Tuesday, June 1, 2010

ရေနံယိုဖိတ်မှုများ ဖြစ်ပွားပြီးနောက် စင်ကာပူနိုင်ငံ၏ ထင်ရှားသော ကမ်းခြေများကိုပိတ်ခဲ့

Beach Closed Signboard

စင်ကာပူရေလက်ကြားတွင် ရေနံတင်သင်္ဘောအချင်းချင်း တိုက်မိခဲ့သဖြင့် ရေနံယိုဖိတ်မှု များဖြစ်ပွားခဲ့ပြီးနောက်တွင် နိုင်ငံအတွင်းရှိ ထင်ရှားသော ကမ်းခြေများကို ပိတ်ခဲ့ကြောင်း သိရှိရသည်။

ရေနံစိမ်းတန် ၆၀၀၀၀ ကျော် တင်လာသည့် မလေးရှားနိုင်ငံမှတ်ပုံတင်ထားသော MT Kelana သင်္ဘော နှင့် Vincent တွင် မှတ်ပုံတင်ထားသည့် MV Waily ရေနံတင်သဘောင်္တို့ တိုက်မိခြင်းကြောင့် ရေနံတန် ၂၅၀၀ နီးပါး ယိုစိမ့်မှုဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရေနံများသည် စင်ကာပူနိုင်ငံအတွင်းရှိ ကမ်းခြေများတွင် ယိုဖိတ်မှုအများဆုံးဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စင်ကာပူရှိကမ်းခြေများသည် ကမ္ဘာ့ခရီးသွားလာရောက်မှု အများဆုံးကမ်းခြေများဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ခရီးသွား ၁၁ ဒသမ ၅ သန်းမှ ၁၂ ဒသမ ၅ သန်းထိ လာရောက်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။

အဓိက ရေနံယိုဖိတ်မှုမှာ ပင်လယ်ပြင်ပတွင်ဖြစ်ကြောင်း ရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အေအက်ဖ်ပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကလည်း အခြေအနေကို စောင့်ကြည့်နေပြီး သန့်ရှင်းရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရှိရသည်။ ရေနံယိုဖိတ်မှုများနှင့် သန့် ရှင်းရေးလုပ်ကိုင်မှုများကြောင့် ရေကြောင်းသွားလာမှုများကို ထိခိုက်စေမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံသည် ကမ္ဘာ့ရေကြောင်းသွားလာသည့် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ရေနံတင်သင်္ဘောများ ဖြတ်သန်းသွားလာရာ လမ်းကြောင်းလည်းဖြစ်သည်။

weekly eleven Journal မှကူးယူဖေါ်ပြသည်။

0 comments: