Thursday, June 24, 2010

မင်းသားကြီးဟယ်ရီဆန်ဖို့ဒ် ချစ်သူနှင့်လက်ထပ်

ဟောလီးဝုဒ် မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်သည် ၎င်းနှင့် ကာလကြာရှည်စွာ တွဲလာသည့် ချစ်သူနှင့် လက်ထပ်လိုက်ပြီဖြစ်သည်။ အသက်(၆၇)နှစ်ရှိ ဖို့ဒ်သည် ကာလီစတာ ဖလော့ဟတ်နှင့် ချစ်သက်တမ်း (၈)နှစ်ရှိခဲ့ပြီဖြစ်ပြီး နယူးမက္ကစီကိုရှိ ဒေသဆိုင်ရာ ရုံးတစ်ခုတွင် ဇွန်လ(၁၅)ရက်နေ့က လက်ထပ်လိုက်ကြောင်း ၎င်း၏ ကိုယ်ရေးအရာရှိက အတည်ပြု ပြောကြားလိုက်သည်။ ဖို့ဒ်သည် နယူးမက္ကစီကိုသို့ Cowboys and Aliensဇာတ်ကား ရိုက်ကူးရန် ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းတို့စုံတွဲသည် ပြီးခဲ့သည့်နှစ် ချစ်သူများနေ့ကတည်းက တရားဝင် စေ့စပ်ထားပြီးဖြစ်သည်။

Harrison-Ford-and-Calista-Flockhart

ယခုလက်ထပ်မှုမှာ ဖို့ဒ်အတွက် တတိယအကြိမ်မြောက် အိမ်ထောင်ပြုခြင်းဖြစ်ပြီး ဖလော့ဟတ်အတွက် ပထမဆုံးဟုလည်း သိရသည်။ ဖို့ဒ်သည် ပထမအိမ်ထောင် နှစ်ဆက်နှင့် ကလေး(၄)ဦးရရှိထားပြီး မာရီမာကွစ်နှင့်(၂)ဦး၊ ဟောလီးဝုဒ် ဇာတ်ညွှန်းဆရာမ မီလီဆာမာသီဆန်နှင့် (၂)ဦးစီ ရရှိထားသည်။ ဖို့ဒ်သည် Indian Jonesဇာတ်ကား Raiders of the Lost Arkနှင့်အတူ ဟောလီးဝုဒ်တွင် အကြီးအကျယ် အောင်မြင်မှုများ ရရှိလာခဲ့သည်။ ဖို့ဒ်တွင် မြေး(၃)ဦးလည်းရှိပြီး ၎င်းသည် ဒုတိယအိမ်ထောင်ဖြစ်သည့် မာသီဆန်နှင့် ကွာရှင်းစဉ်က လျော်ကြေး ပေါင်စတာလင် သန်း(၅၀)ထိ ပေးလိုက်ရကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဖို့ဒ်သည် နောက်ဆုံး Indiana Jonesဇာတ်ကား The Kingdom of the Crystal Skullတွင် မင်းသားငယ် ရှားလီဘော့ဖ်နှင့် တွဲဖက်သရုပ်ဆောင်ထားသည်။ ဖို့ဒ်၏ဇနီးသည် အသက်(၄၅)နှစ်အရွယ် ဖလော့ဟတ်သည် (၁၉၉၀)ပြည့်လွန်နှစ်များက အမေရိကန် ရုပ်သံစီးရီး Ally McBealနှင့် နာမည်ရလာသူဖြစ်သည်။ ဖို့ဒ်တို့စုံတွဲသည် လော့စ်အန်ဂျိလိစ်နှင့် ၀ိုင်အိုမင်းရှိ ဧက(၈၀၀)ကျယ်သောခြံကြီးအတွင်းမှ အပမ်းဖြေ စံအိမ်ကြီးတို့တွင် တစ်လှည့်စီ နေထိုင်ကြောင်းလည်း သိရှိရသည်။

0 comments: