၏ မသေမချာ ဖျက်ထုတ်မှုမှတဆင့် မလေးရှားတိုက်စစ်မှူး က ဂိုးသမားနှင့် အနီးကဒ် ပိတ်သွင်းခဲ့ပြီး အဖွင့်ဂိုး နှင့် အနိုင်ဂိုးကို ရယူသွားခဲ့သည်။

လက်ကျန်မိနစ် ဆယ်မိနစ်ခန့် အချိန်အတွင်း မြန်မာအသင်းက ဂိုးရရှိရေးအတွက် အပြင်းအထန် ကြိုးစားခဲ့သေးသော်လည်း လက်ရှိချန်ပီယံ မလေးရှားအသင်း၏ ခြေစွမ်းကို ကျော်လွန် အနိုင်ရခြင်း မရှိပဲ ၁၉၇၅ ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှ ပွဲစဉ်များအတွင်း ချန်ပီယံ မဖြစ်တော့သည့် စံချိန်ကို ဆက်လက်ထိန်းသိမ်း သွားခဲ့သည်။

Source by :http://mutdfan.com/

မြန်မာများ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရရန် ပိုမိုခက်ခဲလာ



၂၀၁၀ ပြည့်နှစ်မှ စတင်ကာ စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရန် လျှောက်ထားခဲ့သည့် မြန်မာများ ပယ်ချခံခဲ့ရမှု များလာသည့်အပြင် လျှောက်ထားရာတွင် ပိုမိုခက်ခဲလာခဲ့သည်ဟု စင်ကာပူရောက် မြန်မာများ ထံမှ စုံစမ်းသိရှိရပါသည်။

အကြောင်းမှာ စင်ကာပူအစိုးရ၏ အလုပ်သမားရေးရာနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲများကြောင့် အစိုးရကျောင်းဆင်းများသည်ပင် စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်(PR) ရရှိရန်ပိုမို ခက်ခဲလာခဲ့သည်ဟု သိရှိရသည်။

“ကျွန်တော်ဆို Spass နဲ့ စင်ကာပူမှာနေတာ သုံးနှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့နှစ်က PR ရလိုရငြားလျှောက် ခဲ့တယ်။ ပယ်ချခံခဲ့ရတယ်” ဟု စင်ကာပူရှိ ဘွန်လေးတွင် နေထိုင်သည့် မြန်မာအင်ဂျင်နီယာ တစ်ဦးက ပြောပြခဲ့သည်။

PR ကိုတော့ မလျှောက်ဖြစ်ဘူး။ အခုအချိန်မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။ PR ဆို အခွန်ဆောင်ရတာတွေက အစ နည်းနည်းမြင့်တယ်။ ဒါ့ကြောင့် PR မလျှောက်ဘူး . . .

“အခုအချိန်မှာ PR လျှောက်တဲ့ နိုင်ငံသားတိုင်းကို အရေအတွက်ပေါ် မူတည်ပြီး ထိန်းချုပ်မှု၊ ကန့်သတ်မှု အမြောက်အမြား လုပ်ခဲ့တယ်။ စင်ကာပူ သတင်းစာတွေထဲမှာလည်း အမြောက်အမြား ဖော်ပြထားပြီးခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပိုင်းလောက် ကတည်းက PR ပေးတာတွေ လျှော့ချခဲ့ကြတယ်။ အစိုးရကျောင်း ပြီးထားတဲ့သူတွေထဲမှာတောင် အခုအချိန်မှာ PR လျှောက်ထားရင် အရမ်းကိုကန့်သတ်ချက် များနေပါသေးတယ်။ ဒါပေမယ့် အစိုးရကျောင်းတက်ပြီး လို့ ဘွဲ့ရတဲ့အခါ သုံးနှစ်စာချုပ်နဲ့ စင်ကာပူမှာ အလုပ်ပြန်လုပ်ပြီးရင် သူ့ရဲ့အရည်အသွေး၊ လုပ်ဆောင်ချက်ပေါ် မူတည်ကာ PR လျှောက်ထားမှု ပြုနိုင်ကြတယ်”ဟု အစိုးရတက္ကသိုလ် SMU ၏ Assistant Director Mr. Andrew Low Kim Khoon က ရှင်းပြခဲ့သည်။

ထို့ပြင် အချို့မှာလည်း နေထိုင်ခွင့်အမျိုးအစားနှင့် လစာကောင်း ရရှိထားမှုပေါ် မူတည်ကာ စင်ကာပူ PR ကို လျှောက်ထားခြင်း မပြုသူများလည်း ရှိနေကြသည်။

“ကျွန်မဆို ဒီက အစိုးရတက္ကသိုလ်ကြီး တစ်ခုမှာတက်ပြီး အခု ပရောဂျက်တစ်ခု စ၀င်နေပြီ။ PR ကို တော့ မလျှောက်ဖြစ်ဘူး။ အခုအချိန် မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။ PR ဆို အခွန်ဆောင် ရတာတွေကအစ နည်းနည်းမြင့်တယ်။ ဒါကြောင့် PR မလျှောက်ဘူး”ဟု NTU တွင် မာစတာပြီးထားသည့် ကျောင်းသူတစ်ဦးက ပြောပြခဲ့သည်။

အောက်တိုဘာလ ၁၃ ရက်နေ့ စင်ကာပူရှိ ပညာရေးဝန်ကြီးဌာန တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ ကောက်နုတ်ချက်များ အရ နောင်တွင် စင်ကာပူကျောင်း တက်ရောက်မည့် အလယ်တန်းအဆင့် မြန်မာအပါအ၀င် နိုင်ငံစုံမှလူငယ်များမှာ စင်ကာပူအစိုးရ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာနေထိုင်မည်ဆိုပါက နိုင်ငံသားအဖြစ် ခံယူခွင့်ကိုလည်း တိုးမြင့်ကူညီသွားမည်ဖြစ်ကြောင်းကို MSI ပညာရေးဝန်ဆောင်မှု လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာက ဖော်ပြထားခဲ့သည်။

မြန်မာကျောင်းသားများ စင်ကာပူ PR အား ၂၀၀၇ ခုနှစ်မတိုင်ခင်အထိ လွယ်ကူစွာ လျှောက်ထားရ ရှိခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ ဘွဲ့ရများမှာ စင်ကာပူတွင် အလုပ်ရရပြီး S passဖြင့် နေထိုင်ကာ PR လျှောက်ခြင်း၊ ပေါ်လီတက်ရောက်ပြီးသူများမှ PR လျှောက်ခြင်းများကို အများဆုံး ပြုလုပ်ခဲ့ကြသည်။

စင်ကာပူတွင် ဇွန်လကုန် လူဦးရေစာရင်း ထုတ်ပြန်ချက်များအရ စင်ကာပူနိုင်ငံသား ဦးရေ ၃ ဒသမ ၇၉ သန်း၊ နိုင်ငံခြားသား ၁ ဒသမ ၃၉ သန်းရှိပြီး ယင်းတို့ထဲမှ ၃ ဒသမ ၂၆ သန်းမှာ စင်ကာပူ နိုင်ငံသားများ ဖြစ်ပြီး ကျန်သည့် ၀ ဒသမ ၅၃ ဦးရေမှာ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသည့်လူများ ဖြစ်ကြောင်း ကောက်နုတ်ချက်အချို့ကို Myanmar Search International ပညာရေး ၀န်ဆောင်မှုမှ သိရှိရပါသည်။

Source by :http://first-11.com

Friday, November 18, 2011

Facebook ပိတ်တော့မည်ဟု Facebook စာမျက်နှာများတွင် ပျံ့ နှံ့ 



Facebook ကြီးသာ ပိတ်သွားခဲ့ရင်ဘာတွေ လုပ်ကြမလဲ.. ? ။

Facebook တည်ထောင်သူ Mark Zuckerberg မှနေ၍ Facebook ကို မတ်လ ၂၀၁၂ မှာ ပိတ်ရတော့မှာဖြစ်ကြောင်းနဲ့ Facebook ကို လုပ်နေရတာ သူ့အတွက် အရမ်းစိတ်ဖိစီးမှု များနေပါတယ်လို့ ပြောသွားပါတယ်။

"Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတဆင့်ပြောကြားခဲ့ပါတယ်။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေတာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ။

Zuckerberg ဟာ Facebook ကို ၂၀၁၂ မတ်လ ၁၅ရက်နေ့တွင် အသုံးပြုသူများ အနေနှင့် Facebook အကောင့်များကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသုံးပြုသူများအနေနဲ့ ဒီနှစ်မှာ Facebook မရှိဘဲ နေနိုင်အောင် နေပေးကြပါလို့လဲ ပြောသွားပါတယ်။

"မတ်လ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာ Website ကြီး တစ်ခုလုံး ပိတ်လိုက်ပါတော့မယ်" လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ "အဲဒါကြောင့် သင့်ရဲ့ ဓါတ်ပုံတွေကို လိုချင်သေးရင် Facebook ပေါ်က ပြန်ယူထားဖို့လည်း အကြံပေးချင်ပါတယ်။ Facebook ပိတ်လိုက်ရင် ဓါတ်ပုံတွေ ပြန်ရတော့မှာ မဟုတ်ပါဘူး" လို့လည်း ပြောသွားခဲ့ပါသေးတယ်။

Zuckerberg ကတော့ Facebook ကိုပိတ်ဖို့ ဆုံးဖြတ်ရတာဟာ သူ့အတွက် အရမ်းကို ခက်ခဲကြောင်းနဲ့ သူ ပိတ်လိုက်တဲ့အတွက် အသုံးပြုသူတွေကို ၀မ်းမနည်းစေချင်ပါဘူးလို့လဲ မျှော်လင့်ကြောင်း ပြောသွားပါသေးတယ်။

"ကျွန်တော်အနေနဲ့တော့ အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့တော့ ထင်တယ်ခင်ဗျ" ဆိုပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။ "ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် အဲဒီလိုလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook မရှိရင် လူတွေဟာ အပြင်ထွက်ပြီး တကယ့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ကြမှာပါ။ အဲဒါကို ကျွန်တော်မျှော်လင့်ပါတယ်။"

Facebook သုံးစွဲသူ တချို့ကတော့ အဲဒီသတင်းကို ကြားပြီး ထိတ်လန့်ခဲ့ပါတယ်။ အင်ဒီယားနား ပြည်နယ်မှ အထက်တန်းကျောင်းသား Denise Bradshaw ဆိုရင် "ကျွန်တော် Facebook သာမရှိရင် ဘာလုပ်နေရမလဲ?" လို့ ငြီးငြူခဲ့ပါသေးတယ်။ "ကျွန်တော့် ဘ၀က Facebook က အဓိကပါ။ ကျွန်တော် Facebook ကို တစ်နေ့ ၁၀ နာရီလောက် သုံးပါတယ်။ အခု Facebook မရှိတော့ဘူးဆိုရင် ကျွန်တော့် အဲဒီအချိန်တွေကို ဘယ်နားသွားသုံးရမလဲဗျာ?"

သို့ပေမယ့် မိဘတွေကတော့ အဲဒီသတင်းတွေကြားပြီး စိတ်သက်သာရာရခဲ့ပါတယ်။ "Facebook ပိတ်သွားတာ တော်တော်ကောင်းပါတယ်" လို့ Detroit မှ မိဘတစ်ဦးဖြစ်သူ Jon Guttari မှ ပြောသွားပါတယ်။ "အဲါးဆို ကျွန်တော့်ကလေးက ကွန်ပျူတာနဲ့ မျက်နာကို နေ့တိုင်း ကပ်မနေတော့ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ပိုရနိုင်တာပေါ့" လို့ ၀မ်းမြောက်ဝမ်းသာ ပြောသွားပါတယ်။

FACEBOOK WILL END ON MARCH 15th, 2012!

Mark Zuckerberg announced that Facebook will be shut down in March of 2012. Managing the site has become too stressful.

“Facebook has gotten out of control,” said Zuckerberg in a press conference outside his Palo Alto office, “and the stress of managing this company has ruined my life. I need to put an end to all the madness.”

Zuckerberg went on to explain that starting March 15th of next year, users will no longer be able to access their Facebook accounts. That gives users (and Facebook addicts) a year to adjust to life without Facebook.

“After March 15th, 2012 the whole website shuts down,” said Avrat Humarthi, Vice President of Technical Affairs at Facebook. “So if you ever want to see your pictures again, I recommend you take them off the internet. You won’t be able to get them back after Facebook goes out of business.”

Zuckerberg said the decision to shut down Facebook was difficult, but that he does not think people will be upset.

“I personally don’t think it’s a big deal,” he said in a private phone interview. “And to be honest, I think it’s for the better. Without Facebook, people will have to go outside and make real friends. That’s always a good thing.”

Some Facebook users were furious upon hearing the shocking news.

“What am I going to do without Facebook?” said Denise Bradshaw, a high school student from Indiana. “My life revolves around it. I’m on Facebook at least 10 hours a day. Now what am I going to do with all that free time?”

However, parents across the country have been experiencing a long anticipated sense of relief.

“I’m glad the Facebook nightmare is over,” said Jon Guttari, a single parent from Detroit. “Now my teenager’s face won’t be glued to a computer screen all day. Maybe I can even have a conversation with her.”

from facebook's friends Avan Wang (王天) & John Htoi Aung

Source by :http://weeklyworldnews.com/headlines/27321/facebook-will-end-on-march-15th/

Thursday, November 17, 2011

မလေးရှားမှာ တရားမ၀င် မြန်မာအလုပ်သမားတွေ နိုင်ငံကူး လက်မှတ် အခက်တွေ့



မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် စစ်အစိုးရက တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)

တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို မလေးရှား အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီးတဲ့နောက် မြန်မာသံရုံးမှာ နိုင်ငံကူး လက်မှတ် ပတ်စပို့ လျှောက်တဲ့အခါ မြန်မာအလုပ်သမားတွေ အခက်တွေ့နေရကြောင်း သိရပါတယ်။

မြန်မာသံရုံးမှာ ပတ်စပို့ လျှောက်တဲ့အခါ ပထမဦးဆုံး ကိုယ်ရေး ရာဇဝင် ပုံစံဖြည့်စွက် တင်ပြရပြီး သံရုံးက အမှတ်စဉ် နံပါတ် ထုတ်ပေးပါတယ်။ အမှတ်စဉ် အလိုက် ခေါ်ယူရာမှာ မိမိတို့ အလှည့် ရောက်မရောက် ဖုန်းဆက်မေးရင် သံရုံးက မဖြေကြားတဲ့ အတွက် အကြိမ်ကြိမ် ကိုယ်တိုင် သွားရောက် ကြည့်ရှုကြရတာကြောင့် အချိန်ကုန် အလုပ်ပျက်ကြရတယ်လို့ အလုပ်သမားများ အရေး ဆောင်ရွက်နေတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့  Burma Campaign Malaysia တာဝန်ခံ ကိုထွန်းထွန်းက ပြောပါတယ်။

အားလုံး ပြီးစီးလို့ ပတ်စပို့ စာအုပ် ထုတ်ယူတဲ့ အခါမှာလည်း စာရွက် စာတမ်းကြေး ဆိုပြီး ပြေစာမရဘဲ ရင်းဂစ် တစ်ဆယ် ပေးခဲ့ရတယ်လို့လည်း မြန်မာ အလုပ်သမားတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို မြန်မာ သံရုံးမှာ ဒုက္ခမခံနိုင်တဲ့သူတွေက မြို့ထဲက လက်ခွဲ အလုပ်သမား အေးဂျင့်တွေဆီမှာ ဝန်ဆောင်ခ ရင်းဂစ် ခုနစ်ရာ ရှစ်ရာပေးပြီး ပတ်စပို့တွေ လွယ်လွယ် ကူကူ ရနေကြောင်းလည်း ကိုထွန်းထွန်းက ပြောဆိုပါတယ်။

နိုင်ငံကူး လက်မှတ် ပတ်စပို့ စာအုပ်တစ်အုပ် အတွက် မလေးရှား ရင်းဂစ် ၄၈၀ ပေးရပေမဲ့ တခြား နိုင်ငံတွေကို သွားလာခွင့် ရှိကြောင်း စာအုပ်မှာ ထပ်ဆင့် ထောက်ခံစာ ထည့်မပေးဘူးလို့ ကိုထွန်းထွန်းက ပြောပါတယ်။

မလေးရှား အစိုးရရဲ့အဆိုအရ မှတ်ပုံတင်သူ တရားမဝင် မြန်မာ အလုပ်သမား နှစ်သိန်း သုံးသောင်းလောက် ရှိပါတယ်။ ပတ်စပို့ လျှောက်ထားသူတွေကို မြန်မာသံရုံးက တစ်နေ့ ဦးရေ (၂၅၀) နှုန်းနဲ့ ထုတ်ပေးနေတယ်လို့ သိရပါတယ်။

Source by :Copyright © 1998-2011 Radio Free Asia. All rights reserved.

Wednesday, November 16, 2011

မဟာချိုင်ရေဘေး မြန်မာ အလုပ်သမားများ​​ အခက်ကြုံနေ


မဟာ ချိုင် ရေး ဘေး သင့် မြန် မာ များ

ထိုင်းနိုင်ငံ၊ ရေကြီးမှုမှာ မြန်မာအလုပ်သမားသိန်းနဲ့ချီ အလုပ်အလုပ်နေကြတဲ့ မဟာချိုင်ဒေသမှာ ရေဘေး ဒုက္ခခံနေကြရပြီး မြန်မာ ဘုန်းကြီးကျောင်းတွေမှာ စခန်းဖွင့် ကူညီနေရတယ်လို့ ရွှေတွံ့တေးဆရာတော် အရှင်ဝါယမက ဒီဗီဘီကို မိန့်ပါတယ်။

ရေက ဒီနေ့မှာပိုတက်လာပြီး နာရီပိုင်းအတွင်း ရေလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေ လုပ်ကိုင်တဲ့ စက်ရုံတွေပိတ်ထားပြီး နေအိမ် တိုက်ခန်းနဲ့ တန်းလျား​​တွေ​ ​ရေမြုပ်ကုန်တာကြောင့် ကားနဲ့ ကြိုပြီး ဘုန်တော်ကြီးကျောင်းမှာ စခန်းဖွင့်ပေးထားတာလို့ မဟာချိုင်မြို့နယ်၊ ၀တ်ခေါင် မေးဒေးယား ဘုန်းတော်ကြီး​ကျောင်းက ဆရာတော်အရှင်ဝါယမက မိန့်ပါတယ်။

“မနေ့ကပဲ စခန်းကို ဖွင့်လိုက်တာ။ အလုပ်သမား တရာလောက် ရောက်နေပြီ။ ရေက အကျမရှိဘဲ ဆက်တိုက် တက်လာတဲ့အခါကျတော့ အကုန်လုံး ပြေးရတာပေါ့။ တချို့ အလုပ်ရုံတွေကတော့ နည်းနည်း အဆင်မပြေဘူး။ အလုပ်ရှင်တွေက ထိုင်း အလုပ်သမားတွေကို လစာတွေ ချက်ချင်း ရှင်းပေးလိုက်တယ်။ နေရာတွေ ရွှေ့ပေးလိုက်တယ်။ ကမ္ဘောဒီးယားတွေကိုလည်း နေရာတွေ ရွှေ့ပေးတယ်။ ဗမာတွေကျတော့ ခနနေဦး စဉ်းစားပေးမယ်ဆိုပြီးတော့ ဒီအတိုင်း ထားတယ်။ ရေက တက်လာတော့ အကုန်လုံး ဒုက္ခရောက်တာပေါ့။ အဲဒီလိုဟာတွေ သတင်းရရင် ချင်ချင်းသွားရတာပေါ့။”

အလုပ်သမားတချို့က စနစ်တကျနဲ့ ရေလွတ်ရာကို ထွက်လာနိုင်ကြပေမယ့် အပြင်ပတ်ဝန်းကျင် မသိတဲ့တချို့က နေရာမှာပဲ ထိုင်နေကြပြီး​ ထွက်မလာတတ်ကြဘူးလို့လည်း​​ ​ရှင်းပြပါတယ်။

မဟာချိုင်က ရေဘေးသင့်​​​ မြန်မာအလုပ်သမားတွေကို သံဃာတော်တွေ၊ မြန်မာတွေကပဲ ၀ိုင်းဝန်းကူညီပေးနေကြရပြီး မြန်မာသံရုံးကလည်း ကူညီပေးဖို့ အကျိုးအကြောင်း ဒီနေ့ လာလျှောက် သွားတယ်လို့ မိန့်ပါတယ်။

“မနက်ဖြန်ကို သံရုံးက လာမယ်ပြောတယ်။ ဒီနေ့ကတော့ သူတို့နဲ့ ဆက်နွယ်နေတဲ့ ထိုင်းအဖွဲ့ပေါ့။ အလှူရှင်တွေပေါ့ လာကြည့်သွားတယ်။ သူတို့ဆောင်ရွက်ပေးပါမယ်ဆိုတဲ့​ အကြောင်းပေါ့။ သံရုံးကလည်း ထိုင်းအစိုးရနဲ့ပေါင်းပြီး သူတို့ စောင်ရှောက်ပေးနေတယ် ​ပြောတယ်။ ဒီမှာလည်း လိုတာကြည့်ပြီး ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ သူတို့ စီစဉ်နေတယ်လို့လည်း လာလျှောက်တယ်။”

အခုလက်ရှိ ဘုန်းတော်ကြီးကျောင်းမှာ ဒုက္ခသည် တထောင်ကျော်ကျော်ထိ လက်သင့်ခံထားနိုင်​ပေမယ့်​ အစားအသောက်နဲ့​ ​ရေကိုတော့ ပြည်တွင်းပြည်ပက​ ​မြန်မာတွေအနေနဲ့ ၀ိုင်းဝန်း ဆောင်ရွက်ပေးမှ ရမယ်လို့ မိန့်ကြားသွားပါတယ်။

“အတတ်နိုင်ဆုံး စိတ်ဓာတ်အင်အားရော၊ ငွေကြေးအင်အားရော တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးပါ။ ထောက်ပံ့ပေးကြပါလို့ ပြောချင်ပါတယ်။”

မဟာချိုင်ဒေသက မြန်မာအလုပ်သမားတွေ အနေနဲ့ မဟာချိုင် ကယ်ဆယ်ရေးစခန်း ဖုန်း ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၉-၆၈၅- ၂၉၆၆၊ ၀၈၄-၆၇၀-၅၇၂၇ တို့ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြသလို၊ ရေဘေးသင့်နေသူတွေကိုလည်း အဲ့ဒီဖုန်းတွေဆက်ပြီး ကူညီပေးနိုင်ကြပါတယ်။

Source by : http://burmese.dvb.no

Tuesday, November 15, 2011

မလေးရှားနိုင်ငံရှိ UNHCR ဒုက္ခသည်နှင့် ခိုလှုံသူများ ဇန်န၀ါရီလတွင် မှတ်ပုံတင်ရန်



မလေးရှား အစိုးရအနေနှင့် UNHCR အထောက်အထားကိုင်ဆောင်ထားကြသည့် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံသူများကို ဇန်န၀ါရီလ၊ ၂၀၁၂ တွင် စတင် မှတ်ပုံတင် ပေးသွားမည်ဖြစ်ကြောင်း UNHCR ကိုယ်စားလှယ်မှ ပြောကြားသည်။

ယခုကိစ္စသည် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းအပေါ် မလေးအစိုးရနှင့် UNHCR တို့၏ သဘောတူညီမှုတခုဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ နှင့် UNHCR တို့ ပူးပေါင်းအားထုတ် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ဒုက္ခသည်များ အများဆုံးနေထိုင်ရာ နေရာများတွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်းပြုလုပ်မည့် အချိန်နှင့်နေရာတို့ကို UNHCR မှနေ၍ ဒုက္ခသည်အဖွဲ့အစည်းများသို့ ဆက်သွယ်ညွှန်ကြားဆောင်ရွက်သွားမည်ဖြစ်ပြီး UNHCR အထောက်အထားရှိသည့် ဒုက္ခသည်နှင့် ခိုလှုံသူများအားလုံး မလေးအစိုးရနှင့် မှတ်ပုံတင်ခြင်းပြီးဆုံးသည်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း UNHCR ၏ မလေးရှားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Alan Vernon မှ ပြောကြားသည်။

ယခုပြုလုပ်မည့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းသည် တရားမ၀င် နိုင်ငံခြားသားများ အတွက် မလေးရှားပြည်ထဲရေးဌာနမှ ဆောင်ရွက်လျက်ရှိသော 6P အစီအစဉ်နှင့် ပတ်သတ်မှုမရှိဘဲ သပ်သပ်စီဖြစ်ကြောင်း Alan Vernon မှ ရှင်းလင်း ပြောကြားသည်။

ယခုအချိန်အထိ UNHCR-Malaysia နှင့် မှတ်ပုံတင်ထားပြီးသော ဒုက္ခသည်နှင့် ခိုလှုံသူစုစုပေါင်း ၉၅၀၀၀ ခန့် ရှိပြီး ၄င်းတို့မှာ မြန်မာ၊ သီရိလင်္ကာ၊ ဆိုမာလီ၊ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့အပါအ၀င် နိုင်ငံပေါင်းများစွာမှ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။

ယခုမလေးရှား အစိုးရနှင့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းကိစ္စသည် အခြားသောနိုင်ငံများနှင့် UNHCR တို့ သဘောတူထားကြသည့်အချက်ဖြစ်သော UNHCR အထောက်အထား ကိုင်ဆောင်သူ ဒုက္ခသည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သက်ဆိုင်သည့်အစိုးရနှင့် UNHCR တို့မှ လုံခြုံစွာ ထိန်းသိမ်း ကာကွယ်ကြရန် ဟူသည့် သဘောတူညီချက်အတိုင်း ပူပေါင်းဆောင်ရွက်သွားကြမည် ဖြစ်သည်။

Source by : The Star ( မောင်ပါလ)

Monday, November 14, 2011

မိန်းမလိုက်စားခြင်းသည် ပျက်စီးခြင်း၏အကြောင်းဖြစ်သည်

ဝိဓူရဇာတ်၌ ဝိဓူရပညာရှိအမတ်ကြီးက မိန်းမလိုက်စားလွန်ကြူသူများကို တေဇသင်္ခတံ=အားအစွမ်း၊ တန်ခိုးအစွမ်း ပညာအစွမ်းတို့၏ ကုန်ခမ်းခြင်းကို၊သမ္ပသံ(သမ္ပသန္တော)=မြော်မြင်သည်ဖြစ်၍၊ဣတ္ထိံ= မိန်းမ ကို၊ဗဠံ=လွန်လွန်ကြူးကြူး၊နဂစ္ဆေယျ=မသွားလာစေရ။(စေ-ဂစ္ဆေယျ=အကယ်၍သွားလာငြားအံ့။)၊ခီလာ မေဒေါ=အသွေးအဆီ ကြုံလှီခြောက်ခန်းသည်ဖြစ်၍၊ကာသံ=ချောင်းခြောက် ရောဂါစွဲကပ်ခြင်းသို့ လည်းကောင်း၊ဒရံ=ကိုယ်ပူရောဂါ။ ဆီးပူရောဂါ စွဲကပ်ခြင်းသို့လည်းကောင်း၊ဗာလျံ=အားအင်ကုန်ခန်း နွမ်းရိ ခြင်းသို့လည်းကောင်း၊နိဂစ္ဆတိ=ရောက်တတ်၏။ဟုဆုံးမတော်မူဖူးပါတယ်။

မိန်းမလိုက်စား အပျော်ကြူးသောသူသည် ကိုယ်ပိုင်ဇနီးမယားနှင့် မတင်းတိမ်မရောင်ရဲနိုင်သည်ဖြစ်၍ မြင်သမျှ မိန်းမကို ပူးကပ်သွေးဆောင်တတ်၏။မိန်းမလိုက်စားလေ့ရှိသူ၏ မျက်နှာမှာ မိန်းမနှင့်တွေ့သည့် အခါ မျက်နှာပြောင်တတ်၍ နှုတ်ချို လျှာတတ်နှင့် အရှက်မရှိ စကားသွက်၏။မိမိကိုယ်ကို သားနားသပ်ရပ်စွာ ပြင်ဆင်တတ်၍ မာယာပြစ်ဖုံး ဟိတ်ဟန်သုံးလျှက် လှည့်လည်တတ်သည်။မိန်းမကိုပေးရန်အတွက်မူ နှမြော ခြင်းမရှိ ရက်ရက်ရောရောပေးလေ့ရှိ၏။မိမိအလိုမလိုက်သေးသ၍ ကိုယ်ရောစိတ်ပါ အညံ့ခံ ချဉ်းကပ်တတ် လေသည်။

မိမိချဉ်းကပ်နေသော မိန်းမအလိုကျ ဆောင်ရွတ်ရမည်ဆိုလျှင် ထိုမိန်းမက မျက်စ တစ်ချက်ချီရုံမျှနှင့် … စေတနာ ဇောအဟုန်ကြွ၍ ခြေလက်တို့ သွက်လက်စွာ စက်ကဲ့သို့ ခိုင်းသမျှ လုပ်ပေးတတ်၏။ပိုးပန်းပေး ကမ်းရခြင်းအတွက် စေတနာ ရေစီးကမ်းပြိုလိုက်၍ အနည်းငယ်မျှ တွက်ကပ်ခြင်းမရှိ။မိန်းမလိုက်စားခြင်း သည် ငွေကြေးကုန်ခန်းခြင်းဖြင့် အစပျိုးကာ ဥစ္စာပျက်စီးကြောင်း အမှန်ဖြစ်လေ၏။စီးပွားရေးပြုန်းတီးခြင်းမျှ သာမဟုတ်သေး။အနာရောဂါထူပြော၍ ကျန်းမာရေးတည်းဟူသော လာဘ်ကြီးလည်းဆုံး၍ လူညွန့်တုံးဘဝ ကျရောက်ကာ ဘဝဆုံးရတတ်ပါတယ်။

မိန်းမလိုက်စားလေ့ရှိသူတိုင်း၏ အကျင့်မှာ တွေ့သမျှ မိန်းမ အကောင်းထင်တတ်ခြင်းဖြစ်သည်။ကိုယ်စိတ် အညံ့ခံပိုးရခြင်း၊ ပစ္စည်းဥစ္စာကုန်ခန်းခြင်းတို့ဖြင့် မိန်းမတစ်ယောက်ကို ပိုင်ပြီးသော အခါတွင်လည်း ထိုမိန်းမ နှင့် မကျေနပ်မရောင်ရဲပြန်၍ နောက်တစ်ယောက်ရှာပြန်သည်။တွေ့သမျှမိန်းမ အကောင်းထင်လိုက်စား သော်လည်းထိုသို့သော သူမျိုးအဖို့ ဂုဏ်ကျက်သရေ ဣနြေ္ဒသိက္ခာ၊ဥာဏ်ပညာရှိသော မိန်းမကိုရသည် မဟုတ်။ပေါ့ပျက်လေလွင့် ညံ့ဖျင်းသော မိန်းမမျိုးကိုသာ တွေ့ကြုံရသည်။

မိန်းမလိုက်စားလေ့ရှိသည်ဟု နာမည်သတင်းကြီးသူမှာ မည်မျှပင် ရာထူး၊အာဏာ၊ စီးပွားဥစ္စာ ရှိပင်ငြား သော်လည်း အဖိုးတန် မိန်းမများကရှောင်ရှားကြ၏။တစ်ခါတစ်ရံ ငွေကြေးဥစ္စာ၊ရာထူး အာဏာ အရှိန်အဝါ ဖြင့် အကုန်အကျခံ၍ ပိုးပန်းပါသော်လည်း ထင်းတိုင်းမဖြစ် လွဲချော်၍ အရှက်ကြီးစွာရတတ်၏။ “မယားထိ ဓားကြည့်”ဆိုသည့် လင်ယောင်္ကျား ၊မောင်ဘွားမိဘများနှင့်တွေ့ကြုံလျှင် အသက်ပင်ဆုံးရှုံးတတ်သေး၏။ ထို့ကြောင့် မိန်းမလိုက်စားသူသည် အရာရာနစ်နာဆုံးရှုံးတတ်လေသောကြောင့် မိန်းမလိုက်စား လွန်ကြူး ခြင်းကို ပျက်စီးကြောင်းဟု ဟောတော်မူခြင်းဖြစ်ပါတယ်။

.ပါဝကော=မီးသည်။ ကဋ္ဌပုဉ္စံ=ထင်းပုံကြီးကို။ ဒဟိတိဣဝ=ပြကျလေအောင် ကျွမ်းလောင်ဘိသကဲ့သို့။ တထာ=ထို့အတူ၊ ပမတ္တဿ= မိန်းမလိုက်စား မိုက်မှားမေ့မောနေသူ၏။ ယသံ=အခြံအရံများခြင်းကို လည်းကောင်း၊ကိတ္တိံ=ဂုဏ်နံ့သတင်း ကျော်ဇောခြင်းကိုလည်းကောင်း၊ ဓိတိံ=ခိုင်ခံ့စွာဘိ သမာဓိကြီးရင့်မှု ကိုလည်းကောင်း၊သူရံ=မဆုတ်မတွန့် ရဲရင့်ထက်မြက်ခြင်းကိုလည်းကောင်း၊ဗဟုသစ္စံ= အကြားအမြင် ကြွယ်ဝခြင်းကိုလည်းကောင်း။ ပဇာနနံ=မြော်မြင်တုံဘိ အမှန်သိခြင်းကိုလည်းကောင်း၊ဒဟန္တာ=ပြကျလေ အောင် ကျွမ်းလောင်ကြကုန်လျက်၊ဟာပယန္တိ=ဆုတ်ယုတ်ပြုန်းတီး၊ပျက်စီးစေကုန်၏။ (တိကနိပါတ်ဇာတ်အဋ္ဌကထာမှကောက်နှုတ်ချက်)

ကာမဘုံသားဖြစ်သော လောကလူသားများအတွက် ယောင်္ကျားသည် မိန်းမ၏ အတွေ့အထိအာရုံ၊ မိန်းမသည် ယောင်္ကျား၏ အတွေ့အထိအာရုံတို့မှာ အကောင်းမွန်ဆုံး အရသာအဖြစ် မှတ်ယူခံစားလေ့ရှိကြ သည်။သို့သော် လူ့လောကတွင် အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံ၌ လွန်ကဲသူများကို “တဏှာရူးများ”ဟု အများ ခေါ်ဝေါ်ပြောဆိုကြလျှက် မည်သည့် အာရုံကိုမဆို လွန်လွန်ကဲကဲ တက်မက်တွယ်တာတတ်သူကို တဏှာ ကြီးသူဟု ခေါ်ဆိုနိုင်ပေသည်။ဇာတက အဋ္ဌကထာ၌ အရူးရှစ်မျိုးပြဆိုထားသည်။

၁။ကာမုမ္မတ္တက=တဏှာရူးသူ။

၂။ကောဓုမ္မတ္တက=ဒေါသရူးသူ။

၃။ဒိဋ္ဌုမ္မတ္တက =အယူလွဲမှားရူးသူ။

၎။မောဟုမ္မတ္တက =မိုက်မဲတွေဝေရူးသူ။

၅။ယက္ခုမ္မတ္တက =ဘီလူး၊ တစ္ဆေသရဲပူးဝင်၍ရူးသူ။

၆။ဝိတ္တုမ္မတ္တက =သည်းခြေပျက်ရူးသူ။

၇။သုရုမ္မတ္တက =အရက်မူးပြီးရူးသူ။

၈။ဗျသနုမ္မတ္တက =ဥစ္စာ ဆွေမျိုး ပျက်စီး၍ရူးသူ ဟူ၍ဖြစ်၏။

မိမိအလိုဆန္ဒကိုလိုက်၍ တဏှာရမ္မက်ကြီးသူအား အရူးဥပမာတစ်မျိုးပေး၍ ခိုင်းနှိုင်းထားလေသည်။ အများထက်ပို၍ တဏှာရာဂ လွန်ကြူးလိုစိတ်သည် ချိုးနှိမ်ပစ်ရမည့် စိတ်ရိုင်းတစ်ခုဖြစ်၏။ စိတ်၏ အညစ်အကြေး စိတ်၏ ရန်သူဖြစ်သော ရာဂတဏှာကို သတိပညာအထိန်းတို့ဖြင့် ထိန်းသိမ်းနိုင်မှ ဖြူစင် မည်။စိတ်သည် ပကတိအခါ၌ ဖြူစင်သန့်ရှင်း အပြစ်ကင်းလျက်ရှိ၏။တဏှာစိတ်ဖြင့် အာရုံကို အလွန်အကျူး လိုချင်မက်မောမှု တွယ်တာကပ်ငြိမှုတို့ကြောင့် အပြစ်မကင်း၊မသန့်ရှင်းသော အညစ်အကြေးသဖွယ်ဖြစ်ရ သည်။တဏှာရာဂတည်းဟူသော စိတ်အညစ်အကြေးကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြော၍ မစင်နိုင်ပေ။ စိတ် သတ္တိဖြင့် ဆေးကြောမှသာ သန့်ရှင်းစင်ကြယ်မည်ဖြစ်၏။

တဏှာရာဂစိတ်မွှန်နေသူသည် ပညာမျက်စိကိုလည်း ကန်းစေ၏။အကြောင်းအကျိုးကိုလည်းမမြင်၊ အကောင်းအဆိုးကိုလည်း ခွဲခြားမသိ၊အမှားအမှန်ကို မဝေခွဲနိုင်ဘဲ မှောင်အတိကျကာ မျက်ကန်းပမာ ဖြစ်နေသည်။သို့ဖြစ်ရာ တဏှာရာဂစိတ်ကြောင့် ဆန့်ကျင်ဘက် အာရုံကို လွန်ကြူးစွာ လိုက်စားလိုစိတ်ကို သတိ၊ပညာ၊အမြော်အမြင် ဆင်ခြင်တုံတရားတို့ဖြင့် ထိန်းသိမ်း၍ လောကီအကျိုးစီးပွား၊လောကုတ္တရာ အကျိုး စီးပွားတို့ ပျက်စီးခြင်းဘေးမှ ဝေးစွာရှောင်ရှားအပ်ပေသတည်း။

မှတ်ချက်။ ။အရှင်ဓမ္မပီယ(မြောင်)၏ ပျက်စီးခြင်းဘေးဝေးကြပါစေ စာအုပ်မှကောက်နှုတ်တင်ပြ လိုက်ခြင်းဖြစ်ပါသည်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Saturday, November 12, 2011

ဘင်္ဂါလီ ရိုဟင်ဂျာတွေကို တိရိစ္တာန်နဲ့ နှိုင်းတဲ့ ကိုအောင်တင်သို့ - ၁

ဘင်္ဂါလီ ရိုဟင်ဂျာတွေကို တိရိစ္တာန်နဲ့ နှိုင်းတဲ့ ကိုအောင်တင်သို့ - ၁

by James Mmt on Saturday, November 12, 2011 at 1:20pm
ကိုယ့်ဟာနဲ့ကိုယ် အလုပ်ရှုပ်နေရတဲ့ကြားထဲ ကိုယ်တွေကမှ ဘင်္ဂါလီရိုဟင်ဂျာတွေကို တိုင်းရင်းသား မဟုတ်ပါဘူးလို့ ဆိုနေတာ သူကမှ စစခြင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေကို တိုင်းရင်းသားလော၊ နိုင်ငံသားလောနဲ့ ခပ်တည်တည် ပင့်ထားပီး နောက်ဆုံးကျတော့မှ လူလော၊ ခွေးလော ဆိုပြီးပြောလာလို့ ဖတ်ကြည့်လိုက်တော့ ဒုတိယ ဒေါက်တာဇာနည်ဖြစ်နေတယ်ဗျ။ သူလည်း ရန်းတုတ်ပဲ အဲသူက ပိုတောင် ဒေါက်တာဇာနည်ထက် ရှေးကျတာ၊ ဒါမျိုးတွေဖြစ်မှာကို ကြိုမြင်လို့ ဒီအချိန်က ရေးခဲ့တယ်ဆိုပြီး February 06 2009 ဆိုပီးတောင် ဒိတ်တပ်ထားသေး။ ရန်းတုတ်ခြင်းအတူတူ ငါကပိုရှေးကြတယ်ဆိုပီး မဏ္ဍပ်တိုင်တက်ထားတယ်ဗျ။ ထားလိုက်ပါ သူ့စာထဲက  အလွဲလေးတွေ၊ ရန်းတုတ်တွေနဲ့ ခောတ်ကို မျက်ခြေပြတ်နေတာလေးတွေ ပြောရရင်တော့ စစခြင်းကို ကိုးကန့်လူမျိုးများသည် တိုင်းရင်းသားမဟုတ်ပဲ တရုတ်လူမျိုး ရိုးရိုးတောင်မဟုတ် ရာနှုန်းပြည့် စစ်စစ်ဖြစ်တယ်လို့ ရှမ်းအတိုက်အခံက ပြောသတဲ့။

ကျွန်တော်ပြောဘူးပါပကော ရှမ်းနဲ့ ၀ နဲ့ ကိုးကန့်နဲ့ကမတည့်တော့ အစွန်းရောက်တဲ့ ရှမ်းက အဲ့ဒိလူမျိုးနှစ်မျိုးမကောင်းကြောင်းပဲ ပြောမှာပေါ့။ ဘင်္ဂါလီတွေ သွားမေးရင် ရခိုင်မကောင်းဘူး၊ ဗမာမကောင်းဘူးလို့ပဲ ပြောမှာပေါ့။ ကဲ သူတို့ငြင်းနေတဲ့ ဟိုးအစကို ပြန်လှန်ကြည့်ရအောင်။ မြန်မာတွေက မွန်ဂိုမျိုးနွယ်မှ ပေါက်ဖွားလာတယ်၊ မြန်မာနိုင်ငံတွင်းမှာ အခြေချ နေထိုင်ကြတယ်လို့ ဆိုထားပါတယ်။ (အဲ့ဒိမှာ မြန်မာတွေက ရှိရင်းစွဲ ဒေသခံတွေကို ဖယ်ထားပီးမှာ နေရာယူတာမဟုတ်ဘူးနော်၊ သူ့ဟာသူ မြေလွတ်မြေရိုင်းကို ၀င်ပီး နေရာယူထားတာ။) အဓိက အုပ်စု သုံးစုခွဲပြီး မြန်မာပြည်ထဲကို ၀င်လာပါတယ်။ အဲ့ဒိအုပ်စုတွေက မွန်ခမာ၊ တိဗက်မြန်မာ၊ ထိုင်းတရုတ် ဆိုပြီးဖြစ်ပါတယ်။ အဲ့ဒိအထဲမှာ ကိုးကန့် လူမျိုးများဟာ ထိုင်း တရုတ် အုပ်စုကြီးမှ ပေါက်ဖွားလာသော လူမျိုးများ အမှတ်စဉ် (၃) နေရာမှာရှိပါတယ်။ ၁၉၅၅ ခုနှစ် သန်းခေါင်စာရင်းရဲ့ အမှတ်စဉ် ၂၄ နေရာမှာလည်း ကိုးကန့် (မာလီပါရင့်) လူဦးရေ အရည်အတွက် ၅၀,၀၀၀ နဲ့ နေထိုင်တဲ့ မြို့နယ်တွေအဖြစ် ကိုးကန့်နယ်၊ ဝ နယ်ရှိ ပန်းလုံး၊ မိုင်းမော်ဒေသဆိုပီး ဖော်ပြထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကိုးကန့်ကို န၀တ နအဖ လက်ထက်မှာမှ တိုင်းရင်းသားအဖြစ် စာရင်းသွင်းပီး ဖော်ပြတာ မဟုတ်ဘူးဆိုတာ သိသာပါတယ်။

မြန်မာ ယိုးဒယား နယ်စပ်မှာ နေထိုင်တဲ့ လားဟူနဲ့ အခါလူမျိုးများ

မြန်မာပြည်တွင်းမှာရှိတဲ့ စာအုပ်တွေကို ပြန်လှန်လေ့လာကြည့်လိုက်တော့ အင်္ဂလိပ်နယ်ချဲ့တွေကို ချခဲ့တဲ့ ဝ စော်ဘွား နော်ခမ်းဦး၊ စောမဟာ အကြောင်းတွေ တွေ့ရပါတယ်။ အဲ့ဒိလိုပဲ ဂျပန်ကို ခံချတဲ့ ကိုးကန့်စော်ဘွား ရန်ဖူးချိန် နဲ့သူ့ညီ ချွန်ချိန် တို့အကြောင်လည်းရှိပါတယ်။ အဲ ဘင်္ဂါလီရိုဟင်ဂျာနဲ့ ပါတ်သက်လို့တော့ မူဂျာဟစ်သူပုန် အဗ္ဗဒူကာစင်တို့ ကာနယ် စီဘာလ်ရော်ရှင်တို့ပဲ ထွက်လာတယ်ဗျ။ အင်္ဂလိပ်ကို တော်လှန်တဲ့၊ ဖက်ဆစ်ဂျပန်ကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာ သူရဲကောင်းတို့ လူမျိုးစု ခေါင်းဆောင်တို့ အလျဉ်းမရှိဘူးဗျ။ ဒီနေရာမှာ မြန်မာတွေနဲ့ ရှေးယခင်ကတည်းက စစ်ရေးပိုင်းမှာ ပူးပေါင်း ဆောင်ရွက်မှုရှိခဲ့တဲ့ ရှမ်းလူမျိုးစောဘွား တစ်ခြား တိုင်းရင်းသား လူမျိုးခေါင်းဆောင်များ ဓါတ်ပုံကိုလည်း အခုလို တွေ့ရမှာပါ။

မြန်မာစစ်သူကြီးနဲ့ အတူ တွေ့ရတဲ့ တိုင်းရင်းသား အကြီးအကဲများ


ဘင်္ဂါလီ ရိုဟင်ဂျာအရေး လှုပ်ရှားသူများ တခန်းတနား သွားရောက် ခိုလှုံနေကြတဲ့ ဗြိတိသျှ နေမ၀င်အင်ပါယာကြီးက အင်္ဂလိပ်တွေဟာ မြန်မာပြည်ကို စည်းမဲ့ကမ်းမဲ့ ဗြဲလရန်းနန်း အုပ်ချုပ်သွားတာ မဟုတ်ဘူးခင်ဗျ။ စာရွက်စာတန်းတွေနဲ့ စနစ်တကျကို အုပ်ချုပ်သွားလို့ အခုထိ အတုယူနေရတာ တစ်ပုံကြီး။ သူတို့တွေရဲ့ မြေပုံတွေ၊ သမိုင်းသက်သေတွေ၊ အထောက်အထား စာရွက်စာတန်းတွေမှာ ရိုဟင်ဂျာဆိုတာ တစ်လုံးမှ မပါဘူးဗျ။ အဲ သူတို့ သမိုင်းလိမ်ထားတဲ့ မြေပုံတွေ စာရွက်စာတန်းတွေနဲ့ ဆိုရင်တော့ တွေ့ရမှာပေါ့လေ။ အခုတလောမှ ဘင်္ဂါလီတွေ ထုတ်ပြောလာတဲ့ Encyclopaedia of the South-East Asian Ethnography မှာကြတော့ ရိုဟင်ဂျာ (Rohingya) လို့သုံးနှုံးမထားဘူးဗျ (Rohinga) လို့သုံးထားတယ် ပြူးပြဲပြီး သေခြာပြန်ဖတ်ကြည့်လိုက်ဦး။ အဲ့ဒိမှာ ဖတ်ကြည့်လိုက်တော့ မြန်မာပြည်ကနေ ခွဲထွက်ပြီးတော့ ကုလားတန်နဲ့ မေယုမြစ်အကြားမှာ လွတ်လပ်တဲ့ မွတ်စလင် နိုင်ငံထူထောင်ရန် သို့မဟုတ် ပါကစ္စတန်နဲ့ ပူးပေါင်းရန်အတွက် အချို့က စိတ်အားထက်သန်နေတယ်။

အဲ့ဒိအသံတွေဟာ ပိုမိုကျယ်လောင်လာပြီး 1946 ခု မေလ မှာ မွတ်စလင် အာရကန်တွေဟာ အနာဂတ် ပါကစ္စတန်နိုင်ငံ နယ်နိမိတ်ထဲမှာ ၎င်းတို့နယ်မြေတွေကို ထည့်သွင်းဖို့ အလီဂျင်းနားကို ဖျောင်းဖြပြောဆိုခဲ့ပါတယ်။ နှစ်လ ကြာတဲ့အခါမှာတော့ ပါကစ္စတန်နိုင်ငံ ထူထောင်ရန်တွင် ပူးပေါင်းပါဝင်ရန်အတွက် အာရကန်မြောက်ပိုင်း မူစလင် အသင်းကို စစ်တွေမှာ ထူထောင်ခဲ့ပါတယ်။ အဲ့ဒိ လျှို့ဝှက်အကြံအစည်ကို ပူးပေါင်းပါဝင်တဲ့ မွတ်စလင်တွေဟာ စစ်တကောင်း နဲ့ ဒေသခံ ရိုဟင်ဂ (Rohinga) တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ အလီဂျင်းနားဟာ အဲ့ဒိ အုပ်စုကို သူလုံးဝ အထောက်အပံ့မပြုပါဘူးလို့ ဗိုလ်ချုပ်ကို ကတိပေးခဲ့ပါတယ် လို့ ရေးထားပါတယ်။ အဲ့ဒိ စာကို ကြည့်ခြင်းအားဖြင့် ၎င်းဒေသမှာ ရှိကြတဲ့ ဘင်္ဂါလီတွေဟာ ထိုစဉ်အချိန်က တိုင်းပြည်လွတ်လပ်ရေး မရခင်ကပင် ခွဲထွက်ရန် ကြံစည်နေပြီဖြစ်ပါတယ်။ အဲ့ဒိလို ခွဲထွက်ခွင့်ကိုဘယ်သူမှ မထောက်ခံတော့တဲ့အတွက် ဂျီဟတ်ကို စတင်ကြငြာပြီး လှုံ့ဆော်ခဲ့ပါတယ်။ ၎င်းအချိန်မှ အစပြုပြီး မူဂျာဟစ်သူပုန်တွေ စတင်ဖြစ်ပေါ်လာတယ်လို့ ဆိုထားပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ယခင်ကပင် တိုင်းပြည်မှ ခွဲထွက်ရန် ကြံရွယ်လာခဲ့တာ အထင်အရှားဖြစ်ပါတယ်။

မရိုးနိုင်သေးတဲ့ ဦးနုရဲ့ မဟာအမှားကိုပဲ ထောက်ကွက်အနေနဲ့ အသုံးချလာပြန်ပါတယ်။ ဦးနုဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဠာန်းပေးမယ်ဆိုပီး မဲတွေကို လှိမ့်ပိမ့်ယူခဲ့လို့ အရှုပ်တော်ပုံတွေ တစ်သီကြီး တက်ခဲ့ပါတယ်။ အဲ့ဒိလိုပဲ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကာလအတွင်းမှာ ရတည ပါတီရှိနေတဲ့အတွက် ဦးနုဟာ သူ့ရဲ့ ဖဆပလ အနိုင်ရဖို့အတွက် ရခိုင်မှာ လူဦးရေ အများကြီးရှိနေတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာ လူမျိုးအဖြစ် သတ်မှတ်ပေးမယ်ဆိုပြီး မဲတွေကို ကဲ့ယူခဲ့တဲ့အတွက် နောက်ပိုင်းမှာ နိုင်ငံရေးလုပ်စားတွေရဲ့ ထုံးစံအတိုင်း ပေးခဲ့တဲ့ ကတိကို လိုက်လျောရတာပဲ။ အဲ့ဒိမဲတွေကြောင့် ဦးနုတို့ ဖဆပလ ရခိုင်မှာ အနိုင်ရခဲ့တာပဲလေ။ အကြံအစည်ရှိလို့ ဦးနုကို မဲပေးခဲ့တဲ့ ဘင်္ဂါလီတွေတောင်းဆိုတဲ့အတွက် ဦးနုလည်း လိုက်လျောပေးခဲ့ရတာပါ။ ဒါဟာ တိုင်းရင်းသားတွေ အားလုံးရဲ့ ဆန္ဒမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂျပန်ပြည်ကိုစစ်ပညာသင် သွားခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းအနေနဲ့ လွတ်လပ်ရေး မရခင်ကတည်းက ဘင်္ဂါလီတွေရဲ့တိုင်းပြည်က ခွဲထွက်ချင်တာကို သိတဲ့အတွက်ကြောင့် လက်မခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ အခုလက်ရှိ BBC, DVB တို့မှာ တိုင်းရင်းသား ဘာသာအနေနဲ့ ဘာလို့လွှင့်မပေးလဲ။ အဖြေကရှင်းပါတယ် တိုင်းရင်းသားလို့ မသတ်မှတ်ခဲ့လို့ပေါ့။ အခုမှ ထပြီး ပိုက်ဆံရမယ့် အကွက်တွေ မြင်နေလို့ တိုင်းရင်းသားပါလို့ အော်နေတာကိုး။

ဦးနုရဲ့ လိုက်လျောပေးမှုမှာ ကမ်းတက်လာတဲ့ ဘင်္ဂါလီတွေရဲ့ တောင်းဆိုချက်တွေကတော့ အစ္စလာမ်အထက်တန်းကျောင်းများနှင့် ကောလိပ်ကျောင်းများကို တည်ထောင်ပေးပြီး၊ အာရဗီစာပေများ၊ အစ္စလာမ်သမိုင်းနှင့် အစ္စလာမ်ယဉ်ကျေးမှုများကို သင်ကြားခွင့်ပေးရန်နှင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကြေးများ ပေးရန်၊ မူစလင် ကျောင်သားများ တက်ရောက်သင်ကြားနေသော အစိုးရ စာသင်ကျောင်းများတွင် မူစလင် ကျောင်းသားများအား အူရဒူစာပေ၊ အရိဗျစာပေနှင့် အစ္စလာမ်ဘာသာရေး သင်ခန်းစာများကို သင်ကြားခွင့်ပြုရန်၊ အူရဒူ စာသင်ကျောင်းများကိုလည်း ပိတ်ပင်မည့်အစား တိုးချဲ့ဖွင့်လှစ်ပေးရန်၊ မူစလင်တို့အား ၎င်းတို့ဆန္ဒမပါသော အခြားစာပေကို အတင်းအကြပ် မသင်ကြားစေရန်၊ မူစလင်တို့၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို သေးသိမ်ပျက်ပြားစေမည့် အခြေအနေတို့ကို တားဆီးကာကွယ်ပေးရန် ဆိုပီးဖြစ်ပါတယ်။ ဒါ့အပြင် ဈေးများတွင် ၀က်သားအား သီးသန့် နေရာသတ်မှတ်၍ရောင်းချရန်၊ မြန်မာပြည်သူပြည်သားများ ၀က်သားဝယ်သွားသည့်အခါ ဖြစ်ကတက်ဆန်း သယ်ယူသွားပါက မြင်ရသည့် မွတ်စလင်များအနေဖြင့် အပြစ်သင့်သည့်အတွက် စနစ်တကျ ထုတ်ပိုး၍ သိမ်းဆည်းပြီးမှသာ သယ်ယူသွားရန်ဆိုပီးတော့လည်း တောင်းဆိုခဲ့ပါတယ်။

ဘင်္ဂါလီ လူမျိုးစုများနေထိုင်တဲ့ ရွာတစ်ရွာ

ဘင်္ဂါလီ ရိုဟင်ဂျာအမတ်တွေ အစိုးရ၀န်ထမ်းအဖြစ် တာဝန်ယူခဲ့တယ်ဆိုပေမဲ့ သူတို့ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေကို ဗိုလ်မှူးလှမြိုင် အစီရင်ခံစာမှာ ဒီလိုဖော်ပြထားပါတယ်။ ဘင်္ဂါလီတို့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သည် ဆိုရာတွင် ဌာနပေါင်းစုံတွင် ၀န်ထမ်းမွတ်စလင်များရှိရာ လုပ်ပိုင်ခွင့်များကို မူစလင်ဘာသာဝင်များအတွက်သာ စူးစူးစိုက်စိုက် ဆောက်ရွက်ကြပါသည်။ ဥပမာအားဖြင့် ဦးစီးနေရာများရှိ မွတ်စလင် အကြီးအကဲတစ်ဦးသည် ငွေကြေးပစ္စည်း၊ တံစိုးလက်ဆောင် အသုံးပြု၍ မဖြစ်မနေ မွတ်စလင်များကို အလုပ်ခန့်အပ်ပေးခြင်းများ၊ လျှပ်စစ်ဌာနတွင် အခွင့်အာဏာရှိသူဖြစ်က မွတ်စလင်နေအိမ်များအတွင်း တစ်ဘက်စောင်းနင်း မီးတပ်ဆင်ပေးခြင်း၊ ပြည်သူ့ရဲတပ်ဖွဲ့အတွင်းမှ အရာရှိနှင့် တပ်ဖွဲ့ဝင်များသည်လည်း မိမိတို့ဆိုင်ရာ ဥပဒေကြပ်မတ်မှုများကို လျစ်လျူရှုထားခြင်း၊ မမှန်မကန်ရပ်တည်ဆောင်ရွက်ပေးခြင်း၊ လက်လှန်းမှီသမျှ မွတ်စလင် အကျိုးစီးပွားတစ်ခုတည်းကိုသာ မှန်မှန်ကြီး ဆောက်ရွက်လျက်ရှိကြသည်။ ထင်ရှားတဲ့ သက်သေတစ်ခုအနေနဲ့ ဘူးသီးတောင်မှာ အခြေစိုက်တဲ့ ပြင်သစ် INGO တစ်ခုဖြစ်တဲ့ AMI မှာ ဘင်္ဂါလီလူမျိုးဖြစ်တဲ့ မောင်ခင်မောင်ဆိုသူကို Assistant Project Manager အဆင့်အထိခန့်အပ်လိုက်ချိန်မှာ ဒေသခံ ရခိုင်ရုံးဝန်ထမ်းများကို အကြောင်းမရှိ အကြောင်းရှာပြီး အလုပ်ကထုတ်ပစ်ခြင်း၊ ဒေသခံ ၀န်ထမ်း အမျိုးသမီးငယ်များကို Sexual Discrimination ပြုလုပ်ခြင်း အစရှိတဲ့ စော်ကားမှုတွေ များပြားလာတဲ့အတွက်ကြောင့် ဒေသခံတွေ မကျေလည်မှုနဲ့ ၀ိုင်းဝန်းဆန္ဒပြရင်း ရုံးကိုခဲနဲ့ထုလို့ AMI ဘူးသီးတောင်ကနေ အပြီးအပိုင်ထွက်ခွာခဲ့ရတာလည်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ အခုလက်ရှိလည်း အဲ့ဒိ မောင်ခင်မောင် ဆိုသူဟာ UNHCR မှာ Logistics Officer ရာထူးနဲ့ အလုပ်လုပ်နေသည်ကို ကြည့်ခြင်းအားဖြင့်လည်း နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ဒေသခံ ရခိုင်လူမျိုး၊ မြန်မာနိုင်ငံမှာ ရှိရင်းစွဲ ၀န်ထမ်းများထက် ဘင်္ဂါလီတွေကို ဦးစားပေးတယ်ဆိုတာ အထင်အရှားတွေ့မှာပါ။

နိုင်ငံသားအခွင့်အရေးဆိုတဲ့နေရာမှာ လက်ရှိမြန်မာပြည်တွင်းမှာ နေထိုင်တဲ့ နိုင်ငံသားတိုင်းဟာ စစ်မှန်ပြည့်ဝတဲ့ နိုင်ငံသားအခွင့်အရေး ရပီလားဆိုတာ မေးစရာရှိပါတယ်။ ကိုအောင်တင့်ဆောင်းပါးမှာ ရေးထားတဲ့ တိုင်းရင်းအသား အခွင့်အရေးတွေကို မိမိအခြေချနေထိုင်သော နိုင်ငံတွေမှာ အပြည့်အ၀ရရှိနေပါတယ် ဆိုရင် လက်ရှိ ကမ္ဘာအနှံ့မှာ နေနေကြတဲ့ မြန်မာတွေ ဘယ်နိုင်ငံမှာများ တိုင်းရင်းသား အခွင့်အရေးကို ခံစားခွင့်ရှိပါသလဲ။ နိုင်ငံသားဖြစ်သွားမှာသာ နိုင်ငံသားအခွင့်အရေးကိုပဲ ခံစားရတာ မဟုတ်ပါလား။ အခုလက်ရှိ အမေရိကန် Green Card Lottery ဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံသားအားလုံးကို ပေးတာမဟုတ်ပါဘူး။ ခွင့်ပြုတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်တဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့နိုင်ငံသားတွေမှသာ လျှောက်ထားနိုင်ခွင့်ရှိပါတယ်။ ဘာကြောင့် ခွင့်ပြုတဲ့ နိုင်ငံများစာရင်းလို့ သုံးနှုန်းသလဲဆိုရင် ယခင်က Green Card လျှောက်ရာမှာ နိုင်ငံတစ်နိုင်ငံဟာ အယောက် 50,000 ပြည့်သွားရင် အဲ့ဒိနိုင်ငံသားအနေနဲ့ လျှောက်ပိုင်ခွင့် မရှိတော့ပါဘူး။

အဲ့ဒိ အမေရိကန် Green Card Lottery မှာပါဝင်ခွင့်မရှိတော့တဲ့ နိုင်ငံတွေကတော့ Brazil, Jamaica, Canada, Mexico, China (mainland-born), Pakistan, Colombia, Philippines, Dominican Republic, Peru, Ecuador, Poland, El Salvador, South Korea, Guatemala, United Kingdom and its dependent territories, Haiti, Vietnam, India အဲ့ဒိ နိုင်ငံတွေဖြစ်ပါတယ်။ ဒါတောင် အဲ့ဒိနိုင်ငံမှာ မွေးတဲ့ နိုင်ငံသားဖြစ်ပေမဲ့ ဇနီးတို့ မိဘတို့က အဲ့ဒိနိုင်ငံသားမဟုတ်ရင် အမေရိကန်ဗီဇာ ကံစမ်းလို့ရသေးသဗျ။ ဒါဆိုရင် သေခြာတာတစ်ခုက အဲ့ဒိနိုင်ငံတွေက နိုင်ငံသား အနည်းဆုံး 50,000 ဟာ အမေရိကန် နိုင်ငံသားဖြစ်နေပီလို့ သတ်မှတ်လို့ရပါပီ။ ကဲ အဲ့ဒိနိုင်ငံသားတွေ ဘယ်သူတွေများ အမေရိကန်ကရှိနေတဲ့ တိုင်းရင်းသား အခွင့်အရေးရပါသလဲ။ ဘယ်အမေရိကန်တွေကများ သူတို့ကို အမေရိကန်ရဲ့ တိုင်းရင်းသားအနေနဲ့ သတ်မှတ်ပါသလဲ။

နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့နေရာမှာ ဆော်ဒီ အာရေဗျတွင်လည်း ၎င်းနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ဆော်ဒီမှာ နိုင်ငံသားဖြစ်ခွင့် အမိန့်ဒီကရီကို ရဖို့ နှစ် 20 ကျော်ကြာ စောင့်စားခဲ့ရတာတွေ၊ စောင့်စားနေစဉ်အတွင်း ကလေးတွေဟာ အစိုးရကျောင်းမှာ ကျောင်းတက်ခွင့်မရတာတွေ၊  ဆော်ဒီမှာ မမွေးတဲ့ 18 နှစ်အထက်တွေဟာ Non-Saudi Passport ပဲရတာတွေ၊ နိုင်ငံသားအဖြစ် ခွင့်ပြုတာကိုတောင် လူပေါင်း မြောက်များစွာထဲမှာမှ အယောက် 2,000 ၀န်းကျင်ပဲ ခွင့်ပြုတာတွေကို လေ့လာတွေ့ရှိနိုင်ပါတယ်လို့ ကျွန်တော်ရေးခဲ့ပါတယ်။ နိုင်ငံတိုင်းမှာ သူ့နိုင်ငံနဲ့ကိုက်ညီတဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေ ရှိပါတယ်။ အင်္ဂလန်မှာတောင် တံခါးမရှိ ဓါးမရှိ ၀င်ခွင့်ပေးခဲ့လို့ တာဝန်ရှိသူတွေ အလုပ်ပြုတ်ကုန်တာ တွေ့မှာပါ။ လူဝင်မှုကြီးကြပ်ရေးဆိုတာ လေးလေးနက်နက် တွေးမယ်ဆိုရင် သန်းခေါင်စာရင်းကောက်ရုံ မဟုတ်ပါဘူး။ ပြည်သူပြည်သားတွေ လူမျိုလို့ လူမျိုးပြုတ်မှာကို ကာကွယ်ဖို့၊ အကြမ်းဖက်သမားတွေကို မြန်မာပြည်ထဲ ပေးမ၀င်ဖို့ဖြစ်ပါတယ်။ လ၀က က မစစ်ဆေးပဲခွင့်ပြုလိုက်တဲ့ နိုင်ငံခြားသား တစ်ယောက်ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ အချိတ်အဆက်ရှိလို့များ ပြည်တွင်းမှာ အသေခံဗုံးခွဲလို့ သေကြေကုန်ရင် ဘယ်သူတွေ အပြစ်ရှိမလဲ။ အဲ့ဒိအတွက် လ၀ကလည်း သူ့အလုပ်သူလုပ်မှာပါပဲ။ (ခက်တာက ပြည်တွင်းက လ၀ကလည်း သူ့အလုပ်ကို သူသေခြာမလုပ်လေတော့ ခင်ဗျားတို့ အကြိုက်ဖြစ်နေတာပေါ့။)

Peranakan လို့ခေါ်တဲ့ ပသျှူးမင်္ဂလာဆောင်က ၀တ်စားဆင်ရင်မှု

နောက်တစ်ခုက သူရမ်းတုတ်နေတဲ့ ပသျှူးလူမျိုးများ ဆိုတာနဲ့ပါတ်သက်လို့ ပသျှူးလူမျိုးဆိုတာ မြန်မာလူမျိုးမဟုတ်ပါဘူး။ ဟိုးယခင် မလေးရှား ကျွန်းဆွယ်ကို ပသျှူးကျွန်းဆွယ်လို့ ခေါ်ဝေါ်ခဲ့တာ သိမှီတဲ့လူတွေ မှတ်မိမှာပါ။ မြိတ်မြို့မှာ အခုထက်ထိကို ထိုင်းအနွယ် ၊ အာ ရပ်အနွယ် ၊ ပေါ်တူဂီအနွယ်၊ ပသျှူး အနွယ် ၊ အင်္ဂလိပ်အနွယ်စသဖြင့် ရှိနေကြပြီး မြို့ရပ်ကွက်များကိုလည်း တလိုင်းစု ၊ ထားဝယ်စု ၊ ဘုရင်ဂျီစု၊ ကသည်းစု ၊ ဆလုံကုန်းစသဖြင့် ယနေ့တိုင်ခေါ်ဝေါ်နေကြသည်ကို လည်းတွေ့ရမှာပါ။ ပသျှူးလူမျိုးများကို ပရနကန် (Peranakan) လို့ခေါ်ပါတယ်။ သူတို့ဟာ အရှေ့တောင် အာရှမလေး(ယခု မလေးရှား)၊ ပီနံ၊ စင်ကာပူ၊ မလက္ကာမှ အင်ဒိုနီးရှားအထိ တွင်ရှိသော တရုတ်လူမျိုးမှ ဆင်းသက်သော ကပြားမျိုးဖြစ်ပါတယ်။ The Paranakan စာအုပ်ထဲတွင် ပရနကန် ဆိုသည့် စာလုံးကို အဓိပ္ပာယ် ရောနှော နေသော ယဉ်ကျေးမှု (A Mixed Culture) ဟုဆိုထားပါတယ်။ ရာစုနှစ်ပေါင်း များစွာက သဘာဝအားဖြင့် ချမ်းသာ ကြွယ်ဝသော အရှေ့တောင် အာရှသို့ နိုင်ငံခြားသား ကုန်သည်မျာ ၀င်လာကြပါတယ်။ အချို့က သူတို့၏ မိခင်နိုင်ငံသို့ ပြန်ကြ သော်လည်း အချို့မှာ မပြန်တော့ဘဲ ရောက်သည့် နိုင်ငံမှ အမျိုးသမီးများနှင့် ပေါင်းသင်းကြပါတယ်။

Peranakan လို့ခေါ်တဲ့ ပသျှူးလူမျိုးများ၏ အိမ်တွင်းအပြင်အဆင်

Peranakan ဆိုသည့် စာလုံးသည် မလေး(Malay) စာလုံး “anak”မှဆင်းသက်သည်။ အဓိပ္ပာယ် မှာ “ကလေး” (Child) ဟု အဓိပ္ပာယ် ရသည်။ သို့ကြောင့် “နိုင်ငံတွင်း မွေးဖွား သူ” (မူရင်းလူမျိုး မဟုတ် ကပြား) ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ အရှေ့တောင် အာရှသို့ ရောက်လာသော တရုတ်ကုန် သည်များနှင့် မိခင်နိုင်ငံမှ အမျိုးသမီး များ ပေါင်းဖက်ရာမှ ပေါက်ဖွား လာသူကို ပရနကန်ဟု ခေါ်ပုံရပါတယ်။ မြန်မာပြည်တွင်လည်း သူတို့ကို မြန်မာတို့က “ပသျှူး” ဟုခေါ်သည်။ ပသျှူးဆိုသည်မှာ မလေး လူမျိုးကိုလည်း ခေါ်သည်။ သူတို့သည် မလေးလူမျိုး မဟုတ်ပါ။ မလေးမှလာ သော တရုတ်များသာ ဖြစ်သည်။ အချို့က သူတို့ကို ဘာဘာ(Malay) ဟုလည်း ကောင်း၊ ညိုရာ(Nyonya) ဟုလည်း ကောင်း ခေါ်သည်။ မြန်မာတို့က အမျိုးသားများကို ဘာဘာခေါ်၍ အမျိုးသမီးများကို ညော်ညားဟု အသံထွက်၏။ မြန်မာပြည်မှ တရုတ်-မြန်မာ ကပြားမ အချို့ကလည်း သူတို့ကိုယ်သူတို့ “ပသျှူး” လုပ်တတ်သည်။ ပသျှူးမလို ၀တ်သည်။ ပသျှူးမများ ၀တ်သည်မှာ ပါတိတ် ထဘီပေါ်တွင် အင်္ကျီလက်ရှည်၊ ရင်စေ့ဘလောက် အင်္ကျီကိုဝတ်သည်။ အင်္ကျီတွင် ကော်လာလည်ကတုံးနှင့်ဖြစ် ၏။ ရင်စေ့ဘလောက်အင်္ကျီမှ ကြယ်သီး (စိန်၊ ရွှေ၊ ကျောက်စိမ်း)သည် ခုနစ်လုံးခန့် ရှိသည်။ ရှေးယခင်က တရုတ်တန်းတွင် ဤသို့ဝတ်သည့် တရုတ်မများကို တွေ့ဖူးသည်။ သူတို့ကို ပသျှူးမ ဟုခေါ်ကြသည်။

များသောအားဖြင့် နားသန်သီး ဆွဲသည်။ ခေါင်းမှ ဆံထုံးတွင် စိန်၊ ရွှေ၊ ကျောက်စိမ်းဆံထိုးများ ကိုးခု၊ ဆယ်ခု ထိုးထားတတ်သည်။ ခြေတွင် ခြေထိုး ဖိနပ်နှင့်ဖြစ်၏။ ခြေချင်းကို အခမ်း အနားများတွင် ၀တ်တတ်သည်။ ခြေထိုးဖိနပ်တွင် စီးကွင့်စ်များ ထိုးထားသည်။ သူတို့၏ လက်ဝတ်လက်စားမှာ တစ်မျိုး တစ်ဖုံဖြစ်သည်။ နေထိုင်သည့် အသုံးအဆောင် ပရိဘောဂများမှာလည်း တစ်မျိုးဖြစ်၏။ အစားအသောက်လည်း တရုတ်စာနှင့်ကွဲသည်။ အထူးသဖြင့် မုန့်များကို အမျိုးမျိုးလုပ်စားတတ်သည်။ တစ်ချိန်က “ပသျှူးမုန့်” ဆိုသည်မှာ မက်မက်စက်စက် စားခဲ့ရသည့် အစားအစာဖြစ်ပါတယ်။ ယခု မြန်မာနိုင်ငံသားတွေ စားနေတဲ့ ကောက်ညှင်း ရွှေထမင်း၊ သာဂူပျဉ်နှင့် နနွင်း မကင်းတို့သည် ပသျှူးမုန့်များပင် ဖြစ်သည်။ တစ်ချိန်က ရန်ကုန် ၂၁ လမ်းတွင် ပသျှူး မင်္ဂလာဆောင် တစ်ခုမှာ တွေ့ရပုံဟာ တရုတ် မင်္ဂလာ ဆောင်နှင့်မတူပါဘူး။ ခုနစ်ရက် ခုနစ်လီ ဆောင်နေခြင်း ဖြစ်သည်။ တစ်ချိန်က မြန်မာပြည်မှ တရုတ် သူဌေးသမီးများသည် သူတို့ကိုယ် သူတို့ ပသျှူးမများကဲ့သို့ ၀တ်စား ဆင်ယင်သည်။ ထိုမှ ဂုဏ်ရှိ သည်ဟု ထင်ကြပုံရသည်။ ပသျှူး လုံချည်ဟု ခေါ်သော ယောက်ျားဝတ် ပုဆိုးလည်း တွေ့ဖူးပါသည်။ ယောက်ျားဝတ် လုံချည်သည် ပါတိတ်လုံချည်ပင်ဖြစ်၏။ မိန်းမ လုံချည်နှင့် အဆင်ကွဲပါသည်။

ဒါတွေဟာ ပသျှူးလူမျိုးများနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ Wikipedia (http://en.wikipedia.org/wiki/Peranakan) မှာသွားကြည့် အသေးစိတ် သိလိမ့်မယ်။ ဘယ့်နဲ့ဗျာ အဲ့ဒိအထဲမှာ ပသျှူးဆိုတာ မြန်မာပြည်ကတို့ ဘားမားကတို့ တစ်လုံးတစ်ပါဒမှ မတွေ့ရဘူးဗျ။ အဲ့ဒါဆိုရင် ပသျှူးက မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုတာ အထင်အရှားပါနော်။ ကျွန်တော်တောင် ပြန်လှန်မွှေကြည့်ရင်းနဲ့ စစ်မဟာဗျူဟာက ပြုစုတယ်ဆိုတဲ့ တိုင်းရင်းသား ၁၃၅ မျိုးမှာ ကိုရွှေ ပသျှူးက အမှတ် ၆၇ မှာ ယူထားသဗျ။ စစ်မဟာဗျူဟာရုံးထဲ ကိုယ်တိုင်ကိုယ်ကျ ၀င်ကြည့်ခွင့်မရပဲ အင်တာနက်ကပဲ မြင်ရတော့လည်း အဲ့ဒါကြီးကိုင်ဆွဲပီး မပြောချင်ဘူးဗျ။ အစိုးရကလက်ခံသည် ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ လက်ရှိ ဖြစ်တည်နေတဲ့ သက်သေသက္ကာရတွေအရ ပသျှူးတွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးဗျ။ သူတို့ကိုယ် သူတို့လည်း မြန်မာတိုင်းရင်းသားလို့ အော်မနေဘူး။

နောက်တစ်ခုက ရခိုင်မှာရှိတဲ့ ကမန်လူမျိုး၊ သူတို့ဟာလည်း မြန်မာတိုင်းရင်းသားတွေ မဟုတ်ဘူး။ ရခိုင်ရာဇ၀င်သမိုင်းမှာ ကမန် လူမျိုးတွေကို ကမန် ခေါ် (လေးသူရဲ) လို့ခေါ်တယ်လို့ ဖော်ပြထားတယ်ဗျ။ သူတို့ ရောက်ရှိလာပုံကို ဒီလိုရေးထားတယ် ခရစ်သက္ကရာဇ် အေဒီ ၁၆၆၀-၁၆၆၁ ခုနှစ်ခန့်တွင် မဂိုနန်းတွင်း အရေးတော်ပုံကြောင့် ဘင်္ဂလားဘုရင်ခံဖြစ်သော (ရှာရုဂျာ)သည် သူ၏ညီ “အောရင်းဇက်” ၏ တိုက်ခိုင်ခြင်းကို ခံရသဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မာထံ ခိုလှုံလာပါသည်။ ရခိုင်ဘုရင် စန္ဒသုဓမ္မာသည် (ရှာရုဂျာ) ကို ကောင်းမွန်စွာ ခိုလှုံခွင့်ပြုခဲ့သော်လည်း ရှာရုဂျသည် ရခိုင်ဘုရင်ထီးနန်းကို လုရန်ကြိုးစားလာပါသည်။ ရခိုင်ဘုရင်မှ ရှရုဂျု၏ လုပ်ကြံမှုကို တိုက်ခိုက် ဖြိုခွင်းလိုက်ပါသည်။ ထိုအခါ ရှရုဂျာ၏ ဆွေမျိုးများနှင့် နောက်လိုက်များသည် ရခိုင်ဘုရင်ထံ ဆက်လက်အမှုထမ်းကြပါသည်။

ရခိုင်ဘုရင်ထဲ အမှုထမ်းရင်း လေးသည်တော်များသည် ဆူပူသောင်းကျန်းမှုများကို ပြုလုပ်ကြပါသည်။ အေဒီ ၁၆၉၂ ခုနှစ်တွင် ရခိုင်ဘုရင် နန်းတော်ကိုပင် မီးရှို့ခဲ့ကြပါသည်။ လေးသည်တော်များသည် နှစ်ပေါင်း ၂၀ ခန့် သောင်းကျန်းဖျက်ဆီးနေခဲ့ကြသည်ကို ရခိုင်ဘုရင် စန္ဒ၀ိဇယမင်း (အေဒီ ၁၇၁၀-၁၇၃၁) လက်ထက်တွင်သာ နှိမ်နှင်းနိုင်ပါသည်။ ရှာရုဂျာ၏ နောက်လိုက်နောက်ပါများနှင့် လေးသည်တော်ထဲမှ အချို့သည် မြန်မာပြည်မဘက်သို့ ထွက်ပြေးသွားကြပြီး တချို့မှာ ရခိုင်ဘုရင်ထံတွင် ဆက်လက်အမှုထမ်းကြပါသည်။ ၎င်းတို့ကို ပါရှင်ဘာသာဖြင့် “ကမန်” လေးသူရဲ ဟုခေါ်ရာ ယနေ့တိုင် ထိုသူတို့အား ကမန်ဟုပင် ခေါ်တွင်လာပါသည်။ ကမန်များသည် ရခိုင်လူမျိုးကဲ့သို့ ၀တ်စားဆင်ယင်ကြပါသည်။ ယင်းတို့၏ ရိုးရာဝတ်စုံမှာ အ၀တ်ဖြူခေါင်းပေါင်းဖြစ်င့ တောင်ရှည်ပုဆိုးအမဲအနီဆင်းနှင့် ထိုင်မသိမ်းကဲ့သို့သော အင်္ကျံရှည်ဖြစ်ကြောင်း သိရပါသည်။ သူတို့သည် ယခုအခါ မပြောပလောက်သော လူနည်းစုသာ ကျန်ရစ်ပါသည် လို့ ဆိုထားပါတယ်။

ကဲဒါဆိုရင် အဖြေရှင်းပီလို့ ပြောလို့ရပါတယ်။ ကမန်ကော ပသျှူးကောဟာ မြန်မာတိုင်းရင်းသားများ မဟုတ်တဲ့အတွက်ကြောင့် သူတို့ကို တိုင်းရင်းသားလို့ မသတ်မှတ်တာပါ။ အစ္စလာမ်ဘာသာကို ကိုးကွယ်လို့မဟုတ်ပါဘူး။ ပြည်တွင်းမှာ နဂိုကတည်းက ရှိနေတဲ့ မြန်မာကုလားလို့ ခေါ်ခဲ့ကြတဲ့ မြန်မာလူမျိုး အစ္စလာမ်ဘာသာဝင်တွေကို သွေးထိုးလှုံ့ဆော်ဖို့ အကြောင်းအရာ ခြေခြေမြစ်မြစ်မရှိပဲ ရမ်းတုတ်ပီး စွတ်ဆွဲထားတာပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိပါတယ်။ ဘယ်ဘာသာကိုမကိုးကွယ်ရ၊ ဘယ်ဘာသာဝင် ဖြစ်တဲ့အတွက် နှိမ်ချထားခြင်း၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားထားခြင်း၊ တိုင်းပြည်ရဲ့ အထင်ကရနေရာမှာ ဘာသာခြား အဆောက်အဦးများ ဆောက်ခွင့်မပြုခြင်း၊ တိုင်းပြည်၏ အဓိက ဘာသာမှလွဲ၍ အခြားဘာသာများ ကိုးကွယ်ခြင်းကို တင်းကြပ်စွာ တားမြစ်ခြင်း အလျင်းမရှိပါဘူး။

ဘင်္ဂလီတစ်ချို့ အသက်မွေးဝမ်းကျောင်းမှု

အဲ့ဒိမှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ တိုင်းရင်းသားအရေခြုံလာတာကို ဆန့်ကျင်တဲ့အရေး လှုပ်ရှားသူတွေကို ဟစ်တလာထက် ဆိုးတယ်လို့ စွတ်စွဲထားပါတယ်။ ဟစ်တလာက ဂျူးလူမျိုး ၆ သန်းကျော်ကို သတ်ခဲ့တာဟာ ညံ့ဖျင်းတဲ့ လူသားမျိုးနွယ်တွေဖြစ်လို့ သွေးမနှောချင်လို့ သတ်ပစ်တာလို့ ဆိုပါတယ်။ ဂျူးတွေ ညံ့လားမညံ့လား အစ္စရေးဆိုတဲ့ နိုင်ငံ အာရပ်တွေအလည်မှာ ထည်ထည်ဝါ၀ါရှိနေတာကို ကြည့်ခြင်းအားဖြင့် သိနိုင်သလို၊ သဲကန္တာရထဲမှာ အပင်စိုက်နိုင်အောင် ကြွယ်ဝတဲ့ နည်းပညာတွေကလည်း သက်သေပြနေပီးသားပါ။ သူ့ရဲ့ အဆိုအရဆိုရင်ကို သူဟာ ဟစ်တလာ ဂျူးတွေကို ကလေးတွေကော အမေအိုပါမကျန် သတ်ခဲ့တာကို ထောက်ခံတဲ့ပုံပါပဲ။ ဟစ်တလာ ဘာလို့ ဂျူးတွေကို မုန်းတီးပီး သတ်ပစ်ချင်စိတ်ပေါက်တာ ဘာကြောင့်လဲလို့ လေ့လာကြည့်တာမှာ သူ့အမေ သေတာနဲ့ ပါတ်သက်ပြီး ဟစ်တလာဟာ ဂျူးလူမျိုးဆရာဝန်ကို အပြစ်တင်တာက စပါတယ်။ နောက်တစ်ခုက ဥရောပမှာ ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်တာ သူတစ်ယောက်တည်း မဟုတ်ဘူး၊ ဒါပေမဲ့ သူကအများကြီးသတ်ခဲ့လို့ နာမည်ကျော်တာဆိုတာ တွေ့ရပါတယ်။ နောက်တစ်ခုက ဂျာမနီက နိုင်ငံသားအများစုဟာ ပထမကမ္ဘာစစ်ပွဲမှာ ဂျာမနီ စစ်ရှုံးရတာဟာ ဂျူးတွေကြောင့်ဆိုပီးတော့ နာကျဉ်းနေတာလည်း ပါပါတယ်။ အဲ့ဒါတွေကြောင့် ဂျူးတွေကို သတ်ပစ်ရင် နိုင်ငံအေးချမ်း သန့်စင်သွားမယ်ဆိုတဲ့ လွဲမှားနေတဲ့ အတွေးအခေါ်နဲ့ သတ်ပစ်ခဲ့တာပါ။ အမျိုးအနွယ် နိမ့်ကျလို့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ ဟိန့်လုံး ဖိန်းလုံး ကိုယ်ပြောချင်တာကို ဆက်ရေးဖို့ ခြေဆင်းတွေပဲ ဖြစ်ပါတယ်။


ဒီရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေက တစ်ဖက်နိုင်ငံသားတွေဖြစ်ကြတာမို့ အစစ်အဆေးမခံနိုင်ဘဲ တစ်ဖက်က သူတို့နိုင်ငံထဲကို ထွက်ပြေးသွားတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ ဒါဖြင့်ရင် ဘင်္ဂါလီတွေသာဖြစ်တဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေး အကြိမ်ကြိမ်လုပ်ပြီးတိုင်း ဘာလို့အကြိမ်ကြိမ် ပြန်လက်ခံနေရတာလဲ။ ကိုယ့်နိုင်ငံသားမဟုတ်ဘူးဆိုရင် ပြန်လက်ခံစရာမလိုပါဘူး။ ပြန်လက်ခံရတယ်ဆိုကတည်းက ထွက်ပြေးသွားတဲ့ တစ်ဖက်နိုင်ငံသားဆိုသူတွေဟာ တစ်ကယ်တော့ နဂိုကတည်းက ကိုယ့်နိုင်ငံသား ဖြစ်နေလို့ဘဲပေါ့။ ရှင်းရှင်းလေးပါ။ သို့သော် ဒီနေရာမှာ တဖက်နိုင်ငံသားတွေက တရားမ၀င် ခိုးဝင်နေထိုင်နေတာတွေလဲ ရှိနေနိုင်ပါတယ်။ မှန်မှန်ကန်ကန်ဖြစ်အောင် တရားဥပဒေနှင့်အညီ စိစစ်နိုင်ဖို့လိုပါတယ်။ ဒီအခါမှာ နောက်မေးခွန်းတစ်ခုက မေးစရာဖြစ်လာပါတယ်။ ပြန်လက်ခံရမှာကို သိနေလျက်နဲ့ ဘာလို့ မောင်းထုတ်တာတွေကို အကြိမ်ကြိမ်လုပ်နေရသလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အဖြေနှစ်ချက်ကို စဉ်းစားမိပါတယ်။

တိကျတဲ့ သန်းခေါင်စာရင်း ကောက်ပီး ထိမ်းချုပ်လို့ရတယ်လို့ ပြောပါတယ်။ ကဲ တကယ် စာရင်းကောက်တဲ့ နဂါးမင်း စစ်ဆင်ရေးမှာ အစစ်ဆေးမခံနိုင်လို့ ထွက်ပြေးကြတာပါ။ မြန်မာအစိုးရက နှင်ထုတ်လို့ ကန်ထုတ်လို့ ထွက်ပြေးတာ မဟုတ်ပါဘူး။ ဘင်္ဂါလီရိုဟင်ဂျာ အရေးမှာ တစ်ချိန်လုံး ရိုးသားမှုမရှိတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်မှုကလည်း အပါအ၀င်ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့အတွက်မှာ တစ်အချက်အနေနဲ့ ဘာသာရေး အတားအဆီးနဲ့တင် ဘင်္ဂါလီအမျိုးသမီးများကို ဘာသာခြားတွေ စစ်ဆေးလို့မရပါဘူး။ နယ်စပ်ကနေ ခိုးခိုး ၀င်လွန်းအားကြီးလို့ အစိုးရက နယ်စပ်ကနေ စနစ်တကျ ခြံစည်းရိုးခတ်လိုက်ချိန်မှာ ဘင်္ဂလားဒေ့ရှ်က မကျေလည်တဲ့အသံတွေ တော်တော် ကျယ်လောင်လာပါတယ်။ မြန်မာတွေ ယိုးဒယားကို နည်းလမ်းပေါင်းစုံနဲ့ ချောင်းကူး မြောင်းကူးဝင်တာပါပဲ။ ယ မှာနေ ယ မှာကြီးတဲ့ မြန်မာတွေ အများကြီးပါ။ မြန်မာနိုင်ငံသားလို့ အသိအမှတ်အပြုမခံရတဲ့ မောင်သောင်းဒီလို လူတွေ အများကြီးပါ။ ဘယ်သူများ သူတို့ကိုယ် သူတို့ ယိုးဒယား နိုင်ငံသားအဖြစ် တောင်းဆိုပါသလဲ။ လက်ရှိကို နိုင်ငံသားဖြစ်ခွင့် မဲ့နေတဲ့ မောင်သောင်းဒီလို လူမျိုးတွေကို ဘာကြောင့်များ လူ့အခွင့်အရေးသမားကြီးတွေ မျက်ကွယ်ပြုနေကြပါသလဲ။

ဘင်္ဂါလီတွေဟာ မြန်မာပြည်မှာ အနေကြာလို့ နိုင်ငံသားအဖြစ် သတ်မှတ်စည်းကမ်းနဲ့ အစိုးရက လက်ခံမှာကို မငြင်းလိုပေမဲ့ တိုင်းရင်းသား လူမျိုးစုအဖြစ်ကတော့ လုံးဝကို လက်မခံနိုင်သလို တိုင်းရင်းသား မဟုတ်ဘူးဆိုတာလည်း သက်သေ သက္ကာရတွေ အပြည့်ပါ။ ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ မြန်မာပြည် လွတ်လပ်ရေး မရခင်ကတည်းက ဗိုလ်ချုပ်ဆန္ဒနဲ့ ဆန့်ကျင်စွာ မြန်မာနိုင်ငံကနေ ရခိုင်ပြည်နယ်ကို တစ်စိတ်တစ်ဒေသကို ခွဲထုတ်ပီး ပါကစ္စတန်နဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့တာ အထင်အရှားပါ။ အခုလက်ရှိကို ဘင်္ဂါလီရိုဟင်ဂျာလူမျိုးများနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ RSO ခေါ် ရိုဟင်ဂျာမျိုးချစ်အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကိုက ရခိုင်ပြည်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစ္စလမ်မစ်တိုင်းပြည်ထူထောင်ရန် ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှ မိမိနိုင်ငံက ခွဲထွက်တာကို လက်မခံပါဘူး။ ဒီမိုကရေစီ ထွန်းကားပါတယ်ဆိုတဲ့ အင်္ဂလန်မှာ အိုင်းရစ်တွေကို နိုင်ငံထူထောင်ခွင့် မပြုသလို၊ အမေရိကန်မှာလည်း နဂိုရှိတဲ့ အင်ဒီးယန်းတွေကို တိုင်းရင်းသား မျိုးနွယ်စုများလို့ တလေးတစားအနေနဲ့ သတ်မှတ်ခြင်းတောင် မရှိပါဘူး။ တစ်ချိန်တုန်းက K သုံးလုံး ဂိုဏ်းဝင်တွေ အမေရိကန်မှာ သောင်းကြမ်းခဲ့တာကို မှတ်မိကြဦးမှာပါ။ ဒီလောက်ဆိုရင် တိုင်းရင်းသား လူမျိုးစုဖြစ်ခွင့်၊ လွတ်လပ်ခွင့်ဆိုတာ နိုင်ငံတိုင်းမှာ အကန့်အသတ်နဲ့ ရှိနေတာကို သဘောပေါက်ကျမှာပါ။

ဒီဆောင်းပါးကို ရေးခဲ့တဲ့လူဟာ အတင်းအကျပ်ကို NLD ကိုလည်း ဘင်္ဂါလီ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်မှုကို အတင်းအကြပ်ကို လက်ခံဖို့ နှပ်ကြောင်းပေး ရေးထားတာတွေ့ရပါတယ်။ ယခုလက်ရှိလည်း NLD တဲမှာ ဘင်္ဂါလီ ရိုဟင်ဂျာ တစ်ချို့ခြေကုတ်ယူ ၀င်ရောက်ထားပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ အောင်မြင်တဲ့ စီးပွားရေးလောကမှာ၊ ဟိုတလောကပဲ လွှတ်တော်က ထုတ်ခံလိုက်ရတဲ့ အမတ်နှစ်ယောက် စတာတွေကို လေ့လာကြည့်ရင် ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ မြန်မာပြည်ထဲမှာ စနစ်တကျကို ခြေကုတ်ယူလာပီး ၎င်းတို့အကျိုးအတွက် ဦးစားပေးလာတာကို တွေ့ရမှာပါ။ ဒီနေရာမှာ ဆော်ဒီအာရေဗျတောင် သူ့နိုင်ငံတွင်းမှာ သိန်းနဲ့ချီပီး ရှိတဲ့ ဘင်္ဂါလီအကုန်လုံးကို နိုင်ငံသား ပေးခဲ့တာမဟုတ်ပဲ အယောက် 2,000 ကိုပဲ စိစစ်ပေးခဲ့တာ မမေ့သင့်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့လည်း မိမိနိုင်ငံမှာ မိမိဥပဒေနဲ့အညီ နိုင်ငံသားဖြစ်တည်မှုကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာ အချုပ်အခြာအာဏာ ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ရှိပါတယ်။ မည်သည့်နိုင်ငံမျှ ၀င်ရောက် စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။


ဆက်ရန်ရှိပါသည်.....

by James Mmt on Saturday, November 12, 2011 at 1:20pm ( facebook ကနေ ကူးလာတာပါဗျာ)

Friday, November 11, 2011

6P အစီအစဉ် ဖမ်းဆီးအရေးယူမှု အစိုးရ၀န်ထမ်း ၄ သန်း အသုံးပြုမည်



KHT/ PUTRAJAYA-6Pအစီအစဉ်ဖြင့် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သည့် တရားမ၀င် နိုင်ငံခြား အလုပ်သမားများနှင့် ရှောင်ပြေးခဲ့သည့် အလုပ်ရှင်များကို အရေးယူဆောင်ရွက်ရန်အတွက် အရာရှိ ၄ သန်းကျော်ကို နိုင်ငံတ၀န်းတွင် ချမှတ်သွားမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေး (လ၀က)က နယ်စပ်၊ မြို့နှင့် ပင်လယ်များတွင် ယင်းအရေးယူဆောင်ရွက်မှုများ ဦးဆောင် လုပ်ဆောင်ရန် တာဝန်ယူထားပြီးဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန အထွေထွေ အတွင်းရေးမှူး Tan Sri Mahmood Adam က ပြောသည်။

“အရေးယူဆောင်ရွက်မဲ့ အဖွဲ့ကို ရဲလာ ၃၀၀၀၊ ရဲအရာရှိ ၁၂၅၀၀၀နဲ့ စစ်တပ် အင်အား ၁၁၀၀၀၀ အသုံးပြုသွားပါမယ်” ဟု ထုတ်ပြန်ချက်တွင် သူက ဆိုသည်။

ယင်းလုပ်ဆောင်မှုကို ပြည်တွင်း သုံးစွဲသူနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန၊ ဒေသဆိုင်ရာနှင့် အိုးအိမ် ၀န်ကြီးဌာန၊ တော်ဝင် မလေးရှား အခွန်ဌာနနှင့် မလေးရှားနိုင်ငံသား ကာကွယ်ရေး ဌာနတို့က ထောက်ခံခဲ့သည်။

၁၉၅၉/၁၉၆၃ လ၀က ဥပဒေ၊ နိုင်ငံကူးလတ်မှတ် ဥပဒေ ၁၉၆၆ စသည့်တို့ အောက်တွင် လုပ်ဆောင်ပိုင်ခွင့်ရှိသူများသာလျှင် လုပ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပြီး ကျန်သည့် အဖွဲ့များက လ၀ကနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုသည်ဟုလည်း Mahmood ကပြောသည်။

“အရေးယူဆောင်ရွက်မှုအားလုံးအတွက် ဗျူဟာတွေကို ပြင်ဆင်ဖို့ လ၀က က တာဝန်ရှိဆုံးပါ၊ ပြည်နယ်အဆင့်တွေနဲ့လည်း လက်တွဲဆောင်ရွက်ဖို့လိုပါတယ်၊ အရေးယူဆောင်ရွက်တဲ့ စာရင်းတွေကို ပြည်ထဲရေး ၀န်ကြီး 6P အစီအစဉ် ကြီးကြပ်ရေး ကော်မတီကို နေ့စဉ် အစီရင်ခံစာတွေ တင်သွင်းရပါမယ်” ဟု သူက ပြောသည်။

အရေးယူဆောင်ရွက်မည့် အဖွဲ့များ၏ ပထမဆုံး အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု Mahmood ကပြောသည်။

“အစည်းအဝေးက အရေးယူ ဆောင်ရွက်တာကို အစိုးရက စတင်လုပ်ဆောင်ဖို့ဘယ်လို ချဉ်းကပ်မလဲ၊ ဘယ်လိုနည်းလမ်တွေ သုံးသုံးမလဲ ဆိုတာ ဆွေးနွေးခဲ့တယ်” ဟု သူက ပြောသည်။

ပြည်ထဲရေးရဲ့ အရေးယူဆောင်ရွက်ခြင်း လုပ်ထုံးလုပ်နည်းများ အပေါ် အခြေခံ၍ မှတ်ပုံမတင်ခဲ့သော တရားမ၀င် နိုင်ငံခြား အလုပ်သမားများနှင့် ရှောင်ပြေးခဲ့သည့် အလုပ်ရှင်များ တရားစွဲဆိုခြင်းကို ရှောင်ရှားရန်အတွက် ၎င်းတို့ ကိုယ်တိုင် နိုင်ငံတ၀န်း ရှိ လ၀က ရုံးများတွင် လာရောက်ဝန်ခံရန် အချိန်တခု ပေးခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။

“တချိန်တည်း အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို မူရင်းတိုင်းပြည်ကို ပြည်ပို့ဖို့ ဥပဒေနဲ့ ကန့်သတ်ထားပါတယ်၊ ကုန်ကျစရိတ်အားလုံးကို သူတို့ ပေးရမှာပါ” ဟု Mahmoodက ပြောသည်။

နောက်ဆုံး သတ်မှတ်ရက်ကို မကြာမီ ကြေညာရန်မည်ဖြစ်ကြောင်းလည်း သိရသည်။

တနလာင်္နေ့တွင် 6P အစိအစဉ်၏ ဒုတိယ အဆင့်ဖြစ်သည့် တရားဝင်လုပ်ဆောင်ခြင်း အဆင့်ကို စတင်မည်ဖြစ်သည်။

ဇူလိုင် ၁၃ မှ သြဂုတ် ၃၁ ထိ တရားမ၀င်နှင့် တရားဝင်နိုင်ငံခြားသား စုစုပေါင်း ၂၃၂၀၀၃၄ ဦး မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

ခြံလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေး၊ လယ်ယာနှင့် ၀န်ဆောင်မှု စသည့် ကဏ္ဍ ၅ ခုတွင် အလုပ်သမား များကို ထားသွားမည် ဖြစ်သည်ဟု လက်ထောက် ၀န်ကြီးချုပ် Tan Sri Muhyiddin Yassin က ပြောကြားခဲ့သည်။

6P အစီအစဉ်တွင် မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့် ပါဝင်မည်ဖြစ်သည်။

သူရိယသတင်းဂျာနယ်
Source by :http://www.thuriyanews.com/

Monday, November 7, 2011

မဟာချိုင် ရေကြီးမှု သတိပေးချက်



ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေထားတဲ့ အရေးပေါ် သတိပေးချက်ပါ။ မဟာချိုင်ရောက် မြန်မာတွေ သတိထားနိုင်ဖို့ လက်တို့ပေးဖို့ သတင်းပါ။

(မဟာချိုင် ရေကြီးမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်မှာ နောက်ဆက်တွဲ တွေ့ရတာတွေကို ထပ်တင်ပေးလိုက်ပါတယ်။)

မဟာချိုင်ဒေသ ရေကြီးလျှင် ကာကွယ်ရေး စီမံချက်

မဟာချိုင်းဒေသကို စက်မှုဇုံအထူးဒေသ အဖြစ်ထိုင်းအစိုးရမှ ကာကွယ်နေဆဲဖြစ်ပါသည်။ သဘာဝကို အံတုနေရသော လုပ်ငန်းဖြစ်သည့် အားလျှော်စွာ မမျှော်လင့်သော အခြေအနေတရပ်သို အချိန်မရွေး ရောက်နိုင်ပါသည်။

တနေ့ တခြား ရေကြီးလာနေသော မဟာချိုင်ဝန်းကျင်ဒေသ နေထိုင်ကြသော မြန်မာပြည်မှ လာရောက် အလုပ်လုပ်နေကြသော မြန်မာပြည်သားများ ကြိုတင်ပြင်ဆင်ရန် နှင့် သိထားစေရန်။

မိမိတို့ ကိုင်ဆောင်ထားသည့် နေထိုင်ခွင့်ကဒ်ပြား။

ဆေးရုံလက်မှတ်ကဒ်ပြား။

မြန်မာပတ်စပို့ ။

ကလေးမွေးစာရင်း။

စသည့် ...

၁ - အရေးကြီးသည့် စာရွတ်စာတမ်းများကို ပလပ်စတစ်ထူထူ အိပ်ထဲတွင် မီးအပူပေးပြီး အသေပိတ်ထားပါ။ ထိုအထောက်အထားများပါသည့် ပလပ်စတစ်အိပ်ကိ မိမိကိုယ်နှင့် သွားလေရာ မပျောက်အောင် တပါတည်း ကြိုးချည်သယ်ဆောင်သွားပါ။

၂ - အဖုံးပိတ်နိုင်သော ပလပ်စတစ် ရေပုံးထဲတွင် သကြားနှင့် ဆား ရောထားသော လက်ဖြစ် ဂလူးကို့  ကီလိုဝက်တထုတ်။ သောက်ရေသန့်  ၂ လီတာမှ ၄ လီတာ။ ဆန် ၅ ကီလို။ ဆီ ၂၅ ကျပ်သား။ အဝတ်ပါး၂ စုံ။ အိုးငယ် တလုံး။ မီးသွေး( ဓါတ်ငွေ့ မီးဖိုငယ်) တို့ ကို အဆင်သင့်ပြင်ထားပါ။

၃- ရုက်တရက်ရေလွမ်းမိုးမှုဖြစ်လာလျှင် နီးစပ်ရာ စာသင်ကျောင်းများ။ ဘုန်ကြီးကျောင်းများ။ ရဲကင်း အဆောက်အဦးများသို့ သွားရောက်နေထိုင်ကြပါ။

အထူးသတိပြုရန်မှာ ...

လူနေအဆောက်အဦးများ စက်ရုံ ခေါင်မိုးများတွင် နေထိုင်ခြင်း မပြုပါစေနှင့်။ ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများကို တရားဥပဒေအရ အရေးယူခံရဖွယ်ရှိသည်။

၎- မိမိ ထွက်ခွာလာခဲ့သော အိမ်များ အခန်းများမှ လျှက်စစ်မီးကိုသေချာစွာ ပိတ်ခဲ့ပါ။ မိမိအခန်းမှ မထွက်ခွာခင် နောက်ဆုံးအချိန်အထိ သေသေချာချာ စစ်ဆေးပြီးမှ ထွက်ခွာကြပါ။ စိတ်ကို တည်ငြိမ်အောင်ထားပါ။ စိတ်ကို ပြာယာမခပ်မိအောင် သတိထားပါ။ ကူညီကြပါ။

၅- မဟာချိုင်ဒေသကြီးတခုလုံး ကားဆိုင်ကယ် အသွားအလာ ပြတ်လောက်အောင် ရေအောက်သို့  မြုတ်ခဲ့လျှင် လူအများစုဝေးရာဒေသကို မဟာချိုင်အနောက်ဖက် ရနောင်းသို့ သွားသည့် အဝေးပြေး ကားလမ်းမကြီးဖြစ်သည်။ ထိုလမ်းကြီးတလျှောက်တွင် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ထိုင်းအာဏာပိုင်များက ယာယီရုံးများ ဖွင့်လှစ်ပြီး ကူညီဆောင်ရွတ်မည်ဖြစ်သည်။

ယာယီဆက်သွယ်ရန်
ဦးမြင့်အောင် ၆၆ ၈ ၆၈၂၀၉၂၉၄
International Care
မဟာချိုင်

Source by :http://www.irrawaddyblog.com

Saturday, November 5, 2011

ဆရာမျိုးဟန်ကို - 2011, November လ အတွက် ဗေဒင် ဟောစတမ်း ...

http://api.ning.com/files/HjpMDXTMhTHcuNuY9QdUDGlUWJeplJ45la3aSBuYAhg7LPLRRYTX4I9heITZ7DMCTeXKECNSqkPzqML6TgvuETuWKXYCcxdS/b2.gif

ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အနည်းငယ်ကောင်းမွန်လာမည်။ အလုပ်ကောင်းသော်လည်း စိတ်ပျော် ရွှင်မရှိပဲ ဖြစ်နေမည်။ အထက်လူကြီးနဲ့ ပြသာနာကိစ္စများ ဖြေရှင်းရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စကားများရမည်။ အလုပ်ပြောင်းလိုစိတ် နေရာပြောင်း လိုစိတ်များ ဖြစ်ပေါ်နေမည်။

ညီအစ်ကို မောင်နှမများ မိသားစု အတွင်း လုပ်ငန်းအဆင်ပြေလာမည်။ လူမှုရေး ကိစ္စများအတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ မရခင် ကုန်ကျများနေမည်။ အဖတ်မတင်သေးပါ။ အလှူအတန်းကိစ္စများ ပရဟိတကိစ္စများပြုလုပ်ရမည်။ ခရီးသွားရမည်။ စနေနံ ပစ္စည်းများ ဝင်လာမည်။

ပညာရေး ရည်မှန်းချက် အသစ်ပေါ်လာမည်။ အဆင်ပြေလာမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်နေရသော ပြသာနာများ မကြာခဏ ဖြစ်ပေါ်နေမည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်အေးချမ်းနေရသော အချိန်လေးပါ။

ဒီလအတွက် အအေးမိခြင်း ၊ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့ ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် ပန်းသီး ၃ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 5 2 8 1

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်လာနေသော အချိန်လေးပါ။ ဆက်လက်ကြိုးစား၍ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ အကြံညဏ်ပေးသူ ကူညီပေးသူများ ရှိလာမည်။ အလုပ်ကိစ္စများတွင် ဆက်ဆံနေရသော လူအများနှင့် အနည်းငယ် ပြသာနာ ဖြစ်မည် စကားများရမည်။ စိုးရိမ်စရာ မရှိပါ။ အဆင်ပြေလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေမည်။ ငွေစုမိနေမည်။ စက်ပစ္စည်း အသစ်ထပ်ဝင်မည်။ လူဝင်မည်။ ကြာသပတေးနံ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။ အဝတ်အထည် ဝင်မည်။ အိမ်မက်ကောင်း မက်လာမည်။ လူမှုရေးကိစ္စများတွင် မိမိ ပါဝင်ဆောင်ရွှက်ပေးရမည်။

ပညာရေး ကိစ္စများ ကြိုးစားနေရမည်။ သင်တန်း ကိစ္စများများ လေ့လာတက်ခွင့် ရမည်။

ယခုလတွင်း အချစ်ရေးကိစ္စများ နီးရက်နဲ့ ဝေးနေရမဲ့ အချိန် ဖြစ်နေမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်မပြေ ဖြစ်ဖြစ်နေမည်။

ယခုလ အတွင်း ကျန်းမာရေးမှာ ဇက်ကြောတက်ခြင်း ၊ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် လိမ္မော်သီး ၄ လုံးကို မိမိ နေအိမ်ဘုရားတွင် လှူဒါန်း၍ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 3 2 8 6

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေသော အချိန်ဖြစ်ပါ၍ ကြိုးစား၍ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ စမ်တူကိစ္စများ အလုပ်များ လုပ်ဆောင်ရမည်။ လုပ်ငန်းများ တိုးတက်လာမည်။

ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အကူညီပေးသူ ပေါ်မည်။ အကူအညီပေးသူ ပေါ်လာမည်။ ငွေဝင်မည်။ ဗုဒ္ဓ္ဓဟူးနံ ဝင်မည်။ လူဝင်မည်။ မိသားစု အတွင်း အနည်းငယ် စကားများနေရမည်။ ပျော်စရာကောင်းသော နေရာသို့ ခရီးထွက်ရမည်။

ပညာရေး ကံကောင်းနေသော အချိန်ဖြစ်ပါသည်။

ဒီလအတွင်း အချစ်ရေးမှာ အဆင်မပြေသေးပါ။ ဝေးနေရမည်။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်တွင် သရက်သီး ၆ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 9 0 0 0

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်မပြေသေးပါ။ အလုပ်ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်နေမည်။ ယခုလအတွင်း စမ်တူလုပ်ငန်းများ သတိထား၍ လုပ်ပိုင်ပါ။ အထက်လူကြီးထံမှ အကူအညီရမည်။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။ စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ အဖက်ဖက်က ငွေဝင်ကိန်း ရှိပါသည်။ ငွေကြေးကိစ္စများ ကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူးနော်။ သဘောက ခဏစောင့်ရဦးမှာပါ။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ခရီးတွေက ရုတ်တစ်ရက်သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။

ပညာရေး ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ ပညာရေး ကိစ္စများလည်း အောင်မြင်လာမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ အချစ်ရေးမှာ အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကိစ္စများ စိတ်ပူစရာ မရှိပါ။ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

ယခုလ အတွင်း ကျန်းမာရေး ကိစ္စများ ခါးနာမည် ၊ ခြေထောက်နာမည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် နို့ ၇ ခွက်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 8 6 9 6

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်များ မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စမ်တူကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ယခုလအတွင်း သူငယ်ချင်း မိတ်ဆွေများနှင့် လုပ်ငန်းတစ်ခု ကို လုပ်ဆောင်ရမည်။ ရွှေဝင်မည်။ ထီကံကောင်းလာမည်။ အဝတ်အထည် အသစ်များ ဝင်မည်။

ပညာရေး ပုံမှန် သင့်တင့် ရှိနေသော အချိန်လေးပါ။

ဒီလအတွင်း အချစ်ရေး ကိစ္စများ ပျော်စရာတွေ ကြုံရတတ်ပါတယ်။ ချစ်သူမရှိရင် ချစ်သူရမည်။ စန်းပွင့်နေမည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေရသော အချိန်လေးပါ။

ဒီလအတွင်း မျက်စီအားနည်းမည် ၊ သွားနာ သွားကိုက် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် သြဇာသီး ၅ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 6 9 8 9


၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ပုံမှန်အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ စီးပွားမတက်သလို စီးပွားမကျသေးပါ။ ကြိုးစား၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ အောင်မြင်ဖို့အတွက် လမ်းစပေါ်လာမည်။ ယခုလအတွင်း အလုပ်ကိစ္စများ အတွက်နဲ့ စိတ်တိုင်းမကျသော်လည်း အနည်းငယ် အဆင်ပြေလာမည်။ စမ်တူကိစ္စများ အဆင်မပြေသေးပါ။

ငွေကြေး ကိစ္စများ အတွက်နဲ့ စိတ်ပူပင်နေရမည်။ ရသမျှကုန်နေမည်။ မစုမိသေးပါ။ ငွေဝင်နေမည်။ မိသားအတွင်းမှ ကူညီသူပေါ်မည်။ ရုတ်တစ်ရက် ငွေဝင်ပြီး ရုတ်တစ်ရက် ကုန်နေမည်။ကြွေးတင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ လုပ်ဖော်ကိုင်ဖက်များနဲ့
အဆင်မပြဖြစ် တတ်ပါသည်။ အိမ်မက်ကောင်း မက်လာမည်။ ထီကံစမ်းပါ။

ယခုလအတွင်း ပညာရေးကိစ္စများ ကြိုးစားနေရသော အချိန်လေးပါ။

ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ အဆင်မပြေပဲဖြစ်နေမည်။ စကားများနေရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။ မိမိအိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။

ယခုလအတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက်တွင် ဇီးသီး ၈ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 4 8 4

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း အလုပ်ကိစ္စများ အဆင်ပြေပါသည်။ အတိုက်အခံများကို အောင်မြင်လာမည်။ အလုပ်အတွင်း ကောင်းသောကိစ္စများ တိုးတက်ပြောင်းလဲ လာမည်။ အဆင်ပြေလာမည်။ အလုပ်များ အဆင်ပြေလာသော်လည်း စိတ်တိုင်းမကျသေးပဲ ဖြစ်နေမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ချေးဌားခြင်း ခဏရှောင်ပါ။ စိတ်ညစ်ရတတ်ပါသည်။ လူမှုရေး ကိစ္စများတွင် ကူညီပေးနေရမည်။ ဘာသာရေး ကိစ္စများ အလှူအတန်းကိစ္စများ ပြုလုပ်ရမည်။ ရွှေဝင်မည်။ မိသားစု အတွင်းလူဝင်လာမည်။ စနေနံကိစ္စများ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။

ယခုလအတွင်း ပညာရေးကိစ္စများ အဆင်မပြေ ဖြစ်တတ်ပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေလာမည်။ ဝေးကွာ နေရသော ချစ်သူများ ပြန်လည် ဆုံဆည်းခွင့် ရမည်။ ယခုလ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း သူတစ်ပါးအတွက်နဲ့ စကားများ နေရမည်။

အခုလအတွင်း ကျန်းမာရေးမှာ စက်ပစ္စည်း ထိမိခိုက်မိ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက်တွင် သောက်တော်ရေ ၄ ခွက် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 3 2 5 9

http://api.ning.com/files/E5hVbuq3FpBcYLh-Hko6wmnHhOuSSvV1tO8rdGAJx4bqYhQ-oAz*Ninq4UdXWBSwdF6w0iyL6JYAH4u8m0qWfiHW1y0nuEpX/b1.gif

2011-November လတွင် မိမိရဲ့ဘဝလေး များလည်း(၁၁)မီးငြိမ်း၍ အေးချမ်းပါစေ။ စေတနာမှန်၍ စိတ်ကောင်းထားတတ်သူတိုင်း ကံကောင်းကြပါစေ။ ...... ဆရာမျိုးဟန်ကို

November လတွင်း မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Source by : http://www.myohanko.br.ms/

ရေကြီးမှုအပေါ် အမြတ်မထုတ်ဖို့ ထိုင်းမှာ အမိန့်ထုတ်



(အောက်ဖော်ပြပါသတင်းက ဘန်ကောက်ပို့စ်က သတင်းဖြစ်ပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကိုမိုးသီးဇွန်က မြန်မာအလုပ်သမားများ သိရှိရေး ဘာသာပြန်ဖော်ပြကြဖို့ တိုက်တွန်းထားတာကို Sandah Aung က ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်။)

ပစ္စည်းလှောင်ခြင်းနှင့် မတရား အမြတ်တင် ရောင်းချခြင်းမှ ကာကွယ်ရန် ထိုင်းအစိုးရက ရေဘေးကာလအတွင်း မရှိမဖြစ် လိုအပ်သော ကုန်စည်များရောင်းချရန် ဈေးနှုန်းများကို အကြံပြု ကြေညာလိုက်သည်ဟု လက်ထောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖွန် ဆာရာဖောက တနင်္လာနေ့တွင် ပြောကြားသည်။

ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ၎င်း၏ ဈေးနှုန်းထိန်းချုပ် ကုန်စည်စာရင်းတွင် ရေဘေးအတွက် လိုအပ်သော ကုန်စည်များကို ထည့်သွင်းပြီးနောက်တွင် ထိုကုန်များအား သိုလှောင်ခြင်းမှ ကာကွယ်ရန်အလို့ငှာ ပြည်တွင်းကုန်သွယ်ရေးဌာနက ထိုကုန်များကို ရောင်းချသင့်သည့်ဈေးနှုန်းများကို အကြံပြုခဲ့သည်ဟု မစ္စတာ ဖွန်ကဆိုသည်။

၆၀၀ စီစီ သောက်ရေသန့်ဘူး၏ ဈေးနှုန်းကို ခုနစ်ဘတ်အထက် ဈေးနှုန်းဖြင့် မရောင်းရန်လည်းကောင်း၊ ၇၅၆ စီစီ ရေသန့်ဘူးကို ကိုးဘတ်ထက် မရောင်းရန်လည်းကောင်း၊ ၁.၅ လီတာဘူးကို ၁၄ ဘတ်ထက် ပိုမရောင်းရန်လည်းကောင်း လက်ထောက်ဝန်ကြီးက အကြံပြုလိုက်သည်။

ရေးဘေးနှင့် သက်ဆိုင်သော အခြားကုန်များအတွက် အကြံပြုဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

နှစ်ဆယ့်ငါးကီလို သဲအိတ်တစ်အိတ်လျှင် ၄၅ ဘတ်စီ
အင်္ဂတေတုံး ၁၀ ဘတ်စီ
အသက်ကယ် အင်္ကျီ ၄၅၀ ဘတ်စီ
လူနှစ်ဦးဆန့် ဖိုင်ဘာလှေ ၄၅၀၀ ဘတ်စီ
လူလေးဦးဆန့် ဖိုင်ဘာလှေ ၆၅၀၀ ဘတ်စီ
ရာဘာလှေ တစ်စုံလျှင် ၂၀၀ ဘတ်စီ
ဂါလံနှစ်ဆယ်ဆန့် ရေတိုင်ကီ ၃၅၀ ဘတ်စီ
ဂါလံလေးဆယ်ဆန့် ရောတိုင်ကီ ၆၀၀ ဘတ်စီ
ရေစုတ်စက် ၄၅၀၀ ဘတ်စီ

ရေဘေးနှင့် သက်ဆိုင်သောကုန်များကို အကြံပြုဈေးနှုန်းထက် ပိုမိုရောင်းချပါက ထောင်ဒဏ် ခုနစ်နှစ်ကျခံပြီ ငွေဒဏ် ၁၄၀ ၀၀၀ ဘတ် ပေးဆောင်ရမည်ဟု မစ္စတာ ဖွန်ကဆိုသည်။

တိုးမြင့်လာသေ လိုအပ်ချက်များကို ဖြည်ဆည်းရန်နှင့် အမြတ်ကြီးစား ကုန်သည်များ ဈေးမကားနိုင်စေရန် နိုင်ငံမြောက်ပိုင်း အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ရေသန့်ထုတ်သူများကို ရေဘေးသင့် ဗဟိုလွင်ပြင်ဒေသသို့ တတ်နိုင်သရွေ့ တင်ပို့ရန် ညွှန်ကြားထားသည်ဟု မစ္စတာ ဖွန်က ပြောကြားသည်။

ကြက်ဥများ ပြတ်လတ်လျက်ရှိသည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း မဟုတ်မှန်ဟု ဥစားကြက် မွေးမြူသူများအသင်းက ပြောကြားသည်။ ရေဘေးကြောင့် ဥစားကြက်ခြံ ငါးရာခိုင်နှုန်းသာ ပျက်ဆီးသည်ဟု သိရသည်။

ရေဘေးသတိပေးကြေညာချက်များကြောင့် ထိတ်လန့်တကြားဖြစ်ကာ ကြက်ဥများ စုဆောင်းခြင်းကြောင့် ကြက်ဥပြတ်လတ်သည်ဟု ထင်ဖွယ်ဖြစ်ခဲ့ကြောင်းကို ဥစားကြက်မွေးမြူသူများအသင်း ဥက္ကဌ မနော့ ကျူတက်တက်က ရှင်းပြသည်။

တစ်နေ့လျှင် ကြက်ဥ ၂၈ သန်းနှင့် ၂၉ သန်းကြား ထုတ်လုပ်နိုင်သော ဥစားကြက်ခြံများမှာ ပြဿနာ အနည်းငယ်သာ တွေ့ကြုံရကြောင်း သိရသည်။

ကြက်ခြံတချို့တွင် ဥစားကြက်များ သေဆုံးခဲ့သော်လည်း ကြက်မွေးမြူသူများက အချိန်မှီ ဖယ်ရှားခဲ့သဖြင့် ဆုံးရှုံးမှု နည်းပါးခဲ့ကြောင်း သိရသည်။

ကြက်ဥတစ်ဥလျှင် ပေါက်ဈေး သုံးဘတ်ရှိကြောင်း သိရသည်။

Source by :http://www.irrawaddyblog.com

Wednesday, November 2, 2011

လင်မယားနှစ်ဦး လိင်ဆက်ဆံ နေပုံကို ဗီဒီယို ခိုးရိုက်ခဲ့လို့ ဓားထိုးခံရ



သူတစ်ပါးလိင်ကိစ္စအား ချောင်းမြောင်း ကြည့်ရှု တတ်သူတစ်ဦးသည် ၎င်း၏ အိမ်နီးချင်း လင်မယား လိင်ဆက်ဆံနေကြပုံကို ချောင်း မြောင်းကာ ဗီဒီယို ရိုက်ကူးခဲ့ရာ အဆိုပါ အိမ်နီး ချင်းမှ ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းကို ခံခဲ့ရသည်။

အိမ်နီးချင်းလင်မယား လိင်ဆက်ဆံနေ သည့် ဗီဒီယိုအား ထိုအိမ်နီးချင်း၏ သားကိုပင် ပြသခဲ့သည့် အဆိုပါ လိင်ကိစ္စ ချောင်းမြောင်း ကြည့်ရှုသူမှာ La Kampo ဆိုသူ ဖြစ်သည်။ ရဲမှ အသက် ၄၄ နှစ်ရှိပြီဖြစ်သော အဆိုပါ အိမ်နီးချင်းအား ဓားထိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး La Kampo ၏ အလောင်းကိုမူ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့ ည ၇း၃၀ ခန့်တွင် La Kampo သည် ဂျလန်း အူတာရာရှိ ၎င်းတို့ရွာရှိ အိမ်နီးချင်း၏အိမ်သို့ သွားရောက်ခဲ့ပြီး စကား စမြည် ပြောဆိုပြီးနောက် အိမ်နီးချင်းတို့၏ အ၀တ် အစားမပါသော ဗီဒီယိုများ ရိုက်ကူးထားမှု အကြောင်းကို ၁၇ နှစ် အရွယ်ရှိ အိမ်နီးချင်း၏ သားဖြစ်သူအား ပြောပြခဲ့သည်။

သားဖြစ်သူ ၎င်းအား မသိကျိုးကျွန်ပြု သောအခါ La Kampo သည် မီတာ ၂၀ ဝေးသော ၎င်း၏အိမ်သို့ ပြန်လာခဲ့သည်။ အိမ်နီးချင်းသည် La Kampo ၏ အိမ် သို့ သွားခဲ့ပြီး ဒေါသအလွန်ထွက်ကာ ဓားဖြင့် ထပ်တလဲလဲ ထိုးခဲ့ဟန်တူသည်။

La Kampo သည် အဆင့်ဆင့် ထိုး သွင်းထားသော ဓားဒဏ်ရာများနှင့် သွေးအိုင်ထဲ တွင် သေဆုံးသွားခဲ့သည်။ အဆိုပါ အိမ်နီးချင်းသည် လူသတ်မှု ကျူးလွန်ခဲ့သော ဓားကိုယူကာ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ရဲစခန်းသို့ ထွက်လာခဲ့သည်။

ဆန်ဒါကန်းရဲအရာရှိ Rowell Marong မှ ပြောကြားရာတွင် နှစ်ဦးစလုံးမှာ အင်ဒိုနီးရှား လူမျိုးများဖြစ်ပြီး အလုပ်ကြမ်းသမား များဖြစ် သည်ဟု ဆိုသည်။

Source by : ရိုးရိုး (သတင်းကွန်ယက်)
Ref: the Star