ခန့်မှန်းမှုအလွဲများဖြင့် နာမည်ကြီးသည့် ဘရာဇီးလ်ဂန္ထ၀င်ကစားသမားဟောင်း ပီလီက
ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းဗိုလ်စွဲမည်ဟု ခန့်မှန်းလိုက်ပြန်ကြောင်း သိရှိရသည်။ ဘရာဇီးလ်အသင်းသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားသော အသင်းများထဲ၌ တစ်သင်းအပါအ၀င်ဖြစ်ပြီး ပီလီကယင်းကဲ့သို့ ခန့်မှန်းလိုက်ခြင်းလည်း
ဖြစ်သည်။ပီလီ၏ ခန့်မှန်းမှုများအပေါ် ဘရာဇီးလ်နာမည်ကျော်ကစားသမားဟောင်း ရိုမာရီယိုက
ပီလီနှင့်ပတ်သက်၍“ကျွန်တော်အကြံပြုချင်တာကတော့ပီလီသူ့ရဲ့ပါးစပ်ကိုပိတ်ထားဖို့ပါပဲ” ဟုပြောကြားခဲ့သည်။
ထို့ပြင်စကိုလာရီကလည်း “ကျွန်တော်ယုံကြည်တာကတော့ ပီလီဟာဘောလုံးအကြောင်းကို
လုံးဝမသိဘူးဆိုတာပါပဲ။ သူ့ရဲ့ခန့်မှန်းသုံးသပ်မှုတွေကလည်း အမြဲမှားယွင်းပါတယ်။
ဗိုလ်စွဲမယ့်အသင်းကို ခင်ဗျားတို့သိချင်တယ်ဆိုရင် ပီလီပြောတာကိုနားထောင်ပြီး
ဆန့်ကျင်ဘက်လုပ်လိုက်ဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။ ပီလီ၏ ထင်ရှားသည့်အမှားများ - ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တရုတ်အသင်းနောက်တစ်ဆင့်တက်မည်ဟု
- ခန့်မှန်းခဲ့သော်လည်းရဂိုး၊ရမှတ်ပင်မရှိဘဲ ထွက်ခွာခဲ့ရ။
- ၁၉၉၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်စပိန်ဗိုလ်စွဲမည်ဟုခန့်မှန်းခဲ့သော်လည်း နိုက်ဂျီးရီးယားကိုရှုံး၊ပါရာဂွေးကိုသရေကျကာ အုပ်စုမှထွက်ခဲ့ရ။
- ၁၉၉၄ကမ္ဘာ့ဖလားတွင်ကိုလံဘီယာဗိုလ်စွဲမည်ဟုခန့်မှန်းခဲ့သော်လည်း အုပ်စုဘိတ်ဆုံးနေရာသာရရှိခဲ့။
- ၂၀၀၂ကမ္ဘာ့ဖလားတွင်အာဂျင်တီးနားနှင့်ပြင်သစ်ဗိုလ်လုပွဲတွင်တွေ့မည်ဟုခန့်မှန်းခဲ့သော်လည်း (၂)သင်းစလုံးအုပ်စုမှထွက်ခဲ့ရ။
- ၂၀၀၀ခုနှစ်မတိုင်မီအာဖရိကတစ်သင်းသင်းဗိုလ်စွဲမည်ဟုခန့်မှန်းခဲ့သော်လည်း၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရောက်သည်အထိ ကွာတားဖိုင်နယ်ကို မကျော်လွန်းဖူးသေး။
- ၂၀၀၂ကမ္ဘာ့ဖလားတွင်ဘရာဇီးလ်အသင်းအုပ်စုမှတက်မည်မဟုတ်ဟုခန့်မှန်းခဲ့သော်လည်း ဘရာဇီးလ်အသင်းဗိုလ်စွဲခဲ့။
|
0 comments:
Post a Comment