Friday, June 25, 2010

ၾသစေတးလ် ပထမဆံုး အမ်ိဳးသမီး ဝန်ကြီးချုပ် အဖြစ် Julia Gillard ရွေးချယ်ခံရ

သြစတေးလျ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် Julia Gillard ရွေးချယ်ခံရ

ကင်ဘာရာ- June 24, 2010
ဇွန်လ ၂၄ ရက် ကြသပတေးနေ့က လေဘာ ပါတီ ခေါင်းဆောင် Kevin Rudd ရာထူးမှ ဆင်းပေးပြီးနောက် သြစတေးလျ အစိုးရအဖွဲ့အတွင်း အကောင်းဆုံး လူထုဆက်ဆံရေး ရှိသူဟု မီဒီယာများအကြား လူသိများသော Julia Gillard သည် သြစတေးလျနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

Gillard ၏ ရာထူးနေရာ တက်ခြင်းကို ဗုဒ္ဓဟူးနေ့ညက ကျင်းပခဲ့သော ပါလီမန် အတွင်း လျှို့ဝှက် ဆန္ဒမဲပေးသည်ပွဲတွင် ကြေငြာခဲ့ခြင်း ဖြစ်သည်။ “Julia Gillard ဟာ လေဘာ ပါတီရဲ့ ခေါင်းဆောင်သစ်နဲ့ သြစတေးလျ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါသည်။


အသက် ၄၈ နှစ်ရှိပြီ ဖြစ်သော Gillard သည် ယူကေနိုင်ငံ ဝေလနယ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး အသက် ၄နှစ်မှစ၍ သြတေးလျနိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့ခြင်း ဖြစ်သည်။ သူမသည် ရှေ့နေတစ်ဦးဖြစ်ပြီး ဖက်ဒရယ် ပါလီမန်သို့ ၁၉၉၈ ခုနှစ်တွင် စတင် ဝင်ရောက်ခဲခြင်း ဖြစ်သည်။

သြစတေးလျ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် Julia Gillard

၂၀၀၇ တွင် Kevin Rudd အာဏာရလာပြီးနောက် သူမသည် ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေး၊ အလုပ်အကိုင် နှင့် လူထုဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ သူမသည် မိမိကိုယ်ကို နိုင်ငံအတွက် အကောင်းဆုံး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် မျှော်လင့်သည့် လက်တွေ့သမား တစ်ဦးအဖြစ် ယူဆသူ ဖြစ်သည်။

သူမကို ပါတီတွင်းလူများက နွေးထွေးလှိုက်လှဲပြီး Rudd ထက်ပို၍ ကျော်ကြားသော နိုင်ငံရေးသမား တစ်ဦးအဖြစ် ရှုမြင်ကြသည်။ လေဘာပါတီ၏ အဓိက အဖွဲဝင်များက Gillard နောက်ကွယ်မှ ထောက်ခံ အားပေးခဲ့ခြင်း ဖြစ်ပြီး ပြန်လည်ကျင်းပသော ရွေးကောက်ပွဲတွင် ပိုမိုကောင်းမွန်သော ခေါင်းဆောင်မှု အခွင့်အလမ်း ရလိမ့်မည်ဟု မျှော်လင့်ကြသည်။

နောက်တစ်ကြိမ် ရွေးကောက်ပွဲသည် ၆လအတွင်း ကျင်းပရန် အချိန်စေ့ပြီဖြစ်ရာ လာမည့် အောက်တိုဘာလ ဝန်ကျင်တွင် ကျင်းပလိမ့်မည်ဟု နိုင်ငံရေး ကျွမ်းကျင်သူများက မျှော်မှန်းကြသည်။

မြို့တော်ပုသိမ် သတင်းစဉ်

0 comments: