Wednesday, June 9, 2010

ပရိသတ်ရှေ့ ပြန်လည်ထွက်ပေါ်လာသည့် ဆန်ဒြာဘူးလော့ခ်


ပရိသတ်ရှေ့ ပြန်လည်ထွက်ပေါ်လာသည့် ဆန်ဒြာဘူးလော့ခ်





ခင်ပွန်းသည်၏ အိမ်ထောင်ရေး ဖောက်ပြန်မှုများကြောင့် အော်စကာဆု လက်ခံရယူပြီးနောက်ပိုင်း လူမြင်ကွင်းမထွက်ဘဲ နေခဲ့သည့် ဟောလီးဝုဒ် မင်းသမီး ဆန်ဒြာဘူးလော့ခ်သည် Spike TVမှ ရွေးချယ်ချီးမြှင့်သည့် Guys Choice Awardsဆုပေးပွဲသို့ တက်ရောက်ကာ လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

Sandra Bullock

(Guys Choice Awards ဆုရှင် ဆန်ဒြာဘူးလော့ခ်)

အသက်(၄၅)နှစ်ရှိ မင်းသမီးသည် ဖေဖော်ဝါရီလကတည်းက အိမ်တွင်းအောင်းနေခဲ့ပြီးမှ ဇွန်လ(၆)ရက်နေ့က Sony Pictures Studioတွင် ကျင်းပသော ဆုပေးပွဲသို့ တက်ရောက်ကာ ပရိသတ်ရှေ့ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအထူးဆုအတွက် မဲပေးမှုကို အမေရိကန်စစ်တပ်မှ တပ်သားများက ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ဆုပေးပွဲတွင် ဘူးလော့ခ်နှင့်အတူ မင်းသမီး ဂျက်ဆီကာဘေးလ်၊ စကားလက်ဂျိုဟန်ဆန်နှင့် ဘရွတ်ကလင်းဒက်ကာတို့လည်း ဆုများရရှိခဲ့သည်။ ဘူးလော့ခ်၏ ပွဲတက်အစီအစဉ်ကြောင့် ပရိသတ်များသာမက ဆုပေးသည့် အဖွဲ့များပါ အံ့ဩခဲ့ရသည်။



(Guys Choice Awards ဆုရသည့် ဆီလ်ဗက်စတာစတောလုံးကို ပြည်နယ်အုပ်ချုပ်ရေးမှူး အားနိုးရှာဝါဇန်ဂျာက ဆုချီးမြှင့်စဉ်)

Peopleမဂ္ဂဇင်းတွင် ဖော်ပြထားမှုအရ ဘူးလော့ခ်သည် ယခုပွဲသို့ တက်ရောက်မည်ဟု ကြိုတင်အာမခံထားမှု မရှိကြောင်း သိရသည်။ စင်မြင့်ပေါ်တွင် ဘူးလော့ခ်အမှတ်တရ ဆုလက်ခံစဉ် အတူရှိနေသည့် အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီး နစ်ကိုလက်စ်မက်ကလိန်းက “အရင်တုန်းက သူမလာဘူးလို့ပဲ ကျွန်တော်တို့ သိထားတာပါ။ သူ့အတွက်ပေးမယ့်ဆုကို တစ်ယောက်ယောက်က ကိုယ်စားလက်ခံပေးမယ်လို့ ကြိုပြီးစီစဉ်ထားတာ”ဟု Peopleသို့ ပြောကြားခဲ့သည်။



(Guys Choice Awards ဆုရှင် ချားလ်စ်သီရွန်)

သူမအား အမေရိကန် တပ်သားများက ရွေးချယ်ချီးမြှင့်ပေးသည့် ဂုဏ်ပြုဆုကို ဘူးလော့ခ်လက်သို့ Iron Manမင်းသား ရောဘတ်ဒေါင်နီဂျူနီယာက ပေးအပ်လိုက်သည့်အခါ ပရိသတ်များက သောင်းသောင်းဖြဖြ ဩဘာပေးခဲ့ကြသည်။ ယခုပွဲသို့ မင်းသမီး ချားလ်စ်သီရွန်၊ မင်းသားဆီလ်ဗက်စတာ စတောလုံးစသည့် ဟောလီးဝုဒ် နာမည်ကြီးများလည်း တက်ရောက်ကာ ဆုလက်ခံယူခဲ့ကြသည်။ ဆုများကို ရုပ်ရှင်မင်းသားမှ နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းသွားသည့် ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး အာနိုးရှာဝါဇန်ဂျာ၊ မင်းသားဆမ်မြူရယ်လ် အယ်လ်ဂျက်ဆင်စသည့် နာမည်ကြီးများက စစ်တပ်ကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

Source Plannet

0 comments: