Friday, June 11, 2010

ယာဉ်မတော်တဆမှုကြုံပြီးနောက် ဆေးလိပ်နှင့် အရက် စွဲသွားသည့် တရုတ်ကလေးငယ်

Posted on Jun 11 10 - 10:16 AM
ယာဉ်မတော်တဆမှုကြုံပြီးနောက် ဆေးလိပ်နှင့် အရက် စွဲသွားသည့်  တရုတ်ကလေးငယ်





အသက်(၃)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ယာဉ်မတော်တဆမှု တစ်ခုမှ အသက်ရှင် လွတ်မြောက်လာပြီးနောက် ဆေးလိပ်နှင့် အရက်စွဲလာကြောင်း သိရှိရသည်။ တရုတ်နိုင်ငံမှ ယီဝမ်သည် ပြီးခဲ့သည့်နှစ်က သူမအား ဗင်ကားတစ်စင်းက အရှိန်နှင့် ၀င်တိုက်ခံခဲ့ရပြီး ထိုနောက်ပိုင်း ယခုလို ထူးထူးဆန်းဆန်း ပြောင်းလဲသွားခြင်းဟု သိရသည်။ ကလေးမလေးသည် (၅)ရက်လုံးလုံး ကိုမာဝင်နေခဲ့ပြီးနောက် သက်သာပျောက်ကင်းကာ ဆေးရုံမှ ဆင်းလာခဲ့သည်။ ထို့နောက်တွင်တော့ သူမ၏ အမူအကျင့်များမှာ လုံးဝပြောင်းလဲသွားကြောင်း မိဘာများက ပြောကြားခဲ့သည်။ ယီ၏မိခင် ဂိုအမ်က “သူခုဆို ဘီယာကို တော်တော်လေး ကြိုက်နေတယ်။ (၃)ခွက်လောက်က သူ့အတွက် ပြဿနာ မဟုတ်ဘူး”ဟု ပြောပြခဲ့သည်။



smoking children

ဟူဇောင်းတွင် နေထိုင်ပြီး အမှိုက်သရိုက်များထဲမှ ပစ္စည်းအကြွင်းအကျန်များ ကောက်ယူရောင်းစားရသည့် မိသားစုဝင် မိန်းကလေးသည် ဖခင်၏ စီးကရက်များကိုလည်း ယူသောက်နေတတ်ကြောင်း သိရသည်။ ယခင်က ယီသည် ယင်းအပြုအမူများကို ခိုးကြောင်ခိုးဝှက် လုပ်ခဲ့သော်လည်း ယခုအခါ မိဘများက ခွင့်ပြုလိုက်ရပြီး အနီးရှိ စတိုးဆိုင် တစ်ခုတွင် ယီအတွက် အကြွေးစာရင်း ဖွင့်ပေးထားလိုက်ရသည်။ ယီသည် စတိုးဆိုင်သို့ ရောက်လာပြီး စီးကရက် တစ်ဘူး၊ နှစ်ဘူး ယူသွားလေ့ရှိကြောင်း သိရသည်။ စတိုးဆိုင်ပိုင်ရှင် ယာဝမ်က “အရင်တုန်းက ကလေးမလေး သူ့အဖေအတွက် ယူသွားတယ်လို့ ထင်နေတာ”ဟု ရှင်းပြခဲ့သည်။ ဖခင်ဖြစ်သူ ဂါအိုက သမီးငယ်သည် အရက်စွဲနေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး အနေအထိုင်၊ ၀တ်စားဆင်ယင်မှု ပုံစံပါ ပြောင်းလဲသွားကြောင်း ပြောကြားခဲ့သည်။ ယခုအခါ ယီသည် ယောက်ျားလေး အ၀တ်အစားများကိုသာ နှစ်နှစ်သက်သက် ၀တ်စားလေ့ရှိပြီး မိဘများက ၀ယ်မပေးသည့်အခါ အော်ဟစ်ငိုကြွေးပြီး ဆန္ဒပြလေ့ရှိသည်။ ယခုအခါ မိသားစုသည် စတိုးဆိုင်နှင့် ဝေးရာဖက်သို့ ပြောင်းရွှေ့သွားပြီဖြစ်ပြီး ယီအား ဆေးလိပ်ဖြတ်ရန် ကြိုးစားနေသော်လည်း ကလေးမလေးသည် စီးကရက်ကိုတွေ့တိုင်း အော်ငိုဆဲဟု သိရသည်။

(မကြာသေးမီက နိုင်ငံတကာ သတင်းများတွင် အင်ဒိုနီးရှားနိုင်ငံ၊ မူဆီဘေညူဆင်ရှိ တစ်နေ့စီးကရက် အလိပ်(၄၀)သောက်သော (၂)နှစ်အရွယ် ကလေးငယ် အာဒီရီဇယ်လ်မှာလည်း မိဘများက စီမံကန့်သတ်မှုကြောင့် တစ်နေ့လျင် စီးကရက် (၁၈)လိပ်သာ သောက်ရတော့ကြောင်း သိရှိရသည်။)

Source: DailyMail

0 comments: