Friday, June 11, 2010

ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု ပရီးမီးယားလိဂ်နည်းပြများ မယုံကြည်

Eng

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ကာပယ်လိုက ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိမိတို့အသင်းဗိုလ်စွဲရန် ယုံကြည်မှုရှိနေသည်ဟု ဆိုခဲ့သော်လည်း ပရီးမီးယားလိဂ်မှ နည်းပြများကမူ အင်္ဂလန်အသင်း ဗိုလ်စွဲလိမ့်မည်ဟု မယုံကြည်ကြကြောင်း သိရှိရသည်။အင်္ဂလန်အသင်း၏ ပရိသတ်များကလည်း (၄၄)နှစ်ကြာ ဝေးကွာနေသည့် ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူနိုင်မည်ဟု ယုံကြည်နေကြပြီး အင်္ဂလန်မီဒီယာများကလည်း ကာပယ်လို၏ လက်ထက်တွင် အင်္ဂလန်အသင်း အခြေအနေကောင်းလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။ သို့သော် ပရီးမီးယားလိဂ်မှနည်းပြများကို သီးသန့်ပြုလုပ်ခဲ့သည့် စစ်တမ်းတွင်မူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းဗိုလ်စွဲမည်ဟု ခန့်မှန်းသူတစ်ဦးမှ မရှိခဲ့ကြောင်း သိရှိရသည်။

ယင်းစစ်တမ်းတွင် ပရီးမီးယားလိဂ်မှ နည်းပြ(၁၇)ဦး ခန့်မှန်းဖြေဆိုခဲ့ကြပြီး (၃)ဦးမှာ ပါဝင်ခြင်းမရှိခဲ့ချေ။ ယင်း(၁၇)ဦးအနက် ထက်ဝက်ကျော်က ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းဗိုလ်စွဲလိမ့်မည်ဟု ခန့်မှန်းခဲ့ကြပြီး၊ (၂၄)ရာခိုင်နှုန်းက စပိန်ကို ခန့်မှန်းခဲ့ကြကာ၊ (၁၂)ရာခိုင်နှုန်းကမူ အာဂျင်တီးနာအသင်းကို ခန့်မှန်းခဲ့ကြသည်။


အင်္ဂလန်အသင်း၏ မျှော်လင့်ချက်အဖြစ် သတ်မှတ်ရမည့် ကစားသမားအတွက်မူ (၁၇)ဦးစလုံးက မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နီကို မဲပေးခဲ့ကြပြီး၊ ပရီးမီးယားလိဂ်ကစားသမားများထဲမှ ဂိုးသွင်းဘုရင်ဆု ရနိုင်သူအဖြစ်ကိုမူ တောရက်စ်ကို( ၄၇) ရာခိုင်နှုန်း၊ ရွန်နီကို (၄၁) ရာခိုင်နှုန်းနှင့် တီဗက်ဇ်ကို (၁၂) ရာခိုင်နှုန်း မဲပေးခဲ့ကြသည်။ ပြိုင်ပွဲဝင်အားလုံးထဲတွင် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်မည့်သူအဖြစ်ကိုမူ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို (၈၂) ရာခိုင်နှုန်းအထိ မဲပေးခဲ့ကြပြီး ရွန်နီနှင့် စီရော်နယ်လ်ဒိုတို့က ဒုတိယနှင့်တတိယနေရာတို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ကြသည်။



0 comments: