Wednesday, June 9, 2010

Apple iPhone 4 တရားဝင်မိတ်ဆက်ပြသ


Apple iPhone 4 တရားဝင်မိတ်ဆက်ပြသ





Appleကုမ္ပဏီ၏ CEOဖြစ်သူ စတိဗ်ဂျော့ဘ်က iPhone၏ စတုတ္ထမျိုးဆက်ဖြစ်သည့် iPhone 4အား တရားဝင် မိတ်ဆက်ပြသလိုက်ပြီဖြစ်သည်။ သံမဏိနှင့် ဖန်သားတို့ကို ပေါင်းစပ်ထားသည့် ကိုယ်ထည်သည် ယခင်iPhoneများထက် သေးသွယ်ပြီး ပိုလည်းပါးလွှာသည်။ ဂျော့ဘ်သည် iPhoneသစ်ကို ဇွန်လ(၇)ရက်နေ့ Apple World Wide Developer Conferenceတွင် ပြသခဲ့ခြင်းဖြစ်သည်။

iPhone 4

iPhone 4သည် ထောင့်စွန်းများ ပိုမိုချောမွေ့အောင် ဒီဇိုင်းထုတ်ထားပြီး ဗဟိုထိန်းချုပ် ခလုတ်မှာလည်း iPhone 3GSထက် ပိုမာကျောသည်။ ဖုန်းတွင် 5 Megapixel ကင်မရာ ပါဝင်လာပြီး LED Flashပါ ထည့်သွင်းပေးထားသည်။ ထို့အပြင် Zoomကိုလည်း (၅)ဆထိ ချဲ့နိုင်မည်ဖြစ်သည်။ iPhone 4သည် HTC၏ 4Gနည်းပညာသုံး Evoဖုန်းသစ်နှင့် အဓိက ယှဉ်ပြိုင်ဖွယ် ရှိနေသော်လည်း 4Gကွန်ရက် ချိတ်ဆက်မှုကို ထည့်သွင်းပေးမထားချေ။ ဖုန်း၏ ကိုယ်ထည်သည် iPhone 3GSထက် (၂၅)ရာခိုင်နှုန်း ပိုပါးပြီး A4 Chipကို တပ်ဆင်ပေးထားသည်။ ဘက်ထရီ နည်းပညာမှာ အလွန်ကောင်းမွန်ပြီး 3Gကွန်ရက်တွင် (၇)နာရီ စကားပြောနိုင်မည်ဖြစ်သည်။



iPhone 4

ဗီဒီယိုကြည့်ပါက (၁၀)နာရီဆက်တိုက် တာရှည်ခံပြီး တစ်ကြိမ်အားဖြည့်ထားပါက Standbyအဖြစ် နာရီ(၃၀၀)ထားရှိနိုင်သည်။ အင်တာနက် အသုံးပြုရာတွင် Search Engineအဖြစ် Googleတစ်ခုထဲ မကဘဲ Yahooနှင့် Bingတို့ကိုပါ ထည့်သွင်းပေးထားသည်။ ဂျော့ဘ်သည် Touchscreenနည်းပညာသုံး iPhone 4အား မိတ်ဆက်ပြသရာတွင် တက်ရောက်လာသူ Bloggerများ၊ Developerများ အားလုံးက Wi-Fiဖြင့် အင်တာနက် သုံးစွဲနေသဖြင့် iPhone 4မှာ လိုင်းမမိဘဲ အခက်တွေ့ခဲ့သေးသည်။ Appleသည် လက်ရှိiPhone 3GSသုံးစွဲနေသူများအား ၀န်ဆောင်ခ ရယူကာ iPhone 4Gနှင့် လဲလှယ်ပေးမည်ဖြစ်သည်။

iPhone 4

လေ့လာသူများက iPhone 4သည် မိုဘိုင်းလ်ဖုန်းဖြင့် ဂိမ်းဆော့ကစားရာတွင် အကောင်းဆုံးအဖြစ် ရပ်တည်နေသည့် Apple၏ တီထွင်မှုကို ဆက်လက်အရှိန်ကောင်းစေမည်ဟု သုံးသပ်ခဲ့သည်။ ထို့အပြင် Facebookမှတဆင့် ကမ္ဘာတ၀ှမ်းမှ လူ(၃၅)သန်းကျော် ကစားနေသည့် Farmvilleကိုလည်း iPhoneမှတဆင့် စတင်ကစားနိုင်တော့မည်ဖြစ်သည်။ Appleသည် iPhoneအတွက် Adobe Flashအား Plug Inအဖြစ် မလိုအပ်အောင်လည်း သီးသန့်Versionများ ဖန်တီးပေးထားသည်။ iPhone 4ဈေးနှုန်း အတိအကျကို မကြေညာသေးသော်လည်း ဇွန်လ(၂၄)ရက်နေ့တွင် အမေရိကန်၌ စတင်ရောင်းချဖွယ် ရှိနေကြောင်း သတင်းရရှိသည်။

Source: PCMag

0 comments: