Tuesday, June 1, 2010

အစ္စလာမ် ဘာသာဝင်များအတွက် mFaceBook ပေါ်လာ


အစ္စလာမ်ဘာသာဝင်တို့အတွက် Facebook ပါကစ္စတန် လူငယ် အိုင်တီ ပညာရှင်များ လွှင့်တင် တမာန်တော်အပေါ် စော်ကားသော အရေးအသားများ လက်ခံခွင့်ပြုနေခြင်းကြောင့်
နိုင်ငံအတွင်း Facebook ၀က်ဘ်ဆိုက် သုံးစွဲခွင့်အား ပိတ်ပင်ခဲ့သော ပါကစ္စတန်သည် ယခုအခါ မူရင်း Facebook နှင့်အပြိုင် Facebook အသစ်တစ်ခုအား စတင်လိုက်ပြီဖြစ်သည်။ ပါကစ္စတန်၏ ဘာသာရေးနှင့် ယဉ်ကျေးမှု မြို့တော် လာဟိုး မှ လူငယ် IT ပညာရှင် (၆)ဦးတို့သည် Facebook ၏ အစ္စလာမ် Version ဟု သတ်မှတ်ရမည့် www.millatfacebook.com ကို မေလ(၂၅)ရက်နေ့က စတင်လွှင့်တင်လိုက်သည်။ ၀က်ဘ်ဆိုက်၏ ရည်ရွယ်ချက်မှာ ကမ္ဘာတ၀ှမ်းရှိ အစ္စလာမ်ဘာသာဝင် (၁.၅၇)ဘီလျံတို့အား အပြန်အလှန် ချိတ်ဆက်ပေးနိုင်ရန်နှင့် အစ္စလာမ်ဘာသာရေး အပေါ် ပြစ်တင်ဝေဖန်မှုများအား ကာကွယ်နိုင်ရန် ဖြစ်ကြောင်း သိရသည်။ “Millatfacebook ဟာ ပါကစ္စတန်ရဲ့ ပထမဆုံး Social Networking ၀က်ဘ်ဆိုက်ပါ။ ဒီဆိုက်ဟာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ချိုသာတဲ့ စိတ်ထားရှိသူ တခြားဘာသာဝင်တွေ အားလုံးအတွက် ရည်ရွယ်ပါတယ်”ဟု ၀က်ဘ်ဆိုက်၏ ပင်မစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ယင်းဝက်ဘ်ဆိုက်၏ ပုံစံကို မူရင်း Facebook နှင့် ဆင်တူအောင်ပင် ဖန်တီးထားသည်။

Millatဆိုသည်မှာ အာဒူဘာသာစကားဖြင့် အစ္စလာမ်ဘာသာဝင်တို့၏ အမျိုးဂုဏ်ကို ဖော်ညွှန်းခြင်းဖြစ်သည်။ ၀က်ဘ်ဆိုက်အသစ်သည် စတင်လည်ပတ်ပြီး (၃)ရက်အတွင် အဖွဲ့ဝင် (၄၃၀၀) ရှိလာကြောင်း သိရသည်။ အများစုမှာ အင်္ဂလိပ်ဘာသာစကားကို ပြောဆိုသည့် ပါကစ္စတန် လူမျိုးများဖြစ်ကြသည်။ မူရင်း Facebook တွင် တင်ထားသည့် Everyone Draw Mohammed Dayဆိုသော Pageတွင် အစ္စလာမ်ဘာသာရေးအား ထိပါးပုတ်ခတ်မှုအချို့ ရှိနေခြင်းကြောင့် ပါကစ္စတန် အစိုးရက Facebook ကိုပိတ် ထားလိုက်ခြင်းဖြစ်သည်။ ယခုအခါ အစ္စလာမ် Version အဖြစ် Facebook အသစ် ထွက်ပေါ်လာခြင်းကို အမေရိကန်ရှိ မူရင်း Facebook က တစုံတရာ မှတ်ချက်မပေးသေးချေ။ သို့သော်လည်း ပါကစ္စတန်ရှိ ပုံမှန် Facebook သုံးစွဲသူ (၂.၅) သန်းမျှ လျော့ကျသွားခြင်းအတွက် ပြစ်တင်ဝေဖန်မှုအချို့ ပြုလုပ်ခဲ့သည်။
ဝက်ဘ်ဆိုက်အသစ် စတင်ထူထောင်သူ (၆)ဦးအနက် အကြီးအကဲအဖြစ် တာဝန်ယူထားသည် အသက်(၂၄)နှစ်အရွယ် အူစမန်ဇာဟီးက Facebookမှ အစ္စလာမ် ဘာသာဝင်များအား မိမိတို့ထံ လာရောက်ပူးပေါင်းရန် ပန်ကြားလိုကြောင်း ပြောကြားခဲ့သည်။ “တကယ်လို့ တမန်တော်အပေါ် တစ်ယောက်ယောက်က ပုတ်ခတ်စော်ကားတာကို လက်သင့်ခံထားမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဆန့်ကျင်တုန့်ပြန်သွားရမှာပါပဲ။ Facebookက ဒါမျိုးလုပ်ခဲ့တယ်လေ။
အဲဒီစော်ကားမှုအတွက် Facebookရဲ့ လည်ပတ်မှုကို ပြန်ပြီးထိခိုက်လာတာ မဆန်းပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် Millatfacebook သည် ကမ္ဘာနှင့်တ၀ှမ်းထိ ကျယ်ပြန့်သော အစ္စလာမ် Social Networking ၀က်ဘ်ဆိုက်တစ်ခု ဖြစ်လာစေလိုကြောင်းလည်း ၎င်းက ပြောကြားသွားခဲ့သည်။

0 comments: