skip to main |
skip to sidebar
အစ္စရေး နိုင်ငံက ဂါဇာ ထောက်ပံ့ရေး သင်္ဘောဂယက် နှင့် ပတ်သက်ပြီး ပြဿနာများ ဖြစ်ပေါ် နေသည့်တိုင် မည်သည့် သင်္ဘောကိုမျှ ဂါဇာသို့ ၀င်ရောက် ခွင့်ပေးမည် မဟုတ်ဟု ထပ်မံ ကြေညာ လိုက်သည်။ မေလ(၃၁)ရက်နေ့က ဂါဇာ ဒုက္ခသည် များအား ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် ရောက်ရှိလာသည့် တူရကီ သင်္ဘောတစ်စင်းကို အစ္စရေး ကွန်မန်ဒို များက ပစ်ခတ် စီးနင်းခဲ့သဖြင့် သင်္ဘောပေါ် လိုက်ပါလာသူများ သေဆုံးခဲ့သည့်ကိစ္စကြောင့် အစ္စရေးအား ဂါဇာအပေါ် ပိတ်ဆို့ထားမှုများ ပြန်ဖွင့်ပေးရန် နိုင်ငံတကာ တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။ သို့သော်လည်း ဇွန်လ(၃)ရက်နေ့တွင် အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက “ကျွန်တော်တို့ ဂါဇာကို သင်္ဘောတွေ ကမ်း ကပ်ခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု အတည်ပြု ပြောကြား ခဲ့သည်။ အစ္စရေး၏ စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပေါ်နေသလို ပါလက်စတိုင်းနှင့် တူရကီနိုင်ငံသားများက ဂါဇာကမ်းမြှောင်အနီး နိုင်ငံ တကာရေပြင်တွင် သင်္ဘောများဖြင့် ဆန္ဒပြခဲ့သေးသည်။ အစ္စရေး၏ ရက်စက်သော လုပ်ရပ်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂကလည်း အရေးယူမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။
(Hikmah.info)
0 comments:
Post a Comment