Wednesday, June 30, 2010

ဟောလီးဝုဒ်မင်းသမီးဘ၀ကို စွန့်လွှတ်နိုင်ရှိကြောင်း အန်ဂျလီနာဂျိုလီပြောကြား

ဟောလီးဝုဒ်မင်းသမီးဘ၀ကို စွန့်လွှတ်နိုင်ရှိကြောင်း  အန်ဂျလီနာဂျိုလီပြောကြား

ဟောလီးဝုဒ် ရပ်ဝန်းတွင် အအောင်မြင်ဆုံး မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေမှုကို စွန့်လွှတ်ရန် အခြေအနေများ ရှိနေကြောင်း အန်ဂျလီနာဂျိုလီက ပြောကြားလိုက်သည်။ မင်းသားဘရတ်ပစ်တ်နှင့်အတူ ဟောလီးဝုဒ်၏ ရွှေရောင်စုံတွဲအဖြစ် နာမည်ကြီးနေသည့် ဂျိုလီက သားသမီးများအတွက် မိခင်တစ်ဦးအဖြစ် ပိုမိုအချိန်ပေးရန် သရုပ်ဆောင်အလုပ်ကို အပြီးစွန့်လွှတ်သွားရန် ဖြစ်လာနိုင်ကြောင်း ယခုလ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့သည့် Vanity Fairမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။


Angelina Jolie


“ဒီအလုပ်မှာ ကျွန်မပျော်ပါတယ်။ နောက်ပြီးတော့ အဆင့်အတန်းမြင့်မြင့်လည်း နေရာတစ်ခု ရထားပြီးပါပြီ။ ဒါပေမယ့် ကျွန်မအကြာကြီးတော့ ဟောလီးဝုဒ်မှာ ဆက်ရှိမယ် မထင်ဘူး”ဟု ဂျိုလီကဆိုသည်။ သူမသည် ယမန်နှစ်ကလည်း သားသမီးများအတွက် အနုပညာသည်ဘ၀ကို ကျောခိုင်းရန် စဉ်းစားနေမိကြောင်း ဖွင့်ဟခဲ့ဖူးသည်။ ဂျိုလီသည် The Curious Case of Benjamin Buttonမင်းသား ပစ်တ်နှင့် မွေးစားကလေး (၃)ဦးအပါအ၀င် သားသမီး(၆)ဦး ရရှိထားသည်။ အသက်(၃၅)နှစ်ရှိ ဂျိုလီသည် ပစ်တ်နှင့် တရားဝင် လက်ထပ်ထားခြင်း မရှိသေးသော်လည်း (၂၀၀၅)ခုနှစ်ကတည်းက အတူတွဲနေခြင်းဖြစ်သည်။


Angelina Jolie


ဂျိုလီသည် Vanity Fair မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကလေးငယ်များအကြောင်းကိုလည်း ပြောပြသွားခဲ့ရာ သူမ၏ သမီးငယ် ရှာလိုသည် ယောက်ျားလေးဆန်ဆန် ၀တ်ဆင်လေ့ရှိပြီး ယောက်ျားလျာလေးတစ်ဦး ဖြစ်လာဖွယ်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ “အသက်(၇)နှစ်ပဲ ရှိသေးပေမယ့် သိသာပါတယ်။ ရှာလိုက မိန်းကလေး အ၀တ်အစားတွေကို သဘောမကျဘူး။ ကစားရင်လည်း ယောက်ျားလေးတွေလိုပဲ ကြမ်းကြမ်းတမ်းတမ်းနဲ့”ဟု ဂျိုလီကဆိုသည်။ ဂျိုလီနှင့် ပစ်တ်တို့သည် လမ်းခွဲရန် စီစဉ်နေကြောင်း သတင်းများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိသော်လည်း ကုလသမဂ္ဂ ကလေးများဆိုင်ရာ နှလုံးလှ သံတမန်အဖြစ် ခန့်အပ်ခံထားရသူ ဂျိုလီက နောက်ထပ်သားသမီးယူရန်ပင် စဉ်းစားနေကြောင်း ပြောကြားသွားသည်။

ဥရောပချန်ပီယံရဲ့ ထိုက်တန်တဲ့အနိုင် (စပိန် ၁-၀ ပေါ်တူဂီ)

Spain

ဥရောပချန်ပီယံ စပိန်အသင်းနှင့် ၂၀၁၀ ကမ္ဘာဖလားမှာ ပေးဂိုးလုံးဝ မရှိသေးတဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲကတော့ ပွဲစတယ်ဆိုတာနဲ့ စပိန်အသင်းက ပေါ်တူဂီအသင်းရဲ့ အထနှေးမှုကို အခွင့်ကောင်းယူကာ ဆက်တိုက်ဖိကစားခဲ့ပြီး တောရက်စ်နှင့် ဒေးဗစ်ဗီလာတို့ရဲ့ အပြင်းကန်ချက်တွေကို ပေါ်တူဂီဂိုးသမား အက်ဒွါဒို ပုတ်ထုတ်ကာ ကာကွယ်ခဲ့ရပါတယ်။ ပေါ်တူဂီအသင်းကတော့ စပိန်အသင်းရဲ့ ကစားအားကို မထိန်းနိုင်ဘဲ ခံစစ်သက်သက် ကစားနေခဲ့ရပြီး၊ ပွဲချိန်(၇) မိနစ်မှာ ဗီလာရဲ့ ကန်ချက်ကိုလည်းပေါ်တူဂီဂိုးသမား ထပ်မံပုတ်ထုတ်နိုင်ခဲ့လို့ ပေါ်တူဂီအသင်းသက်သာရာရခဲ့ပါတယ်။ ပေါ်တူဂီအသင်းက စပိန်အသင်းဘက်ကို Counter ကနေပြန်လည်တိုက်ခိုက်ခဲ့ပြီး၊ ပွဲချိန်မိနစ် (၂၀)မှာ တီယာဂိုရဲ့ ကန်ချက်ကောင်းပေမယ့် ကာဆီးလက်စ် ကာကွယ်ပေးခဲ့လို့ ဦးဆောင်ဂိုးနှင့် လွဲခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီအသင်းဘက်က ရော်နယ်ဒိုရဲ့ ဖရီးကစ်ကန်ချက် ဂိုးရလုနီးပါးဖြစ်ခဲ့ကာ၊ အယ်မေးလ်ဒါးလ်၊ တီယာဂိုတို့ရဲ့ ခေါင်းတိုက်ချက်တွေ လွဲချော်ခဲ့လို့လည်း ပထမပိုင်းမှာ နှစ်သင်းစလုံးမှာ ဂိုးမရရှိဘဲ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ နှစ်သင်းစလုံးဟာ အပြန်အလှန် ထိုးဖောက်ကစားခဲ့လို့ ပွဲဟာကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ အယ်လ်မေးဒါးလ် ဘယ်တောင်ပံက တစ်ကိုယ်တော် ဆွဲပြေးပြီးထိုးပေးတာကို ပူယိုးလ် ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ စပိန်အသင်းက တောရက်စ်နှင့် ပေါ်တူဂီအသင်းက အယ်မေးဒါးလ်တို့ အစား လောရန်တေးနှင့် ဒန်နီတို့ ၀င်ရောက်ကစားခဲ့ပါတယ်။ တိုက်စစ်အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် စပိန်အသင်းဟာ ဂိုးသွင်းခွင့်တွေရခဲ့ပြီး လော်ရန်တေးနှင့် ဗီလာတို့ရဲ့ အားထုတ်မှုတွေ ဂိုးရရှိမှုနီးပါးဖြစ်ခဲ့ပါတယ်။


ဆက်တိုက်ဖိကစားခဲ့တဲ့အတွက် ပေါ်တူဂီခံစစ်ပြာသွားပြီး ပွဲချိန် ၆၃ မိနစ်မှာ ဇာဗီဖနောင့်နဲ့ ထုတ်ပေးတာကတစ်ဆင့် ဗီလာက နှစ်ချက်ဆင့်ပိတ်သွင်းခဲ့လို့ စပိန်အသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။ တစ်ဂိုးရပြီးနောက်ပိုင်း စပိန်အသင်းကပဲ ဂိုးသွင်းခွင့်တွေရခဲ့ပြီး ဗီလာ၊ ရာမို့စ်တို့ရဲ့ ကန်ချက်တွေကို အက်ဒွါဒို လက်စွမ်းပြ ကာကွယ်ပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ စပိန်ကွင်းလယ်က ဇာဗီ၊ အလွန်ဆို၊ အင်နီယေစတာ တို့ခြေစွမ်းပြခဲ့ကြပြီး၊ ပေါ်တူဂီနောက်တန်းက ကော်စတာကလည်း ဒေးဗစ်ဗီလာကို လုံးဝမထိန်းနိုင်ခဲ့ပါဘူး။ (၈၈)မိနစ်မှာ ရီကာဒိုကော်စတာ အနီကတ်ပြ အထုတ်ခံခံရပြီး၊ ဒီအနီကတ်ဟာ စပိန်နောက်ခံလူ ကတ်ဒီဗီလာ ဟန်ဆောင်ကောင်းခဲ့လို့ပါ။ ပွဲပြီးခါနီးမှာ ပေါ်တူဂီတို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးနဲ့ဝေးခဲ့ရပြီး ၊စပိန်အသင်းကတော့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ စပိန်အသင်းဟာ တောင်အမေရိက အသင်းတစ်သင်းဖြစ်တဲ့ ပါရာဂွေးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

စစ်သားများ ဘလော့ဂ်ရေးသားခြင်းကို တားမြစ်သည့် စည်းကမ်းများ တရုတ်နိုင်ငံတွင် ထုတ်ပြန်

Chinese Soldier

တရုတ်နိုင်ငံစစ်တပ်ရှိ စစ်သား ၂ ဒသမ ၃သန်းကျော်အား ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ ဖန်တီးခြင်း၊ ဘလော့ဂ်ရေးသားခြင်းများ မလုပ်ရန် တားမြစ်သည့် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

"အင်တာနက်မှာ စစ်သားတွေ ဘလော့ဂ်ရေးလို့ မရပါဘူး။ အင်တာနက်က ရှုပ်ထွေးလွန်းပါတယ်။ အွန်လိုင်းကနေ ခြေရာခံတာတွေကို ဟန့်တားဖို့အတွက် ကျွန်တော်တို့ အသင့်အနေအထား ရှိနေသင့်ပါတယ်"ဟု ပြည့်သူ့လွတ်မြောက်ရေးတပ်မတော်၏ နိုင်ငံရေးဌာနမှ Wan Long က ပြောကြားခဲ့သည်။

စည်းကမ်းချက်သစ်များသည် PLA ၏ ပြည်တွင်းအုပ်ချုပ်ရေး စည်းမျဉ်းများကို ပြင်ဆင်ပြီး ချမှတ်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၀က်ဘ်ဆိုက်ကို အလွန်အမင်း ဆင်ဆာစိစစ်ဖြတ်တောက်မှု စနစ်ကို ပြုလုပ်နေပြီး ညစ်ညမ်းပုံများမှသည် နိုင်ငံရေးဆန့်ကျင်မှုများ ပြုလုပ်မှုများကို တားမြစ်ထားမှုခြင်းကြောင့် Great Firewall ဟုပင် ရည်ညွှန်းထားသည်။ ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံက နိုင်ငံတော်လုံခြုံရေးအတွက် အင်တာနက် ဆင်ဆာဖြတ်တောက်မှုကို ကာကွယ်ရန်နှင့် ကမ္ဘာ့ပေါ်တွင် အွန်လိုင်းသုံးစွဲမှု လူဦးရေအများဆုံး နိုင်ငံ၏ မူဝါဒများကို အခြားနိုင်ငံများက လေးစားမှုပြုရန် သတိပေးမှုများ ပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အစိုးရအဖွဲ့က ၎င်းနိုင်ငံသားများအား ပြည်သူလူထု အခွင့်အရေးများကို သိရှိရန်နှင့် ပါဝင်ခွင့်ရှိသည့် အနေဖြင့် အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ စကာပြောဆိုခွင့်ရှိရန် အာမခံချက်ပေးကြောင်း ခိုင်ခိုင်မာမာ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဆင်ဆာဖြတ်တောက်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခြင်းများကြောင့် အမေရိကန်နှင့် စကားစစ်ထိုးမှု ဖြစ်ပွားနေသည့်အပြင် အမေရိကန်က တရုတ် (တိုင်ပေ)သို့ လက်နက်များ ရောင်းချမှုနှင့်ပတ်သက်ပြီး တင်းမာမှုများ ဖြစ် နေကြောင်း သိရှိရသည်။

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

သပံ္ပအယူအဆ လူဖြစ်လာပုံနှင့် ဗုဒ္ဓဘာသာအရ လူဖြစ်လာပုံကို နှိုင်းယှဉ်နိုင်စေရန် ဆရာတော် ဦးကောဝိဒ( မြိတ်) ဆီမှ ဘာသာရေးရှုဒေါင့်အရ ဖြေထားသော ပို့စ်ကို ပြန်လည်ကူးယူပြီး သိပ္ပံအရ လူဖြစ်လာပုံကို ဖြည့်စွက်ကာ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

အမေး။အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြားပေးတော်မူပါဘုရား။
စောဝတ်မှုံခင်
ခေတ္တ ဂျပန်
အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသနေ တည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ တစ်ထစ်ချပြောလို့မရပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄)
နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်….
သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီးပဋိသန္ဓေ လေးမျိုး ရှိပါတယ်။(သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)
(က) သံသေဒဇပဋိသန္ဓေ
ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။
ပဒုမာကြာမှာ ပဋိသနေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက
ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

Tuesday, June 29, 2010

ပါးစပ်တစ်ခု အရင်းပြု

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

*သက်သေခံပစ္စည်း လိုတယ်ဆိုလို့ *

တစ်နေ့မှာ အဘွားတစ်ယောက်ဟာ
ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်က သူ့ခွေးလေး အတွက်
ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင်
မိန်းကလေးက ..

” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို
ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ
ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။

နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ
လာဝယ်ပြန်ပါတယ်။
ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ…
” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင်
အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး
သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။
ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့
အဘွားလက်ထဲမှာ
ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ
တန်းသွားလိုက်တယ်။
နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့
ပြောလိုက်ပါတယ်။
မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး
နူးညံ့နေတဲ့ အတွေ့ အထိကို
သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း
ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။

* ” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ”
..တဲ့။*

*
*** ၀န်းရံခ ၇ဲ့ မေးလ် မှ ကူးယူဖေါ်ပြပါသည် ။*

အနာဂတ်ကိုသိလိုသော်

ဆရာကြီးရယ် ဒီယတြာထက်အကုန်သက်သာမယ့် တခြား ယတြာ တစ်ခုခုနဲ့ အစားထိုးလို့မရဘူးလား၊ ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့
. . .

'ဟေ့...ကိုလင်း၊ တစ်ယောက်တည်း ဘာတွေများမှိုင်တွေငေးမောတွေးတော
နေတာတုံးဗျ'

'သြော်....ကိုဝင်းပါလား ထိုင်ဗျာ၊ အဖြစ်ကတော့ မနှစ်ကနဲ့မတူ ဆိုသလိုပါပဲ'

'ဆိုစမ်းပါဦး၊ ဘာပြဿနာတွေများကြုံနေရလို့တုံး၊ ကိုယ်တတ်နိုင်ရင်လဲ ကူညီရတာပေါ့'

'ဒီလိုဗျ ကိုဝင်းရဲ့၊ ကျွန်တော်တို့ရုံးမှာ နိုင်ငံခြားပညာတော်သင်သွားဖို့ စာမေးပွဲတစ်ခုလုပ်တယ်လေ။ အဲဒါ
ကျွန်တော်အပါအ၀င် ဖြေတဲ့လူငါးယောက်ထဲကမှ တစ်ယောက်တည်းရွေးမှာဗျ'

'ဒီတော့ ခင်ဗျားကမဖြေနိုင်ခဲ့လို့ စိတ်ညစ်နေတာလား'

'ဒီလိုလည်းမဟုတ်ဘူးဗျ၊ အတော်လေးလည်းဖြေနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုစိတ်မချတာနဲ့....'

'စိတ်မချတော့ကော ဘာများထပ်လုပ်လို့ရဦးမှာလဲ။ ဖြေပြီးမှတော့ ရရ၊ မရရ စိတ်ကိုတုံးတုံးချထားလိုက်ပါတော့ဗျာ။ ကိုယ့်ဘက်ကဖြေဆိုရမယ့် တာဝန်ကျေပြီပဲ'

'ကျွန်တော်လည်း အစကဒီလိုပဲ သဘောထားမလို့ပါ။ ခက်တာက ကျုပ်ဇနီးမအေးလေဗျာ၊ သူကမနေနိုင်မထိုင်နိုင် ဗေဒင်မေးကြည့်ချင် လှချည့်ရဲ့ဆိုလို့
နာမည်ကြီးကြေးကြီး အကြားအမြင်ဆရာဆီမှ တကူးတကကြိုတင်
ဘွတ်ကင်တွေဘာတွေလုပ်ပြီး သွားမေးမိပါတယ်ဗျာ'
'ဘာတဲ့လဲ၊ ခင်ဗျားမပါနိုင်ဘူးလို့ ဟောလိုက်လို့လား'

'ဒီလို အပြတ်ဟောလိုက်ရင်လည်း ကောင်းတာပေါ့ ကိုဝင်းရာ၊ စိတ်လျှော့ပြီး
ပုံမှန်နေလိုက်ရုံပေါ့။ အခုတော့ ဆရာကြီးက ကျွန်တော်ရဖို့
ရာနှုန်းငါးဆယ်လောက်ပဲ သေချာတယ်တဲ့။ အတိုက်အခိုက်တွေ အများကြီးရှိနေတယ်၊
အဲဒီအတိုက်အခိုက် အနှောင့်အယှက်တွေကို ကျော်လွှားနိုင်ဖို့
ယတြာလုပ်ရမယ်တဲ့ဗျာ'

'ဒါနဲ့ပဲ ခင်ဗျားတို့ ရတန ဒီပံဆေးဖယောင်းတိုင်ဖိုး ချောခဲ့တယ်ဆိုပါတော့'

'ဖယောင်းတိုင်ဖိုး ရာဂဏန်းလောက်ဆို ဘာအကြောင်းလဲကိုဝင်းရာ၊ အခုဟာက ကျုပ်မှာ ဒီကိစ္စအတိုက်အခိုက်တွေအပြင် အသက်
အန္တရာယ်ရှိနေတယ်၊ အလုပ်ပြုတ်ကိန်း၊ အိမ်ထောင်ရေးပြိုကွဲမဲ့ကိန်းတွေလည်း မြင်နေရတယ်၊ ဒါ့ကြောင့် ဆရာကြီးကိုယ်တိုင် အဓိဋ္ဌာန်ဝင်ပြီး အထူးစီမံထားတဲ့
ဥာဏ်တော်သုံးလက်မအမြင့်ရှိတဲ့ ပန်းပေါင်းစုံသစ်သားဆင်းတုတော်တစ်ဆူကို ထုလုပ်ကိုးကွယ်ပြီး သာသနာပွဲပေးရမယ်၊ ဒါတွေအားလုံးအတွက် စရိတ်က
သုံးသောင်းကျော်ကုန်မယ်တဲ့ဗျာ'

'အားပါး၊ မနည်းပါလား၊ ခင်ဗျားဟာက နိုင်ငံခြားအနံ့တောင်မရသေးဘူး ယတြာဖိုးကသောင်းချီထွက်တော့မှာပါလား ဟရို့'

"အဲဒါ ကျွန်တော့်အိတ်ထဲမှာကလည်း ထောင်ဂဏန်းလောက်ပဲပါတာနဲ့ ဆရာကြီးရယ် ဒီယတြာထက်အကုန်သက်သာမယ့် တခြား ယတြာ တစ်ခုခုနဲ့ အစားထိုးလို့မရဘူးလား၊
ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့ ဆရာကြီးသိတဲ့အတိုင်းပဲ၊ ဘာညာ ပြောတာတောင်
သူက 'ဒါ မင်းတို့ကိုသနားလို့ အညှာတာဆုံးလုပ်ပေးတာကွတဲ့၊
ငါ့အတွက်ဘာမှအကျိုးအမြတ်မရှိဘူး၊ သတ္တ၀ါတွေကို ကယ်တင်ချင်လို့ သာသနာ ပြုတဲ့အနေနဲ့ လုပ်ပေးရမှာ၊ မင်းတို့ကိုငါ့ဆီလာဖို့ အတင်းအဓမ္မခေါ်ပြီး
ဟောတာလည်းမဟုတ်ဘူး၊ အခုလည်း ငါကလုပ်ပါလို့ အတင်း မတိုက်တွန်းပါဘူး၊ အခုလို
ဂြိုဟ်ကောင်း နက္ခတ်ကောင်းတွေနဲ့ ကြုံကြိုက်တုန်းသုံးရက်အတွင်လုပ်ရင်လုပ်၊ မလုပ်ရင်တော့ ငါလည်း ဘယ်လိုမှ မကယ်နိုင်တော့ဘူး' တဲ့ဗျာ"

'အမလေး ကြောက်စရာကြီးပါလားနော်၊ သုံးရက်အတွင်းမှ သူ့ဆီပြန်သွားပြီး ယတြာမလုပ်ခဲ့ရင် ခင်ဗျားအတွက် ဘေးအန္တရာယ်ဆိုးတွေနဲ့
ရင်ဆိုင်ရတော့မလိုပါပဲလားဗျာ'

'ကျွန်တော့်ဇနီးမအေးဆိုရင် လက်ထဲမှာလည်းငွေကမရှိတော့ မစားနိုင်မအိပ်နိုင်နဲ့ သုံးရက်မစေ့ခင်
ရှိတာလေးပေါင်နှံပြီး ဆရာကြီးဆီ သွားပေးရတော့မလိုဖြစ်နေပြီ၊ သူ့ခမျာ
ကျွန်တော်နိုင်ငံခြားက ပြန်လာရင် ပါလာမယ့် မော်တော်ကားကြီးစီးပြီး
အင်ဒိုနီးရှားပါတိတ်ဝမ်း ဆက် ရောင်စုံဝတ်လိုက်မဟဲ့ဆိုတဲ့
စိတ်ကူးယဉ်အိပ်မက်လေးတောင် ၀အောင်မမက်နိုင်ရှာတော့ပါဘူး၊ အလုပ်ပြုတ်ကိန်း၊
အိမ်ထောင် ရေးပြိုကွဲကိန်း မြင်တယ်ဆိုတာနဲ့တင်
မျက်ကလဲဆန်ပြာဖြစ်နေရှာတယ်ဗျာ'

'နေစမ်းပါဦး ကိုလင်းရာ၊ ခင်ဗျားတို့ လင်မယားကရော အဲဒီအကြားအမြင်ဆရာကြီး ပြောသမျှ ယုံတာပဲလား'

'မယုံလို့ ဘယ်ဖြစ်မလဲဗျ၊အဲဒီဆရာကြီးက တကယ့်ဂရိတ်တွေ ကိုးကွယ်အားထားခံရတဲ့
ပုဂ္ဂိုလ်ကြီးဗျ၊ သူ့ဆီလာသမျှ စပရင်တာ၊ အက်(စ်)အီး၊
သရီးတူးသရီးတွေနဲ့ချည်းပဲ၊ ကိုယ့်ဖိနပ်ကိုယ်ဖိပြီး ဖိယက်စီးလာတာဆိုလို့
ကျုပ်တို့လင်မယားလောက်ပဲရှိတာ၊ လာသမျှ လူတွေကလည်း
သူလုပ်ပေးလိုက်လို့ရာထူးတက်တဲ့လူနဲ့၊ ကုဋေချီကြီးပွားသွားတဲ့လူနဲ့ အတော့်ကို ယုံယုံကြည်ကြည်ဆည်းကပ်ကြ တာဗျ'
'ခင်ဗျားကလည်း သူတို့ယုံတာမြင်တာနဲ့ ရောယုံလိုက်ရောလား'

"ဒါလောက်နဲ့ဘာဟုတ်ဦးမလဲဗျာ၊ ကျွန်တော်တို့အလှည့်ရောက်လို့ ၀င်သွားတယ်ဆိုရင်ပဲ - 'မင်းတို့အတွက်
အရေးကြီးတဲ့ အချိန်ရောက် နေပြီတဲ့၊ ကိုယ်လုပ်ထားတာလေး
အောင်မြင်ပါ့မလားလို့ စိုးရိမ်နေကြတယ်မဟုတ်လားတဲ့'
ကျွန်တော်စာမေးပွဲဖြေထားတာကို ကြိုသိနေ တယ်ဗျ။ နောက်ပြီး
ကျွန်တော်အရင်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကိုလည်း
အတော်အတန်မှန်အောင်ပြောနိုင်တယ်ဗျ"

'မဟုတ်သေးပါဘူး ကိုလင်းရာ၊ ဗေဒင်လာမေးမှတော့ တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က အရေးကြီးတဲ့ကိစ္စတစ်ခုခု ပါလာတတ်စမြဲပဲ၊
အဲဒီကိုယ်လုပ်လာတဲ့ကိစ္စ ကိုယ်ထင်သလိုဖြစ်လာနိုင် မဖြစ်လာနိုင်သိချင်လို့
လာမေးကြတာချည့်ပဲဗျ၊ ဒီအထာကိုညက်နေတဲ့ ခင်ဗျာ့ ဆရာကြီးက
ခင်ဗျားတို့မျက်နှာတွေကြည့်ပြီး လက်တန်းဟောချလိုက်တာပဲ'

'ဒါဖြင့် ကျုပ်တို့နောက်ဖြစ်တွေကို ဟောနိုင်တာကရောဗျာ'

'ဒါလည်း မထူးဆန်းပါဘူးဗျာ၊ အခုခေတ်မှာ အနောက်တိုင်းစိတ်ညှို့ပညာရှင်တွေဆိုရင် ခင်ဗျာ့ဆရာကြီးလိုနောက်ဖြစ်လေး သုံးလေးခု ကိုမဆိုထားနဲ့ လူတစ်ယောက်ရဲ့
အတိတ်ကာလဖြစ်ခဲ့တဲ့ အဖြစ်အပျက်အားလုံးလိုလိုကိုတောင် ကာယကံရှင်ကိုယ်တိုင် နှုတ်ကပြော လာတဲ့အထိ အိပ်မွေ့ချပြီးထုတ်ဖော်ပေးနိုင်နေပြီပဲ ကိုလင်းရဲ့'

'ဘာပဲဖြစ်ဖြစ်လေဗျာ၊ လူတစ်ယောက်ရဲ့ အတိတ်ကို မှန်အောင်ဟောနိုင်မှဖြင့် အနာဂတ်ကိုလည်း သိနိုင်မှာပေါ့'

'ဟား ဟား ဟား၊ အဲဒီမှားယွင်းတဲ့ကောက်ချက်ကြောင့် ခင်ဗျားတို့ အညာခံနေကြရတာပဲဗျ။ ခင်ဗျားပြောသလို လူတစ်ယောက်ရဲ့ အတိတ်ကိုသိတာနဲ့ အဲဒီလူရဲ့ အနာဂတ်ကိုလည်း
သိနိုင်တယ်ဆိုရင် ခင်ဗျားကို ကျွန်တော် တစ်ခုမေးမယ်ဗျာ'
'ဆိုစမ်းပါဦး'

'ခင်ဗျားလူမှန်းသိစ အရွယ်ကစပြီး ခုချိန်ထိလူမသိအောင် ခိုးကြောင်ခိုးဝှက် လုပ်ခဲ့တဲ့ကိစ္စလေးတွေပါ အပါအ၀င်ပေါ့ဗျာ၊
ခင်ဗျားလုပ်ခဲ့ သမျှကို ခင်ဗျားထက် ပိုသိတဲ့လူ လောကမှာရှိပါဦးမလား'

'အင်း....ဒါတော့မရှိနိုင်ဘူးဗျ'

'ခင်ဗျားတို့ အခုမေးခဲ့တဲ့ အကြားအမြင်ဆရာကြီးကရော ခင်ဗျားရဲ့ ဘ၀နောက်ဖြစ်တွေကို ဟောတဲ့နေရာမှာ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နေရာမှာ
ဘယ်သူနဲ့ဘာပြောပြီး ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အတိအကျပြောနိုင်လို့လား'

'အဲဒီလောက်တော့ သူမပြောနိုင်ဘူးဗျ၊ သူပြောနိုင်တာက ငယ်ငယ်က ကျန်းမာရေးချူချာတယ်၊
ပညာထူးချွန်ခဲ့တယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တယ်။ ဒါလောက်ပါပဲ၊
အကြမ်းဖျင်းပေါ့ဗျာ'

'ဒါဆိုရင် ခင်ဗျားရဲ့အတိတ်က အဖြစ်အပျက်တွေကို ခင်ဗျားတို့ဆရာကြီးက ခင်ဗျားလောက် အတိအကျမသိတာ သေချာတာပေါ့။'

'ဒါတော့အမှန်ပဲ'

'ဒီလိုဆိုခင်ဗျားပြောသလို အတိတ်ကိုသိတဲ့လူဟာ အနာဂတ်ကိုလည်း သိနိုင်တယ်ဆိုရင် ခင်ဗျားရဲ့အတိတ်ကို
ရေရေရာရာတိတိကျကျ မသိသေးတဲ့ ခင်ဗျားတို့ရဲ့ ဆရာကြီးနဲ့စာရင်
ခင်ဗျားရဲ့အတိတ်ကို ရေရေရာရာ တိတိကျကျသိတဲ့ ခင်ဗျားကိုယ်တိုင်ကမှ
ခင်ဗျားရဲ့ အနာဂတ်ကို အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး သိနိုင်မှာပေါ့၊
မဟုတ်ဘူးလားဗျာ'

'ဒီလိုတော့လည်း အဟုတ်သားဗျ'

'ဟုတ်ရမယ်လေ၊ လူတစ်ယောက်ရဲ့ အနာဂတ်ကံကြမ္မာဟာ အတိတ်နဲ့ ပစ္စုပ္ပန်လုပ်ရပ်တွေကိုအခြေပြုပြီး မွေးဖွားလာခဲ့ ရတာပဲ၊ ဒီတော့ ခင်ဗျားရဲ့အနာဂတ်ကို
အနီးစပ်ဆုံး၊အမှန်ကန်ဆုံးမှန်းဆချင်ရင် ခင်ဗျားရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်လုပ်ရပ်တွေအပေါ်သာ အခြေပြုမှန်းဆ နိုင်တော့မှာပေါ့ ကိုလင်းရာ'

'အေးဗျ၊ ပစ္စုပ္ပန်လုပ်ရပ်ဆိုတာကလည်း စက္ကန့်တိုင်းမှာ ပြောင်းလဲနေတဲ့ဖြစ်စဉ်ဆိုတော့ လူတစ်ယောက်ရဲ့အနာဂတ်ဟာလည်း စက္ကန့် တိုင်းမှာ
အပြောင်းအလဲ ရှိနေနိုင်တာပဲနော်'

'ဒါပေါ့ဗျာ၊ လူတစ်ယောက်ရဲ့အတိတ်ကို ပြောပြနိုင်တာဟာ ဆန်းသလိုလိုရှိပေမယ့် အဲဒီလူအတွက် ဘာမှသိပ်ပြီး
အကျိုးမထူးလှ ပါဘူး ဗျာ၊ ဒါတွေဟာ ဘယ်သူမဆို သမာဓိအားကောင်းအောင်ကျင့်ယူရင်
အနည်းနဲ့အများဆိုသလို ပြောနိုင်ဟောနိုင်ကြတာပဲ ကိုလင်းရဲ့၊ ဒါလေးအပေါ် လူတွေ
အထင်ကြီးအောင် အရှိန်အအ၀ါယူပြီး လုပ်စားနေကြတာပဲ။ သူတို့
အရည်အချင်းလောက်ကိုမပြောနဲ့၊ လူတစ် ယောက်ရဲ့ အတိတ်ကဖြစ်ရပ်များစွာကို
ဖော်ထုတ်ပေးနိုင်တဲ့ စိတ်ညှို့ပညာရှင်ကြီးတွေတောင် အဲဒီလူရဲ့အနာဂတ်ကို
အတိအကျ မမှန်းဆနိုင်ကြပါဘူးဗျာ'

'ကိုဝင်းပြောသလိုဆိုရင် ကျွန်တော်တို့ဆရာကြီးဟာ ရှိစုမဲ့စု သမာဓိလေးနဲ့ လူတွေရဲ့နောက်ဖြစ်ကို ယောင်ဝါးဝါးဟောပြီး ယုံကြည်လာ အောင်လုပ်၊
လူတွေယုံကြည်ပြီဆိုတော့မှ သူ့ရဲ့ဖြီးလုံး၊ ဖြန်းလုံး၊ မြှောက်လုံး၊
ခြောက်လုံးတွေသုံးပြီး လူတွေအိတ်ထဲကငွေကို ချူထုတ် နေတာပဲဗျ'
'ဒီလိုလူမျိုးတွေကိုထားဦး၊ သချာင်္နည်းနဲ့ စနစ်တကျတွက်ချက်ရပြီး
ပညာရပ်တစ်ခုအနေနဲ့ရပ်တည်နေတဲ့ ဝေဒပညာရှင်တွေတောင်မှ လူတစ်ယောက်ရဲ့အနာဂတ်ကို
မပီဝိုးတ၀ါးခန့်မှန်းနိုင်တဲ့ အဆင့်မှာပဲရှိတယ်။ ဒါတောင် သူတို့
တွက်ချက်တဲ့ နေရာမှာ ကာယကံရှင်ရဲ့ အတိတ်ကဖြစ်ခဲ့တဲ့ အချက်အလက်တွေဖြစ်တဲ့
မွေးနေ့၊ မွေးရက်၊ မွေးတဲ့အချိန်၊ မွေးရပ်ဒေသ စတာတွေကို စုစည်းရယူရသေးတာပဲ၊
ဒီကြားထဲသွက်သွက်ခါအောင်မှားတဲ့ ဟောချက်တွေက အများကြီးဗျ'

'လူတစ်ယောက်ရဲ့ အနာဂတ်ကံကြမ္မာကို ဒက်ထိမှန်အောင် မဟောနိုင်ကြဘူးဆိုတော့ ပညာရပ်ရဲ့မပြည့်စုံမှုကြောင့် လားဗျာ'

'အခုနတင် ကျွန်တော်ပြောပြီးပါပကော၊ လူတစ်ယောက်ရဲ့ အနာဂတ်ဟာ အတိတ်နဲ့ပစ္စုပ္ပန်အပေါ်
အခြေခံတယ်ဆိုတာလေ။ လူတစ်ယောက်ရဲ့ ပစ္စုပ္ပန်ဘ၀ ကြံစည်ပြောဆိုလုပ်ဆောင်ချက်တွေဟာ သူ့ရဲ့စိတ်စေတနာပေါ်မူတည်ပြီး အချိန်တိုင်းမှာအပြောင်း
အလဲရှိနိုင်တယ်မဟုတ်လား၊ ဒီလိုပြောင်းလဲနေတဲ့ ပစ္စုပ္ပန်ပေါ်အခြေခံပြီး
အနာဂတ်ကံကြမ္မာဟာလည်း အစဉ်ပြောင်းလဲနေတယ်ဗျ၊ ဒါကြောင့်လူတစ်ယောက်ဟာ
သူ့ရဲ့ပစ္စပ္ပန်ကို သူကိုယ်တိုင် သူ့စိတ်ကြိုက်ဖန်တီးနေပြီး
သူ့ရဲ့အတိတ်ဟာလည်း သူ့စိတ်ကြိုက်ဖန်တီး ခဲ့တာဖြစ်တဲ့အတွက်
သူ့ရဲ့အနာဂတ်ကံကြမ္မာကို အနီးစပ်ဆုံးနဲ့အမှန်ကန်ဆုံး
ခန့်မှန်းသိရှိနိုင်တဲ့လူဟာ သူကိုယ်တိုင်ကလွဲရင် ဘယ် အကြားအမြင်ဆရာ၊
ဘယ်ဗေဒင်ဆရာ၊ ဘယ်တယ်လီပသီဆရာများ ဖြစ်နိုင်အုံးမှာလဲဗျာ'

'ဒါဆိုရင် လူတစ်ယောက်၇ဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးသူဟာ အဲဒီလူ ကိုယ်တိုင်ပဲပေါ့နော်'

'ဒါပေါ့ဗျာ၊ ခင်ဗျားတို့ ကျွန်တော်တို့လို ဗုဒ္ဓ၀ါဒီတွေအဖို့ ဒီကိစ္စဟာ အထူးတလည် ရှင်းပြနေစရာတောင်မလိုပါဘူး။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။
ကောင်းတာမလုပ်ခဲ့ဘဲနဲ့တော့ ကောင်းတာဖြစ်ချင်လို့ မရဘူးလေဗျာ
ဒါပေမယ့် ကိုဝင်းရေ၊ လူဆိုတာအခက်သားဗျ။ အရင်က ကောင်းတာမလုပ်ခဲ့ပေမယ့်
အချိန်တန်တော့ ကောင်းတာလေးပဲဖြစ်ချင်တယ်၊ ဒီတော့ အားကိုးရှာကြတာပေါ့ဗျာ'

'ဒီလို လောကရဲ့သဘာဝကိုဆန့်ကျင်ပြီး တရားမျှတမှုကင်းမဲ့တဲ့ စိတ်ဓာတ်နဲ့
အချောင်လိုက်ချင်သူတွေကြောင့် လူလိမ်လူကောက်တွေ စားသာနေတာပေါ့ဗျာ၊
အခုပဲကြည့်လေ၊ ခင်ဗျားနိုင်ငံခြားသွားဖို့ စာမေးပွဲဖြေခဲ့ပြီးပြီ၊
ခင်ဗျားအနေနဲ့ ဒီစာမေးပွဲအတွက် ဘယ်အတိုင်း အတာအထိ ဖြေဆိုနိုင်ခဲ့တယ်၊
ပြိုင်ဘက်တွေနဲ့စာရင် ခင်ဗျားရဲ့ အရည်အချင်း၊ အနေအထား ဘယ်လိုရှိတယ်၊
ရွေးချယ်မယ့်လူတွေ ကရော ခင်ဗျားအပေါ်ဘယ်လို သဘောထားခဲ့ကြတယ်ဆိုတာတွေကို
ခင်ဗျားထက်ပိုသိတဲ့လူ ရှိပါဦးမလား၊ ဒီတော့ ခင်ဗျားရဲ့ အနာဂတ် ကံကြမ္မာကို
အနီးစပ်ဆုံးခန့်မှန်းနိုင်တဲ့လူဟာ ခင်ဗျားကလွဲရင် ဘယ်သူရှိတော့မှာလဲ၊ ရွေးချယ်မယ့်လူကြီးတွေတောင် ခင်ဗျားဖြေပြီး အမှတ်တွေကို
ကြည့်ပြီးမှသိနိုင်မှာ၊ ခင်ဗျားက စာမေးပွဲခန်းထဲက ထွက်လာကတည်းက
ကိုယ့်အခြေအနေကိုကိုယ်သိပြီးသားပါဗျာ။ ဒါကိုစိတ်မချလို့ အကြားအမြင်တွေ၊ ဗေဒင်တွေ သွားမေးတော့ ဘာဖြစ်သလဲ၊ ငွေကုန်တယ်၊ လူပန်းတယ်၊
ဒါ့ထက် ခင်ဗျားတို့ဆရာကြီးက ယတြာဖိုးတောင်းလို့ကောင်းအောင်
မဟုတ်မဟပ်လုပ်ဇာတ်တွေခင်းပြီး ဖြဲခြောက်လိုက်တော့ ခင်ဗျားတို့
မအိပ်နိုင်မစားနိုင် တမှိုင်မှိုင်တ တွေတွေနဲ့ ဒုက္ခရောက်ကြ ရတော့တာပေါ့'

'ဟုတ်ပါ့ဗျာ၊ ဗေဒင်သွားမမေးဘဲ နေရင်လည်းအောင်မယ့်စာမေးပွဲက အောင်မှာပဲ၊ မအောင်လို့ကျလည်း အရင်းအတိုင်းပဲပေါ့၊ အခုတော့
အကြားအမြင်ဆရာလိမ်ဆီသွားမေးမိကာမှ ငွေကုန်၊အချိန်ကုန်၊လူပန်း၊ စိတ်ဒုက္ခရောက်နဲ့ အကြီးအကျယ်အရှုံးပေါ်တော့တာပဲ ကိုဝင်းရာ'

Computer တွေပြောတဲ့ Bill Gates အကြောင်း


Bill Gates ဟုဆိုလိုက်သည်နှင့် Microsoft ကို တည်ထောင်သူ၊ မယ်လင်ဒါအင်ဂိတ် ဖောင်ဒေးရှင်းကို တည်ထောင်သူ၊ နိုင်ငံတကာမှာ ကလေးတိုင်း သူ့ကျေးဇူးမကင်းဟု
ဆိုရလောက်အောင် အလှူဒါန ရက်ရောသူ၊ အချမ်းသာဆုံးသူဌေးကြီးအဖြစ်
မြင်နိုင်ကြမည် ထင်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံးအဖြစ် နှစ်ပေါင်းများစွာ
ရပ်တည်နိုင်ခဲ့သူ ဘီဂိတ်သည် တကယ့်ကို စံပြ ပညာတတ်လုပ်ငန်းရှင်တဦး ဖြစ်သည်။
နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာတတ်တို့အကြား
ခွဲခြားထားခဲ့သည့် တံတိုင်းကို ဖြိုဖျက်နိုင်ခဲ့သူ ဖြစ်သည်။ ဘီဂိတ်က
ဒေးဗို့စ်တွင် ကျင်းပလေ့ရှိသော အီကိုနောမစ် ဖိုရမ်တွင် Creative Capitalism
ဆိုသော စကားလုံးတစ်လုံကို ပြောသွားသည်။ ဘီဂိတ် ဆိုလိုသည်က အမြတ်လည်းရအောင်
လုပ်၊ ကမ္ဘာကြီးရဲ့ မညီမျှမှုတွေကိုလည်း ဖြေရှင်းဟု ဆိုလိုသည်။
နတ်လူသာဓုခေါ်စရာ အတွေးအမြင်ဖြစ်သည်။ အမြတ်လည်းရှာ ဆင်းရဲချမ်းသာ
ကွဟမှုတွေကိုလည်း ဖြေရှင်းဆိုတော့ ဆင်းရဲသားတွေကို ကူညီဖို့ ပြောခြင်းဟု
အဓိပ္ပါယ်ရပါသည်။ အဆိုပါ အိုင်ဒီယာအတိုင်းပင် မိုက်ကရိုဆော့ဖ်မှ
ကျင့်သုံးသည်။ မယ်လင်ဒါအင် ဂိတ် ဖောင်ဒေးရှင်းမှာ အချိန်ပြည့်တာဝန်ယူပြီး
ကမ္ဘာ့လူမှုရေး ကူညီမှုတွေ လုပ်လာသည်။ မိုက်ကရိုဆော့က ရလာသည့်
ဒေါ်လာကုဋေချီနေသော အမြတ်ငွေများကို ပရဟိတ လုပ်ငန်းများတွင်
ပြန်လည်အသုံးချသည်။ ဒါက ဘီဂိတ်ပြောသည့် Creative Capitalism။ သူသည် DOS
ကိုတီထွင်သည်။ စီးပွားရေးအမြတ်အစွန်း အတွက်လည်း ရောင်းသည်။
လုပ်ငန်းပုံစံကိုလည်း ရအောင် အကောင်အထည် ဖော်လာသည်။ ပညာတတ်
စီမံခန့်ခွဲရေးသမား၊ နောက်တော့ ပညာဖြင့် စီမံခန့်ခွဲရေးဆိုတာ ဖြစ်လာသည်။
ဒါပေမယ့် တီထွင်ဖန်တီးမှုကို DOS မှာတင် ရပ်မနေပဲ။ Windows ကို ဆက်သွားသည်။
Windows ကိုလည်း ဗားရှင်းအဆင့်ဆင့် ထုတ်သည်။ တီထွင်ဖန်တီးမှုလည်းရှိသည်။
Bill Gates ၏ အကြောင်းတွေကို ကွန်ပျူတာတွေက တွက်ချက်ပြောပြကြသည်မှာ ...

* Bill Gates သည် တစက္ကန့်တွင် အမေရိကန်ဒေါ်လာ ၂၅၀ ဝင်ငွေရှိသူဖြစ်သည်။ တစ်နေ့မှာ ဒေါ်လာသန်း ၂၀ ဝင်ငွေရှိသူဖြစ်ပြီး တနည်းအားဖြင့် တနှစ်လျင် အမေရိကန်ဒေါ်လာ ၇
ဒသမ ၈ ဘီလီယံထိ ဝင်ငွေရှိသူဖြစ်ပါသည်။
* Bill Gates သည် သူ၏လက်မှ ၁၀၀၀တန် ဒေါ်လာတစ်ရွက် လွှတ်ကျခဲ့မည်ဆိုပါက ပြန်လှည့်ကောက်ရန်ပင် စိတ်ကူးမိမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော်
ကောက်ယူရန်ပြန်လှည့်လာသည့်အချိန်အတွင်းမှာပင် သူ၏ဝင်ငွေမှာ ဒေါ်လာ ၁၀၀၀ ပြန်ပြည့်သွားပြီဖြစ်သည်။
* အမေရိကန်နိုင်ငံ၏ အမျိုးသားကြွေးမြီစုစုပေါင်းမှာ ၅ ဒသမ ၆၂ ထရီလျံ ရှိပါသည်။ အကယ်၍ Bill Gates တစ်ဦးတည်းကသာ ၎င်းကြွေးမြီကို
ဆပ်ပေးသွားမည်ဆိုလျင်ပင် ၁၀ နှစ်အတွင် အကြွေးကျေသွားနိုင်မည်ဖြစ်ပါသည်။
* ကမ္ဘာပေါ်တွင် ရှိရှိသမျှလူသားတိုင်းအား တစ်ဦးလျင် အမေရိကန် ၁၅ ဒေါ်လာစီ ပေးဝေခဲ့ပါက ၎င်းထံတွင် ကိုယ်ပိုင်ငွေ ဒေါ်လာ ၅ သန်းကျော် ကျန်ရှိနေဦးမည်ဖြစ်သည်။
* အမေရိကန်မှ ဝင်ငွေအကောင်းဆုံး အားကစားသမား တဦးဖြစ်သူ ကမ္ဘာကျော် ဘတ်စ်ကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်သည် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဝင်ငွေရှိသူဖြစ်သည်။ သူ၏ နှစ်စဉ်ဝင်ငွေအား
မစားမသောက်ပဲ စုထားမည်ဆိုလျင်တောင် ၂၂၇ နှစ်အကြာမှ Bill Gates ၏ပိုင်ဆိုင်မှုဓနကို
မှီနိုင်မည်ဖြစ်သည်။
* အကယ်၍ Bill Gates အား နိုင်ငံတစ်နိုင်ငံအဖြစ်ရှုမြင်ကြည့်ပါက ၂၇ နိုင်ငံမြောက် အချမ်းသာဆုံးနိုင်ငံဖြစ်သည်။ ကုမ္ပဏီတစ်ခုအဖြစ်ကြည့်ပါက အမေရိကန်တွင် ၁၃ ခုမြောက် ဓနအတောင့်ဆုံးကုမ္ပဏီဖြစ်သည်။ ဤသို့ဆိုလျင် IBM ကုမ္ပဏီထက်ပင်
ပိုမိုကြီးမားနေသေးသည်။
* Bill Gates ၏ ပိုင်ဆိုင်သော ငွေကြေးဓနကို တစ်ဒေါ်လာတန်များအဖြစ် လဲလည်၍ အရှည်လိုက် သွယ်တန်းမည်ဆိုပါက ကမ္ဘာမြေပြင်မှ လပေါ်သို့ အသွားအပြန် ၁၄
ခေါက်စာရှိမည်ဖြစ်သည်။ ဤသို့သွယ်တန်းနိုင်ရန် မရပ်မနားလုပ်ဆောင်ပါက
နှစ်ပေါင်း ၁၄၀၀ ကြာနိုင်ပြီး ဘိုးရင်း 747 လေယာဉ်အစီးပေါင်း ၇၁၃
စီးအသုံးပြုသယ်ဆောင်ရပေမည်။
* Bill Gates ယခုအခါ အသက် ၄၀ ကျော်သာရှိသေးသည်။ ၎င်းကို သူ၏ အသက်ထက်ဝက်ဟု သတ်မှတ်လျင် လက်ရှိအချိန်မှစ၍ ကွယ်လွန်ချိန်ထိ တစ်နေ့လျင် အမေရိကန်ဒေါ်လာ ၆ သန်းကျော်
သုံးစွဲသွားပါမှ သူ၏ချမ်းသာမှု ဓနအင်အား ကုန်နိုင်မည်ဖြစ်သည်။
* သို့ရာတွင် Bill Gates တီထွင်ခဲ့သော Microsoft Window သုံးစွဲသူတိုင်းက သူတို့၏ ကွန်ပျူတာ တစ်ခါ Hang သွားတိုင်း Bill Gates ထံမှ တစ်ဒေါ်လာစီ
လျော်ကြေးတောင်းခံခဲ့မည်ဆိုပါက သူ၏ပိုင်ဆိုင်မှုများအားလုံး သုံးနှစ်အတွင်း
ဒေ၀ါလီခံသွားရဖွယ် ရှိပါသည်။

Source: ကြယ်ဖြူ ( http://schoolaway.ning.com/) မှ Post ကို မျှဝေလိုက်ပါသည်။

ခွက်ကပ်စား

အိမ်သူသက်ထားက ဆီတစ်ဆယ်သားလောက် ထွက်ဝယ်ပေးပါဆိုတာနဲ့  လမ်းထိပ်က ကုန်စုံဆိုင်လေးဆီရောက်ခဲ့တယ်။


ရောက်မဆိုက်ပါပဲ ဆိုင်ရှင် ဒေါ်တင်မြရဲ့  ဗျစ်တောက်ဗျစ်တောက်အသံကို ကြားလိုက်ရတယ်။


“ ဟဲ့ ဒီကောင်လေး ဘယ်တော့ပြောပြော အမှတ်မရှိဘူး အိုးကပ်ခွက်ကပ်တွေ လူးမစားပါနဲ့ ဆိုတာ ဘယ်နှစ်ခါပြောရမလဲ ငါလုပ်ထည့်လိုက်ရရင်တော့ ဟင်း “


“ ဒေါက် “


“ ဟီး “


လက်မြန်ခြေမြန်ရှိသောဒေါ်တင်မြက ပါးစပ်ကလည်းပြော လက်ကလည်း ဒယ်အိုးတစ်လုံးတွင် ထမင်းကြမ်းများ လူးနယ်၍ စားနေသော သားတော်မောင်
ဖိုးတုတ်၏ခေါင်းကို ခေါက်လိုက်သေးသည်။


“ ဒေါ်တင်မြ ဘာဖြစ်လို့ လဲဗျ “


“ အော် စာရေးဆရာပါလား .. ကျမသား ဖိုးတုတ်ပေါ့ အိုးကပ်ခွက်ကပ်တွေ မစားပါနဲ့ ဆိုတာ အမြဲပြောနေရတယ် အခုလည်းကြည့်လေ ဒီလောက်ပြောဆိုဆုံးမနေတဲ့ကြားက
စားနေသေးတယ် စာရေးဆရာလည်း ကြားဖူးမှာပေါ့
အိုးကပ်ခွက်ကပ်စားရင် ဆင်းရဲတတ်တယ်ဆိုတာလေ ဒီကောင်လေး ဒီလိုခဏခဏလုပ်နေလို့ 
ကျမတို့ 
့ ဈေးရောင်းတဲ့ဘ၀က မတက်တာ “


“ အင်း .. ကြားတော့ကြားဖူးတယ် “


“ ဒါနဲ့  စာရေးဆရာ ဘာအလိုရှိလို့ လဲ “


“ ဆီတစ်ဆယ်သားလောက်ပါဗျာ “


“ ခဏလေးနော် ရမယ် .. ဟဲ့ ဖိုးတုတ် ဒီမှာစာရေးဆရာကို ဆီတစ်ဆယ်သား ချင်ပေးလိုက်စမ်း “


ဒေါ်တင်မြ သူ့ သားကို လှည့်ခိုင်းပြီး လုပ်လက်စတွေ ဆက်လုပ်နေတယ်။


ဖိုးတုတ်ထမင်းစားနေရာမှ ထလာပြီး ကျွန်တော်ပေးတဲ့ ဆီပုလင်းလေးထဲ ဆီတစ်ဆယ်သားကို ဆီချင်ခွက်ထဲက ကုန်သည်အထိ စိတ်ရှည်လက်ရှည် ထည့်ပေးတယ်။


ထို့ နောက် .. ဆီဖိုးကျသင့်ငွေရှင်းပြီး ဆိုင်မှပြန်အထွက် မလှမ်းမကမ်းအရောက်မှာ ဆိုင်ထဲက လွင့်ထွက်လာတဲ့ ဒေါ်တင်မြရဲ့  အသံကြောင့် ကျွန်တော့်မှာ ပြုံးရမလိုလို
မဲ့ရမလိုလို …


“ ဖိုးတုတ်တို့ ကတော့ လုပ်ချလိုက်ပြန်ပြီ ဆီချင်တယ်ဆိုတာ ဆီခွက်ထဲက ကုန်အောင် ချင်ထည့်ရသလားသေနာလေးရဲ့  ဟိုတစ်ယောက်ရှေ့ မှာမို့ လို့  ငါမပြောတာ တကထဲ
သူ့ ပထွေးကျနေတာပဲ ဆီတစ်စက်မကျန်အောင် ထည့်ပေးနေလိုက်တာ
ဒီပုံစံအတိုင်းရောင်းရရင်
ငါတို့ မွဲရောပေါ့ .. မသေမချင်းမှတ်ထား ဆီရောင်းတယ်ဆိုတာ အဲဒီ ခွက်ကပ်လေးပဲ
စားရတာဟဲ့ “






ဥယျာဉ်မှူးလေး

Monday, June 28, 2010

Window Mobile နဲ့ Google Android ရဲ့ စိတ်ဝင်စားဖွယ် HTC T5353

Window Mobile နဲ့ Google Android ရဲ့ စိတ်ဝင်စားဖွယ် HTC T5353

ခုတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဖုန်းလေးကတော့ Window operation system ရော Google Android ကိုပါ OS နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ HTC T5353 Google Android ဖုန်းလေးပဲဖြစ်ပါတယ်။ ဒီဖုန်းလေးဟာ Dule boot သုံးနိုင်တဲ့ အပြင် ဒီဇိုင်းအရလည်း ကျော့ရှင်းပါးလွှာတဲ့ အသွင်သဏ္ဍန် ရှိတာကြောင့် တမူထူးခြားနေတဲ့ ဖုန်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

HTC T5353

HTC မျိုးဆက်ထဲက ဒီ HTC T5353 မှာ အခြားဖုန်းတွေနဲ. မတူတဲ့ နည်းပညာ နဲ. Window Mobile 6.5 လို.ခေါ်တဲ့ operation system ကိုရော Google Android 2.0 ကိုရော Dual boot သုံးထားတာ တွေ.ရပါတယ်။ အခုလို နည်းပညာမြင့်မားပြီး Window Mobile ကိုသုံးထားတာကြောင့် ဖုန်း ရဲ့လုပ်ဆောင်ချက်တွေဟာ အရင်က ထုတ်ခဲ့တဲ့ ဖုန်းတွေအထက် အထူး ကောင်းမွန်လာတာကို တွေ.ရပါတယ်။

HTC T5353

ဒါ့အပြင် Information ခေတ် ဖြစ်တာနဲ.အညီ Wifi မိတဲ့နေရာ တွေမှာ Internet ကို လွယ်ကူစွာ သုံးနိုင်ဖို. အတွက် Google Company က များစွာသော ပံ့ပိုးမှုတွေ လုပ်ထားတာတွေ.ရပြီး Google Map ကို ကောင်းမွန်စွာ ကြည့်ရှုနိုင်အောင် ဖန်တီးပေးထားပါတယ်။ Window Operation System ဖြစ်တာကြောင့် Internet Speed ဟာမြန်ဆန်မှုရှိပြီး Browser တွေကိုလျှင်မြန်စွာ ဖွင့် နိုင်မှာဖြစ်ပါတယ်။ဒါအပြင် Microsoft corporation ကထုတ်လုပ်ထားတဲ့ Microsoft Word, Excel, Powerpoint နဲ. Note တို.ကို ထည့်သွင်း အသွင်းအသုံးပြုထားတာ ဟာ စွဲမက်ဖွယ်ရာ တစ်ခု လို.ဆိုရမှာဖြစ်ပါတယ်။

HTC T5353

ဒီဖုန်းလေးရဲ့ Processor ကို Marvell 310 624MHZ သုံးထားပြီး Memory ပို်င်းအနေနဲ. ROM:512/RAM:256M ဖြစ်ပါတယ်။ကင်မရာ Resolution 5 megapixels ရှိပြီး 3.2 inches ရှိတဲ့ TFT LCD touch screen display ကိုအသုံးပြုထားပါတယ်။ အခြား Accessories အနေနဲ. Stereo Earphones ,Phone case, Cable, Charger, Battery & CD ROM တို.ပါဝင်ပါတယ်။ ဒီဖုန်းလေး ကိုခြုံပြီး သုံးသပ်ရရင် အခြားဖုန်းတွေနဲ. မတူသော Microsoft office application များပါဝင်ခြင်း၊ Internet ကို အခြားဖုန်းတွေထက် ကောင်းမွန်စွာ သုံးနိုင်ခြင်းကြောင့် စွဲမက် နှစ်လို.ဖွယ် ဖုန်းလေး အဖြစ် တင်ပြလိုက်ပါတယ်…………

HTC T5353


 Eleven Media Group မှ ထုတ်ဝေလျက်ရှိသော First Eleven Sports ဂျာနယ်နှင့် Premier Eleven Sports ဂျာနယ်များကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စတင်စ

Share Eleven Media Group မှ ထုတ်ဝေလျက်ရှိသော First Eleven Sports ဂျာနယ်နှင့် Premier Eleven Sports ဂျာနယ်များကို မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့တွင် စတင် စမ်းသပ် ရိုက်နှိပ်ထုတ်ဝေမှုများ ပြုလုပ်လျက်ရှိကြောင်း Eleven Media Group မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


ထို့ကြောင့် မလေးရှားနိုင်ငံမှ စာဖတ်ပရိသတ်များသည် ရန်ကုန်မြို့၌ ထုတ်ဝေသည့်အချိန်နှင့် တစ်ပြေးညီ First Eleven Sports ဂျာနယ်နှင့် Premier Eleven Sports ဂျာနယ်များ ဖတ်ရှုနိုင်တော့မည် ဖြစ်သည်။


''ဒီလို စမ်းသပ်ရိုက်နှိပ် ထုတ်ဝေရခြင်းရဲ့ရည်ရွယ်ချက်က အကျိုးအမြတ်ဆိုတာထက် မြန်မာနိုင်ငံ ပြင်ပမှာရှိတဲ့ စာဖတ်ပရိသတ်တွေ အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်အောင် စီစဉ်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ် ကို Premier Eleven Sports ဂျာနယ် အတွဲ(၇) အမှတ်(၄၀) ကနေ စတင် ပြီး မလေးရှားနိုင်ငံမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုစမ်းသပ် ထုတ်ဝေမှုကို သုံးလတိတိ အခမဲ့ လုပ်ဆောင်ခွင့် ပြုထားတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ သင့်တင့်တဲ့ဈေး နှုန်းနဲ့ ဖတ်ရှုနိုင်အောင် ဂျာနယ်တစ်စောင်ကို နှစ် ရင်းဂစ်နဲ့ ရောင်းချနေပါတယ်'' ဟု Eleven Media Group မှ Managing Editor ဒေါက်တာသိန်းမြင့်က ပြောကြားခဲ့သည်။


''ဟိုးအရင်တုန်းကလို ဈေးနှုန်းအများကြီး ကွာဟမှု မရှိနိုင်တော့ပေမယ့် မလေးရှားမှာရိုက်တဲ့ စောင်ရေကနည်းနေသေးလို့ ကုန်ကျစရိတ် ကြီးမားတဲ့အတွက် ရန်ကုန်က ဂျာနယ်ဈေးနှုန်းထက် နည်းနည်းများ နေပါသေးတယ်။ နောက်ပိုင်းမှာ ဂျာနယ်စောင်ရေ တိုးလာတာနဲ့အမျှ ဈေးနှုန်းတွေ လျှော့ချသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်မျိုး မလေးရှားပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း လုပ်သွားဖို့ ရှိပါတယ်''ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။


Eleven Media Group ၏ ပထမဦးဆုံးထုတ်ဝေသည့် First Eleven Sports ဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ယခုအချိန်၌ မီဒီယာသက်တမ်းမှာ ၁၀ နှစ် ရှိပြီဖြစ်သည်။ လက်ရှိအချိန်၌ First Eleven Sports ဂျာနယ်နှင့် Premier Eleven Sports ဂျာနယ်တို့အပြင် သတင်းဂျာနယ် နှစ်စောင်ဖြစ်သည့် Weekly Eleven News ဂျာနယ်နှင့် Biweekly Eleven News ဂျာနယ် တို့ကိုလည်း ထုတ်ဝေလျက်ရှိသည်။

မြန်မာအမျိုးသမီးများ မလေးရှားသို့ အလုပ်လုပ်ရန် လာရောက်မည်ကို မလေးရှားရောက် မြန်မာများမှ အီးမေးလ်နှင့် နီးစပ်ရာမှတစ်ဆင့် အသိပေး တားမြစ်မှုများ ရှိလာ


မြန်မာအမျိုးသမီးများ မလေးရှား၌ အလုပ်လုပ်ကိုင်ရန် လာရောက်ခြင်းကို မလေးရှားရောက်မြန်မာများမှ အီးမေးလ်နှင့်နီးစပ်ရာမှတစ်ဆင့် အသိပေးတားမြစ်မှုများ ရှိလာခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါ မလေးရှားအလုပ်အကိုင်ဈေးကွက်သည် အေဂျင့်များ၏ မျက်စိကျစရာဖြစ်လာခဲ့သည့်အပြင် နယ်မြို့များ၌နေထိုင်သူများအား ဆွဲဆောင်ခေါ်ယူခြင်းများ ရှိလာခဲ့ကြသည့်အပြင် သွားရောက်ရန် ပြောတိုက်တွန်းပြောဆိုသည့်အခါ အလုံး စုံ အဆင်ပြေသည်ဟု ဆိုသော်လည်း အများစုအဆင်ပြေကြသည်မှာ အမျိုးသားများပင်ဖြစ်သည်ကို မလေးရှားရောက် မြန်မာအများစုက ပြန်လည်ပြောပြခဲ့ပါသည်။

မလေးရှားသို့ အလုပ်အကိုင်ပါမစ်ကျ၍ သွားရောက်ကြသူများ၏ ပတ်စ်ပို့အား အလုပ်ရှင်များက သိမ်းဆည်းထားသည့် ဖြစ်ရပ်များရှိသည့်အပြင် စက်ရုံအများစုမှ အခန်းကျဉ်းအတွင်း အလုပ်သမား အမျိုးသား၊ အမျိုးသမီး၊ နိုင်ငံစုံ၊လူမျိုးစုံအား တစ်နေရာတည်း၌ စုပြုံထားသည့်အတွက် မြန်မာအမျိုးသမီးများအနေဖြင့် စက်ရုံမှခေါ်ယူ၍ လာရောက်မည်ဆိုခြင်းကို အသိပေးမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း မလေးရှားစတီးစက်ရုံတွင် နှစ်နှစ်အလုပ်လုပ်ကိုင်ခဲ့သူ မြန် မာတစ်ဦးက အသိပေး ပြောကြားခဲ့ပါသည်။

"မလေးရှားမှာ ကျွန်မအမျိုးသားရောက်နေတော့ ကျွန်မလည်း လိုက်သွားချင်တယ်။ ကျွန်မယောက်ကျားက ဖြစ်နိုင်ရင်မလာတာကောင်းတယ်လို့ ပြောတယ်။ ဟိုမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ နေထိုင်ရတာ လုံးဝလုံခြုံမှုမရှိဘူး။ ပြီးတော့ ကိုယ့် ဘာသာအလုပ်ရှာပြီး ကိုယ့်ပတ်စ်ပို့ ကိုယ့်ဘာသာကိုင်ဆောင်ခွင့် မရကြဘဲ စက်ရုံတွေကသိမ်းထားမယ်ဆိုရင် သူတို့စေရာသွား၊ သူတို့ထားရာနေရာကနေ စာရိတ္တတွေကြာလာတော့ ပျက်ပြားလာကြတာတွေ မနည်းဘူး။ ကျွန်မအမျိုးသားကတော့ ဒီက မြန်မာမိန်းကလေးတွေလာမယ်ဆို စက်ရုံကခေါ်တာနဲ့ဆို မလာဖို့သတိပေးတယ်။ မတတ်သာလို့ ကိုယ့်ဘာသာ Free ပတ်စ်ပို့ ကိုင်ပြီးလာမယ်ဆိုရင်တော့ ပိုကောင်းတယ်လို့ အကြံပေးတယ်"ဟု မလေးရှားရှိ စတီးစက်ရုံ၌ နှစ်နှစ်ကြာ နေထိုင်လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောကြားခဲ့ပါသည်။

မိမိတို့ပတ်စ်ပို့အား လွတ်လပ်စွာကိုင်ဆောင်ထားသူများအတွက် အလုပ်ရှင်များစီမံပေးသည့် နေရာထိုင်ခင်း များ၌ နေထိုင်ရန် မလိုအပ်ဘဲ မိမိတို့ကိုယ်တိုင် အိမ်ခန်းငှားရမ်းနေထိုင်ကြသူများလည်း ရှိကြကာ အများစု မှာ မြန်မာနိုင်ငံမှ အိမ်ထောင်ရှင်အများစုတို့ဖြစ်ကြကြောင်း သိရှိရပါသည်။

ယခင်က ပတ်စ်ပို့သက်တမ်းလွန် ကိုင်ဆောင်ထားသူ အများစုအား အလုပ်ရှင်များက စက်ရုံတွင်းနေထိုင်ခွင့်ရရှိရန် သိုဝှက်ထိန်းသိမ်းပေးခြင်းများရှိခဲ့ရာ ယင်းနေရာများရှိ မြန်မာအမျိုးသမီး အများစုတို့အတွက် များစွာလုံခြုံစိတ်ချမှု မရှိစေနိုင်ကြောင်း မလေးရှားရှိ ပလပ်စတစ်စက်ရုံ၌ လေးနှစ်ကြာနေထိုင်ခဲ့ဖူးသူ မြန်မာအမျိုးသားတစ်ဦးက ပြောပြခဲ့ပါသည်။

နယ်မြို့များမှ မလေးရှားရှိစက်ရုံများသို့ အလုပ်လုပ်ကိုင်ကြသူ အများစုပေးဆောင်ကြရသော ၀န်ဆောင်ခမှာ ကျပ်ငွေ ၁၃ သိန်းကျော်ဖြစ်ကာ အများစုမှာ ပတ်စ်ပို့သိမ်းဆည်းခံထားရခြင်းများဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ထို့ပြင် အီးမေးလ်အများစုမှ မလေးရှားရောက် မြန်မာများက အသိပေးပြောကြားခြင်းများ အများအပြားရှိလာခဲ့ကြရာ အများစုအသိပေးခြင်းမှာ မြန်မာအမျိုးသမီးများအတွက် လုံခြုံစိတ်ချမှု မရှိစေနိုင်သည့် အချက်ပင်ဖြစ်ကြောင်း သိရပါသည်။

Saturday, June 26, 2010

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာများ

• ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။

• ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။

• ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓဝဂ္ဂယ ကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော် ၌ “ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိ ပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။

• ဓမ္မစက္က ပဝတ္တန ၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]

• ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုထိုက် ပါသည်။

• ဓမ္မစကြာတရားတော်ကို စိစစ် သုံးသပ် ကြည့်ပါလျှင် လမ်းစဉ်မှား “အစွန်း၂ခု” ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ ပဋ္ဋိပဒါ လမ်းစဉ်မှန် ကို ကျင့်သုံးရေး တို့ကို ညွှန်ကြား ထားပြီး သစ္စာလေးပါး တရားကို သိမြင် စေရန် ဟောကြား ထားသောကြောင့် ဗုဒ္ဓဝါဒ ၏ တိကျ ခိုင်မာ သော သဘောတရားကို တွေ့မြင် နိုင်ပါသည်။

• ဤကဲသို့ အနှစ်သာရ ပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူတို့က ဓမ္မစကြာ တရားတော်ကို အထူးပင် အာရုံ စိုက်၍ ရွတ်ဖတ် သရဇ္ဈာယ် တော်မူကြ ပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန်ပွား အောင် ဆောင်ရွက်လျက် ရှိကြပါသည်။

• အထက်ပါ အချက်များကြောင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ ဟု ခေါ်ဆို ရခြင်း ဖြစ်ပါသည်။

ထို့အပြင် ၀ါဆိုလပြည့်နေ့ဧ။် ထူးခြားချက်များမှာ “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လ၀ါဆို” ဟူသော သံပေါက်လေး အတိုင်း ဂေါတမ မြတ်စွာဘုရား ပဋိသန္ဓေ ယူသော၊ တောထွက်သော၊ ဓမ္မစကြာ တရားဦး ဟောသော လ ဖြစ်ပါသည်။

ဝန်ခံချက်။ ။ ဆရာတော် ဦးပညာသာမိ (မာဂဓီ- သာစည်)၊ နိုင်ငံတော် ပိဋကတ် တိုက်မှူး စီစဉ် ရေးသားသော အခါတော် နေ့များ စာအုပ်မှ ကောက်နှုတ်ပါသည်။
ခွန်မြလှိုင် ဘလော့ဂ်မှ

နေ့စဉ်အမျိုးသမီးများ၏ရင်သားကိုဆယ်မိနစ်ခန့်ကြည့်ခြင်းသည်


ဂျာမန်သုတေသီများ၏ New England Journal of Medicine တွင်တင်ပြချက်အရ အမျိုးသမီးများ၏ ရင်သားများကိုအမျိုးသားများနေ့စဉ်စိုက်ကြည့်ပေးပါက အသက်ရှည်စေကြောင်းသိရသည်။ ၁၀ မိနစ်စိုက်ကြည့်ပါက အားကစားရုံတွင် မိနစ်၃၀ ခန့်အားကစားလုပ်ခြင်းနှင့်ညီကြောင်း ဒေါက်တာ Karen Weatherby ကပြောကြားခဲ့သည်။ဤသို့ပေါက်ပေါက်ရှာရှာ စူးစမ်းမှုကို အသင်းဖွဲ့၍ ဒေါက်တာKaren Weatherby ကဦးဆောင်ခဲ့ခြင်းဖြစ်သည်။သူတို့ အဖွဲ့သည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ ရှိ အမျိုးသား၂၀၀ နှင့်သုတေသနပြုခဲ့ခြင်းဖြစ်သည်။၎င်းတို့အထဲမှ တစ်ဝက်ကို နေ့စဉ်ကြည့်ခိုင်းပြီး တစ်ဝက်ကိုသေချာရှောင်ကြဉ်ခိုင်းထားပြီး လေ့လာခဲ့ကြသည်။ ငါးနှစ်ကြာသောအခါ နေ့စဉ်သေချာစိုက်ကြည့်ခဲ့သော အမျိုးသားများသည် မကြည့်သူများထက် သိသာခြားနားစွာ သွေးဖိအားအတက်အကျရောဂါကင်းဝေးခြင်း၊သွေးခုန်နှုန်းမှန်ကန်ခြင်းနှင့် လေဖြတ်ခြင်း၊နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ်များ နည်းပါးသွားကြောင်းအတည်ပြုနိုင်ခဲ့သည်။


"ဒီလိုလိင်နဲ့ဆိုင်တဲ့ စိတ်လှုပ်ရှားမှုဟာ နှလုံးကို သွေးညှစ်ပေးမှုတိုးတက်ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကိုပါကောင်းစေတာ သံသယရှိစရာမရှိပါဘူး၊သေချာပါတယ် နောက်ရယ်စရာတစ်ချက်က ကြည့်တာချင်းတူတာတောင် ပိုကြီးတဲ့ရင်သားကို ကြည့်သူတွေကပိုအကျိုးထူးတာတွေ့ရပါတယ်။အသက်၄၀ကျော်တဲ့အမျိုးသားတွေဆိုရင်တော့ D-cup size နဲ့ သူ့အထက်တွေကိုကြည့်သင့်ပါတယ် "လို့ဒေါက်တာကပြောသွားပါတယ်။(သူပြောတဲ့ D-cup ဆိုက်က မြန်မာလို ၃၆ ခန့်ရှီတယ်လို့အတွေ့ကြုံမသေးသူ အယ်ဒီတာကိုကိုတစ်ယောက်က ပြောသွားကြောင်းပါ)

လိင်အင်္ဂါ ကြီးထွားသည့် အမျိုးသားများ ကိုယ်ရေကိုယ်သွေး


လိင်အင်္ဂါ ကြီးထွားသည့် အမျိုးသားများ ကိုယ်ရေကိုယ်သွေး ပိုမို မြင့်မားသည်။

လိင်အင်္ဂါ ကြီးထွားသည့် အမျိုးသားများ ကိုယ်ရေကိုယ်သွေး ပိုမို မြင့်မားသည်
လိင်အင်္ဂါ် အရွယ်အစား သာမန်ထက် ကြီးထွား ဖွံ့ဖြိုးသော အမျိုးသား များသည် လိင်အင်္ဂါ သေးငယ်သည့် အမျိုးသား များထက် ယျေဘူယျ အားဖြင့် ကိုယ်ရည်ကိုယ်သွေး ပိုမို မြင့်မားခြင်း၊

မိမိ ကိုယ်ကိုယ် ပိုမို အထင်ကြီး ဂုဏ်ယူ တတ်ခြင်း၊ ကျန်းမာရေး ပိုကောင်းခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပိုမို မြန်ဆန်ခြင်း စသည့် ကောင်းကျိုးများ ရရှိစေကြောင်း ဩစတြေးလျ နိုင်ငံမှ ပညာရှင် တဦးက ပြောကြားခဲ့သည်။

ဩစတြေးလျ နိုင်ငံ၊ ဗစ်တိုးရီးယား တက္ကသိုလ်မှ အသက်(၂၉)နှစ် အရွယ် ပညာရှင် အမျိုးသမီး အန်နာဘယ်ချန် က အမှန်အားဖြင့် လိင်တံ ကြီးထွားမှုသည် အိပ်ခန်း ထဲတွင်ထက် အဝတ်လဲခန်း အတွင်း တွင်သာ ပိုမို အဓိပ္ပါယ်ရှိမည်ဟု ဆိုသည်။

အဘယ်ကြောင့် ဆိုသော် အမျိုးသား အများစု ထင်မှတ် သကဲ့သို့ လိင်တံ ကြီးထွားခြင်းသည် ကာမ ဆက်ဆံမှုတွင် များစွာ အကျိုးမရှိလှဘဲ ခန္ဓာကိုယ် အချိုးအစား လှပ ကျနမှုကိုသာ ဖြစ်ပေါ် စေသောကြောင့်ဟု ချန်က ရှင်းပြခဲ့သည်။ သူမက အမျိုးသား များသည် ၎င်းတို့၏ လိင်အင်္ဂါ အရွယ်အစား သေးငယ်နေပါက ကာမ ဆက်ဆံမှုတွင် ယုတ်လျော့ အားနည်း သွားမည်ကို စိုးရိမ် တတ်ကြကြောင်း၊ ယင်း အယူအဆသည် အခြေအမြစ် လုံးဝ မရှိကြောင်း ပြောကြားခဲ့သည်။

သူမ၏ လေ့လာမှုများအရ ကြုံလှီးချိနဲ့သော အမျိုးသားများ၏ လိင်အင်္ဂါ အရွယ်အစားသည် ပျမ်းမျှ ၃.၄ လက်မ မျှသာ ရှိတတ် သော်လည်း အားကောင်းမောင်းသန် အမျိုးသား များမှာမူ ပျမ်းမျှအရွယ် ၆.၃ လက်မ ရှိကြောင်း ချန်က ဆိုသည်။ သူမသည် အမျိုးသား လိင်အင်္ဂါ အရွယ်အစားသည် ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို မည်သို့မည်ပုံ ဆက်စပ်နေကြောင်း အထူးပြု လေ့လာနေသည့် ပညာရှင်လည်း ဖြစ်သည်။

ချန်သည် သူမ၏ သုတေသန လုပ်ငန်းများအား စင်္ကာပူနှင့် ဗြိတိန် တို့တွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သေးပြီး နိုင်ငံပေါင်း (၄၃)ခုမှ အသက် (၁၈)နှစ်နှင့် (၇၆)နှစ်ကြား အမျိုးသား (၇ဝ၀)ကျော် တို့ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သူမ၏ တွေ့ရှိချက်များ အရ အမျိုးသားထု၏ (၆၇.၃) ရာခိုင်နှုန်းသည် ၎င်းတို့၏ လိင်အင်္ဂါ အရွယ်အစား ရှိရင်းစွဲထက် ပိုပြီး ကြီးစေလိုသော ဆန္ဒရှိကြောင်း ချန်က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ကမ္ဘာ့ အဆိုးနှင့်အကောင်း လိင် ဆက်ဆံဖက် ရလဒ်များ ထွက်ပေါ်လာ
တကမ္ဘာလုံး ဆိုင်ရာ သုတေသန ဝဘ်ဆိုဒ်တခု ဖြစ်သည့် Onepoll.com က ကမ္ဘာပေါ်တွင် အညံဖျင်းဆုံး ချစ်ဖော် ချစ်ဖက်များ အဖြစ် ဂျာမန် အမျိုးသား များအား ဖော်ပြ လိုက်သည်။

ယင်း ဝဘ်ဆိုဒ်သည် ကမ္ဘာ့နိုင်ငံ အခု(၂၀)မှ အတွေ့အကြုံ များသော အမျိုးသမီး (၁၅၀၀၀) ကို မေးမြန်းစုံစမ်း သဘောထား ကောက်ခံပြီး နောက် ယခု စစ်တမ်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဂျာမန် လူမျိုးများသည် ရေချိုးရန် ပျင်းရိလေ့ရှိပြီး အနံ့အသက် မကောင်းတတ်ကြောင်း အမျိုးသမီးများက ဆိုသည်။ အင်္ဂလိပ် များကမူ အညံ့ဆုံး အိပ်ခန်းဖော် စာရင်းတွင် ဒုတိယနေရာမှ ရပ်တည်နေပြီး အများအားဖြင့် ၎င်းတို့သည် ချစ်တင်း နှီးနှောရာတွင် ထိုင်းထိုင်းမှိုင်းမှိုင်း နှင့် လေးကန်လေ့ ရှိကြောင်း သိရှိရသည်။

ဆွီဒင်များမှာ တတိယအဖြစ် ရပ်တည်နေပြီး ၎င်းတို့၏ အားနည်းချက်မှာ ကိစ္စပြီးမှု မြန်လွန်းသဖြင့် အမျိုးသမီးများ မကျေနပ်စရာ ဖြစ်ရခြင်းဟု ဆိုသည်။ ဒတ်ခ်ျ များမှာမူ မိမိ၏ အဖော်အပေါ် အသာစီးယူရန် ဆန္ဒပြင်းပြလေ့ ရှိကြောင်း အမျိုးသမီး အများစုက မဲပေး ခဲ့ကြသည်။

နံပါတ်(၅)တွင် ရှိနေသည့် အမေရိကန်များ ကမူ အကြမ်းပတမ်း နိုင်လွန်းသည်ဟု သိရှိရပြီး၊ ဂရိများကမူ တဖွဲ့တနွဲ့ နိုင်လွန်းပြီး စိတ်မရှည်စရာ ကောင်းနေပြန်သည်။ ဝေလ် နယ်သားများ ကမူ မိမိအတွက်သာ ကြည့်တတ်သော တကိုယ်ကောင်း သမားများဟု အမျိုးသမီးများက မှတ်ယူနေပြီး စကော့တ် များကမူ မလိုအပ်ဘဲ အသံကျယ်လွန်းကြောင်း သိရှိရသည်။

နံပါတ်(၉) ချိတ်သည့် တူရကီများကမူ အလွန်အမင်း အားကြိုးမာန်တက် ရှိလွန်း၍လား မသိ၊ ချွေးထွက် လွန်းသည်ဟု အမျိုးသမီးများက နှာခေါင်းရှုံ့ ပြန်သည်။ ရုရှားများ ကမူ နံပါတ်(၁၀)တွင် အဆင့်ချိတ်သည်။ ၎င်းတို့ နာမည်ပျက်ပုံမှာ တမျိုး တဘာသာဖြစ်ပြီး အမွေးအမြှင် ထူလွန်းသဖြင့် အမျိုးသမီးများ မနှစ်ခြိုက်ကြောင်း သိရှိရသည်။

အိပ်ခန်းဆောင် အချစ် ဇာတ်လမ်းများ အတွက် အကောင်းဆုံး အဖော်အဖြစ် မဲပေးခံရသည်မှာ စပိန် လူမျိုးများဖြစ်ပြီး ၎င်းတို့ နောက်တွင် ဘရာဇီး၊ အီတလီ၊ ပြင်သစ်၊ အိုင်းရစ်၊ တောင်အာဖရိက၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဒိန်းမတ် နှင့် ကနေဒါ အမျိုးသားများက ဂုဏ်ယူ ဝံ့ကြွားဖွယ် အစဉ်လိုက် ရပ်တည်နေကြောင်း သိရှိရသည်။

ရုရှားရောက်ပြည်ချစ်သားများ၏ အချစ်ဇတ်လမ်းများ


ယနေ့ ခေတ်စားနေကြသော အွန်လိုင်း အချစ်ဇတ်လမ်းများနှင့် စိတ်မကောင်းစရာ ရင်နင့်ဖွယ် အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို မြင်တွေ့ရ ကြားသိရသမျှ နားမဆံ့တဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ကျမ ပြောချင်တဲ့ အဓိက ဇတ်ဆောင်များကတော့ တိုင်းပြည်ဘဏ္ဍာနှင့် ပညာ သင်ကြားနေကြသော ရုရှားနိုင်ငံမှ ပြည်ချစ်သားများနှင့် နိုင်ငံတကာမှ ညီမများ မမများပါပဲ။ အခုလို ရေးရတဲ့ အတွက် မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်နစ်နာ လိုစိတ်မရှိပါ။ မိန်းမသားများ အတွက် အသိပညာပေးလိုသော စေတနာသာ ပါဝင်ပါတယ်။

ဖြစ်ပုံများကတော့ .... ၂၀၀၉ နှစ်ရဲ့ ဧပြီလလောက် ကပေါ့..... စကာင်္ပူက ပီအာ ရပြီးသား ညီမလေး တစ်ယောက် ကျမကို ဖုန်းဆက်လာတယ်။ မမရယ် ကူညီပါအုံးတဲ့ ... သူ့ချစ်သူက သူ့ကို အတွေ့မခံပဲ ရှောင်နေလို့ပါတဲ့လေ။ ကျမသိသလောက် သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းက အွန်လိုင်းကနေတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ကောင်လေးကတော့ မော်စကိုမှာ စာသင်နေတဲ့ စစ်ဗိုလ် ဆရာဝန်တစ်ယောက်ပေါ့...။ ဒီလောက်ဆို စာဖတ်သူများ နားလည် သဘောပေါက်လောက်ပါပြီ။ သူတို့နှစ်ဦး အကြောင်းကို နှစ်ဖက် မိသားစုများကအစ သိထားကြပါတယ်။ ကောင်လေးကတော့ နယ်မြို့တစ်မြို့ကပါ။ ကောင်မလေးက ရန်ကုန်ကပေါ့။ ကောင်လေး မော်စကိုမှာ နေစဉ်တလျှောက် လိုအပ်သမျှ အစားအသောက်ကအစ အဲဒီညီမလေးဆီကို မှာနေကြပါ။ အဲဒီညီမလေးကလည်း ဘာပဲ မှာမှာ ရောက်အောင် ၀ယ်ပြီး ပို့ခဲ့ပါတယ်။ ဇတ်လမ်းအကြမ်းလေးကတော့ ကောင်လေးဟာ မြန်မာ ပြန်ရောက်သွားကတည်းက သူ့ကို ရှောင်နေပါတယ်။ ဖုန်းဆက်လည် မကိုင်ဘူး။ နောက်ဆုံး သူ ကျမကို ရင်ဖွင့်ပြီး မြန်မာကို လိုက်သွားပြီး တွေ့မယ်၊ ပွင့်ပွင့်လင်းလင်း မေးမယ်ပေါ့။ ကျမလည်း အင်း.... တစ်လုံးကလွဲလို့ အကြံမပေးတတ်ဘူးလေ။ ဒီလိုနဲ့ သူပြန်သွားပြီး တစ်ပတ်အကြာမှာ မေလ်းရောက်လာတယ်။ သူတို့ ပြန်အဆင်ပြေသွားကြလို့ အခု ခရီးတွေတောင် အတူတူ သွားကြတယ်တဲ့။ ကျမလည်း ၀မ်းသာမိပါတယ်။ ဒါဟာ သတင်းကောင်းလို့ပဲ ထင်ခဲ့တယ်။

ဒါပေမယ့် ကျမထင်ထားသလို မဟုတ်ခဲ့ပါဘူး။ ကောင်မလေးက သူမပြန်ခင် လက်ထပ်ခွင့် ရအောင်လုပ်ပြီး သူ့ကို လက်ထပ်ခိုင်းတော့ ကောင်လေးက သူမယူနိုင်ဘူးတဲ့လေ...။ သူ့မှာ လက်ထပ်ရမယ့်သူက ရှိပြီးသားတဲ့။ မိန်းမသားဘ၀ တောင်းပန်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။ နောက်ဆုံးသိရတာကတော့ အဲဒီညီမလေးကလည်း ဘယ်လို ဆုံးဖြတ်လိုက်တယ် မသိဘူး။ အဲဒီညီမလေးက သူကိုယ်တိုင် အရှက်ခွဲ ခံပြီး စစ်ခုံရုံးကို တင်ပြီး တရားစွဲပါတော့တယ်။ ကောင်လေးကလည်း အစစ်ဆေး ခံရပြီး ရာထူးလည်းပြုတ်၊ ထောင်ကျသွားခဲ့တယ်။ ကောင်မလေးက သူတို့ ခရီးသွားခဲ့တုန်းက ဓါတ်ပုံတွေနဲ့ တည်းခဲ့တဲ့ ဟိုတယ်တွေ နေ့ရက် အချိန်တွေကိုပါ အတိအကျ ရုံးတော်ကို သက်သေတင်နိုင်ခဲ့လို့ပေါ့။ ဒါပေမယ့် မိန်းကလေး ဘ၀ ဘာဖြစ်သွားလဲ။ ဒီလို အဖြစ်အပျက်တွေ ကျမတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်များ များပြားနေလဲဆိုတာ မသိနိုင်ဘူးနော်။

အခုဆိုရင် နိုင်ငံတကာက မိန်းကလေးတွေ တော်တော်များများဟာ ရုရှားက စစ်ဗိုလ်တွေနဲ့ အွန်လိုင်းမှာတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ရာက တဆင့်တက်လို့ ရုရှားအထိ သွားရောက်လည်ပတ် အတူနေထိုင်နေကြတယ်လို့ အတိအကျကို သိနေရပါတယ်။ အထူးသဖြင့် ဒူဘိုင်းနဲ့ စကာင်္ပူနိုင်ငံက မိန်းကလေးတွေ တော်တော်များများပါပဲ.....။ ၂၀၀၉ အောက်တိုဘာကလည်း ဒူဘိုင်းက ညီမလေးတစ်ယောက် မော်စကို (MEPHI) က သူ့ကောင်လေး စစ်ဗိုလ်ဆီ သွားလည်တယ်တဲ့။ အခုလည်း စင်္ကာပူက ညီမလေး တစ်ယောက် ထပ်သွားပြန်ပြီ။ နောက်ထပ် ရုရှားကို သွားဖို့ စီစဉ်နေကြတဲ့ ညီမလေးတွေ အများအပြား ရှိနေပါသေးတယ်။ ဒါက အခုလက်ရှိ ကျမ ပတ်ဝန်းကျန်မှာ မြင်နေရတာပါ။ ကျမ မသိတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဒါမျိုးတွေ များပြားနေမလဲဆိုတာတော့ ကျမ မသိပါဘူး။ ကျမ ဒီသတင်းတွေ ကြားရရင် နှစ်ဦး စလုံးအတွက် ရင်လေးမိ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီတော့ ကျမ အပေါ်ကတင်ပြသွားခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ မဖြစ်လာရအောင် သတိပေးတဲ့ အနေနဲ့ ဒီပိုစ့်လေးကို ရေးသားလိုက်ရတာပါ။ မိန်းကလေးတွေကိုလည်း သတိပေးချင်သလို၊ ရုရှားရောက် ပြည်ချစ်သားများကိုလည်း သတိပေးချင်ပါတယ်။ ပြည်သူ့ဘဏ်ဏ္ဍာနဲ့ စာသင်ဖို့ လွှတ်ထားတယ်ဆိုတာကိုလည်း သတိထားစေချင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လို နေရမယ် ထိုင်ရမယ်ဆိုတာကိုလည်း နားလည်စေချင်ပါတယ်။ ကိုယ်လက်မထပ်နိုင်ပဲ သူများ သားသမီးတွေကို အခုလို ခေါ်ပြီး အပျော်မရှာပါနဲ့။ ကိုယ့်ဘ၀နဲ့ တန်တဲ့ မိန်းမမျိုးကိုပဲ ရှာယူကြပါလို့။ တာဝန်ရှိသူများကလည်း အခုလို အဖြစ်မျိုးတွေ မဖြစ်ရလေအောင် ထိန်းသိမ်း သင့်ထယ်လို့ ထင်မိပါတယ်။ ရုရှားပို့ထားပြီး ဘာမှ မသိသလို မနေကြပါနဲ့။ ပြည်ချစ်သားများ နိုင်ငံသားကောင်းများ နိုင်ငံတကာမှာ နာမည်ပျက် နေတာကိုလည်း သတိထားနိုင်ကြာပါစေ။ မိန်းကလေးများကလည်း မိမိရဲ့ တန်ဘိုးရှိလှတဲ့ ဂုဏ်သိက္ခာကို တန်ဘိုးထားကြစေချင်ပါတယ်။ှ

ရုရှားမှ ကိုကိုတွေ မောင်မောင်တွေ အနေနဲ့ကလည်း စာသင်တဲ့ ကာလက နဲနဲရယ်၊ အချိန်ပြည့် အွန်လိုင်းမှာ အချိန်ဖြုန်းနေကြသလိုပါပဲ။ အတူနေတဲ့ ညီမလေးတွေ ပြောသမျှ အွန်လိုင်းမှာ (၁၀) ယောက်မှာ (၉) ယောက်က ရုရှားက စစ်ဗိုလ်တွေပါတဲ့လေ။ အော် ...... တော်တော်ဆိုးတာပဲနော်။ တနေ့မှာ တိုင်းပြည်ကို ဘယ်လိုများ ထိန်းသိမ်း စောင့်ရှောက်ကြပါ့မလဲ...။ အပေါ်က တင်ပြသွားတဲ့ တကယ့်အဖြစ်အပျက်လေးကို ကျမ လူနာမည် အတိအကျ၊ ဗိုလ်သင်တန်း အပတ်စဉ်တွေကိုပါ ပြောပြနိုင်ပါတယ်။

ဒီနေ့ဟာ ဒီဇင်ဘာ (၃၀) ရက်နေ့ အမေများနေ့ပါရှင်....... ဒါကြောင့် သားသမီးတွေ အားလုံးရဲ့ မိခင်ကိုယ်စား ကျမက ဒီပိုစ့်လေးနဲ့ မိန်းကလေး၊ ယောကျာင်္းလေး ခွဲခြားခြင်းမရှိပဲ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးလေးတွေကို တင်ပြရင်း ဆုံးမလိုက်တာပါ။ နားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူတိုင်းအချစ်နဲ့ မကင်းနိုင်သလို တန်ဘိုးရှိတဲ့ မြင့်မြတ်တဲ့ ချစ်ခြင်းတွေနဲ့ တဘ၀လုံး လုံခြုံအေးမြ နိုင်ကြပါစေ....

ခင်မင်လေးစားလျှက်
နွေး

Friday, June 25, 2010

MP3 သုံး၍ သီချင်းတစ်နာရီ နားထောင်ရုံဖြင့် အကြားအာရုံပျက်စီးနိုင်


MP3 ဖြင့် တစ်နာရီ (သို့မဟုတ်) တစ်နာရီထက်ကျော်ပြီး သီချင်းနားထောင်ရုံဖြင့် ရေရှည်တွင် အကြားအာရုံပျက်စီးနိုင်ကြောင်း ဘယ်လ်ဂျီယံရှိ Ghent တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရ သိရသည်။

MP3 ဖြင့် သီချင်းနားထောင်ခြင်းသည် ရေရှည်တွင် အကြားအာရုံပျက်စီးစေကြောင်း၊ အချိန်တိုအတွင်း အသံပြောင်းလဲမှုကြောင့် နားထဲရှိ အမွေးအမှင်ဆဲလ်များအတွင်း လှုံ့ဆော်မှု အလွန်အကျွံဖြစ်ပေါ်ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။MP3 ကို နားကြပ်တပ်ပြီး အသံကျယ်ကျယ်နားထောင်ခြင်းသည် အကြားအာရုံပျက်စီးနိုင်သည်ဟု သုတေသနပညာရှင်များ၏ သတိပေးချက်ထုတ် ပြန်ခဲ့ပြီးနောက် အသက် ၁၉ နှစ်မှ ၂၈ နှစ်အကြား လူငယ် ၆၀ ကို လေ့လာခဲ့ခြင်းဖြစ်သည်။ MP3 ဖြင့် ပေါ့ပ်နှင့်ရော့ခ်ဂီတများကို တစ်နာရီခန့် နားထောင်စေပြီး အသံအတိုးအကျယ် ပြုလုပ်ကာ သီချင်းနားမထောင်မီနှင့် နားထောင်ပြီးနောက်ပိုင်း အကြားအာရုံများကို စစ်ဆေးခဲ့သည်။

သုတေသနအဖွဲ့ခေါင်းဆောင် ဟန်နာကမ်ပလာက'' လွန်ကဲတဲ့အသံ ဆူညံမှုတွေဟာ အကြားအာရုံ ဆုံးရှုံးနိုင်တယ်ဆိုတာ ကောင်းကောင်းသိလောက်ပါပြီ။ သယ်ရလွယ်တဲ့ မီဒီယာပလေယာတွေ နားထောင်ပြီးတဲ့နောက်ပိုင်း အကြားအာရုံယိုယွင်းမှုတွေ ဖြစ်လာတယ်''ဟု ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများနှင့် အမေရိကန်မှ လူငယ် ၉၀ ရာခိုင်နှုန်းသည် MP3 ဖြင့် အမြင့်ဆုံးအသံနှုန်းဖြင့် တစ်နေ့လျှင် နာရီပေါင်းများစွာ သီချင်းနားထောင်ကြောင်း သိရသည်။

Weekly eleven

သြစတေးလျ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် Julia Gillard ရွေးချယ်ခံရ

သြစတေးလျ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် Julia Gillard ရွေးချယ်ခံရ

ကင်ဘာရာ- June 24, 2010
ဇွန်လ ၂၄ ရက် ကြသပတေးနေ့က လေဘာ ပါတီ ခေါင်းဆောင် Kevin Rudd ရာထူးမှ ဆင်းပေးပြီးနောက် သြစတေးလျ အစိုးရအဖွဲ့အတွင်း အကောင်းဆုံး လူထုဆက်ဆံရေး ရှိသူဟု မီဒီယာများအကြား လူသိများသော Julia Gillard သည် သြစတေးလျနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

Gillard ၏ ရာထူးနေရာ တက်ခြင်းကို ဗုဒ္ဓဟူးနေ့ညက ကျင်းပခဲ့သော ပါလီမန် အတွင်း လျှို့ဝှက် ဆန္ဒမဲပေးသည်ပွဲတွင် ကြေငြာခဲ့ခြင်း ဖြစ်သည်။ “Julia Gillard ဟာ လေဘာ ပါတီရဲ့ ခေါင်းဆောင်သစ်နဲ့ သြစတေးလျ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါသည်။

အာဖဂန်သမ္မတ ကာဇိုင်းဝင်ငွေမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ကျော်သာရှိ

Share

Afghanistan President

အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်း၏ ၀င်ငွေမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၂၅ သာရှိပြီး ဘဏ်အပ်ငွေမှာလည်း ဒေါ်လာ ၂၀၀၀၀ ကျော်ထက်နည်းပါးကြောင်းနှင့် အိမ်မြေ (သို့မဟုတ်) ဥစ္စာပစ္စည်းပိုင်ဆိုင်မှုများ မရှိကြောင်း ကာဇိုင်း၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတကာဇိုင်း၏ လစာရရှိမှုမှာ အာဖဂန်ပြည်သူတစ်ဦးချင်း ပျမ်းမျှဝင်ငွေထက် ငါးဆများသော်လည်း အမေရိကန်သမ္မတ အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့၏ လစာနှင့်နှိုင်းယှဉ်ပါက သိသိသာသာနည်းပါးသည်။ အမေရိကန် သမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့၏ ၀င်ငွေမှာ တစ်နှစ်လျှင် ဒေါ်လာလေးသိန်းနီးပါး ရရှိကြောင်း သိရှိရသည်။

သမ္မတကာဇိုင်း၏ ပိုင်ဆိုင်မှုများကို အစိုးရ၀န်ထမ်းများအကြား ပွင့်လင်းမှုရှိစေရန် ကြိုးပမ်းမှုအဖြစ် ရည်ရွယ်ပြီး ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်အဆင့်မြင့်ရုံးက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်၏ တည်ငြိမ်မှုကို အဓိကခြောက်လှန့်နေသည့် တာလီဘန်တို့ ကျန်ရှိနေသေးသော်လည်း လူမှုဝန်းကျင်အလွှာစုံနှင့် စီးပွားရေးလုပ်ငန်းများကြားတွင် ခြစားမှုသည် အာဖဂန်နိုင်ငံသားများ၏ အဓိကတိုင်ကြားချက်တစ်ခု အဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ခြစားမှုတိုက်ဖျက်ရေးအဖွဲ့သည် ၀န်ကြီးများ၊ လွှတ်တော်အဖွဲ့ဝင်များ၊ အကြီးတန်းအရာရှိများ၊ ရဲအရာရှိများနှင့် ပြည်နယ်ချုပ်ရေးခေါင်းဆောင်များ အပါအ၀င် အရာရှိပေါင်း ၂၀၀၀ ကျော်၏ ပိုင်ဆိုင်မှုများအား မှတ်ပုံတင်မှုများ ပြုလုပ်ခဲ့ပြီး သီ တင်းတစ်ပတ်အတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရအရာရှိများ၊ ၎င်းတို့၏ ဇနီးများနှင့် အသက် ၁၈ နှစ်အောက်ကလေးများ၏ ပိုင်ဆိုင်မှုများပါ အကျုံးဝင်ကြောင်း၊ တရားစွဲဆိုခံရမှုများ ဖြစ်နိုင်သောကြောင့် ပိုင်ဆိုင်မှုကို ထိမ်ချန်ခြင်းပြုလုပ်သည်ကို မတွေ့ရှိရကြောင်း ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ မိုဟာမက်ရာရှင်အူစမန်နီက ပြောကြားခဲ့သည်။

ကာဇိုင်း၏ လက်ရှိလက်ထောက်နှစ်ဦးအပါအ၀င် ယခင် အရာရှိဟောင်းများတွင် ကိုယ်ပိုင်အိမ်ရှိပြီး ပြည်တွင်းနှင့် ပြည်ပတွင် ဒေါ်လာ ၁၀ သန်းနီးပါး ပိုင်ဆိုင်မှုရှိသည်ဟု ယုံကြည်ရပြီး လက်ရှိအရာရှိ ၁၇ ဦး နှင့် ၀န်ကြီးဟောင်းများမှာ ခြစားမှု နှင့်ပတ်သက်ပြီး သံသယရှိသည့်အတွက် စစ်ဆေးမေးမြန်းခံနေရကြောင်း သိရှိရသည်။

သမ္မတ ကာဇိုင်း လက်မှတ်ရေးထိုးခဲ့သည့် ၎င်း၏ပိုင်ဆိုင်မှုကြေညာချက်တွင် တစ်လလျှင် ၀င်ငွေအမေရိကန်ဒေါ်လာ ၅၂၅ ရရှိပြီး ဂျာမနီရှိ Commerz ဘဏ်တွင် အပ်နှံထားသည့် ယူရို ၁၅၆၃၅ ကျော်နှင့် အမေရိကန် ဒေါ်လာ ၁၃၄ ရှိကြောင်း ဖော် ပြထားသည်။

weekly eleven

ဆိုဒ်ကြီးမားတဲ့ဖိုင်တွေကို လိုအပ်သလောက် ခွဲသုံးနည်း


News Pic

ဒီတစ်ပတ်တော့- HJSplit ဆိုတဲ့ ဆော့ဖ်ဝဲ Tool လေးအကြောင်း မိတ်ဆက် ပေးချင်ပါတယ်။

ဖိုင်ဆိုဒ်ကြီးမားတဲ့ ဖိုင်တွေကို ကိုယ်လိုသလောက် ဖိုင်ဆိုဒ်နဲ့ ဖိုင်တွေကို ခွဲထုတ်နိုင်ဖို့ အရမ်းအသုံးဝင်လှပါတယ်။

ဝင်းဒိုး command တွေ အသုံးပြုပြီး ဖိုင်တွေခွဲထုတ်နိုင်ပေမယ့် မကျွမ်း ကျင်သေးတဲ့ အသုံးပြုသူတွေအတွက် အခက်အခဲရှိပါတယ်။

ဒါပေမယ့် ဒီ Tool လေးက အသုံးပြုသူတွေအတွက် လွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။

အင်တာနက်လိပ်စာ http://www.freebyte.com/hjsplit/#win32 မှာ အခမဲ့ရယူနိုင်ပါတယ်။

အင်တာနက်ကရယူထားတဲ့ HJSplit 2.4 zip ဖိုင်ကို extract ဖြေပြီး သုံးယုံပါဘဲ။

Install လုပ်စရာမလိုပါဘူး။

ဖိုင်တွေခွဲထုတ်တဲ့အခါနဲ့ ပြန်ပေါင်းတဲ့အခါ ဒီ Tool ကိုဘဲ အသုံးပြုရမှာဖြစ်ပါတယ်။

အသုံးပြနည်းက အရမ်းရိုးရှင်းလွယ်ကူပါတယ်။

HJSplit ဆော့ဖ်ဝဲကို ဖွင့်လိုက်တာနဲ့ Split, Join, Compare, Checksum ဆိုတဲ့ feature button တွေကို တွေ့ရပါလိမ့်မယ်။

ဖိုင်တွေခွဲထုတ်မယ်ဆိုရင် Split ကိုနှိပ်လိုက်ပါ။

ဖိုင်ခွဲထုတ်ဖို့ ၀င်းဒိုးတစ်ခု ပေါ်လာပါလိမ့်မယ်။

ကိုယ်ခွဲထုတ်လိုတဲ့ ဖိုင်ကို Input ခလုတ်ကိုနှိပ်ပြီးရွေးချယ်လိုက်ပါ။

နောက်ပြီးကိုယ်ခွဲထုတ်တဲ့ဖိုင်တွေကို သိမ်းလိုတဲ့ ဖိုဒါတစ်ခုကို Output ခလုတ်နှိပ်ရွေးချယ်ပေးရပါမယ်။

ခွဲထုတ်လိုတဲ့ ဖိုင်ဆိုဒ်ကို မိမိနှစ်သက်သလောက် Split file size ဆိုတဲ့နေရာမှာ ထားနိုင်ပါတယ်။

ကိစ္စတွေပြီးရင် Start ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။

ဒါဆိုရင် ဖိုင်တွေကို ခွဲပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဖိုင်တွေပြန်ဆက်မယ်ဆိုရင်တော့ Join ခလုတ်ကိုနှိပ်လိုက်ပါ။

ကိုယ်ခွဲထားတဲ့ ဖိုင်ကို Input မှာရွေးချယ်ပြီး ပြန်ပေါင်းလိုတဲ့ ဖိုဒါတစ်ခုကို Output မှာ ရွေးနောက်ပြီး Start ကို နှိပ်ပေါင်းလိုက် ယုံပါဘဲ။

ဆိုဒ်ကြီးမားတဲ့ ဗွီဒီယိုဖိုင်တွေ၊ Application တွေကို အင်တာနက်မှာဘဲဖြစ်ဖြစ် အီးမေးလ်မှာဘဲဖြစ်ဖြစ် ဝေမျှလိုတဲ့အခါ ဒီဆော့ဖ်ဝဲ လေးကို အသုံးပြုရင် အဆင်ပြေလွယ်ကူပါလိမ့်မယ်။

အင်တာနက်ဆက်သွယ်မှု နှေးနေတဲ့အခါ ဖိုင်တွေကို အဆင်ပြေသလောက် ခွဲထုတ်ပို့ပြီး လက်ခံရယူတဲ့အခါမှာလည်း ဒီဆော့ဖ်ဝဲလေး နဲ့ ဖိုင်ပြန်ဆက်လိုက်ယုံပါဘဲ။

မြန်မာတိုင်းမ်

နျူကလီးယားလက်နက်ပိုင်သည့် စစ်အင်အား နိုင်ငံဖြစ်ရန် ရည်ရွယ်ချက်မရှိကြောင်းပြောကြား

နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောကြားချက်များမှာ မမှန်ကန်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် စစ်အင်အားနိုင်ငံဖြစ်လာရန် ရည်ရွယ်ချက်မရှိကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသံလွှင့်ဌာနများက စွပ်စွဲပြောကြား ချက်များသည် မြန်မာနှင့် အမေရိကန် ဆက်ဆံရေး ပြန်လည် စတင်နေချိန် တွင် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ် ကြောင်းနှင့် ယခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအား အဟန့်အတားဖြစ် ရန်ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ကာတာနိုင်ငံ ဒိုဟာအခြေစိုက် အယ်လ်ဂျာဇီးယား ရုပ်သံမှ မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားဒီမိုကရက်တစ်နိုင်ငံ (မြောက်ကိုရီးယား) နှင့် ပူးပေါင်း ကာ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း ဇွန်လစောစောပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ်ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယင်းစာချုပ်နှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)၏ စောင့်ကြည့်မှု သဘော တူညီချက်ကို ၁၉၉၅ ခုနှစ်တွင် IAEA နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လွှတ်ပေးနိုင်သည့် ဓာတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်ရန် ရုရှားနိုင်ငံနှင့် ၂၀၀၇ ခုနှစ်၊ မေလက သဘောတူညီခဲ့သည်။

"ဓာတ်ပေါင်းဖိုတည်ဆောက်မည့် စီမံကိန်းသည် လုံလောက်သည့်အရင်းအမြစ်များ မရှိခြင်း၊ နိုင်ငံတကာမှ နားလည်မှု လွဲမှားမည် စိုးခြင်းတို့ကြောင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ ရပ်ဆိုင်းထားခဲ့ပါတယ်"ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် လက်နက်အရောင်းအ၀ယ်ပြုလုပ်နေသည်မှာ မဟုတ်မမှန်ကြောင်းနှင့် တရားဝင် ခွင့်ပြုထား သည့် ကုန်ပစ္စည်းများကိုသာ ကုန်သွယ်မှုပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာတိုင်းမ်

Thursday, June 24, 2010

တရုတ် အမျိုးသား တစ်ဦးသည် မင်္ဂလာပွဲ မတိုင်မီ အသတ်ခံရသော သတို့သမီးနှင့်ပင် လက်ထပ်ခဲ့

တရုတ် အမျိုးသား တစ်ဦးသည် မင်္ဂလာပွဲ မတိုင်မီ အသတ်ခံရသော သတို့သမီးနှင့်ပင် လက်ထပ်ခဲ့

တစ်ခါတစ်ရံတွင် ပြင်ပကမ္ဘာမှ အဖြစ်အပျက်များသည် စိတ်ကူးယဉ် ဇတ်လမ်းများထက်ပင် ဆန်းကျယ်တတ်ကြလေသည်။ အသက် ၂၆ နှစ်အရွယ် တရုတ်အမျိုးသား Zhuang Huagui သည် သူ၏ မင်္ဂလာပွဲမတိုင်မီ ၈ ရက်အလိုတွင် အသတ်ခံရပြီး သေဆုံးသွားသော အသက် ၂၁ နှစ်အရွယ် သူ့၏ ချစ်သူ သတို့သမီး Hu Zhao နှင့်ပင် ဝမ်းနည်းဖွယ်ကောင်းသော လက်ထပ်ပွဲကို မူလစီစဉ်ထားသော ရက်မှာပင် ကျင်းပဲခဲ့သည်ဟု သိရသည်။

အဆိုပါ စုံတွဲသည် မူလက ဖေဖော်ဝါရီလ ၄ ရက်နေ့တွက် လက်ထပ်ရန် စီစဉ်ထားပြီးဖြစ်သည်။ သို့သော် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတို့သမီးလောင်း၏ အိမ်သို့ ဖောက်ထွင်း ဝင်ရောက်လာသော သူခိုးနှစ်ဦးကြောင့် သတို့သမီးလောင်းသည် ဓါးဖြင့်ထိုးပြီး အသတ်ခံခဲ့ရသည်။

အလွန်အမင်း ကြေကွဲဝမ်းနည်းနေသော သတို့သားသည် ကွယ်လွန်သွားသော သူ၏ချစ်သူ ဈာပနမတိုင်မီ ချစ်သူနှင့်ပင် လက်ထပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို စုံတွဲ၏ လက်ထပ်မင်္ဂလာပွဲကို Zhangzhou မြို့ ဈာပနပွဲပြုလုပ်ရာ ဧည့်ခန်းဆောင်တွင် ကျင်းပခဲ့ပြီး နှစ်ဘက်မိဘများ တက်ရောက်ပြီး အသိသက်သေအဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုကြေကွဲ ဝမ်းနည်းဖွယ်ကောင်းသော မင်္ဂလာပွဲတွင် ချစ်စိတ်ပြင်းပြသော သတိုးသားသည် မူလက ရည်မှန်းထားသော နေ့ရက်တွင်ပင် မှန်ခေါင်းထဲတွင် လဲလျောင်းနေသော သတို့သမီးနှင့် လက်ထပ်ရန် သန္နိဋ္ဌာန်ချခဲ့ခြင်းဖြစ်သည်။ အခမ်းအနား၏ အဝင်တွင် သတို့သားသည် သတို့သမီး၏ ဓါတ်ပုံကိုပိုက်ကာ ဧည်သည်များကို ဧည့်ခံနှုတ်ဆက်ခဲ့သည်။

asiantown.net

asiantown.net

asiantown.net

သတို့သားသည် သူ၏ လက်ထပ်လက်စွပ်ကို သေဆုံးသွားပြီဖြစ်သော ဇနီး၏လက်ကို စွပ်ပေးသည့် ဝမ်းနည်းဖွယ် မြင်ကွင်းကိုလည်း တွေ့ရှိရသည်။ သတို့သမီးကို လှပသော လက်ထပ်ဝတ်စုံ အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မှန်ခေါင်းအတွင်းတွင် အိပ်စက် လဲလှောင်း နေသည့် သဖွယ် တွေ့မြင်ရသည်။

asiantown.net

asiantown.net

အထက်ပါ အကြောင်းအရာသည် မကြာသေးမီက ပရိသတ်တစ်ဦးမှ PatheinCity News သို့ အီးမေလ်းနှင့် ပေးပို့ထားခြင်းဖြစ်သည်။ ၎င်းပေးပို့သူ၏စာတွင် ” ( can’t find a word to describe my feeling when I see it. ) ” ဟု ဖော်ပြထားသည်။

ထိုသတင်းသည် အင်တာနက်အတွင်းတွင်လည်း ကြေကွဲဖွယ် အံ့သြဖွယ် သတင်းတစ်ရပ်အဖြစ် များစွာပြန်နှံ့နေပြီး PatheinCity News ပရိသတ်များအတွက် ပိုမိုခိုင်မာသော သတင်း Source ဖြစ်သည့် စင်္ကာပူအခြေစိုက် AsiaOne သတင်းစာ၏ သတင်းSource ကိုပါ ပူးတွဲ ဖော်ပြလိုက်ပါသည်။

စိတ်ကျရောဂါ ဝင်နေသူများ ပိုမို ဝလာပြီး ဗိုက်ရွှဲ လာနိုင်ဖွယ် များနေ

စိတ်ကျရောဂါ ဝင်နေသူများ ပိုမို ဝလာပြီး ဗိုက်ရွှဲ လာနိုင်ဖွယ် များနေ

စိတ်ကျရောဂါ ဖြစ်နေသော သူများသည် သာမန်လူများထက် ဝမ်းဗိုက်ပိုင်း ဝလာပြီး ဗိုက်ရွဲလာရန် အခွင့်အလမ်း ပိုမိုရှိကြသော်လည်း မူလကပင် အဝလွန်နေသူများအဖို့ ပုံမှန်အလေးချိန် ရှိသူများနှင့် နှိုင်းစာလျှင် စိတ်ကျရောဂါ ရနိုင်ချေ ပိုမများနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။

စိတ်ကျရောဂါ နှင့် အလေးချိန်တိုးလာခြင်း ဆက်စပ်မှု ရှိသော်လည်း မည်သို့မည်ပုံ ဆက်စပ်သည်ကို တိတိကျကျ မသိရှိသေးကြောင်း အလာဘားမား တက္ကသိုလ် (University of Alabama) မှ သုတေသီအဖွဲက ပြောကြားကြောင်း ဇွန်လထုတ် အမေရိကန် လုထုကျန်းမာရေး ဂျာနယ်တွင် ဖော်ပြထားသည်။

မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စထပ်မှ တတိယထပ် အထိကိုသာ ဖျက်သိမ်း၍ ပြန်လည်ဆောက်လုပ်မည်

မေလ ၂၄ ရက်တွင် မီးလောင်ခဲ့ရသော ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး ၏ ပဉ္စမထပ်(ခေါင်မိုးထပ်)မှ တတိယထပ်၏ ခေါင်မိုးအထိကိုသာ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ယင်းအထပ်များကို ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်္ဂလာဈေး သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စမထပ်မှ တတိထပ်၏ ခေါင်မိုး (စတုတ္ထထပ်၏ကြမ်းပြင်) အထိမှာ အန္တရာယ်ရှိသောကြောင့် အန္တရာယ်မဖြစ်ပေါ်အောင် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဈေးကြီး အား ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ၍ ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အီလက်ထရောနစ် ဘတ်စ်ကားလက်မှတ်များ လာတော့မည်

နိုင်ငံတကာတွင် ကျယ်ပြန့်စွာသုံးစွဲလျက်ရှိသည့် e-bus ticket ခေါ် အီလက်ထရောနစ် ဘတ်စ်ကားလက်မှတ်စနစ်ကို ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ပါရမီနှင့် အဓိပတိယာဉ်လိုင်းများတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ထိုကားလက်မှတ်များအတွက် နည်းပညာပိုင်းပံ့ပိုးပေးမည့် အီးထရိတ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၃ ရက်တွင် ပြောကြားသည်။ ထိုစနစ်သည် ကြိုတင်ငွေ ထည့်သွင်းထားသော ယာဉ်စီးခကတ်ဖြစ်ပြီး ကတ်ကိုကားများတွင် တပ်ဆင်ထားသည့် စက်ရှေ့ ၁၀ စင်တီမီတာအကွာအဝေးတွင်ပြသပါက သတ်မှတ်ကားခကို အလိုအလျောက် နှုတ်ယူသွားမည့်စနစ်ဖြစ်သည်။ “ဒီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေးနဲ့ ဆွေးနွေးပြီးသွားပါပြီ။

ရန်ကုန်တွင် တနေ့တည်း မီး (၃) ကြိမ်လောင်

ရန်ကုန်မြို့တွင် ဇွန် (၂၂) ရက် နံနက် (၁၁) နာရီခွဲခန့်မှ ညပိုင်း (၇) နာရီခွဲခန့်ကြား ယမန်နေ့ တရက်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်း ၊ ဗဟန်းနှင့် အင်းစိန်မြို့နယ် (၃) ခုတို့တွင် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယမန်နေ့ နံနက် (၁၁) နာရီ (၃၀) မိနစ်ခန့်က စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းပေါ်တွင် ကိုအောင်ကျော်ဦး မောင်းနှင် လာသော ဘ/၁၁၄၈ ပါပလစ်ကာ အဖြူရောင်ကားမှာ ဘက်ထရီခေါင်း လူး(စ်) ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်ကားတစီးက သွားရောက် ငြိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် ကားပိုင်ရှင်ကို စမ်းချောင်းမြို့ နယ်ရဲစခန်းက အရေးယူထားသည်။

ယင်းနေ့ နံနက် (၁၁) နာရီ မိနစ် (၄၀) ခန့်တွင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပုလဲကွန်ဒို၊ တိုက်(ဘီ) ပိုင်ရှင် ဦးစိုင်းသန်းအောင်ပိုင် အခန်းအမှတ် (၇၀၇) တွင်လည်း တရုတ်မီးစက် မောင်းနှင်ထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ အခန်းတွင်ရှိနေသူ ကိုဇော်မင်းထွန်းအား မီးလောင်မှုကြောင့် အရေးယူထားကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတဦးက ပြောသည်။

မျက်မြင်သူတဦးက “မီးစက်က တရုတ်လုပ်မီးစက်ဆိုတော့ ခံနိုင်အားမရှိဘူး။ အခု ဒီအခန်းမှာ ရုံးခန်းတခု ဖွင့်မလို့ဆိုပြီး လုပ်နေတာ မကြာသေးဘူး။ အလုပ်လုပ်သူတွေအတွက်တော့ မီးစက်က လိုကိုလိုတယ်လေ” ဟု ပြောသည်။

မီးလောင်မှုကြောင့် မီးစက်နှင့်အတူ အိမ်တံခါးအချို့ မီးထဲပါသွားကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ကား (၆) စီးနှင့် ထောက်ကူပြုယာဉ် (၁) စီး သွားရောက် ငြိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနအရာရှိက ပြောသည်။

ယင်းနေ့ ည (၇) နာရီ ခွဲခန့်တွင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ဦးခင်ဇော်ပိုင်သော (လှိုင်) အမည်ရှိ စားသောက်ဆိုင်တွင်လည်း မီးစက်ဆီဖြည့်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် အနီးရှိ ခုံအချို့ မီးလောင်ကျွမ်းသွားကြောင်း၊ ဆိုင်ဝန်ထမ်းကို အရေးယူထားကြောင်း အင်းစိန်မြို့နယ် တာဝန်ကျ ရဲအရာထမ်းတဦးက ပြောသည်။

မီးလောင်မှု ဖြစ်စဉ်နေရာသို့ မီးသတ်ကား (၄) စီး သွားခဲ့ရကြောင်း၊ တနေ့တည်း မီးလောင်မှု (၃) ကြိမ်ဖြစ်ပွားခဲ့သော်လည်း ဆုံးရှုံးမှုမများကြောင်း ရန်ကုန်တိုင်း မီးသတ်အရာရှိက ပြောသည်။

ဖြစ်ပွားမှုများတွင် မီးစက်အသုံးပြုမှု (၂) ခုပါဝင်ပြီး ရန်ကုန်တွင် မီးလာနေသည် ဆိုသော်လည်း ယခုအချိန်ထိ မီးစက်များကို အသုံးပြုနေရဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ (၆) ရက် တနေ့တည်းတွင်လည်း မြို့နယ် (၃) ခုတွင် မီးလောင်မှု (၃) ကြိမ် ဖြစ်ပွားခဲ့ရာ လူ (၁) ဦး သေဆုံးခဲ့သည်။

တက်လူ / ၂၃ ဇွန် ၂၀၁၀

မင်းသားကြီးဟယ်ရီဆန်ဖို့ဒ် ချစ်သူနှင့်လက်ထပ်

ဟောလီးဝုဒ် မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်သည် ၎င်းနှင့် ကာလကြာရှည်စွာ တွဲလာသည့် ချစ်သူနှင့် လက်ထပ်လိုက်ပြီဖြစ်သည်။ အသက်(၆၇)နှစ်ရှိ ဖို့ဒ်သည် ကာလီစတာ ဖလော့ဟတ်နှင့် ချစ်သက်တမ်း (၈)နှစ်ရှိခဲ့ပြီဖြစ်ပြီး နယူးမက္ကစီကိုရှိ ဒေသဆိုင်ရာ ရုံးတစ်ခုတွင် ဇွန်လ(၁၅)ရက်နေ့က လက်ထပ်လိုက်ကြောင်း ၎င်း၏ ကိုယ်ရေးအရာရှိက အတည်ပြု ပြောကြားလိုက်သည်။ ဖို့ဒ်သည် နယူးမက္ကစီကိုသို့ Cowboys and Aliensဇာတ်ကား ရိုက်ကူးရန် ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းတို့စုံတွဲသည် ပြီးခဲ့သည့်နှစ် ချစ်သူများနေ့ကတည်းက တရားဝင် စေ့စပ်ထားပြီးဖြစ်သည်။

Harrison-Ford-and-Calista-Flockhart

ယခုလက်ထပ်မှုမှာ ဖို့ဒ်အတွက် တတိယအကြိမ်မြောက် အိမ်ထောင်ပြုခြင်းဖြစ်ပြီး ဖလော့ဟတ်အတွက် ပထမဆုံးဟုလည်း သိရသည်။ ဖို့ဒ်သည် ပထမအိမ်ထောင် နှစ်ဆက်နှင့် ကလေး(၄)ဦးရရှိထားပြီး မာရီမာကွစ်နှင့်(၂)ဦး၊ ဟောလီးဝုဒ် ဇာတ်ညွှန်းဆရာမ မီလီဆာမာသီဆန်နှင့် (၂)ဦးစီ ရရှိထားသည်။ ဖို့ဒ်သည် Indian Jonesဇာတ်ကား Raiders of the Lost Arkနှင့်အတူ ဟောလီးဝုဒ်တွင် အကြီးအကျယ် အောင်မြင်မှုများ ရရှိလာခဲ့သည်။ ဖို့ဒ်တွင် မြေး(၃)ဦးလည်းရှိပြီး ၎င်းသည် ဒုတိယအိမ်ထောင်ဖြစ်သည့် မာသီဆန်နှင့် ကွာရှင်းစဉ်က လျော်ကြေး ပေါင်စတာလင် သန်း(၅၀)ထိ ပေးလိုက်ရကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဖို့ဒ်သည် နောက်ဆုံး Indiana Jonesဇာတ်ကား The Kingdom of the Crystal Skullတွင် မင်းသားငယ် ရှားလီဘော့ဖ်နှင့် တွဲဖက်သရုပ်ဆောင်ထားသည်။ ဖို့ဒ်၏ဇနီးသည် အသက်(၄၅)နှစ်အရွယ် ဖလော့ဟတ်သည် (၁၉၉၀)ပြည့်လွန်နှစ်များက အမေရိကန် ရုပ်သံစီးရီး Ally McBealနှင့် နာမည်ရလာသူဖြစ်သည်။ ဖို့ဒ်တို့စုံတွဲသည် လော့စ်အန်ဂျိလိစ်နှင့် ၀ိုင်အိုမင်းရှိ ဧက(၈၀၀)ကျယ်သောခြံကြီးအတွင်းမှ အပမ်းဖြေ စံအိမ်ကြီးတို့တွင် တစ်လှည့်စီ နေထိုင်ကြောင်းလည်း သိရှိရသည်။

Tuesday, June 22, 2010

““ဟ ဟ ဘာလဲဟ““



မိုက်တယ်နော်

သြော် ဇရာ ဇရာ ပြီးရင် တော့ - - - - - -


ကဲ ဘာပြောချင်သေးလဲ။ ဇာတိ ဆိုတာရှိမှာတော့ သယ်ရင်းတို့ရယ် ကိုယ် ဇရာ ပိုင်းကို ရောက်မှာ ပေါ့။ ပြီးရင် ခပ်သိမ်းသော အရာတွေကို ခဏပဲဖြစ်ဖြစ် (သံသရာထဲမှာ) အပြီးအပိုင် ပဲဖြစ်ဖြစ် ကိုယ်ထွက်သွားရတော့မယ်လေ။ ၀မ်းနည်းခြင်း ၀မ်းသာခြင်း၊ ချစ်ခြင်း မုန်းခြင်း၊ ပျော်ရွှင်ခြင်း သောကရောက်ခြင်း၊ လောဘ ဒေါသ မောဟ မာန မေတ္တာ ကရုဏာ မုဒိတာ အားလုံးသော တရားတို့နဲ့ လူလို့ ပညတ်ထားတဲ့ ဓါတ်ကြီးလေးပါး အစုအဖွဲ့ မိဘ သူငယ်ချင်း ဆွေမျိုး ချစ်သူ မုန်းသူ အယူအဆ မတူသူ အားလုံးသော ပညတ်ချက်များကို ခဏဖြစ်စေ ထာဝရဖြစ်စေထားခဲ့ရမယ်လေ။ အဲ အခုချိန်ထိတော့ ကျွန်တော် က သူတော်စင် တစ်ယောက်မဟုတ်သေးတော့ ပုထုဇဉ်တို့ ရှိတဲ့ ဒေါသ မာန လေးတော့ မနည်းမများရှိနေသေးတယ်လေ အဲဒီတော့ ကိုယ်ထွက်မသွားခင်လေးမှာ စစ်မှန်တဲ့ ပျော်ရွှင်ခြင်း စစ်မှန်သော မေတ္တာတရား တွေနဲ့ မုဒိတာတွေ ကို ရောပြွန်းပြီး ဘ၀ထဲမှာ ပျော်ပျော်နေချင်သေးတာပေါ့။ ဒါကြောင့် ကိုယ်ချစ်တဲ့ သယ်ရင်းတွေနဲ့ အခုလို ခဏတာဝေးကွာနေတဲ့ အချိန်လေးမှာ နှစ်တွေကြာတယ်လို့ထင်ပြီး အသိဥာဏ်တွေထဲမှာ ကိုယ့်ကို ၀ိုးတ၀ါးဖြစ်နေတဲ့ သယ်ရင်းတွေ၊ ဘယ်အချိန်မှာ မသိသေးပေမယ့် လူ့လောက ထဲက တစ်ချိန်မှာ ကိုယ်တို့သယ်ရင်းတွေ မထင်မှတ်ပဲပြန်ဆုံနိုင်ခဲ့မယ် ဆိုရင် ဥပမာ နောက်နှစ်ပေါင်း နှစ်ဆယ် လောက်ပေါ့လေ ။ အဲဒီ အချိန်ဆိုရင် မင်းတို့ သယ်ရင်း ကိုယ်က ဒီလိုပုံစံမျိုးဖြစ်နေပြီလေ။ ဒါကြောင့် သိပ်ချစ်ရတဲ့ သယ်ရင်းတွေ နောင်နှစ် နှစ်ဆယ်လောက် လမ်းမှာကိုယ့်ကို တွေ့ရင် မင်းတို့ ခေါ်ကြဦးနော်။ ကိုယ်ကတော့ မင်းတို့ မြင်တဲ့ အတိုင်း အဲဒီပုံထဲကလို မျက်စိမှိုင်း နားထိုင်း ခါးကိုင်းနေပြီလေ။ ဟဲဟဲ နောက်ပြီးတော့ ကိုယ့်ကို တစ်ဖက်သတ် (တစ်ဖက်ကိုသတ်လိုက်သလိုမျိုး) တိတ်တခိုးကြွေနေတဲ့ ကောင်မလေးတွေကလဲ “ဟယ်တော့ သူတောင်တော်တော် အိုသွားတယ်နော်”ဆိုပြီး ရင်ဘတ်ကလေး ဖိပြီး စုတ်သပ်နေမှာကို ကိုယ်ကတော့ တစ်ဖက်သတ်မြင်ယောင်မိသေးတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့၊

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့၊ အချိန်နှင့်ငွေဖြုန်းတီးသည့် အလုပ်ကို တားဆီးထားသော်လည်း မလိုက်နာခြင်းကြောင့်ဟု ထုတ်ပြန်





ဆိုမာလီ ဘောလုံးပရိသတ်(၂) ဦးအား ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခုမှ သတ်ဖြတ်ကွပ်မျက်ခဲ့သည်ဟု ဗြိတိန်သတင်းစာ Telegraph ၏ တောင်အာဖရိက အခြေစိုက် သတင်းထောက်တစ်ဦးက ရေးသားဖော်ပြခဲ့သည်။
ယင်းပရိသတ်(၂)ဦးသည် မိုဂါ ဒစ်ရှူးမြို့အနီးရှိ ၄င်းတို့၏နေအိမ်တွင် နိုက်ဂျီးရီးယားနှင့် အာဂျင်တီးနားပွဲ ကြည့်ရှုနေချိန်တွင် ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းတစ်ခု(အယ်လ်ရှာဟတ်)၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ၄င်းတို့နှင့်အတူ အခြား (၁၀)ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ၄င်းတို့(၂)ဦးမှာမူ ခုခံကာကွယ်မှုများ ပြုလုပ်သဖြင့် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပရိသတ်(၂)ဦး၏ ကိုယ်ရေး အချက်အလက်များနှင့် ပတ်သက်၍ လုံးဝရရှိခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။




ဆိုမာလီနိုင်ငံ၏ မြို့များစွာကို အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိချေ။ အယ်လ်ရှာဟတ် အဖွဲ့အစည်းကသာ စိုးမိုးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုသူများကို မိမိတို့ အပြစ်ပေး အရေးယူမည်ဟုလည်း ကြိုတင် ကြေညာထားသည်။ နိုင်ငံသားအားလုံးကို မြင့်မြတ်သည့် ဘာသာရေးအလုပ်ကိုသာ ပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။ ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှိတ်မိုဟာမက်အဒီအာရို့စ် က 'ကျွန်တော်တို့က ဆိုမာလီမှာရှိတဲ့ လူငယ်အားလုံးကို ကမ္ဘာ့ဖလားပွဲတွေ မကြည့်ဖို့ သတိပေးထားပြီးသားပါ။ ဒါဟာ တကယ်တော့ ငွေနဲ့အချိန်ကို ဖြုန်းတီးတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တားမြစ်မှုကို မလိုက်နာလို့ ဒဏ်ခတ်ခဲ့တာပါ'ဟု ထုတ်ပြန်ခဲ့သည်။ ယင်းနေ့မတိုင်မီ တစ်ရက်ဖြစ်သည့် သောကြာနေ့က ဂျာမနီနှင့်သြစတြေးလျတို့ ကစားသည့်ပွဲတွင်လည်း ဆိုမာလီ ပရိသတ်(၃၀)ခန့်မှာ ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။ ဆိုမာလီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုရန် အသက်အန္တရာယ် လုံခြုံသည့်နေရာမှာ တစ်နေရာသာရှိပြီး အင်အားချိနဲ့သည့် အစိုးရမှ ထိန်းချုပ်ထားသည့် ဒါမူကီရုပ်ရှင်ရုံ ဖြစ်ကြောင်း သိရှိရသည်။

http://feeds.feedburner.com

ပြင်သစ်နှင့် အင်္ဂလန် ကစားသမားများ နည်းပြများနှင့် ပြဿနာတက်

ပြင်သစ် တိုက်စစ်မှူး နီကိုလပ်စ် အနယ်လ်ကာကို နည်းပြ ဒိုမိနက်ခ်ျက အသင်းမှ ထုတ်ပယ် လိုက်သည့် အတွက် တသင်းလုံး ပုံမှန် လေ့ကျင်ခန်း မပြုလုပ်ဘဲ ဆန္ဒပြခဲ့ ကြသည်။

မက္ကဆီကို အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အသုံးပြုသည့် နည်းပြ၏ ဗျူဟာများ မှားယွင်းကြောင်း အနယ်လ်ကာက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည့်အပြင် ရင့်သီး ကြမ်းတမ်းသည့် စကားလုံးများနှင့် ဆဲဆိုခဲ့သည့် အတွက် အသင်းမှ ထုတ်ပယ် ခံရခြင်းဖြစ် သည်ဟု အင်္ဂလန်နိုင်ငံ အခြေစိုက် Telegraph သတင်းစာတွင် ရေးသားထားသည်။

[အထုတ်ခံရသည့် တိုက်စစ်မှူး အနယ်လ်ကာနှင့် ပြင်သစ် အသင်းသားများ (ဓာတ်ပုံ - AFP )]

ထိုသို့ ထုတ်ပယ် မှုကြောင့် အသင်းသား များကြား မကျေနပ်မှုများ ဖြစ်ပွားခဲ့ရာမှ လေ့ကျင်ခန်း မဆင်းဘဲ တည်းခိုရာ ဟိုတယ်သို့ ပြန်သွားခဲ့ ကြသည်။

ထိုသို့ အသင်းသားများ ဆန္ဒပြမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ပြင်သစ် ဘောလုံး အဖွဲ့ချုပ် (FFF) မှ ဒါရိုက်တာ ဂျင်းလူးဝစ် ဗယ်လင်တိုင်းလည်း ရာထူးမှ နှုတ်ထွက်ခဲ့သည်။

“ဒီလုပ်ရပ်ဟာ ပြင်သစ် တပြည်လုံးနဲ့ အဖွဲ့ချုပ်ကို စော်ကားတဲ့ လုပ်ရပ်ပါ၊ လက်ခံနိုင်စရာ မရှိပါဘူး၊ စက်ဆုပ်ဖွယ် ကောင်းတဲ့ လုပ်ရပ်ပါ” ဟု ဒါရိုက်တာ လူးဝစ်က ပြောသည်။

ထိုအတောအတွင်း အသင်း၏ ကြံ့ခိုင်ရေး နည်းပြ Robert Duverne က လေ့ကျင့်ရေး ကိရိယာများကို ဒေါသတကြီး လွှင့်ပစ်ခဲ့ သဖြင့် ပြင်သစ် အသင်းခေါင်းဆောင် အီဗရာနှင့် အချေအတင် စကားများခဲ့ကြသည်ဟု အဆိုပါ သတင်းစာတွင် ရေးသား ထားသည်။ ၎င်းနောက်တွင် အီဗရာနှင့် နည်းပြအဖွဲ့တို့ ဆက်လက်ဆွေးနွေးကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မက္ကဆီကို အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အတွက် ပြင်သစ်အသင်း နောက်တဆင့် တက်ရန် အလားအလာမှာ များစွာမှေးမှိန်ခဲ့ရသည်။

ထို ရှုံးနိမ့်မှုကို ပြင်သစ်၏ ဂန္ထ၀င် ကစားသမားကြီး ဇီဒန်းအပါအ၀င် လက်ရွေးစင်များဖြစ်ကြသည့် အီဗရာ၊ ဂါးလက်စ်၊ ရစ်ဘာရီနှင့် အွန်နရီတို့ကပါ ဝေဖန်ခဲ့ကြသည်။

ယခုပြဿနာများကြောင့် တိုက်စစ်မှူး နီကိုလပ်စ်အနယ်ကာသည် ပြင်သစ်လက်ရွေးစင်ဘ၀မှ အပြီးတိုင် အနားယူလိုက် သကဲ့သို့ 
နည်းပြ ဒိုမစ်နစ်ခ်ျ၏ ရှေ့ရေးလည်း မသေမချာဖြစ်နေသည်။

ပြင်သစ်အသင်းသည် လာမည့် အင်္ဂါနေ့တွင် အိမ်ရှင်တောင်အာဖရိကအသင်းနှင့် ကစားရဦးမည် ဖြစ်သည်။

အလားတူ နာမည်ကြီး အင်္ဂလန်အသင်းတွင်လည်း နောက်ခံလူ ဂျွန်တယ်ရီက နည်းပြ ကာပယ်လို၏ ဗျူဟာများကို ဝေဖန် လျှက်ရှိသည်။

ယခု အချိန်တွင် အင်္ဂလန် အသင်း၏ အနေအထားကို အားလုံး သိပြီး ဖြစ်ကြောင်း၊ ပွင့်လင်း ရိုးသားမှု မရှိလျှင် မည်သည့် အရာမှ ဖြစ်လာမည် မဟုတ်ကြောင်း ဂျွန်တယ်ရီက မီဒီယာများသို့ ပြောဆိုကြောင်း အင်္ဂလန် အခြေစိုက် ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြ ထားသည်။



“အသင်း ကိုယ်စား ကျနော် ပြောချင်တာက ကစားသမား တွေရဲ့ ခံစားချက်ကိုပါ။ အသင်းဟာ ချောက်ထဲ ရောက်နေသလို နည်းပြ ကိုလည်း အားလုံး စိတ်ပျက် နေတယ်”ဟု ဂျွန်တယ်ရီက ဆိုသည်။

အင်္ဂလန်အသင်းသည် အရှေ့ဥရောပ အသင်းတသင်းဖြစ်သည့် ဆလိုဗေးနီးယား၊ အမေရိကန်၊ အာဖရိကတိုက်မှာ အယ်ဂျီးရီးယား အသင်းတို့နှင့် တအုပ်စုတည်း ကျရောက်နေပြီး ၂ ပွဲကန်ရာ သရေကျ၍ ၂ မှတ် ရရှိထားသည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဇယားထိပ်ဆုံးတွင် အုပ်စု ပထမနေရာ ရယူထားသည့် ဆလိုဗေးနီးယား အသင်းနှင့် ကစားရမည် ဖြစ်သည်။

ဧရာဝတီမြန်မာသတင်း

လေယာဉ်အစစ်ဘေးတွင် ပုံစံတူနှစ်ခု ထပ်မံတည်ဆောက်

News Pic
နေပြည်တော်၊ စကိုင်းဘလူးဟိုတယ်ဝင်းအတွင်းရှိ ကော်ဖီ ဖလိုက်စီမံကိန်းမှ လေယာဉ်အစစ်ကို ဧပြီလအတွင်းက တွေ့မြင်ရစဉ်။
ဓာတ်ပုံ- ခရစ္စဒေဗီး

နေပြည်တော်ရှိ စကိုင်းဘလူးဟိုတယ်နှင့် ကော်ဖီဖလိုက် တည်ဆောက် ရေး စီမံကိန်းတွင် လေယာဉ်အစစ်ဖြင့် ပြုလုပ်လျက်ရှိသည့် ကော်ဖီဆိုင် ၏ တစ်ဖက်တစ်ချက်စီ၌ လေယာဉ်ပုံစံတူ အာရ်စီ အဆောက်အအုံ နှစ်လုံးကို ထပ်မံတည်ဆောက်နေရာ၂၀၁၁ ခုနှစ် နှစ်လယ်တွင် ဖွင့်လှစ် နိုင်မည်ဖြစ်သည်။

"ကော်ဖီဖလိုက်ရဲ့ တစ်ဖက်တစ်ချက်မှာ လေယာဉ်ပုံစံတူ အဆောက် အအုံ နှစ်လုံးကို ထပ်ဆောက်နေပါတယ်။ ဟိုတယ်မှာ လာတည်းသူ တွေနဲ့ ပြင်ပက ဧည့်သည်တွေကို လေယာဉ်ကွင်း တစ်ခုကို ရောက်နေ တဲ့ခံစားမှုမျိုး ရအောင် ဖန်တီးမှာပါ။ လာမယ့် ၂၀၁၁ ခုနှစ်နှစ်လယ်မှာ ဖွင့်လှစ်သွားပါမယ်" ဟု တာဝန်ယူတည်ဆောက်နေသည့် မန်း ပြည် တံခွန် ကုမ္ပဏီလီမိတက်မှ စီမံကိန်းမန်နေဂျာဦးမိုးဇော်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကော်ဖီဖလိုက်သည် ဟိုတယ်ဧရိယာအတွင်း အနားယူအပန်းဖြေဇုန်တွင် ပါဝင်ပြီး ဟိုတယ်ရှေ့မျက်နှာစာထောင့် တစ်ဖက်တွင် နေရာယူထားသည်။

News Pic
ဓာတ်ပုံ- ခရစ္စဒေဗီး

"လေယာဉ်ပုံ အာရ်စီအဆောက် အအုံတစ်လုံးကို သီးသန့်အခန်းတွေ ဖွဲ့ပေးထားပြီး လူ ၅၀ ၀င်ဆံ့မှာပါ။ နောက်တစ်လုံးကို ခန်းဖွင့် ကျယ် ဟောလ်တိုက်ပ်ဖွင့်ပေးထားမှာဖြစ်ပြီး လူ ၈၀ ၀င်ဆံ့နိုင်ပါမယ်။ အလယ် က လေယာဉ်အစစ် ကော်ဖီဆိုင်ထဲမှာတော့ လူ လေးယောက်ဆံ့ စားပွဲ ၀ိုင်း ၁၀ ၀ိုင်း ခင်းကျင်းဖို့ လျာထားပါတယ်"ဟု ဦးမိုးဇော်အောင်က ဖြည့်စွက်ပြောသည်။

လေယာဉ်ပုံစံ အဆောက်အအုံနှစ်လုံးတွင် ဥရောပအစားအစာများ ထည့်သွင်း ၀န်ဆောင်မှုပေးရန် လျာထားကြောင်းနှင့် ၎င်း ကော်ဖီ လေယာဉ်များ၏ အနောက်ဘက်ကပ်လျက်တွင် ပေ ၄၀ x ပေ ၁၂၀ အကျယ်ရှိ စားသောက်ခန်း တစ်ခန်းကို ထပ်မံဆောက်လုပ်သွား မည်ဖြစ်ကာ တရုတ်နှင့် ထိုင်းအစား အစာများကို ရောင်းချရန် လျာထားကြောင်း သိရသည်။

ကော်ဖီဖလိုက်တွင် လေယာဉ်အစစ်၏ ကိုယ်ထည်ကို စစ်တွေမြို့မှ လေလံဆွဲဝယ်ယူကာ တစ်စစီဖြုတ် သယ်ယူခဲ့ပြီး ပြန်လည် တပ်ဆင်ရာ၌ အချိန်နှစ်လကြာခဲ့ကြောင်း သိရသည်။

မြန်မာတိုင်းမ်

Microsoft Windows 7 SP1 ကို ဇူလိုင်လတွင်ဖြန့်ချိမည်

Friday, 18 June 2010

Microsoft rS Windows 7 Service Pack 1 (SP1) ကို လူထုထံသို့ ဇူလိုင်လတွင်တင်ပို့မည်ဖြစ်ပြီး ရက်အတိအကျမသတ်မှတ်ရသေးကြောင်း ပြောကြားလိုက်သည်။

ကုမ္ပဏီအနေဖြင့် ထိုသတင်းကို TechED မှတဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။ Microsoft အနေဖြင့် Windows 7 SP1 တွင် feature သစ်များပါဝင်မည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ SP1 မှာ သုံးစွဲသူများ၏ ဝေဖန်ချက်များအပေါ်အခြေခံပြီး Windows 7 အတွက် update နှင့် အခြား hotfixe များသာ ထပ်မံထည့်သွင်းထားခြင်းဖြစ်ကြောင်း Gavriella Schuster ကပြောကြားခဲ့သည်။ SP1 မှာ RemoteFX ပါဝင်လာပြီး Remote Desktop Client ကို update ပြုလုပ်နိုင်မည်ဖြစ်ကာ Windows Server 2008 R2 အတွက် SP1 ကိုလည်း မကြာမီဖြန့်ချိမည်ဖြစ်သည်။ Windows Server 2008 R2 SP1 တွင် virtual machine အသုံးပြုထားသည့် memory ကိုသိရှိနိုင်မည့် Dynamic memory ပါဝင်လာမည်ဖြစ်သည်။ Microsoft အနေဖြင့် Windows 7 SP1 ကိုမူလက ၂၂ လသာ သတ်မှတ်ထားသော်လည်း တင်ပို့ရန်ရက်ကိုမူ ၂၀၁၀ အတွင်းသို့ ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ Gillen ကမူ Windows 7 SP1 ကို အရေးကြီးသည့်မှတ်ကျောက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် Windows client operating system သစ်၏ service pack ကိုလည်း ထိထိရောက်ရောက်အသုံးပြုနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ Windows 7 ကို ပိုမိုတွင်ကျယ်စွာအသုံးပြုလာခြင်းဖြင့် SP1 သည်လည်း ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်နေရာယူနိုင်မည်ဖြစ်ကြောင်းကိုလည်း Gillen ကပြောခဲ့သည်။ ဆက်လက်၍ Windows XP မှ 7 သို့ ၂၀၁၁ ဧပြီလအတွင်း (သို့) Windows 7 SP1 ဖြန့်ချိပြီးမကြာမီအတွင်း ပြောင်းလဲအသုံးပြုရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ Microsoft မှ Exchange server 2010 SP1 ကိုစတင်ဖြန့်ဖြူးနေပြီး mail server software ကိုလည်း နှစ်မကုန်မီဖြန့်ဖြူးမည်ဖြစ်ကြောင်း ပြောကြားလာသည်။ Exchange Server 2010 SP1 ကို Microsoft site တွင် download ပြုလုပ်နိုင်မည်ဖြစ်သည်။

အင်တာနက်ဂျာနယ်

Monday, June 21, 2010

မလေးအမျိုးသမီးတစ်ဦး အရှင်လတ်လတ် မီးလောင်သေဆုံး

ကွာလာလမ်ပူ- မတော်တဆဖြစ်မှုကြောင့် ကားထဲတွင် အရှင်လတ်လတ်မီးစွဲလောင် ခံနေရသော အမျိုးသမီးအား ဓာတ်ဆီဆိုင် လုပ်သားတစ်ဦးက မီးသတ်ဘူးဖြင့်ပက်ဖျန်း ၍ ကယ်တင်ရန်ငြင်းဆန်ခဲ့မှုကြောင့် မလေး ရှားနိုင်ငံတွင် မကျေမနပ်သံများ ဆူညံပွက် လောရိုက်ခဲ့ကြောင်း သိရသည်။ အခင်းဖြစ် သည့်နေရာမှာ ကွာလာလမ်ပူရှိ ချီရတ်စ် ဆင်ခြေဖုံးရပ်ကွက်တွင်ဖြစ်ပြီး မီးလောင်ခံ ရသော အမျိုးသမီး၏ကားမှာ ကုန်တင်ကား နှင့် အခြားကားတစ်စီးတို့ဖြင့် မတော်တဆ တိုက်ခိုက်မိရာမှ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်၍သေဆုံးသည့် အမျိုး သမီးမှာ မစ္စဖလော်ရီနာဖြစ်ပြီး အသက်၂၇ နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦးဖြစ်သည်။ မီးစွဲလောင်မှုကြောင့် မစ္စဖလော်ရီနာ၏ အော်ဟစ်အကူအညီတောင်းသံကြောင့် မစ္စ တာတီအိုအမည်ရှိ ဘေးမှရပ်ကြည့်နေသူ တစ်ဦးက မီတာ ၅၀၀အကွာရှိ ဓာတ်ဆီဆိုင် သို့ အပြေးအလွှားသွားကာ ဓာတ်ဆီဆိုင်ရှိ မီးသတ်ဆေးဘူးများအသုံးပြု၍ မီးငြှိမ်းသတ် ရန် တောင်းဆိုခဲ့သော်လည်း ဓာတ်ဆီဆိုင် မှ ၀န်ထမ်းနှစ်ဦးက အကူအညီပေးရန် ငြင်း ဆိုခဲ့သည်ဟုဆိုသည်။ သူက ကားတစ်စီးထဲ တွင် အမျိုးသမီးတစ်ဦးပိတ်မိ၍ မီးလောင် ခံနေရကြောင်း၊ မီးသတ်ဆေးဘူး ခေတ္တပေး ရန် အော်ဟစ်ပြောဆိုသော်လည်း ဓာတ်ဆီ ဆိုင်လုပ်သားက သူ့အနေဖြင့် မီးသတ်ဆေး ဗူးထည့်ထားသည့် မှန်ဗီရိုကိုဖွင့်ပိုင်ခွင့်မရှိ ကြောင်းသာ အတွင်တွင်ပြောဆိုနေခဲ့ပြီး မီး သတ်ဌာနကို အကူအညီတောင်းရန်ပြော ကြားခဲ့သည်ဟုဆိုသည်။
အကူအညီသွားတောင်းသူ မစ္စ တာတီအိုက ထိုဓာတ်ဆီဆိုင်လုပ်သားတို့ကို ဒေါသတကြီးအော်ဟစ်သည့်အခါတွင် ထိုလူ တို့က ရဲကိုတိုင်တန်းမည်ဟု ခြိမ်းခြောက်ခဲ့ကြ သည်ဟုဆိုသည်။ မစ္စတာတီအိုတို့ အချင်း များနေစဉ်မှာပင် မစ္စဖလော်ရီနာ၏ကားမှာ မီးဟုန်းဟုန်း တောက်လောင်လျက်ရှိနေပြီ ဖြစ်သည်ဟုဆိုသည်။
နောက်ပိုင်းတွင် ဓာတ်ဆီဆိုင်မှ တာဝန်ရှိသူက မိမိတို့အနေဖြင့် ယင်းအဖြစ် အပျက်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သော်လည်း ထိုသို့ တာဝန်မဲ့မှု အတွက် မလေးရှားနိုင်ငံမှ Facebook အသုံး ပြုသူတို့က အုတ်အော်သောင်းတင်းပြစ်တင် ရှုတ်ချလျက်ရှိကြောင်း သိရသည်။

ဖလားဝါး နယူးစ် ဂျာနယ်

ငွေထုတ်ရလွယ်ပြီး အကန့်အသတ်မရှိထုတ်ယူနိုင်သည့် Online Smart Card လာပြီ

ရန်ကုန်၊ သက်တမ်းသုံးနှစ်အသုံးပြုနိုင်သည့် မြန်မာ့စီးပွားရေးဘဏ်၏ Online Smart Card ဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအား မြန်မာနိုင်ငံရှိ ဘဏ်ကြီးခုနစ်ဘဏ်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။
ယင်း Online Smart Card ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား နေပြည်တော်ဘဏ်ခွဲ၊ ရန်ကုန်မြို့ဘဏ် ခွဲ(၁)၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅)၊ ငွေစုဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁)နှင့် ဘဏ်ခွဲ(၂)တို့တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ထုတ်ပြန်ချက်များအရ သိရသည်။
Online Smart Card အသုံးပြုရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ စာရင်းရှင်စာရင်း(သို့) ငွေစုဘဏ်စာရင်းတစ်ခုခု ဖွင့်လှစ်ထားသူဖြစ်ရမည်ဖြစ်ပြီး Online Account စာရင်း စတင်ဖွင့်လှစ်ရခြင်းအတွက် အနည်းဆုံး ငွေသားဆယ်သိန်းဖြင့် ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။ Online Account ဖွင့်လှစ်ပြီးပါက Online Smart Card တစ်ခုနှင့် Online ငွေ မှတ်စာအုပ် Online Pass book စာအုပ်တို့ကို ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ငွေထုတ်ငွေသွင်းပြုရာတွင်လည်း Online Account တွင် ကျပ်သောင်းဂဏန်းအလီလီဖြင့် အကန့်အသတ်မရှိ ငွေ သွင်းငွေထုတ်ပြုလုပ်နိုင်ကြောင်း သိရသည်။ အဆိုပါ Online Accountအသုံးပြုပြီး ငွေထုတ်၊ ငွေပေးခြင်းများအတွက် ငွေလွှဲခတွင် တစ်ရာကျပ်လျှင် ဆယ်ပြားနှုန်း သုညဒသမတစ် ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။