Showing posts with label လူမှုဘ၀ ရသစုံလင်. Show all posts
Showing posts with label လူမှုဘ၀ ရသစုံလင်. Show all posts

Wednesday, September 12, 2012

ညဥ့်လမ်းပေါ်က ဘ၀များစွာ


ရေးသားသူ- သီဟ

နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင်လှုပ်ရှားလျက်ရှိသည်။

သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင်ပင် နုပျိုလတ်ဆတ် သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေးများဖြင့် ပျော်ဝင်နေဆဲဖြစ်သည်။

ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံးများဖြင့် ဆွဲဆောင်လျက်ပင်။

ထိုနေရာကား ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျရာ ဈေးကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင်ဖြစ်သည်။

နေ့လယ်ခင်းအချိန်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိပြီး ညပိုင်းမှာတော့ သွေးသား ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိသည့် ယင်းနေရာသည် တရားဝင် မဟုတ်သော်လည်း ရန်ကုန်မြို့၏ ထိုနေရာများစွာထဲမှ တစ်နေရာပင် ဖြစ်လေသည်။

“ကျွန်မထင်ပါတယ် ဒီအလုပ်နဲ့ အသက်မွေးနေကြတဲ့ မိန်းကလေးတွေ အကုန်လုံးက သူတို့ဘ၀ကိုသူတို့ ပျော်လို့ကျေနပ်လို့ လုပ်နေကြတာတော့ မဟုတ်ပါဘူး”ဟု ပြောလာသူမှာ ပြည့်တန်ဆာလုပ်ငန်းဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး အသက်မွေးနေရသည့် မမော်မော်(အမည်လွှဲ)ပင်ဖြစ်သည်။
ဟိုမှသည်မှ ဥဒဟိုသွားလာသူများနှင့် အသက်ဝင်လှုပ်ရှားနေသည့် ရန်ကုန်မြို့၏ ညနေချမ်းအချိန်တွင် မမော်မော်တို့ကဲ့သို့သော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရသူလေးများလည်း လူစည်ကားရာ ကားမှတ်တိုင်ကဲ့သို့သော နေရာများတွင် လုပ်ငန်းခွင် ၀င်ရောက်လာကြပြီဖြစ်သည်။
သူတို့လုပ်ငန်းခွင်ဝင်ရာ နေရာသည် အခြားသော သူများကဲ့သို့ ရုံးအဆောက်အအုံမရှိ၊ လုံခြုံရာနထ္ထိ။ လမ်းဘေး ကွမ်းယာဆိုင်များသည်ပင်လျှင် သူတို့၏ရုံးခန်း၊ ကားမှတ်တိုင်သည်ပင်လျှင် သူတို့ အလုပ်လက်ခံရာပင် ဖြစ်တော့သည်။ လူမြင်ကွင်းတွင် ဧည့်သည်ရှာ ဈေးညှိ အလုပ်လုပ်နေရသော်လည်း သူတို့၏ အလုပ်မှာ တရားဝင် အလုပ်မဟုတ်။ ထို့ကြောင့် တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှပါက တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သံတိုင်လေးဘက်ကြား အနားယူရသည်များလည်း ရှိတတ်သည်။

ခွင့်ပြုချက်များ လိုင်စင်များဖြင့် တရားဝင် အလုပ်လုပ်ခွင့်ရသည့် အလုပ်မဟုတ်သော်လည်း သူတို့အဖွဲ့ဝင်ဦးရေမှာ တစ်နေ့တခြား တိုးတိုးလာပြီး သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်သည်လည်း ပို၍ကျယ်ပြန့်လာနေပြီဖြစ်သည်။ ထိုသို့ တိုးပွားများပြားလာခြင်းမှာ နိုင်ငံ၏ စီးပွားရေး လူမှုရေး ပညာရေး နိမ့်ကျမှုများကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ဆွဲသူများလည်း ရှိကြသည်။

နိုင်ငံတော်မှလည်း ထိုသို့ လုပ်ကိုင်စားသောက်သည့် ပြည့်တန်ဆာများ ပပျောက်သွားစေရန် လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်ကပင် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့သော်လည်း မပပျောက်သည့်အပြင် တစ်နေ့ထက်တစ်နေ့
ပိုမိုများပြားလာခဲ့သည်ကို တွေ့နေရသည်။ ထို့ကြောင့် ယင်းကဲ့သို့ နှိပ်ကွပ်ရေးဥပဒေဖြင့် ကိုင်တွယ်ခြင်းအား ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။

ပြည့်တန်ဆာများ ပပျောက်စေရန် နှိပ်ကွပ်ရေးဥပဒေဖြင့် ဆောင်ရွက်သော်လည်း ဥပဒေအား လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသည့် အောက်ခြေအဖွဲ့အစည်းများ၏ အားနည်းချက်များကြောင့် လုပ်ငန်းခွင်ထဲတွင် လုပ်ကိုင်စားသောက်နေသည့် ပြည့်တန်ဆာများမှာ နှိပ်ကွပ်ခံရသည့် ပုံသဏ္ဍန်များ လွဲမှားနေကြောင်း သိရသည်။

“ကျွန်မတို့ ဒီနယ်မြေမှာ လုပ်ကိုင်စားသောက်နေတာ သူတို့မသိတာမဟုတ်ဘူး သိတယ် တစ်ခါတလေ ပေးရကမ်းရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ စီမံချက်ဆိုတာကို အကြောင်းပြပြီးတော့လည်း အဖမ်းခံရတာမျိုးလည်း ရှိတယ်”ဟု လုပ်ငန်းခွင်အတွင်းမှ ပြည့်တန်ဆာတစ်ဦးက ပြောသည်။
၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ ပြည့်တန်ဆာဖမ်းဆီးမည်ဆိုပါက ရဲအုပ်အောက်မနိမ့်သည့် ရဲအရာရှိက ၀ရမ်းမပါဘဲ ဖမ်းဆီးချုပ်နှောင်နိုင်ပြီး ဖမ်းမိပါကလည်း နောက်တစ်ရက်တွင် တရားရုံးသို့ အမှုဖွင့်ရမည်ဟု ပါရှိသည်။

ဖမ်းဆီးမိသည့်နေ့၏ နောက်တစ်နေ့သည် အစိုးရရုံးပိတ်ရက် ဖြစ်ပါက အနီးစပ်ဆုံး အစိုးရရုံးဖွင့်ရက်တွင် တရားရုံးတင်ရမည်ဟု ပါရှိကြောင်း ပိတောက်မြေအသံလွှင့်ဌာနတွင် ဥပဒေအကြောင်းအရာများ အသံလွှင့်လျက်ရှိသည့် ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။ သို့သော် ယခုနောက်ပိုင်းတွင် ချက်ချင်းရုံးမတင်ဘဲ ယမန်ယူသည့် အလေ့အထဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ပြည့်တန်ဆာဖမ်းဆီးသည့် အခါတွင်လည်း ရဲအုပ်အောက်မနိမ့်သည့် အရာရှိဆိုသော်လည်း ယခုအခါတွင် အဆင့်မျိုးစုံမှ ဖမ်းဆီးနေမှုများလည်းရှိကြောင်း အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် ကျင်လည်နေသည့် ပြည့်တန်ဆာအချို့မှာ အတန်အသင့် လယ်ဝယ်မှုရှိသဖြင့် အကြောင်းပြ ဖမ်းဆီးခံရမှု အနည်းငယ် သက်သာသော်လည်း နယ်မှ ပြည့်တန်ဆာများမှာ အနိုင်ကျင့် နှိပ်ကွပ်ခံရမှု ပိုများကြောင်း ပြည့်တန်ဆာကွန်ရက်တစ်ခုမှ သိရသည်။

ပြည့်တန်ဆာလုပ်ငန်းသည် တရားမ၀င်သော်လည်း ထိုလုပ်ငန်းဖြင့် အသက်မွေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် ပြည့်တန်ဆာနှင့် ဆက်စပ်သည့် HIV ၊ ကာလသားကဲ့သို့သော ရောဂါပျံ့နှံ့မှုမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ကာကွယ်ရန်အတွက် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြည့်တန်ဆာများအား ကွန်ဒုံးများ ဖြန့်ဝေထားသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးလိုပါက ကွန်ဒုံးရှိသည်ဟု အကြောင်းပြ ဖမ်းဆီးမှုများလည်းရှိသဖြင့် ကွန်ဒုံးမဆောင်ထားရဲကြောင်း မမော်မော်ကပြောသည်။

“ကွန်ဒုံးရှိရင် ဖမ်းရမယ်လို့ ဥပဒမှာမပါဘူး။ အဲဒီလိုသာ ဖမ်းကြေးဆိုရင် အင်န်ဂျီအိုက ၀န်ထမ်းတွေ၊ ဆရာဝန်တွေပါ အကုန်ဖမ်းရမလို ဖြစ်နေပြီပေါ့”ဟု ရှေ့နေဦးခင်ဇော်က ပြောသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူ၊ ထိုင်း အစရှိသည့် နိုင်ငံများတွင် ပြည့်တန်ဆာများအား နေရာသတ်မှတ်၍ တရားဝင် လုပ်ကိုင်ခွင့်များ ပြုထားသောကြောင့် လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ထိထိရောက်ရောက် ကာကွယ်နိုင်သည့်အပြင် ပြည့်တန်ဆာအရေအတွက်ပါ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

“ကျွန်မတို့ကိုလာပြီး ပညာပေးတဲ့အဖွဲ့တွေနဲ့ တချို့တွေက ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေပြောင်းဖို့ ပြောကြတယ်။ အလုပ်အကိုင် ပြောင်းရအောင် ကျွန်မတို့မှာ ပညာမှမတတ်တာ ကျွန်မတို့ တတ်တဲ့ပညာနဲ့ဆိုလည်း ရတဲ့အလုပ်က အခုဝင်ငွေကို မီမှာမဟုတ်ဘူး”ဟု ပြည့်တန်ဆာတစ်ဦးက သူ၏ခံစားချက်ကို ပြောပြသည်။

“အခုပြဌာန်းထားတဲ့ ဥပဒေတွေက နှိပ်ကွပ်ရေးဥပဒေတွေနဲ့ ပပျောက်ရေးဥပဒေတွေပဲ ဖြစ်နေတယ် ကာကွယ်ရေးဥပဒေ မပါဘူး”ဟု သူမက ဆက်လက်ပြောပြသည်။ ပြည့်တန်ဆာများ အနေဖြင့်လည်း သူတို့နှင့်ဘ၀တူများအား ကာကွယ်မှုများပေးရန်နှင့် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများမှ ကာကွယ်မှုများ ပြုလုပ်ပေးရန် ပညာပေးအဖွဲ့အား တရားဝင် ဖွဲ့စည်းလိုသော်လည်း လူမှုရေးအသင်းအဖွဲ့များ တရားဝင်ဖွဲ့စည်းခြင်း
စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းနေသဖြင့် ဖွဲ့ခွင့်မရကြောင်း သိရသည်။

“ကျွန်မတို့က တစ်ခြားနိုင်ငံတွေမှာလို တရားဝင်အတန်းတွေ ဘာတွေ ချက်ချင်းရဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဥပဒေထဲမှာပါတဲ့အတိုင်း တိတိကျကျ ဖြစ်စေချင်တာပါ”ဟု မမော်မော်ကပြောသည်။

“အခုက တစ်ခါတလေ ပေးလည်းပေးရသေးတယ်။ ဖမ်းချင်တဲ့ အချိန်ကျတော့လည်း အဖမ်းခံရသေးတယ်”ဟု သူမက ဆက်လက်ပြောပြသည်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေအရ ပြည့်တန်ဆာများကို ဖမ်းဆီးမိပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ကို ချမှတ်ရမည်ဟု ပါရှိပြီး နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရတက်ပြီးချိန်တွင် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဟု ပြောင်းလဲခဲ့ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

“ပြည့်တန်ဆာတွေကို နှိပ်ကွပ်မယ်။ ထောင်ထဲထည့်မယ် ဆိုတာထက် အလုပ်အကိုင် အသိပညာ ပေးမယ်ဆိုရင် မပပျောက်တောင် လျော့ပါးသွားမယ်၊ထောင်ချရုံနဲ့တော့ ထောင်ကထွက်လာရင် မထူးဇာတ်ခင်းရာကနေ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ထောင်ထဲဝင်ရတဲ့ ပြည့်တန်ဆာတွေ အများကြီးပဲ ရှိတယ်”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ထို့ကြောင့် ပြည့်တန်ဆာလုပ်ငန်းများ မပပျောက်သည့်တိုင် စည်းကမ်းတကျ ဖြစ်လာစေရန်အတွက် အစိုးရ၏ ထိန်းသိမ်းကိုင်တွယ်မှုသည် အရေးကြီးပြီး အသိပညာပေးမှုများလည်း ပြုလုပ်သွားရန် လိုအပ်သည်ဟု ဥပဒေပညာရှင်များက ပြောသည်။ ထို့အပြင် ၁၉၄၉ ခုနှစ် အက်ဥပဒေသည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။
ရန်ကုန်၏ ညနေချမ်းသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ လူစည်ကားရာ လမ်းမများနှင့် ကားမှတ်တိုင်များတွင်လည်း ဘ၀ကြမ်းကြမ်း ပန်းနွမ်းနွမ်းလေးများ၏ သရုပ်သည်လည်း ပိုမိုပီပြင်လာခဲ့သည်။

သို့သော် သူတို့၏ လမ်းမထက်က ဘ၀များကား ရင့်ကျက်မှု မရရှိနိုင်သေးပေ။ မမော်မော် ပြောသလို ဥပဒေထဲတွင် ပါသည့်အတိုင်း တိတိကျကျ ဖြစ်ခဲ့လျှင်သော်လည်းကောင်း (သို့မဟုတ်) အခြားအိမ်နီးချင်းနိုင်ငံများကဲ့သို့ သတ်သတ်မှတ်မှတ် နေရာတစ်ခုများ ရခဲ့လျှင်သော်လည်းကောင်း ညဥ့်လမ်းပေါ်က ဘ၀များစွာ၏ ရှင်သန်မှုမှာ.... ။

REF: 7Day News Journal
Posted by Admin-HWH

Tuesday, September 11, 2012

တက္ကသိုလ်နယ်မြေအထိရောက်လာတဲ့စပွန်ဆာ




မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီး တော်တော်များများ နဲ့ ပြည်နယ် မြို့တော် အများအပြားမှာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေကို တည်ဆောက်ထားသလို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ်တွေ တည်ဆောက်ထားတာက မရေမတွက်နိုင်အောင်လောက်ကို များပြားလှပါတယ်။ အဲဒီလို တက္ကသိုလ်တွေကို ဒေသအများအပြားမှာ တည်ဆောက်တယ်ဆိုတာက ပတ်ဝန်းကျင်မြို့ရွာမှာ နေတဲ့ကျောင်းသူကျောင်းသားတွေ လွယ်လင့်တကူ ပညာသင်နိုင်ရေးနဲ့ အဲဒီဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်တဲ့အကြောင်း အာဏာပိုင်တွေက ပြောကြပါတယ်။

တကယ်ဘဲ အဲဒီတက္ကသိုလ်တွေရဲ့ ပတ်ဝန်းကျင်မြို့ရွာတွေ ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေ အဆင်ပြေပြေနဲ့ ပညာသင်ကြားနိုင်ကြပီလားလို့ မေးလာရင်…။ အဲဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင် အရပ်ဒေသက လာတက်တဲ့ ကျောင်းသူကျောင်းသားတွေ နေနိုင်တဲ့ လူနေဆောင်တွေ မဆောက်ပေးတော့ ကျောင်းသူကျောင်းသားတွေရဲ့ နေရေးထိုင်ရေးမှာ အတော့်ကို ကသိကအောင့် ဖြစ်ကြရပါတယ်ဆိုတဲ့ အဖြေကို ကြားရမှာ မလွဲပါဘူး။ အစိုးရကျောင်းဆောင်တွေ မရှိတာကြောင့် တက္ကသိုလ်တွေရဲ့ နီးစပ်ရာ ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂလိက အဆောင်တွေမှာ သွားရောက် နေထိုင်ကြရပါတယ်။ အစိုးရက စီစဉ်ပေးထားတဲ့ အဆောင်တွေ မဟုတ်တဲ့အတွက်ကြောင့် အဆောင်လခတွေက အတော့်ကို ဈေးကြီးပါတယ်။

ဥပမာပြောရရင် မန္တလေးတက္ကသိုလ်နားမှာရှိတဲ့ ဗောဓိကုန်းရပ်ကွက် တဝိုက်က ပုဂ္ဂလိကအဆောင်တွေမှာ အဆောင်ခက တဦးကို တလ ကျပ် ၁ သောင်းခွဲကနေ ၂ သောင်းခွဲ ၃ သောင်းအထိရှိပါတယ်။ ထမင်းချိုင့်ဆွဲစားမယ်ဆိုရင်လည်း တလကို ကျပ် ၃ သောင်းကနေ ၅သောင်း ၆ သောင်းအထိ ရှိပါတယ်။ အဲဒီတော့ ကျောင်းသားတဦးရဲ့ နေစရိတ်နဲ့ စားစရိတ်က အချွေတာဆုံး သုံးမယ်ဆိုရင်တောင် တလကို ကျပ် ၅ သောင်းလောက် ရှိနေပါတယ်။ ကျန်တဲ့ အသုံးဆောင်စရိတ်နဲ့ စာအုပ်စာတမ်းကြေး ဘာကြေးညာကြေးတွေပါ ထည့်ပေါင်းမယ်ဆိုရင် ကျောင်းသူ၊ ကျောင်းသားတဦးဟာ တလကို အကြမ်းဖျဉ်း ကျပ်၁သိန်း နီးပါး သုံးရတယ်လို့ ရတနာပုံတက္တသိုလ်မှာ သင်္ချာဘာသာအဓိကနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦးက ပြောပြပါတယ်။

ဒီလို ကျောင်းစရိတ်စကတွေ အပြင် ငယ်ရွယ်သူ မိန်းခလေးတွေအများစုဟာ ခေတ်ပေါ်အဝတ်အစား ဝတ်ချင်စားချင်တာတွေကလည်း နောက်ဆက်တွဲ ငွေကုန်ကြေးကျများမယ့် အကြောင်းအချက်တွေ ဖြစ်နေပါတယ်။ ကျောင်းသားဘဝ၊ လူငယ်ဘဝမှာ ဒီလို ခေတ်နဲ့အညီ ဝတ်ချင်စားချင်၊ နေချင်ထိုင်ချင်တာက တကယ်တမ်း အပြစ်တော့လည်း မဟုတ်ပါဘူး။

ဒီစရိတ်တွေအားလုံးကို ထောက်ပံ့နိုင်တဲ့ မိဘတွေရှိတဲ့ ကျောင်းသူကျောင်းသားတွေ အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ ကျောင်းသားဘဝကို ပိုင်ဆိုင်ကြရမှာ မလွဲပါဘူး။ ဒါပေမဲ့ အဲဒီကျောင်းစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်တဲ့ ကျောင်းသူတွေကတော့ ကုန်ကျစရိတ်ကို ကိုယ်တိုင်ရှာကြရပါတယ်။ အဲဒီလိုရှာရာမှာ တချို့က ကိုယ်ခန္ဓာ နဲ့ရင်းပီး ရှာသလိုမျိုး ဖြစ်နေတာကို တွေ့နေရပါတယ်။ မြို့က စီးပွားရေး လုပ်ငန်းရှင်တွေကနေ ကျောင်းစရိတ် နဲ့ အထွေထွေ အသုံးစရိတ်တွေကို ပေးပါတယ်။ ဒီအထောက်အပံ့တွေယူတဲ့ ကျောင်းသူတွေက အဲဒီ စီးပွားရေးလုပ်ငန်းရှင်တွေ အလိုရှိတဲ့ အရာကို ပြန်ပေးကြရပါတယ်။ ခေတ်စကားနဲ့ ပြောရင်တော့ ကျောင်းသူတွေက စပွန်ဆာ ယူကြတာဖြစ်ပါတယ်။ တချို့ကျောင်းသူတွေကတော့ ကျောင်းသူကျောင်းသားချင်း စပွန်ဆာယူကြပါတယ်။

ဟိုးအရင်းကတည်းက တက္ကသိုလ် ကျောင်းသူတချို့ဟာ စပွန်ဆာ ယူပီး ကျောင်းတက်ခဲ့တဲ့သူတွေ ရှိခဲ့တာပါ၊ အခုမှ မဟုတ်ပါဘူးလို့ ပြောတော့….. အရင်ခေတ်က အခြေအနေကို သူ မသိ၊မမီလိုက်ရလို့ မမြင်လိုက်ရပေမယ့် ဒီနေ့ခေတ် စပွန်ဆာယူထားတဲ့ ကောင်မလေးတွေက ညနေစောင်းတာနဲ့ အရှက်လုံအောင်ဘဲ ဖုံးထားတဲ့ ဘောင်းဘီတိုတွေနဲ့ ချိုင်းပြတ်အင်္ကျီတွေ ဝတ်ပီး ဆိုင်ကယ်နောက်ကနေ ပါသွားတာမျိုးနဲ့ လူမြင်ကွင်းမှာ နမ်းရှုံနေကြတာ မမြင်ချင်မှအဆုံးလို့ ရတနာပုံတက္တသိုလ်မှာ သင်္ချာအဓိကနဲ့ လက်ရှိ သင်ကြားနေတဲ့ ကျောင်းသားက ဆိုပါတယ်။

မန္တလေး တက္ကသိုလ်တွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေတင် ဒီလို စပွန်ဆာကိစ္စဖြစ်ကြတာမဟုတ်ပါဘူး။ ရန်ကုန် ၊ မကွေး ၊ မုံရွာ နဲ့ တခြားမြို့တွေက တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ ကျောင်းသူတွေကြားမှာလည်း ဒီလို အဖြစ်အပျက်တွေ ကြားနေမြင်နေပါတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

နောက်တချက်က လက်ရှိ အစိုးရ ပြောပြောနေတဲ့ တမျိုးသားလုံး ကျန်းမာရေးလို့ ဆိုတဲ့ ဆောင်ပုဒ်ကြီးကလည်း တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကြားမှာတောင် အရာမထင်ဘူးဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ လိင်ပညာပေးတွေက ကျောင်းသူကျောင်းသားတွေအတွင်းမှာ တရားဝင် ပညာပေးမှုမရှိတာကြောင့် မန္တလေးတက္ကသိုလ်အနီးက ရေနီမြောင်းဘေးမှာ ဖျက်ချထားတဲ့ ကလေးအသေလေးတွေလည်း မကြာမကြာ တွေ့လာရပါတယ်။

ဒီလို စာရိတ္တယိမ်းယိုင်တဲ့ အလုပ်တွေကို ကျောင်းသူလေးတွေ လုပ်လာတယ်ဆိုတာ သူတို့ကိုယ်တိုင် လျှောက်ချင်တဲ့လမ်းတော့ ဟုတ်ဟန်မတူပါဘူး။ နိုင်ငံခြားတိုင်းပြည်တွေမှာလို တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပညာသင်စရိတ် ချေးငှားပေးမျိုး၊ ထောက်ပံ့ပေးတာမျိုး ၊ အစိုးရက စီစဉ်ပေးတဲ့ ကျောင်းသားအဆောင်တွေ မရှိတာမျိုး၊ နောက် ကျောင်းသားတွေအတွက် အထူးသင့်လျော်တဲ့ အချိန်ပိုင်းအလုပ်တွေ မရှိတာကြောင့် အခုလို ထင်ရာမြင်ရာတွေကို အလွယ်နည်းနဲ့ လုပ်လာကြတာဖြစ်ပါတယ်။

အေးနှင်းညို

ဓါတ်ပုံကို Google ကနေ ယူထားပါသည်။

Wednesday, April 4, 2012

Facebook မှာ တရက် ပျောက်နေရင် .....

MM.Jokes က ပြောပြတဲ့ နိုင်ငံတကာ နဲ့ Facebook အခြေအနေ ဖြစ်ပါတယ်။ မြန်မာပြည်အကြောင်းလည်း ဖော်ပြထားပါတယ်။
Source by :http://www.irrawaddyblog.com/

Thursday, February 2, 2012

မိဘတွေအတွက် ရင်လေးစရာ မြန်မာပြည်က ရှိုးပွဲကြော်ငြာ



လာမည့် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊လွှမ်းပိုင်၊
ဝိုင်းစုခိုင်သိန်း စတဲ့ နာမည်ကြီး အဆိုတော်တွေပါဝင်တဲ့ hip hop show ပွဲကျင်းပပြုလုပ်မယ် လို့ သိရပါတယ်။ သာမန်
သီချင်းဆိုတာ ပြောစရာမရှိပေမယ့် အဲပွဲအတွက် ဝေဖန်စရာတွေထွက်လာစေတဲ့ အကြောင်းရင်းကတော့ ရှိနေပါတယ်။

ပရိသတ်တွေကြားမှာလည်း ဝေဖန်သံတွေဆူညံနေတာပါ။ အကြောင်းကတော့ တခြားမဟုတ်ပါဘူး အဲပွဲမှာပြုလုပ်မယ့်
ကံစမ်းမဲအစီအစဉ်နဲ့ ပတ်သက်တာပါပဲ။ ပွဲကို လာရောက် အားပေးတဲ့ ပထမဆုံး စုံတွဲ(၅၀၀) ကို လက်ဆောင်တွေပေး
မယ့်အပြင် တူတူနေဖို့ အခန်းများကို ကံစမ်းမဲတွေ ဖောက်ပေးသွားပါမည် ဆိုတာပါပဲ။ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်ကို
သွားနေတဲ့ မြန်မာနိုင်ငံမှာ တကယ်ပဲ အဲလောက်ထိ လွတ်လွတ်လပ်လပ် အခန်းထဲမှာ စုံတွေတွေ လက်မထပ်ရသေးဘဲ
နေချင်သလိုနေ အိပ်လို့ရနေပြီလားဆိုတာ အရှက်အကြောက်တရားကို အသက်ထက်တန်ဖိုးထားတဲ့၊ လက်မထပ်ရသေး
ဘဲ အတူနေအတူအိပ်ခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လက်သင့်မခံတဲ့ တိုင်းပြည်မှာ ဒီလိုကံစမ်းမဲဟာ ရိုင်းရာကြနေတယ်
လို့ ပြောဆိုဝေဖန်နေကြပါတယ်။
အွန်လိုင်းမှာတော့ ရှိုးပွဲကြော်ငြာကို ဒီလိုဝေဖန်သရော်ထားကြပါတယ်


ပွဲအတွက် လက်မှတ်ပိုရောင်းရဖို့ ကံစမ်းမဲလုပ်တာလား၊ ဒီမိုကရေစီရပြီ ဖြစ်ချင်သလိုဖြစ် နေချင်သလိုနေကြမယ်ဆိုပြီး
လုပ်ဆောင်တာလားမသိပါဘူး။ အရင်ဆုံးစုံတွဲ(၅၀၀) ကတော့ ကံစမ်းမဲပေါက်ရင် မမြင်ကွယ်ရာမှာ နေဖို့ အခန်းတစ်ခန်း
ရမှာပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကလူ့အရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေအပေါ် ဒီလို မဟုတ်တဲ့ ကံစမ်းမဲ ဆွဲဆောင်မှုတွေနဲ့
စိတ်ဓာတ်တွေ ဖျက်ဆီးနေရင်တော့ ရှေ့ကလူကြီးတွေ ဘယ်လိုပဲ ကောင်းအောင်လုပ်ခဲ့လုပ်ခဲ့ အမွေဆက်ခံမယ့် လူငယ်
တွေလက်ထက်ရောက်ရင်  တိုင်းပြည်အတွက် ရှေ့ရေးကတော့ ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။ အနုပညာကို အနုပညာ
လိုခံစားတာ အပြစ်ပြောစရာမရှိပေမယ့် ဒီလိုမျိုးလုပ်ရပ်တွေဟာ မိဘတွေအတွက်ရော၊ တိုင်းပြည်အတွက်ပါ ရင်လေး
စရာလုပ်ရပ်တွေဖြစ်လို့ ပြည်သူကို အနုပညာနဲ့ဖျော်ဖြေပါ၊ ကိုယ့်ရှိုးပွဲ လူဝင်ဖို့အတွက်တော့ မဟုတ်တဲ့ ကံစမ်းမဲတွေနဲ့
မဆွဲဆောင်ပါနဲ့လို့ နိုင်ငံကျော် အဆိုတော်တွေကို ရွှေမြန်မာမှ တိုက်တွန်းလိုက်ချင်ပါတယ်။



ရွှေမြန်မာမှကူးယူဖော်ပြသည်။
http://goldenmyanmarnews.blogspot.com/2012/02/blog-post.html



 

ဒီ ကာတွန်းပုံလေးကတော့ ...ကာတွန်းအောင်ဆန်းကျော် ရဲ့ ဖေ့ဘွတ်က ကူးလာတာပါခင်ဗျာ။

Monday, January 30, 2012

ဘယ်သူ့ကို ဘယ်လိုယုံရမှာလဲလို့။


မန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဇန်န၀ါရီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ပြည်သူသို့ အသိပေးတင်ပြချက်။
 


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဇန်န၀ါရီလ ၂၉ ရက်နေ့ထုတ် ပြည်သူသို့ အသိပေးတင်မြချက်


ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သော ရွှေပြည်တံခွန် ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်၊ 
ငါးထောင်တန် ဆင်းမ်ကဒ်များ ရောင်းချနိုင်ရန် မဖြစ်နိုင်သေးဟု မနေ့ ( ၂၉-၁-၂၀၁၂ ) က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။


အဲမေ့သွားလို့..ဒါက Messenger News Journal ရဲ့ ဖေ့ဘွတ်ခ် က နေ မ လာ တာ နော်..။


ကဲ....တတ်ကျွမ်းနားလည်သူတွေ တာဝန်ရှိသူတွေပဲ အဆင်ပြေအောင် လုပ်ကြတော့... တို့တော့ ...ဟိုလူက ဒီလိုပြော ...အင်း အင်း..ဟုတ်မယ်... ဒီလူက ဟိုလိုပြော ဟုတ်မှာ...ဖြစ်နိုင်တယ်... နဲ့ ...မူးတယ်..မောတယ်.. .နားတော့မယ်...ခေါင်းလဲ ကိုက်နေတယ်..။ 
တစ်ကယ် ရောင်းဖြစ်သွားတော့ရော....ကုမ္မဏီက အရှုံးခံရောင်းမှာကျနေတာပဲ... အဲလို အောင်မြင်သွားတော့ရော...ဘယ်သူတွေ ဘ၀ပျက်ရလောက်အောင် နစ်နာဆုံးရှုးံရမှာမို့လဲ....ခွက်တာဖဲ။

ဒါတွေအားလုံးက မဒိုးကန်....ဘုန်းဘုန်းတောက် ကျောင်းကိုသွားတုန်းက....တစ်ဝတစ်ပြဲ စားခဲ့လို့...ဖြစ်မယ်... (အမ်...ဘာမှလဲမဆိုင်ဘူး၊ သူက မစားတာ ကျနေတာဖဲ။)

Saturday, December 10, 2011

ပြစ်မှုကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သည့် တရားခံများကို ခိုလှုံရာနိုင်ငံများနှင့် ချိတ်ဆက်ဖမ်းဆီးမည်



စီးပွားရေးလုပ်ငန်းရှင်များအကြား ကျပ်သိန်းသောင်းချီသည့် လိမ်လည်မှုများ၊ ယုံကြည်အပ်နှံဖောက်ဖျက်မှုများ တိုး၍ဖြစ်ပေါ်နေခြင်းသည် တိုက်ရိုက်နစ်နာမှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များကိုသာမက စီးပွားရေး အ၀န်းအ၀ိုင်း တစ်ခုလုံးအတွက်ပါ နစ်နာမှုများ ကြုံတွေ့နေရကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့ကြသည်။

ယင်းကဲ့သို့ ကျပ်သိန်းပေါင်း ထောင်သောင်းချီ၍ လိမ်လည်ခဲ့သူများသည် ပြည်ပနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် လေ့ရှိသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတကာရဲတပ်ဖွဲ့၏ အကူအညီဖြင့် ခိုလှုံရာနိုင်ငံများနှင့် ချိတ်ဆက်ကာ ဖမ်းဆီးသွားမည်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်းနှစ်သောင်းကျော် ယုံကြည်အပ်နှံ ဖောက်ဖျက်ခဲ့သည့် ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် တောင်ဒဂုံစက်မှုဇုန်တွင် နေထိုင်သူ စက်မှုလုပ်ငန်းရှင် ဇနီးမောင်နှံနှစ်ဦးဖြစ်သူ ဦးစိုးနိုင်ဝင်းနှင့် ဒေါ်အေးအေးပြုံးတို့က မှန်ချို တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံ၊ ပလတ်စတစ်ဘူး စက်ရုံလုပ်ငန်းများအား အကြောင်းပြုကာ မိတ်ဆွေများထံမှ ငွေကျပ်သိန်း နှစ်သောင်းကျော်အား ရယူခဲ့ပြီး သတ်မှတ်ကာလ အသီးသီးတွင် ပြန်လည်ပေးအပ်မည် ဟု ကတိပြုခဲ့ခြင်းကို ချိုးဖောက်ကာ အောက်တိုဘာလဆန်းပိုင်းက ရန်ကုန်မြို့မှ တိမ်းရှောင်သွားခဲ့ကြောင်း နစ်နာသူ ကိုးဦးက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ အောက်တိုဘာလ ၁၀ ရက်နေ့က တိုင်ကြားသောဖြစ်စဉ် ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူအချို့က ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်(ပ)၃၂၂/၂၀၁၁၊ (ပ)၃၃၃/၂၀၁၁၊ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၂၆၄/၂၀၁၁၊ ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၃၀/၂၀၁၁၊ သာကေတမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ)၃၄၆/၂၀၁၁၊ ပန်းပဲတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၂၉/၂၀၁၁၊ (ပ)၄၂၀/၂၀၁၁ ဖြင့် အမှုဖွင့်ခဲ့ကြပြီး ကျန်ရှိနေသူအချို့မှာလည်း အမှုဖွင့်တိုင်ကြားရန် စီစဉ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ''လိမ်လည်ရယူသွားတဲ့ ငွေကြေးပမာဏတွေထဲမှာ ကျပ်သိန်း ၄၀၀၀ ကျော်တဲ့ လူတွေတောင် ပါ ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့မှာ ဒေါ်အေးအေးပြုံး ကျန်းမာရေး မကောင်းလို့ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ပြန်ဆင်းလာတဲ့အခါ ဒီငွေကြေးကိစ္စကို ရှင်းလင်းပေးပါမယ်လို့ မိသားစုဝင်တွေက ပြောတဲ့အတွက် ကျွန်မတို့အားလုံး လူမှုရေးရှုထောင့်ကနေ ဆိုင်းငံ့ပေးထားတုန်းမှာ အောက်တိုဘာလ ၅ ရက်နေ့မှာ တိမ်းရှောင်သွားတာ ဖြစ်ပါတယ်''ဟု ယင်းဖြစ်စဉ်တွင် နစ်နာခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

ငွေကြေးပြဿနာတော်တော်များများမှာတော့ အဓိကပါဝင်တဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတာ အစဉ်အလာလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း နိုင်ငံဖြတ်ကျော် မှုခင်းများ ဌာနကနေတစ်ဆင့် နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး . . .

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ ရဲတပ်ဖွဲ့စခန်းမှာ တရားလို ဒေါ်ခင်လဲ့ဝင်းက အမှုဖွင့်တိုင်ကြားထားတဲ့အတွက်(ပ)၁၉၉၁/၂၀၁၁နဲ့ အမှုဖွင့် ဆောင်ရွက် နေပါတယ်။ လိမ်လည်မှုကို ဆောင်ရွက်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဂျပန်နိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်'' ဟု ဒီဇင်ဘာလ ၅ ရက် နေ့က ပြောကြားခဲ့သည်။ ''စီးပွားရေးလောကမှာတော့ ဒီလိုယုံကြည်အပ်နှံ ဖောက်ဖျက်မှုတွေ၊ လိမ်လည်မှုတွေ အနည်းနဲ့အများတော့ ရှိကြတာပါပဲ။ ဒါပေမယ့် ပမာဏ အလွန်များတဲ့ လိမ်လည်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာ တွေ့လာရပါတယ်။ ပထမ တိုင်းရင်းဆေးနဲ့ ပတ်သက်တာ၊ နောက် ပဲလောက ဖြစ်စဉ်တစ်ခု၊ ဒီလိုဖြစ်စဉ်မှာ အဓိကလုပ်ကိုင်သွားတဲ့ ပုဂ္ဂိုလ်တွေ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတယ်လို့ သိရတယ်။ ဘယ်နိုင်ငံကို ထွက်သွားတယ်၊ ဘယ်နေ့က ဆိုတာကအစ သိလို့ သတင်းပေး သူတွေက ပေးကြတယ်။

ဒါကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒါမှလည်း နောင်အလားတူ ပြဿနာတွေမှာ ဒီနည်းနဲ့ ဖြေရှင်းလို့တော့ မရနိုင်ဘူးဆိုတာ သိသွားကြမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ဝင်းက ပြောကြားခဲ့သည်။

အလားတူပင် ပဲလုပ်ငန်းရှင်များအကြား ကျပ်သိန်းပေါင်း ငါးသောင်းနီးပါး လိမ်လည်တိမ်းရှောင်မှု တစ်ရပ်လည်း ရန်ကုန်မြို့တွင် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ အထိရရှိသော စာရင်းအရ နစ်နာသူ ၅၉ ဦးက ရန်ကုန်တိုင်း ဒေသကြီးရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ သတင်းပေးပို့ထားကြပြီး အဆိုပါဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူမှာ ပြည်ပနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။

ယင်းဖြစ်စဉ်မှာ စိန်နန်းထိုက်ကုမ္ပဏီမှ ဦးဇော်သန်းထိုက်(ခ) ဦးဇော်ငယ်က ပဲလုပ်ငန်းရှင်များထံမှ ကြိုတင်အပ်နှံထားသည့် မတ်ပဲတန်ချိန် ၅၀၀၀ နီးပါးကို ရောင်းချပေးပြီးနောက် ပေးရန်ရှိငွေများကို ရှင်းလင်းပေးချေရန် ပျက်ကွက်ခြင်း၊ ချက်လက်မှတ် ရေးပေးသော်လည်း ဘဏ်တွင် ထုတ်ရန် ငွေလက် ကျန်မရှိသည့် ဖြစ်ရပ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည် ဒိုင်) က စိန်နန်းထိုက်ကုမ္ပဏီပိုင်ရှင် ဦးဇော်သန်းထိုက်နှင့်ပတ်သက်၍ နစ်နာမှုရှိသည့် ပဲလုပ်ငန်းရှင်များအနေဖြင့် လာရောက် ဆက်သွယ်ရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကလည်း စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

''ဒီဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ဦးဇော်သန်းထိုက်ဟာ အရောင်းအ၀ယ်လုပ်ငန်းတွေကို ကုန်စည်ဒိုင်အတွင်းမှာ ဆောင်ရွက်မှု ရှိနေသလို ကုန်စည်ဒိုင်ပြင်ပမှာလည်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူနဲ့အရောင်းအ၀ယ် ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ယုံကြည်မှုကို ရယူထားသူတစ်ဦး ဖြစ်သော်လည်း ဒီပြဿနာ မပေါ်ပေါက်မီ နှစ်လ သုံးလခန့်အလိုမှာတော့ ဦးဇော်သန်းထိုက်ဟာ ကုန်စည်ဒိုင်ပြင်ပမှာ ပဲရောင်းဝယ်မှု လုပ်နေတာ တွေ့ရပါတယ်။ ဒီပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ ဦးဇော်သန်းထိုက်ဟာ မိသားစုနဲ့အတူ နိုဝင်ဘာလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာသွားတာလို့ သိရပါတယ်။

သူပိုင်တဲ့ တိုက်ခန်းကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ကတည်းက ရောင်းချသွားတယ်လို့ သိရပါတယ်။ ဂိုဒေါင်တွေနဲ့ ရုံးခန်းကလည်း ငှားရမ်းသုံးစွဲထားတယ်လို့ သိရတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့် ဆင့်ကို တင်ပြထားပြီးတော့ ပြင်းပြင်း ထန်ထန် အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်''ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပဲလုပ်ငန်းရှင်များအကြား ဘီလျံ ၂၀၀ ကျော်သည့် ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပဲလုပ်ငန်းလုပ်ကိုင်သူများ အားလုံးနီးပါး အနည်းနှင့်အများ ထိခိုက်မှုရှိခဲ့သည့်အတွက် နိုင်ငံတော်အဆင့်မှ ၀င်ရောက်ဖြေရှင်းပေးခဲ့ရဖူးသည့် ဖြစ်ရပ်လည်း ရှိခဲ့ဖူးကြောင်း ပဲကုန်သည်တစ်ဦးက ဆိုပါသည်။

''ဒီလို စီးပွားရေးလောကမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးလိမ်လည်မှုတွေဟာ လိမ်လည်ခံရသူတွေသာ နစ်နာတာမဟုတ်ပါဘူး။ စီးပွားရေး အသိုင်းအ၀ိုင်းတစ်ခုလုံးမှာပါ မယုံကြည်မှုတွေအပြင် တိုးတက်မှုကိုပါ နှောင့်နှေးသွား စေပါတယ်။ အခုကျွန်တော်တို့ နိုင်ငံဟာ စီးပွားရေးနဲ့ပတ် သက်လာရင် လုပ်စရာတွေ အများကြီးပဲ ရှိနေပါတယ်။ စုပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံကြရမယ့် ကိစ္စတွေမှာ ဒီဖြစ်စဉ်တွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ကုန် မှာ သေချာ ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေ ထပ်မဖြစ်ရအောင် ကုန်စည်ဒိုင်တွေမှာလည်း ချမှတ်ထားတဲ့စည်း မျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်သလို သက်ဆိုင်ရာတွေကလည်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့ကိုလည်း ပြောကြားလိုပါတယ်''ဟု ပဲလုပ်ငန်းရှင်တစ်ဦးက အကြံပြု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးမင်းကိုဦးကလည်း ယခုဖြစ်စဉ်မှာ ပဲလုပ်ငန်းရှင်များအကြားတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုလွန်ကဲခြင်းကြောင့် ဖြစ်လာရသည်ဟု သုံးသပ်ပြီး နယ်တောင်သူနှင့် ကုန်သည်များ အကြားတွင်ရှိသည့် ယုံကြည်မှုကို အလွဲသုံးသွားသည့်ဖြစ်စဉ်ဟု ဆိုပါသည်။

ယင်းဖြစ်စဉ်သည် တိုင်းပြည်စီးပွားရေးနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် စီးပွားရေးတိုးတက်မှုဖြစ်စဉ်များအတွက် အနှောင့်အယှက်ဖြစ်စေသည့်အတွက် လူတစ်ဦးချင်းစီ၏ စိတ်ဓာတ်နှင့်လည်း သက်ဆိုင်နိုင်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

''ငွေကြေးပြဿနာ တော်တော်များများမှာတော့ အဓိကပါဝင်တဲ့ပုဂ္ဂိုလ်တွေဟာ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတာ အစဉ်အလာလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့လည်း နိုင်ငံဖြတ်ကျော် မှုခင်းများ ဌာနကနေတစ်ဆင့် နိုင်ငံ တကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ ခိုလှုံရာနိုင်ငံတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက် ဖမ်းဆီးသွားဖို့ရှိပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေကလည်း ၀ိုင်းဝန်းကူညီ သတင်းပေးကြဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမင်းက ပြောကြားခဲ့သည်။

Source by :သတင်းအယ်ဒီတာအဖွဲ့
http://first-11.com

Thursday, August 4, 2011

ဇနီး​နှင့်​ ​ဖောက်ပြန်သူအား​ သတ်ဖြတ်ပြီး​ လိင်အင်္ဂါကို ဖြတ်​တောက်ပစ်သည့်​ ​ဂျော်ဒန်သား

Thursday, 28 July 2011 07:51


alt

သွေးစွန်းနေသော ဓားတစ်လက်© dailymail

ဂျော်ဒန်နိုင်ငံမှ အမျိုး​သား​ တစ်ဦး​သည် ၎င်း​၏ ဇနီး​နှင့်​ ​ဖောက်ပြန်​နေသူအား​ သတ်ဖြတ်ကာ လိင်အင်္ဂါကို ဖြတ်​တောက်ပစ်ခဲ့​​ကြောင်း​ သိရှိရသည်။

၎င်း ​သည် ထိုခန္ဓာကိုယ် အစိတ်အပိုင်း​ကို အိတ်တစ်လုံး​ထဲတွင် ထည့်​ပြီး​​နောက် ရဲစခန်း​တွင် သွား​​ရောက် အဖမ်း​ခံခဲ့​သည်။ အမွန်မြို့​ရှိ ဟိုတယ်ခန်း​ တစ်ခုသို့​ ဇနီး​သည်၏ တိတ်တိတ်ပုန်း​ ချစ်သူကို ​ခေါ်​ဆောင်ပြီး​ အသက် ၃၅ နှစ်အရွယ် ထိုအမျိုး​သား​က ရက်ရက်စက်စက် စီရင်ခဲ့​ခြင်း​ဖြစ်သည်။

ရဲများ ​က ထိုသူသည် မိမိတို့​၏ သုံး​ပွင့်​ဆိုင် ဇာတ်လမ်း​ကို တိုး​တိုး​တိတ်တိတ် ​ဖြေရှင်း​ရန်ဟု အ​ကြောင်း​ပြကာ တိတ်တိတ်ပုန်း​ ချစ်သူကို အဆိုပါ ဟိုတယ်သို့​ ချိန်း​ဆိုလိုက်ခြင်း​ဖြစ်သည်။ ဇူလိုင်လ ၂၃ ရက်​နေ့​က ထိုသူသည် အမျိုး​သား​ တစ်ဦး​၏ လိင်အင်္ဂါ ထည့်​ထား​​သော အိတ်တစ်လုံး​ဖြင့်​ ရဲစခန်း​သို့​ ​ရောက်ရှိလာ​ကြောင်း​ ရဲများ​က အတည်ပြုခဲ့​သည်။

ပြစ်မှုမှတ်တမ်း ​​ဟောင်း​ရှိသူ တစ်ဦး​ဖြစ်​သော အဆိုပါ အမျိုး​သား​သည် အသက် ၂၇ နှစ်ရှိ ဇနီး​သည်နှင့်​ တိတ်တိတ်ပုန်း​ ချစ်သူတို့​ကို အိမ်​ထောင်​ရေး​ ​ဖောက်ပြန်မှုဖြင့်​ လွန်ခဲ့​​သော လအနည်း​ငယ်က တရား​စွဲဆိုထား​သည်။ သို့​​သော်လည်း​ တရား​ရုံး​က ထိုနှစ်ဦး​အား​ လွှတ်​ပေး​ရန် ဆုံး​ဖြတ်ခဲ့​ပြီး​​နောက် ယခုကဲ့​သို့​ ​ခြောက်ခြား​ဖွယ် ကိစ္စများ​ ဖြစ်​ပေါ်လာခြင်း​ဟု သိရသည်။ ရဲတပ်ဖွဲ့​မှ တာဝန်ရှိသူ တစ်ဦး​က အမျိုး​သမီး​၏ ခင်ပွန်း​သည် တရား​မျှတမှုအတွက် မိမိကိုယ်တိုင် စီရင်ရန် ဆုံး​ဖြတ်ခဲ့​ခြင်း​ဟု ထွက်ဆိုခဲ့​​ကြောင်း​ ​ပြောကြား​သွား​သည်။


မေးလ်ထဲဝင်လာ ပြန်မျှတာပါ။

Monday, July 18, 2011

ထူးထူးခြားခြား တလင် နှစ်မယား ( အားလုံးကြည့်ရန်)


FaceBook မှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေပါ။
မင်္ဂလာမောင်မယ်တွေကတော့
မောင်မင်းမင်းစိုး၊ မနှင်းဆွေ၊ မပိုပို လို့ ဆိုတယ်။


ဘိသိတ်ဆြာက လက်မှာ သပြေခက်၊ ရေခွက်၊ မိုက်ကရိုဖုန်းနဲ့။

ရက်စွဲတပ်မထားတော့ ဘယ်ကာလမှန်း မသိရပါ။ (ဓာတ်ပုံရိုက်ခဲ့သူရဲ့ ဖြည့်စွက်ချက်ကို အောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်)




ဧည့်ပရိသတ်ရဲ့ ၀တ်စားဆင်ယင်ပုံအရ ဆောင်းတွင်းလို့ ယူဆရပါတယ်။


ဒီပုံတွေ တင်ထားတဲ့ ကိုဇော်မြင့်သိန်းကတော့ ထူးထူးခြားခြား မင်္ဂလာပွဲ လို့ ခေါင်းစည်း တပ်ပြီး ဟောဒီလို ရေးထားလေရဲ့။


ထူးထူးခြားခြား မင်္ဂလာပွဲလေး 2010ခုနှစ် ကောလင်းသို့ ခရီးသွားခဲ့ရာမှ စတင်​ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်သည်။ ရွှေဘိုမြို့နယ်တွင် ရိုက်ကူးရေးကို အထူး လုပ်ကိုင်ပါသည်။ သို့ပေမယ့် ခင်ရာ မင်ရာများကိုလည်း ဘယ်လောက်ေ​၀းဝေး လိုက်ရိုက်ပေးပါသည်။ ၀ါသနာ အလွန်ကြီးခဲ့သည်။

ကျွန်တော်နှင့် အလွန် ၀ါသနာတူသော သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။ ​ သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အလယ်ရှို)ရွာတွင် ဓာတ်ပုံ ရိုက်ရန် အကြောင်းရှိလာရာ​ သွားရောက် ရိုက်ကူးခဲ့ကြပါသည်။ သွားရောက် ရိုက်ကူးသောပွဲမှာ ရွှေဘိုမြို့မှ ဘော်ဒါကျောင်းဆရာတစ်ဦး၏ မင်္ဂလာဆောင် ဖြစ်ပါသည်။

ဓာတ်ပုံ ရိုက်ပြီးသောနေ့တွင် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက် အမှတ်တမဲ့ ကြည့်မိ၇ာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကိုေ​တွ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီး အထက်ကို တက်လျှင် ခင်ဦးမြို့နယ်ကို ရောက်ပါသည်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကို ရောက်သည်။ ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ ရောက်သည်။

ကောလင်းတွင် သူငယ်ချင်းများရှိရာ​ မရောက်တာ ကြာပြီဖြစ်သော သူငယ်ချင်း နှစ်ယောက်သားမှာ ကောလင်းသို့ သွားရကောင်း နိုးနိုးနှင့် ချီတုံချုတုံ ဖြစ်နေစဉ် တစ်ယောက်ကို တစ်ယောက် ငွေကြေး မည်မျှပါကြောင်း ပြောကာ ခရီးစရိတ် လုံလောက်သောကြောင့် သွားရန်စီစဉ်ပြီး ကောလင်းသို့ ခရီးထွ​က်ခဲ့ကြပါသည်။

ကောလင်းတွင် သူငယ်ချင်းများ ပြော​ပချက်အရ ထူးထူးခြားခြား မင်္ဂလာပွဲ ရှိကြောင်း ၀န်းသိုနယ်ထဲမှာပဲ ဖြစ်ကြောင်း သိ​ရပါသည်။ ထို့ကြောင့် ၀န်းသိုသို့ သွားရန်ထက် စိုင်းပြင်ရပြန်ပါသည်။ ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့် သတို့သမီး​နှစ်ယောက်တို့ တပြိုင်နက် မင်္ဂလာဆောင်ခြင်း ဖြစ်ေ​ကြာင်း သိရသောအခါ အလွန် အင်မတန်မှ စိတ်ဝင်စားခဲ့ပါတော့သည်။

အမှတ်တရ ဓာတ်ပုံများကို ဓာတ်ပုံဆရာများက ရိုက်ကူးပေးသည်မှာ ကြည်နူး​စရာလဲ အလွန်ကောင်းသည်။ (ထိုအခါက တိုင်းမှုးသည်လည်း ကောလင်းနယ်ဘက်သို့ ရောက်နေရာ အလွန်တရာမှ လူပြောများနေသော မင်္ဂလာပွဲသို့ လာရောက်ကြည့်​ရူ့ခဲ့သည်ဟု သိရပါသည်။ ကျွန်တော်ေ​တာ့ မတွေ့လိုက်ရပါ။ ) ခြိမ့်ခြိမ့်သဲမျှ ကျင်းပသော မင်္ဂလာပွဲကို အလွန်တ​ရာ စိတ်ဝင်စားမှုရှိရာမှာ ရွာခံတစ်​ယောက်ကို မေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာ ရွှေတော(ဖတ်ရှည်)မှ​ ဖြစ်ကြောင်း သိရသည်။

အကြောင်းစုံကို သိရန် မေးမြန်းခဲ့ပါသည်။ 2008ခုနှစ်တွင် ရွာခံ သတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ ချစ်ခင်စုံမက်ရာ လူကြီးမိဘများကို အသိပေးခဲ့ကြလေသ​ည်။ သတို့သားဘက်မှ အလွန်ချို့တဲ့သ​ည့် အလျှောက် သတို့သား မိဘများကလည်း တောင်းရမ်း​လက်ထပ်မပေးနိုင်ပေ။ ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့် ပေါင်းဖက်နိုင်ရန် အလို့ငှာ ရွှေတော ခေါ် ဖတ်ရှည်သို့ အရင်းအနှီး ရှာရန် ချစ်သူကို ဇာတိကျေးရွာတွင် ထားခဲ့​ကာ ခရီး ထွက်လေတော့သည်။

လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါး အဆင်ပြေသောအခါတွင် မောင်မင်းမင်းစိုးသည် တစ်ရွာတစ်​ယောက် ဆိုသလို ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့် ရည်းစားဖြစ်ပါတော့သ​ည်။ မပိုပိုကိုလည်း ချစ်သည်။ ဇာတိတွင် ကျန်ခဲ့သော မနှင်းဆွေကိုလည်း ချစ်သည်။ အလွန်ခက်ခဲသော ပြဿနာကို မောင်မင်း​မင်းစိုး စတင် ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မ​ပေး တင်းမာနေကြရာ မည်သူကမှ အဆုံးအရှုံး မခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကို နှစ်ဦးနှစ်ယောက်လုံးက ရယူလိုကြလေတော့သည်။ ထိုအခါ အမျိုးသမီးနှစ်ဦးက အပြိုင်အဆိုင် ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲ စတင် ဖြစ်ပေါ်လာပါတော့​သည်။

မိဘဆွေမျိုးများက ဘယ်လိုပင် တားတား အလျှော့မပေးကြပေ။ ငယ်ရွယ်ကြသော်လ​ည်း မာနကိုယ်စီနှင့်ပြိုင်ကြရာ သုံးေ​ယာက်သား တစ်ရက်တည်း မင်္ဂလာဆောင်သည်​အထိ ဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ အမှားပါရင်လည်း ခွင့်လွှတ်ကြပါဗျာ။ ကျွန်တော်လည်း တွေ့ဖူးတာလေးမို့ တ​င်လိုက်ရတာပါ။

(မှတ်ချက်။ ။ ကျွန်ုပ် သိသမျှဖြစ်ပါသည်။ ဓာတ်ပုံများမှာလည်း မူရင်းအတိုင်း ဖြစ်​ပါသည်။ )
http://www.irrawaddyblog.com/

Saturday, July 9, 2011

သင့် လက်ကိုင် ဖုန်းဖြင့် ဝိတ်ချ လိုပါသလား ....

http://www.yoyarlay.com/images/resized/images/stories/yyl/2011/7/8/h_8_35_8_200_200.jpg

တစ်စုံ တစ်ယောက်က သူတို့ရဲ့ နေ့လယ်စာကို လက်ကိုင် ဖုန်းနဲ့ ဓာတ်ပုံ ရိုက်နေတာ တွေ့ရင် အထိတ် တလန့် မဖြစ်သွားပါနှင့်။ ဒါက မိမိရဲ့ တစ်နေ့တာ စားတဲ့ အစားအစာ တွေကို မှတ်တမ်း တင်တဲ့ အခါ စာအုပ်ထဲမှာ မရေးချဘဲ ဖုန်းကို အစားအသောက် ဒိုင်ယာရီအဖြစ် အသုံးချတဲ့ စိတ်ကူး လေးတစ်ခု ဖြစ်ပါတယ်။

သင်တစ်နေ့တာ စားသမျှ အစားအစာ တွေကို မှတ်တမ်း တင်ခြင်းက မကောင်းတဲ့ စားသောက်မှု အလေ့အထများကို ဖျောက်ဖျက် ပစ်ရာမှာ ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်။

သင်ထမင်း စားတိုင်း ဒါမှမဟုတ် သရေစာစားတိုင်း သင့်ရဲ့ လက်ကိုင် ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူထားပြီး ယင်းဓာတ်ပုံများကို ပြန်လည်သုံးသပ်ပါ။ အာဟာရဓာတ်ပညာရှင် ဒေါက်တာ နာရက်စ်လက်ပ်ဆီက “သင့်ထမင်းပွဲကို ဓာတ်ပုံများ ရိုက်ယူ ထားခြင်းဟာ အကျိုးကျေးဇူး ရှိတယ်ဆိုတာ ကျွန်ုပ်တွေ့ရပါ တယ်။

သင်ဘာတွေ စားခဲ့သလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ တွန်းအားပေးပါတယ်” လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံမှာတော့ သင်ရိုက်ထားတဲ့ အစားအစာ ဓာတ်ပုံများကို အာဟာရ ဓာတ်ပညာရှင်တစ်ဦး ဆီပေးပို့ပြီး ထို ပညာရှင်က သင်စားသောက်ခဲ့တဲ့ အစားအစာတွေကို စိစစ်စိတ်ဖြာပြီး ရလဒ်ကို သင့်ဆီပြန်လည်ဖြေကြား ပေးပါတယ်။

http://www.yoyarlay.com/

Sunday, July 3, 2011

ယုံကြည်မှု ရှိစွာနဲ့ ကြည်လင် ဝင်းပတဲ့ မျက်နှာကို ပိုင်ဆိုင် နိုင်ဖို့

http://www.yoyarlay.com/images/resized/images/stories/yyl/2011/7/2/h_8_34_6_200_200.jpghttp://www.yoyarlay.com/images/resized/images/stories/yyl/2011/7/2/h_8_34_5_200_200.jpghttp://www.yoyarlay.com/images/resized/images/stories/yyl/2011/7/2/h_8_34_7_200_200.jpghttp://www.yoyarlay.com/images/resized/images/stories/yyl/2011/7/2/h_8_34_8_200_200.jpg

အခုခေတ်မှာ ဘယ်သူ မဆို အလှအပ နဲ့ ပတ်သက် ပြီးတော့ စိတ်ဝင် စားလာကြ ပါတယ်။ မိမိရဲ့ အလှကို ယုံယုံ ကြည်ကြည် ရှိဖို့အတွက် ခေတ်ပေါ် အလှပြုပြင် စက်ကိရိယာ တွေနဲ့ ပြုပြင် ကြသလို အလှကုန်ပစ္စည်း အမျိုးမျိုးထဲက ကိုယ်နဲ့ သင့်တော်မယ့် အရာတွေကို ရွေးပြီး သုံးတတ်ကြပါတယ်။ အလှပြု ပြင်တဲ့ ဆိုင်တွေက အလှဖန်တီးရှင် တွေကလည်း customer တွေနဲ့ လိုက်ဖက်တဲ့ ပစ္စည်းတွေကို အသုံးပြု ပေးတတ်ပါတယ်။ အခုခေတ်မှာ ယောကျာ်းလေး၊ မိန်းကလေးတွေကို ကြည့်လိုက်ရင် သူတို့တွေ အမြဲတမ်း လှပနေကြတာကို တွေ့ရပါတယ်။ ဒီလို အလှအပနဲ့ ပတ်သက်ပြီး လူတွေ တော်တော်များများ ဂရုစိုက်စွာနဲ့ ပြု လုပ်လာတာကို တွေ့ရတဲ့အတွက် အခု မျက်နှာ အလှ ပြုပြင်တဲ့ စက်တစ်မျိုး အကြောင်းကို မိတ်ဆက်လိုပါတယ်။ ဒီစက်ကိုအမှတ် (၁၅၈/အေ)၊ ရန်ကုန်- အင်းစိန်လမ်းမကြီး၊ (၉) ရပ်ကွက်၊ လှိုင် မြို့နယ်မှာ ဖွင့်လှစ်တဲ့ Unity Hair & Beauty ဆိုင်မှ သရုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစက်မှာ ကိရိယာ ၆ မျိုး ပါရှိပါတယ်။

ပြုလုပ်တဲ့နည်းက -

မျက်နှာရဲ့ အသားအရေ နူးညံ့ ပြီးအေးမြစေဖို့အတွက် ပထမဆုံး Cucumber Cleansing Cream နဲ့ မျက်နှာအသားထဲသို့ စိမ့်ဝင်အောင် လိမ်းပေးကာ မိနစ်အနည်းငယ် နှိပ်ပေး ရပါတယ်။ ပြီးရင် ခရင်မ်တွေကို တစ်သျှူးစနဲ့ သုတ်ပေးရပါမယ်။ ပြီးရင်မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးတွေ၊ ဖုန်မှုန့်တွေ ကင်းစင်အောင်လို့ Facial Washing ကို လိမ်းပေးပြီး စနိုးတာဝါကို ရေနွေးအနည်းငယ်ဆွတ်ကာ သန့်ရှင်း ပေးရပါတယ်။ Vitamin-E Foaming ကို လိမ်းပေးပြီး ဆားဝက် ခြံထုတ်တဲ့စက်နဲ့ မျက်နှာပေါ်မှာ ရှိတဲ့ ဆားဝက်ခြံတွေကို စုပ်ထုတ်ပေးရပါ တယ်။ Vitamin-E Foaming လိမ်းပေးခြင်းဖြင့် မျက်နှာမှာရှိတဲ့ ဆားဝက်ခြံတို့ကို ထုတ်ပေးရတာ အဆင်ပြေပြီး နာကျင် ခြင်းလည်း မရှိပါဘူး။ ဘေးထွက် ဆိုးကျိုးလည်း မရှိပါဘူး။

မျက်နှာ ပြင်ပေါ်မှာ ရှိတဲ့ ဆဲလ် အသေတွေကို ဖယ်ရှားပေးပြီး ဆဲလ် အသစ်တွေပြန်လည် ဖြစ်ပေါ်စေတဲ့ ဆေးလုံးကို လိမ်းပေးပြီး အဆိပ်ထုတ် တဲ့စက်နဲ့ မျက်နှာမှာရှိတဲ့ အဆိပ်တွေ ကိုထုတ်ပေးရပါတယ်။ ဒီစက်ကတော့ ပါးပြင်၊ နဖူး၊ မေးစေ့ကို စက်မှာပါတဲ့ အဝိုင်းလေးနဲ့ လုပ်ပေးပြီး နှာခေါင်း ကြား၊ မျက်ကွင်း၊ နှုတ်ခမ်းရဲ့ အပေါ် ကိုတော့ အချွန်လေးနဲ့ လုပ်ပေးရပါ တယ်။ ဒီစက်ဟာ ဆဲလ်အသစ် တွေကို ဖြစ်ပေါ်စေတဲ့အပြင် အညစ်အကြေးများနဲ့ အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးပါတယ်။ ပြီးတော့ စက်ကနှိပ်ပေးသလိုဖြစ်တဲ့အတွက် မျက်နှာပေါ်မှာပိတ်နေတဲ့အကြောလေး တွေကို ပွင့်စေပါတယ်။ စက်ဆိုပေမယ့် အပူပေးသလို မဟုတ်ဘဲနဲ့ အေးမြတဲ့ ခံစားမှုကိုပဲ ရရှိစေပါတယ်။ အချိန် ၅မိနစ်ခန့် လုပ်ပေးပြီး တစ်သျှူးစနဲ့ သုတ်ပေးလိုက်တဲ့အခါ မျက်နှာပေါ်မှာ ရှိတဲ့ အညစ်အကြေး၊ အဆိပ် အတောက်တွေဟာ မဲနက်ပြီး ထွက်လာပါတယ်။ အသားမညီညာမှုတွေကို လေ ဆာစက်နဲ့ ညှိပေးခြင်းဖြင့် အသား အရေကို ဖြူဝင်းတောက်ပစေကာ နူးညံ့စေပါတယ်။

လေဆာစက်က လည်း နှစ်မျိုးခွဲပြီး သုံးရပါတယ်။ ပါးပြင်၊ နဖူး၊ မေးစေ့ကို အပြားလေးနဲ့ သုံးပေးပြီး နှာခေါင်းကြား၊ မျက်ကွင်း၊ နှုတ်ခမ်းတို့ကို အချွန် အရှည်လေးကို သုံးရပါတယ်။ အချိန် က ၅မိနစ်ခန့် လုပ်ပေးရပါတယ်။ ဒီလိုစက် ကိရိယာတွေနဲ့ ပြုပြင်တဲ့ အပြင် အဓိက ကိုယ့်ရဲ့ အသားအရေ ကို အမြဲတမ်း ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်သုံးမယ့် အလှကုန်ပစ္စည်းတွေကို ရွေးချယ်ပြီး သုံးတတ်ဖို့လည်း လိုအပ် ပါတယ်။ ဒီနည်းကို တစ်လလျှင် ၂ကြိမ် လောက် လုပ်ပေးမယ်ဆိုရင် မိမိကိုယ် ကို ယုံကြည်မှုရှိပြီး ဖြူစင်ဝင်းပတဲ့ မျက်နှာကို ပိုင်ဆိုင်မှာပါ။ ဈေးနှုန်းက လည်း မများပါဘူး။ ကျပ် ၅၀ဝ၀ နဲ့ ကျပ် ၆၀ဝ၀ ကြားမှာပဲ ရှိပါတယ်လို့ ပြောပြသွားခဲ့ပါတယ်။

http://www.yoyarlay.com/

Sunday, June 12, 2011

စိတ်ညစ်နေ စိတ်ဓာတ်ကျနေသော သူငယ်ချင်းများ အတွက်ပါ


စိတ်ညစ်တယ် စိတ်ဓာတ်ကျ တယ်ဆိုတာ ထွက်ပေါက်မရှိလို့ ဖြစ်ပါတယ်။ ထွက်ပေါက် ဆိုတာ ဘာလဲ ? သူငယ်ချင်း အရမ်းစိတ်ညစ်နေတဲ့ အခါလေးမှာ ဘာလုပ်မှာလဲ ?

၁။ အရက်သောက်မှာလား ?
၂။ ပျော်အောင်နေမှာလား ?
၃။ ပြသာနာကို ရှောင်ပြေးနေမှာလား ?

စိတ်ညစ်နေရင် စိတ်ကို ဖြေမဲ့ နည်းလမ်းက ထွက်ပေါက်ကို ရှာတတ်ကြပါတယ်။

ထွက်ပေါက်လေး တစ်ခုရအောင် သူငယ်ချင်း ရဲ့စိတ်ဓာတ်ကို အရင် ပြောင်းကြည့်ဖို့ ဒီစာလေးကို ဖတ်ကြည့် ရအောင် ....

သူငယ်ချင်း စဉ်းစားကြည့် ...

ဒါပေမယ့် လောကကြီးဟာ နေတတ်ရင် ကျေနပ်စရာလေးပါ။ လူမှန်သမျှ စိတ်ညစ်တာတွေ ရှိနေကြ ရှိကြတာပါ။ အနည်းနဲ့အများ သာ ကွာတာပါ။ ဘဝမှာ စိတ်နဲ့ပဲ ဦးဆောင် စိတ်နဲ့ပဲ အလုပ်လုပ်နေရတာပါ။

စကားတစ်ခွန်းတော့ ကြားဖူးပါတယ် " လူ့ဘဝဆိုတာ ရခဲ့ပါတယ် "ဒါကြောင့် ရခဲ့လှတဲ့ လူ့ ဘဝလေးမှာ စိတ်ဓာတ်မကျဖို့ စိတ်အားမငယ်ဖို့ လိုအပ်ပါတယ် သူငယ်ချင်း ......

ဘဝတစ်ခုမှာ မင်းကသာ ဦးဆောင် မင်းကသာ နောက်လိုက်ဖြစ်တယ်။ မင်းရဲ့စိတ်ဓာတ်ကို ဘယ်တော့ မှ ပျော့ညံ့နေလို့ မရဘူး။ စိတ်အားမငယ်ရဘူး စိတ်ညစ်မှု မရှိစေရဘူး။

ပြသာနာ တစ်ခု ဖြစ်လာရင် ကြုံလာရင် မရှောင်ပြေးပါနဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိလေးကို ထားပြီး အလောတကြီး မဟုတ်ပဲ ခေါင်းအေးအေးလေး ထားပြီး ဖြေရှင်းပေးပါ။

မင်းစိတ်ကို တတ်နိုင်သလောက် စိတ်ပျော်အောင်နေထိုင်တတ်ရမယ်။ ပြောဆိုဆက်ဆံတာတွေ သွားလာလှုပ်ရှား နေတာတွေဟာ တကယ့် စိတ်ပါလက်ပါနဲ့ လုပ်ဆောင် နေထိုင်ရမယ်။ လူဆိုတာ အမြဲတမ်း ပျော်နေတဲ့ သူတစ်ယောက်မှ မရှိပါဘူး စိတ်ညစ်မှု တစ်ချိန်ကျရင် ကြုံတွေ့ဆိုင်ရင် ရမယ်။ ဒီတော့ ခံနိုင်ရည် ရှိအောင် ကြိုးစား နေထိုင်တတ်ရမယ် ....

သူငယ်ချင်း ... ငါကြားဖူးတဲ့ စကားလေး တစ်ခွန်း က

" ဘယ်တော့မှ စိတ်မပျက်နဲ့ စိတ်ပျက်နေ စိတ်ဓာတ်ကျနေရင် အလုပ်ကို
ဆက်လုပ်ပါတဲ့ "

ဒါကြောင့် အသက်နဲ့ ရှင်သန်နေတဲ့ ဘဝတစ်ခုမှာ စိတ်ညစ်နေ စိတ်ဓာတ်ကျ နေမဲ့အစား အလုပ်ထဲမှာ စိတ်ကိုထိန်းချုပ်ထားပြီး ပို၍ လုပ်ကိုင်သင့်တယ်လို့ ငါပြောချင်ပါတယ် သူငယ်ချင်း ...

မင်း ... စဉ်းစားကြည့်နော် ..

အဆိုးကိစ္စတွေကို ဘယ်သူက မလိုချင်ပါဘူး .... ဘယ်သူမဆိုကောင်းတာနဲ့ ဆိုးတာကိုကောင်းတာကိုပဲ လိုချင်နေကြတဲ့ လူတွေချည်းပါပဲ။

ဒါကြောင့် ဖြစ်လေရာ ဘဝတစ်ခုကို ဖြစ်သလို နေမဲ့အစားလောကကြီးကို အရှုံးမပေးပဲ ကြံကြံခံ ရင်ဆိုင်ရဲ့တဲ့ သတ္တိလေးတွေ အတွေးလေးတွေ စိတ်ဓာတ်လေးတွေကို ပြုပြင်သင့် ထားသင့်ပါတယ်။ သူငယ်ချင်း ...

လောကကြီးမှာ ဘာမှလွယ်လွယ်နဲ့ရတာ မရှိပါဘူး .... သူငယ်ချင်း ဒီတော့ မင်းဘယ်တော့မှ စိတ်ဓာတ်မကျပဲ အရာရာကို ရင်ဆိုင်ရဲ့တဲ့ စိတ်ဓာတ်လေးကို ထားသင့် ပါတယ်။

အကောင်းဆုံးကိုလည်း မျှော်လင့်သလို အဆိုးကိစ္စတွေ ကိုလည်းရင်ဆိုင်ရဲ့တဲ့ စိတ်ဓာတ်တွေ သတ္တိတွေရှိထားပါ။

အရာရာကို အရှုံးပေးချင်တတ်တဲ့ အားငယ် တတ်တဲ့ သူငယ်ချင်းရဲ့ စရိုက်လေးကိုပြင်ရမယ် ...

ဒါဆိုရင် သူငယ်ချင်းရဲ့
ဘဝလေးဟာ တိုးတက်ဖို့ ဆိုတာ အသေအချာပဲ သူငယ်ချင်းရေ ......

နောက်ဆုံး ငါမင်းကို စကားလက်ဆောင် ပေးချင်တာက" ဘဝမှာ အနေတတ်ရင် အသေမြတ်တယ် " ဆိုတဲ့စကားလေးပါပဲ။

မင်းစိတ်ညစ်နေတဲ့အခါ စိတ်ဓာတ်ကျနေတဲ့အခါ ဒီစကားလေးကို သတိရလိုက်ပါ။

ရောက်လေရာ နေရာလေးတွေမှာ လူတိုင်းလူတိုင်းနဲ့ လိုက်လလျှောညီထွေ နေထိုင်ပြီး သူငယ်ချင်း ရဲ့ဘဝလေးကို စိတ်ဓာတ်မကျပဲ နေနိုင်ပါစေ။

စိတ်ညစ်နေတဲ့အခါ လမ်းမှန်ကို ရွှေးတတ်ပြီး အဆင်ပြေအောင် နေထိုင် တတ်ပါစေ။ သူငယ်ချင်း ....

မင်းရဲ့သူငယ်ချင်း
နေဇော်လင်း
4.6.2011
11:37 PM

http://www.nayzawlin1.com/2010/09/blog-post_27.html

http://r9.fodey.com/2160/b42aa8612322495981b4d84a0d38fee2.0.gif

Thursday, April 21, 2011

သုက်ပိုး​​လှုပြီး​ ​ငွေရှာ​​နိုင်သည့်​ တရုတ်​​​ကျောင်း​သား​များ

တရုတ်နိုင်ငံမှ ​ကျောင်း​သား​များ​အ​နေနှင့်​ သုက်ပိုး​လှူပြီး​ ​ငွေရှာနိုင်သည့်​ အခွင့်​အလမ်း​မျိုး​ ရ​နေ​ကြောင်း​ သိရသည်။ တရုတ်နိုင်ငံရှိ မြို့​ကြီး​များ​တွင် ​နေထိုင်​သော စုံတွဲများ​အနက် ၁ဝ ရာခိုင်နှုန်း​မျှသည် သား​သမီး​ မရနိုင်သည့်​ အ​ခြေအ​နေနှင့်​ ကြုံ​နေရသည်။

ဂွမ်​ဒေါင်း​ရှိ ငယ်ရွယ်ကျန်း​မာ​သော ​ကျောင်း​သား​လေး​များ​သည် ယင်း​​အ​ခြေအ​နေ​အတွက် အ​ဖြေတစ်ခုအဖြစ် တရုတ်​ကျန်း​မာ​ရေး​ ဝန်ကြီး​ဌာနက ယုံကြည်ထား​သည်။ ကျန်း​မာ​ရေး​ ဝန်ကြီး​​ဌာနက အသက် ၂၂ နှစ်မှ ၄၅ နှစ်ကြား​ ကျန်း​မာ​ရေး​ ​ကောင်း​မွန်သူများ​အား​ တစ်သက်တာတွင် သုက်ပိုး​​တစ်ကြိမ် လှူဒါန်း​ရန် ခွင့်​ပြုထား​သည်။ သို့​သော် ယင်း​ လူစာရင်း​တွင် နိုင်ငံခြား​သား​များ​နှင့်​ လိင်တူဆက်ဆံသူ Gay များ​ မပါဝင်​ချေ။ ​ရောဂါကင်း​စင်ပြီး​ ပြည့်​စုံ​ကောင်း​မွန်​သော သုက်ပိုး​​လှူဒါန်း​ထား​သူသည် ၎င်း၏ သုက်ပိုး​အား​ က​လေး​လိုချင်​သော စုံတွဲတစ်တွဲအတွက် အသုံး​ပြုပြီး​ချိန်တွင် ​ထောက်ပံ့​ကြေး​ ယွမ် ၃၀၀၀ ​ပေး​အပ်သွား​မည်ဟု ဂွမ်​ဒေါင်း​ သုက်ပိုး​ဘဏ်မှ တာဝန်ရှိသူများ​က ​ပြောကြား​ခဲ့​သည်။

ယခုလုပ်ရပ်သည် သုက်ပိုး​ကို ​ရောင်း​စား​ခြင်း​ဟု သတ်မှတ်ရန် မသင့်​ကြောင်း​၊​ မိမိတို့​သည် အစား​အ​သောက်နှင့်​ ခရီး​စရိတ်တို့​အတွက် ရည်ရွယ်​ထောက်ပံ့​မှု ပြုလုပ်​ပေး​သည့်​ သ​ဘောမျိုး​သာဖြစ်​ကြောင်း​ တာဝန်ရှိသူများ​က ​ပြောကြား​ခဲ့​သည်။ ဂွမ်​ဒေါင်း​ရှိ သုက်ပိုး​ဘဏ် ၁၀ ခုတို့​တွင် ပြီး​ခဲ့​သည့်​နှစ်က စုစု​ပေါင်း​ သုက်ပိုး​လှူဒါန်း​သူ ၉၀၀ ​ကျော်ထိ ရှိလာပြီး​ ယင်း​မတိုင်မီ နှစ်ကထက် နှစ်ဆပိုများ​လာခြင်း​ဟု သိရှိရသည်။


မေးလ်ထဲဝင်လာ ပြန်မျှတာ

Wednesday, March 2, 2011

အဓမ္မကျင့် သတ်ဖြတ်ခံရ

မဇ္ဈိမသတင်းဌာန ။ ။ ထိုင်းလူမျိုး ၄ ဦးက မြန်မာအလုပ်သမား ခင်ပွန်းသည်ကို ရိုက်နှက်ပြီး ဇနီးသည်ကို အဓမ္မပြု သတ်ဖြတ်သွားသည့် ဖြစ်ရပ်တခု ထိုင်းနိုင်ငံတောင်ပိုင်း၌ တနင်္ဂနွေနေ့ (၂၇-၂-၂၀၁၁) အကူးတွင် ဖြစ်ပွားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ အဆိုအရ သိရသည်။

ချုံဖော်ခရိုင် ထပ်ဆပ်မြို့နယ် ဘန့်ကျန်ထိန့်ဒေသတွင် ထိုင်းလူမျိုး ၄ ဦးက ရော်ဘာခြံလုပ်သား ကိုအောင်ငွေ (၁၉ နှစ်) ကို ထိုးကြိတ်ရိုက်နှက်ပြီး၊ ဇနီး မဝေဝေလွင် (၂ဝ နှစ်) ကို မတရားပြုကျင့်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု သိရခြင်း ဖြစ်သည်။

“စနေနေ့ညက ဖြစ်တာပါ။ ည ၁၂ နာရီကျော်လောက်မှာ ထိုင်း ၄ ယောက် သူတို့ခြံထဲကို ဝင်လာပြီး အောင်ငွေကို ထုထောင်းရိုက်နှက်ပြီး ရေကန်ထဲပစ်ချတယ်။ ပြီးတော့ ကောင်မလေးကို ရေကန်ဘေးမှာပဲ မတော်မတရား ပြုကျင့်ခဲ့တာပါ” ဟု မဝေဝေလွင်၏ အကိုဝမ်းကွဲတော်သူ ကိုထွန်းခိုင်က မဇ္ဈိမကို ပြောသည်။ ၎င်းတို့ပါလာသော သေနတ်ဖြင့် ဦးခေါင်းကို ပစ်သတ်သွားခဲ့သည်ဟုလည်း ဆိုသည်။

သေဆုံးပြီထင်၍ ရေကန်ထဲ ပစ်ချခံထားရသူ ကိုအောင်ငွေ သတိရလာပြီး ရေကန်ဘောင်ပေါ် ပြန်အတက် သစ်ကိုင်းခြောက် နင်းမိသဖြင့် ထိုင်းများက သတိပြုမိသွားကာ သေနတ်ဖြင့် ၃ ချက် လှမ်းပစ်ကြောင်းနှင့် သေနတ်ကျည်ဆံတခု ဝဲဘက်လက်ပြင်တွင်းသို့ ဝင်ရောက်သွားသော်လည်း အနီးရှိ ရော်ဘာခြံသို့ သွား၍ ဆွေမျိုးသားချင်းများထံသို့ ဖုန်းဖြင့် ဆက်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

“အောင်ငွေ အဲလိုပြေးပြီး ဖုန်းဆက်ပြောမှ သူ့ဆွေမျိုးတွေက သိတာ။ အဲဒါနဲ့ လူစုပြီး သွားပြန်ကြည့်တော့ ၃ နာရီ ထိုးနေပြီ ရေကန်ဘေးမှာ အလောင်းပဲ တွေ့တော့တယ်။ ဖျာတွေ၊ မွေ့ယာတွေအပေါ်မှာပါ။ ခေါင်းထဲကို သေနတ်နဲ့ ပစ်ထည့်သွားတယ်” ဟု ကိုထွန်းခိုင်က ပြောဆိုသည်။

ကိုအောင်ငွေမှာ သတိပြန်မလည်သေးသဖြင့် ယခုအခါတွင် ချုံဖော်ဆေးရုံကြီးတွင် အရေးပေါ် ဆေးဝါးကုသနေရသည်။

ရဲက ၄ ဦးအနက် ၃ ဦးကို ဖမ်းဆီးပြီး တဦးလွတ်နေသည်။ ထို့အတွက် ယနေ့မနက် ၁၁ နာရီတွင် မဝေဝေလွင် ရုပ်အလောင်း ထားရှိရာ ဘုန်းကြီးကျောင်းသို့ ရဲများက တရားခံအဖြစ် စွပ်စွဲခံထားရသူ ၃ ဦးနှင့်အတူ လာရောက်၍ မှုခင်းမှတ်တမ်းတင် သက်သေခံချက် ယူသည်။

“သူ့သူဋ္ဌေးက အကုန်လိုက်လုပ်ပေးပါတယ်။ ဒီမနက်မှာ လာပြီး အလောင်းရှေ့မှာ ဒူးထောက် တောင်းပန်ခိုင်းတယ်။ တီဗီနံပါတ် ၃ လိုင်းကလည်း လာရိုက်တယ်” ဟု ကိုထွန်းခိုင်က ပြောဆိုသည်။

မဝေဝေလွင်သည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရင်သောင်ရွာဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ တနှစ်ခန့်သာ ရှိသေးသည်။ ဖခင်ဖြစ်သူ ဦးဝင်းဋ္ဌေးမှာ စူရပ်ဌာနီခရိုင်တွင် လုပ်ကိုင်နေပြီး ကိုအောင်ငွေနှင့် အိမ်ထောင်ကျသည်မှာ ၆ လ ခန့်သာ ရှိသေးသည်။

မဝေဝေလွင်၏ အသုဘပွဲကို မနက်ဖြန် ပြုလုပ်မည် ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် ရော်ဘာပင်စိုက်ပျိုးသည့် စီးပွားရေး လုပ်ငန်းကိုလုပ်ကိုင်ကြရာတွင် ခြံအလုပ်သမားအများစုမှာ မြန်မာပြည်သားများ ဖြစ်သည်။ လူသူအလှမ်းဝေးသည့် တောတောင်ထဲရှိ ရော်ဘာခြံများအတွင်း နေထိုင်ကြရသူများမှာ ဓားပြတိုက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ အသတ်ခံရခြင်းများ ကြုံတွေ့ရတတ်ရှိသည်။