အရှည် ၂.၄၆ မီတာ (၈ ပေကျော်) ရှိပြီး အလေးချိန် ၁၁၃ ကီလိုဂရမ် (ပေါင် ၂၅၀ ခန့်) ရှိသော အလွန်ကြီးမားသည့် ဧရာမ ငါးခူကြီးတစ်ကောင်ကို အီတလီနိုင်ငံမြောက်ပိုင်း မန်တိုဗာမြို့တော် အနီး ပိုမြစ် အတွင်းမှ ဖမ်းယူရရှိသည်ဟု ဇွန်လ ၆ ရက်နေ့က Xinhua က ဖော်ပြထားသည်။

အီတလီနိုင်ငံ ပိုမြစ်အတွင်းမှ ဖမ်းမိသော ဧရာမ ငါးခူကြီး

အရှည် ၈ ပေကျော်၍ ပေါင် ၂၅၀ ကျော် အလေးချိန်ရှိသော ငါးခူကြီး
ထို ငါးခူကြီးမှာ ဥရောပတိုက်တွင် ဖမ်းမိသမျှ ငါးခူမျိုးတွင် အကြီးမားဆုံး ဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ရှိသော ငါးခူမျိုးစိတ်များတွင် အကြီးမားဆုံး မျိုးစိတ် ထဲတွင်ပါဝင်သည်။ ထိုငါးခူကြီးကို ရေထဲသို့ ဘေးကင်းစွာ ပြန်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
မြို့တော်ပုသိမ်
0 comments:
Post a Comment