Monday, June 14, 2010

မလေးရှားတွင် မြန်မာမိသားစုများကို တောင်းရမ်းသူများ အဖြစ်စေခိုင်းသည့် လူကုန်ကူးမှုအား ဖော်ထုတ်ခဲ့

မလေးရှားနိုင်ငံတွင် မြန်မာမိသားစုနှစ်စုအား တောင်းရမ်းသူများအဖြစ် အဓမ္မစေခိုင်းသည့် လူကုန်ကူးမှု များကို ဖော်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့မှ တရားဝင်သတင်း ထုတ်ပြန်ချက်အရ သိရ ပါသည်။


ဖြစ်စဉ်နှစ်ခုအနက် တစ်ခုမှာ ဖျာပုံမြို့နယ်မှ မိသားစုတစ်စုသည် ၂၀၀၆ ခုနှစ်တွင် ကော့သောင်းမြို့တွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုသို့ လုပ်ကိုင်နေစဉ် ၂၀၀၉ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သဖြင့် ၂၉ နှစ်အရွယ် မိခင်ဖြစ်သူနှင့် သမီးငယ်သုံးဦး ကျန်ခဲ့သည်။ ခင်ပွန်း ဖြစ်သူကွယ်လွန်သဖြင့် ဘ၀ရပ်တည်ရန် ခက်ခဲနေစဉ် မ.......ဆိုသူနှင့် ဆုံတွေ့ခဲ့သည်။ မ........မှ ၄င်းတို့မိသားစုအား ရနောင်းမြို့ရှိ ထမင်းဆိုင်တွင်အလုပ်ရမည်။ ကလေးများကိုလည်း ဂျာနယ်ရောင်းသည့် အလုပ်ရှာပေးမည်ဟု လိမ်လည် စည်းရုံးခေါ်ဆောင်ခဲ့သဖြင့် ရနောင်းသို့ လိုက်ပါခဲ့သည်။


ရနောင်းရှိ မ.....ဆိုသူမှတစ်ဆင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှ ကီလိုမီတာ ၈၀၀ အကွာရှိ ကိုတာဘာရူးမြို့ ကဒါမိုးလုံအရပ်တွင်နေ ထိုင်သော မ............. ထံ ပို့ဆောင်ခံရကြောင်း သိရသည်။ ထို့နောက် ခြိမ်းခြောက် တောင်းရမ်းစေခဲ့ကြောင်း၊ နေ့စဉ် ရင်းဂစ် ၁၁၀ တောင်းရမ်း အပ်နှံရကြောင်း၊ ငွေမပြည့်လျှင် ရိုက်နှက်ခံရကြောင်း၊ ပိတ်လှောင်ထားခြင်း၊ အစာရေစာဖြတ်တောက် ခြင်းများလည်း ခံရကြောင်းသိရသည်။


ဒုတိယဖြစ်စဉ်မှာ အသက် ၂၇ နှစ်အရွယ် မိခင်နှင့် သားငယ်နှစ်ဦး၊ သမီးငယ်တစ်ဦး၊ ၂၅ နှစ်အရွယ် ညီမ တစ်ဦးတို့ ဖြစ်သည်။ ၄င်းတို့သည် တွံတေးမြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး၊ ၂၀၀၆ခုနှစ်က ဒေါ်............ နှင့် မ...................တို့၏ လိမ်လည်စည်းရုံးမှုကြောင့် ရန်ကုန် -ကော့သောင်း-ရနောင်းမှ တစ်ဆင့် မလေးရှားသို့ ပို့ဆောင်ခြင်းခံရ ကြောင်း၊ နေ့စဉ် ရင်းဂစ် ၂၀၀ ရရှိ အောင် တောင်းရမ်းပေးရပြီး ပထမ မိသားစုကဲ့သို့ပင် ငွေမပြည့်ပါက နှိပ် စက်ညှဉ်းပန်းခံရကြောင်းသိရသည်။


ခြိမ်းခြောက် တောင်းရမ်းစေခဲ့ကြောင်း၊ နေ့စဉ် ရင်းဂစ် ၁၁၀ တောင်းရမ်း အပ်နှံရကြောင်း၊ ငွေမပြည့်လျှင် ရိုက်နှက်ခံရကြောင်း၊ ပိတ်လှောင်ထားခြင်း၊ အစာရေစာဖြတ်တောက် ခြင်းများ


အဆိုပါ မိသားစုနှစ်စုသည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ၄င်းတို့အား ထိန်းချုပ်ထားသူ များအလစ်တွင် ထွက်ပြေးလွတ် မြောက်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင် ဘာလ ၂၃ ရက်တွင် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ ဆက်သွယ်ရောက်ရှိ ခဲ့ပြီး ၂၀၁၀ မေလ ၇ ရက်တွင် မြန် မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။


အဆိုပါ ကလေးငယ်များသည် လူကုန်ကူးသူ သတ်မှတ်သည့် ငွေ ကြေးရရှိစေရန် နေ့စဉ် လမ်းဆုံလမ်းခွတွင် တောင်းရမ်းခြင်း၊ ပန်းရောင်းခြင်းအပါအ၀င် လုပ်ငန်းမျိုးစုံလုပ်ကိုင်ရပြီး သတ်မှတ်ငွေ ပြည့်အောင် မရှာနိုင်သူများကို ညှဉ်းပန်းနှိပ် စက်မှုပြုကြောင်း တွေ့ရှိရသည် ဟုဆိုသည်။ မိဘအုပ်ထိန်းသူများ အနေဖြင့် ကလေးသူငယ်များကို ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ပြည်ပသို့ အခြားသူများနှင့် မထည့်သင့်ကြောင်း သိရသည်။


0 comments: