Friday, June 4, 2010

မုံရွာဈေးကြီး မီးလောင်မှု ဆိုင်ခန်း ၄၀၀ ကျော် ပျက်စီးဆုံးရှုံး


မုံရွာ- June 3 ,2010

မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်း၏ အကြီးဆုံးစီးပွားရေး မြို့တော်ဖြစ်သည့် မုံရွာမြို့တွင် ဇွန်လ ၃ရက် ကြသပေတေးနေ့က မနက် အစောပိုင်းက ချင်းတွင်းရတနာ ဈေးသစ်ကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၄၀၀ ကျော် ပျက်စီး ဆုံးရှံးခဲ့သည်ဟု သိရသည်။

မုံရွာမြို့ ချင်းတွင်းရတနာ ဈေးသစ်ကြီးတွင် ဇွန်လ ၃ ရက်နေ့ မနက်ပိုင်း အာရုံမတက်မီမှ အရှိန်ပြင်းစွာ လောင်ကျွမ်းခဲ့သော မီးကို မီသတ်ယဉ် ၃၅စီး ရေသယ်ယဉ် ၁၂ စီးတို့ဖြင့် ၃နာရီကြာ ငြိမ်းသတ်ခဲ့ရသည် ဟုသိရသည်။ မီးလောင်ရသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးနေဆဲပင် ဖြစ်သည်။

မုံရွာဈေးကြီး မီးလောင်ကျွမ်းမှုသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ပင်မဈေးကြီးများ မီးလောင်ကျွမ်းမှုများတွင် ရန်ကုန်မြို့တော်ရှိ သင်္ကန်းကျွန်းဈေးနှင့် မင်္ဂလာဈေးတို့ အပြီးတွင် တတိယမြောက် မီးလောင်ကျွမ်းမှု ဖြစ်သည်။

မီးလောင်အပြီးတွင်တွေ့ရသော ချင်းတွင်းရတနာဈေးကြီး Photo:Parker

ပူပြင်းသော နွေရာသီတွင် မီးလောင်ကျွမ်းမှု အန္တရယ်သည် မြန်မာနိုင်ငံအတွက် အဓိကဘေး အန္တရယ်ဖြစ်ပြီး ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ရန်ကုန်မြို့တော်ရှိ သင်္ကန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၆၅၀ မီးလောင်ပျက်စီးခဲ့သည်။

ပြီးခဲ့သော မေလ ၂၄ ရက်နေ့ကလည်း တစ်ရက်ကြာ လောင်ကျွမ်းခဲ့သော မင်္ဂလာဈေးကြီး မီးလောင်မှုတွင် ဆိုင်ခန်းပေါင်း ၈၄၅ ဆိုင် နှင့် စားသောက်ဆိုင် ၄၈ ဆိုင် ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး မြန်မာငွေ ၂၃.၃၃၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၄ သန်း) ခန့် ဆုံးရှုံးခဲ့သည်။

မြို့တော်ပုသိမ် သတင်းစဉ်

0 comments: