
ယခုနှစ် ဧပြီလအတွင်းက မက္ကစီကို ပင်လယ်ကွေ့အတွင်း ဗြိတိသျှ ရေနံကုမ္ပဏီ BP ပိုင် Transocean ရေနံတွင်းတူးစင် ပေါက်ကွဲမှုကြောင့် ရေအောက် ရေနံတွင်းပျက်မှ ထွက်ပေါ်လာသော ထုထည် များပြားသည့် ရေနံယိုဖိတ်မှုကို ထားဆီးနိုင်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြရာ ရက်ပေါင်း ၄၈ ရက်ကြာပြီးနောက် စတင်ထိမ်းချုပ်နိုင်ပြီ ဖြစ်သည်။

ဗြိတိသျှ ရေနံကုမ္ပဏီ BP ပိုင် Transocean ရေနံတွင်းတူးစင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ရေနံယိုဖိတ်မှု
ပြီးခဲ့သော သီတင်းပါတ်က ရေနံများ ထွက်ပေါ်နေသော နေရာကို containment cap နှင့် ကောင်းစွာ ဖုံးအုပ်နိုင်ပြီးနောက် စုဆောင်းရရှိလာသော ရေနံ အရေအတွက်မှာ တစ်နေ့လျင် စည်ပေါင်း ၁၁၀၀၀ အထိရှိလာပြီဟု ကမ်းခြေစောင့် အာဏာပိုင် Thad W. Allen ကပြောကြားပါသည်။ ရေအောက်ရှိ ရေနံတွင်း ပျက်စီးသွားသော နေရာမှ ထွက်ရှိလာသော ရေနံ အရေအတွက်မှာ ခန့်မှန်းခြေ စည်ပေါင်း ၁၂၀၀၀ မှ ၂၅၀၀၀ အထိရှိလာပြီး တနင်္ဂနွေနေ့ ညပိုင်းအထိ စည်ပေါင်း ၂၇၇၀၀ စုဆောင်းပြီးပြီဟု ဆိုသည်။

ရေအောက် ရေနံတွင်းပျက်မှ ရေနံများ ပန်းထွက်နေပုံ

ရေနံများ ထွက်ပေါ်နေသော နေရာကို containment cap ဖုံးအုပ်ပုံ
ဒုတိယ အဆင့်အနေဖြင့် ရေနံတွင်းမှ containment cap ထဲထွင် စုဆောင်း ရရှိလာသော ရေနံများကို ပိုက်လိုင်းနှင့် အခြား ကိရိယာများအသုံးပြု၍ စုပ်တင်ကာ အပေါ်တွင် အသင့်ရှိနေပြီဖြစ်သော Q4000 ရေနံတွင်းတူးယဉ်ပေါ်သို့ ပို့ဆောင်နိုင်ရန် ဆက်လက် လုပ်ဆောင်ရမည်ဟု သိရသည်။

containment cap ထဲထွင် စုဆောင်း ရရှိလာသော ရေနံများကို ပိုက်လိုင်းနှင့် စုပ်တင်ရန် စောင်းဆိုင်းနေသည့် Q4000 ရေနံတွင်းတူးယဉ် နှင့် အထောက်အကူပြု ရေယဉ်များ
ဗြိတိသျှ ရေနံကုမ္ပဏီ BP သည် အဆိုပါ ရေနံယိုဖိတ်မှု ထိမ်းသိမ်းနိုင်ရေးနှင့် အခြားသော ကုန်ကျစရိတ်များအတွက် အမေရိကန် ဒေါ်လာ ၁.၂၅ ဘီလီယံ အထိ ကျခံသုံးစွဲပြီးပြီဟု တနင်္လာနေ့က ထုတ်ပြန်သော အစီအရင်ခံစာအရ သိရသည်။

သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုများ
မြို့တော်ပုသိမ် သတင်းစဉ်
0 comments:
Post a Comment