Saturday, June 5, 2010

 အမေရိကတိုက်အလယ်ပိုင်းသို့ အပူပိုင်းမုန်တိုင်း ၀င်ရောက်မှုကြောင့် လူ ၁၅၀ နီးပါးသေဆုံး

Share
agatha typoon
agatha typhoon
မုန်တိုင်းတိုက်ခတ်၍ မြေပြိုမှုများကြောင့် ဂွါတီမာလာနိုင်ငံမြို့တော်တွင် ကြီးမားသော တွင်းတစ်တွင်းဖြစ်ပေါ်ခဲ့မှုကို မေ ၃၁ ရက်၌ မြင်တွေ့ရစဉ်

အမေရိကတိုက်အလယ်ပိုင်းသို့ အပူပိုင်းမုန်တိုင်း အဂ္ဂါသာ ၀င်ရောက်မှုကြောင့် အနည်းဆုံးလူ ၁၄၄ ဦး သေဆုံးပြီး လူ ၆၀ ခန့်ပျောက်ဆုံးခဲ့ကာ လူ ၄၅၀၀၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ပနားမား အခြေစိုက် ကြက်ခြေနီအဖွဲ့က ထုတ် ပြန်ခဲ့သည်။

ဇွန် ၁ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ဂွာတီမာလာနိုင်ငံတွင် သေဆုံးသူ ၁၁၈ ဦး၊ ဟွန်ဒူးရပ်စ်နိုင်ငံတွင် ၁၇ ဦးရှိပြီး အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မေ ၃၁ ရက် ကိန်းဂဏန်းအရ သေဆုံးသူကိုးဦးရှိခဲ့ပြီး ထပ်မံမြင့်တက်နိုင်သည်ဟု ယင်းအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။မုန်တိုင်းဒဏ်ကို ဂွာတီမာလာနိုင်ငံတွင် အဆိုးရွားဆုံးခံစားခဲ့ရပြီး ယခင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၉၂ ရှိခဲ့ပြီး ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

မေလ၂၉ ရက်နေ့တွင် ၂၀၁၀ ပစိဖိတ်ဟာရီကိန်းရာသီ၏ ပထမဆုံးမုန်တိုင်း အဂ္ဂါသာသည် မက္ကဆီကို နယ်ခြားအနီး ဂွာတီမာလာ ကမ်းရိုးတန်းတစ်လျောက် ၀င်ရောက်တိုက်ခိုတ်ခဲ့ပြီး ဂွာတီမာလာနိုင်ငံတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းကြောင့် ဂွာတီမာလာတွင် ကော်ဖီသီးနှံစိုက်ပျိုးမှုကို ထိခိုက်ခဲ့ပြီး ဂွာတီမာလာနှင့်အတူ အယ်လ်ဆာဗေးဒိုးနိုင်ငံတွင်ပါ နိုင်ငံတစ်ဝန်း အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့သည်။ ယင်းမုန်တိုင်း ၀င်ရောက်မတိုက်ခတ်မီ ဂွာတီမာလာနိုင် ငံတွင် မီးတောင်မှ ပြာမှုန့်လွင့်စင်မှုများ ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ဘဏ်က ယင်းဖြစ်စဉ်နှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်း ထောက်ပံ့ပေးမည်ဟု သိရသည်။


0 comments: