Thursday, June 10, 2010

မလေးရှားသို့ ကိုးရက်ကြာအလည်သွားခဲ့တဲ့ ဖွေးဖွေး


မလေးရှားသို့ ကိုးရက်ကြာအလည်သွားခဲ့တဲ့ ဖွေးဖွေး





သရုပ်ဆောင်ဖွေးဖွေးသည် ဇာတ်ကားရိုက်ကူးမှုများ ခေတ္တအားလပ်ချိန်တွင် မလေးရှားနိုင်ငံ၏ အထင်ကရ နေရာများသို့ ကိုးရက်ကြာ သွားရောက်လည်ပတ်ရာမှ ပြန်ရောက်လာပြီဖြစ်ကြောင်း ပြောသည်။ “အဒေါ်က ခရီးသွားလုပ်ငန်း အေဂျင်စီလုပ်တာဆိုတော့ အဒေါ်ရဲ့အစီအစဉ်နဲ့ သမီးရယ်၊ မေမေရယ်၊ အဒေါ်ရယ် သွားကြတာပါ။ နေရာစုံလည်းရောက်တယ်။ Sugeiwang, Sunway, Pyramid Theme ပန်းခြံ၊ နောက်ပြီး စင်ကာပူက ဆန်တိုဆာနဲ့ ဆင်တူတဲ့ Gentingနဲ့ KLCCတို့ကိုရောက်ခဲ့တယ်။ ဈေးဝယ်လည်းထွက်ဖြစ်တယ်။ အများဆုံးဝယ်ဖြစ်တာက အင်္ကျီ၊ ဖိနပ်နဲ့ အိတ်တွေပါ။ ခရီးစဉ်မှာ အမှတ်တရကတော့ Sunwayမှာ ရေခဲပြင်စကိတ်(Ice Skating)စီးတာ မစီးတတ်တော့ ချော်လဲပြီး လက်ကယောင်သွားတယ်။ မစီးတတ်ပေမယ့် အမှတ်တရဖြစ်အောင်ရယ်၊ ဓာတ်ပုံလည်း ရိုက်ချင်တာကြောင့် စီးဖြစ်ခဲ့တာပါ”ဟု မေ၂၆ရက်တွင်သွားရောက်ပြီး ဇွန်၃ရက်တွင် ပြန်ရောက်ခဲ့သော မလေးရှားခရီးစဉ် အတွေ့အကြုံများကို ဖွေးဖွေးက ပြောကြားသည်။ ယခုခရီးစဉ်သည် အနုပညာအလုပ်များ စတင်လုပ်ကိုင်ချိန်မှစ၍ ယခုအထိ ဖွေးဖွေးအတွက် ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမပြည်ပခရီးစဉ်အဖြစ် စင်ကာပူသို့ အလည်အပတ်နှင့် ဈေးဝယ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် ဖွေးဖွေးသည် ဇွန်၅ရက်မှစ၍ ဒါရိုက်တာဥက္ကာဗို ရိုက်ကူးသော ဒီဗီဒီ(သို့)ဗီဒီယိုဇာတ်ကားကို မင်းမော်ကွန်းနှင့် စတင်ရိုက်ကူးနေပြီး သီချင်းဆိုသည့်ဘက်ကို ခေတ္တရပ်နားထားကြောင်းနှင့် ယခုလအတွင်း ဗီဒီယိုဇာတ်ကားနှစ်ကား ထပ်မံရိုက် ကူးမည်ဖြစ်ကြောင်း ပြောသည်။

0 comments: