Tuesday, June 1, 2010

၂၀၁၀ အတွက် ထုတ်ပြန်သော သဘာဝဘေးအန္တရာယ်အရှိဆုံး နိုင်ငံများစာရင်းတွင် ဘင်္ဂလားဒေ့ရှ်က ထိပ်ဆုံးတွင်ရှိနေပြီး မြန်မာနိုင်ငံက အဆင့် ၁၄ တွင်ရှိနေ

Extreme Country

World Exteme Country Ranking ၂၀၁၀ ပြည့်နှစ်အတွက် ထုတ်ပြန်သော သဘာဝဘေး အန္တရာယ်အရှိဆုံး နိုင်ငံများစာရင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်ခဲ့ပြီး အင်ဒိုနီးရှား နှင့်အီရန်တို့က ဒုတိယနှင့်တတိယနေရာများတွင် ရှိခဲ့ကြောင်း သိရသည်။ အန္တရာယ်အရှိဆုံး (extreme) နိုင်ငံ ၁၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၁၄ တွင် ရပ်တည်ခဲ့သည်။ သဘာဝဘေးအန္တရာယ် အညွှန်းကိန်းကို ဗြိတိသျှမှ Maplecroft ဘေးအန္တရာယ်လေ့လာရေးက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်းဖြစ်ပွားခဲ့သည့် သဘာဝဘေးများကို အခြေပြုတွက်ချက် ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အကြိမ်အရေအတွက်၊ သေဆုံးသူဦးရေ၊ လူဦးရေနှင့်သေဆုံးသူဦးရေ အချိုးချမှုစသော အခြေခံအချက်များကို အခြေပြုတွက်ချက်ခဲ့ခြင်းဖြစ်သည်။

ဂျီ-၈ ၀င် ဖွံ့ဖြိုးပြီးနိုင်ငံများမှာမူ ဘေးအန္တရာယ်များရင်ဆိုင်ရမှုတွင် ထိပ်တန်း ၁၅ နိုင်ငံနှင့်မခြားသည့် နိုင်ငံများရှိခဲ့သော်လည်း ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးစနစ်များ ကောင်းခြင်းကြောင့် extreme အဆင့်တွင် မပါဝင်ခဲ့ကြခြင်းဖြစ်သည်။ သဘာဝဘေးအန္တရာယ် အနည်းဆုံးနိုင်ငံများမှာ အန်ဒိုရာ၊ ဘာရိန်း၊ ဂျီဘရော်တာ၊ လက်ချင်စတိန်း၊ မော်လ်တာ၊ မိုနာကို၊ ကာတာ၊ ဆန်မာရီနို၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့ဖြစ်သည်။

Eleven Journal မှကူးယူဖေါ်ပြသည်။

0 comments: