Showing posts with label ဗြုတ်စဗျင်းတောင်း. Show all posts
Showing posts with label ဗြုတ်စဗျင်းတောင်း. Show all posts

Monday, January 30, 2012

ဘယ်သူ့ကို ဘယ်လိုယုံရမှာလဲလို့။


မန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဇန်န၀ါရီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ပြည်သူသို့ အသိပေးတင်ပြချက်။
 


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဇန်န၀ါရီလ ၂၉ ရက်နေ့ထုတ် ပြည်သူသို့ အသိပေးတင်မြချက်


ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သော ရွှေပြည်တံခွန် ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်၊ 
ငါးထောင်တန် ဆင်းမ်ကဒ်များ ရောင်းချနိုင်ရန် မဖြစ်နိုင်သေးဟု မနေ့ ( ၂၉-၁-၂၀၁၂ ) က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။


အဲမေ့သွားလို့..ဒါက Messenger News Journal ရဲ့ ဖေ့ဘွတ်ခ် က နေ မ လာ တာ နော်..။


ကဲ....တတ်ကျွမ်းနားလည်သူတွေ တာဝန်ရှိသူတွေပဲ အဆင်ပြေအောင် လုပ်ကြတော့... တို့တော့ ...ဟိုလူက ဒီလိုပြော ...အင်း အင်း..ဟုတ်မယ်... ဒီလူက ဟိုလိုပြော ဟုတ်မှာ...ဖြစ်နိုင်တယ်... နဲ့ ...မူးတယ်..မောတယ်.. .နားတော့မယ်...ခေါင်းလဲ ကိုက်နေတယ်..။ 
တစ်ကယ် ရောင်းဖြစ်သွားတော့ရော....ကုမ္မဏီက အရှုံးခံရောင်းမှာကျနေတာပဲ... အဲလို အောင်မြင်သွားတော့ရော...ဘယ်သူတွေ ဘ၀ပျက်ရလောက်အောင် နစ်နာဆုံးရှုးံရမှာမို့လဲ....ခွက်တာဖဲ။

ဒါတွေအားလုံးက မဒိုးကန်....ဘုန်းဘုန်းတောက် ကျောင်းကိုသွားတုန်းက....တစ်ဝတစ်ပြဲ စားခဲ့လို့...ဖြစ်မယ်... (အမ်...ဘာမှလဲမဆိုင်ဘူး၊ သူက မစားတာ ကျနေတာဖဲ။)

Friday, August 12, 2011

လိုတရ အိုးလေး တဲ့ဗျာ

လိုတရအိုးလေးနဲ့ မိတ်ဆက်ခွင့်ရတာ ဝမ်းသာပါတယ်ဗျာ ။ ဒါလေးက ကျွန်တော် ရှာတွေ့ထားတဲ့ အရာလေးတွေထဲက တစ်ခုဗျာ ။ ဟီး နာမည်က လိုတရအိုးဆိုတော့ နှစ်လုံးထီတော့ မတောင်းပါနဲ့နော် ။ တန်းခိုးတွေ ကွယ်ကုန်မှာ စိုးလို့ ။ ဆက်ပြောကြည့်မယ်....အဲဒီကောင်လေးကို မိမိစိတ်ကူးထဲမှာ ရှိတာလေးကိုမေးကြည့်လို့ရတယ် ။မိမိစိတ်ကူးရှိရင် ရှိသလောက် မေးတတ်ဖို့လိုမယ် ။ ရှင်းရှင်းဖြစ်ဖို့တော့ လိုမယ် ။ မြန်မာလိုဆိုလိုလည်း မိုက်ပါတယ် ။ မိမိစိတ်ကူးထဲက ရှိတဲ့ စကားလုံးကို ရိုက်ပြီးတော့ ရှာခိုင်းကြည့်လို့ရတယ် ။ အဓိက တစ်ခုတော့ သူပြောပြမယ် ။ ကျန်တာတွေအတွက်တော့ သိမ်းကြုံးပြီးတော့ ပြောပြလိမ့်မယ် ။ ကျွန်တော်ကတောင် လန်ဒန် မိုးလေဝသ သတင်းကို မေးလိုက်သေးတယ် ။


ထိုင်းကိုမေးတော့ မရဘူး ဟီး ။ ထိုင်းစကားတော့ တတ်ပုံမရဘူး ။ မြန်မာလိုတော့ မွေလို့ရတယ် ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း www.decembermgmg.co.cc ကို ရိုက်ထည့်လိုက်တာ ။ ဒီလိုလေးပေါ်လာတယ်ဗျာ ။
အဲဒါလေးကို သူက ပြန်ပြောပြတယ်။ ကျန်တာတွေကိုတော့ သူအကျဉ်းချုံးပြီးတော့ ပြောပြပါတယ် ။ http://m.google.com/u/A_b8NM ဆိုပြီးတော့ အဲဒီစာလေးကို နိပ်လိုက်တာနဲ့ Google မှာ www.decembermgmg.co.cc ရှာရိုက်သလိုပဲ တက်လာတယ် ။ အံဖွယ်လေးပဲ ။ စာဖတ်သူတို့လည်း သဘောကျမယ် ထင်ပါတယ် ။ သဘောကျတယ် ဆိုရင်တော့ Add လိုက်ပါ ။ khunpan258@gmail.com အဲမှားလို့ တမင်သက်သက်ကိုမှားတာ ဟီး ။ guru@googlelabs.comပါ ။ အက်လိုက်တာနဲ့ တစ်ခါတည်း တန်း မီးစိမ်းနေပါလိမ့်မယ် ။ အားကျမခံနဲ့ တစ်ခါတန်းပီး မေးပစ်လိုက် ။ ရင်ထဲက စကားလုံးတွေကိုပေါ့ ။ ကျွန်တော်လိုမျိုး ထိုင်းမှာနေပြီါ်တော့ လန်ဒန်မိုးလေဝသကိုတော့ မမေးပါနဲ့နော် :D
အားလုံးကို လေးစားတဲ့ ခွန်မောင်ပန်http://www.decembermgmg.co.cc/

ကိုခွန်မောင်ပန် ကို အားကျပြီး မိုးယံတို့ မေးပုံကို လဲကြည့်ဦး .........

guru is online.
မိုး: how are u moe yu san?
guru: Did you mean 'web how are u moe yu san?'?
Web:
* Moe Yu San | Facebook
www.facebook.com
Moe Yu San - hello All My friend,Welcome to my fans page.I promise you that I try my best on the Actress.Thank you :) - Description: i am a model and ...

View all results:
http://m.google.com/u/xGNzZp
မိုး: temperature of kulalumpur
guru: Did you mean 'web temperature of KUALA LUMPUR'?

Web:
* Kuala Lumpur, Malaysia Forecast : Weather Underground
www.wunderground.com
Updated 11:30 AM MYT. Weather Station. Kuala Lumpur (WMKK). Elevation. 72 ft. Station Select. Now. Mostly Cloudy. Temperature. 86 °F ...

View all results:
http://m.google.com/u/-2FtRX
မိုး: exchange rate RMB to US
guru: Did you mean 'web exchange rate RMB to US'?
Web:
* Exchange Rates Graph (American Dollar, Chinese Yuan) - 120 days ...
www.x-rates.com
View a Currency Exchange Rate Graph for American Dollar, U.S.A. vs Chinese Yuan. This currency graph will show you your currency pair's previous ...

View all results:
http://m.google.com/u/-LgoI9
မိုး: what is the god?
guru: Did you mean 'web what is the god?'?
Web:
* The God Particle: If the Universe Is the Answer, What Is the ...
en.wikipedia.org
The God Particle: If the Universe Is the Answer, What is the Question? is a 1993 popular science book by Nobel Prize-winning physicist Leon M. Lederman and ...

View all results:
http://m.google.com/u/_8iY01
Sent at 1:18 PM on Friday
မိုး: လူသားအားလုံးအတွက်
guru: Did you mean 'web လူသားအားလုံးအတွက်'?
Web:
* Chann Chann (channapril) on Twitter
twitter.com
လူသားအားလုံးအတွက်: အဂန်း အဂန်း ၊ အဂန်း အန် အဂန်း http://t.co/nCpgszV 3:01 AM Oct 27th, 2010 via Tweet Button ...


နောက်ထပ် ကျွန်တော် မေးထားတဲ့ ပေါက်ကရတွေပါဆို ရှုပ်ကုန်ဦးမယ်.. ကဲ အလိုရှိက add လိုက်ကြပါခင်ဗျ။




Tuesday, August 9, 2011

လူ နှင့် ဖေ့စ်ဘုတ်

လူ နှင့် ဖေ့စ်ဘုတ်

တစ်ချို့လူတွေက ဖေ့စ်ဘုတ်ကို ကိုယ်ပိုင်ပြတိုက် လို သဘောထားကြတယ်။ ပုံလေးတွေတင်၊ ကိုယ်ကြိုက်တာလေးတွေရှာတင်၊ သီချင်းလေးတွေတင်၊ ဘယ်သူ like like, မ like like၊ ကိုယ် like တယ်။ ကိုယ်တင်ထားတာလေးပြန်ပြန်ကြည့်ေ

နရတာ အမော။ ဘယ်သူမှ လာ မlike ရင်၊ ကိုယ်ဟာကို ပြန် like ထာ...းတတ်သေးတာ။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်ကို ဧည့်ခန်းကရှိုးကေ့စ် လိုသဘောထားတယ်။ ရှိုးကေ့စ်ဆိုတာ ရှိတာလေးတွေ စီစီရီရီတင်ပြီးကြွားတဲ့နေရာမဟုတ်လား။ ဘွဲ့ယူ၊ မင်္ဂလာဆောင်၊ အိမ်ဝယ်၊ ကားဝယ်၊ ဂါဝန်အသစ်ဝယ်၊ ဘောင်ဘီဖင်ကျပ်ဝယ်၊ ဖိနပ်သစ်ဝယ်၊ ခရစ်ဒက်ကဒ်ရ၊ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ၊ နည်းစုံတယ်နော..။ (ငါ့တော့ သောက်ညင်ကပ်နေကြလောက်ပြီ.. ဟိ..ဟိ..။) တစ်ချို့ကျပြန်တော့ ဖေ့စ်ဘုတ်ကို အိမ်သာ လိုသဘောထားကြတယ်။ အိမ်သာကို လူတွေက ပြဿနာဖြေရှင်းဖို့ လိုနေချိန်ကြမှသာ အပြေးအလွှားလာကြတာလေ။

ကျန်တဲ့အချိန်ကျတော့ မနေအပ်တဲ့ အရပ်လိုလို ကျဉ်ချင်ကြတာကလား။ ခုလည်း အဲသလိုပါပဲ။ လူပျို၊ အပျိုဘဝမှာတော့ ရည်းစားရှာချင်တော့ နေ့ရော ညရော ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်။ ရည်းစားလည်းရရော ဖေ့စ်ဘုတ်ကိုအဖက်မလုပ်တော့ဘူး။ အဲ… အိမ်ထောင်ပြုလို့ မင်္ဂလာဆောင်ပြန်တော့ ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်ဖြစ်ပြန်ရော..။ မဟုတ်ရင် မင်္ဂလာဆောင်ပုံတွေ တစ်အိမ်တက်ဆင်းလိုက်ပြနေရမှာပေါ့..။ အဲ.. မင်္ဂလာဆောင်ပြီး သွေးအေးသွားပြန်တော့ ဖေ့စ်ဘုတ်ခမျာ ချောင်ထိုးခံရပြန်ရော။ စောင့်ပေတော့ ကလေးရတဲ့အထိ။ အဲ.. ကလေးရပြီဆိုလို့ကတော့ ဖေ့ဘုတ်ပေါ်ပြန်ရောက်လာကြပြန်ပါရောမဟုတ်လား..။

ဖေ့စ်ဘုတ်ဘဝ သင်္ခါရပေါ့လေ။ တစ်ချို့တွေအတွက်တော့ ဖေ့စ်ဘုတ်က ယောက္ခမအိမ် လိုပဲဖြစ်နေပြန်တယ်။ ယောက္ခမများ မတော်မဖြစ်လို့တော်ရပေမယ့် တော်ယုံတော့ ပတ်ပတ်သက်သက်မလုပ်ကြတဲ့သဘောမဟုတ်လား။ အဲလိုပဲပေါ့။ အကောင့်တော့ သူများဖွင့် ကိုယ်ဖွင့် ဖွင့်ကြပြီး၊ တစ်လနေလို့လည်း တစ်ခါအလည်မလာ၊ လာပြန်တော့လည်း ဖင်ပူအောင်မနေကြတဲ့သူတွေပေါ့။ သူတို့အတွက် ဖေ့စ်ဘုတ်က ယောက္ခမအိမ် လေ။ အဲ… တစ်ချို့ကျပြန်တော့လည်း ဖေ့စ်ဘုတ်ကို ဘော့စ်(Boss) လိုသဘောထားကြပြန်ပါသေးတယ်။ ဒီနေ့ ဘယ်သွားတယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်နေရာရောက်နေတယ်ဆိုပြီး မပြတ်တမ်း Report လုပ်ကြတယ်။

တစ်ချို့အတွက်တော့ ဖေ့စ်ဘုတ်က ဆရာဝန်ကြီး ကျလို့။ ဒီနေ့ အီးမပါဖြစ်ဘူး၊ ရှူရှူးတွေဝါတယ်၊ ခေါင်းတွေကိုက်တယ်၊ လည်ချောင်းထဲကပူတယ်၊ ဖင်ခေါင်းထဲကအေးတယ် နဲ့ လာလာပြောကြပြန်ရော။ တစ်ချို့လည်း တီးတိုးဖေါ် အဖြစ်မြင်ပြီး၊ ဒီနေ့ Moody ဖြစ်တယ်၊ ဒင်းတော့လား အစိမ်းလိုက်ကိုဝါးစားချင်တယ်၊ ဒီဘဝ သေတာအေးပါတယ်၊ ပျော်လွန်းလို့ဂျွမ်းတောင်ထိုးနေရတယ် ဆိုတာမျိုးတွေ လာလာပြောကြပြန်ပါရောလား။

တစ်ချို့တွေများကျတော့ ဖေ့စ်ဘုတ်ကို အမှိုက်ပုံကြီး လို ဖွထားတတ်ကြပြန်ရော။ ဘာမှန်းခွဲမရတဲ့ပုံတွေတင်၊ ဝါးတားတားပုံလည်းတင်၊ ခွေးပုံတင်၊ ကြောင်ပုံတင်၊ အရက်ပုလင်းပုံတင်၊ အကောင့်ပိုင်ရှင်က ဘယ်သူလည်းဆိုတာ မှန်းမရလောက်အောင်၊ တစ်ပြုံတစ်မကြီး အုပ်သင်းဖွဲ့တဲ့ပုံတွေချည်းရွေးတင်၊ ဝင်ကြည့်မိပလားဆို မူးနောက်နေအောင်ကို လုပ်ထားတတ်ကြတာကလား။ တစ်ချို့ တစ်ချို့တွေတော့ ဖေ့စ်ဘုတ်ကို Chat Room လုပ်ဖို့သုံးကြပြန်တယ်။ ဓါတ်ပုံတစ်ပုံအောက်မှာ ကွန်မင့်ပေးရင်းနဲ့ စကားလက်ဆုံတွေကျနေတတ်ကြတာမျိုး ကြုံဖူးမှာပေါ့။ ဟေ့ကောင်ကြီး မတွေ့တာကြာပေါ့ တို့။ ဟိုကောင်တွေနဲ့ရောတွေ့သေးလား တို့။ မင်းကတော့အရင်အတိုင်းပဲဟ၊ ခုဘယ်နိုင်ငံရောက်နေတုန်း တို့..၊ အဲဒီကနေစလိုက်ကြတာ ကွန်မင့်တွေအများကြီးဖြစ်ကုန်ရော..။

ဓါတ်ပုံရှင်ခမျာ ကွန်မင့်များလို့ မပျော်နိုင်ပါဘူး၊ မင့်ထားတာတွေက ပုံနဲ့မဆိုင်ဘဲကိုး။ သူတို့ဖာသာ စကားလက်ဆုံလာကျနေကြတာမှုတ်လား။ ဖေ့စ်ဘုတ်ကို ကာစီနိုတစ်ခု လို၊ စီးပွားရေးလုပ်ငန်းစုတစ်ခု လို သဘောထားတတ်တဲ့လူတွေလည်းရှိလေရဲ့။ တက်တက်ပြီး ဂိမ်းကစားကြတာကလွဲလို့ ဘာဆို ဘာမှ မလုပ်ကြဘူးတဲ့လေ။ အဲလိုကျတော့ အက်ပြီးထားတဲ့ သူငယ်ချင်းတွေက သောက်ရူးလား လို့ မေးရတော့မယ်။ (ဟိ..ဟိ.. ဒါက ရန်တိုက်ပေးတာ)။ ဆင်းရဲသား ဖေ့စ်ဘုတ်တန်းစား ဆိုတာလည်းရှိသေးတယ်။ ဆင်းရဲတော့ အကောင့် တစ်ခုကို လင်နှင့်မယား မျှပြီးသုံးကြရရှာတယ်လေ။

တစ်ယောက်တစ်ခုမရှိနိုင်ကြရှာတော့ ဒီလိုပဲ တိုးတိုးကြိတ်ကြိတ်ပေါ့..။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်သူရင်းငှားချ တာလည်းရှိတယ်။ လယ်ပိုင်ရှင်တွေ ကိုယ်တိုင်လယ်မလုပ်ဘူး၊ သူရင်းငှားကို သီးစားပေးပြီး လယ်လုပ်ခိုင်းတာမျိုးပေါ့။ ကိုယ့်အကောင့်ကို ကိုယ်ကမဝင်ဖြစ်ဘူး၊ တစ်ခြားတစ်ယောက်က ဝင်ဝင်ပြီး activities တွေလုပ် လုပ်ပေးရတာမျိုးပေါ့..။ အများအားဖြင့်တော့ ကောင်လေးတွေက ပိုင်ရှင်၊ ကောင်မလေးတွေက သူရင်းငှားလုပ်တတ်ကြတာပေါ့..။ ဘာပဲပြောပြော ကိုယ့်ကိစ္စနဲ့ကိုယ်များနေကြတဲ့ လူမှုနယ်ပယ်ထဲက မိတ်ဆွေတွေနဲ့ Keep in touch ဖြစ်နေဖို့တော့ ဖေ့စ်ဘုတ်က အများကြီး စွမ်းဆောင်ပေးနေတာအမှန်ပါပဲ။ သဟာဖြင့် သြဘာတို့ သူများတွေလုပ်သမျှကို ဘေးထိုင်ပြီး ဘုပြောနေသလားလို့ မေးကြတော့မယ်။

ကျုပ်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါနော်။ ကျုပ်အတွက်တော့ ဖေ့စ်ဘုတ်က ပြတိုက်တစ်ခု။ အပေါ်မှာပြောခဲ့တာမျိုး ကိုယ်ပိုင်ပြတိုက်တော့ဟုတ်ဘူးဗျ

။ အများကြည့်စေချင်လို့ လုပ်ထားတဲ့ပြတိုက်။ ပြတိုက်လေးလူစည်အောင်၊ နုတ်စ်တွေရေးရ၊ ပုံတွေ အော်ဂနိုက်ဇ်ဖြစ်အောင်တင်ရ၊ လူပျိုကြီးပြတိုက်မို့ လူအထင်မသေးအောင် ပြုပြင်နေရတာအမော။ ခုတော့ ဘုရားပေါ်က အလကားဝင်ရတဲ့ ဂေါပကပြတိုက်လောက်တော့ လူစည်ပါတယ်။ ဒါပေသည့် တစ်နေ့တစ်နေ့ ကျုပ်ပြတိုက် လူဘယ်လောက်လာလည်းရေတွက်ရတာ လောဘ။ ဘယ်သူတွေများ ဘယ်လိုမင့်သွားကြလည်း စောင့်ဖတ်ရတာလည်း မောဟ။ မတော်တရော် လာမင့်သွားလို့ မသိမသာ ပြန်တွယ်ရတာက ဒေါသ။ တစ်ခါတစ်ခါတော့တွေးမိသား၊ နိမ္ဗာန်ရောက်ကြောင်းလေးများ မျက်စပြစ်စတင်မယ်ကြံရင် ပထမဆုံးဖြတ်ရမှာ ဖေ့စ်ဘုတ်ပါလားလို့….။ သွပ်..သွပ်...သွပ်...

ရေတဲ့သူက thwin naung Soe


From: F.W mail

တွေးတောရယ်မောခြင်းဖြင့် ကြည်နူးနိုင်ကြပါစေ။

Friday, June 3, 2011

ဗြိတိန်တွင် ကျား​ဖြူ​အရုပ်​ကြောင့်​ ရဲတပ်ဖွဲ့​​အကြီး​အကျယ် အလုပ်ရှုပ်


alt

ဗြိတိန်တွင် ကျား​ဖြူ​အရုပ်​ကြောင့်​ ရဲတပ်ဖွဲ့​​အကြီး​အကျယ် အလုပ်ရှုပ် © dailymail

ဗြိတိန်ရဲတပ်ဖွဲ့ ​သည် အင်္ဂလန်ရှိ ဟမ့်​ရှိုင်း​ယား​တွင် ​တွေ့​ရှိရ​သော ကျား​ရုပ်တစ်ရုပ်အတွက် အကြီး​အကျယ် အလုပ်များ​ခဲ့​ကြောင်း​ သိရသည်။

သက်ရှိကျား ​တစ်​ကောင်၏ အရွယ်အစား​အတိုင်း​ ရှိ​နေ​သော ကျား​ဖြူရုပ်တုကြီး​ တစ်ခုမှာ ဟက်အန်း​ခရစ်ကက် ကွင်း​အနီး​ မြက်ခင်း​များ​တွင် ဝပ်​နေသည်ကို ​တွေ့​ရှိပြီး​နောက် ရဲတပ်ဖွဲ့​သည် တိရစ္ဆာန် ဓ​လေ့​စရိုက် ကျွမ်း​ကျင်သူများ​ထံ အကူအညီ​တောင်း​ကာ ကျား​ကိုဖမ်း​ရန် ကြိုး​ပမ်း​ခဲ့​ရသည်။

ထို့ ​အပြင် ရဟတ်ယာဉ် တစ်စင်း​ဖြင့်​ပါ အနီး​ကပ် ချဉ်း​ကပ်မှုများ​ ပြုလုပ်ခဲ့​သည်။ မိနစ် ၂၀ ကြာမြင့်​ချိန်တွင်မူ ၎င်းတို့​ သည်း​ကြီး​မည်း​ကြီး​ ဖမ်း​ရန်ကြိုး​စား​နေသည်မှာ သက်ရှိကျား​တစ်​ကောင် မဟုတ်မှန်း​ သိလာ​သော​ကြောင့်​ ရဲများ​အတွက် ငိုအား​ထက် ရယ်အား​သန်စရာ ဖြစ်လာရသည်။ ရဲတပ်ဖွဲ့​သည် ယခုအခါ ကျား​ရုပ်ကြီး​ကို သိမ်း​ဆည်း​ထား​လိုက်ပြီဖြစ်ပြီး​ ပိုင်ရှင်ဖြစ်သူကို ရှာ​ဖွေလျက်ရှိသည်။

ရဲများ ​က ကျား​ရုပ်ကို တစ်ဦး​ဦး​က ခိုး​ယူလာခဲ့​ခြင်း​ ဖြစ်နိုင်ပြီး​ ပစ္စည်း​ပျောက်မှု တစ်ခုခုနှင့်​ ဆက်စပ်​နေမည်ဟု ယူဆရ​ကြောင်း​ဆိုသည်။ သို့​သော်လည်း​ ​မေလ ၂၁ ရက်​နေ့​ ​နေ့​လယ်ပိုင်း​က လူအများ​ ​ကြောက်လန့်​တကြား​ဖြစ်​စေခဲ့​သော လုပ်ရပ်သည် တမင်တကာ ​ခြောက်လှန့်​ရန် ဖန်တီး​ခဲ့​မှု ဟုတ်မဟုတ်ကိုမူ ရဲများ​က ဆက်လက်စုံစမ်း​သွား​မည်ဟု ​ပြောကြား​သွား​သည်။


မီယာမီတွင် အပန်း​ဖြေစဉ် ရင်သား​ဖော်ပြမိပြန်တဲ့​ လင်​ဆေး​လိုဟန်

alt

မီယာမီတွင် အပန်း​ဖြေစဉ် ရင်သား​ဖော်ပြမိပြန်တဲ့​ လင်​ဆေး​လိုဟန်© dailymail

လင်း​ဆေး​လိုဟန်တစ်​ယောက် အ​နေအထိုင်မတတ်သဖြင့်​ သူမ၏ ရင်သား​ကို ​ဖော်ပြမိပြန်ပြီဖြစ်သည်။

မီယာမီတွင် ​မေလ ၂၄ ရက်​နေ့​က သွား​ရောက်အပမ်း​ဖြေ​နေ​သော Mean Girlsစတား​ အဆို​တော် မင်း​သမီး​လေး​သည် သူမ၏ ရင်သား​တစ်ဖက်ကို ​ပေါ်​ပေါ်လွင်လွင် ​ဖော်ပြမိသည်ကို သတင်း​ထောက်များ​က မှတ်တမ်း​တင်ခဲ့​သည်။ အသက် ၂၄ နှစ်ရှိ လိုဟန်၏ ဘီကနီသည် အ​ပေါ်ပိုင်း​ ပြုတ်ကျပြီး​ ယခုလို ပွင့်​ပွင့်​လင်း​လင်း​ မြင်ကွင်း​များ​ ဖြစ်ခဲ့​ခြင်း​ဖြစ်သည်။ ထို့​နောက် မျက်နှာနီမြန်း​သွား​သော လိုဟန်သည် သူမ၏ လက်​မောင်း​ဖြင့်​ အရှက်လုံ​ အောင် ဖုံး​ကွယ်ရန် ကြိုး​ပမ်း​ခဲ့​သေး​သည်။

သို့​သော်လည်း​ ​နောက်ကျသွား​ချေသည်။ သိန်း​ငှက်မျက်လုံး​ကဲ့​သို့​ အမြင်စူး​ရှလှ​သော သတင်း​မုဆိုး​များ​သည် ထိုမြင်ကွင်း​ကို အမိအရ မှတ်တမ်း​တင်နိုင်ခဲ့​သည်။ လိုဟန်အတွက် ယခုလို ကိစ္စမျိုး​ ကြုံရခြင်း​သည် ယခုတစ်ကြိမ် ပထမဆုံး​ မဟုတ်​ချေ။

မကြာ ​သေး​မီက ဖက်ရှင်ဓာတ်ပုံ အရိုက်ခံသည့်​ ရိုက်ကွင်း​တစ်ခုတွင် ခပ်တိုတို ဝတ်စုံ၏ လှစ်ဟ​ဖော်ပြမှု​ကြောင့်​ သူမ၏ ရင်သား​ကို ကွက်ကွက်ကွင်း​ကွင်း​ မြင်​နေရ​သော ဓာတ်ပုံများ​ ထွက်​ပေါ်ခဲ့​သေး​ကြောင်း​ သိရသည်။





ရေကူး​ဝတ်စုံဖြင့်​ မင်္ဂလာ​ဆောင်သည့်​ တရုတ်သတို့​သမီး

alt

ရေကူး​ဝတ်စုံဖြင့်​ မင်္ဂလာ​ဆောင်သည့်​ တရုတ်သတို့​သမီး​ © dailymail

အမျိုး​သမီး​ အများ​စုသည် သူမတို့​၏ လက်ထပ်ပွဲတွင် ဆင်မြန်း​သော မင်္ဂလာဝတ်စုံကို ဖြူလွလွနှင့်​ ပန်း​ပွင့်​ပန်း​ခက်များ​ လှပဆန်း​ကြယ်စွာ စီခြယ်ထား​သော အိပ်မက်ဆန်ဆန် ဝတ်စုံမျိုး​ ဖြစ်​စေလိုကြသည်။

သို့ ​သော်လည်း​ တရုတ်နိုင်ငံ၊​ ရှန်ဟိုင်း​မှ မိန်း​က​လေး​တစ်ဦး​ကမူ ထူး​ထူး​ခြား​ခြား​ ​တော်လှန်​သော အမြင်ဖြင့်​ အဆိုပါ အယူအဆကို ​ပြောင်း​ပြန်လှန်လိုက်သည်။ အသက် ၂၅ နှစ်ရှိ ဇူကွင်း​သည် သူမ၏ မင်္ဂလာပွဲ အမှတ်တရ ဓာတ်ပုံအတွက် သတို့​သမီး​ ​ခေါင်း​ဆောင်း​ကို ဝတ်ဆင်ခဲ့​သော်လည်း​ ဘီကီနီ ​ရေကူး​ဝတ်စုံကို မင်္ဂလာဝတ်စုံအဖြစ် ​ရွေး​ချယ်ခဲ့​သည်။

သူမ၏ လုပ်ရပ်သည် အင်တာနက် ဘ​ဘော့​များ​နှင့်​ ဖိုရမ်များ​တွင် ​ရေပန်း​စား​ခဲ့​ပြီး​ ချီး​ကျူး​သူ​ရော၊​ ​ဝေဖန်သူများ​ပါ ရှိခဲ့​သည်။ Stompအမည်ရှိ ပြည်သူ့​သတင်း​ဝက်ဆိုက် တစ်ခုက ဇူ၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ လူ့​အဖွဲ့​အစည်း​ ထုံး​တမ်း​စဉ်လာများ​ကို ကဖျက်ယဖျက်လုပ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။

သို့ ​သော်လည်း​ ပိုမိုငယ်ရွယ်​သော အသက်အရွယ်များ​ကမူ သူမ၏ အဆန်း​ထွင်မှုကို ကြိုဆိုခဲ့​ကြသည်။ အချို့​သော စုံတွဲများ​ကလည်း​ ၎င်းတို့​ မင်္ဂလာ​ဆောင်ချိန်တွင် ဝတ်စုံကို သမား​ရိုး​ကျမှ ခွဲထွက်ရန် စိတ်ကူး​ကောင်း​တစ်ခု ဖြစ်​စေသည်ဟု ချီး​ကျူး​နေ​ကြောင်း​ သိရသည်။



မေးလ်ထဲဝင်လာ ပြန်မျှတာ

Friday, May 27, 2011

2011 မေလ (၂၁) မျှော်စင်ကျွန်း“SOLO LIVE”

က တာတွေကို မြင်ရတာ စိတ်ပျက်မိတာ အမှန်။





Model Show Organised By Stars & Models int’l




Popular Hip Hop Singer Ye Lay





Sandy Myint Lwin



မေလ (၂၁) ရက်နေ့ (21 May 2011) က ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ “SOLO LIVE” (Rock + Hip Hop + Fashion Festival) ပွဲမှ ဓာတ်ပုံတွေပါ။ ဒီပွဲမှာ Stars & Models int’l မှ မော်ဒယ်များကလည်း ခပ်ဟော့ဟော့ Model Show ဖြင့် ဖျော်ဖြေခဲ့ကြလို့ ပရိတ်သတ် အကြိုက်တွေ့ခဲ့ရပါတယ်။ အဆိုရှင်တွေ အဖြစ် ရဲလေး၊ G family ၊ ဂျောက်ဂျက်၊ Snare ၊ ကျော်ထွဋ်ဆွေ၊ Ar-T ၊ Bunny Phyoe ၊ လွှမ်းပိုင်၊ စန္ဒီမြင့်လွင်၊ Bobby Soxer ၊ မိစန္ဒီ၊ Wanted ၊ Idiots ၊ Reason နှင့် ဥာဏ်လင်းအောင် တို့က ဖျော်ဖြေခဲ့ကြပါတယ်။ ဒီ “SOLO Live” ဖျော်ဖြေပွဲကို BO BO Entertainment က ဦးစီးကျင်းပခဲ့တာပါ။



မူရင်းလင့်ခ် http://www.kzarboworld.com/video/2011-21-solo-live

Saturday, May 21, 2011

အိုစမာဘင်လာဒင်အား လုပ်ကြံသတ်ဖြတ်သည့် အွန်လိုင်းဂိမ်း ကစားနိုင်မည်


ဂိမ်းစီးရီး၏ (၁၀၇)ခုမြောက် Missionတွင် ဂိမ်းကစားသူသည် ပါကစ္စတန်၊ အက်ဘော့တာဘက်ဒ်တွင် ခိုအောင်းနေသော အယ်လ်ကေးဒါး အကြမ်းဖက် ခေါင်းဆောင်ကြီး ဘင်လာဒင်ကို ၀င်ရောက်စီးနင်း သုတ်သင်ရသည့် အမေရိကန် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ကစားရမည်ဖြစ်

အိုစမာဘင်လာဒင်အား လုပ်ကြံသတ်ဖြတ်သည့် အွန်လိုင်းဂိမ်း ကစားနိုင်မည်

အိုစမာ ဘင်လာဒင်ကို လုပ်ကြံသတ်ဖြတ်ရသည့် Missionကို ဂိမ်းအဖြစ် ကစားနိုင်တော့မည်ဖြစ်သည်။ Onlineဂိမ်း တစ်ခုဖြစ်သော Kuma Warက ၎င်းတို့၏ Onlineဂိမ်းစီးရီးတွင် ယခု Missionကို ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။ ဂိမ်းစီးရီး၏ (၁၀၇)ခုမြောက် Missionတွင် ဂိမ်းကစားသူသည် ပါကစ္စတန်၊ အက်ဘော့တာဘက်ဒ်တွင် ခိုအောင်းနေသော အယ်လ်ကေးဒါး အကြမ်းဖက် ခေါင်းဆောင်ကြီး ဘင်လာဒင်ကို ၀င်ရောက်စီးနင်း သုတ်သင်ရသည့် အမေရိကန် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ကစားရမည်ဖြစ်သည်။ ယင်းMissionတွင် အက်ဘော့တာဘက်ဒ် အနီးတ၀ိုက်နှင့် ဆင်တူအောင် 3Dအမြင်များဖြင့် ဖန်တီးပေးထားပြီး ဘင်လာဒင်ကို အဆုံးစီရင်သည့် စစ်ဆင်ရေးနှင့် အနီးစပ်ဆုံး တူညီအောင် ဖန်တီးပေးထားကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် Registerလုပ်ပြီး ပုံမှန်ဝင်ရောက် ကစားနေသူ သန်း(၂၀)ကျော်ရှိသည့် Kuma Warဂိမ်းသည် ယခင်ကလည်း အာဖဂန်နစ္စတန် စစ်ဆင်ရေး၊ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်အား လိုက်လံရှာဖွေ ဖမ်းဆီးမှုစသည့် အထူးစစ်ဆင်ရေးများကို Missionများအသွင် ဖန်တီးခဲ့သေးသည်။ ဘင်လာဒင်အား စီးနင်းသတ်ဖြတ်ရသော ဂိမ်းတွင် ဆံပင်များ ငွေရောင်သန်းနေသော ဒုစရိုက်သမားကြီးအား ချေမှုန်းရေး ရိုင်ဖယ်သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်လိုက်ရမည်ဖြစ်သည်။ အကြမ်းဖက်သမားများကို တိုက်ခိုက်ရသည့် စစ်ဆင်ရေးများကို အခြေခံ ဖန်တီးထားသည့် အခမဲ့ Onlineဂိမ်းမှာ (၇)နှစ်ကျော်ကြာ ရပ်တည်နေခဲ့ပြီးဖြစ်သည်။ Kuma၏ CEOဖြစ်သော ကိသ်ဟယ်လ်ပါက “ဘင်လာဒင်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတိုင်းကို လေ့လာပြီး ဖန်တီးထားတာပါ။ ဒီဂိမ်းအပေါ် အမြင်ကွဲပြားမှုတချို့လည်း ရှိနိုင်ပါတယ်။ 3Dနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တတ်နိုင်သမျှ အသေးစိတ် ဖန်တီးထားပါတယ်။ ဥပမာ အဆောက်အအုံကြီးရဲ့ အမြင့်၊ အကွာအဝေး၊ စိုက်ခင်းတွေ၊ ပရိဘောဂတွေကို လက်တွေ့နဲ့ အနီးစပ်ဆုံးတူအောင် ကြိုးစားထားတယ်”ဟု ရှင်းပြခဲ့သည်။ ၎င်းက “ဘင်လာဒင်ဟာ တကယ့်လူဆိုးတစ်ယောက်ပါ။ သူသေသွားတဲ့အတွက် လူတွေအများကြီး စိတ်သက်သာရာ ရခဲ့ကြတယ်။ သူဘယ်လိုသေတယ်ဆိုတာကို ပြန်ဖန်တီးပြတာကတော့ အပိုဆုလာဘ်တစ်ခု ဆိုပါတော့”ဟု ပြောကြားသွားသည်။

Source: DailyChilli


မေးလ်ထဲဝင်လာ ပြန်မျှတာ


Wednesday, April 20, 2011

အချက်အလက်များကို Web Site တစ်ခုတည်းသာ မဟုတ်ဘဲ Gtalk ကပါ ရှာဖွေပေးနိုင်ခြင်း

Gtalk ကို Chatting အတွက်သာမက မိမိလုပ်ငန်းအတွက် အကျိုးရှိစွာ သုံးစွဲနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။

နောက်တစ်ချက်ကတော့ Gtalk သုံးစွဲဖို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုအနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ အဲဒါ ဘာလဲဆိုတော့
အရင်တုန်းကလို အင်္ဂလိပ် – မြန်မာ ဘာသာပြန် ထည့်သလို၊ အိုင်တီနဲ့ပတ်သက်တာတွေ မေးမြန်းလို့ရတဲ့ အကောင့်လိုပဲ လုပ်ငန်းလိပ်စာတွေအတိအကျ လိုချင်သလို အလွယ်တကူ ရရှိနိုင်တဲ့ အကောင့်တွေကတော့ gtalk@themyanmardirectory.com နဲ့

mydirectory@bot.im ကိုinvite လုပ်ထားရုံနဲ့ သိချင်တဲ့လိပ်စာတွေ အလွယ်တကူ ရန်ကုန်ဒိုင်ယာရီ စာအုပ် မလိုပဲ သိရှိနိုင်တဲ့ အကောင့်လေးတွေပါ။


source by Dailymail.

Thursday, April 7, 2011

သင်္ကြန် အကြောင်းများ'

သင်္ကြန်(ရေသဘင်ပွဲ) ပါဠိ = သင်ကန်တ =သက်ကတ=သင်္ကြန်တ

သင်္ကြန် သည် သင်္ကန္တ ဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ရွတ်ဆိုသည့် အခါမှာ သင်ကန်တ အရ ရရစ်သံနဲ့ ရွတ်ရာကနေ သင်္ကြန်ဖြစ်လာတယ်ဟု ဆိုကြပါသည်။ အဓိပ္ပါယ်က ကူးပြောင်းခြင်းပါ။

အိမ်နီးချင်းတို့ရဲ့ သူနည်းသူဟန် သူ့သင်္ကြန်

မြန်မာတို့ နှစ်စဉ် နှစ်သစ်ကူးပွဲတော်အဖြစ် ဆင်နွှဲလေ့ရှိတဲ့ သင်္ကြန်ပွဲတော်ဟာ သက္ကတ ဘာသာ စကား သင်္ကြန္တ ဆိုတဲ့ စကားကဆင်းသက် လာခဲ့တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က ကူးပြောင်းခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ ကိုးကွယ် ယုံကြည်မှုအရ တူညီမှုရှိတဲ့ ဒေသ တွေမှာ လိုက်နာ ကျင့်သုံးကြတဲ့ ဓလေ့ထုံးစံတွေကလည်း တူညီလေ့ ရှိကြပါတယ်။ မြန်မာနိုင်ငံလိုပဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ အညီ ကျင့်ကြံနေထိုင်ရာဒေသအချို့မှာ နှစ်သစ်ကူးကျင်းပပုံမှာ တူညီမှုရှိကြပါတယ်။
သက္ကတ ဘာသာစကားကနေ ဆင်းသက်လာ တဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည် သူတွေရဲ့ ၀န်းကျင် အခြေ အနေ ပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှုရှိခဲ့တာကိုလည်း တွေ့ရပါ တယ်။ မြန်မာတို့ရဲ့ သင်္ကြန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအို တို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုး တို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတယ်။ ကျင့်သုံး လိုက်နာကြသူတွေရဲ့ နေထိုင်ရာ ပထ၀ီဝင်ဒေသ ကွဲပြားမှုအရ အခေါ် အဝေါ်ကွဲပြားမှုရှိသလို ကျင်းပပုံ ကျင်းပနည်း မှာလည်း အနည်းအများကွဲပြားမှုရှိကာ အမျိုးသား အသွင်အပြင် လက္ခဏာ တစ်ခုအဖြစ် ပြောင်းလဲမှု ရှိတန်သလောက်ရှိခဲ့ပါတယ်။
ကမ္ဘောဒီးယားတို့ရဲ့ ချိုချနမ်သမေး
ချိုချနမ်သမေးဆိုတာ ခမာဘာသာစကားအရ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အများအားဖြင့် မတ် ၁၃ ရက်မှာ စတင်ပါတယ်။ တစ်ခါတစ်လေ မတ် ၁၄ ရက်စတင်ပြီး ၃ ရက်ကြာကျင်းပပါတယ်။ နှစ်အရေ အတွက်ကိုတော့ သာသနာ သက္ကရာဇ်နဲ့ သတ်မှတ်ပါတယ်။ ဥပမာ ၂၀၀၉ ခုနှစ်ဟာ ကမ္ဘောဒီးယား ပြက္ခဒိန်အရ ၂၅၅၃ (သာသနာ သက္ကရာဇ် Buddhist Era) ခု ဖြစ်ပါတယ်။
နှစ်သစ်ကူးနေ့မှာ လူအများက ၀တ်ကောင်းစားလှတွေ ၀တ်ပြီး ဘုရားစင်မှာ ဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေထွန်းပြီး ပူဇော်ကြပါတယ်။ မိသားစုဝင်တွေဟာ ဆင်းတုတော်ရှေ့မှာ မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြပါတယ်။ ကံကောင်းစေရန်အတွက် ရေနဲ့ မနက်ပိုင်းမှာ မျက်နှာ၊ နေ့လည်မှာ ရင်အုပ်၊ အိပ်ရာဝင်ခါနီးမှာ ခြေစတဲ့နေရာတွေကို ဆွတ်ဖြန်းကြပါတယ်။
ဒုတိယနေ့မှာ ဆင်းရဲသားတွေ၊ အိုးအိမ်မဲ့တွေ၊ ၀င်ငွေ နည်းသူတွေ၊ မိမိအမှုထမ်းတွေကို ပေးကမ်းစွန့်ကြဲပါတယ်။ ဘုရား ကျောင်းကန်သွားပြီး ဘိုးဘေးဘီဘင်တွေကို ပူဇော်ကန်တော့ ကြပါ တယ်။
တတိယနေ့မှာ ဗုဒ္ဓဆင်းတော်တွေကို ရေသပ္ပါယ်ပြီး အမွှေးနံ့သာတွေ ပက်ဖြန်းပေးပါတယ်။ ဘိုးဘွားမိဘတွေနဲ့ ကလေး တွေကိုလည်း ရေမိုးချိုးပြီးသန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက် ပေး ကြပါတယ်။
ကျောင်းပရ၀ုဏ်တွေအတွင်းမှာ သဲပုံစေတီတွေ တည်တာ ဟာလည်း ခမာတို့ရဲ့ နှစ်သစ်ကူးအစဉ်အလာတစ်ခု ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဆံတော်နဲ့ မကိုဋ်တော်ကိန်းဝပ်စံပယ်နေတယ်လို့ အစဉ်အလာအရ ယုံကြည်ထားတဲ့ တာဝတိံသာနတ်ပြည်က စေတီတော်ကို ရည်မှန်းပြီး သဲပုံစေတီကြီးကို တည်ပါတယ်။ မြတ်စွာဘုရားရဲ့ မဟာသာဝက လေးပါးဖြစ်တဲ့ ရှင်သာရိပုတြာ၊ ရှင် မောဂ္ဂလန်၊ ရှင်အာနန္ဒာနဲ့ ရှင်မဟာကသပ တို့ကို ရည်စူးပြီး စေတီရံလေးဆူကိုတည် ပါတယ်။
နောက်အစဉ်အလာတစ်ခုကတော့ တစ်ဦးနဲ့တစ်ဦး ရေလောင်းတဲ့ ရေသဘင်ပွဲဖြစ်ပါတယ်။
ခမာတို့ဟာ နှစ်သစ်ကူးပွဲမှာ အထူးစားဖွယ်ခဲဖွယ်တို့ကို ပြင်ဆင် တတ်ပါတယ်။ ထူးခြားတာကတော့ ကြာလန်လို့ ခေါ်တဲ့ ကောက်ညှင်းကျည်တောက်လို စားစရာ ဖြစ်ပါ တယ်။
နောက် အစဉ်အလာတစ်ခုက ကစားပွဲတွေကျင်းပတဲ့အစဉ်အလာဖြစ်ပြီး ကစားနည်းတွေက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည် နယ်ဖြစ်တဲ့ မဏိ ပူရက ကစား နည်း တွေနဲ့ တူပါ တယ်။ နှစ်သစ်ကူး ကာလတစ်ခုလုံး လမ်းဆုံ လမ်းခွ တွေမှာ ကစားပွဲ တွေ ကျင်းပပေးပါတယ်။
လာအိုရဲ့ ဘီးမိုင်
ဘီးမိုင် သို့မဟုတ် ဆွန်ကရန် လို့ခေါ်တဲ့ လာအို နှစ်သစ်ကူးပွဲတော်ကို ဧပြီ ၁၃ ရက်က နေ ၁၅ ရက်နေ့အထိ ကျင်းပပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပြင်သစ်နဲ့ သြစတြေးလျကို ရောက်နေကြတဲ့ လူမျိုး တွေကလည်း နှစ်သစ်ကူးပွဲကိုကျင်းပကြပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းကနေ စတင်ပြောင်းရွှေ့ရောက်ရှိစက လာအိုနှစ်သစ်ကူး ပွဲတော်ကို ဇန်န၀ါရီ ၁ ရက်မှာ ကျင်းပခဲ့ပေမယ့် အခြေချ နေထိုင် လာတဲ့အချိန်မှာတော့ ခမာနဲ့မွန်မြန်မာတို့ရဲ့ အစဉ်အလာ အတိုင်း လက်ခံကျင်းပခဲ့ပါတယ်။
ပွဲတော်ကျင်းပရက်ဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အထိ ဖြစ်ပေမယ့် လွမ်ဘရာဘန်လို မြို့ကြီးတွေမှာတော့ ရက်သတ္တ တစ်ပတ်ကျော်ကြာမြင့်ပါတယ်။ နှစ်သစ်ကူးပထမရက်မှာ ကျေးရွာနဲ့အိမ်တွေကို သန့်ရှင်းရေးလုပ်ပါတယ်။ နှစ်သစ်ကူး ပွဲတော်အတွက် အမွှေးနံ့သာ၊ ရေချမ်း၊ ပန်းတို့ကို ဆက်ကပ်ပါတယ်။ ဒုတိယနေ့ကိုတော့ နှစ်ဟောင်းနှစ် သစ်ရဲ့ ကြားရက်အဖြစ် သတ်မှတ်ပါတယ်။ ပွဲတော်နောက်ဆုံးရက်ကို နှစ်ဆန်းတစ်ရက်အဖြစ် သတ်မှတ်ပါတယ်။
အစဉ်အလာအရ ဆင်းတုတော်တွေနဲ့ ဆရာတော် သံဃာ တော်တွေကို ရေသပ္ပာယ်ပေးပါ တယ်။ ပြီးတော့ မိတ်ဆွေသင်္ဂဟတွေ ဖြတ်သွားဖြတ်လာတွေကို ရေပက်ဖြန်းပါတယ်။ ကျောင်းသား သူငယ်တွေက ရှေးဦးစွာ လူကြီး သူမတွေကို ရိုသေစွာနဲ့ ရေးမိုးချိုးပြီး သန့်စင်ပေး ပါတယ်။ နောက်အသက်ရှည်ငြိမ်းချမ်းသာယာဖို့ ရည် စူးပြီး သံဃာတော်တွေကို ရေးမိုးချိုး သန့်စင် ပေးပါတယ်။ နောက်ဆုံးမှ အချင်းချင်းရေလောင်းပြီး ရေသဘင်ပွဲနွှဲကြပါတယ်။ ရေပက် ဖြန်းတဲ့အခါ ရေထဲမှာ အမွှေးနံသာရဖို့အတွက် ပန်းများ၊ ရေမွှေးများထည့်ပါတယ်။ ကာဘင်လာဖွန်ဘုရင်ကြီးရဲ့ သမီးတော် ခုနှစ်ပါးက ဂူကြီးထဲမှာ ဖခင်ကြီးရဲ့ ဦးခေါင်းတော်ကို ထားပြီး နှစ်စဉ် ပသရာကနေ ရေပက်ဖြန်းတဲ့အလေ့ ပေါ်လာတယ်လို့ အယူရှိ ပါတယ်။ နောက်ပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦးခေါင်းလျှော်ရေ သို့ မဟုတ် ပေါင်ဒါမှုန့်တွေနဲ့ ပက်ဖြန်းတဲ့ အလေ့ပါ ထွန်းကား လာပါတယ်။
လာအိုနိုင်ငံမှာလည်း သဲပုံစေတီ တည်တဲ့ အစဉ်အလာ ရှိပါတယ်။ သဲပုံစေတီကို အမွှေးနံသာ၊ ပန်းမန်၊ တံခွန် ကုက္ကားတွေနဲ့ မွမ်းမံပြီး အမွှေးနံသာ ပက်ဖြန်းပါတယ်။ လာအိုတို့ရဲ့သဲပုံစေတီက သမီးတော်ခုနှစ်ပါးရဲ့ခမည်းတော်ကာ ဘင်လာဖွန်ဘုရင်ကြီးရဲ့ ဦးခေါင်းတော်ထားရှိရာ တောင်တော်ကို ရည်မှန်းပြီး တည်ထားတာ ဖြစ်ပါတယ်။
တိရစ္ဆာန် ဘေးမဲ့လွှတ်တဲ့ပွဲတော်နဲ့ နှစ်သစ်ကူးပန်းခူး ပွဲတော်ကလည်း ထင်ရှားတဲ့ ပွဲတော်တွေ ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာ နှစ်စဉ်နှစ်သစ်ကူးမယ်ရွေးပွဲကျင်းပပါတယ်။ နှစ်သစ်ကူးမယ်ရွေးပွဲကို ဒေသအသီးသီးမှာ ကျင်းပပါ တယ်။ ကာဘင်လာဖွန် ဘုရင် မင်းမြတ်ရဲ့ သမီးတော်ခုနှစ်ပါးကို ရည်စူးအလှမယ် ခုနှစ်ဦး ပြိုင်ပွဲဝင်ရပါတယ်။ လူကြီး လူငယ်အားလုံးဟာ ဘုန်းတော်ကြီး ကျောင်းကိုသွားပြီး ဥပုသ် သီးတင်းဆောက်တည်ကြပြီး ညနေပိုင်းမှာ ဖျော်ဖြေပွဲတွေကို ကြည့်ရှုကြပါတယ်။
ထိုင်း ဆွန်ကရန်
ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို လူကြီးသူမတွေနဲ့တွဲပြီး ကျင်းပလေ့ရှိတဲ့အတွက် ထိုင်းလူမျိုး တွေဟာ နှစ်သစ် ကူးပွဲတော် ကာလမှာ ဇာတိရပ်ရွာကိုပြန်တတ်ကြပါတယ်။ ပွဲတော်ကာလဟာ အစဉ်အလာအားဖြင့် ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပပါတယ်။
နှစ်သစ်ကူးရက်ကို မူလက ဗေဒင်ကိန်းခန်း အရ တွက်ချက်ခဲ့ပေမဲ့ ယခုတော့ ပုံသေ သတ်မှတ် ထားပါတယ်။ပွဲတော်ရက်တွေဟာ ရက်သတ္တပတ် ပိတ်ရက်တွေနဲ့ကြုံရင် ပိတ်ရက်ထဲ ပါတဲ့ရက်တွေကို နောက်ရက်တွေမှာ ထည့် ပေါင်းကျင်းပပါတယ်။ တ ကယ်လို့ သင်္ကြန်ရက်ဟာ ရက် သတ္တပတ် ကြားရက်ဖြစ်ရင် ရှေ့ သီတင်းပတ် သောကြာ နေ့ ကနေ နောက် သီ တင်းပတ် တနင်္လာ နေ့ အထိ ကျင်းပပါတယ်။
ထိုင်းသင်္ကြန် အထင် ရှားဆုံး ကတော့ ရေသဘင် ပွဲဖြစ် ပါတယ်။ လူတွေဟာ လမ်းတကာ လှည့်ပြီး ရေစည်တွေ ရေ>ပတ်တွေနဲ့ ရေကစားကြ ပါတယ်။ ဒါမှမဟုတ် လမ်းဘေးမှာ မဏ္ဍပ် ထိုးပြီး လမ်းသွားလမ်းလာတွေကို ရေပိုက်တွေနဲ့ ရေပက်ပါတယ်။ သင်္ကြန်ရဲ့ တကယ့်အစဉ်အလာထုံးစံက မိသားစု ၀င်၊ မိတ်ဆွေ သင်္ဂဟ အိမ်နီးချင်းအပါအ၀င် လူကြီးသူမ တွေကို သွားရောက် ဂါရ၀ပြုတဲ့ပွဲ ဖြစ်ပါတယ်။
ရေကစားတာအပြင် ဘုရားကျောင်းကန်သွားပြီး သံဃာတော်တွေကို ဆွမ်းကပ်ပူဇော်တာ ကလည်း သင်္ကြန် ဓလေ့တစ်ခုဖြစ်ပါတယ်။ အိမ်ဦးခန်းဘုရားစင်က ဗုဒ္ဓဆင်းတော်တွေ၊ ဘုန်းတော်ကြီးကျောင်းက ဆင်းတုတော်တွေကို လည်း အမွှေးနံ့သာရေတို့နဲ့ ပူဇော်ပါတယ်။ ဒီလိုလုပ်ရင် နှစ်သစ်မှာ သာယာဝပြောမှုကိုရနိုင်တယ်လို့အယူရှိပါတယ်။ ချင်းမိုင်လို မြို့ကြီးတွေမှာတော့ ဗုဒ္ဓဆင်းတုတော်တွေကို တခမ်းတနား ဆင်ယင် ထား တဲ့ ယာဉ်တွေနဲ့ ပင့်ဆောင်လှည့် လည်ပြီး ရေသပ္ပါယ်ခံပါတယ်။ လူအများအပြားက လမ်းတွေပေါ် လှည့်လည် လာတဲ့ ဆင်းတု တော်တွေကို ရေပက် ဖြန်းပေးတာဟာ အစဉ်အလာတစ်ခု ဖြစ်ပါ တယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ ဒီတစ်နှစ်အတွင်း ကျောင်းကို လာချိန် ခြေထောက်မှာကပ်ပါခဲ့တဲ့ သဲမှုန့်တွေကို အစားပြန်ပေး တဲ့အနေနဲ့ လူတိုင်းဟာ ဘုန်းတော်ကြီးကျောင်းကို သဲလက် တစ်ဆုပ်စီ သယ်ယူလာပါတယ်။ ဒီသဲတွေကိုစုပြီး သဲပုံစေတီတည်ပါတယ်။
တချို့ကတော့ အကုသိုလ်အမှုကိုရှောင်ကြည်ပြီး ကုသိုလ်မှုကို ပြုပါမယ်ဆိုတဲ့ နှစ်သစ်ကူး အဓိဋ္ဌာန်ပြုကြပါတယ်။ တစ်အိမ်လုံးကို ရှင်းလင်းသုတ်သင်ပေးပါတယ်။
ရေပက်ဖျန်းတာရဲ့ မူလရည်ရွယ်ချက်က လူတွေကိုအရိုအသေ ဂါရ၀ပြုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဗုဒ္ဓဆင်းတုတော်တွေကို ရေ သပ္ပါယ်တဲ့ရေကို ခံယူထားတယ်။ လူကြီးသူမတွေနဲ့ အိမ်ထောင်စု ၀င်တွေ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံပါစေဆိုတဲ့ ရည်မှန်းချက်နဲ့ သူတို့ ရဲ့ ပုခုံးကို ဒီရေစင်နဲ့ဖျန်းဆွတ်ပေးတာဖြစ်ပါတယ်။ လူငယ် လူရွယ် တွေကလည်း အပူဒဏ်ကိုသက်သာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရီး သွားတွေကို ပက်ဖျန်းပေးတာဖြစ်ပါတယ်။ ကားတွေလှည့်ပြီး ကြမ်း ကြမ်းတမ်းတမ်းရေကစားတာက နောက်မှပေါ်လာတဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်။
မူးယစ်သောက်စားလို့ မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ အလွန်အကျွံပြုမူမှုတွေ၊ အနာတရဖြစ်မှုတွေကြောင့် သင်္ကြန်ရက် အတွင်း ကြမ်းကြမ်းတမ်း ပြုမူမှုတွေလျှော့ချဖို့ အစဉ်အလာ စောင့် ထိန်းသူတွေက တောင်းဆိုလာပါတယ်။သင်္ကြန်ကာလမှာ မယ်အလှ ပြပွဲတွေကို နေရာအနှံ့အပြား ကျင်းပကြပါတယ်။ မိန်းမပျိုကလေး တွေက အလှအပနဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသကြပြီး ပရိ သတ်က အဆုံးအဖြတ်ပေးပါတယ်။ ဒီမှာက ထိုင်းသင်္ကြန်ပွဲဗွီဒီယိုလေးပါ songkran ဆွန်ကရန် (ဆွန်ခန်) လို့ခေါ်ပါတယ် နှိပ်ပါ
ယူနန် ရေသဘင်ပွဲ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနာမှာ မှီတင်းနေထိုင် ကြတဲ့ ဒိုင်မျိုးနွယ်စုတွေရဲ့ နှစ်သစ်ကူးပွဲတော်မှာ အရေးပါတဲ့ အခမ်း အနားတစ်ခုကတော့ ရေသဘင်ပွဲဖြစ်ပါတယ်။ နှစ်စဉ် ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ရေသဘင်ပွဲနဲ့တူညီပါတယ်။ ပွဲတော်ရက်အစမှာ အရိုအသေဂါရ၀ ပြုတဲ့ ပွဲတွေနဲ့စတင်ပြီး နောက်ဆုံးမှာ ရေသတင်ပွဲကို ဆင်နွှဲကြပါ တယ်။ ပွဲတော်ပထမရက်မှာ နှစ်ဟောင်းကို စွန့်ခွာတဲ့အနေနဲ့ နဂါးလှေပြိုင်ပွဲကို ကျင်းပပါတယ်။ ဒုတိယနေ့ကျင်းပ တဲ့ပွဲကတော့ နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်။ တတိယနေ့က ပွဲတော်ရဲ့ အထွတ် အထိပ်နေ့ဖြစ်ပြီး ရေသတင်ပွဲနွှဲတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒိုင် လူမျိုးတွေဟာ ၀တ်ကောင်းစားလှတွေဝတ်ပြီး ဘုန်းတော်ကြီး ကျောင်းကိုသွားကြပါတယ်။ ကျောင်းမှာဘုန်းတော်ကြီးတွေက ပရိတ် တော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်ကြပါတယ်။ နောက်တော့ ဗုဒ္ဓရုပ် ပွားတော်ကို ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်းမှ ပင့်ဆောင်ပြီး မဏ္ဍပ်ကို ပင့်ဆောင်ပါတယ်။ အဲဒီမှာရုပ်ပွားတော်ကို ရေနဲ့ ပက်ဖျန်း ပါတယ်။ ဒီပွဲတော်ကို "ဗုဒ္ခဘုရားရှင်အား ရေသပ္ပာယ်ပွဲ" လို့ ခေါ်ပါ တယ်။ အခမ်းအနားပြီးဆုံးမှ အချင်းချင်း ရေပက်ဖျန်းကြပါတယ်။
ဒါပေမယ့် ရေပက်ကစားတာဟာ ပျော်ပွဲရွှင်ပွဲ သက်သက် မဟုတ်ပါဘူး။ ဒီပွဲဟာ ဂုဏ်ယူစရာပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒိုင် လူမျိုးတို့ အယူအဆအရ ရေဆိုတာ သန့်စင်မှုသဘောကို ဆောင်ပါ တယ်။ ချစ်ခင်စေတနာထားမှုသဘောကို ဆောင်ပါတယ်။ ဒါကြောင့် အတန်းအစားအစိမ်း အကျက်မရွေး တစ်ဦးဦးကို ရေသဘင်ပွဲတော် ကာလမှာ ရေနဲ့ပက်ဖျန်းတာက ကံကောင်းပါစေ၊ သာယာဝပြော ပါစေဆိုတဲ့သဘောကို ဆောင်ပါတယ်။ ယခုနှစ်မှာ ယူနန်ပြည်နယ် မှာ ပူပြင်းခြောက်သွေ့မှုနဲ့ ရင်ဆိုင်နေရပြီး ဒီမိုးခေါင်ရေရှားမှုဟာ ရာစုနှစ်အတွင်းမှာ အပူပြင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ပူပြင်းခြောက် သွေ့မှုကို သက်သာစေမဲ့ မိုးခေါ်ပွဲတွေနဲ့အတူ ရေသဘင်ပွဲတော် ကို ဒိုင်လူမျိုးတွေက အစဉ်အလာမပျက် ဆင်နွှဲမှာ ဖြစ်တယ်လို့ ပေကျင်းတိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ဘင်္ဂါလီနှစ်သစ်ကူး
ဘင်္ဂါလီပြက္ခဒိန်ရဲ့နှစ်သစ်ကူးနေ့ကို ဘင်္ဂလားဒေ့ရှ်နဲ့ အနောက် ဘင်္ဂေါနယ်မှာ ကျင်းပပါတယ်။ ပြီးတော့ အာသံနဲ့ ထရိုင်ပူရမှာရှိတဲ့ ဘင်္ဂါလီတို့ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ပွဲတော်ကျင်းပရက်ဟာ ဧပြီလ ၁၄ ရက်ကနေ ၁၅ ရက်အထိကျရောက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အနောက်ဘင်္ဂေါနဲ့ အာသံပြည်နယ်တို့မှာ အများပြည်သူ (ပြည်နယ်) ရုံးပိတ်ရက်ဖြစ်ပြီး နှစ်စဉ် ဧပြီလ ၁၅ ရက်နေ့ မှာ ခမ်းခမ်းနားနား ကျင်းပပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဧပြီလ ၁၄ ရက်နေ့မှာ ကျင်းပပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနောက်ဘင်္ဂေါနဲ့ အာသံ ပြည်နယ်တို့မှာ အများပြည်သူ (ပြည်နယ်) ရုံးပိတ်ရက်ဖြစ်ပါတယ်။
ဘင်္ဂါလီနှစ်သစ်ကူးပွဲတော်ကို ကိုလ်ကတ္တား၊ ဒါကာမြို့တို့မှာ ကျင်းပလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်း တောင် ပေါ်သားတို့ရဲ့ မြို့တော်ဖြစ်တဲ့ Rangamatiမှာ ကျင်းပပါတယ်။
ဘင်္ဂါလီနှစ်သစ်ကူးပွဲတော်ဟာ တောင်အိန္ဒိယ (ကေရာလ၊ တမီနာဒူး)၊ သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယအရှေ့ ပိုင်း၊ အိန္ဒိယ (အာသံ၊ မဏိပူရ၊ သြရိဿ) နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ကျင်းပတဲ့ နှစ်သစ်ကူးသင်္ကြန်ရက်နဲ့ တိုက်ဆိုင်မှုရှိပါတယ်။

ဒါကိုတော့ဒီကယူလာတာပါ နှိပ်ပါ

မက္ကဆီကိုသင်္ကြန်

ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများ တွင်သာ နှစ်သစ်ကူးသော အခါ သမယတွင် အတာ ရေသဘင်ပွဲ ဆင်ယင်နွှဲ သကဲ့သို့ လက်တင် အမေရိကားနိုင်ငံ တခုဖြစ်သော မက္ကဆီကိုနိုင်ငံ တွင်လည်း အထက်ပါ နိုင်ငံများ ကဲ့သို့ ဘာသာရေး ပွဲတော် တခုတွင် ရေကစားသော ဓလေ့ဖြင့် ပျော်ရွှင် ဆင်နွှဲလေ့ ရှိကြောင်း သိရှိရသည်။

ရိုမန်ကက်သလစ် ဘာသာအား တနိုင်ငံလုံး၏ ၉၅ရာခိုင်နှုန်း သက်ဝင် ယုံကြည်သော မက္ကဆီကို နိုင်ငံတွင် ဘက်ပတစ် (နှစ်ခြင်း အသင်းတော်) ဘာသာတရား ကိုင်းရှိုင်းသူ လူနည်းစုတို့၏ ပွဲတော်တခု ဖြစ်သော သူတော်စင် စိန့်ဂျွန်းပွဲတော် (ဂျွန်လ ( ၂၄)ရက်နေ့) သည်၊ ယခင်က ကျော်ကြားသော ပွဲတော်အဖြစ် တလေးတစား အခမ်းအနားဖြင့် ကျင်းပခဲ့သော်လည်း ယခုအခါ တိမ်ကော ပပျောက်လု နီးပါး ပွဲတော်တခု အဖြစ် သိရှိရသည်။

မက္ကဆီကို နိုင်ငံ အနောက်တောင်ဖက် အခြမ်းရှိ ပွေဘလာ မြို့ကြီး အနီးမှ တလက်ကလာ ပြည်နယ်၊ Ixtenco မြို့တွင် ရိုးရာဓလေ့ အရ အထူးဆင်ယင် ကျင်းပသော ထိုပွဲတော်ကို ဂျွန်လ ၂၃ရက်နေ့ နံနက် အရုဏ်တက် ၂နာရီ ကတည်းကပင် လမ်းများပေါ်တွင် သစ်သီး အသီးအနှံ၊ ပန်းမာန်လ်၊ ကော်ဇောများ ခင်းကျင်းကာ ရိုးရာ တေးဂီတများဖြင့် တီးမှုတ် ဖျော်ဖြေနေကြပြီး မီးကျည်မီးပန်းများ ပစ်ဖေါက် ပျော်ပါးကြကာ သူတော်စင် စိန့်ဂျွန်းရုပ်ထု ဘုရားကျောင်းတွင်းမှ သယ်ဆောင်လာ၍ မြို့တွင်းသို့ လှည့်လည်သည့် အချိန်တွင် ထိုပွဲတော်အား စတင်သည်ဟု သိရှိရသည်။

ထိုပွဲတော်မှာ ကိုလိုနီစပိန် အငွေ့အသက် လွှမ်းမိုးပြီး မြေကမ္ဘာ နတ်သမီးအား ပူဇော်သော ရိုမန်ကက်သလစ် အစဉ်အလာမှ ဆင်းသက်လာသည်ဟု ဆိုသည်။ ထိုသူတော်စဉ် စိန့်ဂျွန်းရုပ်ထုအား ဘီစီ ၃၀၀ - ၄၀၀ ရာစုနှစ် ပြင်သစ်ဗိသုကာ လက်ရာဟန်နွယ်သော မြို့လည်ရှိ ဘုရားကျောင်းတွင် ထားရှိသည်ဟု ဆိုသည်။

ယခုခေတ်တွင်မူ ယင်းပွဲတော်အား ထိုဒေသတွင်းရှိ မိသားစုများ ပြန်လည်ဆုံတွေ့သော အထိမ်းအမှတ် ပွဲတော်၊ ရယ်စရာများ၊ ပျော်ရွှင်ဖွယ်များ အတိခြုံလွှမ်းသည့် ပွဲတော် အဖြစ်သာ ကျင်းပ ဆင်ယင်နွှဲလျက် ရှိကာ ပူပြင်းလှသော မက္ကဆီကို ၏ နွေရာသီ ဂျွန်လ (၂၄)ရက်နေ့တွင် ကျင်းပကြခြင်း ဖြစ်သည်။

ထိုနေ့တွင် မြို့အနီးအနားရှိ စမ်းချောင်းများတွင် မိသားစုများ ပျော်ပါး စားသောက်ကာ ရေဆော့ ကစားကြခြင်း၊ ရေပူဗောင်းများဖြင့် ပေါက်ကစားခြင်း၊ ရေပုံးများဖြင့် လိုက်လံ ပက်ကစားကြခြင်း နှင့် လူငယ်များ သောက်စား မူးယစ်ကြသည်ဟု သိရှိရသည်၊ ထိုသို့ ရေဆော့ ကစားကြသည့် ဓလေ့မှာ လက်တင် အမေရိကားရှိ နိုင်ငံတခု အတွက်တော့ ထူးခြား လှပေသည်။ - လူထုအသံ အွန်လိုင်း ဂျာနယ်

ရွှေမန္တလေး က သင်္ကြန်အကြောင်း
တန်ခူးလတာ မြန်မာ ၁၂လ ရာသီခွင်မှာ အစကနဦးနှစ်ဦးရဲ့ ပထမလ။ ထန်းသီးတွေဆွတ်ခူးတဲ့ လ။ ထန်းခူးလလို့ ရှေးတုန်းက ဖွဲ့ဆိုခဲ့ ကြတယ်။ အင်းဝခေတ်ရောက်မှ တန်ခူးလလို့ ရေးခဲ့ ကြတယ်။ သုံးခဲ့ကြ တယ်။တန်ခူးလဟာ သာယာလှလို့ ရှေးစာဆိုတွေက အမျိုးမျိုးဖွဲ့သီရေး သားခဲ့ကြတယ်။ အင်းဝခေတ်စာဆို တော် မင်းဇေယျနန္ဒမိတ်က အတာ ရေသဘင်ကို ညွှန်းပြီး၊ပုရစ်ဖြာစီရတု မှာ’တန်ခူးရာသီ၊ တိုင်ခဲ့ပြီ၊ ဆန်းထူး ဝါနီ၊ လှိုင်ခဲ့ပြီ၊ သွန်းဖြူးဖြာစီတိုင်ခဲ့ ပြီ’လို့ ရေးစပ်ခဲ့တယ်။ရတနာပုံခေတ် ရေသဘင်ပွဲ ကို ကုန်းဘောင်ဆက်မဟာရာဇဝင် တော်ကြီးမှာ ရေးဖွဲ့ထားတာက၊ သင်္ကြန်တော်အခါကြားတာနဲ့ တစ် ပြိုင်နက် ရွှေမြို့တော်ရှေ့မျက်နှာဦး ထိပ် တံခါးတော်ကစပြီး တစ်ဆယ့် နှစ်ရပ် တံခါးတော်အကုန်အမြောက် သံ သုံးချက်စီပေးရပြီး၊ အခါသုံးရက် အတွင်း အစဉ်ထုံးစံအတိုင်း ရေပက် ဖျန်းစေတယ်။အချိန်အခါဟာ နံနက်၊ ညနေ အချိန်မှာ ရေကြည်ရေအေး၊ အမွှေး ထုံရည်များနဲ့သာ ပက်ဖျန်းရမယ့် အကြောင်း၊ မြို့တွင်းမြို့ပြင် မောင်း ကြေးနင်းခတ်စေပါတယ်။မင်းနှစ်ပါး နံတော်သင့်တဲ့ မဟာမုနိဘုရား၊ လေသာမာရဇိန် ဘုရားမှာ ဆွမ်းတော်အဖွယ်အစုံ ကပ်လှူပူဇော်ပြီး၊ ရွှေနန်းတော်ပေါ် မှာ မြို့စား၊ ရွာစား၊ အပျိုတော်တို့နဲ့ လက်သုံးတော် လက်ဖက်ရည်တော် တို့ကို အမိန့်တော်နဲ့အတူ တစ်ဦးနဲ့ တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ ရေသွန်းလောင်းကစားကြတယ်လို့ ဆိုပါတယ်။ခရစ်နှစ် ၁၈၈၅ခုနှစ်ကစပြီး ဗြိတိသျှနယ်ချဲ့လက်အောက်မှာ မြန်မာဘုရင်မိသားစုပါတော်မူတာနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ ဆုံးရှုံးခဲ့ရ တယ်။မြန်မာ့ယဉ်ကျေးမှု အဆောက် အအုံတွေလည်း ထီးသုဉ်း၊ နန်းသုဉ်း ကွယ် ပျောက်ခဲ့ရတယ်။သီပေါဘုရင် နဲ့အတူပါတော်မူသွားရတဲ့စုဖုရားလတ် ဟာ မြန်မာနှစ်သစ်ကူးတဲ့ အခုလို အတာသင်္ကြန်ရောက်ပြီဆိုရင် ကျန် ရစ်ခဲ့တဲ့ ရတနာပုံနေပြည်တော်က မြန်မာပြည်သူတွေကို အလွမ်းစာ ရေးပို့ပေးဖူးတယ်။စုဖုရားလတ်ရဲ့ အလွမ်းစာကို မန္တလေးမြို့ကျုံးအနောက်ဘက်က မန္တလေး စာကြည့် တိုက်နဲ့ ပြတိုက်မှာ ရှိပါတယ်။ ဒါကိုကြည့်တာနဲ့ပဲ ကျွန်တော်တို့ရဲ့ ရွှေမန္တလေးရတနာပုံ မြို့တော်ကြီးရဲ့ မြန်မာ့သင်္ကြန်ပွဲကြီး ဟာ အဲဒီအချိန်ကပဲ ကြီးကျယ်ခဲ့ တယ်။ ယဉ်ကျေးသိမ်မွေ့ပြီး ယဉ် ကျေးမှုကို အခြေခံခဲ့တယ်ဆိုတာ ပေါ်လွင်နေပြီဖြစ်ပါတယ်။ကဲဒါတွေကို ဘာလို့ပေရှည် အောင် ရေးနေရလဲဆိုတာ စာဖတ် ရင်း ရှင်းသွားမှာပါ။ မန္တလေးသင်္ကြန် ဟာ ကျုံးဘေးပတ်လည်က ရေပက် ခံမဏ္ဍပ်တွေဆီကို ပုံစံဒီဇိုင်းအမျိုး မျိုးနဲ့ရောက်လာကြတော့မှာ။ဒါကြောင့် ကျွန်တော်အားမနာ စွာနဲ့ပဲ ဆက်ရေး၊ ဆက်ပြောပါ့မယ်။ ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ က အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော် ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။အတာသင်္ကြန်အခါတွင် ရုဒံ- ငိုကြွေးခြင်းကိုသော်လည်းကောင်း၊ မေထုနဉ္စ-မေထုံမှီဝဲခြင်းကိုသော် လည်းကောင်း၊ မံသံ -ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော်လည်းကောင်း၊ သူရ-သေရည်သေရက်သောက်ခြင်း ကို သော်လည်းကောင်း၊ကောဓောစ -အမျက်ထွက်ခြင်းကိုသော်လည်း ကောင်း၊ ရုဓံ- သွေးထုတ်ခြင်းကို သော်လည်းကောင်း၊ တေလိကံ- ဆေးဆီလိမ်းခြင်းကိုသော်လည်း ကောင်း၊ နကေရ-မပြုရာ၊ မရောင်း အပ်။ဣမာနိဒသ ကမ္မာနိ- ဤသို့ ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ -သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။ ဤသို့ဆို လျှင် ထိုမကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် မကောင်းသောကြည့်ခြင်းဖြင့် ပျက် စီးသေကျေအောင် ကြည့်ရှုသော ဟူ၏။ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊လူလိုစင် ထား၊မြင်းမိုရ်ဖျားဝယ်၊ သိကြားသော် မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန် အလိုတည်း” အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။ သင်္ကြန်စာထဲမှာလည်း သင်္ကြန်အခါ ရှောင်ကြဉ်စရာတွေ တွေ့ရမှာဖြစ်ပါ တယ်။


''တကယ်တော့ သင်္ကြန်ဆိုတာ နှစ်တစ်နှစ် ကူးပြောင်းသွားတဲ့ ကာလ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဟောင်း အညစ်အကြေးတွေ၊ အကုသိုလ်အပြစ်တွေကို အတာရေအေးနဲ့ဆေးတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ လူငယ်တွေ အပျော်ဘက်ကနေ ကုသိုလ်ရေးကိုကူး လာတဲ့အတွက် ကောင်းတယ်လို့ပြောရ မှာပါ။ သင်္ကြန်ကာလမှာ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတဲ့ ဓလေ့မှန် စရိုက်မှန်ကိုတော့ ရှင်သန်စေချင်ပါတယ်''
'' ဒီနှစ်သင်္ကြန်မှာတော့ အပျော်တွေလျော့ပြီး ကုသိုလ်ရေးတွေကို ပိုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ပြီး တော့ နှစ်ဆန်းတစ်ရက်နေ့မှာ သက် ကြီးရွယ်အိုတွေကိုခေါင်းလျော်တာတို့၊ လက်သည်းခြေသည်းညှပ်ပေးတာတွေ ၊ သတ္တဝါတွေကိုဘေးမဲ့လွှတ်ပေးတာတွေ လုပ်ပြီးကုသိုလ်ယူဖို့လည်း စိတ်ကူးထားပါတယ်။ ရိပ်သာမှာတရားစခန်းဝင်ဖို့ လည်းရှိပါတယ်''ဟု လူငယ်တစ်ဦးက ဆိုသည်။

သီရိလင်္ကာသင်္ကြန်
သီရိလင်္ကာနိုင်ငံ၏ ဓလေ့ သင်္ကြန်နေ့သည် အတုယူစရာကောင်းလှ၏၊ သင်္ကြန်ဟူသော ဝေါဟာရသည် ‘ကူးပြောင်းခြင်း’ ဟူသော အဓိပ္ပါယ်ကိုရ၏။ ကူးပြောင်းခြင်းဟူသည် ဤ၌ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းကိုဆိုလိုပါသည်။ ထိုကြောင့် New Year Day ဟုခေါ်ကြသည်။ နှစ်သစ်ကူးပြောင်းသောနေ့ဟု ဆိုလိုသည်။ မြန်မာ့အခေါ်အဝေါ်အရ နှစ်ဆန်းတစ်ရက်နေ့ဟု ခေါ်၏။ နှစ်သစ်ကူးပြောင်းသောနေ့သည် မြန်မာနှင့်သီရိလင်္ကာ အတူတူပင်ဖြစ်သည်။ တချို့သောနိုင်ငံများလည်း တူညီကြောင်း ကြားသိရသည်။ မည်သည့်နိုင်ငံများတူညီကြသည်ကိုကား မိမိအတိအကျ မသိရသေးပါ။

သီရိလင်္ကာနိုင်ငံ၌ နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ တစ်ရက်အလိုနေ့၌ အ၀တ်ဖြူများဝတ်ကြ၍ ဘုန်းကြီးကျောင်းများသို့ ဥပုသ်စောင့်သွားကြပါသည်။ နှစ်ဆန်းတစ်ရက်နေ့၌လည်း ဥပုသ်စောင့်ကြသည်။ ဤ၌ ဥပုသ်စောင့်ကြပုံကို အနည်းငယ်တင်ပြလိုပါသည်။ သီရိလင်္ကာ၌ ဘာသာရေးနှင့် ပတ်သက်သော အမှုကိစ္စမှန်သမျှ အ၀တ်ဖြူကိုသာ ၀တ်ဆင်ကြသည်။ တခြား မည်သည့်အရောင်မျှ မ၀တ်ကြပါ။ သူတို့သည် အ၀တ်ဖြူများဝတ်၍ လာကြပြီးလျှင် ဥပုသ်ဆောင် (ဓမ္မသာလာ) ၌ ဆိတ်ငြိမ်စွာ တရားရှုမှတ်ပြီးနေကြပါသည်။ နံနက် (၈)နာရီခန့်အချိန်၌ ဆရာတော်က ရှစ်ပါးသီလ ပေး၍ တစ်နာရီမျှ တရားဟောပါသည်။ တရားဟောပြီးသောအခါ တရားရှုမှတ်ခိုင်းပါသည်။ နေ့လည်(၁၁)နာရီ အချိန် ထမင်းကျွေးပါသည်။ ထမင်းစား ပြီးသည်နှင့်တပြိုင်နက် ဥပုသ်သည်များထဲမှ စွမ်းနိုင်သောပုဂ္ဂိုလ်များက တစ်ယောက်ပြီး တစ်ယောက် တရားဟောခြင်း၊ တရားဆွေးနွေးခြင်း၊ ဘာသာရေးနှင့်ပတ်သက်သော အမေးအဖြေများပြုလုပ်ခြင်းများကို နေ့လည် (၄)နာရီထိလုပ်ကြပါသည်။ ဤ၌ ‘သူတို့တနေကုန်ထိုင်နိုင်ရဲ့လား ညောင်းညာကိုက်ခဲလို့ တရားအပေါ် အာရုံပြုနိုင်ရဲ့လား’ ဟု မေးဖွယ်ရှိသည်။ သူတို့ကား တရားနာသောအချိန်၌ ရပ်၊ သွား၊ ထိုင်၊ အိပ်၊ မည်သို့သောဣရိယာပုထ် ဖြင့်မဆို နေနိုင်ပါသည်။ မြန်မာပြည်၌ ကဲ့သို့ ကြုံ့ကြုံ့လေး မလှုပ်မယှက် ထိုင်နေရသည်မဟုတ်၊ လွတ်လပ်စွာ နေချင်သလိုနေ၍ တရားကိုနာကြားနိုင်ပါသည်။ တရားဟောသော လူ၊ ဘုန်းကြီး၊ အရှေ့သို့ ခြေဆင်းပြီး ထိုင်နေကြသည်မှာ မြန်မာမျက်စိဖြင့်တော့ လုံးဝ မသင့်တော်လှ။ သူတို့ဓလေ့ကား ပြဿနာမရှိ ထိုင်ချင်သလိုထိုင် အပြစ်မရှိပါ။
ညနေ(၄)နာရီအချိန်တွင် ဘုန်းကြီးက တရားဟောပါသည်။ တရားဟောပြီးသည်နှင့် တပြိုင်နက် တရားထိုင်ရပါသည်။ ညနေ(၆)နာရီခန့်အချိန်တွင် လူပုဂ္ဂိုလ်များထဲမှ စွမ်းနိုင်သူက တရားဟောပြန်ပါသည်။ ထိုပုဂ္ဂိုလ်တရားဟောပြီးနောက် ပရိတ်ကြီးပါဠိတော်များ၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ် စသော ပါဠိများနှင့် ဘုရားကို ရွတ်ဖတ်ပူဇော်ကြပါသည်။ ည(၁၀)နာရီမှ စ၍ မိမိစွမ်းနိုင်သလို တရားမှတ်ခြင်း၊ ဗုဒ္ဓစာပေဖတ်ခြင်း၊ ကျက်မှတ်ခြင်း များကို မည်သည့်အချိန်ထိ ပြုလုပ်ကြသည်ကို မိမိမသိပါ။ ည(၂)နာရီ မိမိတရေးနိုး၍ ထကြည့်သောအခါ တချို့တရားထိုင်နေကြတာကို မြင်ရသေး၏။ သူတို့သည် ဥပုသ်ကာလအတွင်း ကွမ်းစားခြင်းမပြုပါ။ ဆေးလိပ်နှင့် မူးယစ်ဆေးဝါး အရက်ကိုးကား ဥပုသ်စောင့်သည်ဖြစ်စေ၊ မစောင့်သည်ဖြစ်စေ၊ ဗုဒ္ဓဘာသာများ အခါခပ်သိမ်း လုံးဝ မသောက်ကြပါ။ တချို့ ခိုးသောက်တာ ရှိသည်ဟု ဆို၏။ မိမိမတွေ့ဖူးပါ။ ဘာသာခြားများသည် အရက်၊ ဆေးလိပ်ကို သောက်သုံးသူ အလွန်ရှားပါလှ၏။ ဤကား သူတို့ဥပုသ်နှင့် ပတ်သက်သော အတုယူစရာ ဓလေ့တည်း။
သီရိလင်္ကာ၌ နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ တရက်အလိုတွင် ဥပုသ်စောင့်ခြင်း၊ ရပ်ကွက်အတွင်း လူကြီးများ ဆရာများ၊ မိဘများအား ကန်တော့ခြင်း အမှုကို မြန်မာနိုင်ငံ သီတင်းကျွတ်လ ကန်တော့ကြသလို ပြုလုပ်ကြပါသည်။ နှစ်ဆန်းတစ်ရက်နေ့၌ ဥပုသ်စောင့်ခြင်း၊ ခေါင်းလျှော်ခြင်း မင်္ဂလာကို ပြုလုပ်ကြပါသည်။ ဤ၌ ခေါင်းလျှော်မင်္ဂလာကို အနည်းငယ်တင်ပြပါအုံးမည်။ နံနက်အချိန်၌ ဒကာတချို့ ကျောင်းသို့ရောက်လာကြပြီး မဏ္ဍပ်ထိုးခြင်း၊ အခမ်းအနားပြင်ဆင်ခြင်း အမှုကိုကြိုတင်ပြုလုပ်ကြပါသည်။ သူတို့ ယူလာကြသော တမာရွက်၊ ကွမ်းရွက်နှင့် တခြားမည်သည့်အရွက်မှန်း မိမိ မသိသော အရွက်များကို ရောပြီး ဆုံဖြင့်ထောင်းကာ သတ္ထုရည်များညှစ်ယူ၍ စတီးအိုးကြီးဖြင့် ထည့်ထားကြ၏။ နေ့လည်အချိန်၌ ကျောင်းသို့ လူကြီးလူငယ် ရှိသမျှအားလုံး နီးစပ်ရာကျောင်းသို့ သွားရောက်ကြ၏။ လူစုံလောက်သောအချိန်၌ ဘုရားရှေ့တွင် ပရိတ်သတ်များ မတ်တပ်ရပ်လျှက် လက်အုပ်ချီကာ ငြိမ်သက်စွာနေကြ၏။ ပရိတ်သတ်ရှေ့တွင် သူတို့ထောင်းထားသော တမာရွက်စသော သတ္ထုရည်အိုးနှင့် အုန်းဆီအိုးကို ခင်းကျင်းတည်ထား၍ အနုပညာသမားများသည် တူရိယာများဖြင့် တီးမှုတ်ကြကာ ကျောင်းသူ ကျောင်းသားများက ဓမ္မတေးဖြင့် ဖျော်ဖြေကြပြီး ဂုဏ်တော်ဘွဲ့တေးဖြင့် ဗုဒ္ဓကို ချီးကျူးပူဇော်ကြ၏။
သူတို့ပူဇော်ပြီး မင်္ဂလာချိန်ရောက်သောအခါ လက်အုပ်ချီ၍ ရပ်နေကြသော ပရိတ်သတ်ရှေ့တွင် ဘုန်းကြီးများက မတ်တပ်ရပ်လျှက် ငါးပါးသီလ ဆောက်တည်စေ၏။ ထို့နောက် ပရိတ်များရွတ်ဖတ်ကြ၏။ ပရိတ်ရွတ်ဖတ်ပြီးသောအခါ ဘုန်းကြီးများ တစ်ပါးစီ နှစ်သစ်ကူးဆုတောင်းမှုကို ပြုကြ၏။ သူတို့ တစ်ပါးပြီး တစ်ပါး အလှည့်ကျ ဆုတောင်းရင်း စာရေးသူအလှည့်သို့ရောက်လာ၍ လောကု(ကျောင်းထိုင်) က မိမိအား မိုက်ခရိုဖုန်း ထိုးပေးရာ အကြောင်းမသိ၍ ကြိုတင်စီစဉ်မှုမရှိ သီဟိုဠ်စကားမရသော မိမိအဖို့ အခက်ကြုံရ၏။ ပရိသတ်ရှေ့ မိုက်ကြီးကိုင်ပြီး ဘာပြောရမည်ကို မသိသဖြင့် စိတ်ထဲပေါ်လာသော စည်တော်ကြီးကိုရွတ်ဆိုလိုက်၏။
“အောင်မြန်မာ…..အောင်ဂါထာ….အောင်ရာနိမိတ်ကယ်…ထွန်းပေလို့ဗျာ….။ အောင်ရပ်ကယ် သာသလေး…..အောင်ရာဘိမယွင်း…ရိုင်းပင်းကာ ကူညီပေး..တယ်...ကဗျာဆရာ..ဆွေသုဝဏ်ပါဗျာ..သွင်းဆိုသည့်စာ……” ဟု ရွတ်ဆိုလိုက်ရာ သူတို့နားမလည်ကြသော်လည်း အလွန်နားထောင်၍ကောင်းကြောင်း အခမ်းအနားအပြီး၌ လာရောက်လျှောက်ထားကြ၏။
သံဃာများ အသီးအသီး နှစ်သစ်ကူးဆုတောင်းကြပြီးသောအခါ ပရိသတ်များတန်းစီ၍ ဘုန်းကြီးရှိရာသို့လာကြ၏။ ထိုပရိသတ်ကို ဘုန်းကြီးများက ခေါင်းဆေးမင်္ဂလာပြုလုပ်ပေး၏။ တမာရွက်စသည်ဖြင့် ပြုလုပ်ထားသော သတ္ထုရည်နှင့် အုန်းဆီကို လက်ဖြင့်စိမ်ယူကာ သူတို့ခေါင်းကို ပွတ်ပေးခြင်းဖြစ်၏။ ထိုခေါင်းဆေးမင်္ဂလာပြုပြီးသောအခါ ဘုရားများ၊ ဗောဓိပင်များ၌ှဆီမီးပူဇော်ခြင်း၊ ပန်းပူဇော်ခြင်း၊ ကွမ်းရွက်ပူဇော်ခြင်းများကို အထူးတလည်ပြုလုပ်ကြပါသည်။ ထိုနေ့၌ တနေကုန် (သူတို့ အခေါ် လက်ကီးဒိုင်း) ဗြောက်ဖောက်ခြင်း၊ မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းများကို ပြုလုပ်ကြပါသည်။ အထူးအားဖြင့် နှစ်သစ်ကူးပြောင်းချိန်၌ တနိုင်ငံလုံး ဆူညံပွက် ဘ၀ဂ်ညံအောင် နားကွဲမတတ် ဗြောက်ဖောက်ကြသည်။ ကောင်းကင်တပြင်လုံး မီးရှူးမီးပန်းများဖြင့် လင်းဖြာလျှက်ရှိနေသည်မှာ အံ့မခန်း ရှုမြင်ရပါသည်။ ဤကား 2008 ခု ကုလားကျောင်း၌ မိမိ၏ မြင်ကွင်းတည်း။
ဒီနှစ် (2009) ၌ လည်း မကုဋမြန်မာကျောင်း၌ မြန်မာရဟန်းတော်များ မြန်မာမှုမြန်မာ့ ဟန်ဖြင့် နှစ်သစ်ကူးပွဲ ပြုလုပ်ကြပါသည်။ မုန့်လုံးရေပေါ်နှင့် ဗူးသီးကြော်များ ပြုလုပ်ကျွေးမွေး စားသောက်ကြခြင်း၊ ကံစမ်းမဲဖောက်ခြင်းတို့ကို နံနက်အချိန်၌ ပြုလုပ်ကြပါသည်။ ကံစမ်းမဲ၌ ပေါက်မဲအနည်းငယ်သာ ထည့်နိုင်သော်လည်း ဟာသ မဲများပါဝင်သဖြင့် အလွန်ပျော်ရွှင်စရာကောင်းလှပါသည်။ ဟာသမဲ၌ “ပြည်တန် ပတ္တမြားလုံး အရွယ် ချိုချဉ်ပါဘုရား၊ ကုလားမကိုကဲချင်တော့ ပေါက်မဲနှင့်လွဲမှာပေါ့၊ ဂုဏ်တော်ပုတီးစိပ်လိုက်ပါအုံး” စသည်ဖြင့် ဟာသမဲကိုဖတ်လိုက်တိုင်း တသောသောရယ်မောကြရ၏။ မဲအစီအစဉ်အပြီး တစ်ဦးနှင့် တစ်ဦး ရေလောင်းကြ အိုးမဲဖြင့်သုတ်ကြ နောက်ကြ ပြောင်ကြနှင့် အလွန်ပျော်စရာကောင်းလှ၏။ တစ်နှစ်တာ ညောင်းညာခဲ့သမျှ တနေ့တာ ပက်ဖြန်းသော သင်္ကြန်ရေဖြင့် မောပန်းမူးဝေ ညောင်းညာကိုက်ခဲ အကုန်ပျောက်သွားရသည်ဟုထင်မိ၏။

တမူထူးခြား၍ အတုယူဖွယ်လည်းကောင်းလှပေ၏ ရိုးရာဓလေ့တို့ အပြင် ဘာသာတရားကိုင်းရှိုင်းမှု မှာ အထင်ကရ ဗုဒ္ဓဘာသာနိုင်ငံကြီးဖြစ်သော မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ခံယူချက်များ လုပ်ကိုင် ပြုမူ ပြောဆိုနေကြသော အကျင့်စာရိတ္တများ သာသနာကိုအကျိုးပြုနေကြပုံများထက် အလွန်ပင်သာလွန်နေကြပေသည် ဟု လေ့လာမိပါသည်

သင်္ကြန်ပုံပြင်
သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားပြောရာမှ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပါသည်။ ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသည်။ ထို့နောက် ရှုံးတဲ့လူက ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသည်။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟုပြောလေသည်။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်လိုက်ပါသည်။ ထို ဗြဟ္မာခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်တွင် ရောက်သည့်အခါ သိကြားမင်းမှာ စဉ်းစားပါသည်။ မြေပေါ်ထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်ပါမည်၊ ရေတွင် ထားပါက သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်မည် ဖြစ်သဖြင့် နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မဦးခေါင်း ကိုင်ရန် တာဝန်ကျပါသည်။ ထို နတ်သမီး တစ်ဦးနှင့်တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်းတွင် သင်္ကြန်ကျပါသည်။ ထိုအကူးအပြောင်းအခါကို တွက်၍ ဘယ်နေ့တွင် ကူးပြောင်းမည်ဟု သတ်မှတ်ကြပါသည်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်ပါသည်။ ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသရေ(ခွေးသားရေ) မှာ ရေးပါသည်။ ယခင်က ရှေးဟောင်း ပုံပြင် ဖြစ်ပါသည်။
ဗေဒင်ကျမ်းများအရ
လူမျိုးတော်တော်များများတွင် ရိုးရာ ပြက္ခဒိန်မျာရှိကြပါသည်။ မြန်မာတို့၏ ရိုးရာပြက္ခဒိန်သည် သူရိယမာသခေါ် နေသွားလမ်းကြောင်းကို မူတည်ပြီတွက်ခဲ့ကြပါ သည်။ ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် ကနေ မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်ပါသည်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်း စ ပါသည်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူး သေးပါ။ နောက် ထပ် (၂)ရက်၊ (၄) နာရီ၊ (၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ် ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ နှစ်သစ်ကို ကျရောက်လေ့ရှိပါသည်။ ကြွင်းကျန် ၂ ရက်နှင့် ၄ နာရီကို ပြန်ဖြည့်သည့်အနေဖြင့် ၀ါထပ်နှစ်များထည့်တွင်းကာ ရက်များ ထပ်တိုးပြီး အမှား အယွင်းကင်းစွာ ပြက္ခဒိန်များရေးဆွဲခဲ့ကြသည်။ ထို့အပြင် ကျန်နေသေးသည့် မိနစ်နှင့် စက္ကန့်များအားလုံးကို ပေါင်းကာ ရက် အစားထိုး သည့်အနေနှင့် အချို့ နှစ်များတွင် ကဆုန်လတွင် သင်္ကြန်ကြပါသည်။ ထိုသည်ကို သိသာစေရန်အတွက် သင်္ကြန်စာများတွင် တနင်္ဂနွေ ဂြိုဟ်မင်း ဆင်းသည်ဟု ရေးသားခဲ့ကြပါသည်။ သင်္ကြန်ကျသည့် နေ့အပေါ် မူတည်ကာ တနင်္ဂနွေဂြိုဟ်မင်း လက်ကိုင်သည့် ပစ္စည်း ကွဲသွားပါသည်။ စီးသည့် ယဉ် ကွဲပါသည်။
ဗေဒင်ကျမ်းများတွင်သင်္ကြန်အခါသိကြားမင်းဆင်းသည်ဟုလုံးဝမရေးထားပါ။
သိကြားမင်းဆင်းသည်ဟု ပြောနေကြသည်မှာ မှားယွင်းစွာ ပြောနေကြခြင်ုးလည်းဆိုကြပါသည် ဤသည်မှာ ဗြဟ္မဏဝါဒ လို့ပြောလျှင်ရပါသည်
ပွဲတော်ဖြစ်လာပုံ
သင်္ကြန်ပွဲတော် သည် မှတ်တမ်းများအရ ပုဂံခေတ်မှ စတင်ပါသည်။ နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့ မပါစေရန် ရေသဘင်ပွဲ ကျင်းပ ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဟောင်းတွင် ပြုလုပ်ခဲ့မိသည့် အကုသိုလ်များ ပြေပျောက်စေရန်အတွက် နှစ်ကူးခါနီး တွင် ဘိုးဘွားမိဘဆရာသမားများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်း၊ သီလစောင့်ခြင်း၊ တရားနာခြင်း၊ ဒုလ္လဘရဟန်းဝတ်ကြခြင်း ၊ ကုသိုလ်ရေးအတွက် ဘေးမဲ့ လွှတ်ခြင်း၊ စတုဒီသာ မုန့်များပြုလုပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုနေ့များတွင် ကလေးသူငယ်များမှ အချင်းချင်း ရေပက်ကစားခဲ့ကြသည်။ ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် စတင်ပါသည်။ ထိုမင်းလက်ထက်တွင် သင်္ကြန်ကို ရက် ၄၀ ကျခဲ့သည်ဟု မှတ်တမ်းများအရ သိရပါသည်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့သည်။ သင်္ကြန်၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုပါ။
မြန်မာ့သင်္ကြန်ကတော့ (အများစုကို ကြည့်ပြီး ခြုံငုံသုံးသပ်ရရင်) အကုသိုလ်တွေ မိုးမွှန်အောင်လုပ်တဲ့ ပွဲကြီးအဖြစ်သို့ ရောက်မှန်းမသိ ရောက်လာနေတယ်။ အထူးသဖြင့် သင်္ကြန်ဆိုရင် အရက်သေစာ သောက်စားပွဲကြီး၊ လူငယ်လူကြီး (မျာပွေ ပွဲကြီး)လို့ ဆိုရတော့မယ့်ကိန်း ဆိုက်နေပြီဖြစ်လို့ ချစ်စရာ ယဉ်ကျေးမှုတွေ မပျက်သုဉ်းခင် တစ်ခုခု လုပ်သင့်နေတာတော့ အမှန်ပါပဲ။

အထက်ပါအကြောင်းအရာကိုတော့ဒီနေရာကယူလာတာပါ နှိပ်ပါ

တချို့ကလည်း မြန်မာ့ရိုးရာသင်္ကြန်ကို ဟိန္ဒူဘာသာမှစတင်ခဲ့ခြင်းဖြစ်ကြောင်း အထောက်အထားတချို့လက်ကိုင်ပြုဖော်ပြနေကြတာတွေ့ရပါတယ် ဒီလင့်ကို နှိပ်ပြီးကြည့်နိုင်ပါတယ် နှိပ်ပါ

ဒီနေရာမှာတော့ သရုပ်ပျက်နေတဲ့မြန်မာ့သင်္ကြန်ကိုဒီလိုဝေဖန်ပါတယ် နှိပ်ပါ

“နွေဦးကျက်သရေ ...”

ထိန့်လိုက်တဲ့ အိုးစည်
ပီကလည်း ပီသနဲ့
သီသူက သီကြ
ကသူက ကလာ
နွားကြီးလည်း ပါသဟေ့
ကျောပေါ်မှာ ကော်ဇော
အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်
နွားစိတ်ထဲ အခဲသား ၀င်လိုက်ရ
ရွှင်လိုက်မည့် ဖြစ်ခြင်း ...။

ဤကဗျာစာပိုဒ်သည် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း ဘေးမဲ့နွားလွှတ်ပွဲ တခုအကြောင်းကို ရေးဖွဲ့ထားသည့် ဆရာဇော်ဂျီ၏ “တခုသော သင်္ကြန်အခါ” ကဗျာထဲမှ ဖြစ်သည်။





ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ် …။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာပင့်လေအဖြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ် …။



တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။ ကဗျာများကူးယူခဲ့ရာနေရာနှိပ်ပါ

ဇော်ဂျီ

အထက်ပါအကြောင်းအရာစာပေများအားလုံးသည် ကူးယူဖော်ပြခြင်းများသာဖြစ်ပါသည် အနည်းငယ်မျှသာကိုယ်တိုင်ဖြည့်စွက်ရေးသားခဲ့ပါသည် ကူးယူခဲ့သောလင့်များအားဖြည့်သွင်းဖော်ပြထားပါသည်

thuwunnaoscar

Saturday, February 26, 2011

ဘ၀ပြောင်းလာပုံ


ရုတ်တရက် မြင်လိုရလို့.. ဒီကောင့်ကို ဘယ်လိုထင်ကြဦးမလဲ မသိဘူး။

ဒါပေမယ့် ဒါလေးက အကောင်ပေါက်လေးပါဗျာ
မွေးဖွားလာ စက ပေါ့။
တစ်ပတ် သား လေးပေါ့။
၁၃ ရက်သားလေး။
၁၇ ရက်သားလေး ဘ၀။
သင်က ဘာကောင်လို့ ထင်ထားလို့တုန်းဗျ။

Saturday, February 19, 2011

သက္ကရာဇ် 3000 မှာကြုံတွေရမဲ့ တိုးတက်မှု


ဒီ ကာတွန်းလေးတွေကို အီးမေးက ရပါတယ်။
သက္ကရာဇ် ၃၀၀၀မှာ ကြုံရမယ့် တိုးတက်ဖြစ်ထွန်းမှုတွေကို ကြိုတင်နိမိတ်ဖတ်ထားပါသတဲ့။
--------------------------------------
ကြေးစားအားကစားသမား :)
Photobucket
--------------------------------------
အိမ်သာတက်ရင်း ရေလွှာလျှောစီး :)
Photobucket
--------------------------------------
အိပ်ပျော်နေရင်း ကာယလေ့ကျင့်ခန်းလုပ် :)
Photobucket
--------------------------------------
ဒီဇိုင်းအမျိုးမျိုး ပြောင်းနိုင်တဲ့ အ၀တ်အစား :)
Photobucket
--------------------------------------
အော်တိုရိပ်စက် :)
Photobucket
--------------------------------------
လွယ်လွယ်လျှင်လျှင် အလှပြင် :)
Photobucket
--------------------------------------
“Stop”ဆိုရင် ရပ်ကိုရပ်ရမယ် :)
Photobucket
--------------------------------------
လောင်စာချွေတာဖို့ ဆပ်ကပ်ဆရာက ကျောင်းကြိုပို့ :)
Photobucket
--------------------------------------
ကမ္ဘာ့တိုက်ကြီးတွေကြား ကားနဲ့သွား :)
Photobucket
--------------------------------------
ဟယ်လီကော်ပတာ ဦးထုပ် :)
Photobucket
--------------------------------------
ကျောပိုးအိပ်က ကျောပိုး :)
Photobucket
--------------------------------------
ခြေလေးချောင်း ဂျင်းဘောင်းဘီ :)
Photobucket
--------------------------------------
ပေါက်ကရလုပ်ရင် ဆုံးမတဲ့ ကွန်ပျူတာ :)
Photobucket
--------------------------------------
မျက်လှည့်လောက်စွမ်းတဲ့ အရိုးအထူးကု :)
Photobucket
--------------------------------------
နှပ်ချေးသုတ်စက် :)
Photobucket

Saturday, January 29, 2011

အွန်လိုင်းမှာ ရုပ်ပြောင်


Photo ၀ါသနာရှင်များ အတွက်ပါ ။ ဓာတ်ပုံလေးကိုတွေ ရုပ်ပြောင်လေးတွေ လုပ်ပြီး သူငယ်ချင်းတွေကို စရ နောက်ရတာ အရမ်းကို ပျော်ဖို့ ကောင်းပါတယ် ။ အဲ့လို ရုပ်ပြောင်လုပ်တဲ့ software တော်တော်များများနဲ့ အွန်လိုင်း ဆိုဒ် တော်တော်များများလည်း ရှိပါတယ် ။ တော်တော်များများကိုလည်း သုံးဖူးပါတယ် ။ ဒါပေမဲ့ အရင်က သုံးသခဲ့သမျှဟာ ဒီဆိုဒ်လေးနဲ့ တွေ့တော့ အကုန် သဲထဲ ရေသွန် ဖြစ်သွားရပါတယ် ။ (အောင်လွင်ကြီးလေသံ ဆိုရင် အရင်တုန်းက premier မသောက်ခဲ့တဲ့ အချိန်တွေကို နှမြောလိုက်တာဗျာ .....)

ဟ ..မင်းဟာ က ညွှန်းလှချည်လားပေါ့ .. ။ သေချာလို့ လား ဆိုတဲ့ မေးခွန်းတွေ ခုချိန်မှာ ဖြစ်နေမှာပါပဲ ။ ဟုတ်တယ်လေ.. ။ ဘာမှ မှ မပြောသေးတာ .. ။ သိလည်း မသိသေးဘူးမလားးးး ။

ကဲ ဒီမှာဗျာ .... ။
piZap(fun Photo Editor)
ပါတဲ့ဗျာ ။ ဖွင့်လိုက်တာနဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ရုပ်ပြောင်ကို စပြီးမြင်ရမှာ ဖြစ်ပါတယ် ။ အဲ့ဘေးက Start ဆိုတဲ့ button လေးမှာ စပြီးမိမိ ပြုပြင်ချင်တဲ့ ဓာတ်ပုံကို လွယ်လွယ်ကူကူပဲ ရုပ်ပြောင် ပြုလုပ်လို့ ရပြီ ဖြစ်ပါတယ် ။ အသုံးပြုရတာတော့ အရမ်းကို ရိုးရှင်းပြီး လွယ်ကူလွန်းလှတာကြောင့် မိမိ စိတ်ကူး ရှိရင် ရှိတဲ့အတိုင်း ဓာတ်ပုံ တစ်ပုံက ဟာသ မြောက်နေမှာ ဖြစ်ပါတယ် ။

pizap က တစ်ခြား နာမည်ကြီး ဆိုဒ်တွေနဲ့ လည်း ချိတ်ဆက်ထားပါသေးတယ် ။

ယနေ့ ခေတ်ရဲ့ မရှိမဖြစ် Facebook က ပုံတွေကိုလည်းလိုသလို ပြုပြင်လို့ ရပါတယ် ။ တစ်ခြားနာမည်ကြီး photo ဆိုဒ်တွေ ဖြစ်တဲ့ Picasa,flickr,photobucket တို့ မှာ မိမိတို့ ဓာတ်ပုံ တွေ ရှိတယ် ဆိုရင် upload တောင် တင်စရာ မလိုပဲ ကြိုက်တဲ့ပုံကို ကြိုက်သလို ပြုပြင်လို့ ရမှာပါ ။

ဒီပိုစ့်လေး တင်ဖို့ အတွက် ကျွန်တော့် သူငယ်ချင်းတွေ အကုန်လုံးကို မော်ဒယ် လုပ်ဖို့ ဌားပေးမဲ့ ဘယ်သူမှ ခွင့်မပြုတာကြောင့် ဘာဓာတ်ပုံ တစ်ပုံမှ မပါပဲနဲ့ ဒီအတိုင်းပဲ တင်လိုက်ရပါတယ် ။ (တစ်ဆက်တည်း မော်ဒယ် လုပ်ဖို့ ဝါသနာ ပါပြီး စိတ်ကူး ရှိသူများ ကျွန်တော်နဲ့ ဆက်သွယ်နိုင်ပါတယ် ။ ကျွန်တော် ဓာတ်ပုံ နဲ့ တကွ ကြော်ငြာပေးမှာပါ ...... ) ကျွန်တော့် ပုံကတော့ ရုပ်တောင် ဖျက်စရာ မလိုပဲ နဂိုကတည်းက ခပ်ပြောင်ပြောင် ဖြစ်နေတဲ့အတွက် (မျက်နှာနော်....) မတင်ပေးလိုက်တော့ပါဘူးးး ။ (တော်ကြာ ဘာပြောင်လဲဆိုပြီးးး လျှောက်တွေးနေမှာ စိုးလို့ ...)

ကဲ .. အဲ့လောက်ဆိုရင်တော့ အကုန် အဆင်ပြေလောက်ပြီ ထင်ပါတယ် ။ အဲ့ဒါဆို ရင်တော့ မိမိသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကို စတင်ပြီး ရုပ်ဖျက်လို့ ရနိုင်ပါပြီဗျာ ။ ပြီးရင်တော့ မိမိရဲ့ PC ထဲမှာ save ထားပေါ့ ။ အနည်းဆုံး virus မ၀င်အောင်ပေါ့ ... ။ ဒါမှမဟုတ်လည်း ဓာတ်ပုံ ထုတ်ပြီး ကြွက်ခြောက်ကြပေါ့ဗျာ ... ။

တစ်ယောက်ပုံ တစ်ယောက်ကြည့်... ခွက်ထိုးခွက်လန် ရီမောနိုင်ကြပြီး ဘ၀စိတ်အမောလေးတွေ ခဏဖြစ်ဖြစ် ပြေပျောက်ရင်ပဲ တင်ရကျိုးနပ်ပါတယ်ဗျာ ။

MMiTD ကနေ ကူးယူဖေယ်ပြပါသည်....
mg min

မေးလ်ထဲဝင်လာတာတော့ ကြာပါပြီ။ ခုမှ တင်ဖြစ်။

အဟတ်ဟတ်... ဘယ်သူပုံလဲ လျှောက်တွေးမနေနဲ့ .။ ဒေါ်ဂျူလိုင်ဖြူ့ လက်စွမ်းကြောင့် ကျွန်တော်မိုးယံ ထိပ်ပြောင်ဘ၀ရောက်ခဲ့ရတာ။

Sunday, January 2, 2011

ကြောက်တတ်သူများမကြည့်ရ

အသည်းငယ်ရင် ဘေးဖယ်နော်.. ပျော်စေပျက်စေကလက်စေပေါ့.. ကြောက်တတ်ရင် ကြက်တောက်... အဲ

မကြည့်နဲ့ပေါ့နော်... ပြောသပြောတာပါဗျာ.. ကျွန်တော်အပါအ၀င် ပခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့

သတ္တ၀ါတွေဟာ ..အဲလိုမျိုးဆို စိတ်ဝင်စားကြတယ်ဆိုတာ အကြွင်းမရှိယုံကြည်ပါ၏။

အနော်ဆီကို ရောက်လာတဲ့မေးလ်ခေါင်းစဉ်ကတော့ ရင်တဖိုဖို သီချင်းများ စုစည်းမှု ဆိုပါသဗျာ။

မကြောက်ရင်နှိပ်လေ
http://members.home.nl/saen/Special/Zoeken.swf

Saturday, January 1, 2011

လူသားအားလုံးအတွက်









ပျော်ရွှင်ဖွယ် အတိလွှမ်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ မောင်မိုးယံမှ ဆုမွန်ကောင်း တောင်းအပ်ပါသည် ခင်ဗျာ.